လက်ခံလိုက်ခြင်း
Vol. 33 Ch. 467
...
ပင်လယ်နဂါးဘုရင်မ၏ အသက်ရှူသံသည် ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
အာရန်၏နှုတ်ခမ်းများသည် ယခင်က သူမတစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးသော နူးညံ့မှုမျိုးဖြင့် သူမ၏ လည်တိုင်အောက်ဆီသို့ ဆက်လက် ရွေ့လျားနေခဲ့၏။
အာရန်၏ ထိတွေ့မှုတိုင်းသည် သူမအား ကျောရိုးတစ်လျှောက်ထိပင် တုန်ယင်သွားစေခဲ့ပြီး သူမ၏ခန္ဓာကိုယ်သည် သူမပင် ကောင်းစွာနားမလည်နိုင်သော ခံစားမှုအချို့ကြောင့် အနည်းငယ် ကျဉ်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဧကရီ၏ စိတ်တွင် အာရန်အပေါ် ချစ်ခင်တမ်းတမှုများသာ အချိန်တိုင်းနီးပါးတွင် ပိုမိုတိုးပွားလာနေ၏။
သူမ၏ဘဝတွင် ဘယ်တုံးကမျှ ဤမျှ အားနည်းနေဟန်ရသော်လည်း ဤမျှလောက် လုံခြုံနွေးထွေးသည်ဟူသောခံစားချက်မျိုး ရရှိဘူးလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဖူးပေ။
အာရန်၏ နှုတ်ခမ်းများသည် သူမ၏လည်တိုင်နှင့် ပခုံးစပ်ကြား နေရာသို့ ထိမိသွားသောအခါ သူမ၏ နှုတ်မှ ညင်သာသော ညီးတွားသံအချို့ ထွက်ပေါ်လာခဲ့သည်။
အစောပိုင်းက အာရန်၏ ပခုံးပေါ်တွင် အနည်းငယ် တုံ့ဆိုင်းစွာဖြင့် တင်ထားခဲ့သော သူမ၏ လက်များသည် ယခုအခါတွင်မူ အာရန်အား သူမထံမှ လွတ်ထွက် ပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့သကဲ့သို့ပင် သူ့ကို တင်းကျပ်စွာဖက်ထားမိနေ၏။
သူမ၏ လက်သည်းများဖြင့် အာရန်၏ ကျောပြင်အား ခပ်တင်းတင်းဖက်ကာ ကုတ်ခြစ်ရင်းဖြင့် မည်သူမှမကြားနိုင်လောက်အောင် တိုးလျသော ညီးတွားသံများကို ဆက်လက်ပြုနေမိခဲ့သည်။
အာရန်သည် လှုပ်ရှားနေမှုကို ခေတ္တရပ်တန့်လိုက်ပြီး သူမနှင့် မျက်လုံးခြင်းဆုံမိရန် သူမ၏ ခေါင်းကို အနည်းငယ်ကိုင်မြှောက်လိုက်သည်။
ထိုလှပသောမျက်ဝန်းလေးများထဲတွင် အာရန်သည် သူ၏ ကိုယ်ပိုင်ပုံရိပ်ကို ပြန်လည်မြင်တွေ့လိုက်ရလေသည်။
ပင်လယ်နဂါး ဧကရီသည် သူ့အား ကျေကျေနပ်နပ်ပင် လက်ခံလိုက်ပြီဖြစ်၏။
ဧကရီသည် သူမ၏ ရင်ဘတ်အတွင်းရှိ နွေးထွေးမှုတစ်စုံတစ်ရာကို ခံစားလိုက်ရကာ ထိုခံစားချက်သည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
၎င်းသည် တစ်ချိန်က သူတို့နှစ်ဦးအား ပိုင်းခြားထားသော အတားအဆီးများ အားလုံး လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်၏။
ထို့နောက် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး လွတ်ထွက်သွားမည့်အလား တင်းကျပ်စွာ ပွေ့ဖက်ထားရင်း အချိန်သည် ရပ်တန့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ပြင်ပကမ္ဘာသည် သူတို့နှစ်ဦးနှင့်မသက်ဆိုင်တော့ပဲ ဤနေရာသည်သာ သူတို့နှစ်ဦး၏ ကိုယ်ပိုင်ချစ်ဗိမ္မာန်ဘုံလေးတစ်ခု ဖြစ်သွားခဲ့လေ၏။
