မမျှော်လင့်သော ဧည့်သည်
Vol. 12 Ch. 1164
“ဝှစ်...”
ရုတ်တရက် နဂါးကဲ့သို့ ကြယ်သင်္ကေတများ ချယ်သော အနက်ရောင် တန်ဖိုးကြီး ဝတ်စုံကို ဆင်မြန်းထားသည့် လူငယ် တစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အခြေတည် ဝိညာဥ် အဆင့် အုပ်စု တစ်ခုကို ခြံရံလျှက် ရောက်ရှိလာ၏။ များစွာသော လူများသည် တည်ကြည်ခန့်ညား၍ ရက်စက် ကြမ်းကြုတ်ဟန် ရှိသော ထိုလူငယ်၏ ဝတ်စုံကို ရင်းနှီးကြပေသည်။ ထိုအရာကား တောင်တန်း အင်ပါယာ နတ်ဘုရား အရှင် ဝတ်ဆင်ခဲ့သော ဝတ်စုံ ဖြစ်ပေသည်။ ထိုလူငယ်၏ စွမ်းအင်မှာ အလွန် အစွမ်းထက်ခြင်း မရှိချေ။ သူသည် အပိုလို နန်းတော် မဟာ နတ်ဘုရားမင်းသားလောက် အဆင့်သာ ရှိသည်။ သူကား မဟာတစ်ပိုင်း ကျင့်ကြံသူ ပင်လျှင် မဖြစ်သေးချေ။
“နတ်ဘုရား မင်းသား မင်ယန်...”
လောာ့ဝူဂိုဏ်း ဘိုးဘေးက အံ့အားသင့်စွာ ရေရွတ်လိုက်၏။
“သူက နတ်ဘုရား မင်းသား မင်ယန်... နတ်ဘုရားအရှင် တထျန်းရဲ့ သားလား... အပိုလို နန်းတော်ရဲ့ အိမ်ရှေ့ မင်းသားတောင် ချန်းပေ့ရွှမ်း လက်မှာ သေသွားပြီလေ... သူက ဘာလာလုပ်တာလဲ”
လူအများစုမှာ နားမလည်နိုင်ကြချေ။
ထိုအချိန်တွင်ပင် ချန်းဖန်သည် ဖြည်းညင်းစွာ လှည့်၍ တောင်တန်း အင်ပါယာ နတ်ဘုရား အရှင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်ကို ကြည့်လိုက်လေ၏။၊
“နတ်ဘုရား မင်းသား မင်ယန်... သူ ဘာလို့ ဒီကို ရောက်လာတာလဲ”
ထျန်းဟောင်ဂြိုဟ်၊ ကောင်းကင် ဂျူပီတာဂြိုဟ်၊ ကျဲ့ယွမ်ဂြိုဟ်တို့မှ များစွာသော အခြေတည် ဝိညာဥ် အဆင့်များမှာ မျက်မှောင်များ ကြုတ်လိုက်ကြလေသည်။ နတ်ဘုရား မင်းသား မင်ယန်သည် သူတို့၏ ဂြိုဟ်များထံသို့ ရောက်လာကာ အချို့ ကျင့်ကြံသူများကို ခေါ်ဆောင် သွားကြသည်။ လော့ဝူဂိုဏ်း၏ တတိယ ဘိုးဘေးသည် သူ၏ ညီဖြစ်သူကို နတ်ဘုရား မင်းသား မင်ယန်၏ နောက်၌ တွေ့လိုက်ရ၏။ ထိုစတုတ္ထ ညီတော်ကား ခေါင်းအား နိမ့်ပါးစွာ ငုံ့ရင်း နတ်ဘုရား မင်းသား မင်ယန်ကို နတ်ဘုရား တစ်ပါး ကဲ့သို့ လေးစားနေဟန် ရပေသည်။
“ဒီခွေးကောင်... ငါတို့တော့ ဒုက္ခရောက်ပြီ ထင်တယ်”
