← Chapters

တိုက်ကွက်တိုင်းတွင်ဖန်တီးမှုတစ်ခု ၊ ခြေလှမ်းတိုင်းတွင်ခေတ်သစ်တစ်ခု

Vol. 102 Ch. 1425

တိုက်ကွက်တိုင်းတွင်ဖန်တီးမှုတစ်ခု ၊ ခြေလှမ်းတိုင်းတွင်ခေတ်သစ်တစ်ခု

Vol. 102 Ch. 1425

အခန်း (၁၄၂၅) တိုက်ကွက်တိုင်းတွင်ဖန်တီးမှုတစ်ခု ၊ ခြေလှမ်းတိုင်းတွင်ခေတ်သစ်တစ်ခု

နတ်ဆိုးများက ထိုက်ယိဟွာတိမ်တိုက်ကို ကိုက်ဖြတ်စားသောက်လျှက် ရှိကြသည်။

နတ်ဆိုးများက ထိုက်ယိဟွာတိမ်တိုက်အား ညစ်ညမ်းအောင်လုပ်နိုင်သွားပါက ရန်တိတစ်ကိုယ်လုံးမှ အသက်ဓာတ်စွမ်းအားကိုလည်း စုပ်ယူဖျက်ဆီးနိုင်မည် ဖြစ်သည်။

နတ်ဆိုးများက ရက်စက်ကြမ်းတမ်းဟန်ရှိသော်လည်း သူတို့က လူသားများ၏ အသက်ဓာတ်စွမ်းအားကို စုပ်ယူချိန်တွင် လူသားများက ပျော်ရွှင်မှုနယ်ပယ်အတွင်း နစ်မျောသွားတတ်သည်။

မည်သည့်နာကျင်မှုကိုမှ မခံစားရသလို လောကကြီးနှင့်ကွဲကွာသွားသည်ကိုလည်း သတိမထားမိကြပေ။

ယခု ရန်တိက နတ်ဆိုးများစွာနှင့် ရင်ဆိုင်နေရသည်။

ဗလာနယ်တစ်ခုလုံး အကြားအလပ်မရှိ ပြည့်နက်နေသည့် ကြမ်းတမ်းရက်စက်သော နတ်ဆိုးအမြောက်အမြားက သူ့ထံခုန်ဝင်လာကြသည်။

နတ်ဆိုးများက အချင်းချင်းလည်းဆုတ်ဖြဲစားသောက်နေကြပြီး သူတို့၏ အလွန်တရာ ရက်စက်ကြမ်းကြုတ်မှုကို ပြသနေသည်။

ရန်တိက သူ့ရှေ့မှမြင်ကွင်းကို အေးစက်စွာ စူးစိုက်ကြည့်နေသည်။

ထို့နောက်သူက ထူးဆန်းထိတ်လန့်ဖွယ်ရာမြင်ကွင်းများဆီသို့ ရှေ့ဆက်ခြေလှမ်းလိုက်သည်။

သူ၏ခန္ဓာကိုယ်တဝိုက် ချီစွမ်းအားအခိုးအငွေ့များဝိုင်းပတ်နေပြီး ဖြောင့်မတ်ခြင်းချီစွမ်းအားနှင့် ပြောင်းလဲခြင်းချီစွမ်းအားတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် အမတစွမ်းအားရောင်ဝါက စီးဆင်းနေကာ ဆုံးဖြတ်ချက်ခိုင်မာခြင်း ၊ ထာဝရတည်ရှိခြင်း ဖြစ်စဉ်များကို ပြသလျှက် ရှိသည်။

သို့သော် ရန်တိ ရှေ့သို့ခြေလှမ်းလိုက်သည်နှင့် ကပ်ဘေး ၊ အဖျက်တရားနှင့် ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်စားပြုသော မိစ္ဆာချီများ ရုတ်တရက် မြင့်တက်လာသည်။

ထိုချီစွမ်းအားများကို ရန်တိက ခန္ဓာကိုယ်ထဲစုပ်ယူလိုက်ပြီး တတိယမြောက် အမတချီစွမ်းအားက သူ၏အမတစွမ်းအားရောင်ဝါနှင့် စတင်ပေါင်းစည်းလိုက်သည်။

ထို့နောက် ရန်တိ ရှေ့သို့ ဆက်လက်ခြေလှမ်းလိုက်ပြီး တိုက်ခိုက်ရင်ဖြင့်ပင် ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်း နက်ရှိုင်းနတ်ဘုရားအဆင့်မှ ချီစွမ်းအားသုံးခုပေါင်းစည်းသော နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းသွားသည်။

