← Chapters

ငါလဲ သူ့ကို ချစ်တယ်

Vol. 33 Ch. 477

ငါလဲ သူ့ကို ချစ်တယ်

Vol. 33 Ch. 477

...

အာရန်သည် တော်ဝင် နန်းတော်၏ လသာဆောင်ရှေ့တွင် ရပ်နေပြီး ခန့်နားသော တော်ဝင်မြို့တော်ကြီး၏ ကျယ်ပြန့်သောနယ်နိမိတ်အား အပေါ်စီးမှ စိုက်ကြည့်နေမိခဲ့သည်။

ဘုရားကျောင်း၏ အဓိက အင်အားစုများ ရှိမနေခြင်းကို အခွင့်ကောင်းယူရန် နည်းလမ်းတစ်ခုကို အာရန်တစ်ယောက် စဉ်းစားမိခဲ့သောကြောင့် သူ၏ နှုတ်ခမ်းတွင် စဉ်းလဲသောအပြုံး တစ်ခုရှိနေခဲ့၏။

အာရန်သည် ယခင်ကနှင့်မတူဘဲ အလွန်ကျက်သရေ ရှိနိုင်လွန်းသော အဝေးရှိ ဘုရားကျောင်းအား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

“အစီအစဉ်ကို မထိခိုက်မိစေနဲ့... ဇီယာနဲ့ ရှုယင်တို့ကိုလည်း ဒီအစီအစဥ် အကောင်အထည်ဖော်ပြီးရင် လာရောက်ပူးပေါင်းကြဖို့ အသိပေးထားလိုက်။ငါ အထင်လွဲမှုတွေကြောင့် အမှားအယွင်းတွေ ဖြစ်မသွားစေချင်ဘူး။” ဟု အာရန်သည် အသံတိုးတိုးဖြင့် တီးတိုးပြောလိုက်၏။

သူ၏ ညွှန်ကြားချက်များ ပြီးဆုံးသည်နှင့် အာရန်သည် လသာဆောင်မှ ခုန်ချလိုက်သည်။

သန့်စင်မြို့တော်အတွင်း ကာဒီနယ်ရဟန်းအမတ်များ ရှိမနေသော ယခုကဲ့သို့ အခိုက်အတန့်သည် သူ၏ အားအနည်းဆုံး စွမ်းအင်များဖြင့်ပင် သူ၏ တည်ရှိမှုအား ဖုံးကွယ်ထားရန် လုံလောက်လေသည်။

ထို့နောက် အာရန်သည် နတ်ဘုရားမအား ယုံကြည်သူ မဟုတ်သော အပြင်လူများအတွက် တားမြစ်နယ်မြေဖြစ်သော ဘုရားကျောင်းရှိရာဆီသို့ စတင်ထွက်ခွာသွားတော့သည်။

...

“ဒါက ရူးသွပ်တဲ့ အစီအစဉ် ဖြစ်နေရင်တောင် ရှိပါစေတော့လေ”

အာရန်၏ ကိုယ်ပွားသည် သန့်စင်ဧကရာဇ်၏ ဝတ်ရုံတော်ကို သူ၏ခန္ဓာကိုယ်တွင် ခြုံလွှမ်းထား လိုက်သည်။

ဖီလိုနာသည်လည်း ပင်လယ်နဂါးဧကရီအား စောင့်ကြည့်နေသောကြောင့် ကိုယ်ပွားသည် အခန်းမှ လွတ်လပ်စွာ ထွက်ခွာနိုင်ခဲ့သည်။

ထို့အပြင် အာရန်ကလည်း သူမသည် နောက်နေ့နံနက်အထိ သူမ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် ပြီးဆုံးဦးမည်မဟုတ်ကြောင်း သူ့အား အတည်ပြုပြောကြားထား ပြီးဖြစ်လေသည်။

သူ့အနေနှင့်ပို၍ သတိထားရမည့် အမျိုးသမီးများမှာ မိစ္ဆာဂိုဏ်း မှ မဟာအကြီးအကဲကြီး နှစ်ဦးသာဖြစ်လေ၏။

အာရန်၏ ကိုယ်ပွားသည် သူတို့နှစ်ဦးအား လွယ်ကူစွာ ရှင်းပြနိုင်ပါစေဟု ကြိတ်၍ ဆုတောင်းနေမိသည်။

ထို့အတွက်ကြောင့်လည်း သူသည် အကြောင်းပြချက်များစွာကို ပေးရပေလိမ့်မည်။

အရာများစွာကို သူတို့ထံမှ ဖုံးကွယ်ထားရဦးမည်ဖြစ်သောကြောင့် ဤအရာသည် အပြောလွယ်သလောက် လက်တွေ့တွင်မူ လက်ဝင်နိုင်သော အလုပ်တစ်ခု ဖြစ်နေသည်။

