← Chapters

နတ်ဘုရား ပျံသန်းခြင်း

Vol. 12 Ch. 1159

နတ်ဘုရား ပျံသန်းခြင်း

Vol. 12 Ch. 1159

“ဟမ်…"

မင်းသား ချင်ရဲ့၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်သွားသည်။

သူသည် အပိုလို နန်းတော်၏ မင်းသား ဖြစ်ကာ သန်းနှင့်ချီသော စစ်သည်တော်များကို သူနှင့် အတူ ခေါ်ဆောင် လာခဲ့သည်။ သို့သော်လည်း ချန်းပေ့ရွှမ်း ဆိုသော အကောင်သည် သူ၏ ရှေ့မှောက်တွင်ပင် ချင်ကျန်းကို ဒဏ်ရာရအောင် လုပ်ရဲသည်။ သူသည် ညီဖြစ်သူ အပေါ် ခံစားချက်များ မရှိသည့်တိုင် ထိုကဲ့သို့သော လုပ်ရပ်က သူ့အား ဒေါသထွက်စေသည်။

ဂိုဏ်းတစ်ခု၏ မဟာ အကြီးအကဲ တစ်ယောက်က ဆိုလိုက်၏။

"ချန်းပေ့ရွှမ်း… မင်းရဲ့ လုပ်ရပ်ကြောင့် မင်းရဲ့ ဂိုဏ်းနဲ့ ဂြိုဟ်ပေါ်က လူတွေ အကုန်လုံး အသတ်ခံရမှာ မကြောက်ဘူလား… မင်းက အရှေ့ဂြိုဟ် တစ်ခုလုံးနဲ့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးရဲ့ ဂြိုဟ်ကောင်ပဲ"

"သူက နတ်ဘုရားအရှင် တစ်ပါးဖြစ်ဖို့ အိပ်မက်မက်နေတာ… ဒါပေမဲ့ အခြေတည် ဝိညာဉ် အဆင့်တိုင်း ဖြစ်မလာနိုင်ဘူး ဆိုတာကို သူ မသိဘူး… အိမ်ရှေ့ မင်းသားနဲ့ အထီးကျန် သူရဲကောင်း စွန်းယုဖုန်းတောင် နတ်ဘုရား အရှင် ဖြစ်လာဖို့ အလှမ်းကွာ နေတုန်းပဲ"

အသက်လတ် ကျင့်ကြံသူ တစ်ယောက်က ရယ်မော လိုက်လေသည်။ အခြား ကျင့်ကြံသူ တစ်ယောက်က ချန်းဖန်အား ဖြောင်းဖျရန် ကြိုးစား လိုက်၏။

"ညီလေးချန်း… မင်းသာ လက်နက်ချမယ် ဆိုရင် မင်းရဲ့ မြောက်ပိုင်းချုံးကို ငါတို့ လုံးဝ မထိဘူးလို့ ကတိပေးတယ်"

သူတို့သည် စစ်မြေပြင်သို့ အချိန်မီ ရောက်မလာခဲ့ချေ။ သို့သော်လည်း အာကာသ ထဲ၌ ပြန့်ကျဲနေသည့် အလောင်းများစွာကို မြင်သော အခါတွင်မူ ချန်းဖန် ဒုက္ခ ကောင်းကောင်း ရောက်တော့မည် ဖြစ်ကြောင်း သိရှိ လိုက်ကြသည်။

သူတို့သည် နတ်ဘုရား တစ်ပိုင်း ရတနာ ကိုင်ဆောင်ထားသော မဟာ အကြီးအကဲ ဆယ်ယောက်၊ အိမ်ရှေ့ မင်းသားရဲ့၊ ရာပေါင်း များစွာသော အခြေတည် ဝိညာဉ် အဆင့်များ၊ စစ်သင်္ဘောများဖြင့် ရောက်ရှိ လာကြခြင်း ဖြစ်ရာ စစ်ပွဲအား အနိုင်ယူရန် ယုံကြည်ချက် ရှိကြပေသည်။ ချန်းဖန်အား ညှိနှိုင်းရန် ကြိုးစားရသည့် အဓိက အကြောင်းရင်းမှာ နောက်ထပ် သေပျောက်မှုများအား မလိုလားတော့သောကြောင့် ဖြစ်ပေသည်။

