← Chapters

ပွဲမပြီးသေးဘူး

Vol. 102 Ch. 1433

ပွဲမပြီးသေးဘူး

Vol. 102 Ch. 1433

အခန်း (၁၄၃၃) ပွဲမပြီးသေးဘူး

ခေါင်းကိုးလုံးမဟာသူတော်စင် အနားသိ့ချဉ်းကပ်ရန် ကြိုးစားနေသည်။ ဖန်းယွင်ရှန်းနှင့် မဟာနတ်ဆိုးတို့က သူ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားကြသည်။

အခြားသောနတ်မိစ္ဆာများက ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ဆီသို့ ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက ရေခဲနတ်ဆိုးအဖြစ် ပြောင်းလဲသွားပြီး ပြန်လည်မွေးဖွားလာလုနီးပါး ဖြစ်နေပေပြီ။

သို့သော် သူ ပြန်လည်မွေးဖွားလာမည့်ရုပ်ခန္ဓာဖြစ်သည့် ချန်ရွှမ်ကျုန်းက နက်ရှိုင်းနတ်ဘုရားအဆင့်တွင်သာ ရှိနေခဲ့သည်။

ထို့ကြောင့် လက်ရှိရေခဲနတ်ဆိုးက ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူမဟုတ်သလို စကြာဝဠာတစ်ခုလုံးကို အထက်စီးမှ ငုံ့ကြည့်နိုင်သည့် မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲတွင်လည်း မပါဝင်သေးပေ။

ချန်ရွှမ်ကျုန်းက နက်ရှိုင်းနတ်ဘုရားအဆင့် အထွတ်ထိပ်တွင် ရှိနေသောကြောင့် သူ၏ရုပ်ခန္ဓာ နတ်ဆိုးလက်သို့ကျရောက်သွားသည့်အခါ ချီစွမ်းအားငါးခု ပေါင်းစည်းခြင်းသည်လည်း ပြီးမြောက်လုနီးပါး ဖြစ်သွားသည်။

သို့သော် သူ့အနေဖြင့် နတ်မိစ္ဆာအုပ်စုနှင့် ရင်ဆိုင်ရမည် ဖြစ်၏။

အထူးသဖြင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင် ပြန်လည်လှည့်ပတ်လာသည်ဖြစ်ရာ ရေခဲနတ်ဆိုးမှာထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ ချက်ချင်းတက်လှမ်းနိုင်ခြင်း မရှိသေးပေ။

သူက ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားအဖြစ်သာ ဆက်လက်တည်ရှိနေသည်။

လင်ချင်း၊ ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့၏ အကြည့်များက “ချန်ရွှမ်ကျုန်း” ထံသို့ ကျရောက်သွားသည်။

သူတို့မျက်ဝန်းများထဲတွင် အမုန်းတရားများဖြင့် ပြည့်နက်လာသည်။

လူတစ်ယောက် နတ်ဆိုးလက်ထဲကျရောက်သွားပါက ပြန်လည်ပြောင်းလဲနိုင်မည့် နည်းလမ်းမရှိတော့ပေ။

နတ်ဆိုးဖြစ်သွားသူသည် နတ်ဆိုးအဖြစ်သာ ဆက်လက်တည်ရှိမည်ဖြစ်ပြီး ဘယ်သောအခါမှ လူသားအဖြစ် ပြန်လည်ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

သူ၏ရုပ်ရည်သွင်ပြင်နှင့် အသံတို့တွင် မည်သည့်ပြောင်းလဲမှုမှ မရှိပေ။

သူ၏အလေ့အထများနှင့် မှတ်ဉာဏ်များပင်လျှင် လုံးဝထိခိုက်မှုမရှိပေ။

သို့သော် သူ’တည်ရှိမှုကတော့ လုံးဝမတူညီတော့ဘဲ ပြောင်းလဲသွားပြီဖြစ်သည်။

ရေစင်ထက်ယံအရှင်သခင် - ချန်ရွှမ်ကျုန်းသည် မည်သည့်အခါမှ တည်ရှိတော့မည်မဟုတ်ပေ။ ရေခဲနတ်ဆိုး - ချန်ရွှမ်ကျုန်းကသာ အစားထိုးလာမည်ဖြစ်၏။

