← Chapters

သွေးမျိုးဆက်၏ ဦးဆောင်သူ

Vol. 33 Ch. 475

သွေးမျိုးဆက်၏ ဦးဆောင်သူ

Vol. 33 Ch. 475

...

အခန်း (၄၇၅) ဝိညာဉ်ရေးရာခေါင်းဆောင်

“ကိုယ် တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်းရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် ပြီးဆုံးဖို့ ကိုယ်ထပ်စောင့်ပေးလို့ မရနိုင်တော့ဘူးနဲ့ တူတယ်။”

အာရန်သည် ပင်လယ်နဂါးဧကရီတစ်ယောက် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် ဖြစ်ပွားလျက်ရှိသော အောက်ဆုံးထပ်တွင် ပြန်ပေါ်လာခဲ့သည်။

သူမသည် မျက်လုံးများ မှိတ်ထားဆဲ ဖြစ်နေခဲ့ကာ သူမ၏ သွေးမျိုးဆက်သည် ယခင်ကထက် ပိုမို၍ သန့်စင်လာခဲ့သည်။

သူမ၏ ခန္ဓာကိုယ်သည် ချွေးများဖြင့် ရွှဲနစ်နေလေသည်။

ပင်လယ်နဂါးများ၏ ချိတ်စည်းတံဆိပ်ခပ်နှိပ်ခြင်းအား ဖယ်ရှားနိုင်လိုက်ပြီး ဖြစ်သောကြောင့် သူမ၏ သွေးမျိုးဆက် သည် မူလဇစ်မြစ်ဖြစ်သော ကောင်းကင်နဂါးသွေးမျိုးဆက်နှင့် ပိုမို၍ နီးစပ်လာနေခဲ့ပြီဖြစ်၏။

တစ်စက္ကန့်ချင်းစီတိုင်းတွင် သူမ၏ ခွန်အားများ တိုးပွားလျက်ရှိနေခဲ့သည်။

သူမ ပိုမို သန်မာလာပြီဖြစ်ကြောင်းကို သိရှိရန် သူမ၏ စွမ်းရည်အချက်အလက်များကို ပြန်ကြည့်ရန်ပင် အာရန်အတွက် မလိုအပ်တော့ပေ။

သူမ၏ အော်ရာသည်ပင် သိသာစွာပို၍ အားကောင်းလာခဲ့ပြီမဟုတ်ပါလား...။

ထို့နောက် အာရန်သည်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ စောင်တစ်ထည်ကို ထုတ်ယူလိုက်ပြီး ဗလာကျင်းလျက်ရှိနေသော ပင်လယ်နဂါးဧကရီ၏ ခန္ဓာကိုယ်လေးကို ညင်သာစွာ ဖုံးအုပ်ပေးလိုက်၏။

သူမ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် အတွင်းတွင် ရိုးရှင်းစွာ အိပ်ပျော်နေပုံရသော ဧကရီ အား စောင်ဖြင့် ထွေးပတ်ပြီးနောက် အာရန်သည် သူမအား သူ၏ လက်မောင်းများဖြင့် ညင်သာစွာ ပွေ့ချီလိုက်သည်။

သူမအား ထိုသို့ ပွေ့ချီလိုက်သောအခါ သူမ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် အရှိန်သည် အနည်းငယ်ပင် တိုးလာနေသယောင် ခံစားမိလိုက်သည်။

အာရန်သည် ကောင်းကင်နဂါး ထက်ပင် ပို၍ အားကောင်းသော သွေးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ကာ ပင်လယ်နဂါးများအတွက်မူ နတ်ဘုရား တစ်ဦးနှယ်ပင် ဖြစ်လာခဲ့လေသည်။

သူနှင့် နီးကပ်စွာရှိနေရုံနှင့် နဂါးမျိုးနွယ်ဝင်များ အတွက် များစွာ အကျိုးရှိနေဟန်တူ၏။

ထို့နောက် အာရန်သည် သူ၏ နဂါးအတောင်ပံများကို ခပ်လိုက်ကာသည် ဧကရီ ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်အကြောင်း ထပ်မံ တွေးမနေတော့ပေ။

သူသိသည့် တစ်ခုတည်းသောအရာမှာ ဘုရားကျောင်းမှ လူများမကြာမှီ ရောက်ရှိလာကြတော့မည်ဖြစ်ကာ ဤမြေအောက်ဂူတစ်ခုလုံးကို ဝန်းရံ၍ ထွက်ပေါက်ကို ပိတ်ဆို့ကြတော့မည် ဖြစ်လေသည်။

