သွေးတိုးစမ်းခြင်း
Vol. 128 Ch. 1652
“မီလော့နန်းတော်ရဲ့ အကြီးဆုံးသခင်လေးရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကလည်း ကမ္ဘာဦးဖရိုဖရဲသင်္ကေတကနေ ဆင်းသက်လာတာပဲ...”
ချင်မူက တံခါးရွက်ပေါ်ရှိ သင်္ကေတများကို အသက်သွင်းရန် ကြိုးစားနေသည်။ တံခါးရွက်သည် တာအိုသိုင်းပညာရှင်တစ်ဦး၏ တာအိုသစ်ပင်မှ ထွင်းထုထားခြင်း ဖြစ်တန်ရာမည်။ တာအိုသိုင်းပညာရှင်က အင်အားကြီးမား အစွမ်းထက်လွန်းသောကြောင့် သူ၏ တာအိုသစ်ပင်သည် မပျက်စိးနိုင်တော့ခြင်း ဖြစ်မည်။ သို့သော် သင်္ကေတအမှတ်အသားများကို လေ့လာလိုက်သည်နှင့် ချက်ချင်းပင် သဲလွန်စတစ်ခုအား တွေ့လိုက်ရသည်။
မီလော့နန်းတော်၏ အကြီးဆုံးသခင်လေးသည် မီလော့နန်းတော်အရှင်သခင်၏ အမွေခံတပည့်တစ်ဦး ဖြစ်ပေလိမ့်မည်။ သူ၏ ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်များသည် မီလော့နန်းတော်အရှင်သခင်၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းထားခြင်းဖြစ်ပြီး သူ၏ ဖရိုဖရဲသင်္ကေတများသည် အသန့်စင်ဆုံးဖြစ်သည်ကို တံခါးရွက်၏ သင်္ကေတအမှတ်အသားများမှတစ်ဆင့် တွေ့မြင်နိုင်ပေလိမ့်မည်။
ဤတံခါးရွက်ပေါ်ရှိ သင်္ကေတအမှတ်အသားအားလုံးက သင်္ကေတတစ်ခုတည်းသာ ဖြစ်ပြီး ကမ္ဘာဦးဖရိုဖရဲသင်္ကေတဟု ခေါ်သည်။
ကမ္ဘာဦးဖရိုဖရဲသင်္ကေတမှာ ထူးခြားသည်။ မတူညီသော ၀င်္ကပါများနှင့် ဖွဲ့တည်မှုများက မတူညီသော လုပ်ဆောင်ချက်များကို ဆောင်ရွက်ကြ၏။
မီလော့နန်းတော် သခင်လေးနှစ်၊ တကယ်လေးသုံးနှစ် သခင်လေးလေးတို့၏ သင်္ကေတများတွင် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများအပြင် အခြားသင်္ကေတများလည်း ဖွဲ့တည်ပါဝင်ကြသည်။ ဤအဓိပ္ပာယ်က သူတို့သည် မီလော့နန်းတော်အရှင်သခင်၏ တပည့်များ မဟုတ်ဘဲ နောက်လိုက်များသာ ဖြစ်သည်ကို ညွှန်ပြနေ၏။
သူတို့ထဲတွင် သခင်လေးနှစ်က အသိသာဆုံးပင်။
အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၏ လမ်းစဉ်မှာ မီလော့နန်းတော်အရှင်သခင်၏ လမ်းစဉ်နှင့် ပြဿဒါးတစ်လမ်း၊ သံတစ်လမ်းပင်။ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးများကို မကျင့်ကြံသည့်အပြင် မီလော့နန်းတော်အရှင်သခင်၏ လုပ်ရပ်များကိုလည်း အသိအမှတ် မပြုချေ။
‘အကြီးဆုံးသခင်လေးက မီလော့နန်းတော်အရှင်သခင်ရဲ့ အမွေအနှစ်ကို ရယူခဲ့တာ ဖြစ်နိုင်တယ်… သူ့ရဲ့ အမွေအနှစ်က အသန့်စင်ဆုံး ဆိုပေမယ့် တံခါးရွက်ကနေ သူ့ကျင့်စဉ်ကို သိမြင်နားလည်ဖို့က မဖြစ်နိုင်ဘူး”
ချင်မူ အတွေးနက်သွားသည်။ မီလော့နန်းတော်အရှင်သခင်၏ သခင်လေးနှစ်မှာ ဖမ်းချုပ်ခံထားရပြီး သခင်လေးသုံးနှင့် သခင်လေးလေးတို့သည် ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်၏ အာဏာကို ချုပ်ကိုင်ထားကြသည်။ မီလော့နန်းတော် တာအိုသိုင်းပညာရှင်များက သူတို့၏ ဦးဆောင်မှုနောက်မှ လိုက်ကြ၏။
