နတ်ဘုရားအရှင် တထျန်း
Vol. 12 Ch. 1165
များစွာသော လူများမှာ အနက်ရောင် ဝတ်စုံဝတ် နတ်ဘုရား မင်းသား မင်ယန်ကို သရဲတစ္ဆေ တစ်ကောင်အလား ကြည့်လိုက်ကြလေသည်။
“နတ်... နတ်ဘုရား အရှင်ချန်း ဆိုလိုတာက... ဒီပုဂ္ဂိုလ်က နတ်ဘုရား အရှင် တထျန်းလို့လား...”
ဝူဝမ်တင်မှာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်သည်။
“အဲဒါက တကယ်ပဲ နတ်ဘုရား အရှင် တထျန်းလား... ဘယ်လိုဖြစ်နိုင်မှာလဲ”
လော့ဝူဂိုဏ်း အကြီးအကဲများ၏ မျက်လုံးများမှာ ပေါက်ထွက်တော့မတတ် ပြူးကျယ် နေလေ၏။
“မဖြစ်နိုင်ဘူး... ငါတို့ အရှေ့ဂြိုဟ်နယ်မြေက ရှေးဟောင်း နတ်ဘုရားတွေ ချန်ခဲ့တဲ့ အစီအရင်တွေနဲ့ ပြည့်နေတာ... ဘယ်လိုလုပ်ပြီး မဟာ ကျင့်ကြံသူ တစ်ယောက် ဝင်နိုင်မှာလဲ... အဲဒီ စည်းကမ်းသာ မရှိရင် ငါတို့ ဂြိုဟ်နယ်မြေ ပျောက်ကွယ်သွားတာ ကြာလှပြီ”
ချီယွင်ဂိုဏ်း ဘိုးဘေးက တုန်ရီစွာ ခေါင်းခါရင်း ငြင်းဆန်ရန် ကြိုးစားလိုက်သည်။
“ဒါပေမဲ့ ခင်ဗျား နတ်ဘုရားအရှင်ချန်း ပြောတာ မကြားဘူးလား... အဲဒါက နတ်ဘုရားအရှင် တထျန်းပါလို့”
အခြားတစ်ယောက်က ဆိုလိုက်၏။
“အဓိပ္ပာယ် မရှိတာ... တောင်တန်း အင်ပါယာရဲ့ နတ်ဘုရား အရှင်တထျန်းက လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်တည်းက သေသွားတာ... ဘယ်လိုလုပ် ပြန်ပြီး ရှင်လာမှာလဲ”
ခရမ်းရောင် ချိုးငှက်ဂိုဏ်း အကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။
“နတ်ဘုရား မင်းသား မင်ယာက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းသွားတာရော မဖြစ်နိုင်ဘူးလား”
အခြား တစ်ယောက်က ဆိုလိုက်ပြန်၏။
“မဖြစ်နိုင်ဘူး... တစ်စုံတစ်ယောက် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းရင် ဂြိုဟ်နယ်မြေမှာ တာအို သင်္ကေတတွေ ဖုံးလွှမ်းလာတတ်တယ်... ကောင်းကင်ရဲ့ ဥပဒေသက အော်မြည်ပြီး ဓမ္မတရားတွေ ကွန့်မြူးတယ်... ဘယ်လိုမှ ဖုံးကွယ်လို့ မရဘူး... အယောင်ဆောင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွေတောင်မှပေါ့”
တစ်ယောက်က လျှင်မြန်စွာပင် ငြင်းဆိုလိုက်၏။
အရှေ့ဂြိုဟ်နယ်မြေ တစ်ဖြစ်လည်း စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ၌ နတ်ဘုရား အရှင်များ ပေါ်ထွက်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ ဖြစ်သည်။ ရှေးဟောင်း မှတ်တမ်းများကြောင့်သာ မဟုတ်ပါက သူတို့ ရှိခဲ့ကြောင်းပင် ပြောနိုင်လိမ့်မည် မဟုတ်ချေ။
“အဲဒါက တကယ်ပဲ နတ်ဘုရားအရှင် တထျန်း ပြန်ရှင်သန်လာတာလား...”
