← Chapters

ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့က ကောင်းကင်ကို တက်ရတာထက် ပိုခက်တယ်

Vol. 12 Ch. 1175

ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့က ကောင်းကင်ကို တက်ရတာထက် ပိုခက်တယ်

Vol. 12 Ch. 1175

၂၀၃၁ ခုနှစ်၊ မေလ ၇ ရက်...

မြောက်ပိုင်းချုံး သက္ကရာဇ် ၃ ခုနှစ်...

အချိန်ကာလကား သုံးနှစ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုသုံးနှစ် အတွင်းရှိ နေ့ရက် တစ်ရက်ချင်းစီ၌ ကမ္ဘာသည် များစွာ တိုးတက် ပြောင်းလဲ နေခဲ့လေသည်။

“ဟူး... ဟူး...”

များစွာသော ယာဥ်ပျံကြီးသည် ကောင်းကင်တွင် သွားလာနေကြသည်။ ၎င်းတို့သည် အသွင်သဏ္ဌာန် အမျိုးမျိုး ရှိကြကာ ချီစွမ်းအင်၊ ခေတ်မီ နည်းပညာတို့ကို အချိုးကျကျ ပေါင်းစပ်ထားသည်။

ယနေ့ခေတ်၌ ကမ္ဘာ၏ ချီစွမ်းအင်မှာ အဆများစွာ သိပ်သည်း နေခဲ့ပြီ ဖြစ်သည်။ ထိုသိပ်သည်းမှုနှင့် အတူ ကမ္ဘာပေါ်တွင် ပါရမီရှင် များစွာ ပေါ်ထွက် လာခဲ့သည်။ ချန်းချူရန်၊ ကောပိုင်ရှင်း၊ ဟိုကျန်းထျန်းတို့ အပါအဝင် လူငယ် မျိုးဆက် များစွာမှာ ရွှေအမြုတေ အဆင့်ကို ရောက်ရှိ‌ နေခဲ့ကြပြီ ဖြစ်သည်။ ခွန်းလွန်မှ ရဲ့နန်ထင်းနှင့် အဇူရာ နဂါးတို့ ဆိုလျှင် အခြေတည် ဝိညာဥ် အဆင့်ကိုပင် ဝင်ရောက်ကြတော့မည် ဖြစ်သည်။

သို့သော်လည်း အားလုံးထဲ၌ အစွမ်း အထက်ဆုံးမှာ သံသယ ရှိစရာ မလိုအောင်ပင် အားရှို့ ဖြစ်ပေသည်။ ချန်းဖန် သုံးနှစ်တိတိတံခါးပိတ် ကျင့်ကြံနေသည့် အတောအတွင်း၌ အားရှို့သည် ကမ္ဘာနှင့် မြောက်ပိုင်းချုံး တစ်ခုလုံးကို သူ့ကိုယ်စား ဦးဆောင် နေခဲ့သည်။  မိန်းကလေးကား သေခြင်းရှင်ခြင်း အခိုက်အတန့်ကို ဖြတ်ကျော်ပြီးနောက် ရင့်ကျက်တည်ငြိမ် နေခဲ့ပြီ ဖြစ်သည်။ သူမသည် မြောက်ပိုင်းချုံးအား နဂါးငွေ့တန်း ဂြိုဟ်နယ်မြေရှိ ဂြိုဟ်တိုင်း၌ အခြေစိုက်စေကာ လွှမ်းမိုးမှုကို တစ်ဆင့်ထက် တစ်ဆင့် တိုးချဲ့ နေခဲ့လေသည်။

ကျန်းချီဟို၊ ကောင်းကင်အရှင် အန်ပိုတို့ အပါအဝင် အချို့ ကျင့်ကြံသူများမှာ ထိုအရာကို ဆန့်ကျင်ရန် ကြိုးစား ခဲ့ကြသည်။ သို့သော်လည်း အားရှို့သည် ညှာတာမှုကို မပြပဲ သူတို့အား ချက်ချင်းပင် သတ်ဖြတ်ခဲ့၏။ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူ ရှစ်ယောက်ကို သတ်ဖြတ်ပစ်ပြီးနောက် လူတိုင်းမှာ ငြိမ်ကျ သွားခဲ့သည်။ အားရှို့သည် တိုက်ပွဲများ အတွင်း၌ ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြော၏ အစွမ်းကို ပြသကာ ကမ္ဘာအား အံ့အားသင့် စေခဲ့သည်။ သာမန် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များဆိုလျှင် သူမ၏ ပြိုင်ဘက်ပင် မဟုတ်ခဲ့ပါချေ။