ထိုသို့ဆိုလျှင် အကြီးဆုံးသခင်လေးက မည်သည့်နေရာ၌ ရှိသည်နည်း။
ယုတ္တိကျကျ ပြောရပါက အကြီးဆုံးသခင်လေးသည် မီလော့နန်းတော်၏ ဆက်ခံသူ ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့် သခင်လေးသုံးနှင့် သခင်လေးလေးတို့က မီလော့နန်းတော်ကို ချုပ်ကိုင်နိုင်သည့် အင်အားရရှိခဲ့သနည်း။
ဤတံခါးရွက်ကို လေ့လာခြင်းက သူ့အတွက် အကျိုးအမြတ်များစွာ ရစေသည်။ ချင်မူမှာ ကမ္ဘာဦးဖရိုဖရဲချီကို လေ့လာနေဆဲဖြစ်၍ ချီစွမ်းအင်အား ပြန်လည်မဖြည့်တင်းရသေးချေ။ တံခါးရွက်ထဲတွင် အကြီးဆုံးသခင်လေး၏ အသိညဏ်ပညာများစွာ ကိန်းဝပ်နေရာ သူ့အား ပို၍သိမြင်နားလည်စေသည်။
ချင်မူ အေးဆေးတည်ငြိမ်စွာ ကျင့်ကြံနေသည်။ သူ၏ ခြေသလုံးနှစ်ဖက်ကလည်း နှေးကွေးသောအမြန်နှုန်းဖြင့် ဆက်လက်ကြီးထွားလာနေ၏။
ထိုနေ့တွင် ကမ္ဘာမြေကြီးသည် ရုတ်တရက် လှုပ်ရှားသွားပြီး တောင်တန်းများ တုန်ခါသွားသည်။ ကမ္ဘာဦးဘုံ၏ ကောင်းကင်မှာ သိသိသာသာ ပြောင်းလဲသွားပြီး ကြယ်တာရာများ တစ်ခုပြီးတစ်ခု အက်ကွဲသွား၏။
ကောင်းကင်နယ်စားမင်းသည် ကောင်းကင်တာအို အထွတ်အမြတ်ရတနာများဖြင့် ကမ္ဘာဦးဘုံ၏ ကြယ်တာရာများကို ဖန်တီးထားခြင်း ဖြစ်လေသည်။ ကြယ်တာရာများ အက်ကွဲသွားအောင် လုပ်ခဲ့သူက ရှေးဟောင်းနတ်ဘုရားဘုရင်သာ ဖြစ်ပေလိမ့်မည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကမ္ဘာဦးဘုံကို မကြာခဏ လာရောက်နှောင့်ယှက်တတ်၏။ သို့သော် ကောင်းကင်နယ်စားမင်းက အထွတ်အမြတ် ကောင်းကင်တာအိုရတနာများဖြင့် တားဆီးခဲ့သည်။ ထိုမျှသာမက ကောင်းကင်နတ်အရှင်ယွဲ့ ရှိနေခြင်းကြောင့် ရှေးဟောင်းနတ်ဘုရားဘုရင်အနေဖြင့် အရေးသာနိုင်ရန် မလွယ်လှပေ။ ထို့ကြောင့် အကြီးအကျယ် ထိခိုက်နစ်နာအောင် မလုပ်နိုင်ဘဲ ထွက်သွားရစမြဲသာ ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် ရှေးဟောင်းနတ်ဘုရားဘုရင်၏ တိုက်ကွက်မှာ အလွန်တရာပြင်းထန်သည့်အတွက် ကောင်းကင်တာအို အထွတ်အမြတ်ရတနာ ၅၀ ကို အဆက်မပြတ် တုန်ခါလာစေသည်။ မကြာမီ ကောင်းကင်မှာ နှစ်ခြမ်းကွဲသွားပြီး ဧရာမမျက်နှာကြီးတစ်ခုက ကောင်းကင်တွင် ပြည့်နှက်သွား၏။
ချင်မူက တည်ကြည်လေးနက်နေသော မျက်နှာအမူအရာဖြင့် ထရပ်လိုက်သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က ကမ္ဘာဦးဘုံ၏ ကောင်းကင်ကို နှစ်ခြမ်းခွဲခဲ့သဖြင့် ကောင်းကင်နယ်စားမင်းကလည်း မြေပြင်မှ ဖြည်းဖြည်းချင်း မြောက်တတ်လာသည်။ သူသည် အဖြူရောင်မျက်ခုံး၊ ဆံပင်နှင့် အဖြူရောင်ဝတ်စုံတို့ကို ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်ကြီးက ပိုပို၍ကြီးမားလာ၏။ ကောင်းကင်နယ်စားမင်းကား ကောင်းကင်အပြင်ရှိ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် တိုက်ခိုက်ရန် ပြင်ဆင်ထားလေသည်။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ယွဲ့ကလည်း ကောင်းကင်သို့ ချက်ချင်း ပျံတက်သွား၏။ သူမက ကောင်းကင်နယ်စားမင်းနှင့် ပူးပေါင်း၍ ရှေးဟောင်းနတ်ဘုရားဘုရင်ကို တိုက်ခိုက်ရန် ကြံစည်ထားလေသည်။
