← Chapters

ရေခဲနတ်ဆိုး

Vol. 102 Ch. 1432

ရေခဲနတ်ဆိုး

Vol. 102 Ch. 1432

အခန်း (၁၄၃၂) ရေခဲနတ်ဆိုး

သုခနတ်ဆိုးဘုရင်က ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်ကို ဖျက်ဆီးရန် ဦးဆောင်တိုက်ခိုက်နေခဲ့သည်။

ထို့ကြောင့် ‘အကြေးခွံတစ်ထောင် နဂါးတံခါးသို့ခုန်ကျော်ခြင်း’ တိုက်ကွက်ဖြင့် ပထမဆုံးတိုက်ခိုက်ခံရသူလည်း ဖြစ်သွားသည်။

“အကြေးခွံတစ်ထောင်နယ်မြေက ငါတို့ ငရဲကိုးထပ် နတ်ဆိုးတွေကို တန်ပြန်တိုက်ခိုက်နိုင်တာ အားလုံးသိတာပဲ ၊ သူ့ရဲ့တန်ခိုးစွမ်းအားက သန့်စင်တယ် ၊ ဒါပေမဲ့ အကြေးခွံတစ်ထောင်နယ်မြေက ဒီလိုမျိုးအသွင်ပြောင်းနိုင်တယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး”

သုခနတ်ဆိုးဘုရင်‌ တွေးလိုက်သည်။

သူက ရှောင်တိမ်းရန် မဖြစ်နိုင်တော့သဖြင့် နတ်ဆိုးချီစွမ်းအားအလွှာများကို ဖြန့်ကျက်ပြီး သူ့ကိုလွှမ်းခြုံထားသည့် နတ်ဆိုးရုပ်သေးရုပ်နှစ်ခု ဖန်ဆင်းလိုက်သည်။

နတ်ဆိုးရုပ်သေးရုပ်များက အချင်းချင်း ဖက်ထားသည့်ပုံစံမျိုး ဖြစ်၏။

သွေးနီရောင်နှင့် အနက်ရောင်ပေါင်းစပ်ထားသော အခိုးအငွေ့ဟင်းလင်းပြင်တစ်ခုက သူ့ကိုဗဟိုပြုလျှက် ကျယ်ပြန့်စွာ ထွက်ပေါ်လာသည်။

သို့သော် မရေမတွက်နိုင်သော အလင်းနဂါးများ သူ့ထံသို့ထိုးဖောက်ဝင်ရောက်လာပြီး နတ်ဆိုးများအပေါ် ဖိနှိပ်မှုစွမ်းအားက အမြင့်ဆုံးအဆင့် ထင်ရှားလာသည်။

အကြေးခွံတစ်ထောင်နယ်မြေက ငရဲကိုးထပ်၏ နတ်ဆိုးများကို တန်ပြန်ထိန်းချုပ်နိုင်စွမ်းရှိလေရာ ယခု “အကြေးခွံတစ်ထောင် နဂါးတံခါးသို့ခုန်ကျော်ခြင်း” က ထိုစွမ်းရည်ကို အပြည့်အဝ ပြသလာသည်။

ထိုစွမ်းရည်များက အလွန်ထက်သန်ပြီး နတ်ဆိုးများကို ဖျက်ဆီးပစ်သည်အထိ ထိခိုက်မှုဖြစ်ပေါ်စေသည်။

အလင်းနဂါးများက ကောင်းကင်ယံကို ဖြတ်ကျော်ပျံသန်းသွားပြီး သွေးနီ‌ရောင်နှင့် အနက်ရောင်ရောစပ်ထားသော အခိုးအငွေ့ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်သည်။

သုခနတ်ဆိုးဘုရင် ပြုလုပ်ထားသော အချင်းချင်းဖက်ထားသည့် ရုပ်သေးရုပ်များမှာ အမှုံအမွှားများအဖြစ် ပြိုကွဲသွားတော့၏။

