← Chapters

ဆင်းသက်လာခြင်း

Vol. 128 Ch. 1660

ဆင်းသက်လာခြင်း

Vol. 128 Ch. 1660

ချင်မူတစ်ယောက် စွန့်ပစ်မြေထဲတွင် ခြေဦးတည့်ရာ သွားနေသည်။ အန္တိမဟင်းလင်းပြင်၏ စွန့်ပစ်မြေမှာ အလွန်တရာ ကျယ်ပြောပြီး စကြ၀ဠာဆယ့်ခြောက်စင်းတွင် မဖျက်ဆီးနိုင်သည့် အရာအားလုံးကို ဤနေရာ၌ စုပုံလွှတ်ပစ်ထားသည့်အလား ထင်ရသည်။

သူ လမ်းလျှောက်နေရင်း ညှိုးခြောက်နေသော တာအိုသစ်ပင်တစ်ပင်ဘေးမှ ဖြတ်သန်းလာခဲ့သည်။ ၎င်းက အလွန်တရာ ညှိးခြောက်နေသော်လည်း ခပ်မျှင်မျှင် အသိစိတ်တစ်ခုကိုတော့ ချင်မူ အာရုံခံစားရနိုင်သေး၏။

ချင်မူမှာ အသေးစိတ် ကြည့်ရှုချင်သော်လည်း ထိုအသိစိတ်သည် အလွန်တရာ ရိုးရှင်းပြီး ထူးကဲမှုမရှိပေ။ ဖရိုဖရဲအခြေအနေသို့ ရောက်နေသည့်အလား သူ့ကို တုံ့ပြန်ခြင်းမရှိသလို မည်သည့်အကြောင်းအရာမှလည်း မပြောပြချေ။

'ဒီတာအိုသိုင်းပညာရှင်က မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲမှာ သူ့ရဲ့ အသိစိတ်အလျဉ်ကို ဖရိုဖရဲအခြေအနေအထိရောက်အောင် ဖျက်ဆီးခံခဲ့ရတာ ဖြစ်မယ်' ချင်မူ စိတ်ထဲမှ တွေးလိုက်သည်။

တာအိုသစ်ပင်ထဲတွင် ပုန်းနေသည့် အသိစိတ်မှာ ရှင်သန်နိုင်ရန် နည်းလမ်းမရှိတော့သောကြောင့် နိုးထလာရန်လည်း မဖြစ်နိုင်ပေ။

စွန့်ပစ်မြေထဲရှိ အမျိုးမျိုးသော အရာဝတ္ထုများမှာ နေရာအတည်တကျ မရှိသလို၊ အချိန်မရွေး စီးဆင်း မြောလွင့်နိုင်သည်။ ချင်မူသာ ကျောက်ပြားများ ရှိနေသည့် တံခါးကို ရှာလိုပါက ကောက်ရိုးပုံထဲ၌ အပ်ပျောက်ရှာနေရသည်နှင့် မထူးတော့ပေ။

ထိုမျှသာမက သူ၏အသိစိတ်အလျဉ်ကို ဤနေရာတွင် အသုံးမပြုနိုင်ချေ။ အန္တိမဟင်းလင်းပြင်ကြောင့် ဗလာနတ္ထိဖြစ်သွားနိုင်သောကြောင့် အမြင်အာရုံကို အသုံးပြု၍သာ ရှာဖွေနေရသည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်နှင့်အမျှ ချင်မူမှာ မရေမတွက်နိုင်သော အရာများစွာကို တွေ့ကြုံခဲ့ရသည်။ တျန်းတုအပျက်အစီးများကိုပင် အကြိမ်အနည်းငယ် ထပ်မံတွေ့ခဲ့ရသော်လည်း တံခါးကိုတော့ ရှာမတွေ့သေးပေ။

ထိုရက်များအတွင်း သူ၏ခြေထောက်များက ဖြည်းဖြည်းချင်း ပြန်ပေါက်လာပြီး ယခင်တုန်းက အရပ်နီးပါး ဖြစ်လာသည်။ သို့သော် ခြေထောက်များက ပိန်ပါး၍ အားနည်းနေသေး၏။ သူ၏ မူလဝိညာဉ်ကလည်း ဖြည်းဖြည်းချင်းသာ အားဖြည့်နေခြင်း ဖြစ်သောကြောင့် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိလိုပါက အချိန်အတော်ကြာ မဆုတ်မနစ် ကျင့်ကြံရပေလိမ့်မည်။