သူက မကြာခင်ကမှ သမ္မာတရားကပ်ဘေးကို စိန်ခေါ်ပြီး ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းခဲ့သူ ဖြစ်သည်။

ယခုတော့ ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်း အမတစွမ်းအားမှ တစ်ဆင့်တက်သွားပြီဖြစ်သည်။

သူက နောက်ထပ်ခြေတစ်လှမ်းတိုးလိုက်ပြီး ဦးခေါင်းထက်မှဓားကို အောက်သို့ခုတ်ပိုင်းချလိုက်၏။

ထိုခဏတွင် ကမ္ဘာလောကတစ်ခုလုံး ပြေင်းလဲသွားသယောင် ခံစားရပြီး ဖန်ဆင်းခြင်းတရား၏ လှုပ်ရှားစီးဆင်းမှု ထွက်ပေါ်လာသည်။

ကမ္ဘာလောကကြီးက အချိန်စီးဆင်းမှုမှတစ်ဆင့် ဖြတ်သန်းလျှက် အရာခပ်သိမ်း အသစ်ပြောင်းလဲသွားသည်။ အရာအားလုံးက အဟောင်းဥခွံထဲမှရုန်းထွက်ကာ ခေတ်သစ်တစ်ခုဆီသို့ ဦးတည်သွားသည်။

အဟောင်းများအားလုံးက သမိုင်းအဖြစ်စုစည်းသွားပြီး ခေတ်တစ်ခေတ်၏ အမှတ်တရများသာ ဖြစ်လာသည်။

ထိတ်လန့်ဖွယ်ရာ ဓားအလင်းတန်းများ ဆင်းသက်လာသည်နှင့် ရန်တိနှင့် ထိုက်ယိဟွာတိမ်တိုက်ကို ဝိုင်းရံထားသည့် နတ်ဆိုးများစွာ သဲလွန်စမကျန် သုတ်သင်ခံလိုက်ရသည်။

“ဒါက...”

သုခနတ်ဆိုးဘုရင် ခဏမျှ မှင်တက်သွားသည်။

ပြီးမှ ချက်ချင်းသတိရသွားပြီး လေထုထဲသို့ လက်ချောင်းများဖြင့် ဆက်လက်ထိုးနှက်ကာ “သုခနတ်ဆိုးအသင်္ချေအစီအရင်” ပိုပြီးခိုင်မာလာအောင် ကြိုးစားလိုက်သည်။

သို့သော် ထိုခဏတွင် ရန်တိက နောက်တစ်ကြိမ် ရှေ့သို့ ခြေလှမ်းလိုက်ပြန်၏။

ရန်တိခြေလှမ်းလိုက်သည်နှင့် တောက်ပခြင်း ၊ ကရုဏတရားဖြင့်ပြည့်နက်နေသော တောက်ပခြင်းချီစွမ်းအားက ရန်တိ၏ခန္ဓာကိုယ်ပတ်လည်တွင် ဝိုင်းရံလာကာ စတုတ္ထုမြောက်ချီစွမ်းအားက အမတစွမ်းအားရောင်ဝါနှင့် ပေါင်းစည်းသွားသည်။

ရန်တိက ဒုတိယခြေလှမ်းနှင့်အတူ ချီစွမ်းအားလေးမျိုးပေါင်းစည်းသော နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်ရောက်သွားပြီး ငြိမ်သက်ခြင်းအဆင့် အထွတ်ထိပ်သို့ ရောက်ရှိသွားသည်။

သူ ရှေ့သို့လှမ်းလိုက်သောခြေလှမ်းနှင့်အတူ ရန်တိ၏ဓားဝိညာဉ်က ပြင်းထန်စွာ ထပ်မံနိုးကြွလာပြန်သည်။  ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးဖြင့် ဖွဲ့စည်းထားသောဓားသည်လည်း ရန်တိ၏ဓားချက်နှင့်အတူ ဆင်းသက်လာသည်။

ထိုဓားချက်ဖြင့် ကြီးမားသော သုခနတ်ဆိုးအသင်္ချေအစီအရင်က သမိုင်းထဲမှ ဖုံမှုန့်တစ်စအဖြစ် ပြောင်းလဲသွားသည်။

အချိန်စီးဆင်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး ထိုဖုန်မှုန့်က ဖန်ဆင်းခြင်းစီးကြောင်း၏ ပြောင်းလဲမှုကြား မလွဲမရှောင်သာ ဆေးကြောခံလိုက်ရသည်။

ဓားအလင်းတန်းက အစီအရင်ကိုထိုးခွင်းလိုက်ပြီး သုခနတ်ဆိုးဘုရင်ထံသို့ ဦးတည်လာပြီး ထိပ်တန်းအဆင့် နတ်ဆိုးကျင့်ကြံသူကို နောက်ဆုတ်သွားစေသည်။

