သုခနတ်ဆိုးအသင်္ချေအစီအရင်
Vol. 102 Ch. 1424
အခန်း (၁၄၂၄) သုခနတ်ဆိုးအသင်္ချေအစီအရင်
တောက်ပသည့်ဓားအလင်းတန်းက အတားအဆီးမရှိ ဆက်လက်ထွန်းလင်းနေသည်။
တိုက်ခိုက်သူက ‘ရန်တိ’ ပင် ဖြစ်၏။
ရန်တိက နက်ရှိုင်းနတ်ဘုရားအဆင့် ကျင့်ကြံခြင်းကိုပိုင်ဆိုင်ထားသော်လည်း နတ်ဆိုးအုပ်စုမှာ ထိုခမ်းနားသောဓားအလင်းတန်းကို ခုခံကာကွယ်နိုင်စွမ်း မရှိကြပေ။
ဓားအလင်းတန်း လွှမ်းခြုံသွားသည့်နေရာတိုင်းတွင် နတ်ဆိုးအုပ်စုမှာ ရှောင်တိမ်းရုံမှတပါး ရွေးချယ်စရာမရှိခဲ့ပေ။ထိုဓားချက်ကို ကြံ့ကြံ့ခံရင်ဆိုင်မည်ဆိုပါက သေခြင်းတရားကသာ စောင့်ကြိုနေပေလိမ့်မည်။
ကောင်းချင်းရွှမ်၏ နှစ်ကိုယ်ခွဲဓားသိုင်းနှင့်ယှဉ်လျှင် ရန်တိ၏ စွမ်းအားသည် များစွာနိမ့်ကျပုံပေါ်သည်။
သို့သော် ကောင်းချင်းရွှမ်၏ဓားနှစ်လက်ပေါင်းစည်းမှုက ဖန်းဆင်းခြင်းအပြောင်းအလဲများကိုပြသသည်ဖြစ်ရာ ကောင်းကင်ဖွင့်ဓားသိုင်းနှင့် ကမ္ဘာဖျက်ဓားသိုင်း ပေါင်းစည်းမှုဖြစ်စဉ်ကို လူတိုင်းတွေ့မြင်နိုင်သေးသည်။
ထိုဓားသိုင်း(၂)မျိုးပေါင်းစည်းမှသာ သူမ၏ဖန်ဆင်းခြင်းစွမ်းအားက ပြီးပြည့်စုံစွာ အတားအဆီးမရှိ ထွက်ပေါ်လာပေသည်။
သို့ပေသိ ရန်တိ၏တိုက်ခိုက်မှုကတော့ သူ၏စိတ်စေရာအတိုင်းဖြစ်ပေါ်လာသည်။ ဓားသိုင်းတွင် ပြင်ပအကူအညီမပါဘဲ သဘာဝအတိုင်းလုပ်ဆောင်ခြင်း ဖြစ်၏။
သူတိုက်ခိုက်သည့်အခါတိုင်း ဖန်းဆင်းခြင်း၏နက်ရှိုင်းသောအနှစ်သာရက တန်းပြီးထွက်ပေါ်လာသည်။
မိုးနှင့်မြေ အရှိန်အဟုန်ဖြင့် ရှေ့သို့တက်လာခြင်းကာ ဤလောက၏ အဆုံးမရှိသော မဟာတာအိုများထဲတွင် ထူးခြားပြီး ခန့်ညားထည်ဝါသော စည်းမျဉ်းများကို ပြသလျက်ရှိသည်။
ထိုဓားသိုင်းကိုတွေ့မြင်သည်နှင့် သုခနတ်ဆိုးဘုရင်က မျက်ခုံးများတွန့်ချိုးလျှက် ရှေ့သို့တက်လာသည်။
ရန်တိကဲ့သို့ တိုက်စစ်ကျွမ်းကျင်သော သိုင်းကျင့်ကြံသူတစ်ယောက်က ရန်သူအုပ်စုတစ်စုကို လွှမ်းမိုးနိုင်စွမ်းမြင့်မားသည်။ ထိုသို့သောသူမျိုးက တန်ခိုးစွမ်းအားနည်းပါးသည့်တိုင် အုပ်စုလိုက် သုတ်သင်ပစ်နိုင်စွမ်းရှိသည်။
သို့သော် ရန်တိ၏တိုက်ခိုက်ပုံက သတိတစ်ချက်လွတ်သွားလျှင် အားနည်းသောရန်သူပင်ဖြစ်ပါစေ ချက်ချင်း တိုက်ပွဲကိုပြောင်းပြန်လှန်နိုင်သော အနေအထားတွင်ရှိသည်။
ထို့ကြောင့် သုခနတ်ဆိုးဘုရင်က ရန်တိကိုသုတ်သင်ရန် ရှေ့တိုးလာခြင်းဖြစ်၏။
သို့ရာတွင် အနီးကပ်ကြည့်လိုက်တော့ ရန်တိ၏ ဦးခေါင်းထက်တွင် ထိုက်ယိဟွာတိမ်တိုက် ရှိနေကြောင်း တွေ့လိုက်ရသည်။
