ယခင်ကမရှိခဲ့ဖူးသောတီထွင်မှု
Vol. 102 Ch. 1421
အခန်း (၁၄၂၁) ယခင်ကမရှိခဲ့ဖူးသောတီထွင်မှု
အလင်းတန်းလမ်းကြောင်း (၈၁)ခုက လည်ပတ်နေပြီး ချန်ရွှမ်ကျုန်းနှင့် ချူးလီလီထံသို့ ဆင်းသက်လာသည်။
ထိုအလင်းတန်းများ၏ ဖုံးလွှမ်းမှုအောက်တွင် ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ထံမှ မည်းနက်သော အလင်းတန်းများ ပေါ်ထွက်လာသည်။
ထို့နောက် မည်းနက်သောအလင်းတန်းများက ပုံပျက်သွားပြီး ပရမ်းပတာ ရောင်စုံတိမ်တိုက်များအဖြစ် ပြောင်းလဲသွားသည်။
ထိုရောင်စုံတိမ်တိုက်များက တောက်ပသည့်အလင်းရောင်များဖြင့်ပြည့်နက်နေပြီး များပြားလှစွာသော နိမိတ်ပုံများ ပါဝင်နေသယောင် ၊ လောကီရေးရာကိစ္စများအားလုံးကို ပြသထားသယောင် ထင်မှတ်ရသည်။
နိမိတ်ပုံများထဲတွင် သေမျိုးလူသားများ၏ကိစ္စရပ်များစွာပါဝင်နေပြီး သေမျိုးလူသားများ၏ တက်ကြွဖျတ်လတ်သည့်အသံများလည်း ထင်ဟပ်နေသည်။
မည်းနက်သောအလင်းတန်းများပျောက်ကွယ်သွားသည်နှင့် ၎င်းတို့နေရာတွင် ရောင်စုံတိမ်တိုက်များက အစားထိုးလိုက်ပြီး လေထုထဲမှ နတ်ဆိုးအငွေ့အသက် လုံးဝပျောက်ကွယ်သွားသည်။
ခက်ခဲမှုများ ရှိနေသော်လည်း ၎င်းတို့သည် ရက်စက်ပြီး ပြင်းထန်သော စိတ်အလိုဆန္ဒများမဟုတ်ဘဲ သေမျိုးလူသားလောက၏ လောကီရေးရာပေါင်းစုံမှ ဆင်းသက်လာခြင်းသာ ဖြစ်သည်။
ရောင်စုံတိမ်တိုက်များကို ကြည့်ရှုနေရသည်မှာသေမျိုးလူသားလောကတွင် ဖြစ်ပျက်နေသော ဘဝ၏ အတက်အကျများကို ကြည့်ရှုနေသည့်အလားပင်။
သို့သော် ပရမ်းပတာရောင်စုံတိမ်တိုက်များထဲမှ နိမိတ်ပုံများက ဖော်ပြရန်ခက်ခဲသော်လည်း အနီးကပ်ကြည့်ရှုသည့်အခါ သာမန်ဘဝများ၏ ထူးဆန်းမှုနှင့် ကတိသအောက်ဖြစ်မှုများ ပြည့်နက်နေသည်ကို ခံစားရသည်။
ထိုခဏတွင် ဗလာနယ်ထဲမှဆင်းသက်လာသောအလင်းတန်းများက ရောင်စုံတိမ်တိုက်များကို သံကြိုးများသဖွယ် ရစ်ပတ်လိုက်သည်။
အလင်းတန်းများဖြင့် ဖိနှိပ်ခံရသည်နှင့် ရောင်စုံတိမ်တိုက်များက ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့အပေါ် လွှမ်းမိုးမှုသည် အားနည်းသွားသည်။
အလင်းတန်းများက ရန်ကျောက်ကဲ၊ ရန်တိ၊ ဖန်းယွင်ရှန်းတို့ကိုပါ ဖုံးလွှမ်းသွားလေရာ စောစောက ယိမ်းယိုင်သွားသော သူတို့စိတ်ခံစားမှုများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။
“ချူးလီလီ” သည် သူမ၏ မျက်လုံးများကို ထပ်မံဖွင့်လိုက်သည်။
သို့သော် သူမ၏မည်းနက်သည့်မျက်ဝန်းများကတော့ အလင်းရောင်တောက်ပမှုနှင့် မှောင်မိုက်မှုကြား အဆက်မပြတ် ပြောင်းလဲနေပြီး တည်ငြိမ်သောအနေအထားကို ထိန်းမထားနိုင်ပေ။
သူမ၏ဦးခေါင်းထက်မှ ရောင်စုံတိမ်တိုက်များမှာ ဖိနှိပ်ထားသည့်အလင်းတန်းများကြောင့် ပုံပျက်နေသော်လည်း လွတ်မြောက်ရန် မဖြစ်နိုင်သေးပေ။
“ချူးလီလီ” က မေးမြန်းလိုက်သည်။
“ဒါက ဘာလဲ... ငါက အသိပညာနည်းပါးတဲ့သူမဟုတ်ပါဘူး ၊ ဒါပေမဲ့ ဒီပညာကို မသိဘူး ၊ ‘ကောင်းကင်နတ်ဆိုးသုတ်သင်ရေးအစီအရင်’ ဟုတ်လား ၊ ဒီလိုပညာမျိုး တစ်ခါမှ မကြားဖူးဘူး...”