နတ်မိစ္ဆာမျိုးနွယ်များကတော့ ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ နတ်ဆိုးများအဖြစ် ပြောင်းလဲသွားသည်ဖြစ်စေ၊ မပြောင်းလဲသည်ဖြစ်စေ သတ်ဖြတ်ပစ်ရန် စီစဉ်ထားကြသည်။

ကောင်းချင်းရွှမ်နှင့် အခြားသူများကတော့ ရေပလ္လင်နတ်ဆိုးကိုတားဆီးနိုင်ပြီး ချန်ရွှမ်ကျုန်းကို ကူညီနိုင်မည်ဆိုပါက အင်အားကြီးရန်သူများနှင့် တိုက်ပွဲဝင်ရန် တွန့်ဆုတ်မည်မဟုတ်ပေ။

သို့သော် နတ်ဆိုးအငွေ့အသက်ဖယ်ရှားခြင်း မအောင်မြင်ဘဲ ချန်ရွှမ်ကျုန်း အမှောင်လမ်းသို့ကျရောက်သွားပြီး ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးအဖြစ် ပြီးပြည့်စုံစွာပြောင်းလဲသွားပါက သူတို့သည်လည်း နတ်မိစ္ဆာမျိုးနွယ်များကဲ့သို့ပင် ချန်ရွှမ်ကျုန်းကို သုတ်သင်ရမည်ဖြစ်သည်။

ရန်ရှင်းထန်က ဓားနတ်ဆိုး’ယင်းရှီယန်’ ကို သုတ်သင်ခဲ့သလို ၊ ချန်ရွှမ်ကျုန်းကိုယ်တိုင်က ယခင်ရေခဲနတ်ဆိုး’ချူးဟွမ်’ ကို သုတ်သင်သလိုပင် ဖြစ်သည်။

လုန်ရှင်းချွမ် မျက်မှောင်ကြုတ်လိုက်ပြီး ရန်ကျောက်ကဲအား လှမ်းကြည်လိုက်သည်။

ရန်ကျောက်ကဲက...

“အဲဒီနတ်မိစ္ဆာတွေကို တားဆီးပြီး အချိန်ဆွဲထားပေးပါ ၊ တစ်ခုခုတော့ ဖြစ်လာနိုင်ပါသေးတယ်”

ထို့နောက် သူက နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို သိမ်းဆည်းပြီး ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ဖြင့် ဖွဲ့စည်းထားသော အလင်းစက်လုံးထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။

အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဖန်းယွင်ရှန်း ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူမမျက်နှာထက်မှ စိတ်ခံစားမှုအားလုံး ပျောက်ကွယ်သွားပြီး တည်ငြိမ်စွာဖြင့် ခေါင်းကိုးလုံးပိုးကောင်ကိုတားဆီးရန် အာရုံစိုက်လိုက်၏။

အပြန်အလှန်အားဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်၏စိတ်ထဲတွင် ဝေခွဲမရမှုများ ဖြစ်ပေါ်လာသည်။

ရန်တိက ဓားကိုဝှေ့ယမ်းကာ သမင်ဖြူနတ်မိစ္ဆာကိုတိုက်ခိုက်ခြင်းဖြင့် သူ၏လုပ်ရပ်ကို ရှင်းလင်းစွာ ဖော်ပြလိုက်သည်။

ခဏမျှစဉ်းစားပြီးနောက် ကောင်းချင်းရွှမ်နှင့် အခြားသူများကလည်း နတ်မိစ္ဆာများ ရှေ့တိုးမလာအောင် တားဆီးရန် ရွေးချယ်လိုက်ကြသည်။

လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ကတော့ ဖြစ်ပျက်နေသည်များကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။

အခြေအနေက လူတိုင်း၏ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်သွားပြီ ဖြစ်သည်။

တစ်နည်းအားဖြင့် သူတို့ဘက်မှ အခြေအနေကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးခဲ့ပြီး အဆိုးဆုံးရလဒ်ဖြစ်သည့် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားလာခြင်းအခြေအနေသို့ ရောက်ရှိသွားသည်။

ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတွင် တစ်ယောက်ကတော့ အမှောင်လမ်းသို့ ကျရောက်သွားရပေမည်။ သို့ဖြစ်ပါက ချန်ရွှမ်ကျုန်းကို ဆက်လက်ကာကွယ်ရန် ကြိုးပမ်းမည်ဆိုပါက သူတို့အတွက် အချည်းနှီးသာ ဖြစ်ပေမည်။

သူတို့အတွက် ရေခဲနတ်ဆိုးအား ငရဲကိုးထပ်သို့ ပြန်လည်ပို့ဆောင်ပေးရုံသာ ရှိတော့သည်။

အကယ်၍ ဤသို့စကားဆိုလာသူက ရန်ကျောက်ကဲမဟုတ်ဘဲ တခြားသူဖြစ်မည်ဆိုပါက ဆင်ခြင်တုံတရားဆုံးရှုံးပြီး စိတ်ခံစားမှုများလွှမ်းမိုးသွားပြီဟု လင်ချင်းယူဆမည် ဖြစ်သည်။

သို့မဟုတ် အရှုံးကိုလက်မခံနိုင်ဘဲ အမှန်တရားကိုရင်ဆိုင်ရန် တွန့်ဆုတ်နေပြီး ရလဒ်ကိုရင်မဆိုင်ရဲသဖြင့် အချည်းနှိးသောရုန်းကန်မှုများသို့ ဦးတည်သွားသည်ဟု ယူဆပေမည်။

များသောအားဖြင့် လက်မလွှတ်နိုင်ခြင်းက သင့်ကိုယ်သင်သာမက သင့်ပတ်ဝန်းကျင်ရှိလူများကိုပါ ထိခိုက်နစ်နာစေသည်။

သို့သော် ယခုတော့ ဤသို့လုပ်ဆောင်သူမှာ ရန်ကျောက်ကဲဖြစ်နေသဖြင့် လင်ချင်းမှာ ဆုံးဖြတ်ချက်ချရန် ရုန်ကန်နေရသည်။

သူမ၏လက်ရှိရပ်တည်မှုက အတော်လေး လိုက်လျောထားခြင်း ဖြစ်သည်။

ရန်ကျောက်ကဲတွင် အခြားအကြံအစည်ရှိတစ်ခုရှိပြီး ထုတ်ဖော်မပြောခြင်းသာဖြစ်မည်ဟု သူမ ယုံကြည်လိုသည်

ခဏမျှ တွန့်ဆုတ်နေပြီးမှ လင်ချင်း တိုက်ပွဲထဲသို့ဝင်ရောက်လိုက်ပြီး ရန်တိ ၊ ကောင်းချင်းရွှမ်တို့နှင့်အတူ နတ်မိစ္ဆာမျိုးနွယ် ကျွမ်းကျင်သူများကို တားဆီးရန် ဆုံးဖြတ်လိုက်သည်။

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ဖြင့် ဖွဲ့စည်းထားသော အလင်းစက်လုံးထဲတွင် “ချန်ရွှမ်ကျုန်း” က ခေါင်းမော့လိုက်ပြီး ရန်ကျောက်ကဲအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ရန်ကျောက်ကဲက ထူးဆန်းသည့်အကြည့်ဖြင့် သူ့ကိုကြည့်လိုက်ပြီး...

“ရေခဲနတ်ဆိုး... ဒီတိုက်ပွဲက မပြီးသေးဘူး”

“ချန်ရွှမ်ကျုန်း” က ရိုးရှင်းသည့်လေသံဖြင့်...

“မင်းက အချည်းနှီးကြိုးစားနေတာပဲ ၊ ငါ ဒီနေရာက အသက်ရှင်လျက် ထွက်သွားနိုင်မလား မသေချာပေမယ့် ၊ မင်းနဲ့ငါရဲ့ တိုက်ပွဲမှာတော့ ငါ အနိုင်ရသွားပြီ”

သူက ဆက်ပြောလိုက်သည်။

“ငါ ငရဲကိုးထပ်ကနေ ပြန်လည်မွေးဖွားလာပြီ ၊ ဒီလောကထဲကို ပြန်ဆင်းသက်လာနိုင်ခဲ့ပြီ”

“ငါသာ အနိုင်မရဘူးဆိုရင် ချူးလီလီ ဘာလို့ နိုးထလာမှာလဲ”

