မြင့်မြတ်တဲ့တီထွင်မှု
Vol. 62 Ch. 611
ဟာဗေးလွင်ပြင်ရှိ တိုက်ပွဲကား ရုတ်ချည်းဆိုသလို ဖြစ်ပွားလာပြီး မြန်မြန်ပင် အဆုံးသတ်သွား၏။
မီးတောက်မီးလျံများသည် တဖြည်းဖြည်း ငြိမ်းသွား၏။ မှုန်မှိုင်းနေသော မီးခိုးငွေ့များသည် တဖြည်းဖြည်း လွင့်ပါးသွား၏။ သတ်ဖြတ်သူခေါင်းဆောင်အမျိုးသမီးတဦးသာလျင် မြေကြီးပေါ်တွင် မားမားရပ်လျက် ကျန်ရစ်ခဲ့သည်။ ကျန်စစ်သားများမှာကား ကျိုးသူကျိုး၊ ဒဏ်ရာရသူရနှင့် မြေကြီးပေါ်တွင် ရုတ်ပျက်ဆင်းပျက် လဲကျနေကြလေသည်။
စုချန်းက ခေါင်းဆောင်အမျိုးသမီးဆီသ်ို့ လျှောက်သွားရင်း ပြောလိုက်သည်။
"မင်းရဲ့ အရိုးစုနည်းစနစ်က်ို ထောက်ရရင် မင်းဟာ အရိုးစုနတ်ဆရာဘိုးဘေးကနေ ဆင်းသက်လာသူပဲ ဖြစ်ရမယ် ဘုရားကျောင်းတွေမှာ အကြားအမြင်ရတဲ့ အရိုးစုနတ်ဆရာတွေရှိတယ်လို့ ကျုပ်ကြားဖူးတယ် ဒါပေမဲ့ ဒါကို ယုံတမ်းစကားတွေပဲလို့ ထင်နေတာ ခုတော့ ကျုပ်အထင် မှားသွားပုံပဲ"
သတ်ဖြတ်သူခေါင်းဆောင်အမျိုးသမီးကား သူမ၏ အရိုးဓားမြောင်က်ို မြောက်ကာ စုချန်းကို ရက်စက်ကြမ်းကြုတ်စွာနှင့် စိုက်ကြည့်နေလေသည်။ ထို့နောက် သူမသည် ကျယ်လောင်စွာ အော်ဟစ်ပြီး စုချန်းအား ဓားမြောင်နှင့် လှမ်းတွက်လိုက်၏။
စုချန်းက ချက်ချင်းပင် လက်တဖက်က်ို ဆန့်ထုတ်ကာ သူမ၏ လက်ကောက်ဝတ်အား ဖမ်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သတ်ဖြတ်သူအမျိုးသမီးသည် စုချန်း၏ ဖမ်းချုပ်မှုကို ရှောင်တိမ်းပြီး ဘယ်ဓားမြောင်နှင့် စုချန်း၏ လည်မြိုသို့လည်းကောင်း၊ ညာဓားမြောင်နှင့် စုချန်း၏ ဝမ်းဗိုက်သ်ို့လည်းကောင်း ထ်ိုးစိုက်လာတော့သည်။ သူမ၏ တိုက်ခိုက်မှုမှာ ရက်စက်ပြီး ဆုံးဖြတ်ချက်ပြတ်သားလှသည်။