ဝါစဉ်အရပြောရလျှင် စိတ်ဝိညာဉ်နတ်ဆိုးက ဤလောကရှိ ရှေးအကျဆုံး တည်ရှိမှုများထဲမှ တစ်ခုဖြစ်သည်။
သူက သေဆုံးမည့်သူမဟုတ်သဖြင့် ကမ္ဘာဦးကာလ၊ ရှေးခေတ်ကာလ၊ အလယ်ခေတ်ကာလများကို ဖြတ်သန်းခဲ့ပြီး ယခုအချိန်ထိ ရှင်သန်လျက်ရှိသည်။
ဖန်ဆင်းခြင်းမတိုင်မီ မွေးဖွားခဲ့ခြင်းမျိုးမဟုတ်သော်လည်း သူက ကမ္ဘာဦးအက်ကွဲကြောင်းအတွင်းမှ အကြောင်းအရာမျိုးစုံကို ကြားသိဖူးသူ ဖြစ်၏။
သူ၏မြင့်မားသောအခွင့်အာဏာကြောင့် မသိသည့်အရာမရှိလောက်အောင် အသိပညာဗဟုသုတကို ပိုင်ဆိုင်ထားသည်။ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများထဲတွင် သူက ထိပ်တန်းတည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်ခံရသည်။
ထိပ်တန်းအဆင့် အခိုင်မာဆုံး ရှေးအကျဆုံး နတ်ဆိုးတစ်ပါးအနေဖြင့် စိတ်ဝိညာဉ်နတ်ဆိုးက အခြားသောအဆက်အနွယ်များနှင့် စစ်ပွဲမျိုးစုံ ဖြတ်သန်းခဲ့ဖူးသည်။
ထို့ကြောင့် စိတ်ဝိညာဉ်နတ်ဆိုးက အခြားအင်အားစုများ၏ နတ်ဆိုးများကိုသုတ်သင်သောနည်းလမ်းများစွာကို နားလည်ထားသည်။
သို့ပေသိ ယခုတော့ အသွင်ပြောင်းနေသော ရွှေရောင်စက်လုံးကိုကြည့်ရင်း အလွန်ပင်စိမ်းသက်နေသလို ခံစားနေရသည်။
စိတ်ဝိညာဉ်နတ်ဆိုးက အလင်းတန်းများကိုကြည့်ရုံဖြင့် အချို့သောသဘောတရားများကို သိရှိနိုင်သည့်တိုင် အလင်းတန်းများပေါင်းစပ်သွားသည့်အခါ စိတ်ရှုပ်ထွေးမှုထဲ နစ်မွန်းသွားသည်။
ရန်ကျောက်ကဲက သူ၏လက်ဟန်စည်းတံဆိပ်ကို မရပ်နားဘဲ ဆက်တိုက်ဆိုသလို ပြောင်းလဲလိုက်သည်။
“မင်းက နောက်နေတာပဲ ၊ ဒါပေမဲ့ ဒီအစီအရင်ကို မင်းမသိတာ ပုံမှန်ပါပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒီကောင်းကင်နတ်ဆိုးသုတ်သင်အစီအရင်ကို လွန်ခဲ့တဲ့နှစ်တွေအတွင်း အကြီးအကဲချန်ရယ် ငါ့ဇနီးရယ် ငါရယ် တီထွင်ခဲ့တာပဲ ၊ အဓိပ္ပါယ်ကတော့ မင်း ဒီလိုအစီအရင်မျိုး တစ်ခါမှကြုံတွေ့ခဲ့ဖူးမှာ မဟုတ်ဘူး”
“မင်းဒီနေ့မြင်နေရတဲ့ ကောင်းကင်နတ်ဆိုးသုတ်သင်အစီအရင်က သမိုင်းမှာ ပထမဆုံးပဲ ၊ ပြီးတော့ ဒီနေ့က ပထမဆုံးအသုံးပြုခြင်းလည်းဖြစ်တယ်”
ရန်ကျောက်ကဲက လက်သင်္ကေတများကို ရင်ဘတ်ရှေ့တွင် ထပ်မံပေါင်းစပ်လိုက်ပြီး လက်နှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်သည်။
