← Chapters

မြေအောက်ဂူအတွင်းသို့ ထပ်မံဝင်ရောက်လာသူများ

Vol. 33 Ch. 471

မြေအောက်ဂူအတွင်းသို့ ထပ်မံဝင်ရောက်လာသူများ

Vol. 33 Ch. 471

...

အာရန်သည် သူ၏ မျက်လုံးများကိုပြန်မှိတ်လိုက်ပြီး ဝင်္ကဘာ ၏ ဝင်ပေါက်ကို ခံစားကြည့်ရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် ဝင်္ကဘာ၏ ဝင်ပေါက်နေရာတွင် အတော်လေး အသက်ဝင်လှုပ်ရှားနေခဲ့လေသည်။

ထိုနေရာတွင် လူအုပ်စုတစ်စုရောက်ရှိနေခဲ့ပြီး ထိုလူများအားလုံး၏ ခန္ဓာကိုယ်ပတ်လည်တွင် မြင့်မြတ်သောအော်ရာတစ်မျိုး ထွက်ပေါ်လျက်ရှိနေခဲ့၏။

သူတို့ထဲမှ သုံးဦးထံတွင် ပိုမို ထင်ရှားပြီး သူတို့၏ အော်ရာများသည် ကျန်သူများထက် များစွာ ပိုမိုအားကောင်းလေသည်။

“ဘုန်တော်ကြီး ဆယ့်ခုနစ်ယောက်နှင့်အတူ ကာဒီနယ်ရဟန်းအမတ် သုံးယောက်တောင်လား ဒါက တော်တော်လေးကိုများပြားတဲ့ အင်အားစုတစ်ခုလို့ ဆိုလို့ရတယ်”

မြေအောက်ဂူကို တိုက်ခိုက်ခံရကြောင်း အချက်ပြမှု ရရှိပြီးနောက် ဘုရားကျောင်းမှ လူအချို့ကို စေလွှတ်လိမ့်မည်ဟု အာရန် မျှော်လင့်ထားပြီးဖြစ်သည်။

သို့သော် ယခု စေလွှတ်လိုက်သော အင်အားစုသည် အတော်လေး အားကောင်းနေခဲ့၏။

“ငါ သူတို့ကို ထွက်ကြိုဆိုသင့်လား... တိုက်ခိုက်တဲ့ အတွေ့အကြုံ အချို့ကို ငါလည်း လိုအပ်နေတာပဲလေ”

အာရန်သည် ယခု မူလနဂါး ပုံစံဖြင့် သူ၏စွမ်းရည်အချို့ကို စမ်းသပ်ထားပြီးဖြစ်သော်လည်း သူသည် ကျွမ်းကျင်အဆင့်သို့ရောက်ရန်မှာမူ အတော်လေး လိုအပ်နေသေးသည်။

ယခင်ကဆိုလျှင် သူသည် ထိုသို့ ထိပ်တိုက် ရင်ဆိုင်ခြင်းကို ရှောင်ရှားရန် တွေးတောမိပေလိမ့်မည်။

အထူးသဖြင့် ဤသူများသည် အနောက်ပိုင်းတိုက်ကြီးတွင် ရှိနေကြခြင်းဖြစ်ကာ နတ်ဘုရားမ၏ ကာကွယ်မှုအောက်တွင် ရှိနေကြသောကြောင့်ဖြစ်သည်။

သို့သော် ယခုတွင်မူ ထိုမြင့်မြတ်သောကောင်းချီးအော်ရာများကို အသုံးပြုသော ဤ ကာဒီနယ်ရဟန်းအမတ်များ နှင့် ရင်ဆိုင်ရခြင်းအတွက်ပင် အာရန်သည် အတော်လေး စိတ်လှုပ်ရှားနေပြီဖြစ်၏။

ထိုကဲ့သို့ သူတို့သည် နတ်ဘုရားမ ၏ ကာကွယ်မှုအောက်တွင် ရှိနေကြသကဲ့သို့ သူသည်လည်း မူလနဂါး အဖြစ် ပို၍ အားကောင်းသော ပုံစံတစ်ခုတွင် ရှိနေပြီမဟုတ်ပါလား...။

အာရန်သည် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်အတွင်း ကျရောက်နေသော ပင်လယ်နဂါးဧကရီအားလည်း ယခုအချိန်တွင် အနှောင့်အယှက် မပေးချင်သေးပေ။

“ဒါဆို ဒီကိစ္စ ဆုံးဖြတ်ပြီးသားပေါ့”

ထို့နောက် အာရန်သည် အနီးနားရှိ နံရံဆီသို့ လျှောက်သွားပြီး သူ၏ လက်သည်းဖြင့် ကောင်းကင်နဂါး ၏ အကြေးခွံထဲသို့ ထိုးစိုက်ချလိုက်သည်။

လက်တစ်ဖက်တည်းဖြင့် သူသည် ထိုမျှလေးလံသော နဂါးအကြေးခွံ ကို ကလေးများ ကစားရန် ပြုလုပ်ထားသော အရာတစ်ခုသကဲ့သို့ ပေ့ါပါးစွာ ကိုင်မြှောက်လိုက်လေသည်။

...