ဝူဝမ်တင်က ရေရွတ်လိုက်သည်။
“နတ်ဘုရားအရှင်ချန်း ပြောထားတယ် မလား... ဘယ်လိုလုပ်မှားနိုင်မှာလဲ”
ချန်ရှန်းဂိုဏ်းချုပ် လီယွမ်က ဖြူရော်စွာ ပြုံးလိုက်လေသည်။
“နတ်ဘုရား အရှင် တထျန်း ဘယ်လို ပြန်ရှင်လာလဲတော့ ငါလည်း မသိဘူး... ဒါပေမဲ့ ဒီကိစ္စ အားလုံးရဲ့ နောက်ကွယ်မှာ နတ်ဘုရား မင်းသား မင်ယာ ရှိလိမ့်မယ်”
ထျန်းဟောင်ဂြိုဟ်၊ ဘိုးဘေး ကျင်းဟိုင်က မြောက်နတ္ထိ ကောင်းကင်နယ် ဝမ်ချင်ဂိုဏ်းချုပ်ကို အားနည်း စိတ်ပျက်ဟန် လှမ်းကြည့်လိုက်သည်။
“ငါတို့တော့ သွားပြီ... အရှင် တထျန်း ပြန်လာပြီ... သူက တောင်တန်း အင်ပါယာ အတွက် ကျိန်းသေ ပြန်ပြီး လက်စားချေလိမ့်မယ်... နတ်ဘုရား အရှင်ချန်းဘက်မှာ ရပ်ခဲ့တဲ့ ဘယ်သူမဆို အကုန်လုံး သုတ်သင်ခံရတော့မယ် ထင်တယ်”
ချင်းရှီနှင့် ကျူးဝမ်မျိုးနွယ် မဟာ အကြီးအကဲတို့မှာလည်း စိုးရိမ်နေကြသည်။ မြောက်ပိုင်းချုံး လူငယ် ကျင့်ကြံသူ အချို့က နားမလည်စွာဖြင့် မေးလိုက်ကြ၏။
“မဟာ အကြီးအကဲ... နတ်ဘုရား အရှင် တထျန်းက ဘယ်သူလဲဗျ”
နတ်ဘုရား အရှင် တထျန်း ပျောက်ကွယ်နေခဲ့သည်မှာ နှစ်ပေါင်း တစ်သိန်းခန့် ရှိခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံခြင်း လူမှု အဖွဲ့အစည်း အဖြစ် စတင်ခါက ကမ္ဘာသားတို့ အနေဖြင့် မည်ကဲ့သို့ ကြားဖူပါမည်နည်း။
“နတ်ဘုရား အရှင် တထျန်း ဆိုတာက တောင်တန်း အင်ပါယာရဲ့ တည်ထောင်သူ၊ ဂြိုဟ်နယ်မြေ တစ်ခုလုံးရဲ့ ဆဋ္ဌမမြောက် မဟာ ကျင့်ကြံသူပေါ့... သူက အယောင်ဆောင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ဆိုပေမဲ့ သူ့ရဲ့ စွမ်းအားက အစစ်အမှန် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွေနဲ့ မကွာခြားဘူး... ဒါပေမဲ့ သတင်းတွေ အရဆို သူက လွန်ခဲ့တဲ့ နှစ်တစ်သိန်းတည်းက သေဆုံး သွားခဲ့တာတဲ့... ခု ဘယ်လို ပြန်ပေါ်လာလဲ ဆိုတာတော့ ငါလည်း မသိဘူး”
ကောင်းကင်အရှင် အန်ပိုက ပြန်ဖြေလိုက်သည်။ သူ၏ မျက်နှာမှာ မည်သည့် ခံစားချက်ကိုမှ ဖော်ပြ မထားသော်လည်း သူ၏ စိတ်နှလုံးမှာမူ လှိုင်းထန်နေလေ၏။
အယောင်ဆောင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်မှာလည်း ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်သာလျှင် ဖြစ်ပေသည်။ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ၌ ထိုအဆင့်မှာ ပြိုင်ဘက်ကင်းနေဆဲ ဖြစ်သည်။ အကယ်၍ ထိုအနက်ရောင်ဝတ် လူငယ်ကသာ အမှန်တကယ် နတ်ဘုရား အရှင် တထျန်း ဆိုပါက ချန်းပေ့ရွှမ်းနှင့် အရှေ့ဂြိုဟ် ကပ်ဘေးဆိုက်မှာ သေချာနေပြီ ဖြစ်သည်။
“ဆရာ...”