အထွတ်အထိပ် အခြေအနေတွင် သူ၏မူလဝိညာဉ်က ကြီးမားကျယ်ပြန့်သည်။ ၎င်းအား အဆုံးအစွန် အကန့်အသတ်အထိ ဖြန့်ကျက်လိုက်ပါက ကောင်းကင်ဘုံများကိုပင် ဖုံးလွမ်းနိုင်သည်။ ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်လောက်တော့ ကြောက်မက်ဖွယ်မကောင်းသော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။

ဤအခိုက်အတန့်တွင် သူ၏မူလဝိညာဉ်မှာ ပေတစ်ရာကျော်သာ ရှည်လျားပြီး ကောင်းကင်နတ်မြစ်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် မနှိုင်းယှဉ်နိုင်ချေ။

သို့ထိတိုင် သူသည် တစ်လောကလုံးတွင် စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်နေသေး၏။

သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့အားလုံးကို ကမ္ဘာဦးဖရိုဖရဲချီဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်ပြီး မီလော့နန်းတော်အရှင်သခင်၏ လမ်းစဉ်ကိုလည်း လျှောက်လှမ်းသည်။ သူ၏ကျင့်ကြံခြင်းလမ်းစဉ်မှာလည်း မီလော့နန်းတော်အရှင်သခင်၏ လမ်းစဉ်နှင့် ထပ်တူကျသောကြောင့် နှစ်ခုစလုံး၏ ခွန်အားများကို စုစည်းနိုင်၏။

“ငါ နောက်ထပ်နှစ်နှစ် ထပ်ရှာမယ်… နှစ်နှစ်အတွင်း မတွေ့ရင်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်တော့မယ်”

ချင်မူမှာ အထီးကျန်မှုကို တောင့်ခံရင်း စွန့်ပစ်မြေထဲတွင် ကြိုးစားရှာဖွေနေသည်။ အလံတိုင်တစ်ခုပေါ်တွင် ထိုးစိုက်ခံထားရသော ဦးခေါင်းတစ်လုံး၊ ကြေးရောင် မှန်တစ်ချပ်တွင် ခေါင်းဖီးသင်နေသော အမျိုးသမီးတစ်ဦးနှင့် အဆက်မပြတ် သွေးထွက်နေသည့် ကောင်းကင်လက်နက်အကျိုးအပဲ့တစ်ခုတို့ကို တွေ့မြင်ခဲ့ရသည်။

တာအိုသစ်သီးတစ်လုံးက လူသားဦးခေါင်းတစ်လုံးမှ ပေါက်နေသည်ကို တွေ့ခဲ့ရသော်လည်း လေအေးကြောင့် လွင့်ပြယ်ပျောက်ကွယ်သွားခဲ့သည်။

၎င်းတို့အပြင် ခေါင်းတလားအုပ်စုလိုက်ကိုလည်း တွေ့ခဲ့ရသည်။ ၎င်းတို့က သံကြိုးများဖြင့် အတူတကွ ချည်နှောင်ခံထားရပြီး အတန်းလိုက်စီတန်းကာ အန္တိမဟင်းလင်းပြင်တွင် မြောလွင့်နေသည်။

ဤစွန့်ပစ်မြေကား ထူးဆန်းသော အရာများဖြင့် ပြည့်နှက်နေ၏။

ချင်မူမှာ စွန့်ပစ်မြေထဲမှ ရတနာအချို့ သိမ်းယူရန် စဉ်းစားထားမိသော်လည်း ထိုအရာများကို မြင်သည့်အခါတွင်တော့ တွေးပင် မတွေးရဲတော့ပေ။

ထိုအရာများမှာ သူ့အတွက် အမှိုက်များသာ ဖြစ်၏။ အသုံးမဝင်သည့်အပြင် အန္တရာယ်လည်း များသည်။ သူသည် ထူးဆန်းသော ဦးခေါင်းများနှင့် သင်္ဘောပျက်များ လိုက်လံဖမ်းဆီးသည်ကို မကြာခဏ တွေ့ကြုံခဲ့ရပြီး ကြေးကြေးမုံအား သိမ်းယူရန် ကြိုးစားနေသည့််အချိန်တွင် ခေါင်းဖီးနေသော အမျိုးသမီး၏ ဆွဲယူခြင်းခံရလုနီးပါး ဖြစ်သွား၏။ အလံတိုင်ပေါ်ရှိ ဦးခေါင်းများမှာတော့ အလံတိုင်များနှင့် ဆက်နေသောကြောင့် ခွဲခွာ၍မရနိုင်ချေ။