သုံးနှသ် အတောအတွင်း၌ ကမ္ဘာသည် ပို၍ စည်ကား လာခဲ့သည်။ ကြယ်ပင်လယ် အရပ်ရပ်မှ ကျင့်ကြံသူများသည် ကမ္ဘာတွင် စုစည်း လာကြသည်။ သူတို့သည် အလွန်တရာ ကျော်ကြားလှသည့် နတ်ဘုရား အရှင်ချန်း မွေးဖွားရာ ဂြိုဟ်မှာ မည်ကဲ့သို့ ဖြစ်သည်ကို သိလိုသည်။

ကျုံးဟိုင်မြို့၏ လမ်းမ တစ်ခုထက်၌ လူငယ် တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်မှာ လမ်းလျှောက် နေကြ၏။ လူငယ်က ပတ်ဝန်းကျင်ကို ကြည့်ရင်း မှတ်ချက် ချလိုက်သည်။

“ဒီနေရာက တော်တော် စည်ကားနေတာပဲ... ဒီဂြိုဟ်က ကျင့်ကြံသူတွေက ထာဝရဂိုဏ်းတွေက ပါရမီရှင်တွေလို အစွမ်း မထက်ဘူး ဆိုပေမဲ့ သာမန်ဂိုဏ်းသားတွေနဲ့တော့ ယှဥ်နိုင်ကြပါတယ်”

သူတို့ နှစ်ယောက်စလုံးသည် သာမန် ဆန်ကာ သူတို့၏ စွမ်းအင်မှာ မူလ အဆင့်တွင်သာ ရှိသည်။ အတိတ်၌ မူလ အဆင့် ကျင့်ကြံသူများမှာ နတ်ဘုရားများ ကဲ့သို့ တန်ခိုး သြဇာ ကြီးမားခဲ့‌သော်လည်း ယခုတွင်မူ လမ်းမများထက်တွင်ပင် တွေ့မြင်နိုင်လောက်အောင် ပေါများ နေခဲ့ပြီ ဖြစ်လေသည်။

“ပြောစကားတွေအရဆို နတ်ဘုရားတွေက မိစ္ဆာ တစ်ကောင်ကို ဒီဂြိုဟ်မှာ လှောင်ပိတ်ထားခဲ့တာတဲ့... ဒီသတင်း ပျံ့သွားမှတော့ စည်ကားပြီပေါ့လေ... ဒါပေမဲ့ ဒီနေရာက အခြား ဂြိုဟ်နယ်မြေတွေထက် အားနည်း နေတုန်းပါပဲ... ငါ့အထင် ဂြိုဟ်တစ်ခုလုံးမှာမှ အခြေတည် ဝိညာဥ် အဆင့် တစ်ရာလောက်ပဲ ရှိလိမ့်မယ်”

အဖြူရောင် ဝတ်စုံနှင့် နေကာမျက်မှန် တို့ကို ဆင်မြန်းထားသော မိန်းကလေးက ပြောလိုက်၏။ သူမ၏ ဆံပင်များသည် လေနှင့်အတူ မြောလွင့်နေကာ သူမ၏ အလှအပကို လှစ်ဟာပြသနေ၏။ တစ်ရာမျှသော အခြေတည် ဝိညာဥ် အဆင့်များမှာ သာမန်ဂိုဏ်းများ အတွက် အလွန် များပြားသည့် ပမာဏ ဖြစ်သည့်တိုင် ထာဝရဂိုဏ်းများနှင့် ယှဥ်လျှင်မူ အားနည်းလှပေသည်။

“ဒီဂြိုဟ်ပေါ်မှာ အခြေတည် ဝိညာဥ် အဆင့် တစ်ရာလောက် ရှိနေတယ် ဆိုပေမဲ့လည်း အများစုက အခြားဂြိုဟ်တွေက လာကြတာ... အချို့လောက်ကပဲ ဒီဂြိုဟ်သားတွေ...”

တုန်းကျိဟို တစ်ဖြစ်လည်း လူငယ်က ပြုံးလိုက်၏။

“အခြေတည် ဝိညာဥ် အဆင့် နည်းနည်းလေးပဲ ရှိတဲ့ဂြိုဟ်... နတ်ဘုရား အရှင်ချန်းကြောင့်သာ မဟုတ်ရင် ဒီဂြိုဟ်က ငါတို့ ရွှေငှက်ဂြိုဟ်နယ်မြေက အဆင့် အနိမ့်ဆုံး ဂြိုဟ်လောက်တောင် အဖြစ် မရှိဘူး”

