အကြံအစည်
Vol. 33 Ch. 474
...
အခြား ကာဒီနယ်ရဟန်းအမတ်နှစ်ဦးသည် ကောင်းကင်မှ ကျလာသော ဦးခေါင်းပြတ်ကို ငေးကြည့်နေမိကြသည်။
သို့သော် ၎င်းတို့ နှစ်ဦးစလုံးသည် ၎င်းအား ဖမ်းဆည်းထားရန်ပင် မကြိုးစားခဲ့ပေ။
သူတို့အတွက် ထိုသူသည် အသက်ပြန်ရှင်လာနိုင်တော့မည်မဟုတ်သောကြောင့် ထိုဦးခေါင်းကို သိမ်းဆည်းထားခြင်းသည် အဓိပ္ပါယ်မရှိပေ။
ထို ကာဒီနယ်ရဟန်းအမတ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။
ယင်းအစား သူတို့သည် အပေါ်ရှိ အာရန်အား ပို၍ပင် စိုးရိမ်လာခဲ့ကြ၏။
ထိုသူသည် လွတ်လပ်စွာ ပျံသန်းနိုင်ရုံသာမက တားမြစ်ကြိုး ကိုလည်း ပိုင်ဆိုင်သွားပြီဖြစ်သည်။
ထိုကောင်းချီးခံပစ္စည်းသည် ထိုသူ၏ လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်သဖြင့် သူသည် ပို၍ပင် အန္တရာယ်များလာပြီလည်းဖြစ်၏။
ပို၍ ကြီးမားသောပြဿနာမှာ ထိုသူသည် ထိုကြိုး၏ သက်ရောက်ခြင်းခံထားရစဥ်ကပင် လွယ်ကူစွာ ပြန်လည် လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
သူသည် တားမြစ်ကြိုးဖြင့် ဖိနှိပ်ခံထားခဲ့စဥ်ကပင် အလွန်အားကောင်းနေခဲ့သည်။
ယခု ထိုကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီဖြစ်သောကြောင့် သူသည် ပို၍ပင် ခွန်အားကြီးမားလာမည်ဖြစ်၏။
မကြာမီ ဦးခေါင်းတစ်လုံးသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး အပိုင်းအစများအဖြစ် နေရာအနှံ့ ပျံ့ကျဲသွားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုမြင်ကွင်းကြောင့် ဘုန်းတော်ကြီး အများအပြားသည် ခေတ္တမျှ ၎င်းတို့၏ မျက်လုံးများကို မှိတ်ထားလိုက်မိကြပြီး သူတို့၏မျက်နှာများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ကာဒီနယ်ရဟန်းအမတ် တစ်ဦးသည်ပင် ထိုမကောင်းဆိုးဝါးကောင် ရှေ့တွင် ဤမျှလောက် လွယ်ကူစွာ သေဆုံးနိုင်ခဲ့မည်ဆိုပါက သူတို့ဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့ပေ။ သူတို့ မည်သို့ အသက်ရှင်နိုင်တော့မည်နည်း။
ဘုန်းတော်ကြီး အများအပြားသည် ထိုအချိန်တွင် သူတို့၏ သတ္တိများကို ဆုံးရှုံးသွားခဲ့ကြပြီး ဖြစ်လေသည်။
သူတို့သည် ဤနေရာမှ အမြန်ဆုံး ထွက်ပြေးရန်သာ လိုလားနေကြသည်။ ကံမကောင်းစွာဖြင့် သူတို့သည် ထိုသို့လည်း မလုပ်ဝံ့ကြပေ။
သူတို့သည် သူရဲဘောကြောင်သူများကဲ့သို့ ထွက်ပြေးရန် ကြိုးစားမိပါက ကျန်ကာဒီနယ်ရဟန်းအမတ်နှစ်ဦး က သူတို့အား ဒေါသထွက်ကာ ချက်ချင်း သတ်ပစ်နိုင်ကြောင်းကိုလည်း သူတို့ကောင်းကောင်းသိထားကြသည်။