သို့သော် ကောင်းကင်နတ်အရှင်ယွဲ့ လှုပ်ရှားလိုက်သည်နှင့် မြေပြင်မှာ တုန်ခါသွားပြီး ယိုတုမိစ္ဆာချီတို့က ကမ္ဘာဦးဘုံထဲ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာ၏။ ၎င်းက အရှေ့ပင်လယ်တွင် အနက်ရောင်၀ဲဂယက်ပမာ ပြောင်းလဲလျက် တဝှီးဝှီး လှည့်ပတ်နေသည်။
ကမ္ဘာဦးဘုံကို ဖြတ်သန်းစီးဆင်းနေသော ကောင်းကင်နတ်မြစ်မှာလည်း မိစ္ဆာချီတို့ဖြင့် လွှမ်းခြုံခံထားရသည်။၊ မရေမတွက်နိုင်သော ယိုတုမိစ္ဆာနတ်ဘုရားများက ကောင်းကင်နတ်မြစ်ထဲမှ ပျံထွက်လာကြ၏။ ၎င်းတို့မှာ အရေအတွက် သန်းနှင့် ချီပြီး အလွန်တရာ ထူထဲသိပ်သည်းနေကြသည်။ မိစ္ဆာနတ်ဘုရားများ အရှေ့ပင်လယ်မျက်နှာပြင်ပေါ်သို့ ခြေချလိုက်ပြီး ဖြတ်သန်းသွားသည့် နေရာတိုင်း၏ ပင်လယ်အောက်ရှိ နတ်ဘုရားမြို့များမှာ ချက်ချင်း ဖျက်စီးခံကြရတော့သည်။
ယိုတုမိစ္ဆာများက ပင်လယ်ရေမျက်နှာပြင်ကို နက်မှောင်နေစေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အရှေ့ကမ်းရိုးတန်းသို့ ဦးတည်သွားနေကြသည်။
ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားသည့် နတ်ဘုရားမိစ္ဆာများ၏ အနောက်မှ ယိုတုမြစ်သည် ကမ္ဘာဦးဘုံသို့ ကျူးကျော်ဝင်ရောက်လာသည်။ ကောင်းကင်နတ်အရှင်ရှု၏ ပုံရိပ်က ထိုနတ်ဘုရားမိစ္ဆာများ အနောက်တွင် ရပ်တည်နေသည်။
ချင်ဖုန်းကျင့်နှင့် ကောင်းကင်နတ်အရှင်ရုံတို့က ချက်ချင်းပင် ခြေထောက်များကို ဆောင့်ချလိုက်ကြသည်။ ကမ္ဘာဦးဘုံတစ်ဘုံလုံး ပြင်းထန်စွာ တုန်ရီသွားပြီး ကမ္ဘာဦးဘုံ၏ ယိုတု ထွက်ပေါ်လာက ယိုတုမိစ္ဆာအားလုံးကို ကမ္ဘာဦးဘုံယိုတုထဲ ဆွဲခေါ်၍ သေမျိုးလောကသို့ မကျူးကျော်နိုင်အောင် တားဆီးလိုက်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အရှေ့ကမ်းရိုးတန်းမှ ဝင်ရောက်လာကြသော မိစ္ဆာများက ကမ်းခြေသို့ ပြေးသွားကြသော်လည်း ကမ်းခြေအား မတွေ့ရတော့ပေ။
ကမ္ဘာဦးဘုံယိုတု၏ ပထဝီအနေအထားမှာ ကမ္ဘာဦးဘုံနှင့် တစ်ထေရာတည်း ဖြစ်သည်။ အချင်းချင်းထပ်နေသော နေရာနှစ်နေရာဟုပင် ဆိုရမည်။ နှစ်ပေါင်းများစွာ တိုးတက်ပြောင်းလဲမှုပြီးနောက် ကမ္ဘာဦးဘုံယိုတုတွင်လည်း တစ္ဆေများနှင့် နတ်ဘုရားများစွာ ရှိ၏။ သူတို့ထဲတွင် ယမမင်း ဦးဆောင်သည့် ဖုန်းတုက ခေါင်းဆောင်ဖြစ်ပေသည်။
ယမမင်းသည်လည်း ဖုန်းတု၏ မိစ္ဆာစစ်တပ်ကို ဦးဆောင်လျက် ယိုတုစစ်တပ်ဆီသို့ ပြေးဝင်လာသည်။
