← Chapters

ကြယ်ပင်လယ် တစ်ခုလုံး အံ့အားသင့်ခြင်း

Vol. 12 Ch. 1162

ကြယ်ပင်လယ် တစ်ခုလုံး အံ့အားသင့်ခြင်း

Vol. 12 Ch. 1162

တစ်ခဏ အကြာ၌ ချီယွင်ဂိုဏ်း အကြီးအကဲက သက်ပြင်းချကာ ဆိုလိုက်၏။

“ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တောင် ဓားတစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားတယ်... ချန်းပေ့ရွှမ်းက မမျှော်မှန်းနိုင်တဲ့ အဆင့် တစ်ခု အထိ အစွမ်းထက်နေပြီ”

သူ၏ ဘေးနားရှိ အကြီးအကဲများမှာ တုန်ရီ နေကြ၏။ ထိုအရာကား အပိုလို နန်းတော်၏ ရွှေငှက် အင်ပါယာ ဖြစ်သည်။ ဂြိုဟ်နယ်မြေ နှစ်ခုတိတိကို ထိန်းချုပ်ထားသည့် အရှင်သခင် ဖြစ်သည်။ သူကား နှစ်ပေါင်း သိန်းချီအောင် ကျော်ကြားခဲ့သူ ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သော ကျင့်ကြံသူမှာ ချန်းပေ့ရွှမ်း၏ ဓားတစ်ချက်တွင်ပင် ပျောက်ကွယ် သွားရသည်။ ထိုအရာက ချန်းပေ့ရွှမ်းမှာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ထက် ပို၍ အစွမ်းထက်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

“မဟုတ်လောက်ဘူး... ကြည့်ရတာ ရွှေငှက် အင်ပါယာက သူ့ရဲ့ နတ်ဘုရား စိတ်အာရုံ တစ်စိတ်တစ်ပိုင်းကို အိမ်ရှေ့မင်းသား ချင်ရဲ့ဆီမှာ ထည့်ပေးလိုက်တာ ဖြစ်မယ်... တကယ်လို့ သူရဲ့ မူလ ခန္ဓာသာ ရောက်လာရင် ငါတို့ အကုန်လုံး အသက်တောင် ရှူနိုင်မှာ မဟုတ်ဘူး”

ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိခြင်းသည် ကောင်းကင်သို့ တက်ရခြင်းထက် ပို၍ ခက်ခဲသည်။ ထိုအဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်နိမ့် လေးလွှာမှ ကျင့်ကြံသူများ ခင်းကျင်းသည့် ဓမ္မ အစီအရင်များ၊ နတ်ဘုရား စွမ်းအားများမှာ သူတို့ အပေါ် သက်ရောက်ခြင်း မရှိတော့ချေ။ မဟာ ကျင့်ကြံသူ ပြန်လည် မွေးဖွားလာသူများသည် အလွန် အစွမ်းထက်သည် ဆိုသော်လည်း သူတို့သည် ဝိညာဥ် ဖွဲ့စည်းခြင်း တစ်ပိုင်း အဆင့်များကိုသာ အနိုင်ယူနိုင်ပေသည်။ ထို့ကြောင့်ပင် ချန်းပေ့ရွှမ်း အနိုင်ယူလိုက်သော အရာမှာ ရွှေငှက် အင်ပါယာ၏ အစစ်အမှန် ခန္ဓာ မဟုတ်နိုင်ချေ။ နတ်ဘုရား စိတ်အာရုံ တစ်စိတ်တစ်ပိုင်းပင် ဖြစ်ပေလိမ့်မည်။

“မှန်တယ်... ရွှေငှက်အင်ပါယာက သူ့ရဲ့ မိုင်တစ်ထောင်ပတ်လည်ကို လောင်ကြွမ်း ပစ်နိုင်တဲ့ ရွှေရောင်ငှက်ကိုးကောင်ကို ပိုင်ဆိုင်ထားတယ်လို့ ကျုပ်ကြားဖူးတယ်... တကယ်လို့ သူ ဒီကိုသာ ရောက်လာရင် ဒီအနားက ဂြိုဟ်တွေ အကုန်လုံး မီးပင်လယ် အဖြစ် ပြောင်းသွားလောက်ပြီ”

တစ်ယောက်က ခေါင်းညိတ်လိုက်၏။ ရွှေငှက် အင်ပါယာ ရောက်လာခြင်းမှာ လုံးဝ မဖြစ်နိုင်ချေ။