စုချန်း မျက်လုံးပြူးသွား၏။ သို့သော် သူ၏ တုံ့ပြန်မှုကတော့ နှေးကွေးခြင်းမရှိ။ ချက်ချင်းပင် ဘေးသို့ ခုန်ပြီး သတ်ဖြတ်သူအမျိုးသမီး၏ ဓားချက်ကို ရှောင်တိမ်းပေးလိုက်သည်။ တချိန်တည်းမှာပင် ကမ္ဘာဦးသွေးပုံရိပ်သည် အသက်ဝင်လာပြီး စုချန်း၏ ကိုယ်ဆီမှ အကန့်အသတ်မရှိသော အားလှိုင်းများ ထွက်ပေါ်လာ၏။ သတ်ဖြတ်သူအမျိုးသမီး၏ တိုက်ခိုက်မှုမှာ မြန်ဆန်သည်မှန်သော်လည်း စွမ်းအင်အရာတွင်တော့ စုချန်းထက် နိမ့်ပါးနေ၏။ စုချန်း၏ လက်ဝါးရိုက်ချက်ကြောင့် သူမ နောက်သို့လွင့်စင်သွားလေသည်။
ထိုအခိုက်မှာပင် သူမ၏ နဖူးဆီမှ ဆေးမင်များ တောက်ပလာ၏။ ထို့နောက် သူမသည် လေဟုန်ကိုခွင်း၍ ပျံသန်းလာပြန်သည်။ သူမ၏ က််ိုယ်ခန္ဓာသည်လည်း အရိပ်ပေါင်းများစွာ ကွဲထွက်သွားပြီး ထိုအရိပ်များအားလုံးသည် မြေကြီးပေါ်သို့ခုန်ဆင်းပြီး စုချန်းအား ပြိုင်တူတိုက်ခိုက်လ်ိုက်ကြတော့သည်။ သူမ၏ နဖူးပေါ်ရှိ အရိုးခေါင်းသည်လည်း တဒီဒီ အော်ငြည်းလာ၏။ ထ်ိုအသံကြောင့် စုချန်း မူးခနဲ ခံစားလိုက်ရသည်။
စုချန်းကဲ့သ်ို့ စိတ်ဝိညာဥ်စွမ်းအင်မြင့်မားသူကိုပင် မူးသွားစေနိုင်သောကြောင့် ထိုနည်းစနစ်သည် အလွန်အစွမ်းထက်ကြောင်း သိသာနေလေသည်။
ကံဆိုးသည်မှာကား စုချန်း ခံစားလိုက်ရသည်မှာည်မှာ ထိုထက် ပိုမနေခြင်းပင်။
စုချန်း မျက်မှောင်တချက်ကုတ်ပြီး ချောင်းဆိုးလိုက်၏။ ချောင်းသံပေါ်လာသည်နှင့် သတ်ဖြတ်သူအမျိုးသမီး၏ နဖူးပေါ်ရှိ အရိုးခေါင်းမှာ အက်ကွဲသွားတော့သည်။ အကုန်လုံးတော့မဟုတ်။ တဝက်တိတ်ိသာ အက်ကွဲပျက်စီးသွားခြင်း ဖြစ်သည်။ ကျန်တဝက်ကို သုတေသနလုပ်ရန် စုချန်းအနေနှင့် လိုအပ်နေသေးသည် မဟုတ်ပါလား။
ထို့နောက် စုချန်းက တောင်ခွဲဓားက််ို ဆွဲထုတ်ကာ ရေပြင်ညီအတိုင်း ဝေ့ယမ်းလိုက်၏။ ဓားရှိန်ကြောင့် ပုံရိပ်ယောင်များအားလုံး ပျက်စီးသွားပြီး သတ်ဖြတ်သူအမျိုးသမီးတဦးသာလျင် ကျန်ရစ်ခဲ့တော့သည်။ အမျိုးသမီးကား နဝေတိမ်တောင်နှင့် ဖြစ်နေ၏။
ကြောက်စရာကောင်းလှသော ရန်သူကား အသူနည်း။ သူမ၏ စိတ်ပြောင်းအရိုးအော်ကာရီနားပင် အသုံးမဝင်ပဲ ဖြစ်သွားရအောင် ရန်သူသည် ဘာမို့လို့ပေနည်း။
စက္ကန့်ပိုင်းအတွင်းမှာပင် စုချန်းသည် အမျိုးသမီး၏ လည်မြိုက်ို ဖမ်းဆုပ်ပြီး ဖြစ်နေ၏။ ထို့နောက် စုချန်းက မေးလိုက်သည်။