ထို့နောက် အလင်းနဂါးများက သုခနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်အားဖြတ်သန်းသွားပြီး သူ့ကို “အပိုင်းပိုင်းဆုတ်ဖြဲ” ပစ်လိုက်သည်။

ကာလရှည်ကြာ အသက်ရှည်ခဲ့သည့် ရှေးကျသော နတ်ဆိုးဘုရင်တစ်ပါးမှာ ထိုသို့ပင် ပျက်ဆီးသေဆုံးသွားခဲ့လေသည်။

အကြေးခွံတစ်ထောင်နယ်မြေ၏ ထူးခြားသော နတ်ဆိုးဆန့်ကျင်စွမ်းအားများအောက်တွင် နတ်ဆိုးများအနေဖြင့် ပြန်လည်မွေးဖွားရန်ပင် မဖြစ်နိုင်သည့်အခက်အခဲဖြင့် ရင်ဆိုင်ရသည်။

ဤအခက်အခဲက သုခနတ်ဆိုးဘုရင် တစ်ယောက်တည်းအတွက် ကန့်သတ်ထားခြင်းမဟုတ်ပေ။

ခေါင်း(၄)လုံး လက်(၄)ဖက်ရှိသော နတ်ဆိုးဘုရင်နှင့် မျောက်ဝံနတ်ဆိုးဘုရင်မှာလည်း အခြားသော မဟာနတ်ဆိုးများကဲ့သို့ပင် အလင်းနဂါးများ၏ လှိုင်းထန်သောရိုက်ခတ်မှုအောက် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသည်။

အကြေးခွံတစ်ထောင်နယ်မြေထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာသော နတ်ဆိုးများမှာ အကြေးခွံတစ်ထောင်နယ်မြေ ဖျက်ဆီးခံရခြင်းနှင့်အတူ နတ်ဆိုးအုပ်စုမှာလည်း အတူတကွ ပျက်ဆီးသွားခဲ့သည်။

နယ်မြေအစွန်ဘက်တွင်ရှိသော နတ်ဆိုးအချို့က အနည်းငယ်နောက်ကျသဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ပြီး အခွင့်အရေးကိုအမိအရယူကာ အလျှင်အမြန်ထွက်ပြေးရန် ပြင်ဆင်ကြသည်။

သို့သော် အလင်းနဂါးများက ဆက်လက်ပျံသန်းနေပြီး အားပြင်းသောအလင်းစီးကြောင်းများက ဦးတည်ရာဘက်ပေါင်းစုံသို့ ပစ်လွှတ်လိုက်ရာ ထွက်ပြေးရန်ကြိုးစားနေသော မဟာနတ်ဆိုးများမှာလည်း မလွတ်မြောက်ခဲ့ပေ။

နောက်ဆုံး နတ်ဆိုးတစ်ကောင်ပင် မကျန်ရစ်တော့ပေ။

စကြဝဠာတစ်ခုလုံးက သွေးစွန်းထင်းနေသော ငရဲဘုံအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ဤသည်က လူသားများအတွက် ငရဲဘုံမဟုတ် ၊ နတ်ဆိုးများအတွက်သာ ဖြစ်သည်။

ယခင်က နယ်မြေတစ်ခုလုံးအား လွှမ်းခြုံထားသော နတ်ဆိုးရောင်ဝါ ရုတ်တရက် ပျောက်ကွယ်သွားသည်။

ကောင်းကင်နတ်ဘုရားအဆင့်ရှိသော နတ်ဆိုးက ဤဖြစ်ရပ်ကို တားဆီးရန် ကြိုးစားခဲ့သော်လည်း ခေါင်းကိုးလုံးပိုးကောင်နှင့် ဖန်းယွင်ရှန်းက သူ့ကိုတားဆီးထားသဖြင့် လှုပ်ရှားနိုင်ခြင်း မရှိခဲ့ပေ။

အထူးသဖြင့် ရန်ကျောက်ကဲလှုပ်ရှားချိန်တွင် ဖန်းယွင်ရှန်းက သူ့ကို အထူးတလည် ထိန်းချုပ်ထားခဲ့သည်။

