ဘုရားကျောင်း၏ ဗဟိုချက်သို့
Vol. 33 Ch. 479
…
ဘုရားကျောင်းအတွင်းမှ ထွက်လာသော ဘုန်းတော်ကြီးများသည် သူတို့၏ ကောင်းချီးစွမ်းအင်ကို သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက်ကောင်းစွာအသုံးမပြုနိုင်မီ မှာပင် သေဆုံးသွားခဲ့ကြရသည်။
ပုံမှန်ဆိုလျှင် ဘုန်းတော်ကြီးများသည် သူတို့၏ နက်ဘုရားမနယ်မြေအတွင်းတွင် သာမန်လူများထက် ပိုမို၍ အားကောင်းလေ့ရှိခဲ့သော်လည်း ယခုအခါ ရွေ့လျားနေသော ကပ်ဘေးကြီးတစ်ခုနှင့် ဆင်တူသော အာရန်နှင့် နှိုင်းယှဉ်လျှင်မူ သူတို့၏ခွန်အားသည် များစွာနိမ့်ကျနေဆဲပင်ဖြစ်၏။
ပုံမှန်အားဖြင့် အာရန်သည် ဤနေရာသို့ လာရောက်စဥ်တွင် ပို၍ သိုသိုသိပ်သိပ် သတိထား သွားလာမိလိမ့်မည်ဖြစ်သည်။
သူ၏ အချက်အလက်များကို ဖော်ထုတ်ခြင်းမပြုမိရန် နှင့် ဘိုးဘေးနဂါးလျှာအစွမ်းကို လည်း ပိုမို သတိထားပြီး အသုံးပြုခဲ့မိလိမ့်မည်ဖြစ်သည်။
သူ့အတွက် ကံကောင်းသည်မှာ ယနေ့သည် မတူပေ။
ဘုရားကျောင်း ၏ ခွန်အားအကြီးဆုံးအဖွဲ့ဝင်များသည် သန့်စင်နတ်ဘုရားမ၏ ဦးဆောင်မှုဖြင့် သူတို့မသိထားသော ထူးဆန်းသည့် နဂါးတစ်ကောင်အား ရှာဖွေရန် မြေအောက်ဂူအတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီဖြစ်ကာ ထိုနဂါးသည် သူတို့၏ ဘုရားကျောင်းအား ဝင်ရောက်ဖျက်ဆီးမှု ပြုလုပ်နေပြီဆိုသည်ကိုမူ သတိပြုမိခဲ့ကြခြင်းမရှိသေးချေ။
သန့်စင်ပရောဟိတ်မ နှင့် ကာဒီနယ်ရဟန်းအမတ်များ မရှိသောကြောင့် အာရန်၏ ခန္ဓာကိုယ်ပတ်လည်ရှိ စွမ်းအင်စီးဆင်းမှုများမှ နဂါးလျှာအစွမ်းကို ခွဲခြားသိမြင်နိုင်မည့်သူ တစ်ဦးတစ်လေမျှ ဤနေရာတွင် ရှိမနေခဲ့ပေ။
ပုံမှန်အားဖြင့် နဂါးလျှာအစွမ်းထုတ်ဖော်မှုသည် ပို၍ သတိထားမိရ လွယ်ကူနိုင်လေသည်။
သို့သော်လည်း ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် ဖြစ်ပွားပြီးနောက် ထိုသိသာသည့် အချက်များသည် ပိုမိုမှေးမှိန်သွားခဲ့ရသဖြင့် အာရန်သည် ထိုအစွမ်းအသုံးပြုပြီးတိုင်းတွင် ထိုအရာကို ဖုံးကွယ်ရန် ယခင်လောက် စိတ်ပူစရာမလိုတော့ပေ။
ယခုလည်း ဘိုးဘေးနဂါးလျှာအစွမ်း၏ သက်ရောက်မှုသည် လွန်စွာမှေးမှိန်နေသဖြင့် ၎င်းသည် မိနစ်အနည်းငယ်အတွင်း လေထုအတွင် အလိုလိုပျံ့နှံ့၍ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်၏။