သို့သော်လည်း ချန်းဖန်က သူ၏ လက်ထဲရှိ ဓားကျိုးကိုသာ ညင်သာစွာ ဝှေ့ယမ်းလျှက် တုန့်ပြန် လိုက်လေသည်။

"သတ်…"

အေးစက်သော အသံနှင့် အတူ ချန်းဖန်သည် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲ လိုက်သည်။ သူသည် ခြေတစ်လှမ်းဖြင့် ကီလိုမီတာ ထောင်ဂဏန်းကို ဖြတ်ကျော်ကာ စစ်သင်္ဘောများထံသို့ တိုးဝင် သွားလေတော့၏။

"ဝှစ်…"

တစ်စက္ကန့် အတွင်းမှာပင် ချန်းဖန်သည် စစ်သင်္ဘော အုပ်စု၏ ထိပ်သို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။

"ဘုန်း…"

ထိုစစ်သင်္ဘောများမှာ ရှားပါးသော သတ္တုများဖြင့် ပြုလုပ်ထားတာ များစွာသော အစီအရင်များကို တပ်ဆင်ထားသည်။ သို့သော်လည်း ၎င်းတို့သည် ကောင်းကင် ရတနာ အဆင့်တွင်သာ ရှိပေသည်။ သို့ဖြစ်လေရာ ချန်းဖန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

"ဘုန်း… ဘုန်း… ဘုန်း…"

စစ်သင်္ဘော ရှစ်စင်းမှာ ချက်ချင်းပင် ပျက်စီး သွားလေ၏။ ထိုစစ်သင်္ဘောများထက်ရှိ ရွှေအမြုတေ အဆင့်များမှာ တူဖြင့် ထုခံရသည့် တို့ဟူးများ အလား အစိတ်စိတ် အမွှာမွှာ ဖြစ်သွားကြ၏။

သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးချေ။ ချန်းဖန်သည် မိုးကြိုး နတ်ဘုရားဓားအား ဝှေ့ယမ်းကာ ဒါဇင်ပေါင်းများစွာသော အခြေတည် ဝိညာဥ် အဆင့်များကို သတ်ဖြတ် လိုက်ပြန်သည်။ ထိုအကြီးအကဲများ၏ ခန္ဓာကိုယ်များထက်ရှိ အကာအကွယ် ဓမ္မ အစီအရင်များသည် ချန်းဖန်၏ တိုက်ခိုက်မှုကို တစ်စက္ကန့်ပင် တားဆီးနိုင်စွမ်း မရှိခဲ့ပါချေ။

“ဘုန်း... ဘုန်း...”

ချန်းဖန်၏ ခုတ်ချက်များသည် တစ်ချက်ပြီးတစ်ချက် ကျရောက်နေ၏။ ရှည်လျားသော ခရီးစဥ် ပြီးဆုံးပြီးနောက် တောင်ပိုင်း ဒေသငယ်၏ စစ်တပ်သည် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေတွင် လုံဝ ပြိုင်ဘက်ကင်းပြီဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း ရောက်ရှိပြီး မိနစ်ပိုင်း အကြာတွင်ပင် သူတို့သည် ဆုံးရှုံးမှု ကြီးကြီးမားမားကို စတင် ရင်ဆိုင် နေခဲ့ရပြီ ဖြစ်သည်။ သူတို့၏ အခြေတည် ဝိညာဥ် အဆင့် တစ်ရာ နီးပါးပင် သေဆုံးခဲ့ရသည်။

“အတင့်ရဲလှချည်လား...”

