← Chapters

မူလနဂါး ...

Vol. 33 Ch. 470

မူလနဂါး ...

Vol. 33 Ch. 470

အာရန်သည် ပြောင်းလဲခြင်းဖြစ်စဥ်ကို စတင်အသက်သွင်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကို စတင်ခံစားလိုက်ရသည်။

အကြေးခွံများသည် သူ၏ အရေပြားကို ဖုံးလွှမ်းသွားပြီး ထူးဆန်းသော ထိုနေရာတွင် အလင်းရောင်တစ်ခုဖြင့် တောက်ပနေလေသည်။

အတောင်ပံများသည် သူ့ကျောပြင်မှ ပိုမို၍ကြီးမားစွာထွက်ပေါ်လာခဲ့ပြီး ယခင်ကထက် များစွာ ပိုမိုခမ်းနားဟန်ရ၏။

ခွန်အားများသည်လည်း အာရန်၏ ကိုယ်တွင်း၌ ပိုမို ပွားများလာဟန်ရကာ သူ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ ကမ္ဘာကြီးသည် ယခင်ကနှင့် မတူညီတော့ပဲ ပိုမို၍တောက်ပကာ ပိုမို၍ ထင်ရှားလာခဲ့လေသည်။

စစ်မှန်သောနဂါးအသွင်ပြောင်းလဲခြင်းဖြစ်စဥ် ပြီးဆုံးသွားသောအခါ အာရန်သည် မိမိကိုယ်မိမိ ပိုမို၍ အားကောင်းလာသည်ဟု ခံစားလိုက်ရသည်။

သူ၏ အာရုံခံမှုများသည် များစွာမြင့်မားလာခဲ့ပြီး ဤမြေအောက်ဂူ တစ်ခုလုံးရှိ အချက်အလက်များကို အသက်ရှိနေသော တည်ရှိမှုကဲ့သို့ သူ၏ ပတ်လည်တွင် ခံစားနေရ၏။

ပထမအထပ်ရှိ ဝင်္ကဘာ နံရံများကို ဖွဲ့စည်းထားသော ကောင်းကင်နဂါးဘုရင်မ ၏ အကြေးခွံများတည်ရှိမှုကိုလည်း သူခံစားနိုင်လိုက်သည်။

ထို့ပြင် ထူးဆန်းသောဆက်သွယ်မှုတစ်ခုကြောင့် သူသည်သာ အမိန့်ပေးခိုင်းစေလိုက်မည်ဆိုပါက ထိုအကြေးခွံများသည် သူအသုံးပြုနိုင်သော လက်နှက်များအဖြစ်သို့ ချက်ချင်းအသွင်ပြောင်းသွားမည်ဖြစ်ကြောင်းလည်း ခံစားမိလိုက်သည်။

ဤသို့ဖြင့် ဤမြေအောက်ဂူ တစ်ခုလုံးသည် အာရန်၏ထိန်းချုပ်မှုအောက်တွင် ရောက်ရှိသွားခဲ့လေသည်။

သူသည် ယခုတွင် မူလနဂါး အစစ်အမှန်နှင့်ပင် မည်သို့မျှ မကွာခြားတော့ပေ။

အာရန်သည် ပဉ္စမအထပ်ရှိ ပင်လယ်နဂါးဧကရီ၏ တည်ရှိမှုကိုပင် ခံစားသိရှိနိုင်သေးသည်။

သူမတင်မကဘဲ ဤကမ္ဘာရှိ အခြား နဂါးများ အားလုံးကိုလည်း ထူးဆန်းသော ဆက်သွယ်မှုတစ်ခုကြောင့် ခံစားသိရှိနိုင်ပေသည်။

သူတို့၏ သွေးမျိုးဆက်အပေါ် ချုပ်နှောင်ထားသော ချိတ်စည်းများ ပျယ်ပျက်သွားခြင်း အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေသော ပင်လယ်နဂါးတိုင်းပြည်ရှိ နဂါးများ ၏ ပျော်ရွှင်မှုကိုပင် အာရန်တစ်ယောက် လှမ်း၍ ခံစားနိုင်သေး၏။