ပင်လယ်နဂါးဧကရီအတွက် ယခုအချိန်သည် သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူမ၏ စိတ်သည် သူမနှင့် အာရန်မှလွဲ၍ အခြားမည်သည့်အရာမှ မတွေးမိတော့ဘဲ လုံးဝ လွတ်လပ်သွားသည်ဟု ခံစားရသော အခိုက်အတန့်တစ်ခုလည်း ဖြစ်လေသည်။
ပင်လယ်နဂါးဧကရီသည် သူမ မျိုးနွယ်ဝင်များ၏ ဝန်ထုပ်ဝန်ပိုးများမှ လွတ်မြောက်ပြီး ၎င်းတို့၏ မျှော်လင့်ချက်များကို ပြည့်ဝစေခဲ့ပြီဖြစ်သည်။
ယခုအချိန်တွင် အရေးကြီးသည်မှာ သူမဘေးတွင် ရပ်တည်ရန် အရာအားလုံးကို စွန့်စားရန်ပင် ဝန်မလေးခဲ့သော အမျိုးသားကိုပင် ဖြစ်လေ၏။
ပင်လယ်နဂါးဧကရီနှင့် အာရန်သည် တစ်ဦးနှင့်တစ်ဦး မွတ်သိပ်သောအနမ်းများဖြင့် သူတို့၏နှလုံးများသည် နှစ်ကိုယ့်တစ်စိတ် အဖြစ်ပေါင်းစပ်သွားခဲ့ကြသည်။
သူတို့၏သွေးမျိုးဆက်များသည်လည်း ပြီးပြည့်စုံစွာ ထပ်တူကျလျက်ရှိနေခဲ့ပြီး ပင်လယ်နဂါးဧကရီ၏ သွေးမျိုးဆက်ဆီမှ အချုပ်အနှောင်များသည် တစ်ခုပြီးတစ်ခု ပြေပျောက်သွားခဲ့ကြ၏။
၎င်းသည် ပင်လယ်နဂါးများအတွက် ဘဝ၏ စာမျက်နှာအသစ်တစ်ခုကို အစပြုတော့မည့် အမှတ်ရစရာ အရေးပါသော ညတစ်ညလည်း ဖြစ်ခဲ့လေပြီ။
အာရန်သည် ဧကရီ၏ နဖူးကို ညင်သာစွာတစ်ချက် နမ်းရှိုက်လိုက်ပြီးနောက် သူ၏ ဦးခေါင်းကို အောက်ဘက်သို့ ဆက်လက်၍ ရွေ့လျားသွားကာ သူမ၏အဝတ်များကို ညင်သာစွာ ဖယ်ရှားလိုက်သည်။
သူမ၏ ပျိုပျစ်မှဲ့မထင်သော နူးညံ့လွန်းသည့် ခန္ဓာကိုယ်အလှသည် အာရန်ရှေ့တွင် ထုတ်ဖော်မိလျက်သားဖြစ်သွားခဲ့သည်။
နတ်ဘုရားများကပင် သူမ၏ အလှအား ထိုမျှလောက် ပြီးပြည့်စုံစွာ ဖန်တီးနိုင်ရန် အချိန်အတော်လေး ယူခဲ့ရမည် ထင်၏။
သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း၊ အမို့အမောက် ရှိုက်ဖိုကြီးငယ်တိုင်းသည် ပြီးပြည့်စုံသည်ဟူသော အနေအထားတစ်ရပ်တွင်ရှိနေခဲ့သည်။
သူမ၏မျက်နှာသည် အနည်းငယ် နီမြန်းနေခဲ့ပြီး ရှက်လွန်းသဖြင့် သူမ၏ မျက်နှာအား အာရန်ဆီမှ မည်သို့ ဖုံးကွယ်ရမည်ကိုပင် မသိတော့ချေ။
သူမသည် မြေကြီးထဲတွင် တွင်းတစ်ခုတူးပြီး အာရန်၏ အကြည့်မှ ရှောင်ရှားလိုစိတ်ပင်ပေါ်လာခဲ့သည်။
“ကွန်မတစ်ယောက်တည်း ဒီလိုဖြစ်နေတာ သိပ်တော့မတရားသလိုပဲ”
ဧကရီသည် သူမ၏ နှုတ်ခမ်းများကို အနည်းငယ်ဖွင့်ဟ၍ ပြောမိလိုက်ရာ အာရန်၏ ရနံ့သည် သူမ၏ နှုတ်ခမ်းတွင် စွဲထင်နေဆဲပင်ဖြစ်၏။
ဧကရီသည် လွန်စွာ ရှက်ရွံ့နေခဲ့သော်လည်း အာရန်၏ ကိုယ်ခန္ဓာကို စိုက်ကြည့်ခြင်းကို မရပ်နိုင်ဘဲ သူမကပင် ဆက်လက်ဦးဆောင်လှုပ်ရှားလိုက်သည်။
အာရန်သည် သူမ၏ အပြုအမူအား အပြုံးတစ်ခုဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
