← Chapters

စစ်ကူများရောက်လာပြီ

Vol. 102 Ch. 1423

စစ်ကူများရောက်လာပြီ

Vol. 102 Ch. 1423

အခန်း (၁၄၂၃) စစ်ကူများရောက်လာပြီ

ကောင်းကင်နတ်ဘုရားအဆင့် မဟာနတ်ဆိုးက ပိုမိုအားကောင်းသော တန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသလျှက် ပိုပြီး စိတ်ရှည်သည်းခံလာသည်။

သူ့ထက်ကျင့်ကြံခြင်းအဆင့်နိမ့်သည့် ဖန်းယွင်ရှန်းကိုရင်ဆိုင်ရသည့်တိုင် သူက တမင်တကာ နောက်ဆုတ်ပေးနေသည့်အလား ထင်မှတ်ရသည်။

သို့သော် နောက်ဆုတ်နေသည့်ကြားမှပင် သူ့ထံမှ ရက်စက်ကြမ်းတမ်းသည့်အငွေ့အသက်များက ယိုစိမ့်ထွက်ပေါ်နေဆဲသာပင်။

သူက ဖန်းယွင်ရှန်း၏ ဓားကို လုံးဝမကြောက်ရွံ့ပေ။

သူက တိုက်ခိုက်ရင်းပင် အခြားနတ်ဆိုးများအား ဖန်းယွင်ရှန်း၏တိုက်ခိုက်မှုများမှ ကာကွယ်ပေးနေသည်။

နတ်ဆိုးအများစုက ရက်စက်ကြမ်းတမ်းပြီး ရူးသွပ်သူများပမာ ပြုမူလေ့ရှိကြသည်။ နတ်ဆိုးတစ်ယောက်က အခြားနတ်ဆိုးများကိုကာကွယ်ပေးသည်မှာ ခပ်ရှားရှားပင်။

ထိုမဟာနတ်ဆိုးက ဖန်းယွင်ရှန်း၏ တိုက်ခိုက်မှုများမှ အခြားနတ်ဆိုးများကို ကာကွယ်ပေးသယောင်ဖြင့် လျှို့ဝှက်စွာ အခြားအစီအစဉ်တစ်ခုကို အကောင်အထည်ဖော်နေခြင်း ဖြစ်၏။

နတ်ဆိုးချီအလွှာများက တဖြည်းဖြည်း တစ်ခုနှင့်တစ်ခု ယှက်နွယ်လာသည်။

နတ်ဆိုးချီများက ပျံ့လွင့်မသွားဘဲဆက်နွယ်လာပြီး ဖန်းယွင်ရှန်းကိုပိတ်မိစေမည့် ကျယ်ပြန့်သော ပိုက်ကွန်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပုံဖော်လာသည်။

သုခနတ်ဆိုးဘုရင်နှင့် အခြားနတ်ဆိုးများ၏ရည်ရွယ်ချက်ကလည်း ဤမဟာနတ်ဆိုး၏အစီအစဉ်နှင့် အတူတူပင် ဖြစ်သည်။

အကယ်၍ ဖန်းယွင်ရှန်း ဤနေရာတွင်မရှိတော့လျှင် ဘာပြဿနမှ ရှိတော့မည်မဟုတ်ပေ။ သို့သော် သူမရှိနေသဖြင့် နတ်ဆိုးများက သူမကိုဖမ်းဆီးပြီး ငရဲကိုးထပ်သို့ ပြန်ခေါ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့၏ အဓိကရည်ရွယ်ချက်ကတော့ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုရန်ဖြစ်သည်။

သိုသော် ဖန်းယွင်ရှန်းကို ငရဲကိုးထပ်သို့ ပြန်ခေါ်ဆောင်နိုင်လျှင် သူတို့အတွက် ထပ်ဆောင်းအကျိုးအမြတ်တစ်ခု ဖြစ်လာပေမည်။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲနှင့်အတူ ထျန်းစူးစကြဝဠာတွင် ရှိနေသည်ဖြစ်ရာ သူမ၏သဲလွန်စကို လိုက်လံရှာဖွေရန် ခဲယဉ်းလွန်းသည်။