တစ်ချိန်တည်းတွင် သူ၏ ၎င်းတို့အပေါ် အားကောင်းသော ထိန်းချုပ်နိုင်စွမ်းကိုပင် ခံစားမိလိုက်သည်။

ထိုအရာသည် မျိုးရိုးဗီဇအရ ဖြစ်ဟန်တူသည်။

၎င်းကဆိုလိုသည်မှာ အာရန်သည် လက်တစ်ချက်ပင် မလှုပ်ဘဲ သူအလိုရှိသ၍ ၎င်းနဂါးများအား စိတ်ကြိုက်ရှင်းပစ်နိုင်သကဲ့သို့ပင်။

မူလနဂါး ဆိုသည်မှာ သူအား သစ္စာဖောက်ရန် ကြိုးစားသောနဂါးများအတွက် ကွက်မျက်သူ နဂါး နှင့် အတူတူပင်ဖြစ်ဟန်ရလေ၏။

ပင်လယ်နဂါးဧကရီအား ပြန်လည် ကြည့်လိုက်သောအခါ သူမ၏သွေးမျိုးဆက်သည် ဖြည်းညှင်းစွာဖြင့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်အတွင်း ကျရောက်နေသည်ကိုပင် သူမြင်နိုင်နေခဲ့သည်။

သူမ၏ သွေးသည် ပိုမို၍ မဲနက်လာပြီး အလင်းရောင် အမှုန်အမွှားလေး အနည်းငယ်သည် ထိုနေရာတွင် စတင်၍ စီးဆင်းနေသည်။

သူမ၏ နာကျင်ခံစားရမှုများကိုပင် သူလှမ်း၍ ထောက်လှန်းနိုင်ခဲ့သည်။

သူမသည် နာကျင်လွန်းသဖြင့် တွန့်လိမ်နေခဲ့ပြီး ထိုအရာကို ကြိတ်မှိတ်ခံရန် ကြိုးစားနေဟန်ရသည်။

“သက်သာစေ”

သူသည် သူမ အနားသို့ပြန်မသွားခဲ့ဘဲ ဤနေရာမှပင် လှမ်း၍ ဘိုးဘေးနဂါးလျှာအစွမ်းဖြင့် ပင်လယ်နဂါးဧကရီ အပေါ်သို့ သက်ရောက်စေလိုက်သည်။

ထို့နောက် ပင်လယ်နဂါးဧကရီ ၏ မျက်နှာအမူအရာများ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။

သူမသည် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်အတွင်း ဆက်လက်တည်ရှိနေသေးသော်လည်း အစောပိုင်း နာကျင်မှုများကိုမူ မခံစားရတော့ပေ။

“ဘယ်လောက်တောင် မိုက်လိုက်တဲ့အစွမ်းလဲ ဒီအရာက တကယ်ကို မယုံနိုင်စရာပဲ” အာရန်သည် သူ၏ စနစ် သိုလှောင်ခန်းအတွင်းမှ မှန်တစ်ချပ်ကို ထုတ်ယူ၍ သူ၏ သွင်ပြင်ကို တစ်ချက်ရှိုးလိုက်၏။

အာရန်သည် ကောင်းကင်နဂါးအဖြစ်အသွင်ပြောင်းလဲကြည့်ခဲ့စဥ်က နဂါးပုံစံ အဖြစ် ပြောင်းလဲသွားခဲ့ကာ သူ၏ ခန္ဓာကိုယ်သည် အစစ်အမှန် နဂါး တစ်ကောင်ကဲ့သို့ပင် များစွာ ပို၍ ကြီးမားလာခဲ့သည်။

သို့သော် ထူးဆန်းစွာပင် ယခု သူ၏ မူလနဂါး အဖြစ် အသွင်ပြောင်းလဲခြင်း သည် ယခင်ကနှင့် မတူညီတော့ပေ။

