အပြောင်းအလဲများ
Vol. 33 Ch. 468
…
ပင်လယ်နဂါးဧကရီသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်စွန်းနေရာရှိ စွန်းပေနေမှုအချို့အား ပြန်လည်သန့်ရှင်းလိုက်သည်။
ထို့နောက် သူမ၏မျက်နှာတွင် လှပသောအပြုံးတစ်ခု ပေါ်လာခဲ့ပြီး တစ်ရက်တာအတွင်း၌ပင် သူမအတွက် အတန်ဖိုးဆုံး ယောကျ်ားတစ်ဦး ဖြစ်သွားခဲ့သော အာရန်အား စိုက်ကြည့်နေလိုက်၏။
အာရန်အား ကြည့်မိရုံဖြင့်ပင် သူမ၏နှလုံးခုန်သံသည် ပိုမိုမြန်ဆန်လာရန် လုံလောက်ခဲ့ပြီး သူမ၏ ပထမဆုံးဖြစ်ပေါ်ဖူးသော ထိုအချစ်၏ သက်ရောက်မှုသည် အလွန်အမင် ပြင်းထန်နေခဲ့သည်။
သူမသည် အာရန်၏လက်မောင်းပေါ်တွင် မှီထားရာမှ ဖြေးညင်းစွာ ခေါင်းထူထလိုက်ပြီး အနမ်းတစ်ပွင့်ပေးရန် အာရန်၏မျက်နှာအနီးသို့ ပိုမိုနီးကပ်သွားလိုက်သည်။
သူမ၏ ထိုအနမ်းသည် အာရန်အား ချက်ချင်းပင် မိန်းမောနေရာမှ သတိပြန်လည်လာစေခဲ့၏။
အာရန်သည်လည်း သူမ၏ အနမ်းကို မခုခံခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူမသည် သူ၏ သက်ဆိုင်သူတစ်ဦးဖြစ်သွားခဲ့ပြီဖြစ်လေသည်။
အာရန်သည် ပင်လယ်နဂါးဧကရီအား ထိုကိစ္စတွင် မှားယွင်းစွာ ကျူးလွန်မိခဲ့ခြင်း ဖြစ်နေလျှင်ပင် သူမအားလျစ်လျူရှု၍ မရနိုင်ပေ။
ထို့ကြောင့်အာရန်သည် သူမ၏အနမ်းကို ကောင်းမွန်စွာ အလိုက်တသင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။
သို့သော် ပင်လယ်နဂါးဧကရီသည် အာရန်အား ဦးဆောင်ရန် အခွင့်အရေး မပေးခဲ့ချေ။
သူမ၏မျက်လုံးများသည် ကလေးငယ်တစ်ဦးအလား အာရန်အား စိုက်ကြည့်နေခဲ့၏။
“မနေ့ညကရှင်...”
ပင်လယ်နဂါးဧကရီသည် သူမ၏စကားကို အဆုံးမသတ်နိုင်ခဲ့ပဲ ယမန်နေ့ ညကဖြစ်ရပ်များကို ပြန်လည်မြင်ယောင်မိသွားသဖြင့် သူမ၏မျက်နှာသည် နီမြန်းလာခဲ့မိလေသည်။
“ကျွန်မတို့ အဲ့ဒါကို ထပ်....ထပ်လုပ်လို့ ရမလား။”
အာရန်သည် သူ၏ လက်ချောင်းလေးများဖြင့် ဧကရီ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ထိုအမျိုးသမီးသည် သူ့အား အရိုးထဲအထိ မုန်းတီးနေခဲ့သူတစ်ဦး ဖြစ်လေသည်။
သို့သော် ယခုမူ သူမသည် သူ့အား အရူးအမူးပင် စွဲလန်းချစ်မြတ်နိုးသွားဟန်ရနေ၏။
အကယ်၍ သူမသည်သာ သူမည်သူဖြစ်ကြောင်း သိရှိသွားမည်ဆိုပါက မည်သို့တုံ့ပြန်မည်ကို သူ မမှန်းဆနိုင်ပေ။
သူတို့နှစ်ဦး၏ဆက်ဆံရေးအား ဆက်လက် အဆင်ပြေနေစေရန်အတွက် အာရန်သည် သူမအတွက် ကောင်းကင်နဂါး တစ်ဦးအနေဖြင့်သာ အမြဲတမ်းဆက်လက် ရှိသွားမည်ဟု သူ့ကိုယ်သူ တိတ်တိတ်လေး ကတိပေးလိုက်မိသည်။
တစ်ချိန်က သူသည် ကောင်းကင်နဂါး၏ နှလုံးသားကို ရှာဖွေရန် သူမအား အသုံးချရန်သာကြံစည်ထားခဲ့သည့် ရန်သူများ ဖြစ်ခဲ့ကြသော်လည်း ယမန်နေ့ညအား အတူတကွဖြတ်သန်းပြီးနောက်တွင်မူ အရာအားလုံးသည် ပြောင်းလဲသွားခဲ့ရပြီဖြစ်လေ၏။
“ကိုယ်လည်း အဲဒါကိုပဲ တွေးနေတာ...”