ထို့ကြောင့် ယနေ့ သူမကိုတွေ့ရှိသည့်အခါ မဟာနတ်ဆိုးအုပ်စုက ရှားပါးအခွင့်အရေးကိုဆုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဖန်းယွင်ရှန်းနှင့် ကော်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးတိုက်ခိုက်နေသည်ကို အခြားနတ်ဆိုးများက ဝင်ရောက်မစွက်ဖက်ပေ။

သူတို့က အကြေးခွံတစ်ထောင်နယ်မြေကို ဆက်လက်ကျူးကျော်ဝင်ရောက်နေကြသည်။

အကြေးခွံတစ်ထောင်နယ်မြေမှ အလင်းစီးကြောင်းများထဲတွင် ရန်ကျောက်ကဲနှင့် ရန်တိ၏ ပုံရိပ်များ ထွက်ပေါ်လာသည်။

သူတို့ရှေ့မှ နတ်ဆိုးလှိုင်းလုံးကြီးကိုကြည့်ရင်း ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လက်ဖဝါးကိုလှန်လိုက်သည်။

ထို့နောက် သူက အောက်ဘက်တွင်လှုပ်ရှားနေသော အလင်းစီးကြောင်းဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

လှုပ်ရှားနေသောအလင်းစီးကြောင်းက ရှည်လျားသည့်မြစ်တစ်စင်းပမာဖြစ်ပြီး ထိုအလင်းမြစ်ထဲတွင် အလင်းတန်းများ စုဝေးလာသည်။

ထို့နောက် အလင်းတန်းများစုဝေးရာမှ အင်းသင်္ကေတများ တစ်ခုချင်းစီထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခုယှက်နွယ်ကာ ဖြည်းဖြည်းချင်းပေါင်းစည်းလျှက် ကျယ်ပြန့်သော အစီအရင်တစ်ခု ဖြစ်တည်လာသည်။

ချက်ချင်းဆိုသလို ရန်ကျောက်ကဲက လက်ဖဝါးကို ထပ်ပြီးလှန်လိုက်သည်။

သူ၏လက်ဖဝါးလှန်လိုက်သည်နှင့် အကြေးခွံတစ်ထောင်နယ်မြေသည်လည်း ပြေင်းပြန်လှန်ခံလိုက်ရသလို ဖြစ်သွားသည်။

ထိုမြင်ကွင်းကိုတွေ့တော့ မဟာနတ်ဆိုးအုပ်စု ထိတ်လန့်တုန်လှုပ်သွားကြသည်။

အကြေးခွံတစ်ထောင်နယ်မြေတစ်ခုလုံး ပြောင်းပြန်လန်သွားသည်နှင့် ဗလာနယ်လေထု ပုံပျက်သွားသည်။

အကြေးခွံတစ်ထောင်နယ်မြေက နတ်ဆိုးများကိုတွန်လှန်နိုင်သော ထူးခြားသည့် အာနိသင်ရှိသည်ဖြစ်ရာ ပတ်ဝန်းကျင်ဗလာနယ်ကို လွှမ်းမိုးပိတ်ဆို့ထားသော အဆုံးမရှိသည့်နတ်ဆိုးနယ်မြေမှာ ဗလာနယ်ပုံပျက်ခြင်းကြောင့် ဆုတ်ဖြဲခံလိုက်ရသည်။

ဆုတ်ဖြဲခံလိုက်ရသည့်အက်ကွဲကြောင်းအတွင်းမှ အလင်းစီးကြောင်းတစ်ခု ဝင်ရောက်လာလေသည်။

လဝန်းထက်ယံအရှင်သခင် - လင်ချင်း။

စန့်ချင်အဆက်အနွယ် ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ နံပါတ်(၁) ကျွမ်းကျင်သူ - "နှစ်ကိုယ်ခွဲဓားဧကရီ" ကောင်းချင်းရွှမ်။