မိစ္ဆာနတ်ဘုရားများနှင့် မိစ္ဆာမကောင်းဆိုးဝါးများ ပြေးနေကြသည့်အချိန်တွင် ယိုတုစစ်တပ်ထဲမှ ရတနာလက်နက်များ တစ်ခုပြီးတစ်ခု ပျံတက်လာကြသည်။ ၎င်းတို့အားလုံး မြောက်တက်၍ ရှေ့သို့ ကျလာသည့်အခါ မုခ်ဝများဖြစ်ကြောင်း တွေ့ရသည်။
မုခ်၀များသည် ဆင်းသက်လာသည့်အချိန်တွင် မတ်မတ်ထောင်နေကြလေသည်။
ယိုတုစစ်ပွဲတွင် မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးများစွာသည် ယိုတုမှ လွတ်မြောက်ကာ ကမ္ဘာဦးဘုံနှင့် အခြားကမ္ဘာလောကများဆီသို့ ထွက်ပြေးခဲ့ကြသည်။ သူတို့သည် သေမျိုးလောကတွင် မဟာနယ်ပယ်များစွာ ဖွဲ့တည်နိုင်ခဲ့ကြပြီး ပေါ့သေးသေး မဟုတ်သည့် အင်အားစုများစွာ စုစည်းနိုင်ခဲ့၏။
မုခ်၀များ ကျဆင်းသွားသည့် နေရာများက ထိုတစ္ဆေနယ်ပယ်များ၏ တည်နေရာများ ဖြစ်လေသည်။
ထိုမုခ်၀များ ကျရောက်သွားသည်နှင့် တစ္ဆေနယ်ပယ်ထဲရှိ မိစ္ဆာနတ်ဘုရားများကား မုခ်၀များကို တွန်းဖွင့်၍ သေမျိုးလောကထဲ ဝင်ရောက်နိုင်ရန် ကြိုးစားနေကြတော့သည််။
ယိုတုမိစ္ဆာစစ်တပ်က ဖုန်းတုမိစ္ဆာစစ်တပ်နှင့် တိုက်ရိုက်မတွေ့ပေ။ ထိုအစား ထိုမုခ်၀များထံ ဦးတည်၍ သေမျိုးလောကထဲသို့ ဝင်ရောက်ရန် ကြိုးစားနေကြသည်။
မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးအရေအတွက်မှာ များပြားလွန်း၏။ ၎င်းတို့သာ သေမျိုးလောကထဲသို့ ဝင်ရောက်နိုင်ပါက သေချာပေါက် ကပ်ဘေးဖြစ်ပွား၍ အကျအရှုံးများစွာ ဖြစ်စေလိမ့်မည်။
ယမမင်းက ဖုန်းတုစစ်တပ်ကိ ဦးဆောင်တိုက်ခိုက်နေသည်။ မုခ်ဝများ၏ အခြေအနေကို မြင်လျှင် သူ့ရင်ထဲ အေးခဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တံတား ဆောက်လိုက်ကြစမ်း… သေခြင်းရှင်ခြင်းကြား တံတားတစ်စင်း ဆောက်ကြ”
တံတားပျံက ဖုန်းတုစစ်တပ်ဆီမှ ကောင်းကင်သို့ ပျံတက်သွားသည်။ တံတား၏တစ်ဖက်ခြမ်းက ဖုန်းတုတွင် နေရာယူထားပြီး ကျန်တစ်ဖက်ခြမ်းကတော့ သေမျိုးလောကတွင် နေရာယူထား၏။
သေခြင်းရှင်ခြင်းကြားတံတားသည် ပထမလူသားဧကရာဇ် မင်းသားချင်ဝူ ဖန်တီးခဲ့သည့်အရာပင်။ ထိုအချိန်တုန်းက သူသည် သေဆုံးသွားခဲ့သော ဇနီးသည်ကို သတိရသောကြောင့် ဤရတနာကို တည်ဆောက်ခဲ့၏။ ဤရတနာကို သုံး၍ သေခြင်းနှင့် ရှင်ခြင်းလောကကို ဆက်သွယ်ကာ သူ၏ဇနီးနှင့် တွေ့ဆုံနိုင်ရန် ရည်ရွယ်ခဲ့သည်။
နောက်ပိုင်းတွင် ပထမလူသားဧကရာဇ်မှာ စိတ်ဓာတ်ကျဆင်းခဲ့ပြီး ရုပ်ခန္ဓာကို လက်လျှော့ကာ ဖုန်းတုတွင် သီးသန့်နေထိုင်ခဲ့သည်။ သေမျိုးလောက၏ အရေးကိစ္စများကို စိတ်ဝင်စား ပူပန်တတ်သည့်အတွက် မကြာခဏတော့ ထွက်လာတတ်သည်။ ထို့ကြောင့် သေခြင်းရှင်ခြင်းကြားတံတားကို ဖုန်းတုတွင် ထားခဲ့ပြီး မရဏဘုံနှင့် လူ့ဘုံအား ဆက်သွယ်ပေးထားသည့် တစ်စင်းတည်းသော တံတားဖြစ်လာခဲ့၏။
