အလင်းကိုဝါးမြိုမဲ့အမှောင်ထု
Vol. 33 Ch. 480
...
ကျန်ရှိနေသော ဘုရားကျောင်းရှိ ဘုန်းတော်ကြီးများသည် အာရန်အား ရပ်တန့်နိုင်ရန် အသဲအသန် ကျိုးစားတားဆီးနေကြသောကြောင့် စင်္ကြံလမ်းတစ်လျှောက်တွင် ခြေသံများဖြင့် ဆူညံပြည့်နှက်နေခဲ့၏။
အာရန်ကို တိုက်ခိုက်နေသော ဘုန်းတော်ကြီးများ၏ အရေအတွက်သည် တဖြည်းဖြည်းပိုမို လျော့ကျလာခဲ့သည်။
၎င်းဘုန်းတော်ကြီးများသည် နတ်ဘုရားမ ၏ သာမန် သို့မဟုတ် အားနည်းသော တပည့်လက်ပါးစေများအဆင့်သာရှိကြပြီး အာရန်အား စုပေါင်းခွန်အားဖြင့် တိုက်ခိုက်ရန်ကြိုးစားနေကြခြင်းလည်းဖြစ်လေ၏။
ဤနည်းလမ်းဖြင့် အာရန်အား မသတ်နိုင်ကြောင်း သူတို့သည်ရှင်းလင်းစွာ သိထားကြလေသည်။
သို့သော် အာရန်အား တားဆီးရန်ကျိုးစားနေသည့် အရေအတွက်မှာ အနည်းငယ်မျှပင် လျော့ကျသွားခဲ့ခြင်းမရှိပေ။
အာရန်သည် ၎င်းဘုန်းတော်ကြီးများအား လွယ်ကူစွာ သတ်နိုင်သော်လည်း ဘုန်းတော်ကြီးများသည် လူသားလှိုင်းလုံးများကဲ့သို့ တစ်လှိုင်းပြီးနောက်တစ်လှိုင်း ဆက်တိုက်ချီတက်သည့် နည်းလမ်းမျိုးကို အသုံးပြုနေခြင်းဖြစ်သဖြင့် သူ၏အရှိန်သည် များစွာ နှေးကွေးသွားရသည်။
အာရန်သည် သူဖန်တီးထားသော ပရမ်းပတာဖြစ်ရပ်များနှင့် ဆန့်ကျင်ဘက်ပင် တည်ငြိမ်စွာဖြင့် ဖြေးဖြေးချင်း ရွေ့လျားနေခဲ့သည်။
ဘုရားကျောင်း က ဘာလုပ်ရန် ကြိုးစားနေသည်ကို သူ ခန့်မှန်းပြီးဖြစ်၏။ သို့သော်လည်း ၎င်းသည် သူ့အတွက် သိပ်တော့ အရေးမကြီးပေ။
အာရန်သည် အနီးဆုံးမြို့မှ ကာဒီနယ်ရဟန်းအမတ်များရောက်မလာနိုင်မှီ အချိန်မည်မျှယူရမည်မှန်း ကောင်းစွာသိနှင့်ပြီးဖြစ်သည်။
အစောဆုံးဆိုလျှင်ပင် တစ်နာရီနီးပါးခန့် အချိန်ယူရပေလိမ့်မည်။
သူ၏အစီအစဉ်များကို ပြီးမြောက်ရန်အတွက်မူ နာရီဝက်ဆိုလျှင်ပင် လုံလောက်သည်ထက် ပင်ပိုနေသေးသည်။
အာရန်၏ ပြင်းထန်သော အော်ရာသည် သူ၏ လမ်းတွင် ပိတ်ရပ်ရန် ကျိုးစားနေသူများအား ကျောရိုးတစ်လျှောက် ကြက်သီးများ ဖြန်းဖြန်း ထသွားစေခဲ့သည်။
သူတို့၏ ခြေထောက်များသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြသော်လည်း အာရန်အတွက် လမ်းဖယ်မပေးရဲကြပေ။