အာရန်သည် သူမ၏ ချီတုံချတုံဖြစ်နေမှုလေးများ၊ သူမ၏ပါးပြင်ပေါ်တွင်ရှိသော ရှက်ရွံ့မှုလေးများကို ခံစားမိနေခဲ့ပြီး ၎င်းက သူမအပေါ် ပိုမို၍ပင် ချစ်မြတ်နိုးမိစေခဲ့၏။
သူ၏ ယခုအိပ်မက်ထဲတွင် ရှုယင် သည် ယခင်ကနှင့် လုံးဝမတူညီတော့ကြောင်း ခံစားမိလိုက်သော်လည်း ၎င်းသည် သူ့အနေနှင့်လုံးဝ မမြင်ဖူးသော မြင်ကွင်းတစ်ခုတော့ မဟုတ်ခဲ့ပေ။
ထို့နောက် သူတို့နှစ်ဦးသည် အကြည့်ချင်း တစ်ဖန်ပြန်လည် ဆုံစည်းသွားကြပြန်သည်။
ပင်လယ်နဂါးဧကရီသည် သူမ၏ သွေးအေးရက်စက်မှုကြောင့် လူသိများသူ တစ်ဦးဖြစ်ကာ ယခုကဲ့သို့ ဤမျှလောက် သိမ်မွေ့နူးညံ့နိုင်လိမ့်မည်ဟု မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။
ပင်လယ်နဂါးဧကရီ၏ နှုတ်ခမ်းများသည် အာရန်၏ နှုတ်ခမ်းများအား အလွန်နူးညံ့ညင်သာစွာဖြင့် သူမကပင်စတင်၍ နမ်းရှိုက်လိုက်လေ၏။
ထိုအနမ်းသည် အနာဂတ်အတွက် ကတိကဝတ်များဖြင့် ပြည့်နှက်နေသကဲ့သို့ပင်။
ထိုအချိန်တွင် သူမ၏ သံသယများနှင့် ကြောက်ရွံ့မှုများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး သေချာသော ဆုံးဖြတ်ချက်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
“ကျွန်မ အဆင်သင့်ဖြစ်ပြီ” ဟု ပင်လယ်နဂါးဧကရီသည် သူမ၏အသံရှိ အနည်းငယ် တုန်ယင်နေမှုအား အာရန်တစ်ယောက် သတိမထားမိစေရန် ကျိုးစား၍ ပြောလိုက်သည်။
အာရန်သည်လည်း ပြန်လည်၍ ခေါင်းညိတ်ပြလိုက်သည်။
သူသည် ၎င်းအား အိပ်မက်တစ်ခု မဟုတ်တော့ကြောင်း ယခုအချိန်ထိ မရိပ်မိသေးပေ။
သူ၏လက်ချောင်းများဖြင့် သူမ၏ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးသွားသည်။
ထို့နောက်တွင်တော့.....
...
[ဂုဏ်ယူပါတယ်.... သင်ရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် အောင်မြင်သွားပါပြီ။]
[သင်၏ ကောင်းကင်နဂါး သွေးမျိုးဆက်သည် မူလနဂါးသွေးမျိုးဆက် အဖြစ်သို့ ဆင့်ကဲပြောင်းလဲ သွားခဲ့ပါပြီ]
“ဟင်”
ခေါင်းထဲတွင် ကျယ်လောင်သော ကြေညာချက်တစ်ခုကို ကြားလိုက်ရသဖြင့် အာရန်သည် ခေါင်းကိုက်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ထို့နောက်အာရန်သည် သူ၏ နဖူးကို ပြန်ပွတ်သပ်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
အာရန်သည် အရက်အလွန်အကျွံသောက်မိ၍ အရက်နာကျခြင်း၏ အကျိုးသက်ရောက်မှုအောက်တွင် ရှိနေဆဲဖြစ်သကဲ့သို့ သူ၏ ခေါင်းထဲတွင် ထိုးအောင့်သော နာကျင်မှုတစ်ခုကို ခံစားနေရလေ၏။
“ငါ အမူးပြေဆေး အချို့ကို ဆောင်ထားခဲ့သင့်တယ်။”
ထိုထိုးအောင့်သော နာကျင်မှုသည် အနည်းငယ် ပိုမိုအားကောင်းလာသည်ကို ခံစားနေရသဖြင့် အာရန်သည် ထိုသို့ ရေရွတ်မိလိုက်သည်။
သူ၏မျက်လုံးများသည် ပတ်ဝန်းကျင်ကိုပင် အာရုံစိုက်ရန် ခက်ခဲလျက်ရှိနေခဲ့၏။