“လောကပြောင်းလဲခြင်းနိယာမ ထိုးထွင်းသိမြင်မှုစွမ်းအား”

သုခနတ်ဆိုးဘုရင် အံ့အားသင့်စွာအော်ဟစ်လိုက်သည်။

သူ့စိတ်ထဲမှ သံသယများကင်းရှင်းသွားပြီး လောကပြောင်းလဲခြင်းနိယာမ၏ ထိတ်လန့်ဖွယ်ရာ ထိုးထွင်းသိမြင်မှုစွမ်းအားကို ခံစားလိုက်ရသည်။

မဟာကပ်ဘေးကြီးကြောင့် လူအများက ရှေးခေတ်နှင့် ခေတ်သစ်ကို ခေတ်နှစ်ခေတ်အဖြစ် ရှုမြင်လာကြသည်။ သို့သော် ခေတ်နှစ်ခေတ်ဆိုသည်က ခေတ်တစ်ခေတ်၏ စီးဆင်းပြောင်းလဲမှုသာ ဖြစ်သည်။

သုခနတ်ဆိုးဘုရင်က မဟာကပ်ဘေးကြီးမတိုင်မီခေတ်တွင် မွေးဖွားခဲ့သူဖြစ်သည်။ သူက တကယ်တမ်းတွင် ခေတ်တစ်ခေတ် အစားထိုးပြောင်းလဲခြင်းကို တွေ့ကြုံခဲ့ဖူးခြင်း မရှိပေ။

သို့သော် လက်ရှိ သူ၏ကျင့်ကြံခြင်းအဆင့် ၊ လောကစည်းမျဉ်းများကိုသိမြင်နိုင်စွမ်းဖြင့် ရန်တိ၏တိုက်ကွက်ထဲမှ လောကပြောင်းလဲခြင်း အံ့သြဖွယ်ဖြစ်စဉ်ကို သံသယမရှိ နားလည်ခဲ့သည်။

ထိုက်ရွှီးမူလနတ်ဘုရာတစ်ပါးက “တစ်သိန်းနှစ်သောင်း ကိုးထောင်ခြောက်ရာ” နှစ်တိတိ အသက်ရှင်နိုင်ပြီး ထိုအချိန်ကာလကို “တစ်ယွမ်” ဟု သတ်မှတ်သည်။

သို့သော် အဆင့်မြင့်ကျင့်ကြံသူများ ကာကွယ်မပေးလျှင် ထိုက်ရွှီးမူလနတ်ဘုရားသည်ပင် ခေတ်အပြောင်းအလဲတွင် သေဆုံးရမည်ဖြစ်၏။

နောက်ဆုံးသူတို့သည်လည်း ယခင်ခေတ်နှင့်အတူပျက်ဆီးကာ အဆုံးသတ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

ရန်တိ၏တိုက်ခိုက်မှုက သုခနတ်ဆိုးဘုရင်ကို ဒဏ်ရာမရစေသော်လည်း သူ၏နတ်ဆိုးရောင်ဝါစီးဆင်းမှုကို နှေးကွေးသွားစေပြီး ရပ်တန့်သွားသယောင်ပင် ထင်မှတ်ရသည်။

ဤသည်မှာ လောကအပြောင်းအလဲနှင် ခေတ်သစ်တစ်ခု ရောက်ရှိလာခြင်းကြောင့် ဖြစ်ပေါ်လာသော လွှမ်းမိုးမှုဖြစ်သည်။

ဤသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း သူ၏ဓားသိုင်း ပြီးပြည့်စုံခြင်း၏ ရလဒ် ဖြစ်သည်။

ဖန်ဆင်းခြင်းဓားသိုင်း ၊ ကောင်းကင်သုတ်သင်ခြင်းကိုကျော်လွန်ပြီး လောကပြောင်းလဲခြင်းတရားများကို ပြီးမြောက်စေခဲ့သည်။

ရန်တိက ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်လင့်ကစား ထူးခြားနက်ရှိုင်းပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဓားဝိညာဉ်ဖြင့် ချီစွမ်းအားငါးခုပေါင်းစည်းထားသော ထိုက်ရွှီးမူလနတ်ဘုရားများကို အကြောက်အလန့်မရှိ ရင်ဆိုင်ခဲ့သည်။