ထို့ကြောင့် သူသည် ဤမြေအောက်ဂူ မှ အမြန်ပင် ပြန်လည် ထွက်ခွာရမည်ဖြစ်လေသည်။

ယခု ကာဒီနယ်ရဟန်းအမတ်နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်သောကြောင့် သူ၏ အချက်အလက်များသည် အခြား ကာဒီနယ်ရဟန်းအမတ်များ နှင့် သန့်စင် ပရောဟိတ်မ ထံသို့ ရောက်ရှိရန် အချိန်တစ်ခုသာ လိုတော့မည်ဖြစ်လေ၏။

အခြေအနေများ ပိုမို မခက်ခဲလာမှီ အာရန်သည် ဤနေရာမှ အမြန်ထွက်ခွာရမည် ဖြစ်သည်။

သူသည် ယခင်ကထက်များစွာခွန်အားကြီးလာပြီဖြစ်သော်လည်း ယခုအချိန်တွင် သန့်စင်ပရောဟိတ်မနှင့် ထိပ်တိုက် မတွေ့ချင်သေးပေ။

ယခုအချိန်အထိ ပရောဟိတ်မ နောက်ကွယ်ရှိ နတ်ဘုရားမ ဖရေယာ အကြောင်းကို သူ ဘာမှသိပ် မသိထားရသေးချေ။

ထို့အပြင် အာရန်အနေဖြင့် သန့်စင် ပရောဟိတ်မအား သတ်နိုင်ခဲ့လျှင်ပင် နစ်ခရိုမန်ဆာမျှော်စင်သခင်အား မည်သူက သူမအစားရင်ဆိုင်ပေးတော့မည်နည်း။

ထို့ကြောင့် ထိုနှစ်ဦးအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သတ်ပုတ်နေစေရန် လိုအပ်နေသေးသည်။

အာရန်သည် သူ၏ ခန္ဓာကိုယ်ထက်ပင် ပိုကြီးသော အတောင်ပံများ ဖြင့် လေထဲသို့ ပျံတက်သွားလိုက်သည်။

သူသည် ပဉ္စမထပ်မှ စတုတ္ထထပ်သို့ ရောက်ရှိသွားပြီး ပထမထပ်သို့ ရောက်သည်အထိ ဆက်လက်၍ ပျံသန်းနေလိုက်သည်။

ပထမထပ်သည် ယခင်က ဝင်္ကဘာတစ်ခု ဖြစ်ခဲ့သော်လည်း ယခုတွင်မူ ထိုနေရာတွင် မည်သည့် ဝင်္ကဘာမျှ မကျန်ရစ်တော့ပေ။

ဝင်္ကဘာကို အဓိကဖွဲ့စည်းထားခဲ့သော နဂါးအကြေးခွံများကို အာရန်က ယူဆောင်လိုက်ပြီဖြစ်သဖြင့် ဤနေရာသည်လည်း ကောင်းကင်နဂါး၏ နှလုံးသားမရှိတော့၍ ဗလာဖြစ်သွားသော ပဉ္စမထပ်နှင့် အတူတူပင်ဖြစ်သွားခဲ့သည်။

အာရန်သည် ကောင်းကင်နဂါး၏ နှလုံးသားကိုရယူကာ သူ၏ သွေးမျိုးဆက် ကို ပိုမို အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဤ မြေအောက်ဂူ သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။

သို့သော် ထိုခရီးစဥ်သည် သူ စိတ်ကူးထားသည်များထက်ပင် များစွာ ကျော်လွန်သွားခဲ့ရ၏။

၎င်းသည် အလွန် အကျိုးအမြတ်များသော ခရီးစဥ်တစ်ခုဖြစ်ခဲ့ပြီး သူ၏ ကောင်းကင်နဂါး သွေးမျိုးဆက် ကို ပိုမို အားကောင်းလာစေခဲ့ရုံသာမက ဆင့်ကဲပြောင်းလဲမှုတစ်ခုကိုပါ ဖြစ်ပေါ်စေခဲ့လေသည်။

သူသည် ပင်လယ်နဂါးဧကရီကိုပင် သိမ်းပိုက်နိုင်ခဲ့ကာ ပင်လယ်နဂါးများ ၏ သွေးမျိုးဆက်ဦးဆောင်သူ တစ်ဦးအဖြစ်ပါ သူ၏ နေရာကို ခိုင်မာစေခဲ့သည်။

ယခုတွင် အာရန်တွင် သူ့နှင့်သက်ဆိုင်သော နေရာတစ်ခု ထပ်တိုးလာခဲ့ပြီဖြစ်၏။ အကယ်၍ ဝိညာဉ်လောကတွင်သာ တစ်စုံတစ်ခု ဖြစ်ခဲ့ပါက သူသည် ပင်လယ်နဂါး တိုင်းပြည်တွင် သွားရောက်၍ ကိုယ့်အိမ်ကိုယ့်ရာကဲ့သို့ နေထိုင်နိုင်ပြီ ဖြစ်လေသည်။