“အားလုံး သတိရှိကြပါ။ ဒီနေရာက အန္တရာယ်များတယ်။ နောက်ဆုံးဝင်သွားတဲ့ အဖွဲ့တောင် ခုထိ ပြန်မထွက်လာနိုင်သေးဘူး အတွင်းမှာ ရန်သူတွေ ပိုများနေနိုင်တယ် သတိမပေ့ါကြစေနဲ့”

ကာဒီနယ်ရဟန်းအမတ် တစ်ဦးသည် အခြားသူများကို သတိလိုက်ပေးနေပြီး သူ၏စကားများသည် အထူးသဖြင့် ဘုန်တော်ကြီးများအား ညွှန်ကြားနေခြင်းဖြစ်လေသည်။

ပို၍ အားကောင်းသော ကောင်းချီးစွမ်းအင်များပိုင်ဆိုင်ထားသော ကာဒီနယ်ရဟန်းအမတ်များ အနေဖြင့်မူ သူတို့သည် မိမိတို့ကိုယ်ကိုပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်စွမ်းရှိလေသည်။

သို့သော် ဘုန်တော်ကြီးများ အတွက်မူ ထိုသို့ မဟုတ်ပေ။

သူတို့ထဲမှ အများစုမှာ အနာဂတ်တွင် ကာဒီနယ်ရဟန်းအမတ်များ ဖြစ်လာရန် မျှော်မှန်းထားသောသူများ ဖြစ်နေကြသည်။

သူတို့သည် ဘုရားကျောင်း ၏ အနာဂတ်တွင် ကျောထောက်နောက်ခံ ဖြစ်လာမည့်သူများ ဖြစ်ကြလေသည်။

“ဟင်း... ဒီလို ဝန်ထုပ်ဝန်ပိုးဖြစ်မဲ့သူတွေကို မခေါ်လာခဲ့ရင် ပိုကောင်းမှာပဲ။ ကျုပ်တို့ သုံးယောက်တည်းဆိုရင်တောင် ဒီကကိစ္စတွေဖြေရှင်းရတာ အများကြီး ပိုပြီး လွယ်ကူနိုင်လိမ့်မယ်”

နောက်ထပ် ကာဒီနယ်ရဟန်းအမတ် တစ်ဦးသည် သူတို့ကိုယ်သူတို့ ကလေးထိန်း များကဲ့သို့ ပြုမူနေရသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေဟန်ရ၏။

သူတို့ သုံးယောက်တည်းသာဆိုလျှင် ပိုပြီး လွယ်လွယ်ကူကူဖြစ်လိမ့်မည်ဟု သူတွေးနေမိခဲ့သည်။

သို့သော်လည်း အခြား ကာဒီနယ်ရဟန်းအမတ်များသည် ဘုန်တော်ကြီးများ ကို ဤနေရာသို့ စေလွှတ်ရန် သဘောတူညီခဲ့ကြသောကြောင့် သူလည်း ဘာမှမတတ်နိုင်ခဲ့ပေ။

“သင်တို့သာ ကျုပ်တို့ကို နှောင့်နှေးစေမယ်ဆိုရင် ကျူပ်ကိုယ်တိုင် သင်တို့ကို သတ်မိလိမ့်မယ်။ ဒါကြောင့် ကျူပ်တို့ကို မနှောင့်နှေးစေဖို့အတွက် ညွှန်ကြားချက်တွေကို တသွေမတိန်း လိုက်နာကြ” ဟု သူသည် ကလေးများကဲ့သို့ ခေါင်းညိတ်နေသော ဘုန်တော်ကြီးများ အား ထပ်မံ၍ ပြောလိုက်သည်။

ခဲရောင်ဆံပင်နှင့် ရွှေရောင်အဆင်းရှိသော မျက်လုံးများပိုင်ဆိုင်ထားသော ခေါင်းဆောင် ဟုယူဆရသော ကာဒီနယ်ရဟန်းအမတ်သည် သူ၏ အဖော်များနှင့် ဘုန်တော်ကြီးများကို နောက်သို့ ပြန်လည် လှည့်ကြည့်လိုက်၏။