မဟာ အကြီးအကဲများမှာ ‌ဒေါသထွက် သွားကြသည်။ အိမ်ရှေ့မင်းသား ချင်ရဲ့၏ မျက်လုံးများပင်လျှင် ဒေါသဖြင့် ဝင်းဝင်းတောက်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ သာမန်လူများသာ ဆိုပါက ထိုအင်အားကြီး စစ်တပ်၏ အရှေ့တွင် ဒူးတုန်အောင် ကြောက်လန့်သွားပေလိမ့်မည်။ ဒူးထောက်ခြင်းနှင့် တောင်းပန်ခြင်းကသာလျှင် သူတို့ အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ချန်းဖန်ကမူ ပထမဆုံးပင် စတင် တိုက်ခိုက်လိုက်သေးသည်။ သူကား အမှန်တကယ်ပင် မီးနှင့် ကစားလိုနေခြင်း ဖြစ်၏။

“ဒီကောင်က အရမ်း မိုက်ရူးရဲ ဆန်လွန်းတယ်... သူ့မှာ ဆင်ခြင်တုံ တရား မပါလာဘူး... ကြည့်ရတာ သူက မဟာ အကြီးအကဲ အချို့ကို သတ်နိုင်တာနဲ့ ထာဝရဂိုဏ်းကြီးတွေကို ဆန့်ကျင်နိုင်ပြီလို့ ထင်နေပုံ ရတယ်...

ဝူကျိဂိုဏ်း၏ မဟာ အကြီးအကဲက နှာခေါင်းရှုံ့လိုက်၏။ အခြား အကြီးအကဲများထံမှ ထွက်ပေါ်နေသာ အစစ်အမှန် အမတေချီသည် ကမ္ဘာအား တုန်ခါစေသည်။ သူတို့သည် သူတို့၏ နတ်ဘုရား တစ်ပိုင်း ရတနာများကို အသက်သွင်းကာ ကိုင်ဆွဲလျှက် ချန်းဖန်အား သတ်ဖြတ်ရန် ချီတက် လာကြ၏။

ချန်းပေ့ရွှမ်းသည် ချင်ကျန်းနှင့် အခြားလူများကို အနိုင်ယူခဲ့သည် ဆိုသော်လည်း သူတို့သည် မဟာ အကြီးအကဲ ဆယ်ယောက်၊ နတ်ဘုရား တစ်ပိုင်း ရတနာ များစွာ၊ ရာချီသော အခြေတည် ဝိညာဉ် အဆင့်များဖြင့် ချန်းဖန်အား အနိုင်ယူရန် ယုံကြည်ချက် ရှိနေကြဆဲ ဖြစ်သည်။ ထို့အပြင် သူတို့သည် အိမ်ရှေ့မင်းသား ချင်ရဲ့ ရှိသေးသည်။ သူကား ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်အောက်၌ ပြိုင်ဘက်ကင်းကာ အကြီးမားဆုံး ဝှက်ဖဲကိုလည်း ကိုင်ဆောင်ထားသေးသည်။

သို့သော်လည်း ချန်းဖန်မှာမူ သူတို့ အားလုံးကို ဂရုစိုက်ခြင်း မရှိပါချေ။ သူက လက်ထဲရှိ ဓားကျိုးကို ညင်သာစွာ ခါယမ်းကာ ရေရွတ် လိုက်လေ၏။

"နတ်ဘုရား ပျံသန်းခြင်း..."

"ဘုန်း..."

အလွန်တရာ တောက်ပလှသော ငွေရောင် အလင်း တစ်ခုသည် ကောင်းကင်တွင် မွေးဖွားလာသည်။ ထိုအခိုက်၌ စကြဝဠာသည် အေးခဲ သွား၏။ ချင်ရဲ့၊ မဟာ အကြီးအကဲ ဆယ်ယောက်နှင့် အခြေတည် ဝိညာဉ် အဆင့်များ အပါအဝင် လူအားလုံးသည် ဆိတ်ငြိမ် နေကြသည်။

နောက်တစ်စက္ကန့် အကြာ၌...

"ခရက်..."