ဓားထုတ်ခြင်းနှင့် ဓားကျင့်ကြံခြင်းကို အောင်မြင်ပြီးသည့်နောက် ဓားအိမ်ထဲမှဓားထုတ်လိုက်ချိန် အစစ်အမှန်နတ်ဘုရားအဆင့်မှ နက်ရှိုင်းနတ်ဘုရား အထွတ်ထိပ်အဆင့်သို့ ချက်ချင်းတက်လှမ်းနိုင်ခဲ့သူ အုပ်စိုးရှင်တစ်ပါးအဆင့်မှ ဧကရာဇ်အဆင့်သို့ရောက်ရှိသွားသူ လုန်ချွမ်ဧကရာဇ်’လုန်ရှင်းချွမ်’။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ပြောင်းရွှေ့စဉ်တွင် ဓားထုတ်ခြင်းနှင့် ဓားကျင့်ကြံခြင်းကိုအောင်မြင်သွားပြီး နက်ရှိုင်းနတ်ဘုရား အထွတ်ထိပ်အဆင့်သို့တက်လှမ်းနိုင်ကာ အုပ်စိုးရှင်တစ်ပါးအဆင့်မှ ဧကရာဇ်အဆင့်သို့ရောက်ရှိသွားသည့် “တိမ်လွှာဧကရာဇ်”။

အက်ကွဲကြောင်းအတွင်းမှ လမ်းမှန်တာအိုဝါဒကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီး မဟာနတ်ဆိုးများအား တားဆီးလိုက်ကြသည်။

ယနေ့တိုက်ပွဲက စန့်ချင်အဆက်အနွယ် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် မသက်ဆိုင်သော်လည်း ငရဲကိုးထပ်မှ ထိပ်တန်းမဟာနတ်ဆိုး(၆)ပါး ပြန်လည်မွေးဖွားလာခြင်းနှင့် ဆက်စပ်နေသည်။

ဤပြဿနာက အများနှင့်သက်ဆိုင်သဖြင့် ကောင်းချင်းရွှမ် ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသူများက နတ်ဆိုးများကိုနှိမ်နင်းပြီး ချန်ရွှမ်ကျုန်းကိုကာကွယ်ရန် ဆန္ဒရှိကြသည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးတို့ ပြန်လည်မွေးဖွားလာပြီး ငရဲကိုးထပ်သို့ရောက်ရှိသွားပါက ၊ သူတို့က နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ကို ဖြတ်သန်းပြီး မူလအတိုင်း တန်ခိုးစွမ်းအားများ ပြင်းထန်လာကြပေမည်။

ထိုအချိန် သေချာပေါက် အန္တရယ်ဖြစ်ပေါ်လာပေမည်။

ပြင်ပတာအိုကျင့်ကြံသူများနှင့် လမ်းမှန်တာအိုကျင့်ကြံသူများက ရန်သူများဖြစ်ကြသလို ငရဲကိုးထပ်သည်လည်း အလားတူပင်ဖြစ်သည်။

နေရာအနှံ့အပြားမှ ငရဲကိုးထပ်နတ်ဆိုးများက အခွင့်အရေးရတိုင်း လူ့လောကထဲသို့ ယိုစိမ့်ဝင်ရောက်လာလေ့ရှိကြသည်။

မိမိတို့၏မိသားစုဝင်များကို နတ်ဆိုးများကဆွဲဆောင်ခြင်း ၊ မဟာနတ်ဆိုးများပြန်လည်မွေးဖွားမည့် ရုပ်ခန္ဓာအဖြစ် အသုံးချခံရခြင်းများကို မည်သူမှမလိုချင်ကြပေ။

