← Chapters

ထိုက်ယီချိုးဖျက်အစီအရင်ပြိုကျသွားခြင်း

Vol. 102 Ch. 1430

ထိုက်ယီချိုးဖျက်အစီအရင်ပြိုကျသွားခြင်း

Vol. 102 Ch. 1430

အခန်း (၁၄၃၀) ထိုက်ယီချိုးဖျက်အစီအရင်ပြိုကျသွားခြင်း

နတ်မိစ္ဆာများရောက်ရှိလာသည်နှင့် သူတို့က ငရဲကိုးထပ်မှ နတ်ဆိုးများကိုတိုက်ခိုက်မည့်အစား ထိုက်ယီချိုးဖျက်အစီအရင်နှင့် အကြေးခွံတစ်ထောင်နယ်မြေကို တစ်ချက်မဆိုင်းဘဲ တိုက်ခိုက်လိုက်ကြသည်။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ နတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်များ တစ်ယောက်မက ပါဝင်လေသည်။

သူတို့ အတူတကွတိုက်ခိုက်လိုက်သည်နှင့် ထိုက်ယီချိုးဖျက်အစီအရင်မှာ ဖိအားများ အလွန်အမင်းခံစားလိုက်ရသည်။

ဤအဖြစ်အပျက်က ပတ်ဝန်းကျင်တွင်ရှိနေသော နတ်ဆိုးများကို အံ့အားသင့်သွားစေသည်။

သို့သော် အဆိုးရွားဆုံးအပိုင်းက ယခုထိ ရောက်မလာသေးပေ။ ပြင်ပဗလာနယ်ကိုလွှမ်းခြုံထားသော ဖိဆီးမှုစွမ်းအားက တဖြည်းဖြည်းဆင်းသက်လာသည်။

ထိုစွမ်းအားက ဖန်းယွင်ရှန်းနှင့် နတ်ဆိုးဘုရင်ကို ကျော်ဖြတ်ကာ သူတို့နှစ်ယောက်ကို ထိုးဖောက်ချိုးဖျက်ရန် ကြိုးစားလိုက်သည်။

ဖန်းယွင်ရှန်း မျက်လုံးများထဲတွင် အပြာရောင်နတ်ဆိုးမီးလျှံများ ပြင်းထန်စွာ တောက်လောင်လာပြီး ပို၍အေးစက်လာသည်။

သူမ၏အမြင်အာရုံသည်လည်း ပိုမိုကြည်လင်လာသည်။

မဖိတ်ခေါ်ဘဲ ရောက်လာသောဧည့်သည်က ငွေရောင်ချပ်ဝတ်နှင့် သံခမောက်ကို ဝတ်ဆင်ထားပြီး လခြမ်းကွေးအသွင် လှံရှည်ကိုကိုင်ဆောင်ထားသည်။

သူ၏ကျုံးဝါးသံက ကောင်းကင်ကိုးထပ်တစ်လျှောက် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ရုတ်တရက်ကြည့်မည်ဆိုလျှင် သူ့တွင် ဦးခေါင်းတစ်လုံး မျက်နှာတစ်ခုရှိမည်ဟု ထင်ရသည်။ သို့သော် အနီးကပ်ကြည့်လျှင်တော့ သူ၏မျက်နှာ လေးဖက်လုံးတွင် မျက်နှာများရှိနေသည်။

သူ၏ ဦးခေါက် အရှေ့ဖက် အနောက်ဖက်တွင် မျက်လုံးများရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်မည်နိုင်သည်။ ထို့ပြင် ပါးပြင် ဘယ်ညာနှစ်ဖက်တွင် ပါးစပ်များရှိနေပြီး စုစုပေါင်း ပါးစပ်(၈)ခုရှိသည်။

ဖန်းယွင်ရှန်း ထိုသူကို တစ်ခါမှ တွေ့ဆုံဖူးခြင်း မရှိ‌ပေ။ သို့သော် နာမည်ကိုတော့ကြားဖူး၏။

အနောက်သို့ခရီးသွားမှတ်တမ်း အလယ်ခေတ်ကာလတွင် ဤမဟာနတ်ဆိုးက ကမ္ဘာတစ်ဝှမ်း နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။