သူက ထက်ရှသောဓားသွားဖြင့် သုခနတ်ဆိုးအသင်္ချေအစီအရင်ကို ထိုးဖောက်နိုင်ခဲ့သည်။

သူ၏ကြမ်းတမ်းသော ဓားအလင်းတန်းက မရပ်မနား ခုတ်ပိုင်းချနေပြီး လူတိုင်း၏မျက်ဝန်းထဲတွင် မိုးကြိုးသွားပမာ လက်ခနဲဖြတ်သန်းသွားသည်။

ရန်တိနှင့်အဆင့်တူသော မဟာနတ်ဆိုးများနှင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အောက်ရှိ နတ်ဆိုးများ သုတ်သင်ခံလိုက်ရသည်။

“မဟာကပ်ဘေးကြီးနောက်ပိုင်း လမ်းမှန်ဝါဒ စန်းချင်း(၃)ပါးအဆက်အနွယ် လူငယ်ကျင့်ကြံသူတွေကြားမှာ ဒီလောက်ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာခဲ့တာပဲ”

အဝေးဆီမှ သက်ပြင်းချသံနှင့်အတူ ကျယ်လောင်သည့်စကားသံ ထွက်ပေါ်လာသည်။

အသံနှင့်အတူ ငရဲကိုးထပ်မှ မဟာနတ်ဆိုးများ ထပ်မံရောက်ရှိလာလေသည်။

အကြေးခွံတစ်ထောင်နယ်မြေကို ရှာဖွေတွေ့ရှိပြီး ချန်ရွှမ်ကျုန်းနှင့် ချူးလီလီ ဤနေရာတွင် ရှိနေကြောင်း အတည်ပြုပြီးနောက် ငရဲကိုးထပ်မှ ကျင့်ကြံသူများ ပိုမိုများပြားစွာစုဝေးလာကြသည်။

သို့သော် ဖန်းယွင်ရှန်းနှင့် တိုက်ခိုက်နေသော နတ်ဆိုးမှလွဲပြီး ကောင်းကင်နတ်ဘုရားအဆင့်ရှိ မဟာနတ်ဆိုးများတော့ ထပ်မံရောက်ရှိလာခြင်း မရှိခဲ့ပေ။

အခြားကျွမ်းကျင်သူများက သူတို့ကိုတားဆီးထားသည်မှာ ထင်ရှားသည်။

အပြန်အလှန်အားဖြင့် တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူများသည်လည်း သစ်သားနတ်ဆိုးနှင့် အခြားထိပ်တန်းမဟာနတ်ဆိုးများ၏တားဆီးထားခြင်းကို ခံနေရသည်။

ထို့ကြောင့် ငရဲကိုးထပ်မှ အခြားသောနတ်ဆိုးများ လွတ်ထွက်လာကြပြီး အကြေးခွံတစ်ထောင်နယ်မြေတည်ရှိရာသို့ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ခြင်းပင်။

ဦးဆောင်သူမှာ ထိုက်ရွှီးမူလနတ်ဘုရားအဆင့် နတ်ဆိုးတစ်ပါး ဖြစ်၏။

သို့သော် ထိုမဟာနတ်ဆိုးက စစ်မြေပြင်ကို တစ်ချက်အကဲခတ်ပြီးသည်နှင့် အတော်လေး စိတ်မသက်မသာ ဖြစ်သွားရသည်။

ခေါင်း(၄)လုံး လက်(၄)ဖက်ရှိသော မဟာနတ်ဆိုးမှာ ကောင်းချင်းရွှမ်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် စွမ်းအားမရှိဖြစ်နေသည်။

သူ၏ပျက်ဆီးခြင်းအဆုံးသတ်ကံကြမ္မာက ဆုံးဖြတ်ပြီးသားဖြစ်နေသော်လည်း အနည်းငယ်မျှ တောင့်ခံထားသေးသည်။

လင်ချင်းသည်လည်း ငရဲကိုးထပ်တွင် ပြန်လည်မွေးဖွားပြီး နတ်ဆိုးဘုရင်ဖြစ်လာသော ဧရာမမျောက်ဝံကြီးကို ဖိနှိပ်ထားသည်။

မျောက်ဝံကြီးက အလွန်ဒေါသထွက်နေသော်လည်း တိုက်ပွဲအသာစီးရယူရန် ၊ အကြေးခွံတစ်ထောင်နယ်မြေဆီသို့ ချဉ်းကပ်ရန် စွမ်းအားမရှိတော့ပေ။

သူက ဆက်တိုက်ဆိုသလိုဆုတ်ခွာနေပြီး အကြေးခွံတစ်ထောင်နယ်မြေနှင့် ပိုမိုဝေးကွာသည့်နေရာသို့ ရောက်ရှိနေပေပြီ။