“ဒါက မင်းအတွက် ပြင်ဆင်ထားတဲ့အစီအရင်ပဲ ၊ အမှားတွေရှိရင်လည်း လမ်းညွှန်ပေးပါဦး”
(၈၁)ခုသော အလင်းတန်းလမ်းကြောင်းများက ပိုမိုမြန်ဆန်စွာလည်ပတ်လာပြီး တစ်ချိန်တည်းမှာပင် ကျုံ့ဝင်ကာ အတွင်းဖက်သို့ဖိသိပ်လာသည်။ သံကြိုးများသဖွယ်အလင်းတန်းများက အရေအတွက်ပိုမိုများပြားလာသလို သိပ်သည်းလာသည်။
အလင်းတန်းများ၏ ရစ်ပတ်မှုအောက်တွင် ရောင်စုံတိမ်တိုက်များက ဖြည်းဖြည်းချင်း ပါးလွှာသောမြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အငွေ့ပျံပျောက်ကွယ်သွားသည်။
“လူငယ်မျိုးဆက်တွေက တကယ့်ကို ကြောက်စရာကောင်းတယ်... ထူးချွန်တဲ့ လူငယ်တွေ အများကြီး ပေါ်ထွက်လာနေတာပဲ...”
စိတ်ဝိညာဉ်နတ်ဆိုး၏ အသံသည် ဖြည်းဖြည်းချင်း မှုန်ဝါးပြီး အားနည်းလာကာ နောက်ဆုံး လုံးဝပျောက်ကွယ်သွားသည်။ ချန်ရွှမ်ကျုန်းနှင့် ချူးလီလီ၏ ဦးခေါင်းထက်ရှိ ရောင်စုံတိမ်တိုက်များသည်လည်း သူ’အသံနှင့်အတူ ပျောက်ကွယ်သွားလေသည်။
ချူးလီလီ၏မျက်လုံးများ ပြန်လည်မှေးမှိတ်သွားပြီး အသိစိတ်ပျောက်ဆုံးသူတစ်ယောက်ပမာ ထပ်မံအိပ်ပျော်သွားသည်။
ချန်ရွှမ်ကျုန်း၏မျက်လုံးများသည်လည်း ပြန်လည်ကြည်လင်လာပြီး သူက ချူးလီလီနှင့် သူ၏ကိုယ်တွင်းမှ နတ်ဆိုးအငွေ့အသက်များကို ဆက်လက်ထုတ်ယူလိုက်သည်။
“လုံးဝ သတိမလွတ်စေနဲ့”
ရန်ကျောက်ကဲ၏အသံက ဗလာနယ်ထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“စိတ်ဝိညာဉ်နတ်ဆိုးက ခန့်မှန်းလို့မရဘူး ၊ အခု သူ့ကို ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်နဲ့ ခွဲထုတ်ထားရုံလောက်ပဲ တတ်နိုင်တာ ၊ ကျွန်တော်တို့ သတိမထားမိတဲ့အချိန်မှာ သူက အခွင့်အရေးယူပြီး ထပ်ဝင်လာလိမ့်မယ် ၊ သူ့အလုပ်သူ ဆက်လုပ်လိမ့်မယ်”
“တကယ်လို့ ကျွန်တော်တို့ အချိန်ဆွဲနေမယ်ဆိုရင် သူကိုယ်တိုင် ဖြည်းဖြည်းချင်း ဖောက်ထွင်းဝင်ရောက်လာနိုင်တယ်”
ရန်ကျောက်ကဲ၏မျက်နှာက တည်ကြည်လေးနက်နေသည်။
“တခြားနတ်ဆိုးတွေလည်း အကြေးခွံတစ်ထောင်နယ်မြေကို ရောက်နေလောက်ပြီ”
ကျန်လူများအားလုံးက တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ချန်ရွှမ်ကျုန်း၊ ချူးလီလီသာမက ထျန်းစူးစကြာဝဠာတွင်ရှိနေသော ရှီကျွင်းနှင့် ယင်ယွီကျန်းတို့သည်လည်း အချိန်ကြာလာသည်နှင့်အမျှ အန္တရယ်နှင့်ရင်ဆိုင်ရခြေ ပိုမိုများပြားကြောင်း သူတို့အားလုံး သိရှိကြသည်။