အက်ကွဲသံနှင့် အတူ ချန်းဖန်၏ အရှေ့၌ ရပ်နေသည့် မဟာ အကြီးအကဲ ဆယ်ယောက်၏ ခန္ဓာကိုယ်များမှာ အလယ်မှ ထက်ပိုင်းပြတ် သွားကြလေသည်။ သူတို့၏ ခန္ဓာကိုယ်များသာ မက၊ သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် အခြေတည် ဝိညာဉ်များပါ နတ်ဘုရားဓား၏ ထက်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

အိမ်ရှေ့ မင်းသားထံမှပင် နာကျင်သော အော်ဟစ်သံ တစ်ခု ထွက်ပေါ် လာခဲ့သည်။ သူ၏ ဘယ်ဘက်လက်သည် ပြတ်ကာ သူ၏ စစ်ရထားမှာလည်း အက်ကွဲ သွားခဲ့လေပြီ ဖြစ်သည်။ သူ၏ ဆံပင်များသည် ရှုပ်ပွေနေကာ နောက်သို့ အရူးတစ်ပိုင်း ဆုတ်ခွာ သွား၏။

သူတို့၏ နောက်ရှိ အခြေတည် ဝိညာဉ် အဆင့်များနှင့် စစ်သင်္ဘောများမှာမူကား...

"ဘုန်း... ဘုန်း... ဘုန်း..."

အာကာသ အတွင်း၌ အရောင်အသွေး စုံလင် လှပသော ပေါက်ကွဲမှုများ အစီအရီ ဖြစ်ပေါ် သွား၏။ ရာချီသော စစ်သင်္ဘောများသည် ပျက်စီးကာ မရေမတွက်နိုင်သော ရွှေအမြုတေ အဆင့်များ၊ အခြေတည် ဝိညာဉ် အဆင့်များမှာ သေဆုံး သွားကြသည်။

"ဘယ်လိုဖြစ်သွားတာလဲ... မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး..."

ချင်ရဲ့က နောက်သို့ ဆုတ်ခွာရင်း ရေရွတ် လိုက်သည်။ သူ၏ လက်တစ်ဖက်သည် အရင်းမှ ပြတ်နေကာ သွေးများမှာ တစက်စက် ကျနေသည်။ ထိုအခိုက်၌ အပိုလို နန်းတော်၏ အိမ်ရှေ့ မင်းသားကား အစစ်အမှန် နဂါးတစ်ကောင်နှင့် လုံးဝ တူညီခြင်း မရှိတော့ချေ။

"ဟမ့်..."

ချန်းဖန်သည် ရှေ့သို့ တစ်လှမ်းတိုးကာ နောက်တစ်ကြိမ် ထပ်မံ ခုတ်ထစ်လျှက် တစ်ဒါဇင်သော အခြေတည် ဝိညာဉ် အဆင့်များကို ထက်ပိုင်းပိုင်း ပစ်လိုက်လေသည်။

ထို့နောက် သူက သက်ပြင်းချလိုက်၏။

"နတ်ဘုရား ပျံသန်းခြင်း ဓားချက်ကို တစ်ကြိမ်ပဲ သုံးနိုင်တာ ရှက်စရာပဲ..."

"နတ်ဘုရား ပျံသန်းခြင်း" သည် မဟာ နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်ပြီး ဓားကျိုး အတွင်းရှိ မူလ ပိုင်ရှင်၏ အသိစိတ်ကို နှိုးဆွ တိုက်ခိုက်သည်။ ထိုပိုင်ရှင် ပိုမို အစွမ်းထက် လေလေ၊ တိုက်ခိုက်မှုမှာ ပို၍ အစွမ်းထက် လေလေ ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကား နတ်ဘုရား နယ်မြေ၏ ဗိုလ်ချုပ် တစ်ယောက် ဖြစ်လေသည်။ ဓားမှ ထုတ်လွှတ်သည့် စွမ်းအားသည် အလွန် သေးငယ်သည့် တိုက်ခိုက်မှု တစ်ခု ဖြစ်သည့်တိုင် ထိုအရာပင် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်လေသည်။

"သူ့ကိုသတ်... အားလုံး သူ့ကို သတ်ကြ..."