လော့ဝူဂိုဏ်း ဘိုးဘေးများမှာ မျက်နှာများ ဖြူရော်သွားကြသည်။
တစ်ချိန်တည်း၌ များစွာသော အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင်များမှာ နတ်ဘုရား မင်းသား မင်ယန်ကို ကြည့်ကာ ခေါင်းခါ နေကြသည်။
“တကယ့်ကို ဉာဏ်မရှိတဲ့ လုပ်ရပ်ပဲ... နတ်ဘုရား အရှင်ချန်းက ငါတို့ ဂြိုဟ်နယ်မြေမှာ အစွမ်း အထက်ဆုံး ဖြစ်နေပြီ... ဘယ်လိုလုပ်ပြီး နတ်ဘုရား မင်းသား တစ်ပါးက စိန်ခေါ်နိုင်မှာလဲ”
“နတ်ဘုရား မင်းသား မင်ယန်က နတ်ဘုရား အရှင် တထျန်းရဲ့ သားဆိုပေမဲ့ သူက အပိုလို နန်းတော်ရဲ့ အိမ်ရှေ့မင်းသား ရဲ့လောက်တောင် အစွမ်းထက်တာ မဟုတ်ဘူး... အပိုလို နန်းတော်နဲ့ အရှင် ရွှေငှက် အင်ပါယာရဲ့ တန်ခိုးက တောင်တန်း အင်ပါယာနဲ့ နတ်ဘုရား အရှင် တထျန်းထက် အမျာကြီး ပိုတယ်... သူ့အနေနဲ့ ခုလောက် မရဲတင်းသင့်ဘူး”
“နတ်ဘရား မင်းသား မင်ယန်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ကောင်းကင်အရှင် အန်ပို၊ ရှင်းဟူနှင့် ကျန်းချီဟိုတို့ကား ဂြိုဟ်နယ်မြေ၏ အရှင်သခင်ဟောင်းအပေါ် လေးစားမှု အရိပ်အငွေ့ တစ်ခုပင်လျှင် မရှိတော့ချေ။ နတ်ဘုရား အရှင် တထျန်း ပြန်လည် မွေးဖွားလာခြင်းမှ လွဲ၍ တောင်တန်း အင်ပါယာသည် ချန်းပေ့ရွှမ်းကို ယှဥ်နိုင်တော့မည် မဟုတ်ချေ။ နတ်ဘုရား မင်းသား မင်ယန်မှာ မီးပုံကို တိုးနေသည့် ပိုးဖလံနှင့်ပင် အလားသဏ္ဌာန် တူနေပေသည်။
“ဘာဖြစ်ဖြစ် မင်ယန်လာတာ ကောင်းတာပဲ... ငါတို့ သူ့ကို သတ်ပြီး နတ်ဘုရား အရှင် ကြိုဆိုပွဲ အခမ်းအနားရဲ့ အထူး အစီအစဥ် တစ်ခု ဖန်တီးလိုက်တာပေါ့ဂ
အချို့ ကျင့်ကြံသူများမှာ တိုက်ခိုက်ရန် တရွရွပင် ဖြစ်နေကြပြီ ဖြစ်လေသည်။ တောင်ပိုင်း ဒေသငယ်မှ လာသည့် ကျင့်ကြံသူများ ပင်လျှင် ခေါင်းခါ နေကြသည်။ ချန်းပေ့ရွှမ်းကား စစ်သည်တော် တစ်သန်းကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ သူကား နတ်ဘုရား မင်းသား တစ်ပါးမှ ဆန့်ကျင်နိုင်သည့် ဖြစ်တည်မှု မဟုတ်ချေ။
ကြယ်ပင်လယ်မှ လေလွင့် ကျင့်ကြံသူ ဟောင်ယွမ်က လှမ်းကာ အော်ငါက်လိုက်၏။