သုခနတ်ဆိုးဘုရင်မှာ ရန်တိကို အနိုင်ယူရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်ရ၏။
ထိုက်ယိဟွာတိမ်တိုက်ဖြင့်ဆိုလျှင် လုံလောက်သောအချိန်သာရှိပါက ရန်တိတစ်ယောက်တည်းဖြင့် စစ်မြေပြင်မှ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ နတ်ဆိုးများအားလုံးကို ရှင်းလင်းနိုင်သည်။
သုခနတ်ဆိုးဘုရင် သက်ပြင်းချလိုက်သည်။
ထို့နောက် ရှေ့သို့ခြေလှမ်းလိုက်ပြီး ရန်တိဆီသို့ ချဉ်းကပ်လာလေသည်။
ရန်တိက မယိမ်းမယိုင်သော မျက်နှာထားဖြင့် ဓားကွက်ထုတ်ဖော်ကာ သုခနတ်ဆိုးဘုရင်၏ဦးခေါင်းကို ခုတ်ပိုင်းချလိုက်သည်။
သို့သော် ထိုနတ်ဆိုးသည် တိုက်ပွဲများစွာရင်ဆိုင်ခဲ့သူဖြစ်ရာ အတွေ့အကြုံများစွာရှိသည်။
ဗလာနယ်အလွှာများကိုထိုးဖောက်ပြီး ရန်တိဆီချဉ်းကပ်လာသော သူ၏ပုံရိပ်က ချက်ချင်းဆိုသလို နောက်ပြန်လှည့်သွားသည်။
သူ၏ခန္ဓာကိုယ်ဖြတ်သန်းသွားရာ ဗလာနယ်က ပုံပျက်သွားပြီး နေရာအနှံ့ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
သုခနတ်ဆိုးဘုရင်က ရန်တိ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး ပုံပျက်သွားသော ဗလာနယ်အက်ကွဲကြောင်းများကိုအသုံးပြုကာ ရန်တိ၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
ထိုခဏမှာပင် သုခနတ်ဆိုးဘုရင်က ဆုတ်ခွာမှုကို ရပ်တန့်လိုက်ပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ထပ်မံဝင်ရောက်လာသည်။ သူတို့နှစ်ယောက်ကြားအကွာအဝေးက အလွန်နီးကပ်သည်ဖြစ်ရာ သူက ရန်တိရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။
ရန်တိက တည်ငြိမ်သောမျက်နှာဓားဖြင့် ဓားကွက်ထုတ်ပြီး ဗလာနယ်အက်ကွဲကြောင်းများကို ထိုးခွဲပစ်လိုက်သည်။
ကြောက်မက်ဖွယ်ရာဓားအလင်းတန်းက လက်ခနဲတောက်ပပြီး သုခမိစ္ဆာဘုရင်ထံသို့ ထပ်မံဝင်ရောက်လာသည်။
သုခနတ်ဆိုးဘုရင်က ရှောင်တိမ်းခြင်းမပြုဘဲ သူ၏ နတ်ဆိုးချီအနှစ်သာရကို ထုတ်ဖော်လိုက်သည်။ ထိုချီစွမ်းအားအနှစ်သာရက ရန်တိ၏တိုက်ခိုက်မှုမှ သူ့ကို ကာကွယ်ပေးလေသည်။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် ချီစွမ်းအား(၅)မျိုးပေါင်းစည်းမှု အောက်မြင်သွားသည့်အခါ ထွက်ပေါ်လာသည့်နတ်ဘုရားရောင်ဝါက ထိခိုက်ဒဏ်ရာရရန် ခဲယဉ်းလှသည်။
သုခနတ်ဆိုးဘုရင်က ကျင့်ကြံခြင်းအဆင့် အားသာချက်ကို အားကိုးပြီး နက်ရှိုင်းနတ်ဘုရားအဆင့်သာရှိသေးသော ရန်တိကိုဖိနှိပ်လိုက်သည်။
ထို့နောက် သူက လက်ညှိုးလက်ခလယ်ဆန့်ထုတ်ပြီး ရန်တိ၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးညွှန်လိုက်သည်။