ချင်ရဲ့က ဒေါသတကြီးဖြင့် ‌အော်ဟစ်လိုက်၏။ သူသည် နောက်ဆုံး၌ သူ၏ သတ္တမညီနှင့် မဟာ အကြီးအကဲ ခြောက်ယောက် အဘယ်ကြောင့် ရှုံးနိမ့်ခဲ့ရသည်ကို နားလည် သွားခဲ့ပြီ ဖြစ်သည်။ ချင်ရဲ့ စိတ်တိုနေသလို အနည်းငယ်လည်း ကြောက်လန့်နေမိ၏။ ချန်းပေ့ရွှမ်းကား အလွန် အစွမ်းထက်လွန်းလှသည်။

“တိုက်ကြဟေ့...”

“ဟူး... ဟူး...”

အလံများသည် သစ်တော တစ်တော ကဲ့သို့ နေရာ အနှံ့ ပြန့်ကျဲနေသည်။ မရေမတွက်နိုင်သော စစ်သားများသည် မိုးကဲ့သို့ ရွာသွန်းကျလာ၏။ မရေမတွက်နိုင်သော အခြေတည် ဝိညာဥ် အဆင့်များနှင့် ရွှေအမြုတေ အဆင့်များသည် ရဲရဲနီသော မျက်လုံးများဖြင့် ချန်းဖန်နှင့် အသက်ချင်းလဲလှယ်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။

“ဘုန်း... ဘုန်း...”

တစ်ချိန်တည်း၌ များစွာသော စစ်သင်္ဘောများသည် သူတို့၏ အဓိက အမြောက်များကို အသက်သွင်း လိုက်ကြသည်။ နတ်ဘုရား မိုးကြိုး အစီအရင် ကိုးဆယ့် ကိုးခုသည် တစ်ပြိုင်နက်တည်း အသက်ဝင်လာကာ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်နှင့် နှိုင်းယှဥ်နိုင်သည့် စွမ်းအားကို ဖော်ထုတ်ကြသည်။

“ဟူး... ဟူး...”

ချန်းဖန်သည် စစ်မြေပြင်နှင့် မရေမတွက်နိုင်သော တိုက်ခိုက်မှုများ၏ အလယ်၌ တည်ရှိနေ၏။ သူသည် တည်ငြိမ်စွာပင် ဓားကို ဝှေ့ယမ်းလျှက် အဘက်ဘက်သို့ လှည့်ကာ ခုတ်ထစ်နေသည်။ စက္ကန့်တိုင်း၌ ထောင်ချီသော ရွှေအမြုတေ အဆင့်များနှင့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်တို့မှာ ချန်းဖန်၏ ဓားဦး၌ သေဆုံး နေရသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

တစ်ခဏ အတွင်းမှာပင် စစ်သင်္ဘော ရှစ်စင်းသည် ပေါက်ကွဲကာ အခြေတည် ဝိညာဥ် အဆင့် တစ်ဒါဇင်မှာ အသတ်ခံ လိုက်ရပြီ ဖြစ်သည်။

သို့သော်လည်း များစွာသော စစ်သည်တော်များကား ရှေ့သို့ အဆင်အခြင်မဲ့စွာ တရကြမ်း တက်လာနေဆဲ ဖြစ်သည်။ မဟာ အကြီးအကဲ ဆယ်ယောက်ထဲမှာ အချို့မှာ ချန်းဖန်၏ တိုက်ခိုက်မှုများမှ လွတ်မြောက်နေဆဲ ဖြစ်သည့်တိုင် ဒဏ်ရာမျာ ကိုယ်စီ ရရှိသွားကြပြီ ဖြစ်သည်။ သူတို့သည် နတ်ဘုရား ဆေးမြစ်များကို ထုတ်ယူ စားသုံးလျှက် နတ်ဘုရား တစ်ပိုင်း ရတနာများကို အသုံးပြုကာ ချန်းဖန်အား နောက်တစ်ဖန် တိုက်ခိုက် လိုက်ကြပြန်၏။

“ဘုန်း...”

ကောင်းကင်သည် နောက်တစ်ကြိမ် အက်ကွဲ သွားပြန်လေတော့၏။

***

All Chapters