သူသည် သာမန်လူတစ်ဦးနှင့် အတော်လေးဆင်တူနေသေး၏။

အာရန်၏ ဤအသွင်ပြောင်းလဲမှုအတွင်း သူ၏အရပ်သည် အနည်းငယ် ပိုမို ရှည်လာခဲ့သော်လည်း သိပ်တော့မများပေ။

သူ၏ ခန္ဓာကိုယ်သည် ယခုအခါ ရှစ်ပေခန့်အထိ ရှည်နေပြီဖြစ်သည်။

သူ၏ ကျောဘက်ရှိ နဂါးအတောင်ပံများသည်ပင် သူ့ထက်ပို၍ ရှည်သေး၏။

သူ၏နဖူးမှ နဂါး ချိုနှစ်ချောင်း ထွက်လာခဲ့သည်။

ထိုဦးချိုများသည် သူ၏ အနက်ရောင်တောက်ပနေသော မျက်လုံးများ နှင့် လိုက်ဖက်မှုရှိလွန်းလှသည်။

သူ၏ မျက်နှာဖွဲ့စည်းပုံသည်လည်း အနည်းငယ်ပြောင်းလဲသွားခဲ့ပြီး သေးငယ်သောအကြေးခွံများသည် သူ၏ပါးပြင်ကို ဖုံးအုပ်ထားသဖြင့် သူသည် ပို၍ပင် ကျောက်မက်ဖွယ် ကောင်းနေပေသည်။

သူ၏ နားများသည်ပင် နတ်သူငယ်များ၏ နားများကဲ့သို့ ပိုမိုချွန်ထက်လာခဲ့သည်။

သူ၏လက်ချောင်းများသည် နဂါးလက်သည်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း ၎င်းတို့ကို ပုံမှန်လူတစ်ဦး၏ လက်များကဲ့သို့ပင် အသုံးပြုနိုင်ဆဲပင်။

ဤ ဆင့်ကဲပြောင်းလဲမှုနှင့်ပတ်သက်၍ အာရန်အတွက် အံ့ဩစရာအကောင်းဆုံးအချက်မှာ သံချပ်ကာကဲ့သို့ အရာများ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်ပေါက်လာခြင်းပင်ဖြစ်၏။

ပခုံးမှ ခြေကျင်းဝတ်အထိ အာရန်၏ ခန္ဓာကိုယ်သည် ဤထူးဆန်းသော သံချပ်ကာ တစ်မျိုးဖြင့် ဖုံးအုပ်ထားခြင်းခံရပြီး ၎င်းသည် ကမ္ဘာပေါ်ရှိ အတန်ဖိုးအရှိဆုံး ရတနာ ပစ္စည်းထက်ပင် ပို၍ အားကောင်းသည်ဟု ခံစားမိစေသည်။

သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြင့်ပင် ဤ သံချပ်ကာ ပြန်လည် ဖျက်ဆီးနိုင်ပ့ါမလားဆိုသည်ကို သူကိုယ်တိုင်ပင် မသေချာပေ။

ထိုသံချပ်ကာသည် ကောင်းကင်နဂါး အကြေးခွံများထက်ပင် ပိုမိုခိုင်မာနေပုံရသည်ဟု ခံစားနေရပြီး ၎င်းတွင် ဤကမ္ဘာနှင့် မသက်ဆိုင်သော ထူးဆန်းသည့် အော်ရာတစ်မျိုးလည်း တည်ရှိနေလေသည်။

၎င်းက သူ့အား မည်သူမှ မတိုက်ခိုက်နိုင်အောင် ကာကွယ်ထားနိုင်သည်ဟု တွေးမိလိုက်လည်း ရန်သူများဖြင့်မူ ၎င်းကို သူ အမှန်တကယ် စမ်းသပ်လိုခြင်း မရှိပေ။

ဖြစ်နိုင်ပါက အခြားသူများ၏ လက်ဝှေ့အိတ်အဖြစ် အသုံးတော်ခံလိုခြင်းမရှိချေ။

အာရန်၏ အမြင်တွင်မူ ကောင်းမွန်သော ထိုးစစ်သည်သာလျှင် အကောင်းဆုံး အကာအကွယ်ဖြစ်သည်ဟု မှတ်ယူထားဆဲပင်။