သူ၏လက်ချောင်းထိပ်က နီးမြန်းသောအရောင်ဖြင့် တောက်ပနေပြီး ၊ ထိုအလင်းရောင်က မြူမှုံများနှင့်ဆင်တူသည်။ အလင်းမြူမှုံများက တကယ်လား ပုံရိပ်ယောင်လား မခွဲခြားနိုင်ဘဲ ထင်ယောင်ထင်မှားဖြစ်မှုကြား ရောထွေးနေသည်။
ဤသည်က သုခနတ်ဆိုးဘုရင်၏ သုခလက်ချောင်းသိုင်း ဖြစ်၏။
သူ၏လက်ချောင်းဖြင့် ထိတွေ့စရာပင်မလို ထို အနီရောင်မြူမှုံအလင်းများကိုတွေ့မြင်ရရုံဖြင့် လူတို့၏စိတ်နှလုံးယိမ်းယိုင်သွားပြီး စွဲလန်းစိတ်အတွေးများ ဖြစ်ပေါ်လာနိုင်သည်။
ထိုအခါ ရန်သူ၏ကျင့်ကြံခြင်းအားနည်းသွားပြီး မူးယစ်ရီဝေနေသလိုခံစားရကာ သုခနတ်ဆိုးဘုရင်၏လက်ချောင်းက သူ့ကိုဆွဲဆောင်နေသည့်ပမာ ဖြစ်သွားသည်။
ဤလောကတွင် အခက်အခဲများစွာ ရှိသည်။ ထို့ကြောင့် လူသားများက မျှော်လင့်ချက်တစ်ခုခုအား ဆုပ်ကိုင်လိုကြသည်။
ထိုနီမြန်းသောအလင်းမြူမှုံက လူတို့ကို သုခချမ်းသာ ပျော်ရွှင်မှုဆီလမ်းပြပေးသည့်အလင်းရောင်ဖြစ်လာပြီး သူတို့၏စိတ်ဆန္ဒများကို ဖြည့်ဆည်းပေးသည်။
လောကီဆန္ဒအမျိုးမျိုးနှင့် လူသားစိတ်ခံစားမှု အမျိုးအမျိုး...။
အရာအားလုံးကို ဖြည့်ဆည်းပေးနိုင်သည်။
ကျင့်ကြံသူတိုင်းက ကျင့်ကြံခြင်းမြင့်တက်လာရန် မျှော်လင့်ကြသည်။
ထိုအချက်က ဆန္ဒဖြစ်လာပြီး ၊ မျှော်လင့်ချက် လိုချင်တပ်မက်မှုလည်း ဖြစ်လာသည်။
စိတ်ထဲတွင် မည်သည့်အတွေးမျိုးရှိနေပါစေ ထို နီမြန်းသောအလင်းမြူမှုံက သူတို့၏ဆန္ဒများကို ဖြည့်ဆည်းပေးမည် ဖြစ်၏။
ထို့နောက် လူတစ်ယောက် ပျော်ရွှင်မှုထဲတွင် နစ်မွန်းသွားပြီး လက်တွေ့ဘဝတွင် ပြန်လည်နိုးထလာရန် နည်းလမ်းမရှိတော့ပေ။
သုခနတ်ဆိုးဘုရင်က ယင်နှင့်ယန်ကို ခွဲထုတ်သည့်သိုင်းပညာကို ကျွမ်းကျင်သော်လည်း ယခုအသုံးပြုလိုက်သည်က သူ၏ရိုးရှင်းသော သိုင်းပညာသာ ဖြစ်သည်။
ဤသိုင်းပညာက သက်ရှိအားလုံး၏ မျှော်လင့်ချက်ဆန္ဒများကို ဖြည့်ဆည်းပေးလေသည်။
သူ၏လက်ချောင်းသိုင်းဖြင့်ရင်ဆိုင်ရသည့်အခါ ရန်တိက သူ၏ဓားဖြင့် ပိတ်ဆို့ခြင်း မပြုခဲ့ပေ။
ရန်တိ၏ဦးခေါင်းထက်တွင် ကြာပန်းအသွင် အခိုးအငွေ့ဟင်းလင်းပြင်တစ်ခု ဖြည်းဖြည်းခြင်းပွင့်ဟလာပြီး စကြဝဠာအာကာသအလွှာများ ဖွင့်ဟလာသည့်ပမာ ဖြစ်သည်။
ထိုကြာပန်းအသွင်က ရန်တိ၏ဦးခေါင်းနှင့်ယှဉ်လျှင် သေးငယ်ပုံရသည်။
သို့သော် များပြားလှသော ကောင်းကင်နှင့် ကမ္ဘာများကို လွှမ်းခြုံနိုင်လောက်အောင်လည်း ကြီးမားလှသည်။
သုခနတ်ဆိုးဘုရင်၏လက်ချောင်းက မည်သို့ပင်တိုက်ခိုက်ပါစေ ရန်တိကို ဘယ်သောအခါမှ ထိမှန်နိုင်မည် မဟုတ်ပေ။ သူ၏တိုက်ခိုက်မှုက အခိုးအငွေ့တိမ်တိုက်များထံသို့သာ ကျရောက်သွားသည်။
