← Chapters

တျန်းတု-လောကဖန်ဆင်းဓား

Vol. 128 Ch. 1659

တျန်းတု-လောကဖန်ဆင်းဓား

Vol. 128 Ch. 1659

ချင်မူ့မျက်လုံးရှေ့ရှိ မြင်ကွင်းက လျှပ်တပြက် ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲချီများက အရှိန်အဟုန်ပြင်းစွာ လှိုင်းထန်လာသည်ကို တွေ့မြင်နေရ၏။ လှိုင်းတို့၏ ပုတ်ခတ်၊ လိမ့်ထွက်သောပုံစံမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် သူ့မှာ စကြဝဠာပျက်စီးခြင်းကပ်ဘေးကြီး၏ အလယ်ဗဟိုတွင် ရပ်နေရသည့်အလား ခံစားရတော့သည်။

အလွန်တရာ ပြင်းထန်သည့် ဖိအားနှင့် အပူချိန်ကိုလည်း ခံစားနေရ၏။

ဤနေရာတွင် အန္တိမဟင်းလင်းပြင်ဟူ၍ မရှိတော့ဘဲ စကြ၀ဠာတစ်ခုလုံးမှာ ဖရိုဖရဲအလုံးကြီးအဖြစ် ပြောင်းလဲနေချေပြီ။ ဖိအားနှင့်အပူချိန်က တိုင်းတာ၍ပင်မရနိုင်ချေ။

လှိုင်းထန်လိမ့်ထွက်နေသော ဖရိုဖရဲချီများထဲတွင် တာအိုသိုင်းပညာရှင်တချို့သာ ရှင်ကျန်ရစ်ခဲ့သည်။ ဖရိုဖရဲများထဲတွင် ကျောက်စိမ်းမြို့တော်ကို တွေ့မြင်နေရပြီး ၎င်းက မီလော့နန်းတော်အရှင်သခင်နှင့် သူ၏နောက်လိုက်များ ဖြစ်ပေလိမ့်မည်။ သူတို့အပြင် ဖရိုဖရဲများထဲတွင် မြောလွင့်နေသည့် အခြားထူးဆန်းသည့် အရာများလည်း ရှိ၏။ ဥပမာအနေဖြင့် လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်တို့ပင်။

ချင်မူသည် မီလော့နန်းတော်အရှင်သခင်၏ပုံရိပ် မီလော့နန်းတော်အရှေ့တွင် ရပ်နေသည်ကို “မြင်”နေရ၏။ တာအိုသစ်ပင်က တောက်ပသော အလင်းတန်းများ ထုတ်လွှတ်လျက် ခြောက်စင်းမြောက် စကြ၀ဠာထဲရှိ ကျောက်စိမ်းမြို့တော်ကို ကာကွယ်ပေးနေသည်။

ခရမ်းရောင်ချီများက ထိုနေရာကို ဖုံးလွှမ်းနေသောကြောင့် ဖရိုဖရဲဖြစ်နေသော စကြ၀ဠာထဲတွင် တည်ငြိမ်အေးချမ်းနေသည့် တစ်ခုတည်းသောနေရာဟူ၍ပင် ပြောနိုင်သည်။

သူ၏ ပတ်ပတ်လည်တွင် အခြားနန်းတော်တစ်ခု ရှိနေသည်ကိုလည်း ချင်မူ ‘မြင်’ နေရ၏။ အနေအထားက မီလော့နန်းတော်နှင့် ဆင်တူပြီး သူ၏ ခြေထောက်အောက်ရှိ ယဇ်ပလ္လင်ကလည်း တည်ရှိနေသည်။ ၎င်းက ဖရိုဖရဲကျောက်တုံးများဖြင့် သွန်းလုပ်တည်ဆောက်ခံထားရ၏။

သူ ပတ်ဝန်းကျင်အား “ကြည့်” လိုက်ရာ သူ၏ပတ်ပတ်လည်တွင် တာအိုသိုင်းပညာရှင်များ ရပ်နေသည်ကို သတိထားမိရသည်။ သူတို့မျက်နှာများက မျှော်လင့်စောင့်စားနေသော မျက်နှာအမူအရာများ ဖြစ်နေကြသည်။

ထိုအခိုက်အတန့်တွင် ချင်မူမှာ ရင်းနှီးနေသော လူရိပ်တစ်ခုကို “တွေ့မြင်” လိုက်ရသဖြင့် အံ့ဩသင့်ကာ မှင်သက်သွားတော့သည်။