ချင်မူ လူသားဧကရာဇ် ဖြစ်လာသည့်အခါ ဤတံတားကို မွမ်းမံခဲ့သည်။ ဟူလင်းအာက အခကြေးငွေ ကောက်ခံပြီး ပထမဦးဆုံးအနေဖြင့် ရွှေဒင်္ဂါး ပုံးတစ်ပုံး စုဆောင်းမိခဲ့လေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူပြည်သားများသည် သေခြင်းနှင့် ရှင်ခြင်းကြားတံတား၏ နိယာမကို နားလည်ခဲ့ပြီး အသိအမြင်ကြွယ်လာခဲ့ကြ၏။ သူတို့က ဤကဲ့သို့ တံတားပေါင်းများစွာကို တည်ဆောက်ခဲ့ကာ သေခြင်းရှင်ခြင်းကြားတံတားဟု လူသိများလာခဲ့သည်။
ဤအခိုက်အတန့်တွင် တံတားများက တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာကြသည်။ မရေမတွက်နိုင်သော ဖုန်းတု၏ နတ်ဘုရားများနှင့် တစ္ဆေများက သေခြင်းရှင်ခြင်းကြားတံတားဆီသို့ တက်သွား၍ ဖုန်းတုထံမှ ကမ္ဘာဦးဘုံသို့ အင်တိုက်အားတိုက် တိုက်ခိုက်ပေးကြသည်။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ရှုက ယိုတုမြစ်ကြာပွတ််ကို ဝှစ်ခနဲ လွှဲရမ်းစေလိုက်သည်။ ယိုတုမြစ်ကြာပွတ် ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် သေခြင်းရှင်ခြင်းကြားတံတားများ တစ်စင်းပြီးတစ်စင်း ပြိုလဲသွားကြ၏။ တံတားကိုဖြတ်သန်းနေကြသည့် ဖုန်းတု၏ တစ္ဆေများနှင့် နတ်ဘုရားများမှာ အမှုန့်ပြာကျသွားပြီး မူလဝိညာဉ်များလည်း ပြိုကွဲ၍ အနက်ရောင်သဲမှုန်များအဖြစ် ပြောင်းလဲသွားကြရသည်။
ယိုတုမြစ်ကြာပွတ်က အရာအားလုံးကို ဖြတ်သန်းသွား၏။ သို့သော် နောက်တစ်ခဏတွင် ချင်ဖုန်းကျင့်က ဖုန်းတုအရှေ့တွင် ကာလိုက်သည်။ သူက ယိုတုမြစ်ကြာပွတ်ကို ဆွဲယူ၍ သူ၏လက်မောင်းတွင် ရစ်ပတ်လိုက်၏။
ကောင်းကင်နတ်အရှင်ရှုက ကြာပွတ်ကို အစွမ်းကုန် ဆွဲယူလိုက်ရာ ချင်ဖုန်းကျင့်ကို သူမဆီသို့ ပျံတက်လာစေသည်။
သူမ၏ အကြည့်က အေးစက်နေပြီး ချင်ဖုန်းကျင့်အား လက်ဖဝါးဖြင့် ရိုက်ချလိုက်၏။
သူမ၏ လက်ဖဝါး ချင်ဖုန်းကျင့်ထံ ကျရောက်တော့မည်အချိန်တွင် ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်သည် ချင်ဖုန်းကျင့်၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ သူမ၏ လက်ဖဝါးနှင့် ထိပ်တိုက်တွေ့သွားသည်။
ကောင်းကင်နတ်အရှင်ရှု၏ ဆံနွယ်များက လေထဲတွင် ပျံ့လွင့်နေပြီး သူမအနောက်ရှိ မူလဝိညာဉ်က ပျံ့ကားကာ ကောင်းကင်နတ်အရှင်ရုံ၏ တိုက်ကွက်ကို ခုခံကာကွယ်လိုက်၏။
ချင်မူက မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်တွင် ရပ်နေပြီး ထိုမြင်ကွင်းကို အဝေးမှ လှမ်းကြည့်နေသည်။ သူ၏နှလုံးသားမှာ တုန်ရီနေ၏။
လင်ယွိရှို့က သူ့ဘေးသို့ အလျင်အမြန် လျှောက်လာပြီး ခပ်တိုးတိုး သတိပေးသည်။ “မောင်၊ စဉ်းစားကြည့်ရင် ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ကောင်းကင်နတ်အရှင်ရှုတို့ နမော်နမဲ့ မလုပ်ရဲကြပါဘူး… သူတို့ ကမ္ဘာဦးဘုံကို စတင်တိုက်ခိုက်ရင် အပျက်အစီး အများကြီး မဖြစ်မယ့်အပြင် သူတို့ကို သတ်နိုင်မယ့် အခွင့်အရေး ပေးသလိုတောင် ဖြစ်မှာ”