ထိုသို့ဖြင့် အကြေးခွံတစ်ထောင်နယ်မြေ ပေါက်ကွဲပျက်စီးသွားပြီး အတွင်းသို့ဝင်ရောက်လာသော နတ်ဆိုးများသည်လည်း အတူတကွ သေဆုံးသွားကြရသည်။

အလင်းနဂါးများက နတ်မိစ္ဆာမျိုးနွယ်အပေါ် သက်ရောက်မှုမရှိသော်လည်း ၊ စွမ်းအားလှိုင်းလုံးက အလွန်ပြင်းထန်ကြမ်းတမ်းသည်ဖြစ်ရာ နတ်မိစ္ဆာများ၏အရှိန်အဟုန်လည်း အနည်းငယ် နှေးကွေးသွားခဲ့သည်။

နတ်ဆိုးအုပ်စုမရှိတော့သည်နှင့် ရန်တိ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများ ချက်ချင်း ပြန်လည်စိတ်တည်ငြိမ်သွားကြပြီး ခံစားနေရသောဖိအားများ သိသိသာသာ လျော့ပါးသွားသည်။

သူတို့က ချက်ချင်းပင် အနေအထားပြန်လည်တည်ဆောက်ပြီး ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ထံသို့ နတ်မိစ္ဆာများ ဆက်လက်တိုးဝင်မလာစေရန် တားဆီးလိုက်ကြ၏။

ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေဆဲပင်။

သူက အကြေးခွံတစ်ထောင်နယ်မြေကို ထိန်းချုပ်ထားပြီး ၎င်းအတွင်း ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ချုပ်ကိုင်ထားသည်။

“အကြေးခွံတစ်ထောင် နဂါးတံခါးသို့ခုန်ကျော်ခြင်း” မှာ သူ၏ နောက်ဆုံးနည်းလမ်း ဖြစ်သည်။

ဖြစ်နိုင်လျှင် သူက ဤနည်းလမ်းကို အသုံးမပြုချင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော အကြေးခွံတစ်ထောင်နယ်မြေက နတ်ဆိုးများ၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ရုံသာမက ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ ရေပလ္လင်နတ်ဆိုးကို နှိမ်နင်းရာတွင်လည်း ကူညီပေးနိုင်သည်။

အကြေးခွံတစ်ထောင်နယ်မြေ ပေါက်ကွဲပျက်စီးသွားချိန်တွင် ထိုနယ်မြေက မီးလောင်ပြာကျသွားသည့်ပမာ လုံးဝ ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲ၏စိတ်အစဉ်မှာလည်း ဗလာကျင်းသွားပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် တစ်ကိုယ်လုံး လှုပ်ရှားမရနိုင်အောင်ပင် ဖြစ်သွားရသည်။

ပင်ပန်းလွန်းသဖြင့် သတိလစ်လဲကျသွားတော့မည့်အလားပင် ဖြစ်နေရသည်။

ရန်ကျောက်ကဲမှာ သတိလစ်မသွားစေရန် သူ့ကိုယ်သူ အတင်းအကျပ် နိုးကြားအောင်သတိပေးနေရပြီး “ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်” ကိုပင် တည်ငြိမ်အောင်ထိန်းသိမ်းရန် ဂရုမစိုက်နိုင်တော့ပေ။

သို့သော် သူက “ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်” ကိုတော့ လျှင်မြန်စွာ လည်ပတ်စေလိုက်သည်။

အဖုအထစ်များဖြင့်ပြည့်နက်နေသော သတ္တုစက်လုံးမှာ အလင်းရောင်များပြန်လည်တောက်ပလာပြီး ရေလှိုင်းများသဖွယ် အသွင်ပြောင်းလဲသွားသည်။