အာကာသထဲ၌ အားရှို့တို့မှာ ချန်းဖန် နံဘေး၌ ရှိနေကြဆဲ ဖြစ်သည်။ သူတို့သည် ချန်းဖန်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေခဲ့ကြလေသည်။
“ကမ္ဘာကို ပြန်တော့... ဒီပြဿနာကို ငါရှင်းလိုက်မယ်”
ချန်းဖန်က ဆိုလိုက်၏။
“မပြန်ဘူး ဆရာ... ကျွန်မတို့ ဆရာနဲ့ အတူ တိုက်ခိုက်ပေးမယ်”
အားရှို့က အံကို တင်းတင်းကြိတ်ကာ ချန်းဖန်၏ နံဘေးတွင် ရပ်လိုက်သည်။ ချီရှို့အာ၊ ကျန်းချူရန်နှင့် လုယန်ရွယ်တို့မှာလည်း တစ်လက်မပင် ရွေ့လျားခြင်း မရှိချေ။
သူတို့ကား မရင့်ကျက်ပဲ ကလေးဆန်လွန်းလှသည်။ အကယ်၍ လိမ္မာ ပါးနပ်ပါက သူတို့ အနေဖြင့် အခြေအနေမှာ မည်မျှ ဆိုးရွားနေကြောင်း သိနိုင်ပေသည်။ အနက်ရောင် လူငယ်မှာ နတ်ဘုရား မင်းသား မင်ယန်၊ နတ်ဘုရား အရှင် တထျန်း မည်သူပင် ဖြစ်စေကာမူ သူတို့ကဲ့သို့ ရွှေအမြုတေ အဆင့်များ အနေဖြင့် မည်သို့မျှ အသုံးဝင်လိမ့်မည် မဟုတ်ချေ။
“ဟား ဟား... ချန်းပေ့ရွှမ်း... မင်း ဒီနေ့ ဒီနေရာမှာ အဆုံးသတ် ရလိမ့်မယ် လို့ ငါ ထင်မထားခဲ့ဘူး... မင်းက ကံကြမ္မာရဲ့ သားတော် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ရင်တောင် အခု ဘာတတ်နိုင်သေးလဲ... မင်း မိသားစုနဲ့ တပည့်တွေကို ဆက်ပြီး ကာကွယ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့”
ချင်ကျန်းက အော်ဟစ်ကာ ရယ်မောလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း...”
ချန်းဖန်က လက်ပြန် ရိုက်ထုတ်လိုက်လေရာ ချင်ကျန်းမှာ နောက်သို့ ပေထောင်ချီအောင် လွင့်စဥ် သွားလေသည်။ ထို့နောက် ချန်းဖန်သည် ဓားအား အသင့်ပြင်ကာ တပည့်များ၏ ရှေ့မှ ကာလျှက် အမိန့်ပေးလိုက်၏။
“ခုချက်ချင်း ထွက်သွားတော့... ငါ ဒီတိုက်ပွဲကို ရှုံးချင်မှ ရှုံးမှာ... ဒါပေမဲ့ နင်တို့ ဒီမှာ ရှိနေရင် ငါ့ရဲ့ ခွန်အားတွေကို နင်တို့ကို ကာကွယ်ဖို့ အတွက် ခွဲသုံးရဦးမယ်... ကမ္ဘာဆီကို မြန်နိုင်သမျှ မြန်မြန်ပြန်... ကမ္ဘာမှာ အကာအကွယ် အစီအရင်တွေ ရှိတဲ့ အတွက် သူ ဝင်နိုင်မှာ မဟုတ်ဘူး”
ကမ္ဘာသည် အပြင်ဘက်မှ ကြည့်ပါက သာမန် ဂြိုဟ်ပြာ တစ်လုံးနှင့် တူသည့်တိုင် ရှေးဟောင်း မိစ္ဆာ တစ်ကောင်ကို ပိတ်လှောင်ထားသည့် နေရာ ဖြစ်သည်။ ဝိညာဥ် ဖွဲ့စည်းခြင်းနှင့် အထက် စွမ်းအင် အားလုံးကို ထိုနေရာက ကန့်သတ်ထားသည်။ အကယ်၍ ထိုလူငယ်သာ ကမ္ဘာအတွင်းကို အတင်းအကြပ် ဝင်ရန် ကြိုးပမ်းပါက တစ်စက္ကန့် အတွင်း နတ်ဘုရား မိုးကြိုးများ၏ အပြစ်ပေးခြင်းကို ခံရကာ ပြာမှုန် ဖြစ်သွားလိမ့်မည် ဖြစ်သည်။
“ဆရာ... အတူတူ ပြန်ကြမယ်လေ... သူ အထဲ မဝင်နိုင်ရင် ကျွန်မတို့ အသက်နဲ့ ရင်းပြီး မတိုက်ခိုက်လည်း ဖြစ်တာပဲကို... ကမ္ဘာမှာ ပုန်းနေရင်...”
