အပိုလို နန်းတော် အိမ်ရှေ့မင်းသား
Vol. 12 Ch. 1158
“အား...”
ချင်ကျန်းသည် နာကျင်စွာ အော်ဟစ်လိုက်၏။
“ချန်းပေ့ရွှမ်း... မင်းနောင်တ ရရလိမ့်မယ်... ငါ့အကိုတွေက မင်းနဲ့ မင်းရဲ့ မြောက်ပိုင်းချုံး တစ်ခုလုံးကိုပါ မျိုးပြုတ်အောင်...”
“ဝှစ်...”
နောက်ထပ် ခုတ်ချက် တစ်ချက်တွင် ချင်ကျန်း၏ အခြား လက်မောင်း တစ်ဖက်မှာ ပြတ်ထွက် သွားပြန်သည်။
“ဘာလို့လဲ ချန်းပေ့ရွှမ်း ငါမင်းကို တောင်းပန်ပြီးပြီ... ဘာလို့ ငါကို ဆက်ပြီး တိုက်ခိုက်နေရတာလဲ”
ချင်ကျန်းက နာကျင်စွာဖြင့် နောက်သို့ အဆက်မပြတ် ဆုတ်ရင်း မေးလိုက်သည်။
“အပိုလို နန်းတော်က သူ့ရဲ့ ရင့်သီးမှု အတွက် ပြန်ပေးဆပ်ရမယ်... မင်းနဲ့ နတ်ဘုရား မင်းသားတွေကို သတ်တာက အစပဲ ရှိသေးတယ်... တစ်ချိန်ကျရင် အပိုလို နန်းတော်ကို ငါကိုယ်တိုင်သွားပြီး နန်းတော် အင်ပါယာ ကိုယ်တိုင်နဲ့ စာရင်းရှင်းမယ်”
ထို့နောက် ချန်းဖန်သည် ဓားအား မြှောက်လျှက် ချင်ကျန်း၏ ခြေထောက် တစ်ဖက်ကို ခုတ်ဖြတ် လိုက်ပြန်သည်။
ချင်ကျန်းကား မျက်လုံးများ ရဲရဲနီသည် အထိ ကြောက်ရွံ့ နေခဲ့ပြီ ဖြစ်လေသည်။ သူက ကောင်းကင်ကို မော့ကြည့်ကာ ရုတ်တရက် အော်ဟစ်လိုက်၏။
“အကို... ငါ ဒီအခြေအနေ ရောက်နေပြီ... မင်း ဘာလို့ ငါ့ကို လာမကယ်သေးတာလဲ”
ချင်ကျန်း၏ စကား အဆုံး၌ ရှေးဟောင်း ကျွဲချိုမှုတ်သံ တစ်ခုမှာ စကြဝဠာ အနက်ပိုင်းမှ ပျံ့နှံ့လာခဲ့သည်။ ထိုအသံသည် ရှည်လျားစွာ ဆွဲငင်ရင်း နေအဖွဲ့အစည်း တစ်ခုလုံးကို ပဲ့တင်သံ ထပ်နေ၏။ တံခါးပိတ်ကာ ကျင့်ကြံနေသည့် မွန်းစတားအိုကြီးများ၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ပွင့်ဟလာကာ တစ်နေရာသို့ လှမ်းကြည့် လိုက်ကြလေသည်။
“ဝှစ်... ဝှစ်...”