“မင်းတို့ရဲ့ နတ်ဘုရားမကို မင်းတို့က ငါ့ထက်တောင် ပိုကြောက်နေတာလား။” အာရန်သည် ထိုလူများကို မေးလိုက်သည်။
“ကျုပ်တို့ သင့်ကို အောင်မြင်စေမှာ မဟုတ်ဘူး ဒီအတွက် ကျုပ်တို့ သေဆုံးရရင်ရင်တောင် ဒါက ထိုက်တန်နေဆဲပဲ ကျုပ်တို့သေဆုံးသွားရင်တောင် နတ်ဘုရားမရဲ့ ကောင်းကင်နိုင်ငံတော်ကို ရေက်သွားကြလိမ့်မယ်။ ဒါပေမယ့် သင့်လို နတ်ဆိုးမျိုးကတော့ ငရဲမှာပဲ ထာဝရ လောင်မြိုက်ခံရလိမ့်မယ်”
ဘုန်းတော်ကြီးတစ်ဦးမှ အာရန်၏စကားကို တုံ့ပြန်လိုက်သည်။
“မင်း သေပြီးရင် နတ်ဘုရားမရဲ့ ကောင်းကင်နိုင်ငံတော်ကို ပြန်သွားနိုင်မယ်လို့ မင်းကိုယ်မင်း တကယ်သေချာလား။”
အာရန်သည် ထူးဆန်းသော အပြုံးတစ်ခုဖြင့် ပြန်မေးလိုက်သည်။
“ငါတို့ နစ်ခရိုမန်ဆာမျှော်စင်ကလူတွေ ဘာကြောင့် နာမည်ကြီးလဲဆိုတာ မင်း မသိသေးဘူးနဲ့တူတယ် ငါက မင်းရဲ့ ဝိညာဉ်ကို ကျွန်ပြုပြီး ဖုတ်ကောင်တစ်ဦးအဖြစ် ပြောင်းလဲပေးလိုက်ရင် မင်း အခု ကာကွယ်နေတဲ့အရာတွေကို အရင်ဆုံးပြန်လည် တိုက်ခိုက်မယ့်သူက မင်းတောင် ဖြစ်လာနိုင်တယ်ဆိုတာ မင်း နားမလည်သေးဘူးပဲ”
အာရန်သည် လက်ရှိတွင် နစ်ခရိုမန်ဆာများ၏ ဖုတ်သွင်းသည့် စွမ်းရည်ကို အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း ၎င်းက သူသည် ဤနေရာရှိလူများ၏ ဆုံးဖြတ်ချက် များကို ယိမ်းယိုင်သွားအောင်ပြုလုပ်နိုင်သည့် ပြပွဲ တစ်ပွဲ မတင်ဆက်နိုင်ဟု မဆိုလိုပေ။
အာရန်တစ်ယောက် မျှော်လင့်ထားသည့်အတိုင်းပင် သူ၏စကားလုံးများကြောင့် ဤနေရာရှိ ဘုန်းတော်ကြီးနှင့် နောက်လိုက်နောက်ပါများသည် များစွာ တုန်လှုပ်ခြောက်ခြားမှုများ စတင်ဖြစ်ပွားလာခဲ့ကြသည်။
“နတ်ဆိုးတစ်ကောင်ရဲ့ မာယာများတဲ့စကားတွေကို နားမထောင်နဲ့ သူက မင်းတို့စိတ်ကို လှည့်ဖျားဖို့ ကြိုးစားနေတာ သူ့ကို သတ်ဖို့ကြိုးစားကြ”
လူအတော်များများသည် အာရန်နှင့်ဝေးရာဆီသို့ ထွက်ပြေးရန် စဥ့်စားမိလိုက်ကြစဥ်မှာပင် သာမန်ဘုန်းတော်ကြီးများထက် ပိုမို ခွန်အားပြည့်ဝသော အသံတစ်ခုသည် အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာခဲ့၏။
အသံသည် လူအများ၏စိတ်ကို ငြိမ်းအေးသွားစေနိုင်သည့် ထူးဆန်းသည့် မြင့်မြတ်သောကောင်းချီးစွမ်းအင်များ ပါဝင်နေဟန်ရသည်။