ထို့ကြောင့် ကောင်းချင်းရွှမ်နှင့် အခြားသူများအနေဖြင့် ငရဲကိုးထပ်ကိုအားနည်းသွားစေရန် ကူညီပေးချင်ကြသည်။

ဤနေရာတွင်ရောက်နေသော ငရဲကိုးထပ် မဟာနတ်ဆိုးများထဲတွင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ နတ်ဆိုးများ အတော်များများရှိနေသည်။

မဟာတာအို၏စူးရှတေးသံနှင့်ဆင်တူသော်လည်း စိတ်အစဉ်ကို ပျက်ယွင်းရူးသွပ်သွားစေနိုင်သည့် နတ်ဆိုးသံစဉ်များက စကြဝဠာတစ်ခွင် ကျယ်လောင်စွာထွက်ပေါ်နေသည်။

ဖန်းယွင်ရှန်းက ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးနှင့် အပြင်းအထန် တိုက်ခိုက်နေရသဖြင့် နတ်ဆိုးတေးသံကို ကိုင်တွယ်ဖြေရှင်းရန် မတတ်နိုင်ခဲ့ပေ။

သို့သော် ထိုက်ရွှီးမူလနတ်ဘုရားများဖြစ်သည့် လင်ချင်းနှင့် ကောင်းချင်းရွှမ်တို့ ရောက်ရှိလာသည်နှင့် သူတို့ထံမှ မဟာတာအို၏စူးရှတေးသံထွက်ပေါ်လာရာ နတ်ဆိုးတေးသံက အားနည်းသွားရသည်။

တောက်ပထွန်းလင်းသည့်လရောင်ခြည်က အင်းသင်္ကေတများအဖြစ်ပြောင်းလဲသွားပြီး ဗလာနယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ပတ်ပတ်လည်မှ နတ်ဆိုးချီအလွှာများကို သန့်စင်ပေးလိုက်သည်။

တစ်ချိန်တည်းပင် ပူပြင်းလောင်မြိုက်သော အဆုံးမရှိသည့်နေရောင်ခြည်ထွက်ပေါ်လာပြီး ကြယ်စင်ကောင်းကင်ယံမှ အမှောင်ထုကို ဖယ်ရှားထွန်းလင်းပေးလိုက်သည်။

ဤနေရာတွင် ကောင်းဟန်မရှိသော်လည်း သူ၏ ထိုက်ရွှီးမူလနတ်ဘုရားအဆင့် အမတမှော်ဝင်ပစ္စည်းဖြစ်သော သူတော်စင်အလင်းအလံရှည်က လင်ချင်းလက်ထဲတွင် ရှိနေလေသည်။

နေရောင်နှင့်လရောင် ထွန်းလင်းမှုအောက်တွင် နတ်ဆိုးအုပ်စုမှာ ဆုတ်ခွာသွားရန် ဖိအားပေးခံရသည်။

ဧရာမမျောက်ဝံပုံစံရှိသောမဟာနတ်ဆိုးက ပါးစပ်ဟလိုက်ပြီး ရက်စက်ကြမ်းတမ်းသော သွားစွယ်များကို ထုတ်ဖော်ပြသလိုက်သည်။

သွေးကန်ကြီးများပမာထင်မှတ်ရသော သူ၏မျက်လုံးများကလည်း ရက်စက်မှုများ ပြည့်နှက်နေသည်။သူက ရူးသွပ်စွာ ဟိန်းဟောက်သံပြုလိုက်ရာ ခန္ဓာကိုယ်မှ အံ့အားသင့်ဖွယ် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

သူက နေနှင့်လ၏ထွန်းလင်းမှုကိုဖယ်ရှားလိုက်ပြီး လင်ချင်းဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

လင်ချင်းက ကြောက်ရွံ့ခြင်းမရှိပေ။

သူမက နေနှင့်လ တန်ခိုးစွမ်းအားကို ပေါင်းစည်းလိုက်ပြီး ရှေးဟောင်းနတ်တောင်ကြီးတစ်လုံးပမာ ကြီးမားလှသော မျောက်ဝံနတ်ဆိုးကြီးနှင့် ရင်ဆိုင်လိုက်၏။