နေအဖွဲ့အစည်း အပြင်ဘက်ရှိ မြူများမှာ ကြဲပါးသွား၏။ ရွှေငှက်ဆွဲသည့် စစ်ရထားကို စီးသည့် လူငယ် တစ်ယောက်သည် စစ်မြေပြင်သို့ ဆင်းသက်လာသည်။ ထိုလူငယ်၏ ဆံပင်များသည် တောက်ပနက်မှောင် နေကာ ပခုံးအထိ ဖုံးကျနေသည်။ သူသည် အရပ်ရှည်ကာ အော်ရာများဖြင့် ဝန်းရံနေပြီး သူ၏ ခန္ဓာကိုယ်မှာ ရွှေစင် ရွှေသားဖြင့် ပြုလုပ်ထားပုံ ရလေသည်။
စစ်ရထားကို ဆွဲသည့် ရွှေရောင်ငှက်သည် နှစ်ပေခန့်သာ ရှည်သော်လည်း ၎င်း၏ စွမ်းအင်များမှာမူ အတောင်ကိုးဖက် ဖီးနစ်ငှက်ထက်ပင် ပို၍ သာလွန် နေခဲ့သည်။ ၎င်းကား အစစ်အမှန် နတ်ဘုရား သားရဲ ဖြစ်ပေသည်။
ခြေနှစ်ချောင်းငှက်သည် သန့်စင်သည့် သွေးမျိုးဆက် မရှိသည့်တိုင် ရွှေငှက်၏ သွေး ငါးပုံတစ်ပုံကို ပိုင်ဆိုင်ထားသည်။ ထိုအရာက ပင်လျှင် ကောင်းကင်သားရဲ မျိုးဆက် အဖြစ် သတ်မှတ်ရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ သက်ရှိမျိုးသည် သတ်၍ မရနိုင်လောက်သည် အထိ အလွန်တရာ အစွမ်းထက် ကြသည်။ ၎င်းသည် အနာဂတ်၌ အစစ်အမှန် ကောင်းကင် သားရဲ ဖြစ်လာရန်ပင် အခွင့်အရေး ရှိပေသည်။
ကောင်းကင်သားရဲ ဆွဲသော စစ်ရထားကို ပိုင်ဆိုင်ထားခြင်းနှင့် ချင်ကျန်း၏ အကိုဟု ခေါ်ဆိုခြင်းတို့ကို ထောက်ချင့်၍ ချန်းဖန်သည် ထိုလူငယ် မည်သူ ဖြစ်သည်ကို ခန့်မှန်း မိခဲ့ပြီး ဖြစ်သည်။
အပိုလို နန်းတော် အင်ပါယာ၏ ပဥ္စမသား တစ်ဖြစ်လည်း အိမ်ရှေ့ မင်းသား ချင်ရဲ့
“ဝှစ်...”
ချင်ရဲ့၏ ရောက်ရှိလာမှုကား အစသာလျှင် ဖြစ်သည်။ ပေတစ်ထောင်ရှည်သည့် “အပိုလို ရွှေသင်္ဘော” သည် သူ၏ နောက်တွင် ပေါ်လာခဲ့သည်။ ထို့နောက် ဒုတိယမြောက် သင်္ဘော၊ တတိယမြောက် သင်္ဘော၊ စတုတ္ထမြောက် သင်္ဘောတို့မှာ အစဥ်လိုက်ပေါ်လာခဲ့၏။ အပိုလို ရွှေသင်္ဘောသာလျှင်မက၊ တိုက်ချူ ကံကြမ္မာ သင်္ဘော၊ မိစ္ဆာနေ ခံတပ် သင်္ဘောနှင့် အခြား ဂိုဏ်းများ၏ သင်္ဘောကြီးများပါ နေအဖွဲ့အစည်း အတွင်းသို့ ရွက်လွှင့် လာခဲ့ကြခြင်း ဖြစ်သည်။
များစွာသော အခြေတည် ဝိညာဥ် အဆင့်များနှင့် မရေမတွက်နိုင်သော ရွှေအမြုတေ အဆင့်များမှာ သင်္ဘောများ အတွင်း၌ ရပ်နေကြသည်။
ထိုအရာကား ထာဝရဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ စစ်သင်္ဘောများသာ မကချေ။ မိစ္ဆာနတ်ဘုရားဂိုဏ်း၊ ချီယွင်ဂိုဏ်း၊ လော့ဖုန်းဂိုဏ်းနှင့် ကောင်းကင်မိစ္ဆာ ချိုင့်ဝှမ်းတို့ အပါအဝင် အခြားဂိုဏ်းများမှ စစ်သင်္ဘောများပါ ရောနှော ပါဝင်နေခြင်း ဖြစ်သည်။ များစွာသော နတ်ဘုရား မင်းသားများသည် စစ်ရထားများ၊ မီးဖီးနစ်များ၊ နဂါးများ၊ ကျားများကို စီးကာ မင်းသားချင်ရဲ့၏ နောက်၌ ရပ်နေကြလေ၏။
စစ်သင်္ဘောများမှာ အလွန်များပြားလှရကား အဝေးမှ ကြည့်ပါက သစ်တော တစ်ခု အလားပင် ထင်ရပေသည်။ သူတို့သည် နေအဖွဲ့အစည်း တစ်ခုလုံးကိုပင် ဖြန့်ကျက်ကာ ဖုံးအုပ်ထား၏။
တောင်ပိုင်းဒေသငယ် ကောင်းကင်နယ်မြေရှိ ဂိုဏ်းများကား စုစည်းမိနေခဲ့ပြီ ဖြစ်သည်။
“ဟူး... ဟူး...”