ထိုအသံကိုကြားရသော သူများသည် ဘာကိုမျှ ဆက်လက်၍ တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ သိစိတ်များဗလာ ဖြစ်သွားသကဲ့သို့ ပြောင်းလဲသွားကြသည်။
ထို့နောက် ဘုရားကျောင်း၏ နောက်လိုက်များ သည် ထိုတာဝန်အတွင်း မိမိတို့၏ သေဆုံးခြင်းကိုပင် ဂရုမစိုက်တော့ဘဲ ထိုဂိုဏ်းအုပ်ဘုန်းတော်ကြီး ၏ အမိန့် တစ်ခု အောက်တွင် အာရန်ဆီသို့ အလောတကြီး ပြေးဝင်သွားကြ၏။
“အဲဒါကြောင့် ငါ အစွန်းရောက် ယုံကြည်သူတွေကို ကိုင်တွယ်ရတာမျိုး မုန်းမိတာ” ထိုသို့ပြောပြီးနောက် အာရန်သည် သူ၏ဓားကို ဝှေ့ယမ်း လိုက်စဉ် သက်ပြင်း တစ်ချက် ချလိုက်မိသည်။
ထို့နောက် သူ၏ ဓားဆီမှ အဖျက်စွမ်းအင်များပြည့်နှက်နေသည့် လခြမ်းသဏ္ဍာန် ဓားချက်တစ်ချက်ထွက်ပေါ်လာခဲ့သည်။
အာရန်ကို တိုက်ခိုက်ရန်ပြေးဝင်လာကြသော ဘုရားကျောင်း နောက်လိုက်များ၏ မျက်လုံးများသည် ရုတ်တရက် စူးရှသောအလင်းရောင်ကြောင့် နာကျင်စွာ အော်ဟစ်မိလိုက်ကြသည်။
သို့သော် သူတို့အတွက်မူ နောင်တရရန် အချိန်နှောင်းသွားခဲ့ပြီးဖြစ်လေ၏။
“အစောက အသံကောင်းဟစ်နေတဲ့တစ်ယောက် မင်းအဲ့ဒီမှာပဲ ဆက်ပြီး ပုန်းနေဦးမှာလား .... မင်း လူတွေကို အစောပိုင်းပြန်ပြောခဲ့သလို သတ္တိမျိုး မင်းကိုယ်တိုင် ထွက်ပြမှာလား။ ဒါမှမဟုတ် ငါ့ကို အချိန်ဆွဲဖို့အတွက် မင်ရဲ့ နောက်လိုက်ခွေးတွေ ကုန်သွားပြီဆိုတော့ အခု မင်းက ဒီ နတ်ဆိုး ရဲ့ မာယာများတဲ့စကားတွေကိုပဲ နားထောင်လိုက်တော့မှာလား။”
အာရန်သည် အစောပိုင်း သူတို့၏ နောက်လိုက်ယုံကြည်သူများအား ထိန်းချုပ်ရန်ကျိုးစားခဲ့သော ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ တည်နေရာကို ခန့်မှန်း၍ စိုက်ကြည့်ရင်း တည်ပြောလိုက်သည်။
“မင်း မကောင်းတဲ့ နတ်ဆိုးကောင်”
ဘုန်းတော်ကြီးများ ထဲမှ တစ်ဦးသည် သူ၏ နောက်ဆုံးသတ္တိအနည်းငယ်ကို စုစည်းလိုက်သည်။
ထို့နောက် အဖြူရောင်အလင်းတန်းတစ်ခုဖြင့် စင်္ကြံလမ်း တစ်ခုလုံးကို လင်းလက်သွားစေရန် သူ၏ ကောင်းချီးစွမ်းအင်များကို အာရန်ဆီသို့ ကုန်စင်အောင် ပို့လွှတ်လိုက်လေသည်။
၎င်းသည် အခြားသူများ အင်အားပြန်လည် ဖြည့်တင်နိုင်စေရန်အတွက် အာရန်အား အနည်းငယ် စိတ်ရှုပ်ထွေးသွားစေရန် ကြိုးစားလိုက်ခြင်းတစ်ခုမျှသာ ဖြစ်လေ၏။
