← Chapters

ဓားစာခံ

Vol. 102 Ch. 1426

ဓားစာခံ

Vol. 102 Ch. 1426

အခန်း (၁၄၂၆) ဓားစာခံ

လက်ရှိတွင် လင်ချင်းက ထိုက်ယီချိုးဖျက်အစီအရင်ထဲတွင် ရှိနေလေသည်။ ထို့ကြောင့် သူမသည်လည်း အစီအရင်စွမ်းအား၏အကူအညီ အနည်းငယ် ရရှိခဲ့သည်။

သူမနှင့် ကောင်းချင်းရွှမ်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် ရှိနှင့်ပြီးဖြစ်သည်။ အစီအရင်မှအကျိုးကျေးဇူးများက အကန့်အသတ်ရှိသော်လည်း သူတို့၏တန်ခိုးစွမ်းအားကို တိုးတက်မှုဖြစ်ပေါ်စေသည်။

ကျင့်ကြံသူများ တိုက်ခိုက်ရာတွင် အနည်းငယ်သော တိုးတက်မှုသည်ပင် အားသာချက်တစ်ခုကို ရရှိစေသည်။

ထိုက်ယီချိုးဖျက်အစီအရင်လည်ပတ်သည်နှင့် အဖြူရောင်အလင်းတန်းများက ဗလာနယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

အစီအရင်စွမ်းအားစီးဆင်းသည်နှင့် ပတ်ဝန်းကျင်ရှိ နတ်ဆိုးရောင်ဝါများ ပြိုကွဲပျံ့လွင့်သွားသည်။

တစ်ခဏအတွင်း အကြေးခွံတစ်ထောင်နယ်မြေက ထိုးဖောက်မရနိုင်သော ခံတပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အစီအရင်စွမ်းအားကိုတွေ့မြင်သည်နှင့် ဖန်းယွင်ရှန်းနှင့်တိုက်ခိုက်နေသော ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးက ထိုက်ယီချိုးဖျက်အစီအရင်ဆီသို့ အမှောင်ထုမိုးကြိုးတစ်စင်း ပစ်လွှတ်လိုက်သည်။

သို့သော် ဖန်းယွင်ရှန်းက သူ၏လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။

သူမက ဓားကို အလျားလိုက် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ပြီး အမှောင်ထုမိုးကြိုးကို ခုတ်ပိုင်းချလိုက်ကာ ရန်သူက အစီအရင်ကိုဖိအားပေးခြင်းမှ တားဆီးလိုက်သည်။

ရန်ကျောက်ကဲက အကြေးခွံတစ်ထောင်နယ်မြေ၏ လှုပ်ရှားနေသော အလင်းတန်းများဘေးတွင် မတ်တတ်ရပ်နေပြီး ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေသည်။

သူက စိတ်အာရုံကို နှစ်ပိုင်းခွဲထားသည်။

တစ်ဖက်တွင် ရန်တိတို့အုပ်စု အစီအရင်ကို ထိန်းချုပ်နိုင်ရန် ကူညီပေးနေပြီး နောက်တစ်ဖက်တွင် ချန်ရွှမ်ကျုန်းနှင့် ချူးလီလီ၏ အခြေအနေများကို စစ်ဆေးထိန်းချုပ်ထားသည်။

နတ်ဆိုးများ၏တိုက်ခိုက်မှုကို စေ့စပ်စွာကိုင်တွယ်နေရသဖြင့် ရန်ကျောက်ကဲအတွက် အနားရရန် အခွင့်အ‌ေး မရှိခဲ့ပေ။

ရန်တိ၏ တိုက်ခိုက်မှုများက ပြင်းထန်လှသည်။

သို့သော် ထိုသို့သော ပြင်းထန်သည့်တိုက်ခိုက်မှုများက ကြာရှည်ထိန်းထားနိုင်ရန် မဖြစ်နိုင်ပေ။

အစီအရင်ကိုထိန်းထားသူများက စောစောကလောက် လျှင်မြန်စွာ မတိုက်ခိုက်နိုင်တော့ပေ။ သို့သော် သူတို့က စိုးရိမ်စိတ်ကိုဖယ်ရှားပြီး ရန်သူကို ပိုမိုကြာရှည်စွာ ရင်ဆိုင်ရန်စီစဉ်ခဲ့သည်။