ကောင်းကင်နတ်အရှင်လင်…

ချင်မူ့စိတ်ထဲတွင် မုန်တိုင်းထန်သွားတော့သည်။ အမှန်တကယ် ကောင်းကင်နတ်အရှင်လင်အား တွေ့နေရလေသည်။

ကောင်းကင်နတ်အရှင်လင်သည် ဤနတ်ဘုရားမြို့တော်ရှိ တာအိုသိုင်းပညာရှင်များအကြားတွင် ရပ်နေသည်။ ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း။

သို့သော် ချင်မူကား ကောင်းကင်နတ်အရှင်လင်နှင့် မည်မျှရင်းနှီးပါသနည်း။ သူတို့နှစ်ယောက်သည် ဆရာ့တပည့်များ ဖြစ်ကြသလို မိတ်ဆွေများလည်း ဖြစ်ကြသည်။ အစောပိုင်းနှစ်များတွင် ချင်မူက ကောင်းကင်နတ်အရှင်လင်အား ဖန်ဆင်းခြင်းလမ်းစဉ် သင်ကြားပေးခဲ့ပြီး သူမအား မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်းအား တီထွင်နိုင်ရန် အားပေးခဲ့သည်။ နောက်ပိုင်းတွင် ကောင်းကင်နတ်အရှင်လင်က သူ့ကို လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ ပြန်လည်သင်ကြားပေးခဲ့ပြီး နဂါးဟန်ခေတ်အစောပိုင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

သူ သေချာပေါက် အမြင်မှားနေခြင်း မဟုတ်ပေ။ အမြင်လည်း မှားနိုင်ပါ့မည်လော။

ယဇ်ပလ္လင်ဘေးရှိ အမျိုးသမီး၊ ခြောက်စင်းမြောက် စကြ၀ဠာမှ တာအိုသိုင်းပညာရှင်များအကြားရှိ အမျိုးသမီးမှာ အမှန်တကယ် ကောင်းကင်နတ်အရှင်လင် ဖြစ်ချေသည်။

“မမကြီးလင်က ဘယ်လိုလုပ် အတိတ်ကို ရောက်နေတာလဲ”

သို့သော် သူ၏ “အမြင်အာရုံ” မှာ သူ၏ ထိန်းချုပ်မှုအောက်တွင် မဟုတ်ပေ။ သူ၏ခြေထောက်သည် တျန်းတုဟူသော ပုဂ္ဂိုလ်၏ ခြေရာများကို နင်းထားခြင်းကြောင့် သူ၏ အမြင်အာရုံသည် ထိုပုဂ္ဂိုလ်၏ အမြင်အာရုံ ဖြစ်လာခဲ့ချေပြီ။

သူသည် “သူ့ကိုယ်သူ” ပြန်ကြည့်လိုက်ရာ သူ့လက်ထဲတွင် ပုဆိန်တစ်လက် ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ချင်မူမှာ ငေးကြောင်သွားပြီး ဤပုဆိန်အား ရင်းနှီးနေသလို ခံစားလိုက်မိသည်။ ထိုသို့ပုဆိန်မျိုးကို ထိုက်ယီ၏ လက်ထဲတွင် ယခင်က မြင်ဖူးလေသည်။

ထိုက်ယီသည် ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ဆင်တူသော ပုဆိန်မျိုးဖြင့် လောကသစ်ပင်အား ခုတ်ချခဲ့ဖူးသည် မဟုတ်လေသလော။ လောကသစ်ပင် ပြန်လည်မွေးဖွားလာပြီးနောက် ချင်မူကိုယ်တိုင်လည်း ထိုက်ယီထံမှ ပုဆိန်ကို ငှားယူကာ နောက်တစ်ကြိမ် ခုတ်ချခဲ့သေး၏။ ဤပုဆိန်ကို လေ့လာရန် ကြိုးစားခဲ့ဖူးသောကြောင့် မှားယွင်းစရာအကြောင်း မရှိပေ။

သို့သော် “သူ့လက်”ထဲရှိ ပိုက်ဆံမှာ ထိုက်ယီ၏ ပုဆိန်နှင့် အနည်းငယ်တော့ ကွဲပြားနေသေး၏။ တစ်ထေရာတည်း တူခြင်း မဟုတ်သော်လည်း အမျိုးအစားတူသည့် အရိပ်အယောင်များကို တွေ့ရနိုင်သည်။