သူ့ကို “ခေါင်းကိုးလုံးပိုးကောင်” ဟု ခေါ်ကြသည်။

ထိုသို့ခေါ်ဆိုသော်လည်း သူက တကယ်တမ်း ‘ပိုးကောင်တစ်ကောင်’ မဟုတ်ပေ။

သူက အဏ္ဏဝါမျိုးနွယ် သတ္တဝါတစ်ကောင်နှင့် ပိုတူသည်။

ကောလဟလများအရ သူ၏မူလဇာစ်မြစ်က ခေါင်းကိုးလုံးနတ်ဇာမဏီမှဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အတိတ်တစ်ချိန်က သူက ကြီးမားသည့် ပရမ်းပတာကိစ္စများကို ဖြစ်ပေါ်စေခဲ့ပြီး နယ်မြေများကို သိမ်းပိုက်ခဲ့သည်။

နတ်မိစ္ဆာမျိုးနွယ်များထဲတွင် ထင်ရှားသော မဟာသူတော်စင်တစ်ယောက်ဖြစ်သည့် ‘ခေါင်းကိုးလုံးမဟာသူတော်စင်”။

အနောက်သို့ခရီးသွားမှတ်တမ်း အလယ်ခေတ်ကာလတွင် နတ်မိစ္ဆာမျိုးနွယ်နှင့် ဗုဒ္ဓဘာသာက ကံကြမ္မာအတွက် တိုက်ပွဲဝင်နေကြပြီး မဟာသူတော်စင်(၃၆)ယောက်နှင့် သူတော်စင်ငယ်(၇၂)ယောက်တို့က အရှေ့ဧကရာဇ်၏ အမိန့်ကို လိုက်နာကာ အစီအရင်တစ်ခု ဖွဲ့စည်းခဲ့ကြသည်။

ထို မဟာသူတော်စင်(၃၆)ယောက်ထဲတွင် ခေါင်းကိုးလုံးပိုးကောင်လည်း တစ်ယောက်အပါအဝင် ဖြစ်၏။ ထိုစဉ်အချိန်က စွန်းရှင်ကျေ (စွန်းဝူခုန်း) သည်ပင် သူ့ကို အနိုင်ယူရန် ခဲယဉ်းခဲ့သည်။

တာအိုဝါဒ၏ ထိပ်တန်းတန်ခိုးစွမ်းအားရှင်ဖြစ်သော ‘သန့်စင်ခြင်းမူလဧကရာဇ်’ ယန်ကျန်းကသာ ခေါင်းကိုးလုံးပိုးကောင်ကို နှိမ်နင်းနိုင်ခဲ့သည်။

ယန်ကျန်းက ဧကရာဇ်ဘွဲ့ခံယူထားသော်လည်း သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးဖြစ်၏။

သို့သော် သူက အချိန်အများစုတွင် တံခါးပိတ်ကျင့်ကြံခြင်း ၊ စွန့်စားခရီးထွက်ခြင်းများဖြင့် အချိန်ကုန်ဆုံးခဲ့သဖြင့် ‘ကောင်းကင်ဘုံအရှင်’ ဘွဲ့ ပေးအပ်ခြင်းမခံခဲ့ရပေ။

သို့ပေသိ ကျင့်ကြံခြင်းစွမ်းအားတွင်တော့ ယန်ကျန်းက ယွိချင်အဆက်အနွယ် တတိယမျိုးဆက်တပည့်များထဲတွင် နံပါတ်(၁)အဖြစ် ခိုင်မာစွာ ရပ်တည်ခဲ့သည်။

ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် သူ့ထက်ဝါစဉ်ကြီးသူများကိုပင် ကျော်လွန်သွားခဲ့ပြီး အနောက်သို့ခရီးသွားမှတ်တမ်း အလယ်ခေတ်ကာလတွင် ရှားရှားပါးပါး ထွက်ပေါ်လာခဲ့သည်။

သူ ထွက်ပေါ်လာတိုင်း သူ၏ ထူးခြားသောအသွင်အပြင်က လူတိုင်းကို အံ့သြထိတ်လန့်စေပြီး ကောင်းကင်နတ်ဘုရားများထဲတွင် အတော်ဆုံးအဖြစ် သရဖူဆောင်းခံရသည်။