သို့ရာတွင် ဖန်းယွင်ရှန်းက ရှည်လျားသည့်တိုက်ပွဲတစ်ခုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူမ၏ခံနိုင်ရည်နည်းပါးမှုကြောင့်မဟုတ်ဘဲ သူမအား နတ်ဆိုးအငွေ့အသက်စွမ်းအား၏ တိုက်စားခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကမ္ဘာဖျက်နတ်ဆိုးဓားက စစ်မြေပြင်တစ်ခုလုံးကို ရှင်းလင်းပစ်ရန် လုံလောက်သော်လည်း ဖန်းယွင်ရှန်းကတော့ ထိုနယ်နိမိတ်ကို ကျော်လွန်ရန် စိတ်ပိုင်းဖြတ်မထားခဲ့ပေ။

ရန်ကျောက်ကဲက ဗလာနယ်ကို စူးစိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

“ဘယ်သူက ပိုမြန်မလဲဆိုတဲ့အပေါ် မူတည်တယ်...”

ရန်ကျောက်ကဲတို့အုပ်စုသာ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ခြိမ်းခြောက်မှုများကို ဦးစွာဖြေရှင်းနိုင်ခဲ့လျှင် နတ်ဆိုးများက အလိုအလျောက် ပြန်လည်ဆုတ်ခွာသွားကြမည် ဖြစ်၏။

အကယ်၍ ရန်သူက သူတို့၏ခံစစ်မျဉ်းကို ဖျက်ဆီးပစ်နိုင်ခဲ့လျှင် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကိုကိုင်တွယ်ရန် သူတို့ကြိုးပမ်းအားထုတ်ခဲ့သမျှ အလကားဖြစ်သွားပေမည်။

သတိထားရမည်မှာ နတ်ဆိုးများဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာနိုင်ပြီး ရန်ကျောက်ကဲတို့၏ ခံစစ်မျဉ်းကို ပိုမိုဖိအားပေးလာနိုင်သည်။

တွေးနေရင်းပင် ရန်ကျောက်ကဲမျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ့အကြည့်က အခြားတစ်ဖက်သို့ ရောက်ရှိသွားသည်။

ထိုနေရာတွင် ဗလာနယ်လှုပ်ရှားသွားပြီး နတ်ဆိုးချီစွမ်းအားများ မြင့်တက်လာကာ မဟာနတ်ဆိုးတစ်ယောက်၏ အသွင်အပြင်ကို ထွက်ပေါ်လာသည်။

ထိုနတ်ဆိုးက သွေးနီရောင်စက်ဝန်းအသွင်ရှိပြီး မှောင်မိုက်ခြင်း ၊ သွေးရောင်လွှမ်းခြင်းး မ‌ကောင်းသောနိမိတ်များကို ဖော်ဆောင်ထားသည်။

သူ့ဘေးတွင် အခြားသောနတ်ဆိုးများလည်း ရှိနေသည်။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်က စစ်မြေပြင်ကို အကြည့်ဖြင့်အကဲဖြတ်ရင်း အော်ဟစ်ပြောဆိုလိုက်၏။

“ချန်ရွှမ်ကျုန်းနဲ့ ချူးလီလီတို့က ယွိချင်အဆက်အနွယ် ဆက်ခံသူတွေပဲ ၊ စန့်ချင်အဆက်အနွယ်တွေက ဘာလို့ ငါတို့ကို အခက်တွေ့အောင်လုပ်ရတာလဲ”

သူ၏အသံက စစ်မြေပြင်တစ်ခွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

သို့သော် ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်က အမူအရာပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေဆဲ့ပင်။

တိမ်လွှာခွင်းဧကရာဇ်က...

