← Chapters

ကျင့်ကြံရာမှ ထွက်ခွာခြင်း

Vol. 12 Ch. 1177

ကျင့်ကြံရာမှ ထွက်ခွာခြင်း

Vol. 12 Ch. 1177

ရုတ်တရက် ချီရှန်းက လက်ဘက်ရည်ခွက်အား ချကာ ဆိုလိုက်၏။

“လွန်ခဲ့တဲ့ ရာစုနှစ် သုံးခုလောက်က ကျုပ် ခရမ်းရောင် ကောင်းကင် အထွတ်အမြတ်မြေကို သွားပြီး မင်းရဲ့ ဆရာယွမ်ကု နဲ တွေ့ခဲ့သေးတယ်... ဝိညာဥ် သန့်စင်တဲ့ သူ့ရဲ့ အတွေ့အကြုံကို မေးရင်းနဲ့ပေါ့... အဲဒီတုန်းက မင်းက ကလေးအရွယ်ပဲ ရှိသေးတယ်... နှစ်ပေါင်း သုံးရာ ကြာပြီးတဲ့နောက်မှာ မင်းတာင် ကြယ်ပင်လယ်အနှံ့ ကျော်ကြားတဲ့ ခရမ်း‌ရောင် ကောင်းကင် အထွတ်အမြတ် နယ်မြေရဲ့ အထွတ်အမြတ် မင်းသား လျောင်းလျာ ဖြစ်လာခဲ့ပြီပဲ”

“ခရမ်း‌ရောင် ကောင်းကင် အထွတ်အမြတ် နယ်မြေရဲ့ အထွတ်အမြတ် မင်းသားလောင်းလျာ... ဘာကြီး”

စွန်းယုမှာ နားနှစ်ဖက် မိုးကြိုးပစ်သလို ခံစား လိုက်ရသည်။ ရေနွေးက‌ယားကို ကိုင်ထားသော သူ၏ လက်များမှာ ပို၍ တုန်ရီလာ၏။ လူငယ်၏ နောက်၌ ရပ်နေသော စုံတွဲက သူ့အား ခံစားချက် ကင်းမဲ့သော မျက်လုံးများဖြင့် သတိပေးဟန် လှမ်းကြည့်လိုက်သည်။

လူငယ်မှာမူ ထိုအရာကို ဂရုစိုက်ဟန် မရချေ။ သူက ညင်သာစွာ ပြုံးကာ ဆိုလိုက်၏။

“ကျုပ်က နည်းနည်း ကံကောင်းရုံပါပဲ... ဘယ်လိုလုပ်ပြီး စီနီယာနဲ့ နှိုင်းယှဥ်နိုင်မှာလဲ... နောက်ပြီး ကျုပ်က အခုထိ အစစ်အမှန် အထွတ်အမြတ် မင်းသား မဖြစ်သေးဘူးလေ... လျောင်းလျာ အဆင့်မှာပါပဲ... ဒါပေမဲ့ စီနီယာကတော့ တောင်ပိုင်း ဒေသငယ်ကို ဓားတစ်ချောင်းနဲ့ တုန်လှုပ်အောင် လုပ်နိုင်တဲ့ အထိ အစွမ်းထက် နေခဲ့ပြီ... ကျုပ်ဆရာ မကြာခဏ ပြောလေ့ရှိတယ်... ဓားသူတော်စင်ရဲ့ ဓားပညာ ကျွမ်းကျင်မှုက တောင်ပိုင်း ဒေသငယ်တင် မကဘူး... တောင်ပိုင်း ကောင်းကင်နယ်မြေ တစ်ခုလုံးမှာတောင် ထိပ်ဆုံး ဆယ်ယောက်အတွင်း ပါတယ်တဲ့”