ချင်ရဲ့သည် စစ်ရထားထက်၌ ထိုင်နေခဲ့၏။ သူသည် တိတ်ဆိတ်ကာ တည်ငြိမ်နေသည်။ သို့သော်လည်း သူ၏ ကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါမှာ ကမ္ဘာပေါ်ရှိ ဘီလျံနှင့်ချီသော လူတိုင်းကို အသက်ရှူပင် မှားအောင် စူးရှ နေခဲ့လေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ... ဘာလို့ ချင်ရဲ့က စွန့်ပစ်ခံ ဂြိုဟ်နယ်မြေကို ရောက်လာခဲ့တာလဲ... သူက အပိုလို နန်းတော်ရဲ့ အိမ်ရှေ့မင်းသားပဲ... ဘာလို့ အင်ပါယာက သူ့ကို ဒီလို မထင်မရှား ဂြိုဟ်နယ်မြေ တစ်ခုကို လာဖို့ စေခိုင်းရတာလဲ... တကယ်လို့ သူ ဒီနေရာမှာ သေသွားရင် ဘယ်လိုလုပ်မလဲ”
တစ်ယောက်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။
“ဟမ့်... မင်းသား ချင်က အပိုလို နန်းတော်ရဲ့ နံပါတ်တစ် နတ်ဘုရား ဗိုလ်ချုပ် ဖြစ်ပြီးတော့ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်အောက်မှာ ပြိုင်ဘက်ကင်းတဲ့ လူပဲ... ဒီနေရာမှာ မဟာ ကျင့်ကြံသူမှ မရှိတာ... ဘယ်သူက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ”
အသက်လတ် ကျင့်ကြံသူ တစ်ယောက်က ယုံကြည်မှု ပြင်းထန်သော လေသံဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ မင်းသား ချင်ရဲ့က နတ်ဘုရား ရတနာကို စွန့်ပစ်ခံ ဂြိုဟ်နယ်မြေကို ယူလာလားတော့ ငါ သေချာ မသိဘူး... အဲဒီ ရတနာနဲ့ဆို သူက လုံးဝကို ပြိုင်ဘက်ကင်း သွားတော့မှာ... နတ်ဘုရား အရှင် တစ်ယောက်ကို ရင်ဆိုင် ရရင်တောင် ကြောက်စရာ မလိုတော့ဘူး”
လူတိုင်းသည် ထိုအကြောင်းအရာကို ရင်ခုန် နေကြလေသည်။
အပိုလို နန်းတော်၏ ဂိုဏ်းစောင့် ရတနာ၊ နေရွှေလှံပုဆိန်
ထိုအရာကား အပိုလို နန်းတော် အင်ပါယာ ကိုယ်တိုင် ပြုလုပ်ထားသည့် ပြိုင်ဘက်ကင်း နတ်ဘုရား ရတနာ ဖြစ်သည်။ ၎င်းသည် ဂြိုဟ်တစ်ခုကိုပင် ဖျက်ဆီးနိုင်ကာ လကဲ့သို့ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားများကို တစ်ချက်တည်းဖြင့် ထက်ပိုင်းဖြတ် ပစ်နိုင်စွမ်း ရှိသည်။
ထိုနတ်ဘုရား ရတနာသည် ချင်ရဲ့၏ ထိန်းချုပ်မှုအောက်တွင် အမြဲတမ်း ရှိခဲ့သည်။ အကယ်၍ ချင်ရဲ့သာ ထိုရတနာကို ယူဆောင်ပါက ချန်းပေ့ရွှမ်း မည်မျှ အစွမ်းထက်စေကာမူ နတ်ဘုရား အရှင် မဟုတ်လေရာ ကျိန်းသေ ကျဆုံးရပေလိမ့်မည်။
မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသည့် အခြား အဘိုးအို တစ်ယောက်က ချောင်းဆိုးရင်း ပြောလိုက်လေသည်။
“မပါလောက်ဘူး... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေက နတ်ဘုရားတွေ တားမြစ်ထားတဲ့ နယ်မြေ တစ်ခုပဲ... ဒီနေရာရဲ့ ကောင်းကင် ဥပဒေသ မပြည့်စုံတဲ့ အတွက် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွေ ဝင်လို့ မရဘူး... နတ်ဘုရား ရတနာဟာလည်း ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ရဲ့ သန့်စင်တဲ့ စွမ်းအားကို သယ်ဆောင်ထားတဲ့ အတွက် ဒီနေရာကို ဝင်ခွင့် မရှိဘူး...”