၎င်းကို ဖုံးကွယ်ရန် အခြား စွမ်းအင်များကို အပင်ပမ်းခံ အသုံးပြုနေရန် မလိုအပ်တော့ပေ။
အာရန်သည် ဘုရားကျောင်းရှိ လူများ၏ မျက်လုံးများတွင် နတ်ဆိုးတစ်ကောင်ဖြစ်နေမည်ဖြစ်သည်။
သူသည် နစ်ခရိုမန်ဆာမျှော်စင် မှ ရောက်လာသူတစ်ဦးဖြစ်ပြီး အတားအဆီး အကာအကွယ်လွှာကို လွယ်ကူစွာ ဖြတ်ကျော်ဝင်လာနိုင်ခဲ့သူ ဖြစ်နေ၏။
ဘုရားကျောင်း အဖွဲ့ဝင်များသည် ၎င်းကို သာမန်တိုက်ဆိုင်မှု တစ်ခုဖြစ်သည်ဟု မယုံကြည်ကြပေ။
အကာအကွယ်လွှာဆီမှ သတိပေးချက် တစ်စုံတစ်ရာ မရရှိခဲ့သောကြောင့် အတွင်းမှ တစ်စုံတစ်ဦးသည် သူ့အား ထိုအတားအဆီး ကို ဖြတ်ကျော်ရန် သေချာပေါက် ကူညီခဲ့ခြင်းဖြစ်ပေလိမ့်မည်။
နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်များဖြင့် တည်ဆောက်ထားသော ထိုအကာအကွယ်လွှာကို ဖြတ်သန်း၍ ဟင်းလင်းပြင်ဂိတ်တံခါးပေါက်များ ဖွင့်ပေးနိုင်သောနေရာ နှစ်ခုသာရှိလေသည်။
တစ်ခုမှာ ဘုရားကျောင်းတွင်ရှိနေပြီး နောက်တစ်ခုမှာ သန့်စင်ဧကရာဇ် ၏နန်းတော်တွင် ရှိ၏။
ယခုလောလောဆယ် သန့်စင်ပရောဟိတ်မ ရှိမနေသောကြောင့် ဤနေရာရှိ ဟင်းလင်းပြင်ဂိတ်တံခါးပေါက်ကို ကြီးကြပ်ပေးနိုင်သည့်သူ မရှိတော့ပေ။
ဘုန်းတော်ကြီးများသည် ဤအရာနှင့်ပတ်သက်၍ အလွန်မကောင်းသော ခံစားချက်တစ်ခုကို ခံစားနေရလေသည်။
မကြာသေးမီကမှ သန့်စင်ဧကရာဇ်သည် ဘုရားကျောင်းမှ သူလျှိုများကို သတ်ပစ်ပြီး မြောက်ပိုင်းတိုက်ကြီး၏ သူလျှိုများ ဟု စွတ်စွဲခဲ့သေးသည်။
ယခု ရောက်ရှိလာသူကလည်း သူတို့၏ မြောက်ပိုင်းတိုက်ကြီးမှ သူလျှိုများ ဤနေရာတွင် ရှိနေကြောင်း ဝန်ခံလိုက်ပြီးဖြစ်သည်။
သန့်စင်ဧကရာဇ်သည် ယခုကိစ္စများ၏ နောက်ကွယ်တွင် ရှိနေနိုင်သည်ဟု ဘုန်းတော်ကြီးများအနေဖြင့် ကြိမ်းသေခံစားမိနေသည်။
သို့သော် ကံမကောင်းစွာဖြင့် သူတို့တွင် သက်သေအထောက်အထား ရှိမနေခဲ့ပေ။
သူတို့သည် ၎င်းကိုတွေးကြည့်ရန် အချိန်ပင် မရခဲ့ချေ။
အကြောင်းမှာ စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းလာနေသော အာရန်အား ရပ်တန့်ရန် ကြိုးစားခဲ့သော ဘုန်းတော်ကြီးများ သည် ထူးဆန်းသော မှော်စွမ်းအင်သက်ရောက်မှုတစ်ခုကြောင့် တစ်ဦးပြီးတစ်ဦး သေဆုံးနေကြပြီ ဖြစ်သောကြောင့်ပင်တည်း။
ထို့ပြင် အာရန်အသုံးပြုသော စွမ်းအင်သည် တိုက်ကြီး လေးခုနှင့် သက်ဆိုင်သော စွမ်းအင်တစ်စုံတစ်ရာနှင့် တူညီနေ၏န်မရပေ။
