← Chapters

ချုံဧကရာဇ်ခေတ်၏ အလောင်းမိစ္ဆာများ

Vol. 128 Ch. 1657

ချုံဧကရာဇ်ခေတ်၏ အလောင်းမိစ္ဆာများ

Vol. 128 Ch. 1657

ပိုင်ချွီအာလည်း ကိုယ်ကို ရို့၍ နောက်သို့ ဆုတ်ပေးလိုက်သည်။

ဧကရာဇ်ခေါင်းတလားထဲမှ ခပ်ရှည်ရှည်လူရိပ်တစ်ခုက ထရပ်လာသည်။ ဤဧကရာဇ်မှာ လူသားမဟုတ်ဘဲ ကမ္ဘာခေတ်နှောင်းမျိုးနွယ်မှ မိစ္ဆာတစ်ပါး ဖြစ်လေသည်။

ချုံဧကရာဇ်ခေတ်တွင် လူသားများသာ ဧကရာဇ်အဖြစ် တာဝန်ထမ်းရွက်ခဲ့ကြခြင်း မဟုတ်ပေ။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်တို့သည် ချုံဧကရာဇ်ခေတ်ကို ထောက်ပံ့ပေးခဲ့ကြပြီး ကမ္ဘာခေတ်နှောင်းမျိုးနွယ်အသီးသီးမှ ထူးခြားသော ပုဂ္ဂိုလ်များကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ သူတို့ထဲတွင် အခြားမျိုးနွယ်ဝင် ဧကရာဇ်တချို့လည်း ပါရှိ၏။

ဤဧကရာဇ်မှာ အလောင်းမိစ္ဆာတစ်ကောင် ဖြစ်ချေပြီ။ သူ၏အလောင်းသည် ဖုတ်ဝင်နေသော မိစ္ဆာအလား ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်မှာ သံကြိုးများဖြင့် ရစ်ပတ်ခံထားရ၏။ သို့သော် ရစ်ရှစ်ရှန်းက သူ အလောင်းမိစ္ဆာတစ်ကောင်အနေဖြင့် ဖျက်ဆီးရမ်းကားမည်စိုးသောကြောင့် ဤနေရာတွင် ဖိနှိပ်ထားခြင်း ဖြစ်သည်။

ဤချုံဧကရာဇ်၏ ခန္ဓာကိုယ်သည် သူ၏ပိုင်ဆိုင်မှု ဖြစ်သေးသော်လည်း အလောင်းမိစ္ဆာအဖြစ် ပြောင်းလဲသွားပြီးနောက် သွေးဆာသော စိတ်ဆန္ဒတစ်ခု ပေါက်ဖွားလာခဲ့သည်။ ထို့ကြောင့် ရီရှစ်ရှန်းအနေဖြင့် သူ့ကို ဖိနှိပ်ထားရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ဧကရာဇ်အလောင်း၏ အရှိန်အဝါက လေထဲတွင် ပြည့်နှက်လာသည်။ သူက ခေါင်းငုံ့၍ ကောင်းကင်နတ်အရှင်ယွဲ့၏ အမိန့်တော်အား ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် အစိမ်းရောင်အလင်းများ ပြည့်နှက်တောက်ပသွားသည်။

သူခန္ဓာကိုယ်ပေါ်ရှိ အလောင်းချီမှာ သန်မာအားကောင်းလွန်းရာ အခြားသူများကို အနေခက်လာစေသည်။ ထို့ကြောင့် ပိုင်ချွီအာ နောက်ဆုတ်သွားခြင်း ဖြစ်၏။

“တကယ်ကို ငါ့ဆရာရဲ့ လက်ရေးပဲ...”

ဧကရာဇ်အလောင်းက ခပ်ဩဩ အသံဖြင့် ပြောလိုက်သည်။ “နောင်တော်တို့၊ ဆရာက လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပေးဖို့ ကျုပ်တို့ကို ဆင့်ခေါ်လိုက်ပြန်ပြီ… ဘယ်လို သဘောရကြလဲ”

ဝိုးတဝါးအ သံတစ်သံက ဧကရာဇ်ခေါင်းတလားတစ်ခုထဲမှ ထွက်ပေါ်လာသည်။ “ငါတို့က သေနေပြီပဲလေ… လူသားမျိုးနွယ်နဲ့ ကမ္ဘာခေတ်နှောင်းမျိုးနွယ်တွေအတွက် တိုက်ခိုက်ရင်း သေဆုံးခဲ့ကြတာ… ငါ့ရဲ့နှလုံးသားက မခုန်တော့သလို သွေးတွေကလည်း မစီးဆင်းတော့ပေမယ့် အရင်တုန်းက တိုက်ပွဲတွေက ငါ့ရဲ့နှလုံးသားကို ခံစားချက်အပြည့်နဲ့ ခုန်လာစေတုန်းပဲ…. ဒါပေမဲ့ ငါတို့က သေပြီးနေပြီ”