ပို၍ပင် ကြောက်စရာကောင်းသည်က ဤနေရာ၏ အရာများတွင် ပုန်းကွယ်နေသော လျှို့ဝှက်ချက်များ ရှိနေခြင်းပင်။ ၎င်းတို့သည် စွန့်ပစ်မြေထဲတွင် ပိတ်လှောင်ခံထားရသည့်အပြင် လေအေးဖြင့် တိုက်ခတ်ခံနေရသောကြောင့် မလှုပ်ရှားနိုင်ခြင်း ဖြစ်သည်။ စွန့်ပစ်မြေထဲမှ ၎င်းတို့ကို ထုတ်ယူသွားလျှင်မူ ထိုပစ္စည်းများ၏ စိတ်ဆန္ဒများ ပြည့်ဝလာပြီး ကမ္ဘာလောကအပေါ် ကပ်ဘေးကျရောက်စေနိုင်၏။

‘စွန့်ပစ်မြေထဲ အရာတွေက မသေသေးတဲ့ ပုဂ္ဂိုလ်တွေကို ဖုံးကွယ်ပေးထားတာပဲ”

ချင်မူ ပို၍တွေ့မြင်လာရလေလေ သူ၏ မှန်းဆချက်ကို ပို၍ယုံကြည်ချက်ရှိလေလေဖြစ်၏။ မဟာပျက်စီးခြင်းကပ်ဘေးကြီးတွင် သေဆုံးမသွားခဲ့သော ပုဂ္ဂိုလ်အချို့သည် ထိုရတနာမျိုးစုံတွင် ပုန်းကာ ပြန်လည်အသက်ရှင်သန်လာနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။

သူတို့က မသေနိုင်သည့်အပြင် အန္တိမဟင်းလင်းပြင်ပင်လျှင် သူတို့ကို ဖယ်ရှားခြင်း မပြုနိုင်ပေ။ စွန့်ပစ်မြေက သူတို့အား ဤနေရာတွင် အကျဉ်းချထားသည့် သဘာဝလှောင်အိမ်ကြီးတစ်ခုကဲ့သို့ မလွတ်မြောက်နိုင် ဖြစ်နေစေ၏။

ရတနာများကို သယ်သွားခြင်းက သူတို့ကို ကူညီပေးသလို ဖြစ်သွားလိမ့်မည်။

အချိန်ကာလနှစ်နှစ်ကား ကုန်ဆုံးသွားချေပြီ။ ချင်မူ့စိတ်အခြေအနေသည်လည်း စိုးရိမ်ပူပန်နေရာမှ ငြိမ်းအေးလာသည်။ တံခါးက ဧရာမခေါင်းတလားကြီးတစ်ခုအပေါ်တွင် ရှိနေပြီး ချင်မူက ၎င်းအပေါ်တွင် ထိုင်နေ၏။ ခေါင်းတလားထဲတွင် သက်ရှိပုဂ္ဂိုလ်တစ်ယောက် ပိတ်လှောင်ခံထားရသကဲ့သို့ တဘုန်းဘုန်း ထုရိုက်သံများ ထွက်ပေါ်နေသည်။

တံခါးမှာ အလွန်တရာလေးလံပြီး ခေါင်းတလားထဲရှိ အရာများကို ဖိနှိပ်ထားရန် လုံလောက်သည်။

ချင်မူက တံခါးအား ခေါက်၍ ပြုံးကာ ပြောလိုက်သည်။ “အထဲကနောင်တော် ကျွန်တော်က လမ်းကြုံလိုက်နေရုံပါပဲ… ဘာလို့ စိုးရိမ်တကြီး ဖြစ်နေရတာလဲဗျ”

ခေါင်းတလားထဲမှ ဝိုးတ၀ါးအသံများ ထပ်မံထွက်ပေါ်လာသည်။ ထုရိုက်သံများကလည်း ပိုပို၍ပြင်းထန်လာ၏။ မကောင်းဆိုးဝါးတစ်ခုက ခေါင်းတလားကို ခေါင်းဖြင့် တိုက်နေသည့်အလားပင်။

ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ခေါင်းမော့ကာ ရှေ့သို့ကြည့်လိုက်သည်။

သူ၏အရှေ့တွင်တော့ သံကြိုးများဖြင့် ချည်နှောင်ခံထားရသည့် ခေါင်းတလားများက အတန်းလိုက်နေရာယူထား၏။ ၎င်းတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက် အဝေးရှိ အမှောင်ထုထဲသို့ ‌မြောလွင့်နေလေသည်။

ချင်မူသည် ထိုခေါင်းတလားများကို အသုံးပြု၍ သူ၏ခြေထောက်ကို အနားပေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ခေါင်းတလားထဲတွင် ရှိသည့်အရာများကိုတော့ တစ်စိုးတစ်စိမှ သိချင်စိတ် မရှိပေ။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ခရီးရှည်ကြီးက သူ့အား အတော်လေးပင်ပန်းစေခဲ့သည်။ သူ၏ခြေထောက်များလည်း အပြည့် အဝမသက်သာသေးသောကြောင့် အနားယူနေခြင်းဖြစ်၏။

ထိုအခိုက်အတန့်တွင် ချင်မူ့မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး သူက ငေါက်ခနဲ ထရပ်လိုက်သည်။

အရှေ့ဆုံးရှိ ခေါင်းတလားသည် လမ်းကြောင်းသွေဖယ်သွားပြီး ခေါင်းတလားများ၏ အရှေ့တွင်တော့ တံခါးရွက်မရှိသည့် တံခါးဘောင်တစ်ခုက နေရာယူထားသည်ကို တွေ့လိုက်ရ၏။

ကျောက်ပြားကြီးများကို တံခါးဘောင်ထဲတွင် ခပ်ရေးရေး တွေ့မြင်ရနိုင်သည်။

၎င်းတို့က ပြစ်ချက်မရှိသော မှန်ချပ်များကဲ့သို့ အလွန်တရာ ချောမွေ့နေ၏။

ဧရာမကျောက်ပြားကြီးများက စုဝေးလျက် တံခါးဘောင်အနောက်ရှိ ကမ္ဘာတွင် နေရာယူထားကြလေသည်။

ကျောက်ပြားများသည် ဟင်းလင်းပြင်နှင့် တံခါးဘောင်ကို ဖြတ်သန်းနေသည့် ခေါင်းတလားတချို့ကို ရောင်ပြန်ဟပ်နေ၏။ ပျောက်ပြားများ၏ မျက်နှာပြင်မှတစ်ဆင့် ခေါင်းတလားထဲ၌ မည်သည့်အရာများရှိသည်ကိုပင် ခပ်ရေးရေး တွေ့မြင်ရနိုင်သည်။

ထိုခေါင်းတလားများမှာ တာအိုသွေးတို့ဖြင့် ပြည့်နှက်နေကြ၏။ တာအိုသွေးများထဲတွင် ဆံပင်စုတ်ဖွားများဖြင့် မကောင်းဆိုးဝါးများက နစ်မြုပ်နေကြသည်။ ဖုတ်ကောင်များနှင့်ပင် တူသည်။ သူတို့၏ သွားများက အလွန်တရာ ရှည်လျားပြီး လက်သည်းတို့က ချွန်ထက်နေ၏။ သူတို့က ခေါင်းတလားနံရံများကို အသည်းအသန် ဆွဲယူကုတ်ခြစ်နေကြသည်။

ထိုအတိတ်စကြ၀ဠာ တာအိုသိုင်းပညာရှင်တို့၏ အလောင်းများမှာ ခေါင်းတလား၏ တာအိုသွေးထဲတွင် နစ်မြုပ်နေကြပြီး ထူးဆန်းသော သက်ရှိသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲနေကြ၏။

ချင်မူမှာ ထိတ်လန့်သွားသော်လည်း တစ်ချိန်တည်းမှာပင် စိတ်အေးသွားသည်။

ထိုခေါင်းတလားများမှာ မီလော့နန်းတော်နှင့် တျန်းတုအပြင် နောက်ထပ်အင်အားစုတစ်စု ဖြစ်ပေလိမ့်မည်။ သူတို့ လျှောက်လှမ်းသောလမ်းစဉ်က မီလော့နန်းတော်နှင့် တျန်းတုနှင့် မတူပေ။