အကယ်၍ သူသည်သာ သမုဒ္ဒရာထဲတွင် ရှိနေမည်ဆိုပါက ထိုကာလပတ်လုံး တွင် သမုဒ္ဒရာအုပ်စိုးသူဟူသော သွေးမျိုးဆက် စွမ်းရည်အသစ်တစ်ခုကိုပင် အသုံးပြုနိုင်ဦးမည်ဖြစ်၏။

မည်သို့ပင်ဆိုစေ သမုဒ္ဒရာနှင့် ပင်လယ်နဂါးတိုင်းပြည် သည် သူ့အတွက် နောက်ထပ် ခံတပ်နယ်မြေ တစ်ခုနှင့် မကွာခြားတော့ပေ။

အာရန်သည် ယခင်က ကောင်းကင်နဂါး၏ အော်ရာကို ပိုင်ဆိုင်ခဲ့ဘူးပြီးယခုအခါတွင် ယခင်ကထက်ပိုကြမ်းသော အော်ရာတစ်မျိုးကိုပိုင်ဆိုင်ထားပြီဖြစ်လေသည်။

ဤခရီးသည် သူ့အတွက် အကျိုးအမြတ်များစွာ ရရှိခဲ့သကဲ့သို့ ဆုံးရှုံးမှုများစွာလည်း ရှိခဲ့၏။

အာရန်သည် သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်သော ယာယီ ချိတ်စည်းဖြေအဆောင်ကိုပင် ဆုံးရှုံးခဲ့ရသည်။

အရှင်သခင်များထက်ပင် ပို၍ အားကောင်းသော ကောင်းကင်နဂါး၏ ဝိညာဉ်ကို အနိုင်ယူရန် သူ၏ ဒုတိယအကြိမ်နှင့် နောက်ဆုံးဖြစ်သော ယာယီ ချိတ်စည်းဖြေ အဆောင် ဆိုသည့် ဝှက်ဖဲကို အသုံးပြုခဲ့ရသည်။

ယခု သူတွင် တစ်ခုမှ မကျန်တော့ပေ။

သူသည် နောက်ပိုင်းတွင် ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရလျှင်ပင် သူ၏ ကိုယ်ပိုင်ခွန်အားအပေါ်တွင်သာ မှီခိုရတော့မည်ဖြစ်၏။

ထို့ကြောင့် အာရန်သည် ဆုလာဘ်များစွာ ရရှိခဲ့သော်လည်း ယာယီ ချိတ်စည်းဖြေအဆောင် ကို ဆုံးရှုံးခဲ့ရသည့်အတွက် အနည်းငယ် ဝမ်းနည်းမိနေဆဲပင်ဖြစ်သည်။

ဤသို့ဖြင့် မကြာမီမှာပင် အာရန်တစ်ယောက် မြေအောက်ဂူ ၏ ထွက်ပေါက်ဝဆီသို့ ရောက်ရှိလာသည်။

ထွက်ပေါက်အပြင်ဘက်တွင် အစောပိုင်းထွက်ပြေးသွားသော ကာဒီနယ်ရဟန်းအမတ် နှစ်ဦး သူ့အား စောင့်နေကြကြောင်း တွေ့လိုက်ရလေ၏။

သူတို့နှစ်ဦးသည် သန့်စင်ပရောဟိတ်မအား အကြောင်းကြားထားပြီး ဖြစ်နိုင်ပြီး သူမသည်လည်း မကြာမီ ထိုနေရာသို့ ရောက်ရှိလာနိုင်လေသည်။

“သူတို့နဲ့ တိုက်ခိုက်ပြီး အချိန်ဖြုန်းလို့ မဖြစ်သေးဘူး”

အာရန်သည် ဘာဆက်လုပ်ရမည်ကို အဖြေရှာရင်း အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

သူသည် မြေအောက်ဂူ အပြင်ဘက်ရှိ ကာဒီနယ်ရဟန်းအမတ် နှစ်ဦးအား သတ်နိုင်ခဲ့လျှင်ပင် နောက်ထပ်ထပ်ရောက်လာမည့်လူများ၏ ဝန်းရံခြင်းကို ခံခဲ့ရပါက သူ့အတွက် အကျိုးရှိမည်မဟုတ်ပေ။

“အော်ရာတွေကို ဖုံးကွယ်ထားစမ်း”

အာရန်သည် သူ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ပြီးနောက် ပို၍ အားကောင်းလာခဲ့သော ဘိုးဘေးနဂါးလျှာအစွမ်းကို အသုံးပြုလိုက်၏။