သူက ခေါင်းကိုးလုံးပိုးကောင်၏ ဦးခေါင်းတစ်လုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ထို့ကြောင့် လူအများစုက ထိုပိုးကောင် သေဆုံးသွားပြီဟု ယူဆခဲ့ကြသည်။

သို့သော် ခေါင်းကိုးလုံးမဟာသူတော်စင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ချန်စန်းရှင်းဟိုင်စကြာဝဠာသို့ ထွက်ပြေးကာ ဒဏ်ရာကိုဆေးကုသခဲ့သဖြင့် ယ‌နေ့တိုင်အောင် အသက်ရှင်နေခဲ့ခြင်း ဖြစ်၏။

ယခင်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အဂ္ဂိရတ်ခန်းမသို့ ပြောင်းရွှေ့စဉ်က နတ်မိစ္ဆာအုပ်စု အချိန်ကိုက် ဝင်ရောက်နှောက်ယှက်ခဲ့ကြသည်။

ထိုအချိန်က မဟာအမတရူယိ၊ ဖုလော်ကျီ၊ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်နှင့် အခြားထင်ရှားသူများ ပါဝင်ခဲ့ကြသည်။

ထို့ပြင် ပင်းထျန်းတန်ခိုးရှင်မဟာသူတော်စင် – နွားရိုင်းမိစ္ဆာဘုရင်နှင့် ခေါင်းကိုးလုံးမဟာသူတော်စင်တို့က တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများကို တားဆီးထားခဲ့သည်။

ရန်ကျောက်ကဲက သူ့ကို တစ်ခါမှမတွေ့ဖူးသော်လည်း သူနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ကြားသိထားသည်။

ရန်ကျောက်ကဲတို့အုပ်စုက ခေါင်းကိုးလုံးပိုးကောင်ကို သတိလည်းထားနေခဲ့ကြသလို ပိုမိုနားလည်ရန်လည်း ကြိုးစားခဲ့ကြသည်။

ထို့ကြောင့် သူ့ပုံစံကိုမြင်သည်နှင့် ဖန်းယွင်ရှန်းက ချက်ချင်း မည်သူမည်ဝါဖြစ်ကြောင်း သိရှိလိုက်ခြင်းပင်။

ရောက်ရှိလာသူကိုမြင်လိုက်သည်နှင့် ဖန်းယွင်ရှန်း အတော်လေး စိတ်ပျက်သွားရသည်။

ကောင်းကင်နတ်ဘုရားအဆင့်ရှိ ထိပ်တန်းပုဂ္ဂိုလ်ကြီးများထဲတွင်ပင် တန်ခိုးစွမ်းအားအရ ကွာခြားမှုများ ရှိနိုင်သည်။ သူမနှင့်တိုက်ခိုက်နေသော နတ်ဆိုးဘုရင်နှင့်ယှဉ်လျှင် ဤ ခေါင်းကိုးလုံးပိုးကောင်က ပိုမိုစွမ်းအားကြီးမားသည်။

သူက လခြမ်းကွေးလှံရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် လခြမ်းအသွင် အလင်းတန်းနှစ်ခုက ဗဟိုမှကွဲထွက်သွားပြီး နှစ်ဖက်လုံးသို့ လွင့်စင်သွားသည်။

ထိုလှံရှည်အလင်းတန်းက နတ်ဆိုးဘုရင်နှင့် ဖန်းယွင်ရှန်းတို့၏ တိုက်ခိုက်မှုများကို အတင်းအကျပ် ဖိအားပေးလိုက်ပြီး ခေါင်းကိုးလုံးပိုးကောင်က အခြေအနေကို အခွင့်ကောင်းယူကာ ရှေ့တိုးလာပြီး နတ်ဆိုးနယ်မြေအတွင်း ဝင်ရောက်လာသည်။

သူက လခြမ်းကွေးလှံရှည်ကို လက်ထဲတွင်လှည့်ပတ်လိုက်ရာ ဗလာနယ်လေလှိုင်းများ ထွက်ပေါ်လာသည်။

သို့သော် အဖြူရောင်အလင်းတန်းများဆင်းသက်လာသည်ကို ဖန်းယွင်ရှန်းနှင့် နတ်ဆိုးဘုရင်မှလွဲပြီး နေရာတွင်ရှိနေသူအားလုံး တွေ့မြင်လိုက်ကြရ၏။