နောက်ထပ်ဧကရာဇ်ခေါင်းတလားတစ်ခုဆီမှ ဩရှရှ အသံတစ်သံ ပျံ့လွင့်လာသည်။ “ငါ့စိတ်ထဲမှာ စစ်ဗုံသံတွေကို အခုထိ ကြားယောင်နေတုန်းပဲ”

“ချုံဧကရာဇ်ရဲ့ နှစ်သုံးသောင်းမှာ သူရဲကောင်းတွေ ဘယ်လောက်ပေါ်ထွက်ခဲ့ကြပြီးပြီလဲ… ဒီခေတ်ဟာ ငါတို့ခေတ် ဖြစ်ပြီး ငါတို့နဲ့အတူ နစ်မြုပ်မနေသင့်ဘူး”

“ရှည်လျားလှတဲ့ နဂါးဟန်၊ ချိမင်ခေတ်၊ ခိုင်ဧကရာဇ်ခေတ်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်ရဲ့ မသေနိုင်တဲ့ ပုဂ္ဂိုလ်တွေက ဒီကပ်ဘေးကြီးအတွက် ထွက်လာပြီး တိုက်ခိုက်ကြတယ်… အခမ်းအနားဆုံး ချုံဧကရာဇ်ခေတ်ကရော”

“ချုံဧကရာဇ်ခေတ်က ပျောက်ဆုံးသွားတာ မဟုတ်ဘူး… မြှုပ်နှံခံလိုက်ရတာ မဟုတ်ဘူး”

“ငါတို့ကို သင်ပေးခဲ့တဲ့ဆရာက အခုထိ ရှိနေသေးတယ်… သူက အသက်ကို စတေးပြီး တိုက်ခိုက်နေတာ… ငါတို့မြေကြီးထဲကိုပဲ ပြန်ဝင်သွားလို့ မဖြစ်ဘူး”

…

ချီနှင့်သွေးတို့ တဝုန်းဝုန်း စီးဆင်းနေသံများက ဧကရာဇ်အလောင်းများထံမှ ဆက်တိုက် ထွက်ပေါ်လာသည်။ ဧကရာဇ်ခေါင်းတလားများကို ရစ်ပတ်ထားသည့် သံကြိုးများက လှုပ်ခါ၍ တစ်ချောင်းပြီးတစ်ချောင်း ပြတ်တောက်သွားကြ၏။

ယခင်ဧကရာဇ်များ၏ ခမ်းခြောက်နေသည့် ချီနှင့်သွေးတို့က ပြန်လည်အသက်ဝင်လာသည်။ ဧကရာဇ်ခေါင်းတလားများအပေါ်တွင် ရှေးဟောင်းဧကရာဇ်တို့၏ သူရဲကောင်းမျက်နှာများ ပေါ်လွင်လာချေပြီ။ ဧကရာဇ်ကိုးပါး၏ အရိပ်က သူတို့၏ ချီနှင့်သွေးထဲတွင် ရပ်လျက် ပိုင်ချွီအာကို စိုက်ကြည့်နေကြသည်။

“အရင်ဧကရာဇ်အတော်များများက ဝိညာဉ်တွေ ဖျက်ဆီးခံလိုက်ရပြီး အလောင်း မကျန်ခဲ့ပေမယ့် ငါတို့ကတော့ ကံကောင်းစွာနဲ့ ခန္ဓာကိုယ်တွေကို ထိန်းသိမ်းထားနိုင်ခဲ့တယ်… ငါတို့ သူတို့ကိုယ်စား တိုက်ခိုက်မယ်”

နောက်ဆုံးချုံဧကရာဇ်အလောင်း၏ ချီစွမ်းအင်မှာ အလွန်တရာ သန်မာအားကောင်းနေသည်။ သူက ပိုင်ချွီအာကို မိန့်တော်မူသည်။“အရင်ဆုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားပြီး ချုံဧကရာဇ်ခေတ် တည်နေဆဲအကြောင်း ဧကရာဇ်ကို လျှောက်တင်ပြောလိုက်… ငါတို့တတွေက သေဆုံးသွားရင်တောင်မှ အုတ်ဂူထဲက ထွက်လာပြီး ကမ္ဘာခေတ်နှောင်းမျိုးနွယ်နဲ့ လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပေးဦးမှာပါလို့”

“ဒါက ငါတို့ရဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတစ်ခုပဲ”

“ငါတို့ရဲ့ ညီလေး ရီရှစ်ရှန်းက ငါတို့ရဲ့ ခေါင်းတလားတွေကို စစ်ပွဲဆီ သယ်သွားပေးလိမ့်မယ်”