အာရန်သည် သူ၏ပတ်လည်တွင် ကောင်းချီးစွမ်းအင်များ စုဝေးနေသည်ကို ခံစားမိသောအခါ ခေတ္တရပ်တန့်သွားမိသည်။
သို့တိုင် အာရန်သည် နောက်သို့ ဆုတ်ခွာရမည့်အစား တစ်ချက်ပြုံးလိုက်ပြီး သူ၏အသံသည် ဓားသွားတစ်ခုပမာ အလင်းရောင်များဖြင့်တောက်ပနေသော ကောင်းချီးစွမ်းအင်များအား ထိုးခွင်း၍ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။
“မင်းတို့ နတ်ဘုရားမရဲ့ အလင်းစွမ်းအင်လေးနဲ့ မင်းတို့ကို အမှောင်ထုဆီကနေ ကယ်တင်ပေးနိုင်လိမ့်မယ်လို့ တကယ်ကြီးထင်နေကြတုံးလား။”
ဤ သမရိုးကျဆန်သော စကားလုံးများကို ထုတ်ဖော်ပြောဆိုရခြင်းသည် အနည်းငယ် ရှက်ဖွယ်ဖြစ်နေသော်လည်း ဤအချိန်တွင်မူ ထိုစကားသည် လွန်စွာ လိုက်ဖက်မှု ရှိလွန်းနေသည်ဟု အာရန်တစ်ယောက် ခံစားမိနေဆဲပင်။
ထို့နောက် လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့် အာရန်သည် သူ၏ကိုယ်ပိုင် အကာအကွယ်လွှာတစ်ခုကို ဖန်တီးလိုက်သည်။
အကာအကွယ်လွှာ ကို ဘိုးဘေးနဂါးလျှာအစွမ်းဖြင့် ရွတ်ဆိုဖန်တီးထားခြင်း ဖြစ်ပြီး ၎င်းအတွက် သူ၏ လက်တစ်ဖက်မြှောက်ရန်ပင် မလိုအပ်ခဲ့သော်လည်း သရုပ်ဆောင် ပိုမိုပီပြင်စေရန်အတွက် သူ၏လက်ကို မြှောက်၍ စကားလုံးအချို့ ရေရွတ်လိုက်သည်။
အာရန်၏ ထိုအကာအကွယ်လွှာသည် သူ၏လမ်းတွင် ရှိရှိသမျှအရာအားလုံးကို ဝါးမြိုပစ်လိုက်ပြီး ရှေ့သို့ ဆက်လက်ချီတက် သွားလိုက်သည်။
ကောင်းချီးစွမ်းအင်များဖြင့် ဖန်တီးထားသော အလင်းရောင်သည် တဖြည်းဖြည်းပိုမို မှိန်ဖျော့လာခဲ့ကာ တအောင့်ကြာသောအခါ ဘယ်တုံးကမျှ မရှိခဲ့ဘူးသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားတော့သည်။
အာရန်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ပဲ အားလုံးကို ဖြတ်ကျော်သွားလိုက်ကာ သူ၏အကြည့်သည် ရှေ့တည့်တည့်ရှိ ဘုန်းတော်ကြီးများတွင် စူးစိုက်ရောက်ရှိနေခဲ့၏။
ဘုန်းတော်ကြီးများ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် အာရန်သည် သူတို့နှင့် မီတာဝက်မျှသာ ကွာဝေးတော့သော နေရာတစ်ခုတွင် ရပ်လိုက်သည်။
“ဒီ နတ်ဆိုး က မင်းတို့ကို နောက်ဘဝဆီ ပို့ဆောင်ပေးမဲ့သူပဲ” အာရန်သည် ဘုန်းတော်ကြီးများအား ပြောလိုက်သည်။