သူ၏စကားများကို အတည်ပြုသည့်အလား ချူးလီလီ၏မျက်တောင်များက အနည်းငယ် တုန်ခါလာသည်။

ထို့နောက် သူမက အိပ်ပျော်ရာမှ နိုးထလာသည့်ပမာ မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး ရှေ့မှမြင်ကွင်းကို ဗလာကျင်းစွာဖြင့် စိုက်ကြည့်လိုက်လေသည်။

ယခု သူမပုံစံက ရန်ကျောက်ကဲ သူမနှင့် ပထမဆုံးတွေ့ဆုံစဉ်ကနှင့် အတူတူပင် ဖြစ်သည်။ သူမခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်ဆိုးချီစွမ်းအား လှည့်ပတ်ဝဲဝိုင်းနေခြင်း မရှိတော့ပေ။

တကယ်တော့ သူမခန္ဓာကိုယ်ထဲမှ နတ်ဆိုးအငွေ့အသက်များ ရှင်းလင်းသန့်စင်သွားပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက ပိုမိုသင့်လျော်သည့် ရုပ်ခန္ဓာကို ရရှိသွားပြီဖြစ်သောကြောင့်ပင်။

"ဆရာ..."

ချူးလီလီမျက်ဝန်းများက အာရုံစူးစိုက်မှု ပြန်လည်ရရှိလာပြီး သူမရှေ့တွင်ရှိနေသော ချန်ရွှမ်ကျုန်းကို ဗလာကျင်းစွာ စိုက်ကြည့်လိုက်သည်။

သူမ၏အကြည့်များထဲတွင် ရှုပ်ထွေးသောခံစားချက်များ ထွက်ပေါ်လာသည်။

အံ့အားသင့်မှု၊ ပျော်ရွှင်မှု၊ တောင့်တမှု၊ ချစ်ခင်မှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှု...

သို့သော် မကြာမီမှာပင် ထိုအရာများအားလုံးက ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

"...ဆရာမဟုတ်ဘူးလား"

“ချန်ရွှမ်ကျုန်း” က တည်ငြိမ်စွာဖြင့်...

“ဘာလို့မဖြစ်ရမှာလဲ ၊ မင်းအဖေက ချူးဟွမ် မဟုတ်ဘူးလား”

ချူးလီလီ၏ စိတ်အစဉ် ဗလာကျင်းသွားသည်။

“ချူးဟွမ်က မင်းအဖေဆိုရင် ငါလည်း မင်းရဲ့ဆရာပဲပေါ့”

“ချန်ရွှမ်ကျုန်း” က တည်ငြိမ်စွာ ဆက်ပြောသည်။

“ငါက ငါပါပဲ ၊ ဒါပေမဲ့ အရင်က ယွိချင်အဆက်အနွယ်’ချန်ရွှမ်ကျုန်း’ ၊ အခုတော့ ရေခဲနတ်ဆိုး’ချန်ရွှမ်ကျုန်း’ ဖြစ်သွားပြီ”

အစပိုင်းတွင် ချန်ရွှမ်ကျုန်းနှင့် ရေခဲနတ်ဆိုး၏ စိတ်ဝိညာဉ်က ထိပ်တိုက်ရင်ဆိုင်နေဆဲဖြစ်သည်။ ယခုတော့ ထိုသို့ထိပ်တိုက်ရင်ဆိုင်မှု ငြိမ်သက်သွားပြီး စိတ်ဝိညာဉ်တစ်ခုတည်းအဖြစ် စတင်ပေါင်းစည်းလာသည်။

ချူးလီလီက “ချန်ရွှမ်ကျုန်း” ကို စိုက်ကြည့်ရင်း စကားမပြောနိုင်ဘဲ ရပ်တန့်နေသည်။ အခြေအနေက သူမကို အံ့အားသင့်သွားစေသည်ပင်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် တစ်ယောက်တည်းပုန်းအောင်းနေစဉ်က သူမ ဤလူသားကို နေ့စဉ်တမ်းတခဲ့ရသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို စွန့်ခွာပြီးနောက် နတ်ဆိုးအငွေ့အသက်များ ခန္ဓာကိုယ်ထဲကျူးကျော်ဝင်ရောက်ခြင်း ခံရပြီး ငရဲကိုးထပ်လက်ထဲ ကျရောက်သွားကာ သတိလစ်မေ့မျောသွားခဲ့သည်။