အလင်းလုံး(၈၁)ခု ပြန်လည်ထွက်ပေါ်လာပြီး လျှင်မြန်စွာ လည်ပတ်လှုပ်ရှားလာသည်။

သို့သော် ထိုခဏတွင် အလင်းစက်လုံးဗဟိုမှ ပြင်းထန်သော နတ်ဆိုးချီစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထိုစွမ်းအားက အပြင်ဘက်ရှိ ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုး၏စွမ်းအားနှင့် အတူတူပင် ဖြစ်၏။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်များထက်ပင် သာလွန်သည်။

ပြီးတော့ အတွင်းမှ ယိုစိမ့်ထွက်လာသော ထိတ်လန့်ဖွယ်ရာ အငွေ့အသက်တစ်ခုက လူတစ်ယောက်အား ကျောရိုးထဲအထိ အေးစိမ့်သွားစေသည်။

ထိုအငွေ့အသက်က စိတ်ဝိညာဉ်နတ်ဆိုးနှင့် သစ်သားနတ်ဆိုးကဲ့သို့သော ထိပ်တန်းမဟာနတ်ဆိုးများနှင့် တန်းတူရှိသည့် တုန်လှုပ်ဖွယ်ရာ ရောင်ဝါတစ်ခု ဖြစ်သည်။

ရေခဲပြာရောင် နတ်ဆိုးအလင်းတန်းက စိမ့်ထွက်လာပြီး ပိုမိုအားကောင်းလာကာ တဖြည်းဖြည်း အပြင်ဘက်သို့ ပျံ့နှံ့လျှက် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်တစ်ခုလုံး ပြည့်နက်သွားတော့မည့်အလား ထင်မှတ်ရသည်။

ရန်တိက...

"ဒါ မဖြစ်နိုင်ဘူး..."

ရန်တိ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများအားလုံး ရင်ထဲနင့်သွားကြသည်။

အရေးကြီးဆုံးအချိန်တွင် နတ်မိစ္ဆာမျိုးနွယ်များက ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို အနှောင့်အယှက်ပေးခဲ့သည်။

နတ်ဆိုးများကို ထိုးဖောက်တိုက်ခိုက်ရန်အတွက် အကြေးခွံတစ်ထောင်နယ်မြေ ပေါက်ကွဲသွားရသည်။

ဤအကာအကွယ်အလွှာနှစ်ခုကို ဆုံးရှုံးလိုက်ရသဖြင့် ချန်ရွှမ်ကျုန်းမှာ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ဆန့်ကျင်ရန် နည်းလမ်းကုန်ဆံဒးသွားရသည်။

သူတို့နှစ်ယောက်ကြား အားပြိုင်မှုက ပါးလွှာသည့်မျဉ်းကြောင်းတစ်ခုအဖြစ် တည်ရှိနေခဲ့သည်။ ရန်ကျောက်ကဲတို့၏ ကြိုးစားအားထုတ်မှုဖြင့် နောက်ဆုံး အောင်မြင်မှုကို လုယူနိုင်ခဲ့သည်။

ချန်ရွှမ်ကျုန်း၏ အားထုတ်မှုနှင့် ပေါင်းစပ်လိုက်သည့်အခါ သူတို့အတွက် အောင်မြင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သို့သော် မတော်တဆမှုတစ်ခုခုဖြစ်ခဲ့ပြီး ရေပလ္လင်နတ်ဆိုးဘက်မှ အောင်မြင်မှုကို ပြန်လည်လုယူနိုင်ခဲ့ပါက ချန်ရွှမ်ကျုန်းကြိုးစားခဲ့သမျှ ပြောင်းပြန်ပြန်လှည့်လပြီး ရေပလ္လင်နတ်ဆိုး၏ အောင်မြင်မှုအဖြစ် ပြောင်းလဲသွားပေမည်။

သူတို့ ကြိုးစားခဲ့သမျှ အရာအားလုံး ရေပလ္လင်နတ်ဆိုးက ပိုင်ဆိုင်သွားပေလိမ့်မည်။

ယခု နောက်ဆုံးခြေတစ်လှမ်းအလိုတွင် ရေပလ္လင်နတ်ဆိုး အောင်မြင်မှုတစ်ခုကို ရရှိသွားသည်။