ထိုတာအိုသိုင်းပညာရှင်တို့၏ စွမ်းဆောင်ရည်များက မီလော့နန်းတော်အရှင်သခင်နှင့် တျန်းတုအောက် နိမ့်ကျသောကြောင့် လောကသစ်ပင်ကို အသုံးပြု၍ ခေါင်းတလားများပြုလုပ်ကာ သူတို့ကိုယ်သူတို့ ပိတ်လှောင်ထားခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံး ကမ္ဘာလောကပျက်စီးခြင်းကပ်ဘေးကြီး ကျရောက်လာသည့်အခါတွင်တော့ လောကသစ်ပင်မှ ထွင်းထုထားသည့် ခေါင်းတလားများကို အသုံးပြုကာ ကပ်ဘေးအား ကျော်လွှားခဲ့ကြ၏။ သို့သော် သေခြင်းရှင်ခြင်းကပ်ဘေးကြီးကိုတော့ မကျော်လွှားနိုင်ခဲ့ပေ။ စကြ၀ဠာ မွေးဖွားခြင်းနှင့်သေဆုံးခြင်း ကပ်ဘေးကြီးထဲတွင် သူတို့သည် သွေးများအဖြစ် ပြောင်းလဲသွားကြပြီး သူတို့၏အလောင်းများက သူတို့ပြောင်းလဲလာခဲ့သော သွေးထဲတွင် နစ်မြုပ်ကာ အလောင်းမိစ္ဆာများ ဖြစ်လာခဲ့ကြသည်။

‘သွေးတွေက သူတို့ကိုယ်ပိုင် မဟုတ်လောက်ဘူး…တခြားတာအိုသိုင်းပညာရှင်တွေကို သတ်ပြီးတော့ သူတို့ရဲ့ တာအိုသွေးကို ကြားခံနယ်အနေနဲ့ သုံးပြီး သေခြင်းရှင်ခြင်းကပ်ဘေးကြီးကို ကျော်လွှားနိုင်မလား မျှော်လင့်ချက်နဲ့ လှဲလျောင်းနေခဲ့တာပဲ ဖြစ်မယ်”

ချင်မူက တံခါးရွက်ကို သယ်၍ ခုန်ဆင်းလိုက်သည်။ သူက ခေါင်းတလားများကို နင်း၍ တံခါးဘောင်ဆီသို့ တိုက်ရိုက်ဦးတည်သွား၏။ သူ၏ခြေထောက်အောက်တွင် ခြိမ်းခြောက်ဟိန်း‌ဟောက်သံများက အဆက်မပြတ် ထွက်ပေါ်လာလေသည်။ သိသိသာသာပင် ခေါင်းတလားထဲရှိ အရာများမှာ သောင်းကျန်းနေကြ၏။

‘ဒါပေမဲ့ သေခြင်းရှင်ခြင်းကပ်ဘေးကြီး ပြီးတာတောင် သူတို့ ဘာလို့ထွက်မလာနိုင်သေးတာလဲ”

ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြုံးလိုက်၏။ ‘ကြည့်ရတာ လက်လွန်သွားတာဖြစ်မယ်… တစ်ယောက်ယောက်က သေခြင်းရှင်ခြင်းကပ်ဘေးကြီးကို အခွင့်ကောင်းယူပြီးတော့ သူတို့ရဲ့ ခေါင်းတလားတွေကို ချိတ်ပိတ်ပြီး စကြ၀ဠာအသစ် ရောက်လာတဲ့အချိန်မှာ မလွတ်မြောက်နိုင်အောင် တားဆီးခဲ့တာ… တော်လိုက်တာ’

ချင်မူသည် စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေသောကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက ခေါင်းတလားပေါ်မှ ခုန်ချ၍ တံခါးဘောင်အရှေ့သို့ ဆင်းသက်လိုက်၏။

သူ၏လက်ထဲရှိ တံခါးရွက်က ဝှစ်ခနဲ ပျံသန်းသွားပြီး တံခါးဘောင်နှင့် ပေါင်းစည်းသွားသည်။

ချင်မူ ပြန်လှည့်ကြည့်လိုက်သည်။ တံခါးရွက်နှစ်ခု ရှိရမည် ဖြစ်သော်လည်း တစ်ခု ပျောက်နေ၏။