“ဟား ဟား... ဆရာယွမ်ကုက ကျုပ်ကို အတော် အထင်ကြီးနေတယ် ထင်ပါရဲ့... တကယ်တမ်း ကျုပ်ရဲ့ စွမ်းအားက တောင်ပိုင်း ကောင်းကင်နယ်နဲ့ ယှဥ်ရင် ထိပ်ဆုံး ဆယ်ယောက် မပြောနဲ့ ထိပ်ဆုံး သုံးဆယ် စာရင်းတောင် မဝင်ပါဘူး”

ချင်ရှန်းက ရယ်မောရင်း ခေါင်းအား ခါလိုက်သည်။

“ဒါနဲ့ မင်းဘာလို့ ဒီကို လာခဲ့တာလဲ... တောင်ပိုင်း ဒေသငယ်လို သေးငယ်တဲ့ နေရာမျိုးမှာ အထွတ်အမြတ် မင်းသား လျောင်းလျာ တစ်ယောက် အတွက် အထူးတလှယ် စိတ်ဝင်စားစရာ ကိစ္စ မရှိလောက်ဘူး ထင်တယ်”

ချင်ရှန်း သာလျှင် မဟုတ်။ စွန်းယုမှာလည်း ထိုအကြောင်းအရာကို သိချင်နေမိသည်။

ထိုလူငယ်၏ အဆင့်အတန်းကား မြင့်မားလွန်းလှသည်။ သူသည် အစစ်အမှန် အထွတ်အမြတ် မင်းသား မဟုတ်သည့်တိုင် လျောင်းလျာ ဖြစ်ပေသည်။ ထိုအရာကပင်လျှင် အလွန် အထင်ကြီးစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ ချင်ရှန်း ကဲ့သို့သော မဟာ ကျင့်ကြံသူ ပင်လျှင် သူနှင့် ကိုယ်တိုင် လာရောက်‌ တွေ့ဆုံရသည်။

လူငယ်၏ နောက်ရှိ ချောမောသော နတ်မိမယ်က ယဥ်ကျေးသော အမူအရာနှင့် ဆိုလိုက်၏။

“နတ်ဘုရားအရှင်... အထွတ်အမြတ် မင်းသား ဒီကို လာရတဲ့ အကြောင်းရင်းက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ မဟာ ကျင့်ကြံသူ တစ်ယောက် ပြန်ပြီး မွေးဖွားလာတယ် ဆိုလို့ပါ... မင်းသားက အဲဒီတစ်ယောက်နဲ့ တွေ့ဆုံလိုပြီး အမှန်တကယ် ဟုတ်မဟုတ် သိချင်နေပါတယ်”

ချင်ရှန်းက အနည်းငယ် စဥ်းစားကာ ပြန်ဖြေလိုက်သည်။

“အဲဒီ ကျင့်ကြံသူရဲ့ အခြေအနေက အတော်လေး ထူးဆန်းတယ်... သူက သာမန် မဟာ ကျင့်ကြံသူ တစ်ယောက် ပြန်ပြီး မွေးဖွားလာတာတော့ မဖြစ်နိုင်ဘူး... တထျန်းလို လူတောင် သူ့လက်ထဲမှာ သေသွားခဲ့တယ်... သူ့ရဲ့ စွမ်းအားက အစစ်အမှန် မဟာ ကျင့်ကြံသူကြီးတွေနဲ့တောင် နှိုင်းယှဥ်နိုင်တယ်... သူက မင်းသား အတွက်တောင် ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်”

“ကျေးဇူးပါပဲ စီနီယာ...”