“သူတို့ လှုပ်ရှားလာတာက ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ သခင်မယွမ်မု၊ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနဲ့ ထိုက်ချူတို့ ရောက်လာကြလို့ပဲ”
ချင်မူက ကောင်းကင်သို့ မော့ကြည့်၍ ရေရွတ်လိုက်သည်။ “သူတို့ရောက်လာမှ ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ကောင်းကင်နတ်အရှင်ရှုက တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိတာ”
သူက လေပူတစ်ချက်မှုတ်ထုတ်၍ ပြော၏။ “ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို တားဖို့ ထိုက်ရှီ ရှိတယ်… ထိုက်ချူက အန္တိမဟင်းလင်းပြင်ထဲမှာ ကောင်းကင်နတ်အရှင်ယွင် တားထားလို့ ရတယ်… သခင်မယွမ်မုနဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကတော့ ကမ္ဘာဦးဘုံကို အကြီးအကျယ် ပျက်စီးစေဖို့ လုံလောက်တယ်”
လင်ယွိရှို့၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ “ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်အနေနဲ့ ဒီလောက် မြန်မြန်ရောက်လာဖို့ မဖြစ်နိုင်ဘူးလေ”
ချင်မူက ခေါင်းခါရမ်းလိုက်၏။ “ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်ရောက်လာဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့… သူတို့ ကောင်းကင်နတ်မြစ်ကနေ ရောက်လာဖို့ နောက်ထပ်ဆယ်နှစ်လောက် လိုသေးတယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ လှုပ်ရှားမှုက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ခွန်အားနဲ့ ငါ့ရဲ့ ခွန်အားကို အရင်စမ်းသပ်ဖို့ပဲ”
သူ အဝေးသို့ လှမ်းကြည့်လိုက်ရာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအထက် ကောင်းကင်ရှိ နတ်ဘုရားမြို့များမှ ဧရာမငွေလုံးကြီးများ မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့က ငွေရောင်မီးတောက်တန်းများဖြင့် ကောင်းကင်ပေါ်သို့ မြင့်တက်သွားကြသည်။
ထိုငွေရောင်အလုံးများမှာ အဆက်မပြတ် လှည့်ပတ်နေသည့် ကြေးမုံးများဖြင့် ဖွဲ့တည်လာခြင်းဖြစ်သည်။ ကြေးမုံများက ငွေကြေးမုံများကဲ့သို့ အရပ်လေးမျက်နှာသို့ ပျံ့ကားထွက်နေ၏။ နတ်ဘုရားမိစ္ဆာရာပေါင်းများစွာက ကြေးမုံများပေါ်တွင် ရပ်နေကြသည်။
ကြေးမုံများပေါ်မှ အလင်းတန်းများ တောက်ပနေပြီး နတ်ဘုရားမြို့များ၏ အစိတ်အပိုင်းအားလုံးကို ကာကွယ်ပေးထား၏။ ကြေးမုံပေါ်တွင် ရပ်နေသည့် နတ်ဘုရားမိစ္ဆာများက ကောင်းကင်လက်နက်မျိုးစုံကို အသက်သွင်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲသို့ ကျူးကျော်ဝင်ရောက်လာနေကြသည့် ယိုတုမိစ္ဆာနတ်ဘုရားများကို သတ်ဖြတ်နေကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်သည် ရုတ်တရက် ထွန်းလင်းတောက်ပသွားပြီး ဧရာမသဲခုံကြီးတစ်ခုက ကမ္ဘာဦးဘုံ၏ လောကအကာအရံတွင် ထွက်ပေါ်လာသည်။