သို့တိုင်အောင် ကြယ်ပင်လယ်မှ များစွာသော ကျင့်ကြံသူများမှာ ချန်းဖန်ကို ကြောက်ရွံ့ ထိတ်လန့် နေကြဆဲ ဖြစ်သည်။ မဟာ ကျင့်ကြံသူ တစ်ယောက်၏ သွေးတစ်စက်၊ အဆောင် တစ်ခုပင်လျှင် အခြေတည် ဝိညာဥ် အဆင့်များကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းသည် ရွှေငှက် အင်ပါယာ၏ နတ်ဘုရား စိတ်အာရုံဖြင့် ဖွဲ့စည်းထားသော ခန္ဓာကို မကြောက်မရွံ့ ရင်ဆိုင်ကာ အနိုင်ယူခဲ့သည်။ ထိုကဲ့သို့သော သတ္တိမျိုးကား စာပင် တင်လောက်သည်။

များစွာသော လူများသည် စိတ်ထဲမှ နေ၍ ချန်းဖန်အား “နတ်ဘုရား အရှင်” အဖြစ် စတင်ကာ လက်ခံ လာခဲ့မိကြသည်။ သူတို့သည် ထိုအရာကို ဆန့်ကျင်ရန် ဆင်ခြေ ရှာမရတော့ချေ။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို မကြောက်မရွံ့ ရင်ဆိုင်ဝံ့သူတိုင်း ထိုဂုဏ်ပုဒ်နှင့် ထိုက်တန်ပေသည်။

***

ထိုအချိန် နဂါးငွေ့တန်း ဂလက်စီနှင့် အလင်းနှစ် ဘီလျံချီ အကွာအဝေး တစ်နေရာ၌...

အစစ်အမှန် မီးများဖြင့် ဖုံးလွှမ်းနေသည့် ဂြိုဟ်ကြီးတစ်လုံးမှာ အကာသထဲ၌ အဆုံးအစမဲ့ လွင့်မြောနေ၏။ ထိုဂြိုဟ်ကြီး၏ မြေပြင်ထက်တွင် ပေထောင်ချီ ရှည်လျားသည့် ဧရာမ ဘီလူးကြီး တစ်ကောင်သည် လဲလျောင်းနေသည်။ ရွှေရောင် မီးငှက် ကိုးကောင်သည် တွန်သံ ပေးလျှက် သူ၏ အထက် ကောင်းကင်တွင် ပျံဝဲနေ၏။

“ခလော... ခလော...”

ဘီလူးကြီးသည် အိပ်ပျော်နေခြင်း ဖြစ်သည်။ သူ၏ ဟောက်သံသည် မိုးကြိုး ထစ်ခြုန်းသံ ကဲ့သို့ ကျယ်လောင်လှကာ သူ၏ ဝင်လေ၊ ထွက်လေများမှာ မုန်တိုင်းကဲ့သို့ ပတ်ဝန်းကျင်ကို ဝှေ့ယမ်းနေ၏။

“ဟမ်...”

ရုတ်တရက် ဘီလူးကြီး၏ မျက်လုံးများမှာ ပွင့်ဟလာကာ နဂါးငွေ့တန်း ဂလက်စီ ရှိရာ အရပ်သို့ လှည့်ကြည့် လိုက်သည်။ ဒေါသ အရိပ်အယောင်သည် သူ၏ မျက်လုံးများတွင် ပေါ်လွင် လာခဲ့၏။

“ခမည်းတော်... ဘာများ ဖြစ်လို့ပါလဲ...”

မိုင်တစ်ရာ ရှည်လျားသော ခြေသုံးချောင်း ရွှေရောင်ငှက်ကြီး တစ်ကောင်မှာ သူ၏ ဘေးနားရှိ တောင်ကုန်း တစ်ခုသို့ ဆင်းသက်လာကာ မေးလိုက်လေသည်။

“စွန့်ပစ်ခံ ဂြိုဟ်နယ်မြေကို ငါထည့်ပေးလိုက်တဲ့ နတ်ဘုရား စိတ်အာရုံ ဖျက်ဆီး ခံလိုက်ရပြီ... မင်းရဲ့ ပဥ္စမနဲ့ သတ္တမ ညီတော်တွေ အသတ်ခံရတော့မယ်”

ဘီလူးကြီးက ပြောလိုက်သည်။ သူ၏ စကားလုံး တစ်ခုချင်းစီသည် နေ၏ မျက်နှာပြင်ကို စွမ်းအင် မုန်တိုင်း အလား တဒုန်းဒုန်းမြည်အောင် ရိုက်ခတ်သွား၏။

“ဟမ်... ရိုင်းစိုင်း ယုတ်မာလိုက်တာ... ဘယ်သူက အပိုလို နန်းတော်ကို ဆန့်ကျင်ပြီး ရွှေငှက် နတ်ဘုရား မိသားစုရဲ့ မျိုးဆက်တွေကို သတ်ရဲတာလဲ”

ခြေသုံးချောင်း ရွှေငှက်ကြီးမှာ ဒေါသထွက် သွား၏။ သူက အတောင်ပံကို ဖြန့်ကာ ခေါင်းအား အပေါ်သို့ လှန်ကာ နာကြည်းစွာ အော်ဟစ်လိုက်လေသည်။

“ဂီး...”