ချန်ရွှမ်ကျုန်းအနေဖြင့် ရေပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားခြင်းကံကြမ္မာမှ လွတ်မြောက်ခြင်း မရှိတော့ပေ။

ရေခဲပမာအေးစိမ့်သော စွမ်းအားရောင်ဝါက အဆုံးမရှိ ပျံ့နှံ့လာသည်။ ယခုတစ်ကြိမ်လည်း ရေပလ္လင်နတ်ဆိုးက ရေခဲနတ်ဆိုးအဖြစ်သာ ပြန်လည်မွေးဖွားခဲ့သည်။

အတိတ်တစ်ချိန်က ‘ချူးဟွမ်’ ကဲ့သို့ပင် ဖြစ်၏။

ဒါကိုမြင်တော့  ခေါင်းကိုးလုံးမဟာသူတော်စင်က ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်နားလသို့ ချဉ်းကပ်လာသည်။ သို့သော် သူ၏စိတ်ခံစားချက်များတွင် မည်သည့်အပြောင်းအလဲမှ မရှိပေ။

ငရဲကိုးထပ်အောင်မြင်မှုရသည်ဖြစ်စေ မရသည်ဖြစ်စေ သူဂရုမစိုက်ပေ။

ပြန်လည်မွေးဖွားလာသည့်ရုပ်ခန္ဓာက လူသားအဖြစ်ရှိနေသေးသည်လည်း ရေပလ္လင်နတ်ဆိုးဖြစ်သွားပြီးလား သူ ဂရုမစိုက်ပေ။

သူ့ရည်မှန်းချက်က ချန်ရွှမ်ကျုန်းကို နေရာတွင်ပင် သတ်ဖြတ်ပစ်ရန်ဖြစ်သည်။

ချန်ရွှမ်ကျုန်းက လူသားအဖြစ် ရှိနေသည်ဖြစ်စေ နတ်ဆိုးဖြစ်သွားသည်ဖြစ်စေ ၊ ထိုအချက်များက လုံးဝအရေးမပါပေ။

ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးဘုရင်ကတော့ မျှော်လင့်မထားသည့် “အကြေးခွံတစ်ထောင် နဂါးတံခါးသို့ခုန်ကျော်ခြင်း” ကြောင့် အစပိုင်းတွင် ဒေါသထွက်နေခဲ့သည်။

သို့သော် ရေခဲပမာအေးစိမ့်သည့်ရောင်ဝါကို ခံစားမိသည်နှင့် သူ့စိတ်ထဲ ပီတိဖြင့်ပြည့်လျှံလာပြီး အားကုန်သုံးကာ ခေါင်းကိုးလုံးပိုးကောင်ကိုတားဆီးရန် ကြိုးစားလိုက်သည်။

ဖန်းယွင်ရှန်းကလည်း ခေါင်းကိုးလုံးပိုးကောင်ကို တားဆီးထားလိုက်သည်။ သို့သော် သူမ၏ အေးစက်သောမျက်ဝန်းများတွင် စိုးရိမ်မှုအနည်းငယ် ထင်ဟပ်နေပြီး ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲက တည်ငြိမ်သောမျက်နှာထားဖြင့် ထုံးတမ်းအစီအရင်နှင့်ဆက်သွယ်ရန် အလုံးစုံအာရုံစူးစိုက်ထားသည်။

အလင်းလုံးများတွင် တခါတရံ အက်ကွဲကြောင်းများထင်ဟပ်လာသော်လည်း နတ်ဆိုးများကိုနှိမ်နင်းနိုင်စွမ်းရှိသည့် ပြင်းထန်သောစွမ်းအားက တဖန်ပြန်လည် ပြသလာသည်။

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ဖြင့် ဖိနှိပ်ခံရသည့်အခါ ရေခဲပမာအေးစိမ့်သောရောင်ဝါက ခဏမျှ ငြိမ်သက်သွားကာ အဆုံးမရှိသောအလင်းတန်းများက ထိတွေ့နိုင်သည့် ရေခဲအဖြစ်သို့ ပြောင်းလဲသွားသည်။