“ရန်ဖြစ်နေတာတွေ ရပ်ကြတော့”

သူ၏အသံသည် တည်ငြိမ်နေဟန်ရသော်လည်း အနည်းငယ် တင်းမာနေဟန်ရသော လေထုကို ဖြတ်တောက်ပစ်လိုက်သည်။

“မှတ်ထားကြ ကျုပ်တို့ရဲ့တာဝန်က မြေအောက်ဂူ ကို စူးစမ်းဖို့နဲ့ ပင်လယ်နဂါးဧကရီ ကို ဖမ်းဆီးဖို့ပဲ”

သူသည် ဝင်္ကဘာ ထဲသို့ ကိုယ်တိုင် ဝင်ရောက်လိုက်စဉ် သူ့နောက်သို့ လိုက်ရန် လူတိုင်းအား လက်အမူအရာဖြင့် အချက်ပြလိုက်သည်။

လမ်းတစ်လျှောက် သူသည် အလွန်ထူးဆန်းပုံရသော ဝင်္ကဘာ ၏ နံရံများကို လေ့လာနေခဲ့သည်။

မြင့်မြတ်သောသန့်စင်အော်ရာသည်ပင် နံရံများတွင် အသုံးမဝင်သကဲ့သို့ ခံစားနေရသည်။

နံရံများသည် သန့်စင်အော်ရာအား ထပ်တူပြင်းထန်‌သောတုံ့ပြန်မှုဖြင့် ရောင်ပြန်ဟပ်နေသကဲ့သို့ပင်။

သန့်စင်အော်ရာ ဖြင့် နံရံများကို တိုက်ခိုက်ခြင်းသည် ကိုယ့်ကိုကိုယ်ပြန်လည် တိုက်ခိုက်ခြင်းနှင့် မကွာခြားပေ။

“အပြန်ကျရင် ဒီကျောက်တုံးတွေကို နမူနာယူသွားသင့်တယ်။”

သူသည် အခြားသူများ မကြားနိုင်လောက်အောင် တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုစဥ်...

“သတိထားကြ...”

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် သည် ဝင်္ကဘာ ၏ နံရံများများကြောင့် အာရုံပျံ့လွင့်နေစဉ် နောက်ထပ် ကာဒီနယ်ရဟန်းအမတ် တစ်ဦးက ရုတ်တရက် စိုးထိပ်စွာ အော်ဟစ်သတိပေးလိုက်သည်။

ထို့နောက် သူသည် ထုခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် ၏ ပခုံးကို ဆုပ်ကိုင်ပြီး နောက်သို့ ဆွဲထုတ်လိုက်၏။

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်သည်လည်း ထိုမှသာ သတိပြန်ဝင်လာခဲ့သည်။

သူသည်အစောပိုင်းက ဘုန်တော်ကြီးများ ကို ရိုင်းပျခဲ့သော ကာဒီနယ်ရဟန်းအမတ် က အသိပေးလိုက်ခြင်းဖြစ်သည်ကို သတိထားမိလိုက်သည်။

ရိုင်းပျသော ကာဒီနယ်ရဟန်းအမတ်သည် ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။

သူသည်လည်း ခေါင်းကို မော့ကြည့်လိုက်သောအခါ ဧရာမကျောက်ပြားကြီးတစ်ခု သူတို့ဆီသို့ တည့်တည့်မက်မက် ကျဆင်လာသည်ကို မြင်လိုက်ရသည်။

ရိုင်းပျသော ကာဒီနယ်ရဟန်းအမတ် သည် သူ၏ ကောင်းချီးအော်ရာများကို လက်သီးထဲတွင် စုစည်းထားလိုက်သည်။

“နေဦး ထိပ်တိုက်မရင်ဆိုင်နဲ့”

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်သည်ထိုသို့ အော်ဟစ်သတိပေးလိုက်သော်လည်း အချိန်နှောင်းသွားပြီ ဖြစ်၏။

ထိုကာဒီနယ်ရဟန်းအမတ် သည် သူတို့ထံသို့ ကျဆင်းလာသော ကျောက်ပြားကြီးဆီသို့ သန့်စင်အော်ရာဖြင့်ပြည့်နှက်နေသော သူ၏လက်သီးဖြင့် ပင့်ထိုးလိုက်လေသည်။

“အားလုံး သတိထား”

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် သည် အလျင်အမြန်ပင် တုံ့ပြန်လိုက်ကာ သူတို့ပတ်လည်တွင် သူ၏ အသန်မာဆုံး ကောင်းချီးစွမ်းအင်များဖြင့် ဒိုင်းကာတစ်ခုကို ထုတ်ဖော်လိုက်သည်။