အော်ဟစ်သံနှင့် အတူ မိုင်ထောင်ပေါင်းများစွာ ကြီးမားသော စွမ်းအင်လှိုင်းကြီးမှာ ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ ထိုလှိုင်းများသည် ဟင်းလင်းပြင်ကို ဖြတ်ကာ မရေမတွက်နိုင်သော ဂြိုဟ်များ အထိ ပျံ့နှံ့ သွားလေ၏။ ထိုဂြိုဟ်များ၌ မှီတင်းနေထိုင်ကြသည့် မရေမတွက်နိုင်သော သက်ရှိများမှာ ရုတ်တရက် တုန်ရီသွားကာ တစ်ပြိုင်နက်တည်း ဒူးထောက် လိုက်ကြလေသည်။ သူတို့သည် အဘယ်ကြောင့် အရှင်သခင် နှစ်ယောက် ဒေါသထွက်နေသည်ကို နားမလည်ကြပါချေ။

“သူက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ... မင်းရော ငါရော ဝင်လို့ မရဘူး... ငါတို့ ဒီရန်ကြွေးကို အနာဂတ်မှာ ဆပ်ဖြစ်အောင် ဆပ်ရမယ်... တစ်နေ့ကျ သူအဲဒီ ဂြိုဟ်နယ်မြေကို ငြီးငွေ့ပြီး အပြင်ဘက် ထွက်လာလိမ့်မယ်... အဲဒီ အချိန်က ငါတို့ လက်စားချေမယ့် အချိန်ပဲ”

ဘီလူးကြီးက နဂါးငွေ့တန်း ဂလက်စီ ရှိရာသို့ လှမ်းကြည့်ရင်း ဆိုလိုက်လေသည်။ ချန်းဖန်နှင့် ကမ္ဘာမြေ၏ ပုံရိပ်တို့သည် သူ၏ မျက်လုံးထဲတွင် တဖျပ်ဖျပ် လက်နေတော့သည်။ ထို့နောက် သူသည် တစ်ချက် ပြုံးကာ ဂြိုဟ်၏ မျက်နှာပြင် အတွင်း တိုးဝင် ပျောက်ကွယ်သွားတော့သည်။

***

ထိုကဲ့သို့ အဖြစ်အပျက်မျိုးကား အပိုလို နန်းတော်သာ ဖြစ်ပျက်သွားခြင်း မဟုတ်ချေ။

“ဟူး... ဟူး...”

များစွာသော မဟာ ကျင့်ကြံသူများမှာ ဝူကျိဂိုဏ်း၊ တိုင်ချူ နတ်ဘုရား နယ်မြေ၊ ချန်ရှန်းဂိုဏ်း၊ မိစ္ဆာနေဂိုဏ်းများရှိ လျှို့ဝှက် နယ်မြေများမှ ထွက်ပေါ် လာကြသည်။ သူတို့ထဲမှ အချို့မှာ ဒေါသထွက်နေကြကာ အချို့မှာ မျက်မှောင်ကြုတ် နေကြသည်။ အချို့မှာမူ ဘာမှ မပြောပဲ ခေါင်းများကိုသာ ခါယမ်း နေခဲ့ကြသည်။

ထိုအခိုက်၌ သူတို့ အားလုံးသည် ချန်းဖန်ကို မြင်နေကြရပေသည်။ အလင်းနှစ် ဘီလျံချီ ကွာဝေးနေသည့်တိုင် မဟာ ကျင့်ကြံသူများ၏ အမြင် အာရုံမှာ လူတိုင်း၏ တွေးတောနိုင်စွမ်းထက်ပင် ကျော်လွန်လှသည်။ သို့သော်လည်း အဆုံး၌ သူတို့ ဘာလုပ်နိုင်မည်နည်း။ အကြမ်းတမ်း အခက်ထန်ဆုံး၊ ဒေါသအကြီးဆုံး ဝူကျိ နတ်ဘုရား နယ်မြေ ဂိုဏ်းချုပ်ပင်လျှင် တိမ်များထက်၌ ထိုင်နေရန်သာ တတ်နိုင်ခဲ့ပေသည်။

ထိုအချိန် ကမ္ဘာမြေ၌...