ပိုင်ချွီအာက ဧကရာဇ်ကိုးပါးကို ဦးညွှတ်အရိုအသေပေးပြီးနောက် ထွက်ခွာသွားသည်။

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင်

ကောင်းကင်နတ်အရှင်ယွင်သည် တာအိုသစ်ပင်နှင့် တာအိုသစ်သီးကို အသုံးပြု၍ အဆုံးသတ်မြို့ပျက် လေအေးကို တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ သို့သော် အသူရာချောက်နက်တွင်မူ မရဏလေပူတို့ ပြည့်နှက်နေသောကြောင့် တာအိုသစ်သီးပင်လျှင် မတိုက်ခိုက်နိုင်ချေ။ ၎င်းက သူ၏ မှော်စွမ်းအင်ကို အဆက်မပြတ် ကုန်ဆုံးနေစေပြီး သူ၏ မဟာတာအိုကိုပင်လျှင် ပျောက်ကွယ်လာစေသည်။

“ဒီနေရာက အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီးတဲ့ တာအိုသိုင်းပညာရှင်တစ်ယောက်အတွက် အန္တရာယ်များတဲ့နေရာပဲ”

ကံကောင်းစွာဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံက ခိုင်မာသည်။ နောက်ဆုံးတွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ အောက်ဆုံးသို့ ရောက်လာ၏။ သခင်မယွမ်မုအား ဖြူဖွေးနေသော အလုံးတစ်လုံးက ရစ်ပတ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းက အဆက်မပြတ် လှည့်ပတ်နေပြီး သခင်မယွမ်မုအနေဖြင့် ခုခံနိုင်ရန် ခက်ခဲနေလေသည်။

အဖြူရောင်အလုံးမှာ ဆံချည်မျှင်များဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်သည်။ အဖြူရောင်ဆံနွယ်များက ပိုးသားကဲ့သို့ နူးညံ့နေ၏။ ၎င်းက တာအိုသိုင်းပညာရှင်တစ်ယောက်ဖြစ်သည့် သခင်မယွမ်မုကိုပင် ချုပ်နှောင်ထား၍ လွတ်မြောက်နိုင်ရန် ခက်ခဲနေစေသည်။

ကောင်းကင်နတ်အရှင်ယွင်လည်း ကြာပန်းပွင့်၏ အမြစ်ကို ဆွဲယူကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ပင်လယ်ရေမျက်နှာပြင်အောက်တွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရသည့် ဧရာမအမျိုးသမီးမျက်နှာကြီးတစ်ခုကို တွေ့လိုက်ရ၏။

သို့သော် အချိန်အတော်ကြာရှာဖွေပြီးသည့်တိုင် ကောင်းကင်နတ်အရှင်လင်ကို ရှာမတွေ့ပေ။

“ကောင်းကင်နတ်အရှင်လင် တစ်ခုခုများ ဖြစ်သွားတာလား” သူ့မှာ အံ့အားသင့်နေမိသည်။

ထိုအခိုက်အတန့်တွင် သခင်မယွမ်မုက ခက်ထန်စွာဖြင့် ရုတ်တရက် ထပြော၏။ “အစ်မတော်၊ ငါတို့အတူ ပူးပေါင်းမှပဲ ဒီကပ်ဘေးကြီးကို တိုက်ခိုက်နိုင်လိမ့်မယ်… ငါတို့လွတ်မြောက်နိုင်ရင် ငါရဲ့ ခန္ဓာကိုယ်ကို နင် ထိန်းချုပ်ခွင့်ပေးမယ်”

“ကောင်းပြီလေ”

ကောင်းကင်နတ်ဧကရီ၏ အသံက သခင်မယွမ်မု၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်လာသည်။ “ငါတို့ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို အသက်သွင်းလိုက်ရင် ထွက်ပြေးဖို့ မခက်ခဲဘူး..”

“ဘဝပြန်ဝင်စားခြင်းလမ်းစဉ်တဲ့လား”

ကောင်းကင်နတ်အရှင်ယွင်မှာ အံ့ဩမှင်သက်နေသည်။ “အဲဒါက ကောင်းကင်နတ်အရှင်မူရဲ့ အန္တိမကျင့်စဉ်မဟုတ်ဘူးလား”

မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် ချင်မူသည် ကောင်းကင်နတ်အရှင်ယွင်နှင့် ကျင့်စဉ်များ ဖလှယ်ခဲ့ပြီး သူက သိမြင်နားလည်ခဲ့သော အသိစိတ်အလျဉ်လမ်းစဉ်ကို ချင်မူ့အား လွှဲပြောင်းပေးခဲ့၏။ ချင်မူကလည်း သူ၏ဗဟုသုတများကို သူ့ထံ လွှဲပြောင်းပေးခဲ့သဖြင့် ချင်မူ၏ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်နှင့် အစိမ်းသက်သက် ဖြစ်မနေပေ။