ထိုအဖြူရောင်အလင်းတန်းများက နတ်ဆိုးနယ်မြေကိုပိုင်ဖြတ်ကာ ပြင်ပဗလာနယ်ကို သိမ်းပိုက်လိုက်သည်။

အဖြူရောင်အလင်းတန်းများက နှစ်ခြမ်းကွဲထွက်သွားပြီး အပြာရောင်နတ်ဆိုးမီးလျှံများနှင့် သွေးနီရောင်ငရဲမိုးကြိုးများကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

အဖြူရောင်အလင်းတန်းများကို ပိုင်းခြားထားသော အကွာအဝေးတွင် မတွေ့မြင်ရသော်လည်း ကြောက်မက်ဖွယ်ပြင်းထန်သော ဗလာနယ်လေလှိုင်းများရှိနေပြီး ၊ ထိုအရာများက စကြာဝဠာကိုဖြတ်တောက်သည့် ဓားတစ်စင်းပမာ ပတ်ဝန်းကျင်ကို ချက်ချင်းလွှမ်းခြုံသွားသည်။

နတ်မိစ္ဆာဖြစ်စေ နတ်ဆိုးဖြစ်စေ ထိုနေရာတွင်ရှိသူများအားလုံး အလျှင်အမြန်ပင် ထွက်ပြေးသွားကြလေသည်။ သူတို့က ဤ ပရမ်းပတာဖြစ်ရပ်တွင် ပါဝင်ပတ်သက်လိုခြင်း မရှိကြချေ။

သို့သော် အကြေးခွံတစ်ထောင်နယ်မြေကို ကာကွယ်ထားသည့် ထိုက်ယီချိုးဖျက်အစီအရင်ကတော့ ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ချေ။

ဗလာနယ်လေလှိုင်းများ၏တိုက်ခိုက်မှုအောက်တွင် အစီအရင်အလင်းတန်းများ မှိန်ဖျော့လာသည်။

ခေါင်းကိုးလုံးပိုးကောင်က လခြမ်းကွေးလှံရှည်ကို ဝှေ့ယမ်းလိုက်သည်နှင့် အေးစက်သောအလင်းတန်းများက ဖန်းယွင်ရှန်းနှင့် နတ်ဆိုးဘုရင်ကို တွန်းထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဗလနာယ်လေလှိုင်းတ်စခု ထပ်မံဆင်းသက်လာပြီး ထိုက်ယီချိုးဖျက်အစီအရင်ကို အပိုင်းပိုင်းအစိတ်စိတ် ဖျက်ဆီးပစ်လိုက်သည်။

ထိုခဏတွင် ရန်တိတို့အုပ်စု၏ ဦးခေါင်းထက်မှ အင်းသင်္ကေတများ ချက်ချင်းဆိုသလို အက်ကွဲပြိုကျသွားတော့သည်။

ဗလာနယ်လေလှိုင်းများမှထုတ်လွှတ်သောလှိုင်းဂယက်များက မနားမနေ ဆက်လက်ရိုက်ခတ်လာသည်။ လေလှိုင်းများက ဓားသွားများအသွင်ပြောင်းလဲသွားပြီး နေရာနှင့်အာကာသကို ဆုတ်ဖြဲခုတ်ပိုင်းပစ်လိုက်သည်။

ကောင်းချင်းရွှမ်နှင့် လင်ချင်းတို့က ရှေ့သို့တက်လိုက်ပြီး ရန်တိ ၊ လုန်ရှင်းချွမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့အား လေလှိုင်းဿားသွားများ ထိခိုက်ခြင်းမရှိစေရန် ပိတ်ဆို့တားဆီးပေးလိုက်၏။

သို့သော် ဖိအားက အလွန်ပြင်းထန်သည်ဖြစ်ရာ သူတို့နှစ်ယောက်လုံး အော်ဟစ်လိုက်မိပြီး တဖြည်းဖြည်း နောက်သို့ဆုတ်ခွာသွားရသည်။