သူ၏ စကားလုံးများထွက်သွားသည်နှင့် ဤကမ္ဘာ၏ ဥပဒေသများ ကိုယ်တိုင်ကပင် ချွင်းချက်တစ်ခု ပေးခြင်းခံလိုက်ရသကဲ့သို့ပင် ပင်လယ်နဂါးဧကရီ ၏ အော်ရာ သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

သူသည် သူမကို လက်မောင်းများဖြင့် ပွေ့ချီထားသောသူ ဖြစ်နေသေးသော်လည်း သူမ၏ အော်ရာ ကိုမူ အနည်းငယ်မျှပင် မခံစားနိုင်တော့ပေ။

သူ၏ အော်ရာ အတွက်လည်း အတူတူပင် ဖြစ်သည်။

သို့သော်လည်း အာရန်အတွက်မူ သူ၏ အော်ရာ ကို ဖုံးကွယ်ရန် နဂါးလျှာအစွမ်းကိုပင် အသုံးပြုရန် မလိုအပ်ပေ။

သူ၏ နဂိုရှိရင်းစွဲ အော်ရာ ထိန်းချုပ်နည်းအစွမ်းကို အသုံးပြုလိုက်ရုံသာ ဖြစ်လေသည်။

“ကိုယ်ပျောက်စေ”

အာရန်သည် ဆက်လက်၍ ဘိုးဘေးနဂါးလျှာအစွမ်းကို ထပ်မံ၍ အသုံးပြုလိုက်သည်။

ပုံမှန်အားဖြင့် ဤစွမ်းအင်သက်ရောက်မှုသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများထက်ပို၍ အားကောင်းသောသူများအပေါ်တွင် ထိရောက်မှုရှိမည် မဟုတ်ပေ။

သို့သော် သူ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် သူ၏ နဂါးလျှာအစွမ်းသည် များစွာ ပို၍ အားကောင်းလာခဲ့ပြီးဖြစ်သည်။

ယခု သူသည် ကာဒီနယ်ရဟန်းအမတ်များကိုပင် ယာယီအနေဖြင့် လှည့်ဖြားနိုင်နေပြီဖြစ်၏။

ကာဒီနယ်ရဟန်းအမတ်များသည် ဖောက်ထွင်းမြင်နိုင်ရန် အထူးပြုလုပ်ထားသော ရတနာပစ္စည်းများ ကို အသုံးမပြုသရွေ သူတို့အား မြင်တွေ့နိုင်တော့မည်မဟုတ်ပေ။

သန့်စင် ပရောဟိတ်မ သာလျှင် သူတို့အား မြင်တွေ့နိုင်မည်ဖြစ်သော်လည်း သူတို့သည် သူမ၏ မြင်ကွင်းအတွင်းတွင် ရောက်ရှိနေမှသာ ဖြစ်ပေလိမ့်မည်။

အရာအားလုံးကို ပြင်ဆင်ပြီးနောက် အာရန်သည် သူ၏ အတောင်ပံများကို ပျောက်ကွယ်စေလိုက်သည်။

အာရန်သည် မျက်လုံးတစ်ချက် မှိတ်လိုက်ပြီး ခပ်ပြင်းပြင်း တစ်ချက်ခန့် အသက်ရှူထုတ်လိုက်လေသည်။

သူတို့သည် တန်ပြန် တိုက်ခိုက်မှုများ ဖြင့် ကြိုဆိုခြင်းခံရမည်လား သို့မဟုတ် သူမျှော်လင့်ထားသကဲ့သို့ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်သွားလိမ့်မည်လားဟု စဥ့်စားမိလိုက်၏၊

မကြာမီ အာရန်သည် ထွက်ပေါက်မှတစ်ဆင့် သူ၏ပထမဆုံး ခြေလှမ်းကို စတင်လိုက်သည်။

နေရာအကျယ်အဝန်း အပြောင်းအလဲ အနည်းငယ် ဖြစ်ပွားခဲ့သော်လည်း ၎င်းသည် ဂိတ်တံခါးပေါက်များနှင့် မတူညီပေ။

အာရန်သည် သက်တောင့်သက်သာရှိနေဆဲဖြစ်ကာ သူ၏ ခန္ဓာကိုယ်တွင် မည်သည့် အန္တရာယ်ရှိမှုကိုမျှ မခံစားရတော့ပေ။

ဤသို့ဖြင့် အာရန်သည် မြေအောက်ဂူ အပြင်ဘက်တွင် ပြန်ပေါ်လာခဲ့ပြီး သူအစောပိုင်း သတ်ပစ်ခဲ့မိသော ဘုန်းတော်ကြီးအချို့ ၏ သွေးများဖြင့် ပေကျံနေသော မြေပြင်ပေါ်တွင် ပထမဆုံးအဖြစ် စတင်ခြေချလိုက်တော့သည်။

#Catfoot

All Chapters