“စန်းချင်း(၃)ပါးအဆက်အနွယ်တွေက နဂိုကတည်းက တစ်သားတည်းဖြစ်တယ် ၊ ငါတို့ကြားမှာ အက်ကြောင်းအနည်းငယ်ရှိပေမယ့် ဒါက မိသားစုအတွင်းရေးပဲ ၊ ငါတို့တာအိုဝါဒက ရန်သူကိုရင်ဆိုင်ဖို့ အတူပူးပေါင်းလုပ်ဆောင်တာ ဘာများမှားလို့လဲ”

သူက ဆက်ပြောလိုက်သည်။

“ပြီးတော့ ဒီကိစ္စက ငါတို့အကျိုးနဲ့လည်းဆက်နွယ်နေတယ် ၊ ငရဲကိုးထပ်နတ်ဆိုးတွေက ဒီလောကမှာ ဘယ်လိုအနေအထားရှိလဲဆိုတာ မင်းတို့သိကြမှာပါ ၊ ဒီတော့ အပိုတွေပြောနေစရာမလိုတော့ဘူး”

“လမ်းမှန်ဝါဒ စန်းချင်း(၃)ပါးအဆက်အနွယ်ကို မပြောနဲ့ဦး ၊ ဗုဒ္ဓဘာသာ၊ နတ်မိစ္ဆာမျိုးနွယ်နဲ့ သာမန်လူတွေတောင်မှ မင်းတို့လုပ်ရပ်တွေကို မျက်ကွယ်ပြုမထားနိုင်ဘူး ၊ အဲဒီလိုမဟုတ်ရင် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး ပေါ်ထွက်လာတာနဲ့ ငါတို့အားလုံး ဒုက္ခရောက်သွားလိမ့်မယ်”

သွေးနီ‌ရောင်ကြယ်နှင့်တူသည့် နတ်ဆိုးဘုရင်က...

“မင်းပြောတာ မှန်ပါတယ် ၊ ဒါပေမဲ့ မင်းတို့ စန့်ချင်အဆက်အနွယ်တွေက ယွိချင်အဆက်အနွယ်တွေလောက် လူအင်အားမများဘူးဆိုတာ သိရဲ့လား ၊ တကယ်လို့ မင်းတို့လူတွေ ဆုံးရှုံးရမယ်ဆိုရင် တာအိုဝါဒ အဝန်းအဝိုင်းမှာတောင် မင်းတို့အာဏာရှိမှာ မဟုတ်‌တော့ဘူး”

ထို့နောက် သူက ထူးဆန်းသောအသံဖြင့် ရယ်မောလိုက်ရင်း...

“မင်းတို့တွေ ယွိချင်အဆက်အနွယ်တွေအတွက် အသက်ပေးပြီးတိုက်ခိုက်ကြတယ် ၊ အနစ်နာခံခဲ့ကြတယ် ၊ ဒါပေမဲ့ နောက်ဆုံးတော့ ယွိချင်အဆက်အနွယ်တွေနှိပ်စက်တာကို ခံရတာပဲမဟုတ်လား ၊ မင်းတို့ အဲဒီကံကြမ္မာကို လက်ခံနိုင်လို့လား”

ကောင်းချင်းရွှမ်က အေးစက်စွာဖြင့်...

“ပေါက်ကရတွေပြောမနေနဲ့ ၊ မင်းတို့ ငါတို့ကို ဒီနေရာမှာ သတ်ပစ်နိုင်မလား ကြည့်ကြတာပေါ့”

ထို့နောက် သူမက ချက်ချင်းပင် စတင်တိုက်ခိုက်လိုက်သည်။

ထိုက်ယီချိုးဖျက်အစီအရင်၏အကူအညီဖြင့် သူမ၏ဓားသွားက ဗလာနယ်ကိုကျော်ဖြတ်ကာ သွေးနီရောင်ကြယ်နှင့်တူသော နတ်ဆိုးဘုရင်ဆီသို့ ကျရောက်သွားသည်။

“သိပ်တော်တဲ့ စန့်ချင်ဓားသိုင်းကျင့်ကြံသူပဲ ၊ အတော်လည်းမာနကြီးတယ်”

နတ်ဆိုးဘုရင်က ထူးဆန်းသောအသံဖြင့်ရယ်မောလိုက်ပြီး သွေးနီရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ရာနှင့်ချီသည့် သေးငယ်သော အမှောင်ထုကြယ်စင်များ သူ့ခန္ဓာကိုယ်တဝိုက်လှည့်ပတ်သွားပြီး ကောင်းချင်းရွှမ်၏ ဓားအလင်းတန်းကို ပိတ်ဆို့လိုက်သည်။