ချန်းဖန်သည် တစ်စုံတစ်ခုကို ခံစားမိဟန် တူသည်။ သူသည် သူ၏ နောက်သို့ ပြန်လှည့်ကြည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။ သို့သော်လည်း အဆုံး၌ သူသည် ရှေ့ကိုသာ ပြန်လည် လှည့်လိုက်လေ၏။

ချင်ရဲ့သည် ချန်းဖန်အား ငေးမောကာ ကြည့်နေမိ၏။ သူ၏ မျက်နှာထက်ရှိ တည်ငြိမ်မှုများကား ယခု အချိန်၌ ကုန်ဆုံး ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။

“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...”

သူကား စိတ်လွတ်နေဟန်ဖြင့် ထိုစကားလုံးကိုသာ ထပ်တလဲလဲ ရေရွတ် နေခဲ့သည်။

“ဘာကို မဖြစ်နိုင်တာလဲ...”

ချန်းဖန်က ဓားအား ဆုပ်ရင်း မေးလိုက်သည်။ သူသည် အနည်းငယ် အားနည်းနေ၏။ ခုတ်ချက် သုံးချက်တွင် သူသည် စွမ်းအင်၊ အမတေနှင့် ဝိညာဥ် တည်းဟူသော စွမ်းအင် သုံးခုကို စုစည်းကာ အားကုန် သုံးခဲ့ရသည်။ ရွှေငှက် အင်ပါယာ၏ နတ်ဘုရား စိတ်အာရုံကို သတ်ဖြတ်ရန်မှာ မည်ကဲ့သို့ လွယ်ကူပါမည်နည်း။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူ အသက်ရှူလိုက်တိုင်း၌ ထိုဒဏ်ရာများမှာ ပြန်လည်ကာ ကုစား နေခဲ့လေသည်။

“မင်းက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေသား... နောက်ပြီး အသက် ငါးဆယ်တောင် မပြည့်သေးဘူး... ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်နိုင်မှာလဲ... ငါ မယုံနိုင်ဘူး... အဟွတ်... အဟွတ်...”

ချင်ရဲ့က သွေးချောင်းတစ်ချက် ဆိုးကာ ဆက်ပြောလိုက်လေသည်။

“နောက်ပြီး ငါ့အဖေ ပေးလိုက်တဲ့ နတ်ဘုရား စိတ်အာရုံက မင်းလို အခြေတည် ဝိညာဥ် အဆင့်တွေ ခုခံနိုင်တဲ့ အရာ မဟုတ်ဘူး... ငါ ဘယ်လိုလုပ်ပြီး ကျဆုံးရမှာလဲ... မဖြစ်နိုင်ဘူး”

သူ့အတွက် ရွှေငှက် အင်ပါယာကား နတ်ဘုရား တစ်ပါးနှယ် ဖြစ်သည်။ ချင်ရဲ့သည် ထိုဝှက်ဖဲ ရှိနေသေးသမျှ ချန်းဖန်ကို ကြောက်လန့်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း ထိုအရာမှာ ချန်းဖန်၏ သုံးချက်တည်းဖြင့် ဖျက်ဆီးခြင်းအား ခံခဲ့ရလေသည်။

“အကို... မင်း ခုထိ သဘောမပေါက်သေးဘူးလား... ငါတို့ ရှုံးသွားပြီ လုံးဝကို ရှုံးသွားပြီ... ငါတို့တင် မကဘူး... အပိုလို နန်းတော်နဲ့ တောင်ပိုင်း ဒေသငယ် တစ်ခုလုံးပါ ရှုံးသွားတာ... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေကို ဝင်နိုင်တဲ့ ဘယ်သူမှ သူ့ကို နိုင်အောင် တိုက်နိုင်တော့မှာ မဟုတ်ဘူး.... သူက ဒီဂြိုဟ်နယ်မြေရဲ့ တကယ့် နတ်ဘုရား အရှင် ဖြစ်နေပြီ”

ချင်ကျန်းက တိုးတိတ်စွာဖြင့် ဆိုလိုက်လေသည်။ ကြယ်ကြွေဘုရင်သည် ခြေထောက် တစ်ဖက်တည်း ကျန်တော့သည့်တိုင် သူ၏ စိတ်မှာမူ ရှင်းလင်းနေဆဲ ဖြစ်သည်။