'ဒီတျန်းတုဆိုတဲ့သူက ထိုက်ယီများလား’

ချင်မူ ထိုသို့တွေးနေသည့်အချိန်တွင် “သူ” သည် ခွန်အားအလုံးစုံ ထုတ်၍ ပုဆိန်အား လွှဲရမ်းလိုက်လေပြီ။

တစ်ချိန်တည်းမှာပင် ယဇ်ပလ္လင်အောက်ရှိ တာအိုသိုင်းပညာရှင်များစွာလည်း ခွန်အားအလုံးစုံ ထုတ်၍ “သူ”နှင့်အတူတကွ ပုဆိန်၏ စွမ်းအားကို အဆုံးအစွန်အထိ မြှင့်တင်လိုက်ကြသည်။

ဤအခိုက်အတန့်တွင် ဖရိုဖရဲချီများ ထွက်ပေါ်လာတော့၏။

ချင်မူက ဦးဆောင်သူ၏ နေရာမှ နေ၍ အရာအားလုံးကို ကြည့်ရှုနေရသဖြင့် သူ၏စိတ်ထဲရှိ အံ့သြနေမှုမှာ တိုင်းတာ၍ပင် မရနိုင်ချေ။ သူ ဤအခိုက်အတန့်တွင် တွေ့မြင်နေရသည့်အရာထက် ပိုမိုခမ်းနားသည့် မည်သည့်အရာမှမရှိသလို စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အရာလည်း မရှိပေ။

သူ့မျက်ဝန်းများက စကြ၀ဠာတစ်ခု မွေးဖွားနေသည်ကို တွေ့မြင်နေရ၏။

ထိုတာအိုသိုင်းပညာရှင်များသည် သူတို့၏ ကိုယ်ပိုင်စွမ်းအားကို သုံး၍ ကောင်းကင်နှင့် မြေကြီးအား ဖန်တီးနေကြသည်။ သူတို့၏ကိုယ်ပိုင်လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို အသုံးပြုကာ ဖရိုဖရဲအကြားမှ စကြ၀ဠာအသစ်တစ်ခုကို ဖော်ဆောင်နေကြလေသည်။

ချင်မူအနေဖြင့် ဤမျှခမ်းနားသော မြင်ကွင်းတစ်ခုကို သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေ့ကြုံရပြီး ဖြစ်သည်။ သို့သော် “ကိုယ်တိုင်မျက်၀ါးထင်ထင်” တွေ့မြင်ရသည့်အခါတွင်တော့ သူ တိုးတက်စေခဲ့သည့် အရာများမှာ ကမ္ဘာလောကတစ်ခုကို အစစ်အမှန်ဖန်တီးနေခြင်းမဟုတ်ကြောင်း သိခဲ့ရ၏။ သူ့ကောင်းကင်ရတနာထဲရှိ အဆင့်တက်မှုသည် သူ၏တွေးတောနိုင်စွမ်းထက် မကျော်လွန်ခဲ့ပေ။

'တျန်းတု’ နှင့် ထိုတာအိုသိုင်းပညာရှင်များ ပြုလုပ်နေသည့် အရာကတော့ ကောင်းကင်နှင့် မြေကြီးကို အမှန်တကယ်ဖွင့်လှစ်၍ စကြဝဠာအား ဆင့်ကဲပြောင်းလဲနေစေခြင်း ဖြစ်သည်။

သူတို့ ဖရိုဖရဲတို့အား နှစ်ခြမ်းခွဲပြီးနောက်၌ အဆုံးမရှိသော စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။ အဆုံးမရှိသော အပူ၊ အဆုံးမရှိသော အလင်းနှင့် အဆုံးမရှိသော နေရာဟင်းလင်းပြင်တို့က ပြန့်ကားထွက်လာကြတော့သည်။

ဤအချိန်တွင် မည်သည့်ဒြပ်ထုမှ မတည်သေးပေ။ ကမ္ဘာဦးစကြဝဠာတစ်ခုလုံးမှာ အဆက်မပြတ် ပျံ့ကားကြီးထွားနေသည့် စွမ်းအင်အပူလုံးများသာ ဖြစ်သေးပြီး မည်သည့်တာအိုမှလည်း မပေါ်လွင်သေးချေ။

သို့သော် နောက်ထပ်တစ်ခဏတွင် မွေးရာပါ မူလတာအိုနှစ်ခု ဖြစ်သည့် ထိုက်ယီနှင့် ထိုက်ချူက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။