မကြာမီ အာရန်၏ ကိုယ်ပွားသည် လေ့ကျင့်ရေးခန်းမသို့ ရောက်ရှိသွားခဲ့သည်။ လေ့ကျင့်ရေးခန်းမ အပြင်ဘက်ရှိ အစောင့်တပ်သားများသည် သန့်စင်ဧကရာဇ်အား မြင်လိုက်သည်နှင့် ဘေးသို့ ရှောင်ဖယ်ပေးလိုက်ကြသည်။

သူတို့ထဲမှ တစ်ဦးသည် သူ့အတွက် လေ့ကျင့်ရေးခန်းမ တံခါးကိုပင် ဖွင့်ပေးလိုက်သည်။

ပုံမှန်အားဖြင့် လေ့ကျင့်ရေးခန်းမနေရာသည် အင်ပါယာ ၏ မြင့်မြတ်သော စစ်သည်တော်များ လေ့ကျင့်ရာ နေရာဖြစ်သော်လည်း ဧကရာဇ် ၏ စေခိုင်းမှုအောက်တွင် ခန်းမတစ်ခုလုံးအား ဧည့်သည်တော်များ အတွက် သီးသန့် လေ့ကျင့်ရာနေရာအဖြစ် ပြင်ဆင်ပေးခဲ့ရလေသည်။

ထိုနေ့က ဧကရာဇ်တစ်ယောက် စစ်တပ်တစ်ဝက်နီးပါးခန့်ကို သူ၏ လက်ဖြင့် ကိုယ်တိုင်သုတ်သင်ပစ်ခဲ့ခြင်းအား ဤနေရာရှိ အစောင့်တပ်သား တစ်ဦးကမျှ မမေ့သေးပေ။

သွေးများဖြင့် ဖုံးလွှမ်းနေသော ဧကရဇ်၏ ပုံရိပ်သည် သူတို့၏ စိတ်ထဲတွင် အိမ်မက်ဆိုးတစ်ခုအလား လတ်ဆတ်နေဆဲပင်။

အာရန်၏ ကိုယ်ပွား သည် သူ့အား ကြောက်နေကြသော အစောင့်တပ်သားများအား သတိထားမိလိုက်သည်။ သို့သော်လည်း သူသည် ထိုအရာကို ဂရုမစိုက်ခဲ့ပေ။

မည်သို့ပင်ဆိုစေ လူတိုင်း သူ့ထံမှ လုံခြုံသောအကွာအဝေး တစ်ခုတွင် ရှိနေကြမည်ဆိုပါက ၎င်းသည် သူ့အတွက် အကောင်းဆုံးပင်မဟုတ်ပါလား...။

သူသည် အနည်းငယ်မျှသော ထိခိုက်မှုလေးဖြင့်ပင် ဖျက်ဆီးခံရနိုင်သည့် သာမန်ကိုယ်ပွားလေးတစ်ဦးမျှသာ ဖြစ်လေ၏။

သူတို့သာ သူနှင့် ဝေးဝေးမနေခဲ့ပါက မည်သည့် မတော်တဆမှုကိုမဆို ရှောင်ရှားရန် အတော်လေး ဂရုစိုက်၍ နေထိုင်ရမည်ဖြစ်ပေသည်။

အာရန်၏ ကိုယ်ပွား သည် လေ့ကျင့်ရေးခန်းမ ထဲသို့ လျှောက်ဝင်လိုက်ပြီး သူ၏ နောက်ဘက်ရှိ တံခါးကို အလျင်အမြန်ပင် ပိတ်လိုက်သည်။

“ဟမ်”

လေ့ကျင့်ရေးခန်းမ ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အာရန်ကိုယ်ပွားသည် အတော်လေးအံ့အားသင့်သွားခဲ့ရသည်။

သူ့ရှေ့မှ မြင်ကွင်းသည် သူတစ်ခါမျှ မမျှော်လင့်ခဲ့သောအရာတစ်ခုဖြစ်နေသည်။

“သူတို့က မင်းကို လေ့ကျင့်ပေးဖို့ တာဝန်မယူကြဘူးလား” သူသည် တိတ်ဆိတ်စွာ ပင် ထောင့်တစ်နေရာတွင် ရပ်လျက်ရှိနေသော ယူလင်းအား မေးလိုက်သည်။

သူမသည် အကြီးအကဲကြီး နှစ်ဦးမှ ကိုယ်ဖိရင်ဖိ လေ့ကျင့်သင်ကြားပေးရမည့် တပည့်တစ်ဦး ဖြစ်နေသော်လည်း ထိုဆရာနှစ်ဦးသည် အခြားအရာတစ်ခုခုတွင် အာရုံရောက်နေကြပုံရ၏။