ရွှေငှက်ဂြိုဟ်နယ်မြေသည် အပိုလို နန်းတော် အခြေစိုက်ရာ ဂြိုဟ်နယ်မြေ ဖြစ်သည်။ ထိုနေရာ၌ ထောင်သောင်းချီသော အခြေတည် ဝိညာဥ် အဆင့်များနှင့် များစွာသော မဟာ ကျင့်ကြံသူများ နေထိုင်ကြ၏။ ရွှေငှက်ဂြိုဟ်နယ်မြေရှိ ဂြိုဟ်တစ်ခုချင်းစီမှာ ကမ္ဘာထက် အဆပေါင်းများစွာ ပိုမို ကြီးမားကာ နေနှင့်ပင် အရွယ်အစားချင်း နှိုင်းယှဥ်နိုင်သည်။ တုန်းကျိဟိုနှင့် ညီမဖြစ်သူတို့သည် အပိုလို နန်းတော်၏ အဓိက တပည့်များ ဖြစ်ကာ အခြေတည် ဝိညာဥ် အဆင့်ကို လွန်ခဲ့သည့် နှစ်များစွာကပင် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း သူတို့ နှစ်ယောက်စလုံးသည် ကမ္ဘာပေါ်သို့ ရောက်သည့် အခိုက်၌ သိပ်မမောက်မာဝံ့ကြချေ။ လွန်ခဲ့သည့် သုံးနှစ်အတွင်း၌ ထာဝရဂိုဏ်း စီနီယာများသည် ကမ္ဘာအပြင်၌ ဖြစ်ပျက်ခဲ့သော တိုက်ပွဲအကြောင်းကို အသေးစိတ် စုံစမ်းခဲ့ပြီး ဖြစ်သည်။ တောင်ပိုင်း ဒေသငယ်နှင့် မြောက်ပိုင်းချုံး အကြားမှ ရန်ကြွေးသည် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ အပိုလို နန်းတော်၏ မင်းသား နှစ်ပါးသည် တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။ အင်ပါယာသည် ထိုကိစ္စကို လွယ်လွယ်နှင့် အလွတ်ပေးမည် မဟုတ်ချေ။

သို့သော်လည်း ထာဝရဂိုဏ်း အားလုံးသည် ငြိမ်သက်နေ၏။ သူတို့သည် နဂါးငွေ့တန်း ဂြိုဟ်နယ်မြေကို မည်သည့် တိုက်ခိုက်ရေး အဖွဲ့မျှ ထပ်မံ စေလွှတ်ခြင်း မရှိကြချေ။ သို့သော်လည်း သူတို့သည် အဆင့်နိမ့် တပည့်များကိုမူ ကမ္ဘာသို့ စိမ့်ဝင်ထား‌စေခဲ့သည်။ သူတို့သည် မြောက်ပိုင်းချုံးနှင့် ချန်းပေ့ရွှမ်း မည်သို့ တတ်နိုင်သည်ကို သိလိုကြပေသည်။

တုန်းကျိဟိုက မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။

“ညီမလေး... ငါတို့ ကမ္ဘာကို ရောက်တာ နှစ်အနည်းငယ် ကြာပြီ... ဒီဂြိုဟ် အကြောင်းကို ငါတို့ အတော်လေး သိနေပြီလို့ ဆိုနိုင်တယ်... ဒီနေရာမှာ ငါတို့ ဘိုးဘေးတွေနဲ့ နတ်ဘုရား အရှင်တွေကို ဆန့်ကျင်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး”

“အမှန်ပဲ...”

မိန်းကလေးက ခေါင်းညိတ်လိုက်သည်။

တုန်းကျိဟိုက ဆက်ပြောလိုက်သည်။

“အားရှို့က မြောက်ပိုင်းချုံးဂိုဏ်းရဲ့ စီနီယာတွေထဲမှာ အစွမ်း အထက်ဆုံးလို့ ဆိုနိုင်တယ်... ဒါပေမဲ့ သူက အခုမှ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်လောက်မှာပဲ ရှိတာ... နောက်ပြီး ကောင်းကင်အရှင်ယွမ်က အသက်ရှစ်ဆယ်လောက် ဖြစ်နေပြီ... သူ့ရဲ့ စွမ်းအင်က ကျဆင်းနေပြီ... အခြားလူတွေကတော့ ဂျူနီယာလေးတွေလို့တောင် ပြောလို့ရတယ်... သူတို့က အခြေတည် ဝိညာဥ် အဆင့်ကို‌တောင် မရောက်သေးဘူး.... သူတို့တွေက ဘယ်လိုလုပ်ပြီး ငါတို့ ဘိုးဘေးတွေကို ခြိမ်းခြောက်နိုင်မှာလဲ... တစ်ယောက်က လွဲပြီး...”