ချန်ရွှမ်ကျုန်းမျက်နှာထက် စိတ်မသက်သာသည့်အမူအရာရှိနေသော်လည်း သူ၏မျက်ဝန်းများက အာရုံစူးစိုက်သွားသည်။
သူနှင့် ချူးလီလီကြားတွင်ရှိနေသော ရေခဲပြာရောင်သင်္ကေတက ပိုမိုတောက်ပလာသလို ကြီးမားကျယ်ပြန့်လာပြီး အချိန်ကုန်လွန်သည်နှင့်အမျှ တိုးတက်မှုက သိသာလာသည်။
သို့သော် ခဏအကြာမှာတော့ ဘေးတွင်ရှိနေသော ဖန်းယွင်ရှန်းက မျက်ခုံးများတွန့်ချိုးလိုက်ပြီး...
“သူတို့တွေ ကျွန်မတို့ရှိနေတဲ့နေရာကို တွေ့သွားပြီ”
သူမ၏မျက်ဝန်းများထဲတွင် နက်ပြာရောင်နတ်ဆိုးမီးလျှံများ လှုပ်ခတ်တုန်ခါလျှက်ရှိ၏။
ဖန်းယွင်ရှန်းက နတ်ဆိုးများကို လွယ်ကူစွာ အာရုံခံနိုင်ကြောင်း ရန်ကျောက်ကဲတို့အားလုံးသိရှိကြသည်။
ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်နှင့် အကြေးခွံတစ်ထောင်နယ်မြေက တားဆီးပေးထားသော်လည်း အကြေးခွံတစ်ထောင်နယ်မြေသို့ နီးကပ်လာနေသည့် နတ်ဆိုးများကို သူမက အာရုံခံနိုင်ဆဲ ဖြစ်သည်။
အကြေးခွံတစ်ထောင်နယ်မြေက သူတို့ရှိရာနေရာနှင့် နတ်ဆိုးများကြား ခွဲထုတ်ပိတ်ဆို့ရန်အတွက် ထူးခြားသောအာနိသင် ရှိသည်။
အဘယ်ကြောင့်ဆိုသော ဤနယ်မြေက ကမ္ဘာလောကဖန်ဆင်းခြင်းအချိန်မှစတင်ဖြစ်တည်ခဲ့ပြီး နတ်ဆိုးများကိုဖိနှိပ်ရာတွင် ထင်ရှားသောနယ်မြေများထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။
မဟာနတ်ဆိုးများမှာ ဤနေရာကိုရှာတွေ့ရန် အလွန်အမင်းအားထုတ်ခဲ့ကြရသည်။
ရန်ကျောက်ကဲတို့အုပ်စု သဲလွန်စမကျန်ပျောက်ကွယ်သွားပြီး အကြေးခွံတစ်ထောင်နယ်မြေကိုလည်း ရှာတွေ့သည်ဖြစ်ရာ နတ်ဆိုးအုပ်စုက တုံ့ဆိုင်မနေတော့ပေ။
သူတို့၏ရန်သူက ဤနေရာတွင် သေချာပေါက်ရှိမည်ကို သိရှိခဲ့ကြ၏။
အကြေးခွံတစ်ထောင်နယ်မြေကိုတွေ့ရှိသည်နှင့် သူတို့က အခြားနတ်ဆိုးများကိုဆက်သွယ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ဤနေရာသို့ စုဝေးရောက်ရှိလာကြသည်။
မဟာနတ်ဆိုးများ အချင်းချင်းဆက်သွယ်ပြီး အားလုံးက ဗလာနယ်ကိုဖြတ်သန်းကာ အကြေးခွံတစ်ထောင်နယ်မြေသို့ ဆင်းသက်လာကြသည်။
ထိုခဏတွင် မှောင်မိုက်သောဗလာနယ်ထဲတွင် ပုံပျက်နေသည့်တွင်းနက်များ ၊ ခရုပတ်နွယ်လိမ်များ ပေါ်ထွက်လာသည်ကို တွေ့ရလေသည်။