ထိုမွေးရာပါ မူလတာအိုနှစ်မျိုး၏ ဆင့်ကဲပြောင်းလဲမှုအမြန်နှုန်းမှာ အံ့ဩဖွယ်ကောင်းလှသည်။ ၎င်းတို့ ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးရန် မျက်စိတစ်မှိတ်ပင် မကြာလိုက်ဘဲ နေရာဟင်းလင်းပြင်ကလည်း တစ်ချိန်တည်းပင် မွေးဖွားလာတော့သည်။

ဟင်းလင်းပြင်၏ စွမ်းအားက စကြ၀ဠာတစ်ခုလုံးကို အလျင်အမြန် ပျံ့ကားသွားစေပြီး စွမ်းအင်များကိုလည်း တစ်ခုနှင့်တစ်ခု အဝေးသို့ ထွက်ခွာသွားစေသည်။

ချင်မူ ထိုနေရာတွင် ရပ်နေပြီး ဆက်လက်ဆင့်ကဲပြောင်းလဲနေသော ကမ္ဘာဦးစကြ၀ဠာတစ်ခုလုံးအား တွေ့နေရ၏။ စကြ၀ဠာတစ်ခုလုံးသည် မူလချီအသွင် ရှိသည့် ကမ္ဘာဦးဖရိုဖရဲချီလုံးတစ်လုံးသာ ဖြစ်နေပြီး အခြားဒြပ်ထုများ မရှိသေးပေ။

နှစ်သုံးသိန်းခန့် ကြာပြီးနောက် ကမ္ဘာဦးစကြဝဠာသည် ဟင်းလင်းပြင်၏ စွမ်းအားကြောင့် ထိုက်ရှီချီအသွင်သဏ္ဌာန် ဖွဲ့တည်လာ၏။ ထိုက်ရှီတာအိုက ထိုက်ချူချီထံမှ မွေးဖွားလာသည်။

ဟင်းလင်းပြင်အလွှာတစ်ခုပြီးတစ်ခု မွေးဖွားလာကြပြီးနောက် စကြ၀ဠာ၏ ဒြပ်ထုဆင့်ကဲပြောင်းလဲမှုကို ဖြစ်ပေါ်လာစေသည်။ ထိုက်ရှီမှ ထိုက်စု၊ ထိုက်စုမှ ထိုက်ကျိအဖြစ် အသီးသီး ပြောင်းလဲနေကြ၏။

ကြယ်တာရာများ ဆင့်ကဲပြောင်းလဲလာပြီး နေမင်း၊ လမင်းနှင့် ကြယ်တာရာများက တစ်ခုကို တစ်ခု လှည့်ပတ်ကာ နဂါး‌ငွေ့တန်းများကို ဖွဲ့တည်လာသည်။ ထိုက်ကျိတာအိုက လောကရှိ အရာအားလုံးကို အန္တိမဟင်းလင်းပြင်မှ အလိုအလျောက် ထွက်ပေါ်လာစေ၏။ စကြ၀ဠာ၏ ခမ်းနားသော ပန်းချီကားကြီးမှာ ရုပ်လုံးပေါ်လာပြီး မွေးကာစ အခြေအနေမှ ဖွံ့ဖြိုးစအခြေအနေသို့ ရောက်ရှိလာခဲ့ချေပြီ။

နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်၏။

မှန်ပါသည်။ ချင်မူသည် ယဇ်ပလ္လင်ပေါ်တွင် ရပ်လျက် တျန်းတု၏ နေရာမှနေ၍ အရာအားလုံးကို ကြည့်ရှုနေခြင်း ဖြစ်သည်။ လက်ရှိတွင်တော့ ထိုမျှ မကြာသေးပေ။

သူ နိုးထလာသည့်အချိန်တွင် “သူ၏ အသံ”က နားထဲသို့ ဝင်ရောက်လာသည်။ “ခုနစ်စင်းမြောက် စကြ၀ဠာ ပွင့်လာပြီ… တာအိုမိတ်ဆွေတို့…. ငါတို့ရဲ့ တျန်းတုဟာ ဒီစကြ၀ဠာမှာ နောက်ဆုံးတော့ ပွင့်လာခဲ့ပြီ”

“ငါတို့ရဲ့ တျန်းတုတဲ့လား”

ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ ကျောက်ပြားပေါ်ရှိ တျန်းတု ဆိုသည်မှာ ကမ္ဘာလောကကို ဖွင့်လှစ်ခဲ့သူကို ရည်ရွယ်ခြင်းဖြစ်သည်။ တျန်းတုက ထိုသူ၏ နာမည်ဖြစ်သည်ဟု ထင်ခဲ့သည်။ ယခုလို ကြားရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ တျန်းတုသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်ခြင်းမဟုတ်ဘဲ တာအိုသိုင်းပညာရှင်အဖွဲ့ကို ရည်ရွယ်ခြင်း ဖြစ်သည်။

သူတို့ထဲတွင် ကောင်းကင်နတ်အရှင်လင်လည်း ပါရှိ၏။

တျန်းတုဆိုသည်ကား ဤနတ်ဘုရားမြို့ထဲရှိ တာအိုသိုင်းပညာရှင်အဖွဲ့ ရည်ရွယ်ခြင်း ဖြစ်သည်။ ဤနတ်ဘုရားမြို့ကိုလည်း တျန်းတုဟု ခေါ်ဆိုခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

‘ကောင်းကင်နတ်အရှင်လင်က ကမ္ဘာဦးဘုံမှာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီ ရောက်နေတာလဲ… ခြောက်စင်းမြောက် စကြ၀ဠာ အဆုံးသတ်ကို ရောက်လာပြီး ဘာလို့ တျန်းတုက တာအိုသိုင်းပညာရှင်တွေနဲ့အတူ ခုနစ်စင်းမြောက် စကြ၀ဠာကို ဖွင့်နေရတာလဲ’

သူ၏ စိတ်မှာ အတော်လေး ရှုပ်ထွေးနေမိသည်။ ကောင်းကင်နတ်အရှင်လင် ဘယ်အချိန်တုန်းက ခြောက်စင်းမြောက် စကြ၀ဠာထံသို့ ရောက်လာခဲ့သည်လဲ မသိတော့ပေ။

ပတ်ဝန်းကျင်ရှိ ဖရိုဖရဲများက ဖြည်းဖြည်းချင်း လွင့်ပြယ်သွားနေစဉ် ချင်မူမှာ မည်သည်ကိုမှ နားမလည်နိုင်တော့ချေ။ သို့သော် သူ၏နှလုံးသားထဲတွင် အနည်းငယ် ပျော်ရွှင်နေမိ၏။ စကြ၀ဠာ မွေးဖွားလာသည့် မြင်ကွင်းက အမှန်တကယ် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပြီး သူ့အား ဉာဏ်အလင်းပွင့်စေသည်။ သူ့အနေဖြင့် ထိုက်ငါးပါး ဆင့်ကဲပြောင်းလဲလာမှုကို အချိန်တိုအတွင်း တွေ့မြင်ခဲ့ရသောကြောင့် သူ၏ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို များစွာတိုးတက်စေခဲ့ချေပြီ။

ထိုက်ငါးပါးအပေါ် သူ၏ သိမြင်နားလည်မှုမှာလည်း အလွန်တရာမြင့်မားသော အဆင့်တစ်ဆင့်သို့ ရောက်သွားခဲ့သည်။

ကမ္ဘာလောက ဖန်တီးဖြစ်ပေါ်လာသည့် မြင်ကွင်းမှ အကျိုးရလဒ်များကို စုပ်ယူနိုင်ပါက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှာ အဆင့်တစ်ဆင့် တိုးတက်သွားလိမ့်မည်ဟု ခံစားနေရ၏။ ဆယ်နှစ်အတွင်း သူ၏ ကျင့်ကြံခြင်းအခြေခံသည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်ပြီး သူသည် ပိုပြီးမြင့်မားသော အဆင့်သို့ပင် တက်လှမ်းကောင်း တက်လှမ်းနိုင်ပေလိမ့်မည်။

သို့သော် တျန်းတုမှ တာအိုသိုင်းပညာရှင်များ ကမ္ဘာလောကကြီးအား ပုံဖော်ဖန်တီးနေသည်ကို ကြည့်ရှုရသည့်အချိန်က တိုးတောင်းလွန်းသည်။ ချင်မူမှာ ခဏခဏ တွေ့ကြုံခံစားချင်သော်လည်း ကံမကောင်းစွာဖြင့် တစ်ခါတည်းသာ တွေ့ကြုံရသည်။