"မင်း အခု ကောင်းကောင်းဖြေတော့မလား"
အမျိုးသမီးက ပါးစပ်ကို ကျယ်လောင်စွာဟလိုက်က်ရာ အားကောင်းသော စိတ်ဝိညာဥ်စွမ်းအားများ စုချန်းဆီသို့ တိုးဝင်လာ၏။ တဆက်တည်းမှာပင် သတ်ဖြတ်သူအမျိုးသမီးက စုချန်း၏ ဝမ်းဗိုက်အား ဒူးနှင့်တိုက်ကာ လည်မြိုကိုလည်း ခုန်အုပ်ကိုက်ခဲရန် ကြိုးစားလိုက်သည်။
စုချန်းကား ထ်ိုတိုက်ခိုက်မှုကို အနည်းငယ်မျှ ဂရုမစိုက်။ သူက အမျိုးသမီး၏ ခြေထောက်အား လက်ဝါးနှင့်ရိုက်ချက်လိုက်သည်။ စုချန်း၏ လက်ဝါးအားကြောင့် အမျိုးသမီး၏ ခြေထောက်သည် မြေကြီးအတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်သွားလေသည်။ ထို့နောက် စုချန်းသည် ခေါင်းကို အောက်သို့ငုံ့လိုက်၏။ သူ့ပုံစံမှာ သတ်ဖြတ်သူအမျိုးသမီးအား နမ်းရှုပ်ရန် ကြိုးစားလိုက်သည့့် ဟန်ပင်။
သတ်ဖြတ်သူအမျိုးသမီးကို ခေါင်းကိုနောက်သို့လှန်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်တွင် စုချန်းက သူမ၏ ပါးစပ်အား ကိုက်ခဲလိုက်လေပြီ။
"အား"
သတ်ဖြတ်သူအမျိုးသမီး နာကျင်စွာ အော်ဟစ်လိုက်၏။
သူမ၏ အောက်နှုတ်ခမ်းကား စုချန်း၏ ကိုက်ခဲမှုကြောင့် စုတ်ပြဲသွားခဲ့လေပြီ။
သူ့ပါးစပ်အတွင်းမှ သွေးများကို ထွီခနဲ ထွေးထုတ်ပြီး စုချန်းက ပြောလိုက်သည်။
"မင်းက ကိုက်တာကြိုက်တယ်ဆိုတော့ ကျုပ် ကိုက်ပေးရမှာပေါ့ မင်းတို့သတ်ဖြတ်သူတွေဟာ နေရာတကာမှာ ပါးစပ်က်ို သုံးချတာပဲကိုး တကယ်တော့ ပါးစပ်ဆိုတာ စားဖို့သောက်ဖို့အတွက်ပဲကွ ဒါပေမဲ့ မင်းအသားက ပုပ်စော်နံလွန်းတယ် ကျုပ် မကြိုက်ဘူး"
သတ်ဖြတ်သူအမျိုးသမီးသည် ရှုးရှူးရှဲရှဲ ဖြစ်လာပြီး မာန်ဖီလိုက်၏။
စုချန်းက သူမအား လက်သီးနှင့် ဆုံးမပေးလိုက်ပြီး ပြောလိုက်ပြန်သည်။