“အာ သတိထားဟ”

ကိုယ်ပွားသည် သူ့ဘက်သို့ လာနေသော ဓားအော်ရာ တစ်ခုကို လျင်မြန်စွာ ဒူးထောက်၍ ငုံ့ရှောင်လိုက်ရလေသည်။

သူ၏ ကျောပြင်သည် ချွေးစေးများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသာ တစ်စက္ကန့်မျှ နောက်ကျခဲ့ပါက ထိုတိုက်ခိုက်မှုသည် သူ့အား ချက်ချင်း ဖျက်ဆီးပစ်လိမ့်မည်ဖြစ်ကာ သူသည် အာရန်အား အနည်းငယ်မျှပင် ကူညီနိုင်တော့မည်မဟုတ်ပေ။

သူ၏ရှေ့တွင် ဘာဖြစ်နေသည်ကို သူနားမလည်နိုင်တော့ပေ။

မဟာအကြီးအကဲကြီး နှစ်ဦးသည် ယူလင်း ကို လေ့ကျင့်ပေးနေခြင်း မဟုတ်ပေ။

ယင်းအစား... သူတို့သည် တစ်ဦးနှင့်တစ်ဦး သဲကြီးမဲကြီး တိုက်ခိုက်နေကြသည်တဲ့လား...။

၎င်းသည် လေ့ကျင့်ရေးတိုက်ပွဲ တစ်ခုနှင့်လည်း မတူပေ။

ယင်းအစား ၎င်းက တစ်ဦးနှင့်တစ်ဦး အသေအကြေ ရေကုန်ရေခမ်း တိုက်ခိုက်ရန် ကြိုးစားနေကြသကဲ့သို့ ထင်မှတ်ရလေသည်။

“ဒီမှာ ဘာဖြစ်နေလဲဆိုတာ မင်းသိလား”

ကိုယ်ပွား သည် ဤနေရာတွင် ဘာဖြစ်နေသည်ကို သိနိုင်သော တစ်ဦးတည်းသောသူ ဖြစ်ပုံရသည့် ယူလင်းအား မေးလိုက်သည်။

“ကျွန်မလည်း မသိဘူးလေ”

ယူလင်းသည် အပြစ်ကင်းဟန်ဖြင့် ပခုံးတစ်ချက်တွန့်၍ ငြင်းဆိုလိုက်၏။

“ဒါပေမယ့် ဆရာနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ခုတော့ ဖြစ်လိမ့်မယ်လို့ ကျွန်မထင်တယ်။”

“ဘာ”

အာရန်၏ ကိုယ်ပွား သည် သူမ၏ စကားကြောင့် အူကြောင်ကြောင်ဖြစ်သွားခဲ့ရသည်။

သူတို့၏ တိုက်ပွဲသည် သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင် အာရန်နှင့် မည်သို့ ပတ်သက်မှုရှိနေရသနည်း။

ဤနေရာတွင် ဘာတွေများ ဖြစ်ပျက်နေခြင်းဖြစ်မည်နည်း။

“အမ ဇီယာ နင့်ကို ငါ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ နင့်ရဲ့ အစောပိုင်း စကားတွေကို ပြန်ရုပ်သိမ်းပေးပါ”

ရှုယင်သည် သူမ၏ ထက်မြတ်သော ဓားကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း ပြောလိုက်သည်။

သူမ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့၏။

ထိုလေ့ကျင့်ရေးခန်းမ ၏ အခြားထောင့်တစ်နေရာတွင် ဇီယာတစ်ယောက် ရပ်လျက်ရှိနေသည်။

သူမ၏ အဝတ်များတွင် ဓားဒဏ်ရာများအနည်းငယ်ရှိနေသော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ အထိအခိုက်အနည်းငယ်မျှပင် ရှိမနေသေးပေ။

အဂ္ဂိရက်ပညာရှင် တစ်ဦးအနေဖြင့် သူမ၏ ကုသနိုင်စွမ်းသည် မဟာအကြီးအကဲကြီးများ အားလုံးထဲတွင် အကောင်းဆုံးဖြစ်နေရုံသာမက သူမအသုံးပြုသော ဆေးဝါးများသည်လည်း သူမ၏ ခွန်အားအပေါ်တွင် သိသိသာသာ အကျိုးသက်ရောက်မှု ရှိလေသည်။

ဇီယာသည် ခွန်အားအကြီးဆုံး မဟာအကြီးအကဲတစ်ဦး မဟုတ်သော်လည်း အဆုံးမရှိသော သူမ၏ ခန္ဓာကိုယ်အနာပြန်ကျက်နိုင်စွမ်းများကြောင့် ကိုင်တွယ်ရန် အခက်ခဲဆုံးဖြစ်သည်ဟု အများကသတ်မှတ်ထားကြ၏။