ယခု သူမ ပြန်လည်နိုးထလာချိန် သူမ တစ်ချိန်လုံးတမ်းတခဲ့ရသည့်လူသားက သူမရှေ့တွင် ရှိနေခဲ့သည်။

သို့သော် သူတို့၏တွေ့ဆုံမှုက သူမမျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားနေသည်။

ရန်ကျောက်ကဲက ရုတ်တရက် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး...

“ငါ ပြောခဲ့သလိုပဲ... ပွဲမပြီးသေးဘူးနော်”

“ချန်ရွှမ်ကျုန်း” က ရန်ကျောက်ကဲအား ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

သို့သော် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်၏ အနှောင့်အယှက်အောက်တွင် သူက ရုပ်ခန္ဓာကို အတိအကျ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် သူ၏လှုပ်ရှားမှုများက မာတောင့်တောင့် ဖြစ်နေဆဲပင်။

ရန်ကျောက်ကဲက “ချန်ရွှမ်ကျုန်း” ၏ရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး သူ၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးဖြင့်ထိလိုက်ရာ စွမ်းအားက ယင်စွမ်းအားဝိညာဉ်ဗဟိုချက်သို့ ဝင်ရောက်သွားသည်။

“အလုပ်မဖြစ်ဘူး”

လွှမ်းမိုးနိုင်စွမ်းမြင့်မားသော စွမ်းအားအောက်တွင် “ချန်ရွှမ်ကျုန်း” ၏ စိတ်ဝိညာဉ်က ပြန်ပြီး နှစ်ပိုင်းကွဲသွားသည်။

သို့သော် ဤသည်က ကြီးမားသောအခြေအနေအပေါ် မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်စေပေ။

ရုတ်တရက် “ချန်ရွှမ်ကျုန်း” ၏ မျက်ခုံးနှစ်ခုကြားမှ အေးစိမ့်သောအငွေ့အသက်များ ထွက်ပေါ်လာသည်။  ထိုအငွေ့အသက်များ တစ်ခုနှင့်တစ်ခု ယှက်နွယ်လျက် အင်းသင်္ကေတတစ်ခု ဖြစ်ပေါ်လာသည်။

“ချန်ရွှမ်ကျုန်း” က မပြောင်းလဲသည့်မျက်နှာအမူအရာဖြင့်...

“ဒါက မင်း ငါ့ကို ကျော်လွှားဖို့နည်းလမ်းပေါ့လေ... ဟုတ်လား ၊ သူ့ခန္ဓာကိုယ်ထဲကို အင်းသင်္ကေတတစ်ခုထည့်သွင်းတာပေါ့လေ”

သူက ဆက်ပြောလိုက်သည်။

“ငါက သူနဲ့‌‌ပေါင်းစည်းသွားပြီ ၊ သူ့ရဲ့မှတ်ဉာဏ်နဲ့ အသိပညာတွေအားလုံးကို သိထားပြီးပြီ ၊ ဒီအင်းသင်္ကေတ အသုံးပြုပုံကိုလည်း ငါသိတယ်”

နတ်ဆိုးတွန်းလှန်အင်းသင်္ကေတ။

ချန်ရွှမ်ကျုန်း၏ နောက်ဆုံးနည်းလမ်း။

ယခင်က စီစဉ်ထားသမျှ တစ်ခုမှမအောင်မြင်ဘဲ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက သူ၏ခန္ဓာကိုယ်ကို အသုံးပြုပြီး ပြန်လည်မွေးဖွားလာခဲ့ပါက ချန်ရွှမ်ကျုန်းကိုယ်တိုင်က သူ့ဘဝကိုအဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။

“ချန်ရွှမ်ကျုန်း” က အေးစက်စွာဖြင့်...

“ဒါဖြင့် မင်းရဲ့ နောက်ဆုံးနည်းလမ်းက ငါနဲ့အတူ အဆုံးသတ်ဖို့ပေါ့”

All Chapters