သူ၏နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ ‘သူတို့ကို ကောင်းကင်နတ်အရှင်မူ လွှဲပြောင်းပေးခဲ့တာ ဖြစ်လိမ့်မယ်… သခင်မယွမ်မုနဲ့ ကောင်းကင်နတ်ဧကရီ ပူးပေါင်းမှ အသက်သွင်းလို့ ရနိုင်တာလား.. ဟီးဟီး… ကောင်းကင်နတ်အရှင်မူဆီမှာ လှည့်ကွက်တစ်ကွက် ရှိတဲ့ပုံပဲ… ကောင်းကင်နတ်ဧကရီနဲ့ သခင်မယွမ်မုဆီ လွှဲပြောင်းပေးခဲ့တဲ့ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်မှာ ပြစ်ချက်တစ်ခုခု ရှိရမယ်…”

သူ၏အကြည့်က သခင်မယွမ်မု၏ လှုပ်ရှားမှုတိုင်းကို လိုက်လံကြည့်ရှုနေပြီး ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်အား အသက်သွင်းချိန်တွင် ချင်မူ ထားခဲ့သည့် ပြစ်ချက်ကို တွေ့ရှိနိုင်ရန်ကြိုး စားနေသည်။

အောက်ရှိ အဖြူရောင်အလုံးထဲတွင် သခင်မယွမ်မုနှင့် ကောင်းကင်နတ်ဧကရီသည် သူတို့၏ ရုပ်ခန္ဓာကို ထိန်းချုပ်၍ ဘဝပြန်ဝင်စားခြင်းလမ်းစဥ်အား အတူတကွ အသက်သွင်းလိုက်၏။ အလင်းလှည်းဘီးများ လှည့်ပတ်လာပြီး အဖြူရောင်ဆံနွယ်လုံးကို ဖြတ်တောက်လိုက်သည်။

အဖြူရောင်ဆံနွယ်များ ဖြတ်တောက်ခံရသည့်အချိန်တွင် အဆုံးမြို့ပျက်ထဲ၌ နေရာဟင်းလင်းပြင်တစ်ခု ဖြစ်ပေါ်လာစေ၏။ သို့သော် ဘဝပြန်ဝင်စားခြင်းအလင်းရောင်က အဆုံးသတ်မြို့ပျက်ထဲမှ ထွက်ပေါ်လာကာ ဆံနွယ်များအား သူမတို့အပေါ် ပြန်လည်မဖုံးအုပ်နိုင်အောင် ဟန့်တားပေးသည်။

သခင်မယွမ်မုက ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ဖြတ်သန်းပြီး အဖြူရောင်ဆံနွယ်လုံးထဲမှ အလျင်အမြန် လွတ်မြောက်သွားသည်။ သူမက ချက်ချင်းပင် ကောင်းကင်ပေါ်သို့ပျံတက်၍ ကောင်းကင်နတ်အရှင်ယွင် ရှိနေသည့်ဘက်ဆီ ဦးတည်လာ၏။ “အစ်မတော်၊ နင်က တော်တော် အ,တာပဲ… ငါ့ခန္ဓာကိုယ်ကို နင့်ကို တကယ်ပေးမယ် ထင်နေတာလား”

ထိုအခိုက်အတန့်တွင် ကောင်းကင်တွင် မြောလွင့်နေသည့် ခပ်ချောချော လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။ သူ၏လက်ချောင်းဆယ်ချောင်းက ကြာပန်းပွင့်တစ်ပွင့်အလား ပွင့်ဟလာသည်။

သခင်မယွမ်မုမှာ အငိုက်မိသွား၏။ သူမသည် အင်္ကျီလက်စများကို လွှဲရမ်း၍ ခုခံကာကွယ်လိုက်သော်လည်း ထိုလူငယ်က လှည့်ပတ်နေသော ဘဝပြန်ဝင်စားခြင်းအလင်းရောင်ကို လက်ညှိုးထိုးလိုက်သည်။

သခင်မယွမ်မုက ညည်းညူလိုက်ပြီး သူမ၏မျက်ခုံးနှစ်ဖက်ကြားရှိ မှဲ့က အနီရောင်အဖြစ် ပြောင်းလဲသွားသည်။

“၀န်မင်းယွင်” ကောင်းကင်နတ်ဧကရီက ခေါင်းမော့ကြည့်လာပြီး သူမ၏အကြည့်က ကောင်းကင်နတ်အရှင်ယွင်အပေါ်သို့ ကျရောက်သွားသည်။

“ကောင်းကင်နတ်ဧကရီ”

ကောင်းကင်နတ်အရှင်ယွင်လည်း ဦးညွှတ်အရိုအသေပေးလိုက်၏။ “ကောင်းကင်နတ်အရှင်လင် ဘယ်မှာလဲ”

“ကောင်းကင်နတ်အရှင်လင်ကို ဖရိုဖရဲပင်လယ်ထဲမှာ ရှိတဲ့ မီလော့နန်းတော်ရဲ့ သခင်လေးနှစ်က အတိတ်စကြ၀ဠာဆီ ပို့လိုက်တယ်… သူ့ရဲ့ ပြိုင်ဖက်ကင်း ဂုဏ်သတင်းကို ဖြည့်ဆည်းပေးချင်လို့တဲ့”