ရေခဲထဲတွင် ချန်ရွှမ်ကျုန်းနဖူးထက်ရှိ နတ်ဆိုးသင်္ကေတ ပျောက်ကွယ်သွားသည်။

သို့သော် သူ့အကြည့်များသည် ယခင်ကကဲ့သို့ တည်ငြိမ်မှုမရှိတော့ပေ။ သူ၏မျက်ဝန်းများက ရေခဲပမာအေးစိမ့်ပြီးမှောင်မိုက်နေကာ ရန်ငြိုးများဖြင့် ပြည့်နက်နေသည်။

ထိုမျက်ဝန်းများက ရေစင်ထက်ယံအရှင်သခင် - ချန်ရွှမ်ကျုန်း၏ မျက်ဝန်းများ မဟုတ်တော့ပေ။

ထိုမျက်ဝန်းများက ရေခဲနတ်ဆိုး၏ အကြည့်များသာလျှင် ဖြစ်ပေ၏။

သို့‌သော် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်၏ အလင်းရောင်ဖြာထွက်မှုအောက်တွင် သူ၏အကြည့်များ အနည်းငယ် လှုပ်ခတ်သွားသည်။

ရေခဲအလွှာတစ်ခုလုံး အရည်ပျော်ကွဲအက်သွားသည့်အလား ချန်ရွှမ်ကျုန်း မျက်နှာထက်တွင် ရုန်းကန်မှုများ ထင်ဟပ်လာသည်။

သူ့အကြည့်များက အရင်ကလို တည်ငြိမ်မှုမရှိတော့ဘဲ စိတ်ခံစားမှုလှိုင်းလုံးများဖြင့် ပြည့်နက်လာသည်။

"နောက်ကျသွားပြီ... ငါလုပ်ခဲ့တာကို မင်းတို့ ပြန်လုပ်နိုင်စွမ်း မရှိတော့ဘူး"

ချန်ရွှမ်ကျုန်းက စကားပြောလိုက်သော်လည်း သူ၏လေသံက ထူးဆန်းနက်ရှိုင်းနေသည်။

“ဒီတစ်ခါတော့ ငါ အနိုင်ရသွားပြီ”

ထို့နောက် သူက ခေါင်းမော့ပြီး အလင်းလုံးများကို ကြည့်လိုက်သည်။

"ဒီထုံးတမ်းအစီအရင်က မင်းရဲ့ဝိညာဉ်ကို ပြည့်စုံအောင် ထိန်းသိမ်းထားရုံပဲတတ်နိုင်တော့တယ် ၊ ငါ့ကိုနှိမ်နင်းနိုင်မယ့်နည်းလမ်း မရှိတော့ဘူး”

အဘယ်ကြောင့်ဆိုသော သူ လူ့လောကသို့ ပြန်လည်ဝင်စားသွားပြီ ဖြစ်သောကြောင့်ပင်။

“ဒါပေမဲ့ ငါ့အတွက် တစ်ခုတည်းသောပြဿနာက နတ်မိစ္ဆာမျိုးနွယ်တွေရဲ့လက်ထဲက အသက်မသေဘဲ ဘယ်လိုထွက်ပြေးရမလဲဆိုတာပဲ ၊ ပြန်လည်မွေးဖွားလာပြီးတာနဲ့ ချက်ချင်းသေရမယ်ဆိုရင် သိပ်ကိုနှမျောစရာကောင်းတယ်”

"ချန်ရွှမ်ကျုန်း" က အေးစက်စွာ ပြောလိုက်သည်။

“ဒါမှမဟုတ် မင်းတို့ကိုယ်တိုင်က ငါ့ရဲ့ပြန်လည်မွေးဖွားလာခြင်းကို သတ်ဖြတ်ပစ်ပြီး ငါ့ကို ပျက်ဆိးခြင်းထဲ ပြန်ပို့ဆောင်ပေးမလား”

All Chapters