← Chapters

နတ်ဘုရားတစ်ပိုင်း ရတနာ သုံးခုနှင့် တိုက်ခိုက်ခြင်း

Vol. 12 Ch. 1148

နတ်ဘုရားတစ်ပိုင်း ရတနာ သုံးခုနှင့် တိုက်ခိုက်ခြင်း

Vol. 12 Ch. 1148

“အဲဒါက ဂိုဏ်းကို ကာကွယ်တဲ့ နေရာမှာ သုံးတဲ့ ရတနာ မလား... ဘယ်လိုလုပ်ပြီး သူတို့က ဒီနေရာ အထိ ယူလာတာလဲ...”

နဂါးအရှင်မှာ ဆွံ့အနေ၏။ တောင်တန်း မြစ်ပြင် စကြဝဠာ မြေပုံကား တိုက်ခိုက်ရာ၌ သုံးသည့် လက်နက် တစ်ခု မဟုတ်ချေ။ ထိုအရာမှာ ချန်းဖန်၏ တင်းဟိုင် ပုလဲ ကဲ့သို့ ရတနာ ထြစ်သည်။ ထိုကမ္ဘာသည် အစစ်အမှန် မဟုတ်သေးသည့်တိုင် ထိုအဆင့်သို့ ရောက်ရှိရန် သိပ်မလိုတော့ချေ။

တောင်တန်းမြစ်ပြင် စကြဝဠာ မြေပုံကား အစစ်အမှန် ရတနာပင် ဖြစ်ပေသည်။ ယောင်ယန် နတ်ဘုရားဓားနှင့် ကောင်းကင်ပြာ နတ်ဘုရားဓား တို့ပင် ၎င်းလောက် အဖိုးထိုက်တန်ခြင်း မရှိချေ။ ချန်းဖန်ပင်လျှင် ထိုအရာကို ကြည့်ကာ လေးနက်သော အမူအရာ ဖြစ်ပေါ် သွားခဲ့သည်။

“နတ်ဘုရားတစ်ပိုင်း ရတနာ သုံးခု... ထာဝရဂိုဏ်းတွေက တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတာပဲ”

လင်းယွင်၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ရီသွားသည်။

“ဘုန်း...”

ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် စွမ်းအင် သုံးခုသည် ကောင်းကင်မှ နေ၍ ပြုတ်ကျလာ၏။ ၎င်းတို့၏ အရှိန်အဝါတွင်ပင် မိုင်ပေါင်း ထောင်သောင်းချီ အကွာအဝေး မြေပြင်ရှိ လူများမှာ တုန်ရီကာ ဒူးထောက် လိုက်ကြရ၏။ ထိုစွမ်းအားကား မည်သည့် နတ်ဘုရား မင်းသားထက် မဆို သာလွန် နေခဲ့လေသည်။

“ချန်းပေ့ရွှမ်း... နောက်ဆုံး အကြိမ်မေးမယ်... မင်း အညံ့ခံမှာလား”

ချင်ဖန်းမှာ နတ်ဘုရားဓားကို ဝင့်ကြွားစွာဖြင့် ကိုင်‌ဆောင်ထား၏။ သူ၏ အသံသည် အထက်စီးဆန်စွာ ကောင်းကင်မှ လာကာ ချန်းဖန်သံ လှိုင်းများ သဖွယ် ရိုက်ခတ်သည်။

“ဘုန်း... ဘုန်း...”

တစ်ချိန်တည်း၌ ယွမ်ရီ၊ ကျိုးကျန်းနှင့် ကျိုးယုတို့မှာလည်း အတူတကွ ရှေ့သို့ တက်လာကြ၏။

“ကလန့်...”

ကောင်းကင်ပြာ နတ်ဘုရားဓားသည် ‌ကောင်းကင်ကို အစိမ်းရောင် အလင်း တစ်ခု အဖြစ် ခုတ်ပိုင်းသွားသည်။ မရေမတွက်နိုင်သော တာအို ပန်းပွင့်များသည် ပေါ်လာကာ ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားကြသည်။ ပန်းပွင့် တစ်ပွင့်ချင်းစီသည် ရာစုနှစ် တစ်ခုကြာ ကျင့်ကြံခြင်းကို ကိုယ်စားလေရာ ထိုဓားမှာ မ‌ရေမတွက်နိုင်သော အခြေတည် ဝိညာဥ် အဆင့်များကို သတ်ဖြတ်ခဲ့ပြီးကြောင်း ဖော်ပြနေ၏။

“ဝှစ်... ဝှစ်...”