သုခနတ်ဆိုးဘုရင်က ပို၍ပင် အခြေအနေဆိုးနေ၏။

သူက နက်ရှိုင်းနတ်ဘုရားတစ်ပါးရှေ့တွင် မတိုးသာမဆုတ်သာဖြင့် ကူရာကယ်ရာမဲ့နေသည်။

ချီစွမ်းအားငါးခုပေါင်းစည်းခြင်း နတ်ဆိုးစွမ်းအားအနှစ်သာရသာ ကာကွယ်ပေးမထားလျှင် သူက ရန်တိဓားချက်ဖြင့် အစောကြီးကတည်းက အသက်ပျောက်နေလောက်ပေပြီ။

ရန်တိ၊ ကောင်းချင်းရွှမ်နှင့် လင်းချင်းတို့က တိုက်ပွဲအသာစီးရနေပြီး တစ်ချိန်တည်းမှာပင် အခြားနတ်ဆိုးများကိုလည်း ပေါ့ပေါ့ပါးပါး သုတ်သင်ပစ်နေကြသည်။

မဟာနတ်ဆိုးများက အရေအတွက်များပြားသော်လည်း ဤ(၃)ယောက်၏တိုက်ခိုက်မှုကို အနိုင်နိုင်ရှောင်ရှားနေရသည်။

ရှောင်တိမ်းလွတ်မြောက်သွားသူများမှာလည်း လုန်ရှင်းချွမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့၏လက်ချက်ဖြင့် အသက်ပျောက်ကုန်ကြသည်ပင်။

မဟာနတ်ဆိုးများမှာ ထောင်ချောက်ထဲတွင် အပြည့်အဝ ပိတ်မိနေတော့သည်။

မြင်ကွင်းကိုကြည့်ပြီး ထပ်မံရောက်ရှိလာသည့် နတ်ဆိုးစစ်ကူများမှာ တာအိုဝါဒကျွမ်းကျင်သူများကို အထင်မသေးရဲတော့ဘဲ အမြန်ဆုံးကူညီရန် ပြင်ဆင်လိုက်ကြသည်။

အမတချီစွမ်းအား (၄)မျိုးပေါင်းစပ်ထားသော ထိုက်ရွှီးနတ်ဘုရားအဆင့် နတ်ဆိုးတစ်ပါး စစ်မြေပြင်ထဲဝင်ရောက်လာတော့မှ ရန်တိုနှင့်အခြားသူများ ဖိအားအနည်းငယ် စတင်ခံစားလိုက်ကြရသည်။

သူတို့က ရောက်ရှိလာသူကို အနိုင်မယူနိုင်ခြင်း မဟုတ်ပေ။

လူအင်အားနည်းပါးသည့်အခြေအနေအောက်တွင် နတ်ဆိုးများ အကြေးခွံတစ်ထောင်နယ်မြေသို့ ချဉ်းကပ်မလာစေရန် တားဆီးနေရသောကြောင့် ဖြစ်၏။

အခြေအနေပြောင်းလဲမျုကို အာရုံခံမိသည်နှင့် ရန်တိ၊ ကောင်းချင်းရွှမ်၊ လုန်ရှင်းချွမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့ တစ်ညီတစ်ညွတ်တည်း ကြုံးဝါးသံပြုလိုက်ကြသည်။

အစီအရင်ပစ္စည်းများစွာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး သူတို့(၄)ယောက်၏ ဦးခေါင်းထက်တွင် အင်းသင်္ကေတများ အလိုအလျောက်ဖွဲ့စည်းသွားသည်။

ထို့နောက် အင်းသင်္ကေတများက တစ်ခုတည်းအဖြစ် အလျှင်အမြန် ချိတ်ဆက်သွားသည်။

ထိုက်ယီချိုးဖျက်အစီအရင် ပေါ်ထွက်လာသည်နှင့် အဖြူရောင်အလင်းတန်းများက ကောင်းကင်ထက်သို့ ထိုးဖောက်ထွက်သွားပြီး ပတ်ဝန်းကျင်တစ်ခွင်မှ မှောင်မိုက်သော နတ်ဆိုးရောင်ဝါများကို သန့်စင်သုတ်သင်ပစ်လိုက်သည်။

ထိုက်ယီချိုးဖျက်အစီအရင်က အကြေးခွံတစ်ထောင်နယ်မြေတစ်ခုလုံးအား ကာကွယ်ပေးလိုက်၏။

နယ်မြေထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသော မဟာနတ်ဆိုးများမှာ အစီအရင်နှင့်တိုက်မိကုန်ပြီး အထဲဝင်မရဘဲ ပိတ်ဆို့ခံလိုက်ရလေသည်။

All Chapters