သူက မျက်လုံးများ မှိတ်လျက် အာရုံစူးစိုက်ကာ သိမြင်နားလည်နေသည်။ သူ၏ တာအိုစည်းချက်က မြန်ဆန်လာပြီး သူကား တာအိုထဲတွင် နက်ရှိုင်းစွာ စျာန်ဝင်သွားတော့သည်။

ချင်မူသည် စကြဝဠာအသစ် မွေးဖွားလာသည့် မြင်ကွင်းအား ပြန်လည်ရှုမြင်နေ၏။ ၎င်းက ထိုက်ငါးပါးအပေါ် နားလည်မှုအား တိုးတက်လာစေသည်သာမက သူ၏ တာအိုအဆင့် စွမ်းအားတို့ကိုလည်း အဆင့်မြင့်လာစေခဲ့သည်။

ထိုက်စု ဖရိုဖရဲကမ္ဘာဦး၏ ပန်းဖူးတစ်ပွင့်ကို ဖွင့်လှစ်ခြင်း။ထိုက်ကျိ ယင်နှင့်ယန်အဖြစ် ပြောင်းလဲခြင်း။ ထိုက်ရှီ ပွင့်လန်းနေသော နွေဦးကို မေးခွန်းထုတ်ခြင်း အစရှိသော သိုင်းကွက်များသည်လည်း အကြီးအကျယ် တိုးတက်လာခဲ့သည်။

ထိုမျှသာမက တာအိုကောင်းကင်နတ်သိုင်းများအပေါ် ပို၍နက်ရှိင်းစွာ သိမြင်နားလည်လာသည်နှင့်အမျှ တာအိုကျင့်စဉ်စနစ်၏ ၃၃ ဘုံမြောက် ကောင်းကင်ဘုံသို့ ၀င်ရောက်ပေတော့မည်။

ချင်မူ့ခန္ဓာကိုယ်ထဲရှိ တာအိုစည်းချက်က လျင်မြန်သွက်လက်လာပြီး ရုတ်တရက် ထစ်ချုန်းသံတစ်ချက် ကြားလိုက်ရ၏။ သူ၏ ကောင်းကင်ရတနာထဲတွင် ကောင်းကင်နှင့်မြေကြီးသည် ပြန်လည်မွေးဖွား၍ ဖရိုဖရဲများ ထွက်ပေါ်ကာ ထိုက်ငါးပါးလည်း ဆင့်ကဲပြောင်းလဲလာသည်။

ချင်မူ့ကောင်းကင်ရတနာထဲရှိ ကောင်းကင်နှင့် မြေကြီးမှာ အကြိမ်ကြိမ် ဆင့်ကဲပြောင်းလဲနေပြီး ချင်မူကိုယ်တိုင်က ခြေရာနှစ်ခု၏ အလယ်ဗဟိုတွင် ရပ်နေသည်။ သူက ကပ်ဘေးဓားကို မြှောက်လျက် တျန်းတု ကမ္ဘာလောကကြီးအား ဖန်တီးတဲ့သည့်အချိန်က ပုဆိန်ကို လွှဲခုတ်လိုက်သည့်အတိုင်း တုပကာ ခုတ်လွှဲချလိုက်၏။

သူ့လက်ထဲရှိ ဓားက ပိုပို၍ လေးလံလာသည်။ ဤလှုပ်ရှားမှုကား ရိုးရှင်းအခြေခံကျသော်လည်း ဆန်းကြယ်နက်နဲသော သဘောတရားတို့ ကိန်းဝပ်နေလေသည်။ နက်နဲကျ

သူက ဤတိုက်ကွက်ကို ကမ္ဘာဦးဖရိုရဲသင်္ကေတနှင့် ကမ္ဘာဦးဖရိုဖရဲ ခရမ်းရောင်ချီတို့ဖြင့် ပေါင်းစည်းပြီး ပြီးပြည့်စုံစေရန် ကြိုးစားနေသည်။

ချင်မူ အကြိမ်ကြိမ် လေ့ကျင့်နေသည်နှင့်အမျှ ဤတိုက်ကွက်မှာ ပိုပို၍ ပြီးပြည့်စုံလာသည်။ ထူးကဲမှု၊ အံဖွယ်အရာများနှင့် အရာအားလုံးတို့မှာ ဤဓားကွက်တစ်ကွက်တည်းတွင် ငုပ်လျှိုးလာကြတော့သည်။