အစောပိုင်း ကာဒီနယ်ရဟန်းအမတ်၏ ခန္ဓာကိုယ်သည် မကြာမီထပ်မံ မြေပြင်ပေါ်သို့ ထပ်မံပြုတ်ကျလာခဲ့၏။
ထိုကဲ့သို့မြင်ကွင်းမျိုးသည် ဒုတိယ ကာဒီနယ်ရဟန်းအမတ်မှ အာရန်အား ပြုမူလိုခဲ့သော မြင်ကွင်းတစ်ခုဖြစ်ပြီး ယခုမူ သူ့ကိုယ်တိုင်သာ ထိုသို့ပြန်ခံလိုက်ရခြင်း ဖြစ်လေသည်။
ကျန်ရှိနေသော ကာဒီနယ်ရဟန်းအမတ် နှစ်ဦးသည် ဤသည်မှာ သူတို့နိုင်မည့် တိုက်ပွဲတစ်ခုမဟုတ်ကြောင်း နားလည်လိုက်သဖြင့် တစ်ဦးနှင့်တစ်ဦး အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။
သူတို့ဤနေရာမှ အသက်ရှင်လျှက် ပြန်လည်ထွက်သွားချင်ပါက များစွာ စတေးရန်လိုအပ်နေပြီဖြစ်သည်။
၎င်းသည် အားသာချက်များအားလုံးကို ရယူထားသော အာရန်၏ ကိုယ်ပိုင် နယ်မြေဖြစ်နေသည်။
သူတို့သည် ပျံသန်း၍မရနိုင်ရုံသာမက သူတို့၏ လှုပ်ရှားမှုအများအပြားကို ကန့်သတ်ထားသော ဝင်္ကဘာများကြားတွင်လည်း ပိတ်မိနေသေး၏။
သူတို့သည်သာ ဤမြေအောက်ဂူ၏ အပြင်ဘက်တွင်ရှိနေခြင်းဆိုပါက အခြေအနေများသည် ဤမျှ ဆိုးဝါးမည်မဟုတ်ပေ။
သူတို့ထဲမှ တစ်ဦးတည်းဖြင်ပင် အာရန်အား ခံတိုက်နိုင်ကောင်းတိုက်နိုင်ပေလိမ်မည်။
သို့သော် ဤနေရာတွင်မူ သူတို့နှစ်ဦးစလုံး ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် အနိုင်ရရန် မဖြစ်နိုင်သလောက်ပင်။
ခေါင်းဆောင်ဖြစ်သူ ကာဒီနယ်ရဟန်းအမတ်သည် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ယခုကြုံတွေ့နေရသော ဘေးကျပ်နံကျပ်အခြေအနေတစ်ခုကို သဘောပေါက်လိုက်သည်။
ထို့နောက် သူသည် ငယ်ရွယ်သော ဘုန်းတော်ကြီးများဘက်သို့ စိုက်ကြည့်လိုက်၏။
“ဒီနေရာမှာ သင်တို့အားလုံးဟာ ကျုပ်တို့ရဲ့ အကြီးမားဆုံး ခုခံလက်နက်တွေ ဖြစ်လာနိုင်တယ်။” ဟု သူသည် ဘုန်းတော်ကြီးများအား လေးနက်စွာ ပြောလိုက်သည်။
“သင်တို့ မြင်တဲ့အတိုင်းပဲ ဒီမှာ ပျံသန်းခြင်းကို ကန့်သတ်ထားတယ် ဒါပေမယ့် သင်တို့ကို လေထဲကို ပစ်တင်လိုက်တာ ဒါမှမဟုတ် တွန်းပို့လိုက်တာမျိုးဆိုရင်တော့ လုပ်လို့ရနိုင်သေးတယ်။”
ဘုန်းတော်ကြီးများသည် ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် ၏ စကားများနှင့်ပတ်သက်၍ မကောင်းသော ခံစားချက်များကို ရရှိလိုက်သည်။
ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်သည် သူတို့အား အာရန်ဆီသို့ ပစ်တင်လိုက်ကာ သူတို့၏ အရေအတွက်အားသာချက်ဖြင့် သူ့အား တန်ပြန် ချေမှုန်းရန် ကြိုးစားနေခြင်းမဟုတ်ပါလား...။
ကာဒီနယ်ရဟန်းအမတ် တစ်ဦး သို့မဟုတ် နှစ်ဦးတည်းသာဆိုပါလျှင် အာရန်သည် ယခင်ကကဲ့သို့ သူတို့အား ချောင်ပိတ်တိုက်ခိုက်နိုင်သည်။