အာရန်သည် ဧကရီအား ထိုသို့ပြန်ပြောလိုက်ပြီးနောက် သူမ၏ အပြုံးသည် ပိုမို၍ တောက်ပလာခဲ့သည်။
အာရန်သည် သူမ၏ ခါးသွယ်သွယ်လေးကို ပြန်လည်ဖမ်းကိုင်လိုက်ပြီး သူမခန္ဓာကိုယ်အား အနည်းငယ် မြှောက်ပေးလိုက်သည်။
“ခ...ခဏလေး စောင့်ပါဦး...”
“အာ့.....”
ပင်လယ်နဂါးဧကရီ သည် အသက်ရှူရန်နှင့် ပြင်ဆင်မှုအချို့ပြုလုပ်နိုင်ရန် အချိန်တစ်ခု လိုချင်နေခဲ့သည်။
သို့သော်လည်း သူမ၏စကားကိုပင် အဆုံးသတ်ရန် အခွင့်အရေးမရခဲ့ပေ။
အာရန်၏ အလျင်စလို တုံ့ပြန်မှုကြောင့် ပင်လယ်နဂါးဧကရီသည် ဘာမှမတတ်နိုင်တော့ပဲ သူမ၏ခန္ဓာကိုယ်လေးသည် အာရန်နှင့် တစ်သားတည်းဖြစ်သွားသည်နှင့်အမျှ အလိုက်တသင့်နေပေးရန်သာ ကျိုးစားလိုက်ရလေသည်။
သို့သော် ထိုအချိန်မှာပင် သူမမျက်နှာသည် သူမအားပြန်လည်သစ္စာဖောက်နေသကဲ့သို့ သူမခံစားနေရသော ပျော်ရွှင်ကျေနပ်မှုအား ဖုံးကွယ်မထားနိုင်ခဲ့ချေ။
သူမသည် သွေးမျိုးဆက်၏ ချုပ်နှောင်ထားမှုများအား ဖြတ်တောက်နိုင်ခဲ့ပြီးသည့်တိုင် အာရန်သည် သူမထက် များစွာသန်မာနေဆဲပင်။
ဧကရီသည် သူမ၏ ခါးပတ်လည်ရှိ အာရန်၏ လက်များဆီမှာ အလွန်နွေးထွေးနေသည်ဟု ခံစားနေရပြီး ထိုအရာက ဧကရီအား ပိုမိုထူးဆန်းသည့် ခံစားချက်တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
အာရန်သည် သူ၏ လက်တစ်ဖက်ကို သူမ၏ ခါးဆီမှ ဖယ်ရှားလိုက်ပြီး သူမ၏ဆံနွယ်များအား ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
....
ထို့နောက် ပင်လယ်နဂါးဧကရီတစ်ယောက် ခြေကုန်လက်ပန်းကျကာ တစ်ဖန် ပြန်၍ အိပ်မောကျသွားခဲ့ဟန်ရသော်လည်း သူမ၏မျက်နှာတွင်မူ ကျေနပ်မှုကြောင့် ပီတိများဖုံးလွှမ်းနေဟန်ရသော အပြုံးတစ်ခုကို မြင်တွေ့နိုင်နေဆဲပင်။
အာရန်သည် သူမ၏မျက်နှာလှလှလေးအား တအောင့်ခန့်ငေးကြည့်နေပြီးနောက် သူမ၏ ခန္ဓာကိုယ်အား ဘေးသို့ ညင်သာစွာ ရွှေ့ထားပေးလိုက်သည်။
သူမသည် သူ့ထက်ပင် များစွာပို၍ ပင်ပန်းနွမ်းနယ်နေဟန်ရသဖြင့် သူမအား အနားယူခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် အာရန်သည် ခပ်ပြင်းပြင်းတစ်ချက် အသက်ရှူထုတ်လိုက်ပြီးနောက် သူ၏ လက်မောင်းများကို တစ်ချက်အကျောဆန့်၍ ထရပ်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့် သူ၏ ဦးခေါင်းပိုင်းဆီမှ အစောပိုင်း နာကျင်ကိုက်ခဲမှုသည် ယခုအခါ အတော်လေးသက်သာသွားခဲ့ပြီဖြစ်၏။
ဧကရီသည် သူ၏ အရက်နာကျခြင်းအတွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်ခဲ့ပြီး ဖြစ်နိုင်သည်မှာ သူတို့၏ သွေးမျိုးဆက်များသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သောကြောင့်ဖြစ်ဟန်ရလေသည်။