“ဒါက သာမန် ကျောက်တုံးလေးပဲဟာ ဘာလို့ဒီလောက်ကြောက်နေရတာလဲ။ ကျုပ် တိုက်ခိုက်မှုနဲ့ အပိုင်းပိုင်းအစစကွဲသွားလိမ့်မယ် စောင့်ကြည့်ထား”

မောက်မာသော ကာဒီနယ်ရဟန်းအမတ် သည် အခြားသူများ၏ ကြောက်ရွံ့မှုများကို ကြည့်ရင်း ရယ်မောချင်စိတ်ပင်ပေါက်လာခဲ့သည်။

“ဟင်”

သို့သော် ကောင်းကင်ရှိ တောက်ပသောအလင်းရောင်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူ၏ရယ်မောမှုသည် ကြာကြာမခံခဲ့ပေ။

သူ၏မျက်နှာအမူအရာများသည် မှောင်မိုက်သွားခဲ့ရကာ သူ၏တိုက်ခိုက်မှုသည် ထိုကျောက်ပြားဆီမှ တန်ပြန်သက်ရောက်ခြင်းခံလိုက်ရလေသည်။

ထိုတိုက်ခိုက်မှုသည် ဤနေရာရှိ ဘုန်တော်ကြီးများ အားလုံးကို မဟုတ်လျှင်ပင် အတော်များများကို သေစေနိုင်လောက်သည်အထိ ခွန်အားကြီးမားနေခဲ့သည်။

ကံကောင်းစွာဖြင့် ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်သည် ၎င်းကို မျှော်လင့်ထားပြီးဖြစ်ကာ အခြား ကာဒီနယ်ရဟန်းအမတ် ၏ တိုက်ခိုက်မှုထက် ပို၍အားကောင်းသော ဒိုင်းကာတစ်ခုကို အချိန်မှီ ထုတ်ဖော်ထားနိုင်ခဲ့သည်။

တိုက်ခိုက်မှုသည် ထိုကောင်းချီးဒိုင်းကာပေါ်သို့ ကျရောက်သွားသော်လည်း ဖောက်ထွင်း၍မရခဲ့ပေ။

ဘုန်တော်ကြီးများသည် ကာကွယ်ခံလိုက်ရသော်လည်း ၎င်းသည် ဤမျှနှင့် အဆုံးသတ်မသွားခဲ့သေးချေ။

ကောင်းကင်ရှိ ထိုကျောက်ပြားကြီး၏ နောက်တွင် လူတစ်ဦး ရပ်လျက်ရှိနေခဲ့လေသည်.

“သူက နဲနဲတော့စဥ့်စားတတ်တာပဲ ကောင်းတယ် ဒါဆို မင်းတို့ကို ပိုကောင်းတဲ့လက်ဆောင်တစ်ခု ထပ်ပေးလိုက်ဦးမယ်”

အာရန်သည် ကာဒီနယ်ရဟန်းအမတ်များ ဆီသို့ ကျောက်ပြားကို ပစ်လိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။

သူတို့ဆီသို့ ပျံသန်းလာသကဲ့သို့ မြင်ရသော ကျောက်ပြားကြီးသည် ယခင်က အာရန် ကိုယ်တိုင် သယ်ဆောင်လာခြင်းဖြစ်လေ၏။

သို့သော် ယခုတွင်မူ သူ၏ အင်အားအကုန်ဖြင့် ပစ်လွှတ်လိုက်ခြင်းဖြစ်သောကြောင့် ၎င်းသည် ပို၍ပင် အရှိန်ပြင်းစွာ အောက်သို့ကျဆင်းသွားခဲ့သည်။

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ် သည် လူတိုင်းကို နောက်သို့ ဆုတ်ဖို့သတိပေးရန်ပင် အချိန်မရလိုက်ဘဲ ကျောက်ပြားသည် ဒိုင်းကာကို ထိမိသွားပြီး တစစီကွဲကြေသွားခဲ့လေသည်။

ကာဒီနယ်ရဟန်းအမတ်များ သည် ထိုထိုးနှက်ချက်၏ ပြင်းထန်သော စွမ်းအားကြောင့် ခေတ္တမျှ မင်သက်မိ သွားခဲ့ကြသည်။

ခေါင်းဆောင် ကာဒီနယ်ရဟန်းအမတ်သည်ပင် ဤနဂါးအကြေးခွံ သူတို့အပေါ်သို့ ကျလာသဖြင့် အနည်းငယ် နောက်သို့ တွန်းပို့ခံလိုက်ရပြီး သူ၏မျက်နှာအမူအရာများ ပိုမို၍ မှောင်မိုက်သွားခဲ့သည်။

#Catfoot

All Chapters