ကောင်းကင်နတ်ဧကရီက ကောင်းကင်ပေါ်သို့ ပျံတက်၍ ဩရှရှ လေသံဖြင့် ပြောသည်။ “နင်က ငါ ခွေးမလေးကို ဖိနှိပ်နိုင်အောင် ကူညီပေးခဲ့တာဆိုတော့ ငါ နင့်ကို မလိမ်ပါဘူး’’

ကောင်းကင်နတ်အရှင်ယွင်သည် သူမနှင့် ဘေးချင်းယှဉ်လျက် လျှောက်နေရင်း ပြော၏။ “ကျွန်တော် ခင်ဗျားကို ယုံပါတယ်’’

သူတို့နှစ်ယောက်က အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှ ထွက်ခွာလာကြသည်။ တစ်ယောက်က အသူရာချောက်နက်၏ ဘယ်ဘက်သို့ ဆင်းသက်လိုက်ပြီး ကျန်တစ်ယောက်ကတော့ ညာဘက်သို့ ဆင်းသက်လိုက်၏။

ကောင်းကင်နတ်ဧကရီက သူ့ကို လှမ်းကြည့်၍ မှင်သေသေ ပြောသည်။ “ဘာလို့ ငါ့နောက်ကို လိုက်နေသေးတာလဲ ကောင်းကင်နတ်အရှင်ယွင်… ငါ့ကို တိုက်ခိုက်ဦးမှာလား”

ကောင်းကင်နတ်အရှင်ယွင်က ခေါင်းခါရမ်းသည်။ “အရှင်မ၊ အခု ဒီခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သွားပြီ ဆိုပေမယ့် ကောင်းကင်နတ်ဘုံကို ပြန်ရောက်ရင် ဘာဆက်လုပ်မှာလဲ…. ကောင်းကင်နတ်အရှင်ဟောင်က ခင်ဗျားကို သည်းခံလောက်မှာ မဟုတ်ဘူး..”

ကောင်းကင်နတ်ဧကရီလည်း နှာတစ်ချက်မှုတ်သည်။ “ငါ ထိုက်ချူဆီ သွားမယ်… ငါ့ရဲ့ ထောက်ပံ့ပေးမှုနဲ့ဆိုရင် ထိုက်ချု ပလ္လင်ပြန်ယူနိုင်လိမ့်မယ်…”

ကောင်းကင်နတ်အရှင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ခေါင်းတခါခါဖြင့် ပြော၏။ “အရှင်မက ရိုးအနေတုန်းပဲ…. အရင်တုန်းက ထိုက်ချူနဲ့ သခင်မယွမ်မု သစ္စာဖောက်တာ ခံခဲ့ရလို့ ဒီအခြေအနေထိ ရောက်ခဲ့ရတာမလား…. ခင်ဗျား ပြန်သွားပြီး သစ္စာမဲ့တဲ့သူကို အားကိုးတော့မလို့လား… ကောင်းကင်နတ်ဧကရီ ခင်ဗျားက ဘ၀ပြန်ဝင်စားခြင်းလမ်းစဉ်မှာ ကျွမ်းကျင်တာပဲ…သခင်မယွမ်မုအဖြစ် ဟန်ဆောင်လိုက်ပါလား…သခင်မယွမ်အဖြစ် ဟန်ဆောင်ထားရင် ကောင်းကင်နတ်အရှင်ဟောင် စောင့်ကြည့်တာလည်း မခံရတော့ဘူးမလား’

ကောင်းကင်နတ်ဧကရီလည်း အလေးအနက် တွေးတောစဉ်းစားနေသည်။ ဘ၀ပြန်၀င်စားခြင်းလမ်းစဉ်သည် ထိုသို့လုပ်နိုင်ပြီး တိကျသေသပ်လွန်းသဖြင့် မည်သူမှ ရိပ်မိလိမ့်မည်မဟုတ်ပေ။

“ကောင်းကင်နတ်အရှင်ယွင်၊ နင် ဘာလို့ ငါ့ကို ကူညီနေတာလဲ...”.

ကောင်းကင်နတ်ဧကရီက နှာခေါင်းရှုံ့လိုက်သည်။ “နင်က ကောင်းကင်နတ်ဘုံမှာ ပြဿနာရှာပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ အောင်မြင်အောင် လုပ်စေချင်တာလား…”

ကောင်းကင်နတ်အရှင်ယွင်လည်း ငြင်းမနေဘဲ ပြုံးလျက် ခေါင်းညိတ်၏။ “ဟုတ်တယ်… ဆိုတော့ ဘာကိုရွေးချယ်မလဲ ကောင်းကင်နတ်ဧကရီ…”

ကောင်းကင်နတ်ဧကရီသည် ဘ၀ပြန်၀င်စားခြင်းလမ်းစဉ်ကို အသက်သွင်းလိုက်၏။ သူမ၏ရုပ်ရည်သွင်ပြင်၊ အသံနှင့် အကျင့်စရိုက်တို့မှာ သခင်မယွမ်မုနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။ သူမက ပျံတက်လိုက်ပြီး သူ့အား မျက်နှာချင်းဆိုင်ကာ တခစ်ခစ် ရယ်လိုက်သည်။ “နင် ပြောတဲ့အတိုင်း လုပ်မယ်….”