“ကောင်လေး... မင်း ရူးနေလား... နတ်ဘုရား အရှင်ချန်းက နဂါးငွေ့တန်း ဂြိုဟ်နယ်မြေမှာ ပြိုင်ဘက်ကင်းတယ်... မင်းလို အဆင့်နဲ့ သူ့ကို ဆန့်ကျင်ရဲတယ်ပေါ့”
ဟောင်ယွမ်သည် အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် အဝါရောင် မှိန်ဖျော့ဖျော့ လင်းနေသည့် အနက်ရောင် တံစဥ် နှစ်ခုကို ထိန်းချုပ်ထားသည်။
ဟောင်ယွမ်သည် ရှန်းယန်ဂြိုဟ်နယ်မြေ၏ ထင်ရှားသော ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်တစ်သောင်းခန့်က စတင် ကျော်ကြားလာသူ တစ်ယောက် ဖြစ်ကာ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်တွင် ရှိနေသူလည်း ဖြစ်၏။ သူကား ထာဝရဂိုဏ်းများ၏ နတ်ဘုရား မင်းသားများနှင့်ပင် ယှဥ်၍ တိုက်ခိုက်နိုင်သူ ဖြစ်သည်။ သူ၏ တံစဥ် လက်နက်မှာ ရှန်းယန် ဂြိုဟ်နယ်မြေ ဓားပျံ လက်နက် သတ်မှတ်ချက်တွင် အဆင့် ဆယ့်သုံး ဖြစ်၏။
"သွား…"
ဟောင်ယွမ်သည် ဓားကျင့်စဉ် တစ်ခုကို ခင်းကျင်း လိုက်သည်။
တံစဉ်နှစ်စင်းသည် ပေပေါင်း ဆယ်ချီ ရှည်လျားသည့် အနက်ရောင် အလင်းတန်း အသွင် ပြောင်းလဲ သွားသည်။ ၎င်းသည် အဝါရောင် အလင်း ဖျော့ဖျော့ကို ဝန်းရံကာ အနက်ရောင်ဝတ် လူငယ်ထံ တိုးဝင် သွားလေ၏။
ထိုအရာများကား အလွန် လျှင်မြန် လွန်းလှပေသည်။ အချို့ နတ်ဘုရား မင်းသားများ ပင်လျှင် အချိန်မီ ခုခံရန် ခက်ခဲ ပေလိမ့်မည်။ ဟောင်ယွမ်သည် ချန်းဖန်ထံမှ မျက်နှာကောင်း ရရန် ထိုတိုက်ခိုက်မှုဖြင့် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
"ဘုန်း…"
တံစဉ် နှစ်စင်းသည် အနက်ရောင်ဝတ် လူငယ်နှင့် ပေတစ်ရာ အကွာသို့ ရောက်သည်နှင့် ရုတ်တရက်ပင် အေးခဲ သွားသည်။ ၎င်းတို့ကား ရှေ့သို့ တစ်လက်မမျှ ရှေ့ဆက်တိုးနိုင်ခြင်း မရှိတော့ချေ။ ဟောင်ယွမ်သည် သူ၏ လက်နက်များကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစား လိုက်သော်လည်း ၎င်းတို့ကား ကျောက်တိုင်ကြီး တစ်ခု အလား ခိုင်မာ နေခဲ့လေ၏။
"ဟောင်ယွမ်… ညက မင်းမိန်းမနဲ့ ဘယ်လောက်တောင် ပွဲကြမ်းထားတာလဲဟ… မင်းရဲ့ ဓားစဉ်ပျံတွေကို ကြည့်ရတာ ဒူးချောင် နေသလိုပဲ… သူတို့က မင်းရဲ့ အမိန့်ကိုတောင် မနာခံနိုင်တော့ဘူး… တုန်ချိတုန်ချိနဲ့… ဟီးဟီး…"