"ကျုပ်ရန်သူတွေ ခေါင်းမာတဲ့အခါ ကျုပ် ပိုပြီး သဘောကျတယ် ဘာကြောင့်လဲဆိုတော့ သူတ်ို့ခေါင်းမာလေလေ ကျုပ် ပိုပြီး ကြမ်းနိုင်တာကြောင့်ပဲ ကျုပ်ကြားဖူးသလောက် သတ်ဖြတ်သူတွေဟာ အရိုးမာတယ် လွယ်လွယ်နဲ့ မသေနိုင်ဘူးတဲ့ ဒါပေမဲ့ ကျုပ်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ ဒါ မှားတယ် သက်ရှိတိုင်းဟာ သေရမှာကို ကြောက်ကြတာချည်းပဲ သတ်ဖြတ်သူတွေဟာလဲ သက်ရှိပဲ ဒါကြောင့် သေရမှာကို ကြောက်မှာပဲ ဒါပေမဲ့ သေမှာမကြောက်တဲ့ အရိုးမာတဲ့ သတ်ဖြတ်သူတချို့ ရှိကောင်းရှိနိုင်တယ် ဒီတော့ မင်းကော အရိုးဘယ်လောက်မာသလဲ"
"မင်းထင်ထားတာထက်တောင် မာသေးတယ်"
သတ်ဖြတ်သူအမျိုးသမီးက ပြန်အော်လိုက်၏။
စုချန်း တဟဲဟဲ ရယ်မောလိုက်သည်။
"ကျုပ်လဲ ဒီလိုဖြစ်ဖို့ မျှော်လင့်နေတာပဲကွ"
စကားဆုံးသည်နှင့် စုချန်းသည် သတ်ဖြတ်သူအမျိုးသမီးအား မြေကြီးပေါ်မှ ဆွဲမပြီး ၎င်း၏ အရိုးများ၊ အဆစ်များကို ဆွဲဖြုတ်လိုက်၏။ ထို့နောက် ၎င်း၏ တကိုယ်လုံးသို့ မူလစွမ်းအင်များ စီးဆင်းစေပြီး မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်လေသည်။
လိုအပ်သည်များကို ကြိုတင်ကာကွယ်ပြီးသည်နှင့် စုချန်းသည် အမျိုးသမီး၏ ကိုယ်ခန္ဓာအား ကြံ့ကြီးပေါ်သ်ို့ ပစ်တင်ရင်း ပြောလိုက်၏။
"ခုကစပြီး မင်းဟာ ကျုပ်ရဲ့ကျေးကျွန် သုံ့ပန်း အစမ်းသပ်ခံ ဖြစ်သွားပြီး မင်းအနေနဲ့ မင်းရဲ့ပြတ်သားမှုကို ထိမ်းသိမ်းပြီး ကျုပ်မေးသမျှ မဖြေပဲနေနိုင်ဖို့ မျှော်လင့်တယ် ဘာကြောင့်လဲဆိုတော့ အဖြေတွေကို ကျုပ်ကိုယ်ကျုပ် ကိုယ်တိုင်ရှာဖွေရတာကို ကြိုက်လို့ပဲ"
ထို့နောက် စုချန်းသည် ကျန်သတ်ဖြတ်သူများကိုပါ စုစည်းပြီး ကြံ့များပေါ်သို့ ပစ်တင်လိုက်၏။ ထို့နောက် ကြံ့အုပ်က််ို ထိန်းကျောင်းပြီး ထိုနေရာမှ စုချန်း ထွက်ခွာလာခဲ့လေသည်။ ဆေးပုလင်းမျှနှင့် ကြံ့များကို ထိန်းချုပ်နိုင်သော စုချန်း၏ စွမ်းရည်က်ိုကြည့်ပြီး သတ်ဖြတ်သူအကျဥ်းသားများ အတော်ပင် ထိတ်လန့့်ကုန်ကြ၏။
အချိန်အနည်းငယ်အတွင်း ကွင်းပြင်သည် ရှင်းလင်းသွား၏။ အချိန်တခုကြာသည်အထိ သတ်ဖြတ်သူစစ်သားများ ပျောက်ကွယ်သွားသည်ကို မည်သူမှ သတ်ိိထားမိလိမ့်မည်မဟုတ်။ တဖန် စုချန်းသည် သူ့ကိုယ်သူ သတ်ဖြတ်သူတဦးအဖြစ် ရုပ်ဖျက်ထားလိုက်၏။ တခုခုမှားယွင်းနေကြောင်း သတ်ဖြတ်သူများ သဘောပေါက်သွားသည့့်အချိန်တွင် စုချန်းတယောက်က် ကီလိုမီတာပေါင်းများစွာ ဝေးကွာရာအရပ်သို့ ရောက်ရှိပြီး ဖြစ်ပေလိမ့်မည်။