၎င်းက တာအိုရရှိပြီးသော ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ ရတနာဖြစ်သော ထိုက်ကျိသဲခုံပင်။ ၎င်းသည် အဖြူရောင်နှင့် အနက်ရောင်ရောယှက်နေပြီး တဝေါဝေါ လှည့်ပတ်နေခြင်းဖြင့် ကမ္ဘာဦးဘုံ၏ လောကအကာအရံအား ဖြတ်တောက်နေ၏။
ဧရာမနေလုံးကြီးက ကောင်းကင်နယ်စားမင်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့အကြားရှိ တိုက်ပွဲကို အခွင့်ကောင်းယူကာ ထိုက်ကျိသဲခုံမှတဆင့် ကမ္ဘာဦးဘုံ လောကအကာအရံထဲသို့ အတင်းအကြပ် တိုးဝင်လာသည်။ မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းလျက် ကောင်းကင်ကို နီရဲနေစေသည်။
ရွှေရောင်ကျီးကန်းများသည် နေထဲတွင် ပျံသန်းနေကြပြီး ရွှေကျီးကန်း အထွတ်အမြတ်မီးတောက်များနှင့် စစ်ရထားလှည်းများကို နေလုံးထဲမှ ဆွဲယူလာကြသည်။ ရာချီသော ရွှေကျီးကန်းများက စစ်ရထားလှည်းရာပေါင်းများစွာကို ဆွဲခေါ်လာပြီး ရထားလှည်းများအပေါ်တွင် ရွှမ်တု၏ နတ်ဘုရားမိစ္ဆာများစွာက လိုက်ပါလာကြ၏။
ထိုနတ်ဘုရားမိစ္ဆာများသည် နေအသေးစားလေးများသဖွယ် ထင်ရသော မီးလုံးများကို လက်ထဲတွင် မြှောက်ကိုင်ထားလျက် ရထားလှည်းများ စီးနင်းကာ အောက်ရှိ ကမ္ဘာဦးဘုံထဲသို့ ထိုးဆင်းလာကြ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမြို့များမှ နေသူရိန်ခွင်းအမြောက်များစွာက ကောင်းကင်ပေါ်သို့ မြောက်တက်သွားကြ၏။ အမြောက်များမှ အလင်းတန်းတို့က ကောင်းကင်ကို ဖြတ်သန်းကာ ကမ္ဘာဦးဘုံ၏ အထက် ကောင်းကင်အား တဝင်းဝင်း တဖျတ်ဖျတ် တောက်ပစေ၍ ရွှေကျီးကန်းများနှင့် ရထားလှည်းများကို အက်ကွဲသွားစေသည်။
ဝုန်း…
နောက်ထပ်ပြင်းထန်လှသော ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာပြီး နောက်ထပ်နေတစ်စင်းက ကမ္ဘာဦးဘုံထဲသို့ ဝင်ရောက်လာပြန်သည်။ ထို့နောက် ကမ္ဘာဦးဘုံကောင်းကင်ရှိ လောကအကာအရံမှာ ပြင်းထန်စွာ တုန်ခါလာပြီး နောက်ထပ်နေလုံးများ ပေါ်လာသည်။
မရေမတွက်နိုင်သော ရွှေကျီးကန်းများက ရထားလှည်းများကို ဆွဲလျက် ကမ္ဘာဦးဘုံဆီသို့ ၀င်ရောက်လာနေကြ၏။
ထိုအခိုက်အတန့်တွင် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံက လေပေါ်သို့ မြောက်တက်လာပြီး ခိုင်ဧကရာဇ်ခေတ်၏ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက ရွှမ်တု၏ နတ်ဘုရားမိစ္ဆာများကို တိုက်ခိုက်ရန် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည်။
ကောင်းကင်နတ်ဘုံ၏ အဓိကအင်အားစု ရောက်မလာသေးသည့်တိုင် ယိုတုနှင့် ရွှမ်တု၏ နတ်ဘုရားမိစ္ဆာများက ကမ္ဘာဦးဘုံကို အရေးနိမ့်နေစေချေပြီ။