သူက နေနှင့်လ တန်ခိုးစွမ်းအားကိုအသုံးပြုပြီး ရန်သူကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ယင်နှင့်ယန် ပေါင်းစည်းမှုကိုအသုံးပြုပြီး ရန်သူ၏တိုက်ခိုက်မှုများကို လွင့်ပြယ်စေလိုက်သည်။

ထူးကဲယင် ခဲ့ထူကြယ် အသွင်ပြောင်းခြင်းကိုအသုံးပြုပြီး ရန်သူ၏တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

အမျိုးမျိုးသောပြောင်းလဲမှုများက သူမ စိတ်စေရာအတိုင်း ပြောင်းလဲဖြစ်တည်လာသည်။

သူမက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော ဧရာမမျောက်ဝံနတ်ဆိုးကြီးနှင့်တိုက်ခိုက်ရင်း ခံစစ် တိုက်စစ် နှစ်မျိုးလုံးတွင် ခိုင်မာစွာရပ်တည်နေသည်။

တိုက်ပွဲကအလွန်ပြင်းထန်သော်လည်း နတ်ဆိုးများက နောက်ဆုတ်သွားခြင်းမရှိပေ။ သူတို့က အကြေးခွံတစ်ထောင်နယ်မြေနှင့် အကွာအဝေးတစ်ခုအထိ ထိန်းထားပြီး ရပ်တည်နေကြသည်။

တစ်ဖက်တွင် ကောင်းချင်းရွှမ်၏ရပ်တည်မှုက လင်ချင်းကဲ့သို့ ခိုင်မာခြင်းမရှိပေ။

သို့သော် သူမ၏သတ်ဖြတ်လိုသောအငွေ့အသက်နှင့် မိစ္ဆာချီစွမ်းအားများက ပိုမိုထူထပ်လာသည်။

သူမက ဓားအလင်းတန်းနှစ်ခုပေါင်းစည်းလိုက်သည်နှင့် နတ်ဆိုးများစွာ တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။

ထိုအချိန် ခေါင်း(၄)ခု လက်(၄)ဖက် ၊ တိမ်တိုက်ခြေထောက်များပိုက်ဆိုင်သော မဟာနတ်ဆိုးက ကောင်းချင်းရွှမ်ဆီသို့ အလျင်အမြန် ပြေးဝင်လာသည်။

သို့သော် ကောင်းချင်းရွှမ်၏ နှစ်ကိုယ်ခွဲတိုက်ခိုက်မှုက ထိုမျှထက်မြက်ပြင်းထန်မည်ဟု ထင်မှတ်မထားခဲ့ပေ။ တစ်ချက် ထိပ်တိုက်တွေ့ရုံဖြင့် သူ၏လက်တစ်ဖက် ဖြတ်တောက်ခံလိုက်ရသည်။

သူက ရူးသွပ်စွာဟိန်းဟောက်လိုက်ရာ ထိုမဟာနတ်ဆိုး၏ဦးခေါင်းထက်တွင် အနက်ရောင်အလင်းတန်းများစုဝေးလာပြီး ခမ်းနားသော နတ်ဆိုးချီ ထွက်ပေါ်လာသည်။

သူက နောက်ပြန်ဆုတ်ခြင်းမရှိဘဲ အားကုန်သုံးကာ ထပ်မံတိုက်ခိုက်လိုက်သည်။

သို့သော် ကောင်းချင်းရွှမ်၏ နှစ်ကိုယ်ခွဲဓားအလင်းတန်းများက အတားအဆီးမရှိပေ။ အချိန်ကာလ စီးဆင်းခြင်း ၊ မွေးဖွားခြင်းနှင့် ပျက်ဆီးခြင်းသံသရာကို ကိုယ်စားပြုသည်။