ကောင်းကင်နတ်အရှင်ယွင်မှာ တစ်ခဏ တုံ့ဆိုင်းနေသည်။ ကောင်းကင်နတ်ဧကရီ၏ အနောက်ရှိ ‌ကောင်းကင်တွင် သူ၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံက ‌ထွက်ပေါ်လာ၏။ ထိုက်ချူ၏ ဧကရာဇ်ဓားက တာအိုသစ်ပင်တွင် ‌တွဲခိုနေပြီး အဝေးမှ လှမ်းထိုးစိုက်ရန် ပြင်နေသည်။

သို့သော် သူက ရပ်တန့်လိုက်ပြီး ကောင်းကင်နတ်ဧကရီအား မသတ်တော့ပေ။

‘ကောင်းကင်နတ်အရှင်လင် ဒီမှာ မရှိဘူးဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်က သိုင်းပညာရှင်တစ်ယောက် လျော့သွားပြီ… ဆိုတော့ ကောင်းကင်နတ်ဧကရီကို ထားမှ ဖြစ်မယ်... ပြီးတော့ ငါ သူ့ကို သတ်နိုင်တာလည်း မဟုတ်ဘူး’

သူသည် ထိုသို့တွေးပြီးနောက် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ဖုံးအုပ်ကာ ကောင်းကင်နတ်ဧကရီအား ပြုံးပြလိုက်၏။

ကောင်းကင်နတ်မြစ်အထက်တွင် ကောင်းကင်နတ်ဘုံ၏ စစ်တပ်က ခံ့ညားထည်ဝါစွာ နေရာယူထားသည်။ သူတို့က ကောင်းကင်နတ်မြစ်တလျှောက် ချီတက်လာကြပြီး ကောင်းကင်နတ်ဘုံရှိ နတ်ဘုရားမိစ္ဆာအားလုံး စုစည်းခံထားရသည်။ ထိုမျှသာမက ကောင်းကင်နတ်ဘုံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသော ကောင်းကင်ဘုံအမျိုးမျိုးမှ နတ်ဘုရားမိစ္ဆာများလည်း ရောက်လာကြ၏။ ထိုနတ်ဘုရားမိစ္ဆာများက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အမိန့်တော်ကို ကိုင်လျက် စစ်တပ်များအားလုံးကို ကမ္ဘာဦးဘုံဆီသို့ ချီတက်နေစေသည်။

လမ်းတလျှောက်တွင် ကမ္ဘာဦးဘုံသို့ ချီတက်နေသည့် ကောင်းကင်နတ်ဘုံ၏ အင်အားမှာ တဖြည်းဖြည်း ကြီးမားလာခဲ့၏။ အမျိုးမျိုးသော ကောင်းကင်ဘုံများမှ စစ်ကူများ ရောက်ရှိလာကြပြီး အရှိန်အဟုန်က ပို၍ပင် မြန်ဆန်လာသည်။

ချီတက်လာသည့် လမ်းတလျှောက်တွင် ကောင်းကင်နတ်ဘုံသည် ပုန်ကန်သည့် ကောင်းကင်ဘုံတချို့ကို ဖျက်ဆီးကာ သုံ့ပန်းများစွာကို ဖမ်းဆီး၍ အလုပ်ကြမ်းများ လုပ်ခိုင်းသည်။

တစ်ချိန်တည်းမှာပင် ရွှမ်တုကို ထိန်းချုပ်ထားသည့် ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ စွမ်းအားဖြင့် ကောင်းကင်နတ်မြစ်ရေကို အရှိန်အဟုန် မြှင့်တင်ပေးရာ ကောင်းကင်နတ်ဘုံစစ်တပ်၏ ချီတက်နေသည့် အမြန်နှုန်းက ပိုမိုမြန်ဆန်လာတော့၏။

ကောင်းကင်နတ်မြစ်၏ မျက်နှာပြင်ထက်ရှိ အမျိုးမျိုးသော စစ်သင်္ဘောများပေါ်တွင် ကောင်းကင်လက်နက်များနှင့် တပ်မှူးများ ပါရှိကြသည်။ ထိုသင်္ဘောများ၏ ကိုယ်ထည်တွင်ပင်လျှင် လက်နက်ကြီးများ တပ်ဆင်ထား၏။ ၎င်းတို့ကို လှည့်ပတ်နေသော နေနှင့် လများပင် ရှိသည်။ သင်္ဘောများပေါ်တွင် နေ့ညစက်ဝန်း ရှိနေသည်သာမက နွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့် ဆောင်းရာသီဟူ၍ ရာသီဥတုပြောင်းလဲမှုများလည်း ရှိသည်။