ကောင်းကင်နတ်ဘုံ၏ အဓိကအင်အားစု ဖြစ်သော ကောင်းကင်နတ်ဘုံစစ်တပ်သာ ရောက်ရှိလာပါက ပထမဦးဆုံးတိုက်ခိုက်မှုများကိုပင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ချင်မူက လင်ယွိရှို့ဘက်သို့ လှည့်ကြည့်လိုက်သည်။ “မိန်းမ၊ ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကူညီပေးပါ… ငါတို့ ဒီနေရာကို ကာကွယ်နိုင်တော့မယ် မထင်ဘူး”
လင်ယွိရှို့လည်း နန်းဆောင်သို့ အလောတကြီး ပြန်သွားကာ အော်ဟစ်လိုက်သည်။ “ဘိုးဘိုးရွာလူကြီး၊ ဘိုးဘိုးသားသတ်သမား…ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မြန်မြန်သွားကြပါစို့”
ရွာလူကြီးနှင့် အခြားသူများသည် အစောကြီးကတည်းက ပြင်ဆင်ထားပြီဖြစ်ကာ ပြုံးလျက် ပြောကြ၏။ “ကောင်းကင်နတ်အရှင်တွေရဲ့ တိုက်ပွဲမှာ ဝင်ပါလို့ မဖြစ်ဘူး… မြန်မြန်သွားကြစို့”
“မူအာ၊ သတိထားနော်” အဘွားစစ်က မှာသည်။
ချင်မူမှာ လက်ခါပြပြီး သူတို့အားလုံး မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်ဆီမှ ထွက်ခွာသွားသည်ကို ကြည့်နေ၏။ ထို့နောက် သူက ကောင်းကင်နန်းဆောင်ဆီသို့ ပြန်လာ၍ နတ်ကောင်းကင်ခန်းမအရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
တခဏကြာသော် ချင်မူ ပြုံးလိုက်၏။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်..”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်၏ ပင်မမုခ်၀ဆီမှ ဝင်ရောက်လာပြီး ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်သည်။ “အနားယူဖို့ နေရာကောင်းတစ်ခုပါလား…” သူက အေးဆေးစွာ ပြော၏။ “ဒါပေမဲ့ ဒီမှာ နေတဲ့သူတွေက အနားမယူဘဲ ပုန်ကန်ချင်နေကြတယ်… ကောင်းကင်နတ်အရှင်မူ၊ မင်းကို ငါ စိတ်ပျက်မိတယ်”
ချင်မူက သူ လျှောက်လှမ်းလာနေသည်ကို ကြည့်နေပြီး သခင်မယွမ်မုသည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အရိပ်မှ ခပ်မဲ့မဲ့ ပြုံးလျက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ “ငါ့ရဲ့ ရန်သူကလေး… ပြန်တွေ့ပြန်ပြီနော်”
သူမ၏အကြည့်က မြေပြင်ပေါ်ရှိ ချင်မူ့ခြေထောက်ပေါ်သို့ ကျရောက်သွားသည်။ ချင်မူ့ခြေထောက်များက ကလေးအဝတ်ကို ၀တ်ထားပြီး ခြေထောက်လေးများက တိုနေသည့်အပြင် ကလေးဖိနပ်လေးကိုပါ စီးထားကြောင်း တွေ့လိုက်ရ၏။ “ဒီကောင်ဆိုးလေးကတော့ အမြဲတမ်း ငယ်ရင်း ငယ်နေတုန်းပါလား”
ချင်မူက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ့အနောက်ရှိ နတ်ကောင်းကင်ခန်းမက ရုတ်တရက် ဖွင့်ဟလာသည်။ ကောင်းကင်နတ်အရှင်လင်သည် ကျမ်းစာပုံထဲတွင် ခေါင်းမြုပ်နေပြီး အသည်းအသန် ရေးသားနေ၏။
ခန်းမ ပွင့်သွားသည့်အခါ ကောင်းကင်နတ်အရှင်လင်က မော့ကြည့်လာပြီးနောက် စုတ်တံကို ချကာ ထရပ်လိုက်သည်။