လက်ချောင်းသိုင်းက ထိုက်ယိဟါာတိမ်တိုက်ကိုထိမှန်သွားသော်လည်း နီမြန်းသော အလင်းမြူမှုံများက ပျံ့လွင့်မသွားပေ။ သူက ထိုက်ယိဟွာတိမ်တိုက်၏လွှမ်းခြုံမှုကို ထိုးခွင်းလွတ်မြောက်ရန်ပင် ကြိုးပမ်းနေခဲ့သည်။
သို့သော် ထိုက်ယိဟွာတိမ်တိုက်နှင့် ရန်တိက ဖြစ်တည်မှုတစ်ခုတည်း ဖြစ်၏။
ရန်တိ၏ ကျင့်ကြံခြင်းစွမ်းအား မြင့်တက်လာသည်နှင့် ထိုက်ယိဟွာတိမ်တိုက်၏စွမ်းအားကလည်း တိုးမြင့်လာသည်။
သုခနတ်ဆိုးဘုရင်၏လက်ချောင်းသိုင်း ထိုက်ယိဟွာတိမ်တိုက်ထံကျရောက်သွားသည့်အခါ ပင်လယ်ထဲ ရွှံ့တစ်စက်ကျသည့်ပမာ မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။
ထို့နောက်မှာတော့ ရန်တိ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဓားအလင်းတန်းက သုခနတ်ဆိုးဘုရင်ထံသို့ ထပ်မံကျရောက်လာလေသည်။
သုခနတ်ဆိုးဘုရင် ဒဏ်ရာမရသော်လည်း လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ခမ်းနားသည့်ဓားချက်ကြောင့် ခြေလှမ်းများယိုင်နဲ့သွားကာ နောက်သို့တစ်လှမ်းဆုတ်သွားရသည်။
ရန်တိက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ သုခနတ်ဆိုးဘုရင်နှင့်တိုက်ခိုက်နေစဉ် အခြားနတ်ဆိုးများက အကြေးခွံတစ်ထောင်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ရန် စီစဉ်ထားကြသည်။
သို့သော် ရန်တိ၏ မထင်မှတ်သောတိုက်ခိုက်မှုက သုခနတ်ဆိုးဘုရင်ကိုကျော်လွန်ပြီး သူတို့ထံသို့ဝင်ရောက်လာရာ နတ်ဆိုးများမှာ ဦးခေါင်းများ ဖြတ်တောက်ခံလိုက်ရသည်။
“ဒါက...”
သုခနတ်ဆိုးဘုရင်၏မျက်နှာထားက စောစောကလို အေးဆေးမနေတော့ပေ။ သူက မျက်ခုံးများကို တွန့်ချိုးထားလိုက်၏။
ချီစွမ်းအား(၅)ခုပေါင်းစည်းထားသော နတ်ဘုရားရောင်ဝါရှိသည့် ထိုက်ရွှီးမူလနတ်ဘုရားက ဒဏ်ရာရရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ရန်တိ၏ တိုက်ခိုက်မှုက သူ့အတွက် ပြဿနာမရှိခဲ့ပေ။
သို့ပေသိ ထိုက်ယိဟွာတိမ်တိုက်က ကာကွယ်ထားသဖြင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော သုခနတ်ဆိုးဘုရင်၏တိုက်ခိုက်မှုကလည်း ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားမျှသာဖြစ်သော ရန်တိအား ထိခိုက်နိုင်ခြင်း မရှိခဲ့ပေ။
ရန်တိ၏ဓားအလင်းတန်းက သူ့ရှေ့ နေရာတိုင်းသို့ ခုတ်ပိုင်းချနေသည်ကိုကြည့်ရင်း သုခနတ်ဆိုးဘုရင်က အခြားနတ်ဆိုးများ ဆက်လက်ချီတက်မလာရန် ဟန့်တားလိုက်သည်။