တစ်ချိန်တည်းတွင် ဘုန်းတော်ကြီးများမှာလည်း အာရန်မှာ ၎င်းတို့နှင့် အနီးကပ်ဆုံးနေရာတွင် ရောက်ရှိနေပြီဖြစ်သဖြင့် အလစ်အငိုက် တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်လိုက်ကြသည်။
“အေးခဲစမ်း”
အာရန်သည် ဘုန်းတော်ကြီးများ ၏ ခန္ဓာကိုယ်များကို ခေတ္တအေးခဲသွားစေရင်း သူ၏ နဂါးလျှာအစွမ်းကို အသုံးပြုလိုက်သည်။
ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်တံ့သွားကြသော ဘုန်းတော်ကြီးများသည် နောက်ဆုံးတွင်တော့ အာရန်တစ်ယောက်အသုံးပြုနေခြင်းမှာ နဂါးများသာ အသုံးပြုနိုင်သည့် နဂါးလျှာအစွမ်း ဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။
ထို့ကြောင့် သူတို့သည် လွန်စွာ ထိတ်လန့်သွားကြသည်။
အာရန်တစ်ယောက် နဂါးလျှာအစွမ်းကို အသုံးပြုနေခြင်းဖြစ်ကြောင်း ဘေးနားရှိ ဘုန်းတော်ကြီးများကို အသိပေးချင်ခဲ့ကြသော်လည်း သူတို့သည် သူတို့၏ နှုတ်ခမ်းများကိုပင် မလှုပ်ရှားနိုင်ကြတော့ပေ။
သူတို့သည် သူတို့၏နောက်ဆုံး တိုက်ခိုက်မှုကို မထုတ်ဖော်နိုင်ခင်မှာပင် ချက်ချင်း သေဆုံးသွားခဲ့ကြလေ၏။
ဘေးနားတစ်နေရာမှ ရပ်ကြည့်နေသော အခြားဘုန်းတော်ကြီးများ သည်လည်း ထိုဘုန်းတော်ကြီးများ အဘယ်ကြောင့် ထိုနေရာတွင် ကျောက်ရုပ်တမျှ တောင့်တင်းသွားခဲ့ကြရသနည်းဟု အံ့အားသင့်စွာ တွေးမိလိုက်ကြသည်။
သူတို့သည် လွန်စွာ ကြောက်လန့်နေခဲ့သောကြောင့်များလား။
အာရန်တစ်ယောက် နဂါးလျှာအစွမ်းကို အသုံးပြုခဲ့ကြောင်းကိုမူ သူတို့ မသိနိုင်ခဲ့သဖြင့် ပို၍ပင် စိတ်ရှုပ်ထွေး သွားခဲ့ကြသည်။
အာရန်တစ်ယောက် သူတို့ဆီသို့ နောက်ထပ် ပစ်မှတ်ထားမည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အံ့အားသင့်စရာကောင်းစွာပင် အာရန်သည် ဟင်းလင်းပြင် ဂိတ်တံခါးပေါက်အား ထားရှိရာနေရာဆီသို့ ဦးတည်နေသော လမ်းတစ်ခုကိုသာ ဆက်လက်လျှောက်သွားခဲ့သည်။
“သူ.... ဒီအကြောင်းကို ဘယ်...ဘယ်လိုလုပ်ပြီး သိနေတာလဲ”
ခေါင်းဆောင်ဖြစ်သူ ဂိုဏ်းအုပ်ဘုန်းတော်ကြီး သည် အာရန်သွားရာနေရာကို သတိထားမိလိုက်သဖြင့် ထိတ်လန့်တကြားဖြင် မတ်တပ်ထရပ်လိုက်လေသည်။
#Catfoot