“ဘာပဲဖြစ်ဖြစ် နတ်ဘုရား ရတနာ မပါလည်း ကိစ္စ မရှိပါဘူးလေ”
ကျင့်ကြံသူ တစ်ယောက်က နေအဖွဲ့အစည်း အတွင်း ပြည့်နှက်နေသည့် တောင်ပိုင်း ဒေသငယ်၏ စစ်တပ်ကြီးကို ကြည့်ကာ ခေါင်းခါယမ်းလိုက်လေသည်။
ချန်းပေ့ရွှမ်း အနေဖြင့် အခြေတည် ဝိညာဥ် အဆင့်တစ်ရာကို ဂရုမစိုက်သည်မှာ မှန်သည်။ သို့သော် အခြေတည် ဝိညာဥ် အဆင့် တစ်ထောင် ဆိုလျှင်ရော အဘယ်နည်း။
အခြေတည် ဝိညာဥ် အဆင့် တစ်ထောင်ပင်သည် တစ်ကြိမ် တိုက်ခိုက်ရုံမျှပင် ကြယ်ပင်လယ်ကို လှုပ်ခါစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန် ကဲ့သို့ အစွမ်းထက်သည့် ကျင့်ကြံသူများစွာမှာ ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးအောက်၌ မရေမတွက်နိုင်အောင် သေဆုံးခဲ့ဖူးသည်။
“ဟားဟား...”
ချင်ကျန်းသည် အော်ကြီးဟစ်ကျယ် ရယ်မောလိုက်လေသည်။
“ချန်းပေ့ရွှမ်း... ငါ့အကို မင်းသားက တောင်ပိုင်း ဒေသငယ်ရဲ့ စစ်တပ်နဲ့ အတူ ရောက်လာပြီ... ငါနဲ့ ဆိုရင် ငါတို့ဘက်မှာ မဟာ ကျင့်ကြံသူ တစ်ပိုင်း ဆယ်ယောက် ရှိနေပြီ... ဒါတောင် အခြေတည် ဝိညာဥ် အဆင့်တွေ စစ်သင်္ဘောတွေ မပါသေးဘူးနော်... မင်း ဘယ်လို ခုခံမလဲ”
ထိုအခိုက်၌ ချင်ကျန်းသည် ခြေထောက် တစ်ချောင်းတည်းသာ ကျန်ရှိပေတော့သည်။ နတ်ဘုရာတို့၏ လက်နက်မှ သူ မည်ကဲ့သို့ လွယ်လွယ် လွတ်နိုင်ပါမည်နည်း။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် မဟာ ကျင့်ကြံသူ တစ်ပိုင်း အဆင့်၏ အောက်ဆုံးအထိ ကျဆင်း သွားခဲ့သည်။
ချင်ရဲ့သည် စစ်ရထားနှင့် အတူ ရှေ့သို့ တိုးလာကာ ချင်ကျန်းအား ကြည့်လိုက်၏။ အလွန်ဆိုးရွားနေသည့် ညီဖြစ်သူ၏ အခြေအနေကို ကြည့်၍ သူ၏ မျက်လုံးတွင် ဒေါသ အရိပ်အယောင် အချို့ ပေါ်လာသည်။ သို့သော်လည်း သူသည် လျှင်မြန်စွာ ပြန်လည် တည်ငြိမ်သွားကာ ချန်းဖန်အား ကြည့်လိုက်သည်။
“သူ့ကို လွှတ်လိုက်...”