ကျိုးကျန်းနှင့် ကျိုးယုတို့မှာလည်း တောင်တန်းမြစ်ပြင် စကြဝဠာ မြေပုံကို ဖြန့်ကျက်ကြသည်။ ထိုနတ်ဘုရား မြေပုံသည် မည်သည့် တိုက်ခိုက်မှု စွမ်းအားမျှ မပါသော်လည်း အလွန် အစွမ်းထက်သည့် ခုခံ ကာကွယ်မှု ဓမ္မ ရတနာ ဖြစ်သည်။ တောင်တန်းများကို ပြိုပျက်၍ မြစ်ပြင်များကို ခမ်းခြောက်စေသည့် တိုက်ခိုက်မှုများ ပင်လျှင် ၎င်းကို လှုပ်ခါရန် မတတ်နိုင်ကြချေ။

“ဘုန်း... ဘုန်း... ဘုန်း...”

စွမ်းအင် သုံးခုသည် ချန်းဖန်ကို ဝန်းရံနေသည်။ ဓားသံစဥ်များသည် လောကကို ပျံ့နှံ့နေကာ ကမ္ဘာမှာ ပြောင်းလဲ နေ၏။ ချန်းဖန်၏ ကံကြမ္မာကို အလုံးစုံ ယုံကြည်သည့် နဂါးအရှင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ အသက်ရှူပင် မွမ်းကြပ် လာခဲ့လေသည်။

သို့သော်လည်း ချန်းဖန်မှာမူ အေးအေးဆေးဆေးပင် ရှိနေသး၏။ သူက သူ့အား အမဲဖျက်မည့် အကြည့်များဖြင့် ကြည့်နေသည့် ချင်ဖန်းတို့ကို ကြည့်ကာ ပြုံးလိုက်သည်။

“မင်းတို့ သုံးယောက်က နတ်ဘုရား တစ်ပိုင်း ရတနာကို ဘယ်လောက် ကြာကြာ ထိန်းချုပ်နိုင်မယ် ထင်လို့လဲ... မင်းတို့တွေ အများဆုံးမှ တိုက်ခိုက်မှု တစ်ကြိမ်လောက်ပဲ လုပ်နိုင်မှာပါ”

ချန်းဖန်က ခဏမျှ ရပ်ကာ ဆက်ပြောလိုက်သည်။

“နောက်ပြီး အဲဒါတွေက နတ်ဘုရား တစ်ပိုင်း ရတနာလေးတွေပဲလေ... တကယ့် နတ်ဘုရား ရတနာတွေမှ မဟုတ်တာ... မဟာ ကျင့်ကြံသူတွေ လက်ထဲမှ မဟုတ်သရွေ့ ငါ့ကို မခြိမ်းခြောက်နိုင်ပါဘူး”

“အရှက်မရှိတဲ့ကောင်...”

ချင်ဖန်းက အော်ဟစ်ကာ လက်ထဲရှိ နတ်ဘုရားဓားကို‌ မြှောက်လျှက် ခုတ်ထစ်လိုက်သည်။ တစ်ချိန်တည်း၌ ရီယွမ်၊ ကျိုးယုနှင့် ကျိုးကျန်းတို့ကလည်း သူတို့၏ နတ်ဘုရား တစ်ပိုင်း ရတနာများကို တစ်ပြိုင်နက်တည်း အသက်သွင်း လိုက်ကြသည်။

“ဘုန်း...”

ယောင်ယန်ဓားသည် ထောင်သောင်ချီသော ရွှေရောင် အလင်းတန်းများဖြင့် ယှက်ဖြာသည်။ ကောင်းကင်ပြာ နတ်ဘုရားဓားမှာမူ ပေထောင်ချီရှည်သော အစိမ်းရောင် နဂါးတစ်ကောင်အသွင် ပြောင်းလဲသည်။ တောင်တန်းမြစ်ပြင် စကြဝဠာ မြေပုံသည် ၎င်းတို့၏ နောက်ကို လိုက်ကာ  ကမ္ဘာတစ်ခုအား ဖန်ဆင်းလျှက် တိုက်ခိုက်သူများကို ကာကွယ်၏။

“ဟားဟား... ကောင်းတယ်ဟေ့”

ကမ္ဘာပျက်မတတ် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည့်တိုင် ချန်းဖန်က ဂရုစိုက်ဟန် မရပဲ အော်ဟစ် ရယ်မော လိုက်သည်။

“ဘုန်း...”