သုခနတ်ဆိုးဘုရင်၏မျက်နှာက အေးစက်သွားပြီး ရှည်လျားသော ကြုံးဝါးသံပြုလုပ်လိုက်ရာ သူ၏ဦးခေါင်းထက်တွင် အနက်ရောင်အလင်းတန်းများ စုဝေးလာပြီး ထူးဆန်းသော ရောင်ဝါများ ထွက်ပေါ်လာသည်။
နီမြန်းသော အလင်းတန်းများက ဗလာနယ်ထဲတွင် ကခုန်လှုပ်ရှားနေပြီး တစ်ခုနှင့်တစ်ခု ယှက်နွယ်လျက် ရန်တိကို ပိတ်ဆို့ထောင်ချောက်ဆင်ရန် အစီအရင်တစ်ခု လျှင်မြန်စွာ ဖွဲ့စည်းလိုက်သည်။
သုခနတ်ဆိုးဘုရင်က ဗလာနယ်ထဲတွင် ခြေလှမ်းများ လျှောက်လှမ်းလိုက်သည်။
ထိုခြေလှမ်းများက နက္ခတ်ပညာခြေလှမ်းများနှင့်ဆင်တူပြီး “သုခနတ်ဆိုးအသင်္ချေအစီအရင်” ဖြစ်တည်လာသည်။
ထိုအစီအရင်ဖွဲ့စည်းလိုက်သည်နှင့် နီမြန်းသောအလင်းတန်းများတောက်ပလာပြီး နက်မှောင်သော အခိုးငွေ့များဝိုင်းပတ်လှုပ်ရှားလာသည်။
အခိုးအငွေ့များက ချက်ချင်းပင် ထောင်ပေါင်းများစွာသော နတ်ဆိုးများအဖြစ်ပြောင်းလဲသွားပြီး ရန်တိကို ဝိုင်းပတ်ပိတ်ဆို့ထားလိုက်လေသည်။
နတ်ဆိုးပေါင်းများစွာက ရန်တိ၏ဓားဝိညာဉ်ကို တဖြည်းဖြည်းချေမှုန်းရင်း ထိုက်ယိဟွာတိမ်တိုက်ကိုလည်း အပြင်းအထန် တိုက်ခိုက်လာသည်။
ထိုနတ်ဆိုးများက ပါးစပ်များကိုဖွင့်ဟပြီး ကြာပန်းသဏ္ဌန်ရှိသောတိမ်တိုက်ကို ကိုက်ဖြတ်စားသောက်ရန် ကြိုးပမ်းကြသည်။
သုခနတ်ဆိုးဘုရင်က အစီအရင်ကို အေးစက်စွာစိုက်ကြည့်ရင်း...
“မင်းဒါကို ဘယ်လောက်ကြာကြာခံနိုင်မလဲ ကြည့်ကြတာပေါ့”
ထို့နောက် သူက နတ်ဆိုးများဘက်သို့လှည့်လိုက်ပြီး...
“အားလုံးပဲ... အကြေးခွံတစ်ထောင်နယ်မြေကို အမြန်ထိုးဖောက်ကြ ၊ ရေပလ္လင်နတ်ဆိုးဧကရာဇ်ကို ကြိုဆိုရအောင်”
အခြားသော မဟာနတ်ဆိုးများက သူ့အမိန့်ကိုနာခံပြီး သုခနတ်ဆိုးအသင်္ချေအစီအရင်ကိုဖြတ်ကျော်ကာ အကြေးခွံတစ်ထောင်နယ်မြေဆီသို့ ဆက်လက်ချီတက်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် ထိုခဏမှာပင် ကြီးမားသောအစီအရင်ကြီး ရုတ်တရက်တုန်ခါသွားသည်။
သုခနတ်ဆိုးဘုရင် အနည်းငယ်မျက်နှာပျက်သွားပြီး ရှေ့သို့တက်မည့်နတ်ဆိုးများမှာလည်း ရပ်တန့်သွားကြသည်။
နက်မှောင်သောအခိုးအငွေ့များဝိုင်းပတ်လှုပ်ရှားနေပြီး နီမြန်းသောအလင်းများ တောက်ပနေသော “သုခနတ်ဆိုးအသင်္ချေအစီအရင်” ထဲတွင် ရန်တိက သူ၏ဓားကို ဦးခေါင်းထက်သို့ ပင့်မြှောက်ကိုင်ဆောင်ထားသည်။
ထို့နောက် သူက အေးစက်သော မျက်နှာထား ၊ မယိမ်းမယိုင်သော အကြည့်များဖြင့် ရှေ့သို့ တစ်လှမ်းချင်းလှမ်းလျှောက်လာလေသည်။
သူ ရှေ့သို့တစ်လှမ်းလှမ်းလိုက်တိုင်း ကြီးမားသောအစီအရင်ကြီးက တစ်ချက်တုန်ခါသွားလေ၏။