တွင်းနက်များထဲမှ တဟုန်ထိုးထွက်ပေါ်လာသည့် အဆုံးမရှိသောနတ်ဆိုးချီက ရိုင်းစိုင်းကြမ်းတမ်းမှု ၊ အေးစက်သွေးဆာမှုတို့ဖြင့် ပြည့်နက်နေသည်။
နတ်ဆိုးချီများက ဗလာနယ်ကို ဖုံးလွှမ်းထားသော မုန်တိုင်းတိမ်တိုက်များသဖွယ် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လှုပ်ရှားနေသော နတ်ဆိုးချီများထဲတွင် ပုံပျက်နေသော သွေးနီရောင်လျှပ်စီးကြောင်းများ လှုပ်ခါနေသည်။
မဟာနတ်ဆိုးများစုစည်းလာသည်နှင့်အမျှ စကြဝဠာတစ်ခုလုံး ငရဲကိုးထပ်အဖြစ်သို့ အသွင်ပြောင်းသွားသယောင် ထင်မှတ်ရသည်။
နတ်ဆိုးချီများထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်နယ်နိမိတ်များက အေးစိမ့်စမ်းချောင်းများအဖြစ် အသွင်ပြောင်းသွားကြသည်။
နတ်ဆိုးချီများ ဝိုင်းရံဖိစီးမှုအောက်တွင် အကြေးခွံတစ်ထောင်နယ်မြေကတော့ တောက်ပသည့်အလင်းတန်းများဖြင့် ဆက်လက်တောက်ပနေဆဲပင်။
ရေမျက်နှာပြင်ထက်တွင် တောက်ပသည့် ငွေရောင်အကြေးခွံရှိသောငါးကြီးများ ကူးခတ်နေပြီး အဆက်မပြတ်ခုန်ပေါက်နေသယောင် ထင်မှတ်ရသည်။
ထိုအချိန်...
နတ်ဆိုးနယ်မြေအဖြစ်ပြောင်းလဲသွားပြီဖြစ်သော ဗလာနယ်ထဲတွင် ခမ်းနားသည့်အငွေ့အသက်တစ်ခု ထင်ရှားထွက်ပေါ်လာသည်။
ထူးဆန်းနက်ရှိင်းသော တေးဂီတသံများ ထွက်ပေါ်လာပြီး ၊ ထိုအသံများက နတ်မိစ္ဆာများ၏ ရှုပ်ထွေးသောဘာသာစကားနှင့်မတူညီဘဲ ပြောင်းပြန်ပုံစံဖျက်ခြင်းများဖြင့် ပြည့်နက်နေသည်။
သို့သော် မဟာတာအို၏စူးရှတေးသံနှင့်နှိုင်းယှဉ်ပါက ထိုအသံထဲတွင် ထင်ရှားသည့်ဥပဒေသများ ၊ နက်နဲသည့်စည်းမျဉ်းများပါဝင်နေသည်ဟု ထင်မှတ်ရသည်။
ထိုတေးဂီတသံစဉ်များ ပြောင်းလဲလာသည်နျင့်အမျှ ငရဲကိုးထပ်မှနတ်ဆိုးများက ၎င်း၏အဓိပ္ပါယ်ကို နားလည်လိုက်ကြသည်။
“ငါက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့ အခွင့်အာဏာကိုခိုးယူပြီး လမ်းမှားရောက်သွားတဲ့မိန်းကလေးကို ကိုင်တွယ်ဖို့ ဒီကိုရောက်လာတာပဲ ၊ အကြေးခွံတစ်ထောင်နယ်မြေကို အမြန်ဖောက်ထွင်းဝင်ရောက်ကြပါ”
တေးဂီတသံများထဲမှ နက်ရှိုင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။
“ဒီနေ့ ရေပလ္လင်နတ်ဆိုးဧကရာဇ်နဲ့ မြေကမ္ဘာပလ္လင်နတ်ဆိုးဧကရာဇ် ပြန်လည်မွေးဖွာလာတာကို ကြိုဆိုရမယ်”