ရယ်မောသံနှင့် အတူ ချန်းဖန်၏ ဓမ္မစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်လာ၏။ ထိုအရာသည် ရွှေအမြုတေ အဆင့်၏ အကန့်အသတ်ကို လျှင်မြန်စွာ ချိုးဖျက်ကာ အခြေတည် ဝိညာဥ် အဆင့်၊ ထိုမှတစ်ဆင့် မခန့်မှန်းနိုင်သော အဆင့် တစ်ခု အထိ မြင့်တက်သွားသည်။

ချန်းဖန်သည် ကောင်းကင်တွင် နတ်ဘုရား တစ်ပါး အလား ရပ်တည်နေ၏။ သူ၏ အရှိန်အဝါသည် နတ်ဘုရား တစ်ပိုင်း ရတနာ သုံးခုနှင့် နှိုင်းယှဥ်နိုင်ကာ ထိုထက်ပင် ပိုမိုကောင်း ပိုမို နိုင်သေးသည်။

“ဝှစ်...”

ချန်းဖန်သည် အင်္ကျီလက်ကို ခါယမ်းလိုက်လေရာ သက်တန့်ကဲ့သို့ လှပသော အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် နတ်ဘုရား စွမ်းအားသည် လမ်းကြောင်းတွင် ရှိသမျှ အရာ အားလုံးကို တိုက်စားသွာလေရာ နတ်ဘုရားတစ်ပိုင်း လက်နက် သုံးခုမှာ ယင်ကောင်များ သဖွယ် မိုင်ပေါင်း ထောင်ချီအောင် လွင့်စဥ် သွားလေတော့၏။ ချင်ဖန်း၊ ယွမ်ရီနှင့် ကျိုးမောင်နှမတို့သည် မည်မျှပင် ကြိုးစားစေကာမူ ထိုအရာများကို ထိန်းထားနိုင်ခြင်း မရှိခဲ့ချေ။

“ဒါက...”

လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြတော့၏။ အင်္ကျီလက် တစ်ချပ် ခါယုံမျှဖြင့် ယောင်ယန်ဓား၊ ကောင်းကင်ပြာ နတ်ဘုရားဓားနှင့် တောင်တန်း မြစ်ပြင် စကြဝဠာ မြေပုံတို့ ကဲ့သို့သော နတ်ဘုရား တစ်ပိုင်း ရတနာ သုံးခုက ထိုကဲ့သို့ လွင့်ထွက်သွားရသည်လား။

“ဘယ်... ဘယ်လို ဖြစ်နိုင်မှာလဲ”

ကျိုးကျန်းနှင့် ကျိုးယုတို့မှာ နေရာတွင်ပင် ရပ်ကာ မှိုင်တွေနေမိကြ၏။ ချန်းဖန်၏ တိုက်ခိုက်မှုကား သူတို့၏ မျှော်လင့်ချက်ထက် ကျော်လွန်လွန်းနေသည်။ ထိုအရာမှာ နတ်ဘုရား တစ်ပါး၏ အင်္ကျီလက် ခါယမ်းမှု ကဲ့သို့ အစွမ်းထက်လွန်းသည်။

“ငါမယုံဘူး...”

ချင်ဖန်းက အော်ဟစ်လိုက်သည်။

“ဘုန်း...”