တုန်းကျိဟိုမှာ တစ်စုံတစ်ခုကို ပြောချင်သော်လည်း ရပ်တန့်လိုက်၏။

“နင်ပြောချင်တာ လွန်ခဲ့တဲ့ သုံးနှစ်လုံး အပြင်ကို ထွက်မလာခဲ့တဲ့ မြောက်ပိုင်းချုံးရဲ့  နတ်ဘုရား အရှင် ချန်းပေ့ရွှမ်းလား...”

မိန်းကလေးက မေးလိုက်သည်။

“အင်း...”

တုန်းကျိဟိုက ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

“မိုင်ပေါင်း ဘီလျံချီ ရှည်လျားတဲ့ နတ်ဘုရား တစ်ပါးက ရုတ်တရက် ပေါ်လာတယ်... နောက်ပြီး သူက လက်ဝါးကို မြှောက်ပြီး အရှင် တထျန်းကို သတ်လိုက်တယ်... ဒါက ဒီဂြိုဟ်ပေါ်မှာ လူတိုင်း ပြောနေကြတဲ့ အချက်အလက်တွေပဲ... ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွေတောင် အဲဒီလောက် အစွမ်း မထက်ဘူး ဆိုတာ နင်ရော ငါရော သိကြတယ်... ဒါပေမဲ့ တကယ်လို့သာ ဒီဂြိုဟ်ပေါ်မှာ နတ်ဘုရားအရှင်တွေကို ထိတ်လန့်စေတဲ့ တစ်စုံတစ်ယောက် ရှိမယ် ဆိုရင် အဲဒီလူက သူပဲ ဖြစ်လိမ့်မယ်”

ထို့နောက် သူတို့ နှစ်ယောက်စလုံးသည် တိတ်ဆိတ် ငြိမ်သက် သွားလေ၏။

လွန်ခဲ့သော သုံးနှစ်အတွင်း၌ ချန်းပေ့ရွှမ်းဟု အမည်ရသော မြောက်ပိုင်းချုံး၏ နတ်ဘုရား အရှင်သည် နဂါးငွေ့တန်း ဂြိုဟ်နယ်မြေကို ကျော်လွန်ကာ တောင်ပိုင်း ဒေသငယ် အထိပင် ကျော်ကြား နေခဲ့ပြီ ဖြစ်သည်။ သူသည် အသက် ငါးဆယ် မပြည့်ခင်မှာပင် ထာဝရဂိုဏ်း ခုနစ်ဂိုဏ်း၏ စစ်တပ်ကို အနိုင်ယူကာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ကိုပင် ချေမှုန်းနိုင်ခဲ့သည်ဟု ဆိုသည်။ အချို့က ဆိုလျှင် ချန်းပေ့ရွှမ်းမှာ နတ်ဘုရား တစ်ပါး ပြန်လည် မွေးဖွားလာသူဟုပင် ရည်ညွှန်းကြသည်။

“လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ငါတို့ အများကြီး စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားခဲ့တယ်... နတ်ဘုရား အရှင် တထျန်းက ဘယ်လိုသေသွားတာလဲ... ချန်းပေ့ရွှမ်းက လက်ရှိ ဘယ်အဆင့်မှာလဲ... အဲဒီ အချက်တွေက နတ်ဘုရား အရှင်တွေရဲ့ အစီအစဥ်တွေမှာ အရမ်း အရေးပါတယ်... ငါတို့ ဘာတစ်ခုမှ အမှားအယွင်း ဖြစ်လို့ မရဘူး... တစ်ခုခု လွဲချော်တာနဲ့ နတ်ဘုရား အရှင်တွေ အန္တရာယ်ထဲ ကျရောက် သွားနိုင်တယ်”

တုန်းကျိဟိုက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“အမှန်ပဲ...”

မိန်းကလေးက ထောက်ခံလိုက်၏။

ထိုမောင်နှမ နှစ်ယောက်သာလျှင် မကချေ။ ကမ္ဘာပေါ်၌ ထာဝရဂိုဏ်းများမှ များစွာသော စုံထောက်များမှာ လျှို့ဝှက်စွာ ရောက်ရှိ နေကြသည်။ ချန်ရှန်းဂိုဏ်း၊ တိုင်ချူ နတ်ဘုရား နယ်မြေ၊ မိစ္ဆာ နတ်ဘုရားဂိုဏ်း၊ နတ်ဆိုးဂိုဏ်းတို့သည် သူတို့၏ တပည့်များကို စေလွှတ်ကာ ချန်းဖန် အကြောင်း လျှို့ဝှက်ချက်များကို ဖော်ထုတ် စေခဲ့သည်။