သူတို့ထဲမှ တစ်ဦးကို တားမြစ်ကြိုး အသုံးပြု၍တားဆီးလိုက်စဥ် အခြားသူတစ်ဦးကို လွယ်ကူစွာ တိုက်ခိုက်နိုင်နေသည်။
သို့သော် ဤနေရာတွင် ဘုန်းတော်ကြီးများသည် ပိုများသော အရေအတွက် ရှိနေကြသဖြင့် သူသည် ယခင်လို များစွာ လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။
အာရန်သည် ၎င်တို့ ဆယ့်ခုနစ်ယောက်လုံးကို တစ်ပြိုင်နက် အာရုံစိုက်၍ ရနိုင်မည်မဟုတ်ပေ။
“မင်းတို့ သူ့ကို အာရုံလွဲဖို့ ကြိုးစားနေတဲ့အချိန်မှာ ငါတို့က အလစ်ဝင်ပြီး သူ့ကို သတ်မယ်။” ဟု ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်သည် ကျန်ဘုန်းတော်ကြီးများအား ပြောလိုက်၏။
သူ၏ စကားဆုံးသည်နှင့် ၎င်းတို့၏ ခွင့်ပြုချက်ကိုပင် မစောင့်ဘဲ သူ၏ သန့်စင်အော်ရာကို အဆုံးစွန်ထိ ဖြန့်ကျတ်လိုက်ပြီး ဘုန်းတော်ကြီးများ အားလုံးကို ဝန်းရံထားလိုက်သည်။
ထို့နောက် သူတို့အား အာရန်ဆီသို့ ပစ်လွှတ်ရန် အဆင်သင့်ပြင်ထားလိုက်သည်။
‘ငါက သူတို့ရဲ့ အစီအစဉ်ကို မကြားနိုင်ဘူးလို့ သူတို့ တကယ်ပဲ ထင်နေကြတာလား’ ကောင်းကင်အမြင့်တစ်နေရာတွင် အာရန်သည် ကာဒီနယ်ရဟန်းအမတ်များ သူ့အား မည်မျှ လျှော့တွက်ထားကြသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
အကယ်၍ ၎င်းတို့ ဆယ့်ခုနစ်ယောက်တည်း သာဆိုလျှင် သူသည် သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်လေသည်။
မည်သို့ပင်ဆိုစေ ဘုန်းတော်ကြီး ဆယ့်ခုနစ်ယောက်သည်လည်း မဆိုးလှပေ။
သူတို့သည် ကာဒီနယ်ရဟန်းအမတ်များ မဟုတ်သေးသဖြင့် ၎င်းတို့နှင့်ယှဥ်ပါက များစွာ ပို၍ အားနည်းနေသေးသည်။
ကာဒီနယ်ရဟန်းအမတ်များသည် ယုံကြည်မှုလွန်ကဲနေကြပြီး ဘုန်းတော်ကြီးများအား စတေးကာ သူ့ဆီသို့ လာရောက်တိုက်ခိုက်ရန် စီစဉ်နေကြသဖြင့် ထိုဆုံးဖြတ်ချက်အား သူကလည်း လက်ခံပေးလိုက်ရန် ဆုံးဖြတ်လိုက်၏။
ဟင်းလျာများ အလိုလို သူ၏ခံတွင်းသို့ အခမဲ့ လာရောက်ပို့ဆောင်ပေးသည်နှင့် အတူတူပင် မဟုတ်ပါလား...။
မည်သို့ပင်ဆိုစေ မြေပြင်ပေါ်တွင်သာဆိုပါက ၎င်းတို့ကို ကိုင်တွယ်ရန် အချိန်အနည်းငယ် ပို၍ကြာနိုင်ပေလိမ့်မည်။
ဤနေရာတွင် ကောင်းကင်သည် နဂါး တစ်ကောင်အတွက် အမဲလိုက်နယ်မြေပင် ဖြစ်လေသည်။
“ကျုပ်တို့ ပြန်ရောက်တဲ့အခါ သင်တို့အားလုံးကို ကာဒီနယ်ရဟန်းအမတ်တွေ အဖြစ် ရာထူးတိုးနိုင်ဖို့ ကျုပ် သေချာလုပ်ဆောင်ပေးပ့ါမယ်။ ဒါကြောင့် သင်တို့ရဲ့ အစွမ်းအစ အကုန်ထုတ်သုံးဖို့ ပြင်ဆင်ထားကြ။”
ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် သည် ဘုန်းတော်ကြီးများအား စိတ်ဓာတ်ခွန်အား ယုံကြည်မှုများ မြှင့်တင်ပေးပြီးနောက် နောက်ဆုံးတွင် သူတို့အား ကောင်းကင်ပေါ်သို့ ပစ်တင်ပေးလိုက်သည်။