သူ၏ နတ်ဘုရား ဝိညာဥ်သည် မီးကဲ့သို့ လောင်မြိုက်လာ၏။ ရွှေရောင် မီးတောက်များသည် သူ၏ ခန္ဓာမှ ထွက်ပေါ်လာသည်။ နတ်ဘုရား အဆောင်တစ်ခုသည် သူ၏ ဦးထိပ်တွင် တည်ကာ မည်သည့် လေ၏ အကူအညီမှ မပါပဲ မီးထတောက်၏။ ချင်ဖန်းသည် ယခင်ကထက် ပို၍ အစွမ်းထက်လာ၏။ သူသည် အမတေကို လောင်ကြွမ်းစေကာ အစီအရင်တစ်ခုကို လက်များဖြင့် ခင်းကျင်းလျှက် ကီလိုမီတာပေါင်း များစွာ အကွာၐၐအဝေးမှ ယောင်ယန်ဓားကို ထိန်းချုပ်လိုက်သည်။

“အရှင်မင်းသား...”

အကြီးအကဲများ၏ မျက်လုံးများမှာ သွေးကဲ့သို့ ရဲရဲနီနေ၏။ နတ်ဘုရား တစ်ပိုင်း ရတနာများမှာ သာမန် လက်နက်များ မဟုတ်ကြချေ။ အစွမ်း အထက်ဆုံး အခြေတည် ဝိညာဥ် အဆင့်များ ပင်လျှင် ထိုအရာကို တစ်ကြိမ်သာ ထိန်းချုပ် တိုက်ခိုက်နိုင်ကြသည်။ ချင်ဖန်းသည် အပိုလို နန်းတော်၏ မဟာ နတ်ဘုရား မင်းသား ဖြစ်သည့်တိုင် ထိုဒုတိယ အကြိမ် တိုက်ခိုက်မှု အတွက် ပြန်လည် ပေးဆပ်ရပေလိမ့်မည်၊

မျှော်လင့်ထားသည့် အတိုင်းပင်...

“ခရက်... ခရက်...”

ချင်ဖန်း၏ လက်များသည် လျှင်မြန်သော အရှိန်ဖြင့် လှုပ်ရှားနေသလို သူ၏ ခန္ဓာကိုယ် အတွင်းရှိ သွေးနှင့် စွမ်းအင်များမှာလည်း နတ်ဘုရားဓား၏ စုပ်ယူခြင်းကို ခံနေရ၏။ ထိုအရာမှာ ပထမ၌ လက်များမှာ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ရင်ဘတ်၊ အတွင်း ကလီစာများနှင့် ဦးခေါင်းတို့ အထိ ပျံ့နှံ့သွားလေသည်။ နောက်ဆုံး၌ ချင်ဖန်းသည် အရိုးပေါ် အရေတင် လူတစ်ယောက် အသွင် ပြောင်းလဲ သွားတော့သည်။ အကယ်၍ တဒိတ်ဒိတ် ခုန်နေသော နှလုံးကြောင့်သာ မဟုတ်ပါက လူများမှ သူသေသွားပြီဟုပင် ထင်မိကြလိမ့်မည် ဖြစ်သည်။

ယွမ်ရီက ထိုမြင်ကွင်းကို ကြည့်ကာ အံတင်းတင်း ကြိတ်လိုက်သည်။ သူသည် အမတေကို လောင်ကြွမ်းစေကာ ကောင်းကင်ပြာ နတ်ဘုရားဓားကို အသက်သွင်းလျှက် ချန်းဖန်ထံ လွှဲခုတ်လိုက်သည်။ သူသည် ထိုတိုက်ခိုက်မှုကို သုံးရန် အတွက် ချင်ဖန်းထက်ပင် ပိုမို ပေးဆက်ခဲ့ရ၏။ သူ၏ စွမ်းအင် အဆင့်ပင်လျှင် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်မှ အလယ်ဆင့်သို့ ပြုတ်ကျသွားခဲ့သည်။

“ဘုန်း...”

နတ်ဘုရား တစ်ပိုင်း လက်နက် နှစ်ခုသည် အေးစက်မှုများကို ဝန်းရံကာ နဂါးများ အလား ချန်းဖန်ထံ တိုးဝင် သွားကြလေသည်။ သံသယ ရှိစရာ မလိုအောင်ပင် ထိုတိုက်ခိုက်မှု နှစ်ခုမှာ နတ်ဘုရား မင်းသား နှစ်ယောက်၏ နောက်ဆုံးသော တိုက်ခိုက်မှု ဖြစ်ပေသည်။

သို့သော်လည်း ချန်းဖန်သည် ရိုးရှင်းစွာပင် လက်တစ်ဖက်ကို ညင်သာစွာ မြှောက်ကာ လက်ညိုးကို နှစ်ချက် ဝှေ့ယမ်းလိုက်၏။

“ဘုန်း... ဘုန်း...”