ကြယ်ပင်လယ်မှ ကျင့်ကြံသူများမှာ ဝိုင်းဝန်း လှောင်ပြောင် လိုက်ကြလေသည်။
"မင်းတို့ကောင်တွေ…"
ဟောင်ယွမ်မှာ အရှက်ရသောကြောင့် မျက်နှာ တစ်ခုလုံး နီရဲသွားလေသည်။
"ငါ လုပ်ကြည့်ရအောင်…"
အခြား ကျင့်ကြံသူ တစ်ယောက်မှာ ရှေ့သို့ တက်လာ၏။ လူတိုင်းမှာ သူ့အား ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားကြသည်။
ထိုအသက်လတ် အရွယ် ကျင့်ကြံသူကား ဓားကျိုးသခင် ဟု အမည်ရသည်။ သူသည် အနှစ် သုံးသောင်းကျော် ရှင်သန်ပြီး ဖြစ်ကာ မဟာ ကျင့်ကြံသူ တစ်ပိုင်းအောက် အလွှာ၌ အစွမ်း အထက်ဆုံး တစ်ယောက် ဖြစ်သည်။ သူသည် ခန္ဓာကိုယ်နှင့် သိုင်းပညာကို အသားပေး ကျင့်ကြံသည့် ရှားပါးသော သိုင်းသမား တစ်ယောက်လည်း ဖြစ်သည်။ သူ၏ လက်ထဲရှိ အမတေ ဓားကျိုးမှာ အစစ်အမှန် အမတေကို ဖျက်ဆီးရာ၌ နံပါတ်တစ်ဟု ကျော်ကြားသည့် ကောင်းကင် ရတနာ တစ်ခု ဖြစ်ပေသည်။
“ဖွင့်...”
ဓားကျိုးသခင်မှာ ခြေတစ်လှမ်းတည်းဖြင့် မိုင်ရာဂဏန်းကို ဖြတ်ကျော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အလွန် သန်စွမ်းလွန်းရကား သွားရာလမ်းတစ်လျှောက်၌ အက်ကြောင်း တစ်ခု ပင်လျှင် ဖြစ်ပေါ်သွားသည်။ သူ၏ လက်ထဲရှိ အမတေ ဓားကျိုးသည် ကြမ်းတမ်း ခက်ထန်စွာ မင်ယန်ထံ တိုးဝင်သွား၏။
“ခရက်...”
နတ်ဘုရား မင်းသား မင်ယန်သည် လက်ညိုးကို ဆန့်ထုတ်ကာ တောက်ထုတ်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် အလင်း မှိန်ဖျော့နေကာ မည်သည့် နတ်ဘုရား စွမ်းအားကိုမျှ သယ်ဆောင်ထားခြင်း မရှိချေ။ သို့သော်လည်း ၎င်းသည် ဓားကျိုးကို ထက်ပိုင်းဖြတ်ကာ ပိုင်ရှင်ထံသို့ပါ ဆက်လက် ဖြတ်သန်းသွားသည်။
“ဘုန်း...”
ရုတ်ချည်းပင် ဓားကျိုးသခင်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသည်။ သူ၏ နတ်ဘုရား ဝိညာဥ်နှင့် အခြေတည် ဝိညာဥ်တို့ ပင်လျှင် မလွတ်မြောက်ခင် ဖျက်ဆီး ခံလိုက်ရလေသည်။ တစ်ခဏ အတွင်းမှာပင် ဓားကျိုးသခင်ကား သေဆုံး သွားခဲ့ရပြီ ဖြစ်လေသည်။
“ဘာလဲ...”