ချင်ကျန်းသည် ချန်းဖန်ကို လှမ်းကာ ကြည့်မိလိုက်၏။ မရေမတွက်နိုင်သော လက်နက်များ၊ သန်းချီသော စစ်သည်တော်များ၊ ထောင်ချီသော အခြေတည် ဝိညာဥ် အဆင့်များ၊ နတ်ဘုရား မင်းသားများနှင့် ဆယ်ချီသော မဟာ အကြီးအကဲများ ပင်လျှင် ထိုလူငယ်အား တိုက်ခိုက်ရာ၌ ကျဆုံးခဲ့ရသည်။ သူ့အား နတ်ဘုရား ရတနာများနှင့် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များ သာလျှင် သတ်ဖြတ်နိုင်ပေတော့မည်။ သို့သော်လည်း ကံမကောင်းစွာပင် ထိုအရာများမှာ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ အတွင်းသို့ မဝင်နိုင်ပါချေ။

ဤဂြိုဟ်နယ်မြေ၌ ချန်းပေ့ရွှမ်းကား ပြိုင်ဘက်ကင်းသွားခဲ့ပြီ ဖြစ်သည။ မည်သူမှ သူ့အား မယှဥ်နိုင်တော့ချေ။ အကယ်၍ သူ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းလိုလျှင်ပင် နောင်နှစ်ထောင်ဂဏန်း အတွင်း ဖြစ်နိုင်ချေ ရှိသည်။ အခြေတည် ဝိညာဥ် အစောပိုင်း အဆင့်တွင်ပင် ဤမျှ အစွမ်းထက်နေလျှင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်သောအခါ မည်သို့ ဖြစ်မည်နည်း။

ချင်ကျန်းမှာ နောက်ဆက်တွဲကို စဥ်းစားရင်း မျက်နှာ တစ်ခုလုံး ဖြူရော် သွားလေတော့၏။

သို့သော်လည်း ချင်ရဲ့မှာမူ ညီဖြစ်သူလောက် အမျှော်အမြင် ရှိဟန် မရချေ။ သူက ချန်းဖန်ကား အလွန် မုန်းတီး ခက်ထန်စွာ ကြည့်ရင်း အော်ဟစ်လိုက်၏။

“ချန်းပေ့ရွှမ်း... မင်း သန်းချီတဲ့ စစ်သည်တွေကို အနိုင်ယူနိုင်ရင်တောင် သူက အပိုလို နန်းတော်ရဲ့ မင်းသားပဲ... မင်းဆီမှာ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး... မင်းက ရေကန်ထဲက ငါးသာသာပဲ... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေလို ပျက်စီးနေတဲ့ အစုတ်အပြတ် နေရာမှာပဲ တစ်သက်လုံး နေရမယ့်ကောင်... ရေကန် အပြင်ဘက်က ကမ္ဘာကို ဘယ်တော့မှ ရောက်ဖူးမှာ မဟုတ်ဘူး... နောက်ပြီး ငါ့ခမည်းတော်နဲ့ အကိုတော်တွေက မင်းကို လက်စားချေဖို့...”

“ဝှစ်...”

သူ၏ စကားမဆုံးခင်မှာပင် ချန်းဖန်၏ ဓားသည် တစ်ချက် လှုပ်ယမ်းသွားကာ ချင်ရဲ့၏ ဦးခေါင်းမှာ ခန္ဓာကိုယ်မှ ကင်းကွာ သွားလေတော့သည်။ ထိုခုတ်ချက်တွင်ပင် ချင်ရဲ့၏ နတ်ဘုရား စိတ်ဝိညာဥ်နှင့် အခြေတည် ဝိညာဥ်တို့ကား အပြီးတိုင် ပြယ်လွင့် သွားခဲ့ရပြီ ဖြစ်လေတော့သည်။

၂၀၂၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်...

မြောက်ပိုင်းချုံး၏ နတ်ဘုရား အရှင် ချန်းပေ့ရွှမ်းသည် ထာဝရဂိုဏ်း ခုနစ်ဂိုဏ်း ပူးပေါင်းလာသော စစ်တပ်ကြီးအား အနိုင်ယူကာ စစ်ဦးစီး ချင်ရဲ့ကို သတ်ဖြတ်ခဲ့၏။ ထိုသတင်း ပျံ့နှံ့ သွားသည်နှင့် ကြယ်ပင်လယ် တစ်ခုလုံး အံ့အားသင့် သွားကြလေတော့သည်။

***

All Chapters