ထိုဓားသိုင်းက လောကဖွဲ့သည်းမှု ပြောင်းလဲမှုများကို ပြသလျှက်ရှိ၏။

ထူးခြားသည့်တန်ခိုးစွမ်းအားကိုပိုင်ဆိုင်ထားသည့်တိုင် ခေါင်း(၄)လုံး လက်(၄)ဖက်ရှိသော မဟာနတ်ဆိုးမှာ ကောင်းချင်းရွှမ်၏တိုက်ခိုက်မှုကိုမခံနိုင်ဘဲ ဖရိုဖရဲနောက်ဆုတ်သွားရသည်။

သူက အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိသဖြင့် ကောင်းချင်းရွှမ်က သူ၏လက်တစ်ဖက်ကို ထပ်မံဖြတ်တောက်လိုက်ပြန်သည်။

မဟာနတ်ဆိုး ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွားသည်။

ခုခံကာကွယ်ရင်း တန်ပြန်တိုက်ခိုက်နေစဉ် သူ့စိတ်ထဲ အံ့သြမှုများဖြင့် ပြည့်နက်နေသည်။

ထိုနတ်ဆိုးက အံ့အားသင့်ဖွယ် ပြန်လည်ဖြစ်တည်နိုင်စွမ်းရှိလေရာ နတ်ဆိုးချီများကိုစုစည်းပြီး ဖြတ်တောက်ခံလိုက်ရသည့် လက်နှစ်ဖက်ကို ပြန်လည်ဖွဲ့စည်းရန် ကြိုးစားလိုက်သည်။

သို့သော် ရလဒ်က အနည်းငယ်သာ အောင်မြင်သည်။

တာအိုဝါဒ ၊ စန့်ချင်အဆက်အနွယ်၏ ဓားသိုင်းပညာက ရက်စက်ကြမ်းတမ်းမှုများဖြင့် ပြည့်နက်နေပြီး အမျိုးမျိုးသောသက်ရှိများကို သုတ်သင်ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

မဟာနတ်ဆိုးတစ်ပါးပင်ဖြစ်ဦးတော့ ထိုဓားသိုင်းကို ရင်ဆိုင်ရန် ခက်ခဲလှသည်။

ထိုမဟာနတ်ဆိုးအခြေအနေကိုမြင်တော့ သုခနတ်ဆိုးဘုရင်က မျက်ခုံးတစ်ချက်ပင့်ပြီး အနားသို့ချဉ်းကပ်လာသည်။

မဟာနတ်ဆိုးများက အချင်းချင်း ကူညီပေးလေ့မရှိကြသော်လည်း ဤအခြေအနေက အားလုံး တစ်လှေတည်းစီးသည့်အနေအထား ဖြစ်လေရာ သူ့အနေဖြင့် ထိုမဟာနတ်ဆိုးကို ဤအတိုင်းထားလိုက်ရန် မဖြစ်နိုင်ပေ။

သို့သော် သုခနတ်ဆိုးဘုရင်၏လှုပ်ရှားမှု ချက်ချင်းရပ်တန့်သွားသည်။

ခမ်းနားထည်ဝါပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဓားအလင်းတန်းတစ်ခုက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သိုးအုပ်ထဲသို့ ကျားတစ်ကောင်ဝင်ရောက်လာသည့်ပမာ ထိုဓားအလင်းတန်းက အကြေးခွံတစ်ထောင်နယ်မြေသို့ ချဉ်းကပ်ရန် ကြိုးပမ်းနေသော နတ်ဆိုးများစွာကို သုတ်သင်ပစ်လိုက်သည်။

တာအိုဝါဒ၏ နက်ရှိုင်းနတ်ဘုရားအဆင့်နှင့် တူညီသည့်ကျင့်ကြံမှုရှိသော မဟာနတ်ဆိုးများသည်ပင် ထိုဓားအလင်းတန်းကို မခုခံနိုင်ခဲ့ကြပေ။

All Chapters