ဤဓားသည် ကောင်းကင်နတ်သိုင်းမဟုတ်၊ သဘာ၀တာအိုတစ်ခုပမာ ထင်ရသည်။ ချင်မူသည် အဆင့်အသစ်အဆင့်ကို ရောက်သွားပုံပေါ်ပြီး ဓားတစ်ချက်ချင်းစီတွင် တာအို ကိန်းဝပ်နေလေသည်။

အချိန်တစ်ခု ကြာပြီးနောက် ချင်မူက ခုတ်ချလိုက်ပြန်သည်။ ဤဓားထဲတွင် ပါရှိသည့် တာအိုစည်းချက်က အလွန်တရာ ဆူညံနေပြီး ခုတ်ပိုင်းလိုက်သည့်အချိန်တွင် မဟာတာအိုတို့က အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာ၏။ ၎င်းဖြတ်သန်းသွားသည့်အခါ ယဇ်ပလ္လင်ပေါ်မှ ဖရိုဖရဲများမှာ သူ့ဓားကြောင့် နှစ်ခြမ်းကွဲသွားကြပြီး ကောင်းကင်နှင့် မြေကြီး မွေးဖွားသည့် ထူးဆန်းသောဖြစ်ရပ်အား ပေါ်ထွက်လာစေသည်။

ချင်မူက ဓားကို သိမ်းလျက် မျက်လုံးအား ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ တျန်းတုတွင် ဖြစ်ပေါ်နေသည့် ကောင်းကင်နှင့် မြေကြီးမွေးဖွားမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး အပြင်လောကသို့ လမ်းကြောင်း ပေါ်လာသည်။ လမ်းပိတ်ထားသည့် ဖရိုဖရဲချီများ မရှိတော့ပေ။

ချင်မူက လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ “ဒီဓားကို ဓားကွက်အဖြစ် သတ်မှတ်လို့မရတော့ဘူး…” သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ဒါက ဓားကွက်မဟုတ်ဘူး…တာအိုပဲ… ခိုင်ဧကရာဇ်ရဲ့ ‌ဓားလမ်းစဉ် တာအိုအဆင့်ရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံကို ရောက်သွားတဲ့အခါမှာ ထိုက်ချင်းကောင်းကင်ဘုံ တာအိုဓားလို့ နာမည်ပေးခဲ့တယ်…. ဓားလမ်းစဉ်ရဲ့ ၃၃ ဘုံမြောက် ကောင်းကင်ဘုံက ဓားသိုင်းကွက်ရော ဓားကျင့်စဉ်ရော မဟုတ်တော့ဘူး… တာအိုပဲ…. ငါ့ရဲ့တာအိုက ထိုက်ချင်းကောင်းကင်ဘုံအဆင့်ထက်တောင် ပိုပြီး သိပ်သည်းလေးနက်သေးတယ်…. အဆင့်တစ်အဆင့်နဲ့တောင် တိုင်းတာလို့မရဘူး… တျန်းတု-လောကဖန်ဆင်းဓားလို့ ခေါ်မယ်”

သူ တျန်းတု-လောကဖန်ဆင်းဓားအား လေ့လာနေစဉ် ကောင်းကင်နယ်မြေကြီးက သူ၏ကောင်းကင်ရတနာနယ်ပယ်ထဲတွင် မွေးဖွားလာနေသည်။ ဟင်းလင်းပြင်အလွှာ ၃၃ လွှာ ထွက်ပေါ်လာပြီး သူ၏တာအိုအဆင့်က ပိုပို၍ အား‌ကောင်းခိုင်မာလာ၏။ သူ၏ကျင့်ကြံခြင်းအခြေခံလည်း တိုးတက်သွားသည့်အပြင် မူလဝိညာဉ်မှာလည်း တဖြည်းဖြည်း ကြီးမားလာနေသည်။

ထိုမျှသာမက ချင်မူ့ပုံရိပ်ကလည်း တစတစ ကြီးထွားလာနေ၏။ သူသည် သေးငယ်ပုကွမနေတော့ဘဲ အရပ်ရှည်လာသည်။

'တျန်းတုအရှင်သခင်က ထိုက်ယီဆိုရင် ငါ လမ်းစဉ်ကို လက်လျှော့လိုက်တုန်းက ဘာလို့ မျက်ရည်တစ်စက်ကျမိတယ်လို့ ပြောတာလဲ’

ချင်မူမှာ လမ်းစဉ်ကို သိမြင်နားလည်ပြီးသည့်တိုင် ပျော်ရွှင်ဝမ်းမြောက်မနေပေ။ ထိုအစား အတွေးနက်နေမိသည်။