လူငယ်က မတ်တပ်ရပ်ကာ လေးစားစွာ ဦးညွှတ် လိုက်၏။ သူ၏ မျက်လုံးများကမူ ဝင့်ဝါမှုများဖြင့် စွန်းထင်းနေဆဲ ဖြစ်သည်။

“ကိစ္စ မရှိပါဘူး”

ချင်ကျန်းက ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် သူက ရုတ်ချည်းပင် နန်းတော် အတွင်းမှ ပျောက်ကွယ် သွားတော့၏။ သူ ထွက်ခွာသွားသည်နှင့် နန်းတော် အတွင်း ပြည့်နှက်နေသည့် ဖိအားများမှာ ချက်ချင်းပင် လျော့ကျသွားသည်။ စွန်းယုသည် သက်ပြင်းတစ်ချက်ချကာ လူငယ်အား ကြည့်လိုက်၏။ လူငယ်မှာမူ ထွက်သွားမည့်ဟန် မရသေးပဲ ပြန်ထိုင်ကာ လက်ဘက်ရည်ကို ကိုင်လိုက်လေသည်။

မကြာခင်တွင်ပင်...

ခရမ်းရောင် ကောင်းကင် အထွတ်အမြတ်မြေ၏ အထွတ်အမြတ် မင်းသား လျောင်းလျာ ရန်ရွှမ် ရောက်ရှိလာသည် ဆိုသော သတင်းမှာ တောင်ပိုင်း ဒေသငယ် တစ်ခုလုံးကို ပျံ့နှံ့သွား၏။ ချက်ချင်းပင် ယုရှန်ဂြိုဟ်မှာ လူအများ၏ အာရုံစိုက်စရာ ဖြစ်လာတော့သည်။

...

ထိုအချိန် နတ်ဘုရား ကုန်းမြေ အတွင်းပိုင်းရှိ ၉၉ ခုမြောက် မူလ နတ်ဘုရား နန်းတော် အတွင်း၌...

တောက်ပသော နေရောင်ခြည် အလင်းသည် နန်းတော်၏ ပြတင်းပေါက်များကို ဖြတ်ကာ ချန်းဖန်၏ ရှေ့ ကြမ်းပြင်ထက်၌ ဖြာကျနေ၏။ သုံးနှစ်တိုင်တိုင် ကျင့်ကြံပြီးနောက် ချန်းဖန်၏ မျက်လုံးများသည် ဖြည်းညင်းစွာ ပွင့်ဟလာသည်။ သူသည် အပျင်းကြောဆန့်ကာ တံခါးဝ ဆီသို့ ဦးတည်လိုက်သည်။

“ဆရာ... ထွက်လာပြီလား...”

အားရှို့၊ ချီရှို့အာနှင့် ချန်းယောင်ယောင်တို့ အပါအဝင် ချန်းဖန်၏ တပည့်အချို့မှာ နန်းတော် ဝင်ပေါက်နား၌ တင်ပျဥ်ချိတ်ကာ ထိုင်နေကြသည်။ သူတို့သည် တံခါးဖွင့်သံကြောင့် ကျင့်ကြံနေကြရာမှ နိုးထ လာခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ ကျင့်ကြံခြင်းသည် လွန်ခဲ့သော သုံးနှစ်ကနှင့် ယှဥ်လျှင် အဆများစွာ ပိုမို တိုးတက် လာခဲ့ကြသည်။ ချီရှို့အာသည် ကျင့်ကြံရာ၌ အမြန်ဆုံး ဖြစ်ကာ ကောင်းကင်အဆင့် ရွှေအမြုတေကိုပင် ဖွဲ့စည်း ပြီးခဲ့ပြီး ဖြစ်သည်။ အားလုံးထဲ၌ အငယ်ဆုံး ချန်းယောင်ယောင်မှာလည်း မူလ အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဖြစ်၏။

အထူးသဖြင့် အားရှို့မှာ ခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်းပြီးနောက် အလွန် တိုးတက်လာခဲ့သည်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် မိုးကြိုးသံများကို သယ်ဆောင်ထားကာ ဒြပ်စင်ငါးမျိုး ဓမ္မ ဥပဒေသများမှာ သူ၏ ခန္ဓာ တစ်ဝိုက်၌ ဝန်းရံနေ၏။

ချန်းဖန်က သူ့အား လာရောက် ကြိုဆိုကြသည့် တပည့်များကို ကြည့်ကာ ပြုံးလိုက်သည်။

“ဦးလေးချန်း... ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်သွားတာလား..”