“နောက်ထပ်တံခါးရွက်တစ်ခုက ဘယ်ရောက်သွားတာလဲ”

ချင်မူ အံ့အားသင့်နေမိသည်။ မီလော့နန်းတော်၏ အကြီးဆုံးသခင်လေး ဖန်တီးခဲ့သည့်ရတနာများက ထိပ်တန်းအရည်အသွေး ဖြစ်သောကြောင့် အလွယ်တကူ ထိခိုက်ဒဏ်ရာ မရနိုင်ပေ။ သို့သော် ဤတံခါး၏ တံခါးရွက်နှစ်ခုသည် တံခါးဘောင်ဆီမှ မည်သည့်အရာကြောင့် ပြုတ်ထွက်သွားခဲ့ရသနည်း။

သူက ရှေ့သို့ တက်၍ တံခါးဘောင်ကို ဆွဲထုတ်ရန်ကြိုး စားလိုက်သည်။ သူ၏ခွန်အားက ကောင်းကင်နတ်ဧကရာဇ်ဟောင်ထက် သာလွန်သော်လည်း တံခါးရွက် တံခါးဘောင်မှ ပြုတ်ထွက်လာအောင် လုပ်နိုင်ခြင်းမရှိပေ။

ချင်မူလည်း မျက်မှောင်ကြုတ်လျက် လက်လွှတ်လိုက်သည်။

‘ဒီတံခါးကို ဖျက်ဆီးချင်တယ်ဆိုရင် စွမ်းအားက အပြင်လောက ဒါမှမဟုတ် အတွင်းလောကကနေ လာရမှာ… ဒီစကြ၀ဠာမှာ ငါ့ထက် သန်မာအားကောင်းတဲ့လူ မရှိဘူး… တံခါးအနောက်က ကမ္ဘာလောကထဲကနေ တစ်ယောက်ယောက်များ ထွက်လာတာလား...”

သူက တံခါးအနောက်ရှိ ကမ္ဘာလောကထဲလို့ လှည့်ကြည့်လိုက်သည်။ ကျောက်ပြားများသည် ကောင်းကင်ထဲသို့ ထိုးတက်နေသည့် တောအုပ်တစ်ခုအလားပင်။ ကောင်းကင်တွင် ထွန်းလင်းတောက်ပနေသော နေမင်းတစ်လုံး ရှိပြီး အံ့သြဖွယ် မီးစွမ်းအားများ ထုတ်လွှတ်နေသည်။ နေမင်းက မလှုပ်ရှားသလို အခြားကြယ်တာရာများကဲ့သို့ ကြယ်တာရာလမ်းစဉ် မရှိပေ။

ဤသည်က ပြီးပြည့်စုံသောကမ္ဘာတစ်ခု ဖြစ်၏။

'တံခါးရွက်က တံခါးဘောင်ထဲက ပျံထွက်လာတာဆိုတော့ ဖြစ်နိုင်ချေနှစ်ခု ရှိတယ်…. တစ်ခုက ကျောက်ပြားတောအုပ်ထဲမှာ ဖိနှိပ်ခံထားရတဲ့ ပုဂ္ဂိုလ်က ထွက်လာပြီး တံခါးရွက်ကို အထဲကနေ ကန်ထုတ်လိုက်တာ… နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ အပြင်က တစ်ယောက်ယောက်က တံခါးရွက်ကို ဆွဲဖြုတ်လိုက်တာ… ဒုတိယဖြစ်နိုင်ခြေက သုံးပုံတစ်ပုံပဲ ရှိတယ်… အဲ့ထက်တောင် နည်းဦးမယ်…”

ချင်မူက တံခါးအရှေ့တွင် ရပ်လျက် လှုပ်ရှားကြည့်နေသည်။ တံခါးအား အပြင်မှ ချိုးဖျက်ရန် အလွယ်ကူဆုံး နည်းလမ်းမှာ ဆွဲထုတ်ရန် မဟုတ်ဘဲ ခွန်အားသုံး၍ တံခါးအနောက်ရှိ ကမ္ဘာလောကထဲသို့ တွန်းထုတ်လိုက်ရန် ဖြစ်၏။