တိုက်ရိုက် ချီတက်ပျံသန်းလာသော ကောင်းကင်နန်းဆောင်များပင် ရှိလေသည်။ ကောင်းကင်နန်းဆောင်ထဲရှိ နတ်ဘုရားမိစ္ဆာများက အတော်လေး များပြား၏။

ကောင်းကင်နတ်ဘုံ၏ ကြယ်တာရာနတ်ဘုရားများကလည်း ကြယ်တာရာများကို စုစည်း၍ ချီတက်လာကြသည်။

ဧရာမကောင်းကင်လက်နက်ကြီးများကို ဆွဲယူ၍ ကောင်းကင်နတ်မြစ်၏ ရေနက်ပိုင်းတွင် ရွက်လွှင့်နေကြသော သင်္ဘောအချို့လည်း ရှိလေသည်။

ထိုသင်္ဘောပေါ်ရှိ ကောင်းကင်လက်နက်များမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်လက်နက်များကဲ့သို့ သွန်းလုပ်ထားခြင်း မဟုတ်ပေ။ ထိုကောင်းကင်လက်နက်တို့က သဘာဝအလျောက် ဖြစ်တည်လာခြင်း ဖြစ်၏။

အချို့သော သင်္ဘောများက ဧရာမတောင်တန်းကြီးများကို သယ်ဆောင်ထားကြသည်။ တောင်တန်းများကို လှည့်ပတ်၍ သန့်စင်နေသော နတ်ဘုရားမိစ္ဆာ ထောင်သောင်းပေါင်းများစွာရှိ၏။ သူတို့သည် တောင်တန်း၏ အနေအထားအပေါ် မူတည်၍ ထိုတောင်တန်းများကို ရတနာမျိုးစုံအဖြစ် သန့်စင်နိုင်ရန် ကြိုးစားနေကြသည်။

သင်္ဘောများပေါ်တွင် မိုင်သောင်းပေါင်းများစွာ ရှည်လျားသည့် မြစ်ကို ဖန်ဆင်းနေသော နတ်ဘုရားမိစ္ဆာများလည်း ရှိ၏။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားက ဘေးမှနေ၍ မြစ်အား မည်သို့ဖော်ဆောင်ရမည်လဲ သင်ကြားပေးနေသည်။

ကောင်းကင်မုခ်၀၊ အကျဉ်းထောင်ကိုးထပ်စင်မြင့်၊ နဂါးသွဲ့စင်မြင့်နှင့် အခြားအဆောက်အဦးများ တည်ရှိနေသော သင်္ဘောများပင် ရှိပြီး ကောင်းကင်နတ်ဘုံ၏ နတ်မိစ္ဆာစစ်တပ်မှ စစ်သားများသည် ၎င်းတို့ကို တူးထုတ်၍ ရတနာများအဖြစ် တည်ဆောက်နေကြ၏။

ကောင်းကင်နတ်ဘုံသည် ဘိုးဘေးနန်းတော်အား အမြစ်တွယ်နေရာယူထားရာ မည်မျှကြွယ်၀ချမ်းသာလှသနည်း။

နှစ်တစ်သန်း ကုန်ဆုံးသွားခဲ့ပြီးနောက် နတ်ဘုရားမိစ္ဆာအရေအတွက်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာထက် ကျော်လွန်သွားသည်သာမက သူတို့၏ ငွေကြေးအရင်းအမြစ်ကလည်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာထက် သာလွန်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပင်မစစ်တပ်၏ စစ်စခန်းဆီသို့ သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် ပြန်ရောက်လာသည်။ ချင်မူနှင့် စစ်ပွဲက သူ့ကို ဘေးဒုက္ခတွေ့ကြုံနေရသကဲ့သို့ ခံစားရစေ၏။

ဤစမ်းသပ်ချက်ကြောင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ အကြီးစားစစ်ပွဲ ဆင်နွှဲနိုင်သည့် ခွန်အားမှာ ကောင်းကင်နတ်ဘုံထက် မလျော့ကျနေကြောင်း တွေ့မြင်ခဲ့စေသည်။ သူတို့ လိုအပ်နေသည့် အရာဟူ၍ အလယ်အလတ်အဆင့် နတ်ဘုရားမိစ္ဆာများနှင့် အဆင့်နိမ့် နတ်ဘုရားမိစ္ဆာများသာ ရှိသည်။ ကောင်းကင်နတ်ဘုံသည် ဤအချက်၌ အလွန်အမင်း အရေးသာထား၏။

သို့သော် ဤသို့ အကြီးစားစစ်ပွဲသာ ဆင်နွှဲနိုင်သည့် ခွန်အားသာ ထိခိုက်ပါက သူတို့ သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

“အခု ကျန်တဲ့ အစီအစဉ်ဆိုလို့ သခင်လေးသုံးနဲ့ သခင်လေး,လေးရဲ့ ခွန်အားကို ငှားယူဖို့ပဲ ရှိတယ်..”