'ငါ လမ်းစဉ်လက်လျှော့လိုက်တာကို ထိုက်ယီက ဝမ်းနည်းခဲ့တယ်လို့ ပြောတယ်.... အခု ငါက လက်လျှော့လိုက်တဲ့ လမ်းစဉ်ကို ပြန်ရောက်သွားတာလား… မဖြစ်နိုင်လောက်ဘူး… အဲဒီအချိန်တုန်းက ငါ့ရဲ့လမ်းစဉ်ကလည်း သူ့လမ်းစဉ်ဖြစ်နေတာ ထင်တယ် … ငါ လက်လျှော့လိုက်တာကို မြင်လို့ မျက်ရည်ကျသွားတာ ဖြစ်မယ်”

ချင်မူလည်း ခံစားချက်များကို စုစည်း၍ ညာခြေထောက်အား မြှောက်လိုက်သည်။ သူ ထွက်ခွာတော့မည်အချိန်တွင် တျန်းတုက ပြောင်းလဲသွားပြန်သည်။

သူက တခဏတုံ့ဆိုင်းနေပြီးနောက် ညာခြေထောက်ကို ပြန်လည်ချထားလိုက်သည်။

သူ၏မျက်လုံးထဲတွင် တျန်းတုမှာ အပျက်အစီးတစ်ခု မဟုတ်တော့ပေ။ လောလောလတ်လတ် ဖန်တီးခံထားရသည့်အလား ရွှေများ၊ ကျောက်စိမ်းများဖြင့် ပေါများကြွယ်ဝနေပြီး အလင်းတန်းများက စကြ၀ဠာ၏ အမြင့်ဆုံးဆုံမှတ်တွင် တည်ရှိနေကြသည်။

သို့သော် ဤတျန်းတုမှာ ပြိုလဲနေ၏။

ချင်မူ့အကြည့်က ခြေရာပိုင်ရှင်၏ အကြည့်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ နောက်ဆုံးမြင်ခဲ့ရသည့် မြင်ကွင်းမှာ မီလော့နန်းတော်အရှင်သခင်၏ ကမ္ဘာဦးဖရိုဖရဲခရမ်းရောင်ချီ၊ မီလော့နန်းတော်၏ တာအိုသစ်ပင်နှင့် အနောက်ရှိ ပြိုလဲနေသော မြို့တော်၊ တာအိုသစ်ပင်အနောက်မှ သူ၏ လဲကျနေသော ပုံရိပ်တို့ ဖြစ်သည်။

သူ့လက်ထဲရှိ ပုဆိန်က လျှောကျသွားသည်။

ချင်မူမှာလည်း လဲကျသွားပြီး သူ၏တာအိုနှလုံးသားက ပြာအဖြစ် ပြောင်းလဲနေသည်။

“တာအိုမိတ်ဆွေ၊ မင်း လုပ်ရပ်က မှားတယ်” မသဲကွဲသော မီလော့နန်းတော်အရှင်သခင်၏ အသံအား သူ ကြားနေရ၏။

အချိန်အတော်ကြာပြီးနောက် ချင်မူ နိုးထလာပြီး သူ၏အမြင်အာရုံက ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာသည်။ ထိုအချိန်မှ သူ့မှာ ယဇ်ပလ္လင်ပေါ်၌ လဲကျနေသည်ကို သိလိုက်ရ၏။ သူက အလျင်အမြန် ထရပ်၍ ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ဤနေရာမှာ တျန်းတု၏ အပျက်အစီးများ ဖြစ်နေဆဲဖြစ်ပြီး မည်သည့်အရာမှ မပြောင်းလဲချေ။

သူ၏ မျက်နှာအမူအရာက ဗလာဖြစ်နေပြီး ယဇ်ပလ္လင်အပေါ်မှ ဆင်းလာ၏။ သူသည် အပျက်အစီးများထဲမှ ငေးကြောင်စွာ ထွက်လာပြီး သူ၏စိတ်ထဲတွင် သံသယတစ်ခုသာ ကြီးစိုးနေသည်။

‘မီလော့နန်းတော်အရှင်သခင် ၊ ခင်ဗျား ဘာဖြစ်လို့ တျန်းတုအရှင်သခင်ကို သတ်လိုက်ရတာလဲ… ဘာလို့လဲ..’

All Chapters