ချန်းယောင်ယောင်က ချန်းဖန်အား စိတ်ဝင်တစားဖြင့် စူးစမ်းရင်း မေးလိုက်၏။ အားရှို့နှင့် အခြားလူများမှာလည်း ချန်းဖန်အား ကြည့်လိုက်မိကြသည်။ အကယ်၍ ထိုအခိုက်၌ ချန်းဖန်က ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် မဆိုထားနှင့် နတ်ဘုရား တစ်ပါး ဖြစ်သွားပြီ ဆိုလျှင်ပင် သူတို့ ယုံကြလိမ့်မည် ဖြစ်သည်။

“ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်က ချိုးဖျက်ဖို့ အဲဒီလောက် မလွယ်ဘူးကွဲ့... ဦးလေး အနေနဲ့ နောက်ဆယ်စုနှစ် အချို့လောက် အချိန်ယူဖို့ လိုပါသေးတယ်”

ချန်းဖန်က ချန်းယောင်ယောင်၏ နဖူးကို လက်ညိုးဖြင့် ထိရင်း ပြန်ဖြေလိုက်သည်။

“ဟုတ်လား...”

ချန်းယောင်ယောင်က ပြန်မေးလိုက်သည်။ သူမ၏ ဦးလေးမှာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တထျန်းကိုပင် လက်တစ်ဖက်တည်းဖြင့် အနိုင်ယူခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့သော သူက မဟာ ကျင့်ကြံသူ မဖြစ်သေးဟု ဆိုသည်။ ထိုအရာက သူမ အတွက် အနည်းငယ် ထူးဆန်းနေ၏။

ချန်းဖန်က မိန်းကလေး၏ ခေါင်းအား အနည်းငယ် ပွတ်သပ်ရင်း ပြုံးလိုက်၏။

“ဦးလေးက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို မရောက်သေးဘူး ဆိုပေမဲ့ သာမန် မဟာ ကျင့်ကြံသူ အဆင့်လောက်ကတော့ ဦးလေး အတွက် ဘာမှ မဟုတ်‌တော့ပါဘူး”

“တကယ်ကြီး...”

ချန်းယောင်ယောင် အပါအဝင် အားလုံး၏ မျက်နှာများမှာ အံ့အားသင့်ခြင်းများဖြင့် ပြည့်နှက် သွားကြ၏။

ချန်းဖန်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

ရုတ်တရက် အားရှို့က ကောက်ချည်ငင်ချည် မေးလိုက်သည်။

“ဆရာ... ဒါဆို ဆရာက နဂါးငွေ့တန်း ဂြိုဟ်နယ်မြေက ထွက်ပြီး ဆရာ့ရဲ့ မိဘတွေနဲ့ ဇနီးကို သွားရှာ‌တော့မှာလား”

ချီရှို့အာ၊ လုယန်ရွယ်နှင့် ရှောင်မန်တို့မှာလည်း ချန်းဖန်အား ကြည့်လိုက်မိကြသည်။ ဝမ်းနည်းမှု အရိပ်အယောင်များမှာ သူတို့၏ မျက်လုံးများထဲတွင် ပေါ်နေခဲ့၏။ သူတို့သည် ချန်းဖန်ကို သူတို့နှင့် အတူ နေခိုင်းရန် မဖြစ်နိုင်ကြောင်း သိရှိထားသည်။ သို့သော်လည်း ယခုကဲ့သို့ ချန်းဖန် မြန်မြန်ဆန်ဆန်ကြီး ထွက်သွားမည်ကိုမူ သူမတို့ မလိုလားကြချေ။

“အခုတော့ မဟုတ်သေးပါဘူး...”