ဘုန်းတော်ကြီးများသည် အာရန်တစ်ယောက် ဘုရားကျောင်း ၏ ဗဟိုချက်ရှိရာ ဆီသို့ လျှောက်လာနေစဥ်တွင် အလောင်းများစွာကို ချန်ထားနေခဲ့သည့် မြင်ကွင်းကိုသာ စိုက်ကြည့်နေမိခဲ့ကြသည်။
ထို့ပြင် အာရန်တစ်ယောက် အလောင်းများဆီမှ နှလုံးသားများကို ထုတ်ယူနေသည်ကိုလည်း သူတို့ မြင်ခဲ့ကြရသည်။
ထိုနှလုံးသားများ သည် အာရန်၏လက်များထဲတွင်ပင် ပျောက်ကွယ်သွားခဲ့ကြသဖြင့် ၎င်းက ထိုသူသည် အကြောင်းတစ်ခုခုကြောင့် သူ၏ သိုလှောင်ရတနာတစ်ခုအတွင်း သိမ်းဆည်းလိုက်ခြင်းဖြစ်မည်ဟု ယူဆမိလိုက်ကြ၏။
...
“သင် အရှင်မကို ဆက်သွယ်နိုင်ခဲ့ရဲ့လား” ဘုန်းတော်ကြီး တစ်ဦးသည် စိတ်ပျက်စွာ ဖြင့်မေးလိုက်သည်။
“ကျုပ်တို့ ဆက်သွယ်မှု လုပ်လို့မရခဲ့ပါဘူး။ အရှင်မက ကျုပ်တို့ ဆက်သွယ်လို့ မရနိုင်တဲ့နေရာတစ်ခုကို ရောက် ရှိနေပုံရတယ်။” ဟု သန့်စင် ပရောဟိတ်မ အား ဆက်သွယ်ရန် ကြိုးစားနေသော အခြား ဘုန်းတော်ကြီးမှ ပြန်လည်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အာ...ဘာလို့ အကုန်လုံး ခုမှ အချိန်ကိုက် ထွက်သွားရတာလဲ သူတို့ ဒီမှာသာရှိနေခဲ့ရင် ဒီ နတ်ဆိုးကောင်ကို အလွယ်တကူ ချေမှုန်းပစ်နိုင်ပြီး ခုလို မြင့်မြတ်နယ်မြေကို ညစ်နွမ်းစေခဲ့မှာမဟုတ်ဘူး”
ယခုအချိန်တွင် ဘုရားကျောင်း ၏ အဓိကအင်အားစုတစ်ခုလုံးကိုပင် ဆက်သွယ်၍မရ နိုင်သဖြင့် အာရန်၏ ဝင်ရောက် တိုက်ခိုက်ခြင်းသည် တိုက်ဆိုင်မှု တစ်ခုကဲ့သို့အပြင်ပမ်း ထင်ရသော်လည်း ဘုန်းတော်ကြီး အချို့သည် ၎င်းမှာ စီစဉ်ထားသောလုပ်ကြံမှုတစ်ခု ဖြစ်နိုင်သည်ဟု ယုံကြည်မိလိုက်ကြသည်။
ဘုရားကျောင်းကို တိုက်ခိုက်နိုင်ရန်အတွက် ၎င်း၏ အဓိကအင်အားစုများကို ရည်ရွယ်ချက်ရှိရှိ အပြင်သို့ မြှားခေါ်သွားခဲ့ခြင်း ဖြစ်ရပေမည်။
“ရတယ် အခြားမြို့တွေက ကာဒီနယ်ရဟန်းအမတ်တွေကို ဆက်သွယ်ဖို့ကြိုးစားလိုက် သူတို့ဆို ဒီကို ပိုမြန်မြန်ရောက်လာနိုင်လိမ့်မယ်။”
ထိုနေရာရှိ ခေါင်းဆောင်ဖြစ်ဟန်တူသော ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ဦး သည် အာရန်အား ကိုင်တွယ်ရန် အစီအစဉ်သစ်တစ်ခုကို စဉ်းစားရတော့သည်။
ဘုရားကျောင်း ၏ အဓိကအင်အားစုများအား ဆက်သွယ်၍မရခဲ့ သော်လည်း ၎င်းကဘုရားကျောင်း တွင် အခြားအင်အားစုများ မရှိတော့ဟု မဆိုလိုပေ။
အနောက်ပိုင်းတိုက်ကြီး တစ်လျှောက်တွင် ဘုရားကျောင်း ၏ ဌာနခွဲများစွာ ရှိထားလေ၏။