လေပြင်းချိုင့်ဝှမ်း။
၎င်းသည် ဟာဗေးလွင်ပြင်အလယ်တွင် တည်ရှိသည့့် ချိုင့်ဝှမ်းငယ်လေး ဖြစ်သည်။
မ်ိုးသဲသဲမဲမဲ ရွာနေ၏။
သို့သော် သည်းသည်းထန်ထန် ရွာနေသော မ်ိုးရေစက်များသည် သတ်ဖြတ်သူစစ်သားများ၏ နှလုံးသားအတွင်းရှိ အကြောက်တရားကို သန့်စင်အောင် ဆေးကြောပစ်နိုင်စွမ်းမရှိ။
"အား ငါ့က်ို ချမ်းသာပေးပါတော့ မင်းသိချင်တာမှန်သမျှ ပြောပါတော့မယ်"
ချိုင့်ဝှမ်းအတွင်း ကြောက်လန့့်တကြားအော်ဟစ်သံများ အဆက်မပြတ် ပေါ်ထွက်နေ၏။
"တောင်းပန်ပါတယ်ကွာ မင်းပြောတာ ငါ့အတွက် ဘာတန်ဖ်ိုးမှ မရှိဘူးကွ"
ပြောပြောဆိုဆ်ို စုချန်းသည် သတ်ဖြတ်သူစစ်သားအား ၎င်း၏ ရှေ့မှာပင် ခုတ်ထစ်လှီးဖြတ်လိုက်သည်။
သတ်ဖြတ်သူတဦးအား ခွဲစိတ်ခြင်းမှာ စုချန်းအတွက် ဤတကြိမ်သည် ပထမအကြိမ် မဟုတ်တော့။ ရွှေရေအပျက်အစီးသိုက်အတွင်းဝယ် အလားတူအမှုမျိုးအား သူ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ သို့သော် ၎င်းမှာ အတိတ်ကာလက ဖြစ်သည်။ လက်ရှိ စုချန်း၏ အသိပညာမှာ ယခင်ကဲ့သို့ မဟုတ်တော့။ များစွာ တိုးတက်နေခဲ့လေပြီ။ သူ စမ်းသပ်ကြည့်ချင်သည့် အသစ်အဆန်းခွဲစိတ်မှုများစွာလည်း ရှိနေ၏။
အထူးသဖြင့် လူသားတဦးအပေါ် လုပ်ဆောင်ရန် မသင့်လျော်သည့် စမ်းသပ်မှုများပင် ရှိနေ၏။ ယခုတော့ ထိုစမ်းသပ်မှုများအား လုပ်ဆောင်ရန် အခွင့်အရေးက စုချန်းလက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေပြီ။
သတ်ဖြတ်သူစစ်သား၏ ဝမ်းဗိုက်က်ိုဖွင့်ပြီးသည်နှင့် စုချန်းသည် အထဲသို့ ဆေးရည်တချို့ လောင်းချလိုက်၏။ ဆေးရည်ဝင်သွားသည်နှင့် သတ်ဖြတ်သူစစ်သား၏ တကိုယ်လုံး တွန့်လိမ်ကောက်ကွေးလာပြီး အူသည်းလှိုက်သည်း ထအော်တော့သည်။ ဆေးရည်၏ အစွမ်းကြောင့် သတ်ဖြတ်သူစစ်သား၏ အူသိမ်အူများအားလုံး အရည်ပျော်သွားခဲ့လေပြီ။