ပင်လယ်နဂါးဧကရီ၏ စွမ်းအားများတွင် ပြောင်းလဲမှုများရှိမရှိ သိနိုင်ရန် အာရန်သည် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို တစ်ဖန်ပြန်၍ အသုံးပြုလိုက်သည်။
‘မျှော်လင့်ထားတဲ့အတိုင်းပဲ သူမရဲ့သွေးမျိုးဆက်မှာ ဖိနှိပ်ထားတဲ့ ချိတ်စည်းတွေ ပျက်ပျယ်သွားခဲ့ပြီး အခုဆိုရင် ကောင်းကင်နဂါး ရဲ့သွေးမျိုးဆက်တစ်ဝက်တောင် နိုးထလာနိုင်ခဲ့ပြီ သူမသာ ပိုမိုသန်မာလာမယ်ဆိုရင် ဒီသွေးမျိုးဆက်ကို ပြီးပြည့်စုံအောင် ဆင့်ကဲပြောင်းလဲ နိုင်လာလိမ့်မယ်။ ဒီကမ္ဘာမှာ သူမနဲ့ သူမရဲ့ပါရမီကို တားဆီးထားနိုင်တဲ့အရာတွေ မရှိတော့ဘူး။’
ပင်လယ်နဂါးဧကရီသည် သူမ သွေးမျိုးဆက်ရှိ ချိတ်စည်းကို ဖယ်ရှားနိုင်ခဲ့ရုံသာမက သူမ၏ ခွန်အားများသည်လည်း များစွာတိုးလာခဲ့သည်။
၎င်းတို့သည် သူ ၏စွမ်းအားများနှင့် ယှဉ်နိုင်ဦးမည် မဟုတ်သည့်တိုင် သူမသည် မှန်ကန်သည့် လမ်းကြောင်းတစ်ခုပေါ်တွင် ရောက်နေခဲ့ပြီဖြစ်လေ၏။
ဤကဲ့သို့ ပင်လယ်နဂါးဧကရီ၏ ချုပ်နှောင်ထားသည့် အတားအဆီးများ ပြတ်ပျယ်သွားခြင်းသည် သူမ၏ မျိုးနွယ်စု တစ်ခုလုံးကိုပါ လွတ်မြောက်စေခဲ့ခြင်း ဖြစ်သောကြောင့် ပင်လယ်နဂါးတိုင်းပြည်တွင် မည်ကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်ရပ်များ ဖြစ်နေမည်ကိုသာ အာရန်တစ်ယောက် တွေးမိလိုက်သည်။
‘သူတို့က သူတို့ရဲ့ ကံကြမ္မာကို ကျေးဇူးတင်ရင်း ပွဲတော်ကြီးတွေတောင် ကျင်းပချင်ကျင်းပနေကြမှာပဲ’
အာရန်သည် ထိုသို့တွေးမိလိုက်သဖြင့် သူ၏ ဦးခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
“ဒီအချိန်ကစပြီး ပင်လယ်နဂါးတွေလဲ စတင်ပြီးတိုးတက်လာတော့မယ်။ အမှားအယွင်းတစ်ခုခုသာ မရှိခဲ့ရင် အနာဂတ်မှာ သူတို့ဟာ မိစ္ဆာဂိုဏ်း၊ သူရဲကောင်းအကယ်ဒမီ၊ ဘုရားကျောင်း နဲ့ နစ်ခရိုမန်ဆာမျှော်စင်တို့နဲ့တောင် တစ်တန်းထဲ ရပ်တည်နိုင်တဲ့ အင်အားစုတစ်ခု ဖြစ်လာနိုင်တယ်”
အာရန်သည် ပင်လယ်နဂါး များအတွက် ရန်သူတစ်ဦးဖြစ်နေဆဲဖြစ်သော်လည်း ၎င်းက သူ၏ အကြီးအကဲရန်အဖြစ် ဟန်ဆောင်ထားသော ဖြစ်တည်မှုတစ်ခုအတွက်သာ ဖြစ်လေ၏။
၎င်းသည် ယခုအချိန်တွင် သူနှင့်မသက်ဆိုင်သေးပေ။
ယခု အာရန်သည် ကောင်းကင်နဂါး ဟူသည့် အခြားအရေးကြီးသော ဂုဏ်ပုဒ်တစ်ခုကို ရယူပိုင်ဆိုင်ထားနိုင်ပြီမဟုတ်ပါလား...။
“ဒီ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ပြီးတဲ့ နောက်ပိုင်း ငါ့စွမ်းအားတွေလည်း တိုးလာမလား မသိဘူး။”
သူရင်ဆိုင်ခဲ့ရသော ကောင်းကင်နဂါး၏ ဝိညာဉ်သည် အဆင့် (၆၅) အထိ ရှိနေသည်ကို သိခဲ့ရသော်လည်း သူ၏ အဆင့်မြင့်တက်ခြင်းအတွက်မူ မည်မျှ သက်ရောက်မှု ရှိနိုင်မည်မှာ မသေချာသေးချေ။
ထို့နောက်အာရန်သည် သူ၏ စွမ်းအားအချက်အလက်များကို စစ်ဆေးရန် သူ့ကိုယ်သူ ခွဲခြားသတ်မှတ်ခြင်းအစွမ်းအား ပြန်လည် အသုံးပြုလိုက်၏။
...