ချန်းဖန်က ခေါင်းခါလိုက်၏။ ကမ္ဘာတွင် အန္တရာယ်များမှာ ကျန်ရှိနေပေသေးသည်။ တောင်ပိုင်း ဒေသငယ်သည် ယခုအချိန်၌ ဆိတ်ငြိမ်နေသည့်တိုင် သူတို့၏ စီနီယာ ကျင့်ကြံသူများမှာ ကမ္ဘာကို တစ်ချိန်လုံး စောင့်ကြည့် နေကြကြောင်း ချန်းဖန် ခံစားမိပေသည်။ ချန်းဖန် အနေဖြင့် ထိုပြဿနာများကို မဖြေရှင်းရ သေးသ၍ စိတ်အေးနိုင်ဦးမည် မဟုတ်ချေ။

“အဲဒါ ထားလိုက်ပါ... ခု ဆရာ့မှာ မင်းတို့ကို ပြောပြဖို့ ကိစ္စ အချို့ ရှိတယ်...”

ချန်းဖန်က ခေါင်းခါရင်း ပြောလိုက်သည်။

“ဘာကိစ္စလဲ...”

လူတိုင်းမှာ စိတ်ဝင်စား သွားကြ၏။ ချန်းဖန်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အပြောကျယ်လှသော နတ်ဘုရား ကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံကြည့်လိုက်သည်။

“မင်းတို့ ခုရပ်နေတဲ့ နတ်ဘုရား ကုန်းမြေက ဘယ်လိုနေရာမျိုးလဲ ဆိုတာ မင်းသိ သိကြလား...”

အားရှို့နှင့် အခြားလူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ သိသလောက် ဆိုလျှင် ကမ္ဘာမှာ မိစ္ဆာတစ်ကောင်ကို အကျဥ်းချထားသည့် နေရာဟု ဆိုသည်။ ထိုအရာက အစစ်အမှန် ဒဏ္ဍာရီလော၊ ပါးစပ် ရာဇဝင်လော မည်သူမျှ မသိကြချေ။

“ဦးလေး... ဒီနေရာမှာ တကယ်ပဲ မိစ္ဆာတစ်ကောင် ရှိတာလား...”

ချန်းယောင်ယောင်က မေးလိုက်၏။ ရှောင်မန်၊ အားရှို့နှင့် ချီရှို့အာတို့ကလည်း တူညီစွာ မေးသည့်ဟန် ချန်းဖန်အား ကြည့်လိုက်ကြသည်။

“ငါနောက်ကို လိုက်ခဲ့ရင် နင်တို့ သိလာမှာပါ”

ချန်းဖန်က ပြောကာ တင်းဟိုင် ပုလဲကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် တပည့်များကို ပုလဲ အကာအကွယ် အတွင်း ထည့်သွင်းလိုက်ကာ ဝိညာဥ် ရေတွင်းမှ တစ်ဆင့် အောက်သို့ တဖြည်းဖြည်း ဆင်းလိုက်လေတော့၏။

ပေတစ်ထောင်...

ပေနှစ်ထောင်...

ပေသုံးထောင်...

မရေမတွက်နိုင်သော အနက်ပေများကို ဆင်းသက်ပြီးနောက် အားရှို့တို့မှာ လဲလျောင်းနေသော မိစ္ဆာ နတ်ဘုရားကြီးကို မြင်လိုက်ကြရလေ၏။ ၎င်းအား မြင်သည်နှင့် ချက်ချင်းပင် သူမတို့၏ အမွေးများမှာ ထောင်ထလာကာ ခန္ဓာကိုယ်များမှာ တောင့်မတ် သွားကြလေသည်။ အငယ်ဆုံး ဖြစ်သော ချန်းယောင်ယောင်ဆိုလျှင် ကြောက်ရွံ့မှုကြောင့် ချန်းဖန်၏ နောက်ကိုပင် ဝင်ရောက် ကွယ်လိုက်မိလေ၏။

***

All Chapters