ဘုန်းတော်ကြီးများ သည် ကာဒီနယ်ရဟန်းအမတ် ၏ ကောင်းချီးစွမ်းအင်ဖြင့် တွန်းပို့ခြင်းကို ခံလိုက်ရပြီး လေထဲသို့ ပျံဝဲတက်သွားကြသည်။
ကာဒီနယ်ရဟန်းအမတ်များ ဖြစ်လာမည့်ကတိသည် သူတို့အတွက် အလွန်ဆွဲဆောင်မှုလွန်းနေခဲ့ပြီး သူတို့၏ လောဘသည် အာရန်အပေါ် ကြောက်ရွံ့မှုအား ခေတ္တမျှ ဖိနှိပ်ထားလိုက်သလိုဖြစ်သွားခဲ့၏။
အာရန်သည် ငြိမ်သက်သောအကြည့်တစ်ချက်ဖြင့် သူ့ဆီသို့ ချဉ်းကပ်လာနေသူ လူတစ်စုအား စိုက်ကြည့်နေလိုက်သည်။
ကာဒီနယ်ရဟန်းအမတ်များ သည် ၎င်းတို့၏ အရေအတွက်အသာစီးဖြင့် သူ့အား အနိုင်ယူရန် မျှော်လင့်နေကြကြောင်းကို အာရန်တစ်ယောက် သဘောပေါက်ထား၏။
သို့သော် သူတို့သည် သူတို့၏ အစီအစဥ်ကို အမှန်တကယ် လွန်ကဲစွာ အထင်ကြီးလွန်းနေခဲ့ကြခြင်းသာ ဖြစ်လေသည်။
နဂါး တစ်ကောင်အနေဖြင့် ကောင်းကင်သည် သူ၏ အားသာချက်နယ်မြေပင်ဖြစ်ပြီး ၎င်းတို့၏ ထိုဆုံးဖြတ်ချက်ကြောင့် ၎င်းတို့အား နောင်တတရားသာ ပြန်လည်ရရှိစေလိမ့်မည်ဖြစ်၏။
အာရန်သည် နဂါးအသွင် သူ၏အတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး အောက်ရှိ ဝင်္ကဘာ ဆီသို့ ထိုးဆင်းသွားလိုက်သည်။
ဘုန်းတော်ကြီးများ သည် ယခုအခါ သူ၏ တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်း ရောက်ရှိနေကြပြီး ဖြစ်လေသည်။
သူတို့သည် အာရန်အား ပူးပေါင်းတိုက်ခိုက်ရန် ကြံစည်နေခဲ့ကြခြင်းဖြစ်ပြီး ခေတ္တမျှ ဖိနှိပ်ထားနိုင်ရန် စိတ်အားထက်သန်စွာဖြင့် သူတို့၏ ကောင်းချီးစွမ်းအင်များကို ပူးပေါင်းလိုက်ကြကာ တိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်လိုက်ကြ၏။
သူတို့၏တိုက်ခိုက်မှုများသည် အာရန်အပေါ်သို့ ကျရောက်သွားခဲ့သော်လည်း၊ အံ့အားသင့်စရာကောင်းစွာပင် အာရန်၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာ အနည်းငယ်မျှပင် မကျန်ခဲ့ပေ။
ယင်းအစား သူတို့၏ တိုက်ခိုက်မှုအတွင်းမှ ကောင်းချီးစွမ်းအင်များသည် အာရန်အား ထိမိလိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြပုံရလေသည်။
တစ်ချိန်တည်းတွင် ဓားတစ်ချောင်းသည် အာရန်၏ လက်ထဲတွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
သူသည် ထိုဓားကို ဝှေ့ယမ်းလိုက်ပြီး သွေးများဖြင့် ဘုန်းတော်ကြီးများရှိရာဆီသို့ ဝှေ့ယမ်းလိုက်ကာ သွေးစီးကြောင်းတစ်ခုကို ဖြာထွက်သွားစေခဲ့၏။
ဘုန်းတော်ကြီးများ၏ သွေးများဖြင့် ကောင်းကင်တွင် အနီရောင်လွှမ်းသော လတစ်စင်းကဲ့သို့ လုံးဝန်းသော သွေးအစုအဝေးတစ်ခုကို ဖန်တီးပေးလိုက်သည်။