မြို့တိုင်းတွင်လည်း ဘုရားကျောင်းဌာနခွဲများ တစ်ခုစီရှိနေကြသည်။
ဤ ဘုရားကျောင်းများ အများစုကို ဘုန်းတော်ကြီးများ က ဦးဆောင်ကြလေသည်။ သို့သော်လည်း ကာဒီနယ်ရဟန်းအမတ်များ ခေါင်းဆောင်သော မြို့ကြီးများစွာလည်း ရှိနေခဲ့၏။
ပုံမှန်အားဖြင့် ထိုမြို့များသည် ဘုရားကျောင်းအတွက် သက်ဝင်ယုံကြည်သူများ ပိုမိုတိုးပွားလာရန် အရေးပါသော ကြီးမားသည့်မြို့တော်ကြီးများဖြစ်ကြလေသည်။
ဤမြို့များအားလုံးသည် ဂိတ်တံခါးပေါက် ဖွဲ့စည်းပုံများမှတစ်ဆင့် ဘုရားကျောင်း နှင့် တိုက်ရိုက် ချိတ်ဆက်ထားခြင်းမျိုး ရှိကြသည်။
ဂိတ်တံခါးပေါက်၏ ပုံစံကွက်အား အသက်သွင်းထားနိုင်သရွေ့ ထို ဌာနခွဲများ နှင့် လမ်းကြောင်းတစ်ခုဆက်သွယ်နိုင်မည်ဖြစ်ပြီး ထိုအခါ ထိုနေရာမှ အခြား ကာဒီနယ်ရဟန်းအမတ်များ ရောက်ရှိလာနိုင်မည်ဖြစ်လေသည်။
“ကျုပ်တို့ သူတို့ကို ဆက်သွယ်လို့ရ ရင်တောင် ဂိတ်တံခါးပေါက် တစ်ခု ထူထောင်ဖို့က အနည်းဆုံး နာရီအနည်းငယ်လောက် ကြာမြင့်လိမ့်မယ်။ ကျုပ်တို့ ဒီမကောင်းဆိုးဝါးကောင်ကို အဲဒီလောက်ကြာအောင် အချိန်ဆွဲထားနိုင်ပါ့မလား။”
“ဒါက ကျုပ်တို့ စဥ့်စားနေရမဲ့အရာ မဟုတ်တော့ဘူး ကျုပ်တို့ လုပ်ကိုလုပ်ရမယ့်အရာ ဖြစ်သွားပြီ။ ကျုပ်တို့ သန့်စင်နယ်မြေ ကို ကျဆုံးစေလို့မဖြစ်ဘူး။ မဟုတ်ရင် ကျုပ်တို့ ဒီကပ်ဘေးကနေ ရှင်သန် နိုင်ခဲ့ရင်တောင် သင်တို့စိတ်ကူးနိုင်တာထက် ပိုဆိုးတဲ့ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်။”
ဤနေရာတွင် ခေါင်းဆောင်ဖြစ်သူ ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် ထိုသို့ ပြောလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဂိတ်တံခါးပေါက်များ ကို ချက်ချင်း အသက်သွင်း၍ မရနိုင်ကြောင်း သူကောင်းစွာ နားလည်ထား၏။
ဘုရားကျောင်း၏ အဓိက ဗဟိုချက်အား ဤကဲ့သို့ အပြင်မှ တစ်စုံတစ်ယောက်၏ ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခြင်းကို တစ်ချိန်ချိန် ခံရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ထို့ကြောင့် ဂိတ်တံခါးပေါက်များအား ပိုမိုမြန်ဆန်စွာ ချိတ်ဆက်နိုင်ရန် ဂရုမစိုက်ခဲ့ကြခြင်းဖြစ်လေသည်။
မည်သို့ပင်ဆိုစေ သန့်စင်ပရောဟိတ်မ သည် သူမသာ အလိုရှိပါက ဟင်းလင်းပြင်အား ကိုယ်တိုင်ပင် လွယ်ကူစွာ ဖွင့်၍ ဂိတ်တံခါးပေါက်တစ်ခုကို ချက်ချင်းဖန်တီးနိုင်သဖြင့် အခြားမြို့များသို့ လွယ်ကူစွာ ခရီးဆက်နိုင်လေ၏။