[အမည်: အာရန် (ရန်နစ်ခရိုလိုင်း)]
[အဆင့်- ၄၉]
[အချက်အလက်- အနောက်ပိုင်းတိုက်ကြီး၏ သန့်စင်ဧကရာဇ်၊ မိစ္ဆာဂိုဏ်း ၏ မဟာအကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ၊ ပင်လယ်နဂါးဧကရီ ၏ ချစ်သူ ]
[အဓိက ပင်မသွေးမျိုးဆက်: သွေဖယ်ခြင်း? (၂၅%)]
[ဒုတိယ ပင်မသွေးမျိုးဆက်များ: ဝါးမြိုသူ၊ မူလနဂါး]
[စောင့်လျှောက်သူ- ပထမဝိညာဉ်ဘုရင်မ ယီလန်]
[စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်: ဝိညာဉ်ဘုရင်မ ဖီလိုနာ]
[အသက်- ၂၁]
[စရိုက်လက္ခဏာများ: သွေးအေး ၊ ???]
-အဆင့်သတ်မှတ်ချက်များ-
[ခွန်အား- ၃၄၉၅]
[သွက်လက်မှု- ၄၉၁၀]
[ခံနိုင်ရည်- ၅၉၉၃]
[ဉာဏ်ရည်- ၉၃]
[မာနာ- ၁၈၄၄၈]
[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]
[သူရဲကောင်းအဆင့်- SSS+]
[နတ်ဘုရားမ၏ ကာကွယ်မှု - မသိသေး (၅၅%)]
[ရုပ်ခန္ဓာ: လအရိပ်ရေခဲခန္ဓာ၊ ကံကြမ္မာခန္ဓာ၊ သန့်စင်ခန္ဓာ၊ အကြွင်းမဲ့နဂါးခန္ဓာ]
[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : ပြုပြင်ထားသော သေနတ်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ) ၊အနာဂတ်ကို မြင်နိုင်သော ဟောကိန်းလည်ဆွဲ၊ မေးခွန်းဘောက်ချာ၊ အကူအညီလက်မှတ်(ဖန်းယု) ၊ ###### သေတ္တာ (၄ပုံ ၃ပုံ ချိတ်ပိတ်ခံထားရ)၊ ကံကြမ္မာဓား/ဓားဧကရာဇ်၏ဓား၊ ပြန်လည်ရှင်သန်ခြင်း ကျောက်တုံး (ထူးခြားအဆင့်)]
[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ ဘိုးဘေးနဂါးလျှာ၊ စစ်မှန်သောနဂါးအသွင်ပြောင်းလဲခြင်း၊ အုပ်ချုပ်သူအတောင်ပံများ၊ စွမ်းရည်ပေါင်းစည်းခြင်း၊ နှင်းခဲနယ်မြေ၊ အသွင်ပြောင်းလဲခြင်း၊ အရှိန်မြှင့်တင်ခြင်း၊ စိတ်ဝိညာဥ်ထိမ်းချုပ်ခြင်း၊ အာရံခံစားမှုတိုးမြှင့်ခြင်း၊ သွေးထိမ်းချုပ်ခြင်း၊ အရိပ်ပုံတူဖန်တီးခြင်း]
...
“ဒါက...”
ထိုအချက်အလက်မျက်နှာပြင်ကို မြင်လိုက်ရသောအခါ အာရန်သည် မပြုံးမိဘဲ မနေနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတွင် အပြောင်းအလဲများစွာရှိနေခဲ့ပြီး အချို့မှာ သူကိုယ်တိုင်ပင် အမှန်တကယ် အံ့အားသင့်စေသည် အထိဖြစ်လေ၏။
#Catfoot