ရန်သူများ ပိုမိုများပြားလာသည်နှင့်အမျှ ထိုက်ယီချိုးဖျက်အစီအရင်ပြိုကွဲရန် နောက်ဆုံးအချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

အစီအရင်ပြိုကွဲသွားသည်နှင့် ရန်တိတို့အနေဖြင့် အကြေးခွံတစ်ထောင်နယ်မြေကို ကာကွယ်ရန် နည်းလမ်းမရှိတော့ချေ။

လက်ရှိအခြေအနေက သူတို့အတွက် အလွန်ပင် အန္တရယ်များသည်။

အစီအရင်ပြိုကွဲသွားသည်နှင့် သုခနတ်ဆိုးဘုရင်ကဲ့သို့ ငရဲကိုးထပ်မှနတ်ဆိုးများနှင့် သမင်ဖြူနတ်မိစ္ဆာကဲ့သို့ အခြားသော မဟာနတ်မိစ္ဆာများ ချက်ချင်းဆိုသလို ရှေ့သို့ အလျင်အမြန် ထိုးဖောက်ဝင်ရောက်လာသည်။

ရန်ကျောက်ကဲက တင်းမာသောမျက်နှာထားဖြင့် လက်ထဲတွင် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကိုကိုင်ထားပြီး ရန်သူများကို တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

သို့သော် သမင်ဖြူနတ်မိစ္ဆာ၊ ကျောက်စိမ်းယုန်နတ်မိစ္ဆာနှင့် အခြားသောမဟာနတ်ဆိုးများက သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။

သူတို့က အကြေးခွံတစ်ထောင်နယ်မြေကို ချက်ချင်းတိုက်ခိုက်လာကြလေရာ ရန်ကျောက်ကဲသာမက ငရဲကိုးထပ်မှနတ်ဆိုးများပါ အံ့အားသင့်သွားကြသည်။

အစပိုင်းတွင် သူတို့ထင်မှတ်သည်က နတ်မိစ္ဆာမျိုးနွယ်များက အိမ်မီးလောင်စဉ် လုယက်ရန်ရောက်လာသည်ဟု ထင်မှတ်ခဲ့ကြသည်။

အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက သူတို့ရည်မှန်းချက်မှာ အဂ္ဂိရတ်ခန်းမပိုင်ရှင် ‘ရန်ကျောက်ကဲ’ ဖြစ်သင့်သည်။

သို့မဟုတ် နတ်မိစ္ဆာများက ငရဲကိုးထပ်ကိုကူညီရန် ရည်ရွယ်သည်ဆိုပါက နတ်ဆိုးများပင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်ကြပေမည်။

ငရဲကိုးထပ်က အားလုံး၏ ဘုံရန်သူဖြစ်သည်မှန်သော်လည်း အတိတ်အချိန်က ငရဲကိုးထပ်နှင့်ပူးပေါင်းခဲ့သော အခြားအင်အားစုများ ရှိခဲ့ဖူးသည်။

သို့သော် ယခု ငရဲကိုးထပ်က ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်နိုးထခြင်းကို ကြိုဆိုနေခြင်းဖြစ်ရာ နတ်မိစ္ဆာမျိုးနွယ်များအနေဖြင့် သူတို့ကိုကူညီရန် မည်သည့်အကြောင်းမှ မရှိပေ။

ပြီးတော့ နတ်မိစ္ဆာမျိုးနွယ်များ သူတို့ကိုကူညီပေးမည်ဆိုသောသတင်းအား နတ်ဆိုးများ တစ်ခါမှ မကြားခဲ့ဖူးပေ။

ယခု ခေါင်းကိုးလုံးမဟာသူတော်စင်က သူ၏တန်ခိုးစွမ်းအားဖြင့် တာအိုဝါဒမှ ဖန်းယွင်ရှန်းရော နတ်ဆိုးများဘက်မှ ကောင်းကင်နတ်ဘုရားအဆင့်ရှိသူကိုပါ ဖိနှိပ်ထားသည်။

“... သူတို့က နက္ခတ်ဧကရာဇ်နဲ့ အကြီးအကဲချူးကိုသတ်ဖို့ ကြံစည်နေကြတာပဲ”