လူတိုင်းမှာ ဆွံ့အ ငြိမ်သက်သွားကြ၏။ ဓားကျိုးသခင်ကား အစွမ်း အထက်ဆုံး လေလွင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ့ထက် ပို အစွမ်းထက်သူ ဟူ၍ “အထီးကျန် သူရဲကောင်း” တစ်ယောက်သာလျှင် ရှိတော့သည်။ သို့သော်လည်း သူသည် အားနည်းဟန် ရသည့် အနက်ရောင်ဝတ် လူငယ်၏ လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
“နတ်ဘုရား မင်းသား မင်ယန်က ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်လာတာလဲ”
လော့ဝူဂိုဏ်း တတိယ ဘိုးဘေးက နားမလည်စွာ ရေရွတ်လိုက်၏။
“ဟုတ်တယ်... နောက်ဆုံး အကြိမ် ဆုံတုန်းက သူက အစွမ်းထက်တယ် ဆိုပေမဲ့ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်မှာပဲ ရှိသေးတာပါ... ဘယ်တုန်းက ဒီလောက်ကြီး အစွမ်းထက်သွားတာပါလိမ့်”
အမှောင်မြူနှင်းဂြိုဟ်မှ အခြေတည် ဝိညာဥ် အဆင့် အချို့မှာလည်း အံ့အားသင့် နေကြလေသည်။
“ဘာမှလည်း မထူးခြားဘူး...”
အနက်ရောင်ဝတ် လူငယ်က နောက်တစ်ကြိမ် အေးစက်စွာ ရေရွတ်လိုက်ပြန်၏။
“မင်း ဘယ်သူလဲ...”
တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်က ခံစားချက် မဲ့သော လေသံဖြင့် မေးလိုက်သည်။ တစ်ချိန်တည်း၌ များစွာသော လူများမှာလည်း ထိုပုဂ္ဂိုလ်မှာ နတ်ဘုရား မင်းသား မင်ယန် ဟုတ်ပါ၏လော စတင်ကာ ဝေခွဲမရ ဖြစ်လာကြသည်။
နတ်ဘုရား မင်းသား မင်ယန်သည် နတ်ဘုရားအရှင် တထျန်း၏ အထွေးဆုံးသား ဖြစ်သည်။ သူသည် မွေးဖွားလာချိန်မှ စ၍ ထျန်းဟောင်ဂြိုဟ် အတွင်းပိုင်းတွင်နေကာ ဂြိုဟ်စွမ်းအင်ဖြင့် ပြုစု ပျိုးထောင်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း သူသည် ဓားကျိုး သခင် ကဲ့သို့သော ကျင့်ကြံသူကို လက်ညိုး တစ်ချောင်းတည်းဖြင့် သတ်နိုင်သည် အထိ အစွမ်း မထက်ပါချေ။ ဝတ်စုံနက် ဝတ်ဆင်ထားသော ထိုလူငယ်ကား မည်သူနည်း။
“ဘယ်သူပဲ ဖြစ်ဖြစ်... သူက နတ်ဘုရား အရှင်ချန်းကို ဆန့်ကျင်ပြီး ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ခရမ်းရောင် ဂျိုးငှက်ဂိုဏ်း အကြီးအကဲက အေးစက်စွာ ဆိုလိုက်၏။
“ဟုတ်တယ်...”
အခြား အခြေတည် ဝိညာဥ် အဆင့်များကလည်း ခေါင်းညိတ် ထောက်ခံ လိုက်ကြသည်။ သူတို့သည် ထိုလူငယ်အား အလေးအနက်ထားခြင်း မရှိပါချေ။ နတ်ဘုရား အရှင်ချန်းအား ဆန့်ကျင်ရန် ကြိုးစားခြင်းမှာ ကျောက်တောင်ကို ကြက်ဥဖြင့် ခွဲရန် ကြိုးစားနေခြင်းနှင့် အတူတူပင် ဖြစ်သည်။
သို့သော်လည်း အားလုံးနှင့် ဆန့်ကျင်စွာပင် ချန်းဖန်၏ အမူအရာမှာ လေးနက်နေ၏။ သူက မျက်မှောင်ကြုတ်ကာ အနက်ရောင်ဝတ် လူငယ်အား ကြည့်ရင်း ရေရွတ်လိုက်သည်။
“တထျန်း...”
“တထျန်း... ဟုတ်လား...”
ရုတ်ချည်းပင် မရေမတွက်နိုင်သော လူများ၏ မျက်နှာများမှာ ဖြူရော် သွားကြလေတော့သည်။
***