သူ၏ မျက်ဝန်းများ တောက်ပနေသည့်အချိန် နတ်တပ်မှူးတစ်ယောက်က ရုတ်တရက် အစီအရင်ခံသည်။ “အရှင်မင်းကြီးခင်ဗျ… ကောင်းကင်ရေကန်ရဲ့ နတ်ဘုရားတွေ ပုန်ကန်နေကြပါတယ်….သစ္စာဖောက်တွေက အမိန့်မနာခံဘဲ ‌ကောင်းကင်ရေကန်ရဲ့ အုပ်ချုပ်သူကို သတ်ပစ်လိုက်ကြပါတယ်… သူတို့က သူတို့ကိုယ်သူတို့ ဧကရာဇ် တင်မြှောက်ချင်နေကြတာ…”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလျက် နူးညံ့ညင်သာစွာ မိန့်လိုက်သည်။ “ယိုတုဆီ နတ်ဘုရားမိစ္ဆာတွေ စေလွှတ်ပြီး ‌ကောင်းကင်နတ်အရှင်ရှုကို ကောင်းကင်ရေကန်ရဲ့ ကောင်းကင်ဘုံကို ယဇ်ပူဇော်ခိုင်းလိုက်… ကောင်းကင်နတ်အရှင်ရှုကို ငါ ပြောတဲ့စကားအတိုင်း အတိအကျပြော…ကောင်းကင်ရေကန်ရဲ့ ကောင်းကင်ဘုံကို ယဇ်ပူဇော်ခိုင်း”

နတ်တပ်မှူးက အမိန့်နာခံ၍ အလျင်အမြန် ထွက်ခွာသွားတော့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က နောက်သို့ မှီ၍ ရေရွတ်လိုက်၏။ “ကောင်းကင်ဘုံတစ်ဘုံကို သခင်လေးသုံးဆီ ယဇ်ပူဇော်လိုက်ရင် တာအိုသိုင်းပညာရှင်တစ်ယောက် လွှတ်ပေးဖို့တော့ လုံလောက်လောက်မယ်မလား…. သခင်လေးသုံးကလည်း ငါ့သစ္စာရှိမှုကို သိပြီး စွမ်းအားပိုပေးလိမ့်မယ်…. ပြီးတော့ ဒုတိယမြောက် ကောင်းကင်နတ်ဘုံကျင့်စဉ်ကို ပြီးပြည့်စုံမယ့်သူက ငါတစ်ယောက်ပဲ ရှိတယ်…. တစ်ချိန်တည်းမှာပဲ တာအိုရမယ့် ကျင့်စဉ်နှစ်ခုလုံးက ငါ့လက်ထဲမှာ ရှိနေတယ်..”

သူသည် လုံးလုံးလျားလျား စိတ်အေးသွားသည်။ “ကောင်းကင်နတ်အရှင်မူ… ကောင်းကင်နတ်အရှင်မူ… မင်း ငါ့နဲ့ စိတ်နှလုံးမိစ္ဆာ နောက်တစ်ခေါက် ဖြစ်မလာစေရဘူး… မင်း ဒီတိုက်ပွဲကို သေချာပေါက် ရှုံးလိမ့်မယ်”

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ချေမှုန်းရမည့် နေ့ရက်က မကြာခင် ရောက်လာပေတော့မည်။

အန္တိမဟင်းလင်းပြင် စွန့်ပစ်နယ်မြေတွင်…

ဧရာမကျောက်ပြားကြီးရှေ့တွင် တံခါးက မြောလွင့်နေ၏။ ချင်မူက ကျောက်တိုင်ကို မော့ကြည့်နေသည်။ ကျောက်ပြားမှာ ဖရိုဖရဲကျောက်တုံးထံမှ သန့်စင်ထားခြင်းဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်ချေ။

ချင်မူက ကျောက်ပြားပေါ်ရှိ စာလုံးများကို လေ့လာနေပြီး တခဏအကြာတွင် လက်ဆန့်တန်း၍ ကျောက်ပြား၏ အစိတ်အပိုင်းတစ်ခုကို ဖဲ့ယူလိုက်သည်။ သူက ခေါင်းမော့၍ ကမ္ဘာဦးဖရိုဖရဲကျောက်တုံးကို မြိုချလိုက်၏။

‘ဒီကမ္ဘာဦးဖရိုဖရဲကျောက်တုံးက တော်တော်လေး အာဟာရဖြည့်ပေးတယ်ဖြစ်ရမယ်… ငါ စားပြီး ကမ္ဘာဦးခရမ်းရောင်ချီအဖြစ် သန့်စင်လိုက်ရင် အထွတ်အထိပ် အခြေအနေအထိ ပြန်ရောက်သွားနိုင်တယ်…”

All Chapters