ချီရှို့အာက ချန်းဖန်ကို နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။
“ပြန်တော့...”
ချန်းဖန်က ခေါင်းခါလိုက်၏။ အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် သာမန် ရွှေအမြုတေ အဆင့်လေးများ ထွက်ပြေးသွားခြင်းကို လုံးဝ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူတို့ကား သူ့အတွက် ပုရွက်ဆိတ်လေးများသာ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်မှာမူ ခြားနား၏။ သူကား တောင်တန်း အင်ပါယာကို ချေမှုန်းကာ ကမ္ဘာမကျေ ရန်ကြွေးအား ဖန်တီးခဲ့သူ ဖြစ်သည်။ သို့ဖြစ်လေရာ သူ ထွက်ပြေးခြင်းကို မည်သို့ ခွင့်ပြုလိမ့်မည်နည်း။
အားရှို့နှင့် အခြားလူများ ကမ္ဘာဆီသို့ ပြန်လည် ထွက်ခွာသွားပြီးနောက် ချန်းဖန်က အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို လှည့်ကြည့်လိုက်၏။
“တထျန်း...”
အနက်ရောင် ဝတ်စုံဝတ် လူငယ်မှာမူ ဆိတ်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ထူးမခြားနားသော ဟန်ပန်ဖြင့် တောင်တန်း တစ်ခု ကဲ့သို့ ရပ်နေခဲ့၏။
“မင်းက ပြန်ပြီး အသက်ရှင်ဖို့ အတွက် သားအရင်းရဲ့ ခန္ဓာကို အသုံးချခဲ့တယ်... မင်းရဲ့ မူလ အမတေကို သူ့ဆီမှာ ချန်ရစ်ပြီး ခန္ဓာကိုယ်ကို အတင်းအကြပ် ယူခဲ့တယ်... မင်းကိုမြင်ကတည်းက အရာ အားလုံးကို ငါခန့်မှန်း ပြီးပြီ”
ချန်းဖန်က အေးစက်စွာ ဆိုလိုက်လေ၏။
“ဟမ့်...”
အနက်ရောင် ဝတ်စုံဝတ် လူငယ်က မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ ဓမ္မ အသွင်သည် အလွန်အမင်း ရှည်လျားကာ လ၏ နံဘေးတွင် ရပ်နေခဲ့သည်။ သူသည် တောင်တန်း ကဲ့သို့ ကြီးမားသော မျက်လုံးများဖြင့် ချန်းဖန်အား ထူးမခြားနားစွာ ကြည့်လိုက်လေသည်။
ထို့နောက် သူက ဆိုလိုက်၏။
“မင်းရဲ့ ဓမ္မ စွမ်းအားက မလုံလောက်ဘူး.. ဒါပေမဲ့ မင်းရဲ့ ထိုးထွင်းဉာဏ်ကတော့ မဆိုးဘူး”
နတ်ဘုရား အရှင် တထျန်းက သက်ပြင်းတစ်ချလိုက်၏။
“ချန်းပေ့ရွှမ်း... မင်းက အတော်လေး ပါရမီပါတယ်... ဒါပေမဲ့ တောင်တန်း အင်ပါယာကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တာ မင်းမှားတာပဲ... မဟုတ်ရင် မင်းက ငါ့တောင်တန်း အင်ပါယာရဲ့ ဆက်ခံသူ တစ်ယောက်တောင် ဖြစ်လာနိုင်တယ်... ငါတို့ အတူတူ ပူးပေါင်းပြီး မဟာ အခွင့်အရေးကိုတောင် ရယူနိုင်စွမ်း ရှိတယ်....”
နတ်ဘုရား အရှင် တထျန်းမှာ ကြောင်မှ ကြွက်ကို ကစား သကဲ့သို့ သဘောထားနေဟန် ရသည်။ သူက လက်သုံးချောင်းထောင်က ချန်းဖန်အား ပြောလိုက်သည်။
“မင်း မသေခင် ငါ့ကို မေးခွန်း သုံးခု မေးခွင့်ပြုတယ်”
ချန်းဖန်မှာ ဒေါသထွက်ဟန် မရချေ။ သူက အနည်းငယ် စဥ်းစားကာ မေးလိုက်၏။
“လွန်ခဲ့တဲ့ နှစ်တစ်သိန်းတုန်းက နတ်ဘုရား အရှင်ကျန်းကို မင်း သတ်လိုက်တာလား”
**