“ညီမလေးရှုယင် ငါလဲ င့ါစကားကို ပြန်ရုပ်သိမ်းစရာ အကြောင်းမရှိဘူး။” အကြီးအကဲကြီး ဇီယာ သည် ရှုယင်အား ရင်ဆိုင်နေရချိန်တွင်ပင် အနည်းငယ်မျှ ကြောက်ရွံ့မှုပင် မပြဘဲ ချင်ချင်း ပြန်ဖြေလိုက်သည်။

သူမသည် သူမ၏လမ်းတွင် လာရောက်ပိတ်မည်ဆိုပါက မည်သူ့ကို မဆို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူမသည် သူမလိုချင်သောအရာကို အရယူရန် စိတ်တွင်း လုံးဝ ဆုံးဖြတ်ထားဟန်ရလေ၏။

“ငါလည်း ရန်ကို ချစ်မိသွားပြီလို့ င့ါကိုယ်ငါ ယုံကြည်နေမိတယ် သူက နင်နဲ့တူ နေပြီးပြီဆိုတာ ငါသိတယ် ဒါပေမယ့် အဲ့တော့ ဘာဖြစ်လဲ သူ့ မျက်ဝန်းတွေထဲမှာ င့ါအတွက်လည်း အလားတူ နေရာတစ်နေရာ ရှိနေတယ်လို့ ငါခံစားမိခဲ့တယ်” အကြီးအကဲကြီး ဇီယာ သည် သူမဆီသို့ ကျရောက်လာသည့် ပိုမိုပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ရှုယင်အား ဆက်လက်၍ ပြောလိုက်သည်။

“ဘာလဲဟ...”

အဝေးတစ်နေရာတွင် ချောင်းနားထောင်နေသော အာရန်၏ ကိုယ်ပွား သည် သူတို့၏ စကားများကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။

ဘာဖြစ်နေသည်ကို သူနားလည်လိုက်သောအခါ သူသည် သူ၏ နှဖူးကိုသာ ပြန်လည်ရိုက်မိလိုက်သည်။

ပထမဆုံးအကြိမ်အဖြစ် သူသည် အစစ်အမှန် အာရန် မဟုတ်ဘဲ သာမန် ကိုယ်ပွား တစ်ဦးဖြစ်နေသည့်အတွက် ကြိတ်၍ ဝမ်းသာမိလိုက်သည်။

ဤ ရူးသွပ်နေသော အမျိုးသမီးနှစ်ဦးအား သူ့တွင် ကိုင်တွယ်နိုင်မည့် နည်းလမ်းမရှိပေ။

“ပြီးတော့ သူ့လို ထူးချွန်တဲ့ ယောင်္ကျားတစ်ယောက်က မိန်းမတစ်ယောက်ထက် ပိုထားတာဘာဆန်းသလဲ နင်က သူ့ကို အရင်ဆုံးတွေ့ခဲ့မိရုံနဲ့ပဲ သူ့ကိုတစ်ယောက်ထဲ မောင်ပိုင်စီးထားချင်တယ်လို့တော့ လာမပြောနဲ့”

ကိုယ်ပွားသည် မသိစိတ်အတွင်း၌ ဤနေရာမှ တိတ်တိတ်လေး ခိုးထွက်သွားချင်စိတ်ပင် ပေါ်လာမိခဲ့သည်။

အာရန်၏အစီအစဉ်ကို အရေးတကြီးလုပ်ဆောင်စရာ ရှိမနေပါက သူသည် ဤနေရာမှ ချက်ချင်းထွက်သွားမိပေလိမ့်မည်။

ကံမကောင်းစွာဖြင့် သူသည် ထိုသို့မလုပ်နိုင်ခဲ့ပေ။

ထို့အပြင် လေ့ကျင့်ရေးခန်းမ သည်လည်း သူတို့၏ တိုက်ပွဲကို ကြာကြာမခံနိုင်ပေ။

ခေါင်မိုးနှင့် နံရံများသည် တအောင့်ကြာသောအခါ ပြိုကျစပြုလာခဲ့ပြီး မူလအတိုင်းရှိနေသေးသောအရာဟူ၍ နေရာအနည်းငယ်သာ ကျန်ရှိတော့၏။

ကိုယ်ပွားသည် သူ၏ နဖူးကိုသာ ပြန်ပွတ်လိုက်မိပြီး သက်ပြင်းတစ်ချက်ကြိတ်ချလိုက်သည်။

#Catfoot

All Chapters