ထိုသို့ နှောက်နှေးစေရသည့် အခြားအကြောင်းပြချက်တစ်ခုလည်းရှိသေးသည်။
ထိုသို့ပြုလုပ်ထားခြင်းသည် အခြားမြို့များမှ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရမည် ဆိုလျှင်ပင် သန့်စင်မြို့တော်အား အတွင်းမှ ပိုမိုလုံခြုံစွာ ကာကွယ်နိုင်ရန် ရည်ရွယ်ထားခြင်းလည်းဖြစ်၏။
ရန်သူများ ဘုရားကျောင်းကို ထိုးဖောက်ဝင်ရောက်ရန်အတွက်မှာ ဌာနခွဲ တစ်ခုကို ချေမှုန်းပြီး ဂိတ်တံခါးပေါက် ကို အသုံးပြုခြင်းသည် အပြင်မှ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ခြင်းထက် များစွာ ပိုမိုလွယ်ကူမည်ဖြစ်သောကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့် ဤလုပ်ငန်းစဉ် ကို ပိုမို၍ ခက်ခဲစေရန် တမင်တကာပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြော၍လည်း ရပေသည်။
ပစ္စည်းများစွာကို စီစဉ်ရန်လိုအပ်ရုံသာမက အဓိက ဌာနခွဲ မှ ခွင့်ပြုချက်ကိုလည်း ရယူရပေလိမ့်မည်။
ခွင့်ပြုချက်တစ်ခုကို အလွယ်တကူ ပေးနိုင်နေသော်လည်း ပြဿနာမှာ ပစ္စည်းများ ကို အစီအစဥ်ချရခြင်းပင်ဖြစ်၏။
အမြန်ဆုံးကျိုးစားလျှင်ပင် နာရီအနည်းငယ်ခန့် ကြာမြင့်နိုင်ပေသည်။
ထို့ကြောင့် အာရန်တို့ အရှေ့ဘက်တိုက်မှ သံတမန်များအား ဘုရားကျောင်းသို့ ခေါ်ဆောင်ရန်ကျိုးစားခဲ့စဥ်က သန့်စင်ပရောဟိတ်မသည် မြို့စားမင်း၏ အိမ်တော်တွင် တစ်ညတာစခန်းချခဲ့ခြင်းပင်ဖြစ်လေသည်။
“အဆင့်မြင့် ဌာနခွဲ အားလုံးကို ညွှန်ကြားချက်တွေပို့လိုက် ကျုပ်တို့ တိုက်ခိုက်ခံနေရပြီး လို့ ဂိတ်တံခါးပေါက်တွေကို နာရီဝက်အတွင်း အသက်သွင်းဖို့ အသဲအသန်ကျိုးစားဖို့ ပြောလိုက် ခြေတွေလက်တွေ ဆုံးရှုံးရမယ်ဆိုရင်တောင် ရအောင်လုပ်လို့”
ခေါင်းဆောင် ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် သူတို့ ရှေ့ရှိ နံရံကို လက်သီးဖြင့် ရိုက်ပုတ်လိုက်ပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
ဘုရားကျောင်းရှိ ကျန်ရှိနေသော ဘုန်းတော်ကြီးများအား အာရန်ကို တတ်နိုင်သမျှ နှောင့်နှေးစေရန် နယ်ရုပ်များအဖြစ် အသုံးပြုနေရခြင်းအား ရင်နာနာဖြင့် စိုက်ကြည့်နေရန်မှ တစ်ပါး သူကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
#Catfoot