ချင်ရဲ့နှင့် အတူ လိုက်လာသည့် အကြီးအကဲ ဆယ်ယောက်မှာ ဆိတ်ငြိမ်နေကြသည်။ နတ်ဘုရားတစ်ပိုင်း ရတနာ ရှစ်ခုသည် သူတို့၏ လက်များထဲ၌ တောက်ပနေသည်။ ထိုအထဲ၌ စစ်မြေပြင်မှ အဝေးသို့ ပြေးထွက်သွားသည့် တောင်တန်းမြစ်ပြင် စကြဝဠာ မြေပုံ၊ ကြယ်တာရာ ကြေးမုံနှင့် ဝိညာဥ် ဖျက်ဆီးခြင်း ဓားမြှောင်တို့ ပါဝင်နေသည်။ ထိုအခိုက်အတန့်၌ ၎င်းတို့သည် မှေးမှိန်မှုများကို ချေဖျက်ကာ အမြင့်ဆုံး အဆင့်ထိ ပြန်လည် ရောက်ရှိ နေကြပြီ ဖြစ်လေသည်။
“ခွေးကောင်စုတ်လေး... အရှင်ချင်ကျန်းကို လွှတ်ပေးလိုက်စမ်း”
“ချန်းပေ့ရွှမ်း... မင်းက ငါတို့ရဲ့ မဟာ အကြီးအကဲတွေနဲ့ နတ်ဘုရား မင်းသားတွေကို သတ်ပြီး ထာဝရဂိုဏ်းတွေကို ဆန့်ကျင်ရဲတယ်ပေါ့... ဒူးထောက်ပြီး တောင်းပန်စမ်း... အရှင် မင်းသား ကိုယ်တိုင် မင်းကို စီရင်ဖို့ ရောက်နေပြီ”
“ကြာတယ်ကွာ... တစ်ခါတည်း စစ်တပ်ကို လွှတ်ပြီး သူ့ကို သတ်ပစ်လိုက်”
မရေမတွက်နိုင်သော လူများ၊ နတ်ဘုရား မင်းသားများသည် ချန်းဖန်ကို အေးစက်စွာ ကြည့်နေကြသည်။ သူတို့၏ ညီအကို မောင်နှမ၊ ရောင်းရင်းများစွာမှာ ချန်းပေ့ရွှမ်း၏ လက်၌ ကျဆုံးခဲ့ရသည်။ သူတို့သည် ထိုသွေးကြွေးအား သွေးဖြင့် ပြန်လည် ပေးဆပ်ရန် ရူးသွပ်နေကြပြီ ဖြစ်လေ၏။
“ဟူး... ဟူး...”
ချန်းဖန်သည် သူ၏ ရှေ့၌ သိန်းသန်းချီသော စစ်တပ်ကြီး တစ်ခု ရောက်ရှိနေသည့်တိုင် ဂရုစိုက်ခြင်း မရှိပါချေ။ သူသည် ဓားအား ဝှေ့ယမ်းကာ ချင်ကျန်း၏ ကျန်ခြေထောက် တစ်ဖက်ကို ခုတ်ဖြတ်ပစ်လိုက်၏။
“အား...”
ချင်ကျန်းမှာ နာကျင်မှုကို တောင့်မခံနိုင်ရကား အော်ဟစ်လိုက်လေသည်။ သူသည် ချန်းဖန်ကို အလွန် မုန်းတီးစွာ ကြည့်လိုက်၏။ နတ်ဘုရား လက်နက်မှ ဖန်တီးသော ဒဏ်ရာများကား ကုသ၍ မရနိုင်ချေ။ ချင်ကျန်းသည် ထိုဓားကျိုး မည်သည့် နေရာမှ လာမှန်း မသိသည့်တိုင် သူ၏ ခြေလက်များ နောက်တစ်ကြိမ် ပြန်ပေါက် လာတော့မည် မဟုတ်ကြောင်းကိုမူ သိရှိ နေခဲ့ပြီ ဖြစ်လေသည်။ အကယ်၍ သူလုပ်နိုင်ခဲ့လျှင်ပင် ထိုအတွက် ကြီးမားစွာ ပေးဆပ် ရပေလိမ့်မည်။
“ချန်းပေ့ရွှမ်း... မင်း သေရမယ်... မင်းရဲ့ ကမ္ဘာနဲ့ ဂိုဏ်းတစ်ခုလုံးလည်း မင်းနဲ့ အတူ သေရမယ်... မင်း...”
“ခရက်...”
ချန်းဖန်သည် ဓားအား မြှောက်ကာ ခုတ်ထစ်လိုက်လေရာ ချင်ကျန်း၏ မျက်နှာတစ်ခြမ်းမှာ ပြတ်ထွက် သွားခဲ့ပြန်၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကား သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ အကယ်၍ ထိုအရာက အပိုလို နန်းတော်၏ သတ္တမ မင်းသားဟု ဆိုပါက မည်သူမျှ ယုံလိမ့်တော့မည် မဟုတ်ချေ။
***