သူ၏ ခါးတွင်ပါ အနည်းငယ် နာကျင်မှုအချို့ခံစားနေရသောကြောင့် အရာများကိုကောင်းစွာ မတွေးနိုင်သေးပေ။
သူ၏ခါးမှာ အမှန်တကယ်ပင် တစ်စုံတစ်ရာ၏ ဖိအားပေးခြင်းကို ခံခဲ့ရသကဲ့သို့ပင် ဖြစ်နေသည်။
အာရန်သည် သူ၏ခေါင်းတွင်းရှိ နာကျင်ကိုက်ခဲမှုကို နားလည်ပေးနိုင်သော်လည်း သူ၏ ခါးဆီမှ နာကျင်မှုမှာမူ ကွဲပြားလေသည်။
ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်အတွင်း ရှိနေခဲ့ခြင်းဖြစ်သဖြင့် သူသည် ထိုင်လျက်အနေအထား ဖြစ်နေခဲ့ကာ ထိုနေရာတွင် အဘယ်ကြောင့် နာကျင်မှုကို ခံစားနေရသည်ကို သူကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ပေ။
“ဒါ... ဒါဘာလဲ”
ထိုစဥ်မှာပင် အာရန်သည် သူ၏ ရင်ဘတ်ပေါ်ရှိ နူးညံ့အိစက်သောအရာတစ်ခု ရှိနေသည်ဟု ခံစားမိလိုက်သောအခါမှ ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်လိုက်သည်။
အာရန်သည် တံတွေးတစ်ချက်မြိုချလိုက်ကာ သူ၏ ခေါင်းကို အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ့၏ ဗလာကျင်းနေသော ရင်ဘတ်ပေါ်တွင် ဖွေးဥနေသော လက်တစ်ဖက် တင်ထားသည်ကို တွေ့လိုက်ရ၏။
“ဘာ”
အာရန်သည် ထိုလက်မောင်းပိုင်ရှင်ကို ဆက်လက်စူးစမ်း ကြည့်လိုက်သောအခါ သူ၏ဘေးတွင် လဲလျောင်းလျက်ရှိနေသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။
သူမ၏ ဦးခေါင်းသည် သူ၏လက်မောင်းအား ခေါင်းအုံးတစ်ခု သဖွယ်အသုံးပြု၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ခြင်းဖြစ်သည်။
အာရန် သည် ထိုအမျိုးသမီး၏ ငြိမ်းချမ်းစွာ အိပ်ပျော်နေသော မျက်နှာလှလှလေးကို မြင်လိုက်ရသောအခါ ရုတ်တရက် ခေါင်းနပမ်းကြီးသွားခဲ့ရသည်။
သူမသည် အခြားမဟုတ် ပင်လယ်နဂါးဧကရီပင် ဖြစ်နေသည် မဟုတ်ပါလား...။
ရုတ်တရက် ဤအရာနှင့် ပတ်သက်၍ မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။
သူမသည် သူ၏လက်မောင်းတစ်ဖက်ကို ခေါင်းအုံးအဖြစ် အသုံးပြုထားသောကြောင့် အာရန်သည် အခြားလက်မောင်းကို အသုံးပြု၍ သူ၏နဖူးကို ပြန်လည် ပွတ်သပ်လိုက်ပြီး အရာရာကို ရုတ်တရက် ဆက်စပ် သဘောပေါက်လိုက်မိသည်။
“ဒါဆို ဒါက အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူးပေါ့”
ထိုအမှန်တရားကို သူမည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။
အာရန်သည် ၎င်းကို သာမန်နိုးတဝက် အိပ်မက်တစ်ခုအဖြစ်သာ ထင်မှတ်မိခဲ့သော်လည်း အမှန်တကယ်တွင်မူ သူသည် ပြန်လည် ပြုပြင်၍ မရနိုင်သော အရာတစ်ခုကို အမှန်တကယ်ပင် လုပ်ဆောင်မိခဲ့လျက်သားဖြစ်နေခဲ့၏။
“ရှင် နိုးပြီလား” အာရန်၏ လှုပ်ရှားမှုများကို ခံစားမိလိုက်သဖြင့် ပင်လယ်နဂါးဧကရီ သည်လည်း သူမ၏မျက်လုံးလေးများကို ဖွင့်ကြည့်လိုက်လေသည်။
#Catfoot