“ဒါက သံချပ်ကာ မဟုတ်ဘဲ လက်နက်တစ်ခု ဖြစ်ခဲ့ရင် ပိုကောင်းမှာပဲ ဒါပေမယ့် ငါ့မှာ ဓါးဧကရာဇ်ရဲ့ဓား ရှိနေပြီပဲ ဆိုးတာ ငါ အဲ့ဒီ ဓားကို အသုံးပြုနိုင်ပ့ါမလားဆိုတာတောင် မသေခြာသေးဘူး”

ထိုသို့တွေးလိုက်မိသဖြင် အာရန်သည် အနည်းငယ် စိတ်ပျက်သွားခဲ့ကာ သူ၏ နဖူးကို ပြန်လည်ကုတ်လိုက်မိ၏။

“ဟင်”

ထိုသို့ပြုမူနေစဥ်မှာပင် သူသည် ရုတ်တရက် လုံးဝ မင်သက်သွားခဲ့ရသည်။

သူ၏ ခန္ဓာကိုယ်ရှိ ခုခံကာကွယ်မှုများသည် ယခုအချိန်တွင် အလွန်မြင့်မားသော အခြေအနေတွင် ရှိနေခဲ့သော်လည်း သူ၏လက်သည်းများသည် အနည်းငယ်မျှ ပြန်လည် ကုတ်ခြစ်မိလိုက်ရုံဖြင့်ပင် သူ့အား သွေးထွက်စေနိုင်ခဲ့သည်တဲ့လား။

“ဒီလက်သည်းတွေက...”

အာရန်သည် အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းသော သူ၏လက်သည်းများကို ပြန်လည် စိုက်ကြည့်နေလိုက်သည်။

၎င်းတို့သည် တန်ဖိုးရှိသော လက်နက်ကောင်း တစ်ခုထက် မနိမ့်ကျပေ။

ထိုလက်သည်းများသည် သူ၏ အရေပြားကို ဤမျှထိ လွယ်ကူစွာ ထိုးဖောက်နိုင်မည်ဆိုပါက မူလနဂါး အသွင်ပြောင်းလဲမှုသည် အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလွန်းနေပြီဖြစ်လေ၏။

အာရန်သည် သူ၏ နဖူးပေါ်ရှိ ဒဏ်ရာကို ကုသရန် ဘိုးဘေးနဂါးလျှာအစွမ်းကို အသုံးပြုရန်ပြင်လိုက်စဥ်မှာပင် သူ့အတွက် တစ်ဖန်ထပ်၍ အံ့ဩသွားခဲ့ရပြန်သည်။

မှန်ထဲတွင် သူ၏ နဖူးရှိ ဒဏ်ရာသည် မဖြစ်နိုင်သောအမြန်နှုန်းဖြင့် ပြန်လည် ပျောက်ကင်းသွားနေသည်ကို မြင်လိုက်ရသောကြောင့်ပင်တည်း။

ထပ်မံ စမ်းသပ်ကြည့်ရန်အတွက် အာရန်သည် သူ၏ပခုံးကို ပြန်လည် ကုတ်ကြည့်လိုက်ပြီး အစောကထက် ပိုမိုနက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ဖန်တီးလိုက်သည်။

တစ်ဖန်ပြန်၍ ဤဒဏ်ရာသည်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည် ပျောက်ကင်းသွားခဲ့ပြန်သည်။

ထိုအရာကို သူနားလည်လိုက်သောအခါ အာရန်၏နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

ဤပုံစံအသွင်ပြောင်းလဲထားခြင်းဖြင့် သူ၏ ကုသနိုင်စွမ်း သည် လုံးဝအားအကောင်းဆုံးအခြေအနေတွင် ရှိနေလိမ့်မည်ဖြစ်၏။

၎င်းသည် ဒဏ္ဏာရီလာ အင်မော်တယ် သူရဲကောင်းအချို့နှင့်ပင် နှိုင်းယှဉ်နေနိုင်ပြီး သို့မဟုတ် ပို၍ပင် ကောင်းမွန်နိုင်သည်ဟုဆိုလိုလေသည်။