သို့သော်လည်း ကမ္ဘာသားတို့ထံမှ သူတို့ ရရှိသည့် အချက်အလက်များမှာ လေလွင့် ကျင့်ကြံသူများ ပြောဆိုသည့် အရာများနှင့် အတူတူသာလျှင် ဖြစ်သည်။ မိုင်ပေါင်းဘီလျံချီ ရှည်လျားသော နတ်ဘုရားကြီး ရုတ်တရက် ပေါ်လာသည်။ ထို့နောက် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ကို သတ်လိုက်သည်။ ထိုနတ်ဘုရားကြီးက ချန်းပေ့ရွှမ်းဟု ဖြစ်သည်ဟု သူတို့က အသေအချာ ဆိုကြသည်။

“သူတို့ပြောတဲ့ နတ်ဘုရားက အဲ့ကောင်လေးသာ အမှန်ဆိုရင် ငါတို့ သူ့ကို ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန် သင့်နေပြီ... မဟုတ်ရင် ငါတို့လည်း တထျန်းလို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်အသတ်ခံရမှာ သေချာတယ်”

မိစ္ဆာနေဂိုဏ်း၏ ဘိုးဘေး တစ်ယောက်က ပြောသည်။

များစွာသော မဟာ ကျင့်ကြံသူများမှာ အခက်တွေ့ နေကြသည်။ သူတို့နှင့် ချန်းပေ့ရွှမ်းနှင့် အကြားမှ ရန်ငြိုးမှာ ကမ္ဘာမကြေအောင် ကြီးမားလွန်းလှသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းသာ အမှန်တကယ် နတ်ဘုရား အဖြစ် ပြောင်းလဲနိုင်သည် ဆိုပါက ကပ်ဘေးနှင့် ရင်ဆိုင်ရမည်က သူတို့သာ ဖြစ်သည်။ သို့ဖြစ်လေရာ သူတို့ အနေဖြင့် မည်သည့် အစီအစဥ်မှ မစခင် ချန်းပေ့ရွှမ်း၏ အမှန်တကယ် ကျင့်ကြံခြင်း အဆင့်ကို သိရှိထားရန် လိုအပ်ပေသည်။

“ချန်းပေ့ရွှမ်း ဘယ်အချိန်ထိ ဆက်ပုန်းနေဦးမယ်တော့ ငါမသိဘူး... ဒါပေမဲ့ မကြာခင် အပိုလို နန်းတော်ရဲ့ အင်ပါယာက ထွက်လာတော့မယ်... ငါက အခြားဂိုဏ်းချုပ်တွေကို စုစည်းပြီး ကမ္ဘာပေါ်က အခြေအနေ အကြောင်း ပြောဆိုမယ် ကြားတယ်... ကောလဟာလတွေ အရဆို ကြယ်ပင်လယ် အနက်ပိုင်း အထွတ်အမြတ်မြေ တစ်ခုက အရေးကြီး ပုဂ္ဂိုလ် တစ်ယောက်တောင် တောင်ပိုင်း ဒေသငယ်ကို လာဖို့ ရှိတယ်တဲ့... သူကလည်း ကမ္ဘာအ‌ကြောင်း အတော်လေး စိတ်ဝင်စားနေပုံပဲ... ဘာပဲဖြစ်ဖြစ် ချန်းပေ့ရွှမ်း အနေနဲ့ အမှန်တရားကို အချိန်ကြာကြာ မဖုံးကွယ်နိုင်တော့ပါဘူး”

တုန်းကျိဟိုက အေးစက်စက် ပြောလိုက်လေတော့၏။

...

ထိုအချိန် ကမ္ဘာ့အတွင်းပိုင်းရှိ ဘုရားကျောင်းအိုကြီး တစ်ခု အတွင်း၌...

“ဂါး...”

ပေပေါင်းထောင်ချီ ရှည်လျားသော မိစ္ဆာကြီး တစ်ကောင်သည် အလွန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် ၎င်းသည် မြေကြီးပေါ် သို့ တအိအိ လဲကျကာ သွားတော့သည်။

အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် ဓားကို ကိုင်လျှက် ဝင်ပေါက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူ၏ မျက်လုံးများသည် ခံစားချက် ကင်းမဲ့ကာ တည်ငြိမ်နေ၏။

“ကိုးဆယ့် ရှစ်ခုမြောက် မူလ နန်းတော်...”

“တစ်ခုပဲ ကျန်တော့တယ်...”

***

All Chapters