ထို့ကြောင့် ဤနေရာတွင် ဖိနှိပ်ခံထားရသည့် ပုဂ္ဂိုလ်တစ်ဦးက အထဲမှ ထိုးနှက်လိုက်သောကြောင့် တံခါးရွက်နှစ်ရွက် လွင့်ထွက်သွားရခြင်းက ပို၍ဖြစ်နိုင်သည်။

ချင်မူလည်း စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း တံခါးအနောက်ရှိ ကမ္ဘာလောကထဲသို့ ဝင်ရောက်သွားတော့သည်။

‘ဒီနေရာမှာ အဲဒီသခင်လေးတစ် ဘယ်သူ့ကိုပဲ ဖိနှိပ်ထားပါစေ ငါ အဆင့်တက်မှ ဖြစ်မယ်’

သူ၏ပုံရိပ်က တံခါးအနောက်တွင် ပျောက်ကွယ်သွားပြီး ကျောက်ပြားတောအုပ်ထဲသို့ ဝင်ရောက်သွားလေသည်။

ယိုတုသည် ပိတ်ပိတ်ပုန်းမှောင်မည်းနေ၏။

ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်ပင်လယ်ကောင်းကင်ဘုံ၏ အလယ်ဗဟို၌ ရပ်နေသည်။ သူမသည် ကောင်းကင်ဘုံများကို ယိုတုသို့ ဆွဲခေါ်ခဲ့သောကြောင့် နေရာတိုင်းတွင် အလောင်းများ ပြန့်ကြဲနေ၏။

ကောင်းကင်နတ်အရှင်ရှုက အလောင်းများကို နင်း၍ လမ်းလျှောက်နေသောကြောင့် သူမခြေထောက် ကျဆင်းသွားသည့်အချိန်တွင် တဂျွတ်ဂျွတ် မြည်သံများကို ကြားရနိုင်သည်။ မရေမတွက်နိုင်သော အဖြူရောင်အရိုးများမှာ သူမကြောင့် ကြိတ်ချေခံနေရသည်။

ထိုအဖြူရောင်အရိုးများမှာ ကောင်းကင်ပင်လယ်ကောင်းကင်ဘုံ၏ သက်ရှိသတ္တဝါများ ဖြစ်ကြသည်။ နတ်ဘုရားမိစ္ဆာများလည်း ပါဝင်ပြီး နတ်ကောင်းကင်ခန်းမအဆင့် ပုဂ္ဂိုလ်တချို့လျှင်ပင် သေဆုံးထား၏။ ကောင်းကင်ပင်လယ်ကပ်ဘေး ထွက်ပေါ်လာသည့်အချိန်တွင် ထိုနတ်ဘုရားမိစ္ဆာများမှာ မည်မျှပင် စွမ်းအားကြီးသည်ဖြစ်စေ ကောင်းကင်နတ်အရှင်ရှု၏ ကောင်းကင်နတ်သိုင်းအောက်တွင် ချက်ချင်း သေဆုံးခဲ့ကြရသည်။

ကောင်းကင်ဘုံတစ်ဘုံလုံးမှာ အသက်ရှိုက်စာတစ်ခုအတွင်း ဖျက်ဆီးချေမှုန်းခံလိုက်ရသည်။

ကောင်းကင်နတ်အရှင်ရှုက ခေါင်းမော့၍ ကောင်းကင်ပင်လယ် ကောင်းကင်နတ်ဘုံပတ်ပတ်လည်တွင် မြောလွင့်နေသော ကောင်းကင်နတ်ဘုံအပိုင်းအစများကို ကြည့်နေသည်။ ကောင်းကင်နတ်ဘုံအပိုင်းအစတစ်ခုချင်းစီတါင် အလွန်တရာကြီးမားသော ဆဋ္ဌဂံအကျဉ်းထောင်များ ရှိနေပြီး ၎င်းတို့၏မျက်နှာပြင်တွင် ထူးဆန်းသည့် အမှတ်အသားမျိုးစုံကို ရေးထွင်းထားသည်။

ထိုဆဋ္ဌဂံအကျဉ်းထောင်တစ်ခုချင်းစီ၏ အထက်တွင် တာအိုသစ်သီးတစ်လုံးစီက လေထဲတွင် မြောလွင့်နေ၏။ တာအိုသွေးတို့က တာအိုသစ်သီးထဲမှ ဆက်လက်စီးဆင်း၍ ဆဋ္ဌဂံအကျဉ်းထောင်များ၏ အမှတ်အသားများထဲသို့ ဖြတ်သန်းစီးဆင်းကာ ထိုအမှတ်အသားများကို အသက်သွင်းနေသည်။