ကောင်းချင်းရွှမ်က မာန်အပြည့်ဖြင့် မတ်တတ်ရပ်နေပြီး သူ၏စိတ်ခံစားချက်က အပြောင်းအလဲမရှိ တည်ငြိမ်နေကာ ထိုက်ယီချိုးဖျက်အစီအရင်ကို ဆက်လက်ကာကွယ်ပေးထားသည်။

ချန်ရွှမ်ကျုန်းနှင့် ချူးလီလီကို ကာကွယ်နိုင်သရွေ့ ယနေ့ အနိုင်ရသူက သူမတို့ဖြစ်ပေလိမ့်မည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားခြင်း မအောင်မြင်ဘဲ ငရဲကိုးထပ်၏ အကြံအစည်များ ကျရှုံးခဲ့ပါက နတ်ဆိုးများဘက်မှ သိသိသာထိုးနှက်ခံရပေမည်။

သွေးနီရောင်ကြယ်နှင့်တူသော နတ်ဆိုးဘုရင်က သူသေကိုယ်သေတိုက်ခိုက်လိုလျှင်လည်း နောင်အနာဂတ်မှသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။

နတ်ဆိုးဘုရင်က ရယ်မောလိုက်ပြီး သွေးနီရောင်အလင်းတန်းများက ယိမ်းထိုးလှုပ်ရှားလာသည်။

“ထင်တဲ့အတိုင်းပဲ... မင်းက ဆရာတူတပည့်ပဲ”

ထိုစကားကြားသည်နှင့် ရန်ကျောက်ကဲရင်ထဲ တဒိန်းဒိန်း လှုပ်ခတ်သွားသည်။

ကောင်းချင်းရွှမ်က မျက်ခုံးများတွန့်ချိုးလိုက်ပြီး တိမ်လွှာခွင်းဧကရာဇ်က သွေးနီရောင်ကြယ်ဆီသို့ အာရုံစူးစိုက်ကြည့်လိုက်သည်။

သွေးနီရောင်ကြယ်က ထူးဆန်းသောအသံဖြင့် ရယ်မောလိုက်ရင်း...

“ဟုတ်တယ် ၊ စကားပြောနေတာ အလကားပဲ ၊ စကားလုံးတွေက မင်းတို့ကို သတ်မပစ်နိုင်ဘူးလေ”

ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အချိန်မရွေး သတ်ပစ်နိုင်တဲ့အသက်တစ်ချောင်းက ငါ့လက်ထဲမှာရှိနေတယ်”

ထို့နောက် နတ်ဆိုးဘုရင်၏ခန္ဓာကိုယ်တစ်ခုလုံး မမြင်ရတော့အောင် ပျောက်ကွယ်သွားပြီး အဆုံးမရှိသောပြင်ပဗလာနယ်ထဲတွင် သွေးနီရောင်မြူခိုးစက်ဝန်းတစ်ခုထွက်ပေါ်လာသည်။

ထိုမြူခိုးစက်ဝန်းထဲတွင် လူတစ်ယောက် ရှိနေလေသည်။

ထိုသူကိုတွေ့လိုက်သည်နှင့် ကောင်းချင်းရွှမ်၏မျက်ဝန်းများ အေးစက်သွားသည်။

ထိုသူက သူမ၏ဆရာ နွယ်ပင်ဧကရီ’လီယင်း’ ဖြစ်လေသည်။

ဖန်းယွင်ရှန်း၊ ရန်တိနှင့် အခြားသူများများ ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေပြောင်းလဲမှုကြောင့် အသက်ရှူရပ်မတတ် ဖြစ်သွားရသည်။

ဖန်းယွင်ရှန်း လှုပ်ရှားရန်ဟန်ပြင်လိုက်သည်နှင့် ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးက အကြေးခွံတစ်ထောင်နယ်မြေကို ခြိမ်းခြောက်ရန် ချက်ချင်းပင် ချဉ်းကပ်လာသည်။

ကောင်းချင်းရွှမ်က သွေးနီရောင်ကြယ်ကို စိုက်ကြည့်နေပြီး တိမ်လွှာခွင်းဧကရာဇ်၏ မျက်နှာအမူအရာက အလွန်တင်းမာနေသည်။