“ဘယ်လောက်တောင် မိမိုက်လိုက်သလဲ” အာရန်သည် အားရပါးရ ရယ်မောချင်စိတ်ပင် ပေါ်လာနေခဲ့သည်။

ရုန်းကန်မှုများ ပြီးသည့်နောက် ရရှိလာသော ဆုလာဘ်သည် အရာအားလုံးထက် ပိုမို၍ ချိုမြိန်သည်ဟုလည်း ခံစားလိုက်ရသည်။

သူ၏ အတောင်ပံများသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး မျက်နှာကြက်သို့ မော့ကြည့်လိုက်ကာ ဤပုံစံတွင် သူ၏ ပျံသန်းနိုင်မှု အရှိန်ကို စစ်ဆေးကြည့်ရန် ပြင်ဆင်လိုက်သည်။

ထို့နောက်အာရန်သည် ကောင်းကင်ပေါ်သို့ ပျံဝဲတက်သွားခဲ့ပြီး မြေအောက်ဂူတစ်ခုလုံးကို ဖြတ်၍ ပျံသန်းကြည့်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ပထမအထပ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး သာမန်ဂိတ်တံခါးတစ်ချပ်မှ ဖြတ်သန်းသွားရသကဲ့သို့ပင် ခံစားလိုက်ရ၏။

သူ၏ လှုပ်ရှားမှုအရှိန်သည် များစွာပိုမိုမြန်ဆန်လာခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ၏ ထိုလျှင်မြန်မှု အရှိန်ကို ထိန်းချုပ်နိုင်ရန်အတွက်မှာမူ ပို၍ပင် အားနည်းလာခဲ့ရလေသည်။

အာရန်တစ်ယောက် သူကိုယ်သူ မထိန်းချုပ်နိုင်မီမှာပင် သူ၏ ခန္ဓာကိုယ်သည် ပထမအထပ်ရှိ ဝင်္ကဘာ နံရံများနှင့် ရိုက်မိသွားခဲ့သည်။

ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင်မူ ထိခိုက်ဒဏ်ရာရသွားသူမှာ သူမဟုတ်ခဲ့ပေ။

သူ၏ ခန္ဓာကိုယ်သည် နံရံ၏အခြားတစ်ဖက်ရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ ထိုနံရံတစ်ခုလုံးသည် ထိခိုက်မှုကြောင့် ကျိုးပဲ့သွားခဲ့ရလေသည်။

အာရန်သည် အရှိန်ကို ပြန်လည် နှေးကွေးစေရန်အတွက် သူ၏ လက်သည်းများ ကို ပြန်လည်အသုံးပြု၍ ရပ်တန့်လိုက်ရ၏။

“ငါ ပျံသန်းတာကို ပိုပြီး လေ့ကျင့်ရတော့မယ်ထင်တယ်”

ထို့နောက် အာရန်သည် ထိုနေရာတွင်ပင် ထိုင်ချလိုက်ပြီး သူ၏ သံချပ်ကာ ပေါ်ရှိ ဖုန်များကို ပြန်လည်ခါချနေလိုက်သည်။

ထိုမျှလောက် ကြမ်းတမ်းသော စမ်းသတ်မှုမှာပင သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအနည်းငယ်မျှပင် မရရှိခဲ့ပေ။

ဤမူလနဂါးအသွင်ပြောင်းလဲထားမှုတွင် သူ၏ ကုသခြင်း အရှိန်ကြောင့် ထိုအရာသည် သူ့အတွက် စိုးရိမ်စရာကိစ္စတစ်ခုမဟုတ်တော့ချေ။

“ဟင်... ဝင်ပေါက်မှာ အသံအချို့ ကြားရတာလား”

အာရန်သည် နောက်ထပ်စမ်းသတ်မှုများ ပြုလုပ်ရန် တွေးနေစဉ်မှာပင် မြေအောက်ဂူ ၏ ဝင်ပေါက်တွင် လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရလေသည်။

#Catfoot

All Chapters