မိုးကြိုးကဲ့သို့ အသံနှစ်ချက်ကို ကြားရသည်။ ချန်းဖန်၏ ပတ်လည် ပေတစ်ထောင် အတွင်းရှိ ကောင်းကင်သည် ‌‌ပေါက်ကွဲသွား၏။ ထိုတိုက်ခိုက်မှုမျိုးကို မည်သည့် အရာက တားဆီးနိုင်ပါမည်နည်း။

“ဘုန်း...”

နတ်ဘုရားတစ်ပိုင်း လက်နက် နှစ်ခုသည် ပထမ တစ်ကြိမ်ကထက်ပင် ပိုမို ကွာဝေးသော မိုင်ပေါင်း ခြောက်သောင်း အထိပင် လွင့်စဥ် သွားကြလေသည်

“ဘယ်လို ဖြစ်နိုင်မှာလဲ...”

ချင်ဖန်းမှာ သွေးတစ်လုတ် အန်လိုက်ရ၏။ သူသည် ခရမ်းရောင် နတ်ဘုရား‌ ဆေးမြစ်တစ်ခုကို ထုတ်ယူကာ ငါးပုံ တစ်ပုံကို ယူလျှက် ဝါးစားလိုက်သည်။ ထိုဆေး၏ အစွမ်းတွင် သူ၏ အသွေးအသားများသည် ပြန်လည် ဖြစ်တည်လာကာ စွမ်းအင်များ ပြန်လည် ပြည့်ဝလာ၏။ သူကား အားနည်းပုံ မပေါ်တော့ချေ။ သူ့နည်းတူစွာပင် ယွမ်ရီမှာလည်း နတ်ဘုရားတစ်ပိုင်း ဆေးမြစ်တစ်ခု၏ အကူအညီဖြင့် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်သို့ ပြန်လည် ရောက်ရှိသွားသည်။ သို့တိုင်‌အောင် သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများက ဖြူရော်စွာ နေရာယူနေဆဲ ဖြစ်လေသည်။

“မဖြစ်နိုင်ဘူး... ဘယ်လိုမှ မဖြစ်နိုင်ဘူး... ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ဓမ္မ ဥပဒေသတွေကို ထိတွေ့နိုင်တဲ့ မဟာ ကျင့်ကြံသူတွေက လွဲလို့ ဘယ်သူက နတ်ဘုရား တစ်ပိုင်း ရတနာတွေကို လက်ဗလာနဲ့ တားနိုင်မှာလဲ... မင်းက နတ်ဘုရား တစ်ခုက လာတဲ့ မဟာ အကြီးအကဲလား”

ချင်ဖန်း၏ မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

“ဒါပေမဲ့ မင်းရဲ့ အသက် အရှိန်အဝါက အရမ်းကို ငယ်သေးတယ်... လူအိုကြီး တစ်ယောက်နဲ့ ဘယ်လိုမှ မတူဘူး... မင်းက ဘာလဲ”

ချင်ဖန်းမှာ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူသာလျှင် မက ယွမ်ရီ၊ ကျိုးကျန်း၊ ကျိုးယုနှင့် အခြား နတ်ဘုရား ဗိုလ်ချုပ်များမှာလည်း ထိုအရာ မည်ကဲ့သို့ ဖြစ်သွားသည်ကို စဥ်းစားမရကြချေ။ အခြေတည် ဝိညာဥ် အဆင့်နှင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကြားတွင် ကြီးမားသော ကွာခြားချက် ရှိသည်။ နှစ်ပေါင်း ထောင်သောင်းချီ ကျင့်ကြံခြင်း မပြုပဲ မည်သူမျှ ထိုကွာခြားချက်ကို မဖြည့်နိုင်ချေ။ ထို့အပြင် သူတို့သည် အသက် တစ်ရာ မပြည့်ခင် မဟာ ကျင့်ကြံသူ တစ်ပိုင်း ဖြစ်လာသည် ဟူသော ဒဏ္ဍာရီမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။

***

All Chapters