ကောင်းကင်ပင်လယ် ကောင်းကင်ဘုံအထက်တွင် ဆဋ္ဌဂံတိုင်များက သိပ်သည်းထူထဲသော တာအိုသံကြိုးတစ်ကြိုးကို ဖော်ဆောင်ထား၏။ ကောင်းကင်ပင်လယ်ကောင်းကင်ဘုံ၏ ကြယ်တာရာများမှာ ထိုတာအိုသံကြိုးများကြောင့် ပြာကျကာ စွမ်းအင်အဖြစ် ပြောင်းလဲ၍ ဆဋ္ဌဂံကျောက်တိုင်များဖြင့် ဖွဲ့တည်ထားသော ယဇ်ပလ္လင်မှတစ်ဆင့် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာထဲသို့ စီးဆင်းနေလေသည်။

ကောင်းကင်နတ်အရှင်ရှုသည် ကောင်းကင်ပင်လယ်ကပ်ဘေး ထွက်ပေါ်ခဲ့သည့်အချိန်ကို မှတ်မိနေသေး၏။ သူမကိုယ်တိုင် ကောင်းကင်ပင်လယ်၏ သက်ရှိသတ္တဝါများအား တစ်ယောက်မကျန် သတ်ဖြတ်ခဲ့သည်။ နောက်ထပ်တစ်ခဏတွင် သွေးယဇ်ပူဇော်မှု စတင်ခဲ့၏။ အားလုံး၏ အလောင်းများက အလျင်အမြန် အိုမင်းရင့်ရော်သွားကြပြီး သူတို့၏ အသွေးအသားနှင့် မူလဝိညာဉ်တို့အားလုံးမှာ စွမ်းအင်အဖြစ် ပြောင်းလဲကာ ယဇ်ပလ္လင်၏ စုပ်ယူခြင်း ခံလိုက်ကြရသည်။ သူတို့အားလုံးမှာ အရိုးဖြူများအဖြစ် အလျင်အမြန် ပြောင်းလဲခဲ့ကြသည်။

သို့သော် ဤယဇ်ပလ္လင်မှာ ကောင်းကင်ပင်လယ်ကောင်းကင်ဘုံကို ဝါးမြိုရာ၌ အနည်းငယ် နှေးကွေးလေသည်။ ယခုအချိန်အထိ ကောင်းကင်ပင်လယ်၏ ကြယ်တာရာအစုအဝေးများကိုသာ ဝါးမြိုရသေး၏။

ယခုအတွင်း တာအိုသံကြိုးသည် ကောင်းကင်ပင်လယ်၏ ပင်မကုန်းမြေသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ၎င်း ပင်မကုန်းမြေကို ဝါးမြိုလိုက်သရွေ့ ရရှိသော စွမ်းအင်သည် တာအိုသိုင်းပညာရှင်တစ်ဦး ဆင်းသက်လာစေနိုင်ရန် လုံလောက်လိမ့်မည််။

ဤအခိုက်အတန့်တွင် ဦးခေါင်းတစ်လုံးက တာအိုသံကြိုးပိုက်ကွန်၏ အလယ်တွင် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည်။

ကောင်းကင်နတ်အရှင်ရှု၏ နှလုံးသားမှာ အနည်းငယ်တုန်လှုပ်သွား၏။ တာအိုရရှိပြီးသည့် ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာတော့မည်။

သူမသည် ကောင်းကင်ပင်လယ် ကုန်းမြေမှ ခပ်သုတ်သုတ် ထွက်ခွာသွား၏။ သူမ၏ခန္ဓာကိုယ်က တောင့်တင်းနေပြီး မထင်မှတ်ဖွယ်ရာ အခြေအနေများကို ရင်ဆိုင်နိုင်ရန် အသင့်ပြင်ထားသည်။

“စိုးရိမ်စရာ မလိုပါဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏အသံက သူမအနောက်မှ ပျံ့လွင့်လာသည်။ “ဒါက ဘိုးဘေးနန်းတော် ရတနာခန်းမ ၇၂ ခုထဲက လင်းကွမ်ခန်းမရဲ့ အရှင်သခင်ပဲ…. အပြင်လူမဟုတ်ပါဘူး

All Chapters