ဘုန်းတော်ကြီးများသည် သေဆုံးသွားစဉ်မှာပင်သူတို့၏ စွန့်လွှတ်မှုသည် အချည်းနှီး ဖြစ်မသွားရန် မျှော်လင့်ရင်း နောက်သို့ ပြန်လှည့်ကြည့်မိလိုက်ကြသည်။
သို့သော် သူတို့ အောက်သို့ ကြည့်မိလိုက်သည်နှင့် သနားစရာကောင်းသော အပြုံးကိုယ်စီသည် သူတို့၏နှုတ်ခမ်းများထက်တွင် ပျံ့နှံ့သွားခဲ့ကြသည်။
သူတို့သည် ကာဒီနယ်ရဟန်းအမတ်များ သူတို့အား လာရောက်ကူညီနေသည်ကို မမြင်ခဲ့ရပေ။
ယင်းအစား ကာဒီနယ်ရဟန်းအမတ်နှစ်ဦးအား မည်သည့်နေရာတွင်မှ အစအနပင် ရှာမတွေ့တော့ချေ။
ဘုန်းတော်ကြီးများသည် အမှန်တကယ် ဘာဖြစ်သွားခဲ့သည်ကို သဘောပေါက်လိုက်ကြသည်။
သူတို့သည် အာရန်အား သတ်ဖြတ်နိုင်ရန်အတွက် အာရုံလွဲစေရန် ရည်ရွယ်ထားသော လက်နက် များ မဟုတ်ခဲ့ကြပေ။
ယင်းအစား သူတို့သည် ကာဒီနယ်ရဟန်းအမတ်နှစ်ဦး ဤမြေအောက်ဂူ မှ ထွက်ပြေးနိုင်ရန် အာရန်အား ခဏတာ အလုပ်ရှုပ်သွားစေမည့် ရည်ရွယ်ချက်ဖြင့် ထိုးကျွေးခံလိုက်ရသော နယ်ရုပ်ကလေးများသာ ဖြစ်ခဲ့ရလေသည်။
ထို့နောက် တစ်ယောက်ပြီးတစ်ယောက်.... ဘုန်းတော်ကြီးများ ၏ ခန္ဓာကိုယ်များသည် ကြယ်ကြွေသကဲ့သို့ ကောင်းကင်ပေါ်မှ တဖြုတ်ဖြုတ် စတင်၍ ပြုတ်ကျလာခဲ့ကြ၏။
ခန္ဓာကိုယ်များသည် ဝင်္ကဘာ ၏ မတူညီသော အပိုင်းများတွင် ကျရောက်သွားခဲ့ကြသည်။
သူတို့သည် ပြင်ပကမ္ဘာသို့ ဘယ်သောအခါမှ ပြန်ထွက်နိုင်ကြတော့မည် မဟုတ်ပေ။
ထိုအချိန်တွင် အာရန်၏အကြည့်သည် ဝင်္ကဘာကို ဖြတ်၍ အသဲအသန် ထွက်ပြေးသွားကြသော ကာဒီနယ်ရဟန်းအမတ်နှစ်ဦး ဘက်သို့ လှည့်ကြည့်မိလိုက်သည်။
“သူတို့ ဒီတိုင်း ထွက်ပြေးဖို့ သူတို့လူတွေကို စတေးပစ်ခဲ့တာပဲ... ငါ ပိုပြီး သတိထားခဲ့သင့်တယ်။”
အာရန်သည် သူ၏ နဖူးကို ပြန်ပွတ်လိုက်ပြီး ဘာဖြစ်ခဲ့သည်ကို သဘောပေါက်လိုက်သည်။
“ငါလည်း ဒီနေရာကနေ ထွက်သွားဖို့လိုနေပြီ”
အာရန်သည် လျင်မြန်စွာ နောက်သို့ လှည့်လိုက်သည်။
ကာဒီနယ်ရဟန်းအမတ်များ ၏ ထွက်ပြေးမှုသည် ဤ မြေအောက်ဂူ အတွက် မည်သို့အဓိပ္ပာယ်ရကြောင်းကို သူသည် ရှင်းလင်းစွာ နားလည်လိုက်သည်။
သို့သော် မထွက်ခွာမီ အာရန်သည် ဝင်္ကဘာ နံရံကို ဖွဲ့စည်းထားသော နဂါးအကြေးခွံ များအား သူ၏ စနစ်သိုလှောင်ခန်းအတွင်း သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။
ကံကောင်းစွာဖြင့် ၎င်း နဂါးအကြေးခွံများသည် သိုလှောင်ခန်း ၏ အကန့်ငယ် တစ်ခုတွင်းသာ နေရာယူခဲ့ပြီး ၎င်းအား သေးငယ်သော သိုလှောင်ခန်း၏ အောက်ဘက် ထောင့်စွန်းတစ်နေရာတွင် သက်သက်ထည့်သွင်းထားလိုက်သည်။
ထို့နောက် အာရန်သည် ပင်လယ်နဂါးဧကရီရှိရာ ဆီသို့ ပြန်သွားလိုက်လေ၏။
#Catfoot