အစပိုင်း အံ့အားသင့်သွားပြီးနောက် ရန်ကျောက်ကဲ ချက်ချင်းဆိုသလို သဘောပေါက်သွားသည်။

ဟုတ်ပေ၏။

သမင်ဖြူနတ်မိစ္ဆာနှင့် အခြားသူများ၏ပစ်မှတ်က ချန်ရွှမ်ကျုန်းနှင့် ချူးလီလီပင် ဖြစ်ပေ၏။

သူတို့က ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး လူပြန်ဝင်စားမည့် ခန္ဓာကိုယ်များဖြစ်သော ထိုသူ(၂)ယောက်ကို သတ်ဖြတ်ရန် ကြံစည်ထားကြခြင်း ဖြစ်သည်။

ထိုသူ(၂)ယောက် နတ်ဆိုးလမ်းကြောင်းပေါ်သို့ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ နောင်တွင် ပြဿနာများ ထပ်မဖြစ်စေရန် သတ်ဖြတ်ပစ်ရပေမည်။

ရန်ကျောက်ကဲတို့အုပ်စုက ချန်ရွှမ်ကျုန်းနှင့် ချူးလီလီကို ရင်းနှီးသောမိတ်ဆွေများအဖြစ် သဘောထားသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ဂရုတစိုက်စီစဉ်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကာ သူတို့ကိုယ်ထဲမှ နတ်ဆိုးအမှတ်အသားကိုဖယ်ရှားရန်နှင့် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး လူပြန်ဝင်စားမှု မဖြစ်ပစေရန်အပြင် ချန်ရွှမ်ကျုန်းတို့ အသက်အန္တရယ်ကိုကာကွယ်ရန် စဉ်းစားခဲ့ကြသည်။

သို့သော် နတ်မိစ္ဆာမျိုးနွယ်များကတော့ ထို(၂)ယောက်အကျိုးကို အရေးစိုက်မည် မဟုတ်ပေ။ ထိုသူ(၂)ယောက်ကို သတ်ဖြတ်ပစ်မှသာ သူတို့၏စိုးရိမ်ပူပန်မှုများ ပြေပျောက်မည်ဖြစ်သည်။

ထို့ပြင် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးသည်လည်း လူပြန်ဝင်စားရန်အခွင့်အရေး ယာယီဆုံးရှုံးသွားမည် ဖြစ်သည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးအနေဖြင့် နောက်ထပ် သင့်တော်သည့်ရုပ်ခန္ဓာကို ရှာဖွေတွေ့ရှိရန် အချိန်မည်မျှကြာမည်ကို မိုးကောင်းကင်သာလျှင် သိနိုင်သည်။

ချက်ချင်းရှာတွေ့နိုင်သလို နှစ်ထောင်ပေါင်းများစွာလည်း ကြာသွားနိုင်သည်။

သုခနတ်ဆိုးဘုရင်နှင့် အခြားနတ်ဆိုးများသည်လည်း နတ်မိစ္ဆာမျိုးနွယ်၏ ရည်ရွယ်ချက်များကို လျင်မြန်စွာ သဘောပေါက်သွားကြသည်။

သူတို့အားလုံး ဒေါသထွက်သွားပြီး ဒဏ်ရာရထားသည်ကိုပင်အရေးမထားဘဲ အကြေးခွံတစ်ထောင်နယ်မြေဆီသို့ အလျင်အမြန်ပင် ထိုးဖောက်ဝင်ရောက်လာကြသည်။

အကြေးခွံတစ်ထောင်နယ်မြေက ငရဲကိုးထပ်မှ နတ်ဆိုးများကို ဖိနှိပ်နိုင်သည့်စွမ်းအားရှိလေရာ သူတို့ရှေ့သို့တက်လိုက်သည်နှင့် လမ်းကြောင်းက ပိတ်ဆို့သွားသည်။

သို့သော် မဟာနတ်မိစ္ဆာအုပ်စုအတွက်တော့ ပြဿနာမရှိ‌ေ။

နတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်များက ချက်ချင်းပင် တလက်လက်တောက်ပနေသော အလင်းတန်းစီးကြောင်းများကိုဖောက်ထွင်းကာ အောက်ဘက်မှ စက်လုံးကြီးဆီသို့ ဝင်ရောက်သွားကြလေတော့၏။

All Chapters