နောက်ဆုံးတွင် သတ်ဖြတ်သူစစ်သား ငြိမ်သက်သွား၏။ ၎င်း၏ ဝမ်းဗိုက်အတွင်းရှိ အူများအားလုံးလည်း အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။
"နတ်ဆိုး ဒီကောင် လူမဟုတ်ဘူး နတ်ဆိုးပဲ"
ကျန်သတ်ဖြတ်သူစစ်သားများကား ကြောက်လန့်တကြားနှင့် အော်ဟစ်င််ိုကြွေးကြတော့၏။
"မင်းတို့ဟာ ငါတို့နယ်စပ်က်ို ဖြတ်လာတယ် ကိုယ်ဝန်ဆောင်မိန်းမတွေကို သတ်တယ် ကလေးတွေကို ခေါင်းဖြတ်တယ် ဒီအတွက် ဝဋ်လည်တာပဲကွ"
စုချန်းက အေးဆေးတည်ငြိမ်သောလေသံနှင့် ပြောလိုက်သည်။
"ငါပြောတာကို မင်းတို့ ယုံကြစမ်းပါ ငါ အခုလုပ်နေတာဟာ မင်းတို့ လုပ်ခဲ့သလောက် မဆိုးသေးဘူး ပြီးတော့ ငါ့မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တခုတောင် ရှိနေသေးတယ် စစ်ပွဲကြီးတခုလုံးက်ို အဆုံးသတ်သွားစေမဲ့ ရည်ရွယ်ချက်မျိုးပေါ့ကွာ"
"မင်း ဘာက်ိုလိုချင်နေတာလဲ"
သတ်ဖြတ်သူခေါင်းဆောင်အမျိုးသမီးက တုန်တုန်ယင်ယင်နှင့် မေးလိုက်၏။
သူမ၏ နာမည်မှာ ရိန်နာဖြစ်သည်။
လက်ရှိတွင် ရိန်နာ ခေါင်းမမာရဲတော့။ စုချန်းအား အကြီးအကျယ် ကြောက်သွားခဲ့လေပြီ။
"သတ်ဖြတ်သူတွေအပေါ်မှာပဲ သက်ရောက်မဲ့ ဆေးတမျိုးကို ငါ ရှာနေတာ"
စုချန်း၏ စကားကို ရိန်နာ နားမလည်။
စုချန်းက ဆက်လက်ရှင်းပြလ်ိုက်သည်။
"သတ်ဖြတ်သူတွေအပေါ်မှာပဲ သီးသန့်သက်ရောက်မဲ့ အဆိပ်တမျိုးကို ငါရှာနေတာ ဒါက်ိုသာ အောင်မြင်သွားရင် သတ်ဖြတ်သူ ထောင်သောင်းချီကို ဆေးတပုလင်းတည်းနဲ့ ရှင်းပစ်နိုင်လိမ့်မယ်"
ဘာ....
ရိန်နာအပါအဝင် သတ်ဖြတ်သူတိုင်း ကျက်သေသေသွားတော့၏။
စုချန်းက ရယ်ကျဲကျဲနှင့် ပြောလိုက်ပြန်သည်။
"ဒါနဲ့သာဆိုရင် မင်းတို့သတ်ဖြတ်သူတွေက်ို ရှင်းပစ်ဖို့ ငါတို့လူသားတွေ လက်ညစ်ပတ်ခံနေစရာ မလိုတော့ဘူးပေါ့ကွာ ငါ့အထင် အဆိပ် ဆယ်ပုလင်းလောက်ဆိုရင် မင်းတို့တွေ အကုန်မျိုးသုဥ်းကုန်မှာပဲ ကဲ ဒါက်ိုမြင့်မြတ်တဲ့တီထွင်မှုလို့ မဆိုနိုင်ပေဘူးလား"
***