သူက ကောင်းချင်းရွှမ်ထံ အသံပို့လွှတ်စနစ်ဖြင့် မေးမြန်းလိုက်သည်။

“သူက အစစ်လား အတုလား”

ကောင်းချင်းရွှမ် မဖြေခင် သွေးနီရောင်ကြယ်က ထူးဆန်းသောအသံဖြင့် ရယ်မောလိုက်၏။

သွေးနီရောင်မြူခိုးများက တဖြည်းဖြည်းပါးလျသွားပြီး နွယ်ပင်ဧကရီ’လီယင်း’ ၏အသွင်သဏ္ဍန်ထွက်ပေါ်လာသည်။ သို့သော် သွေးနီရောင်အလင်းတန်းများက သံကြိုးများပမာ သူမကို မြူခိုးစက်ဝန်းအတွင်း ချုပ်နှောင်ထားသည်။

နွယ်ပင်ဧကရီ’လီယင်း’ က သတိလစ်နေခြင်းမရှိပေ။

သူမ၏ဓားဝိညာဉ်ကိုအသုံးပြုကာ ရန်သူ၏ နတ်ဆိုးရောင်ဝါကို ခုခံတွန်းလှန်နေသည်။

ကောင်းချင်းရွှမ် အဖြေပေးရန်ပင်မလိုဘဲ ရင်းနှီးသောဓားဝိညာည်ကိုခံစားမိပြီး နွယ်ပင်ဧကရီအစစ်အမှန်ဖြစ်ကြောင်း တိမ်လွှာခွင်းဧကရာဇ် သိရှိနိုင်ခဲ့သည်။

ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးထဲမှ တစ်ပါးဖြစ်သော အရိပ်နတ်ဆိုးက သူမပုံစံဖန်ဆင်းထားခြင်းမရှိလျှင် မည်သူမှ သူမအဖြစ် အယောင်ဆောင်ရန် မဖြစ်နိုင်ပေ။

လက်ရှိတွင် အရိပ်နတ်ဆိုးကို တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားတစ်ပါးက တားဆီးထားမည်ဖြစ်ရာ ဤနေရာတွင်ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ထိတ်လန့်ဖွယ်ရာနှင့် မယုံကြည်နိုင်စရာဖြစ်သည့်တိုင် ထိုသူက သူမ၏ဆရာဖြစ်ကြောင်း ကောင်းချင်းရွှမ် သံသယမရှိ သိရှိခဲ့သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ထျန်းစူးစကြာဝဠာဆီသို့ ရွှေ့ပြောင်းပြီးကတည်းက နွယ်ပင်ဧကရီက အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် တစ်ယောက်တည်း လှည့်လည်သွားလာနေခဲ့သည်။

သူမက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဆက်အသွယ်မပြတ်သော်လည်း အဆုံးမရှိပြင်ပဗလာနယ်ထဲတွင် အချင်းချင်း မကြာခဏဆက်သွယ်ရန်က လွယ်ကူသောကိစ္စမဟုတ်ပေ။

ပြီးတော့ စိတ်ဓာတ်ကျနေသော လီယင်းက ပြင်ပလောကတွင်ရှိနေစဉ် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အနည်းငယ်သာ ဆက်သွယ်ခဲ့သည်။

ဤသို့သောအခြေအနေများတွင် ငရဲကိုးထပ်က နွယ်ပင်ဧကရီကို ဖမ်းဆီးထားမည်ဟု သူတို့ လုံးဝ မထင်မှတ်ခဲ့ကြပေ။

ကောင်းချင်းရွှမ်က သူမ၏ဆရာကို စူးစိုက်ကြည့်နေသည်။

သွေးနီရောင်မဟာနတ်ဆိုးက ပြုံးလိုက်ရင်း...

“မင်းတို့ကို ငရဲကိုးထပ်လက်အောက်ကိုလာဖို့ မတောင်းဆိုပါဘူး”

သူက ဆက်ပြောလိုက်သည်။

“ဒီနေ့တိုက်ပွဲမှာ ဝင်မပါဖို့ပဲ တောင်းဆိုချင်တာပါ”

All Chapters