ထူးဆန်းသောစနစ်
Vol. 62 Ch. 612
စုချန်း၏ လေသံမှာ သာမာန်မျှသာ ဖြစ်သည်။ သတ်ဖြတ်သူမျိုးစ်ိတ်တခုလုံးအား ရှင်းထုတ်ပစ်မည့်အရေးကို ထမင်းစားရေသောက်ကဲ့သို့ သူ ပြောနေ၏။
ထိုအထဲတွင် ၎င်းမျက်နှာပေါ်ရှိ မပွင့်တပွင့်အပြုံးနှင့် ထည့်ပေါင်းလိုက်သောအခါ စုချန်းအား နတ်ဆိုးတကောင်ပမာ ရိန်နာ ခံစားလိုက်ရသည်။ ကြောက်ရွံ့မှုကြောင့် သူမ၏ တကိုယ်လုံး တုန်ခါလာ၏။
သူမ သွေးရူးသွေးတန်းနှင့် ထအော်လိုက်သည်။
"မင်း ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး အခုရော နောင်ရော မအောင်မြင်စေရဘူး"
စုချန်း ယခင်ပုံစံအတိုင်း ပြုံးရင်း အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"တကယ်တော့ ကျုပ် အောင်မြင်သွားပြီကွ"
ဘာ...
သတ်ဖြတ်သူတိုင်း ကြောင်အန်းအန်း ဖြစ်သွား၏။
တဖန် စုချန်းသည် ဆေးပုလင်းတလုံးကို ဆွဲထုတ်ရင်း အူများအားလုံး အရည်ပျော်သွားသော သတ်ဖြတ်သူကို ညွှန်ပြကာ ပြောလိုက်သည်။
"ဒီဆေးက သူ့ဗိုက်ထဲ ထည့်လိုက်တဲ့ ဆေးနဲ့ အတူတူပဲ ကဲ မင်းတို့ ကြည့်ထားကြ"
ပြောပြောဆိုဆို စုချန်းသည် သူ့လက်ထဲရှိ ဆေးပုလင်းကို ဂွပ်ခနဲ မော့ချလိုက်တော့သည်။ သတ်ဖြတ်သူတို့ ထိတ်လန့့်တကြားနှင့် စုချန်း၏ အခြေအနေကို စောင့်ကြည့်နေကြ၏။
ဆေးရည်ကား စုချန်းအပေါ်တွင် မည်သည့်သက်ရောက်မှုမှ ရှိဟန်မတူ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"မဖြစ်နိုင်ဘူး"
"ဘယ်လိုမှ မဖြစ်နိုင်ဘူး"
သတ်ဖြတ်သူအကျဥ်းသားများအားလုံး တယောက်က်တပေါက်နှင့် ပြောဆိုကြတော့သည်။
ထိုစဥ် ရိန်နာက စုချန်းအား ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီဆေးကိုသုံးဖို့ ကန့်သတ်ချက်တချို့ ရှိနေတုန်းပဲ မင်း လွယ်လွယ်နဲ့ ငါတို့အားလုံးကို ရှင်းပစ်လို့မရပါဘူးလေ"
"မင်းပြောတာ မမှားဘူး ဒီအဆိပ်ရဲ့ ပြသနာက ပျံ့ပွားနှုန်း နှေးတယ် ဒီတော့ အဆိပ်ပမာဏအများကြီး လိုအပ်တယ် တခြား ဖြေရှင်းရမဲ့ ပြသနာတွေလဲ အများကြီး ကျန်နေသေးတယ် ဒါပေမဲ့ ဘာပြောပြော သတ်ဖြတ်သူတိုင်းကို ရှင်းပစ်နိုင်မဲ့ အဆိပ်ရဲ့ ကနဦးပုံစံကိုတော့ ကျုပ် ရထားပြီးပြီ ဒါကို နောင်မှာ ဒီထက်မက တိုးတက်အောင် လုပ်သွားနိုင်မယ်လို့ ကျုပ် ယုံကြည်တယ်"
"တောင်းပန်ပါတယ် သုတေသန ဆက်မလုပ်ပါနဲ့တော့"
ရိန်နာက မျှော်လင့်ချက်ကင်းမဲ့ဟန်ဖြင့် တောင်းပန်လိုက်သည်။
စုချန်း ဖမ်းဆီးခြင်းခံလိုက်ရတုန်းက သေရမည်ကို သူမ လုံးဝ ကြောက်ခဲ့သည်မဟုတ်။
ယခုတော့ ရိန်နာ အကြီးအကျယ် ကြောက်နေခဲ့လေပြီ။ မတော်၍များ စုချန်း၏ တီထွင်မှု အောင်မြင်သွားပါက သူမတို့ မျိုးစိတ်တခုလုံး ပျက်သုန်းရတော့မည် မဟုတ်ပါလား။
ကျန်သတ်ဖြတ်သူစစ်သားများသည်လည်း တစ္ဆေသရဲတကောင်ကို အရှင်လတ်လတ် တွေ့လိုက်ရဟန်ဖြင့် စုချန်းအား စိုက်ကြည့်နေကြ၏။
စုချန်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
"ကျုပ်ရဲ့သုတေသနကို ရပ်ပစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ ကျုပ်မှာ အကျင့်ဆိုးတခုရှိတယ် အဲဒါက ဘာလဲဆိုတော့ ကျုပ်ဟာ အာရုံထွေပြားတတ်ပြီး မျက်စေ့ရှေ့ မြင်ရသမျှကို စူးစမ်းတတ်တာပဲ ကျုပ် စိတ်အာရုံကို ဖမ်းစားနိုင်မဲ့ တခုခုများ တွေ့ရင်တော့ ကျုပ်ရဲ့သုတေသနကို ခနတဖြုတ် ဆိုင်းငံ့ရင် ဆိုင်းငံ့ထားမှာပေါ့လေ"
စုချန်း၏ စကားကို ရိန်နာ ချက်ချင်း နားလည်လိုက်၏။
ထိုအခါ သူမက စုချန်း၏ ရှေ့တွင် ဒူးထောက်ရင်း ပြောလိုက်လေသည်။
"အရိုးနတ်ဆရာရိန်နာက လူသားပညာရှိကို နှုတ်ဆက်ပါတယ် မင်း သိချင်တာမှန်သမျှကို ပြောပြပါတော့မယ်"
"မင်း ပြောပြမဲ့အထဲမှာ အရိုးနတ်ပညာနဲ့ ပတ်သက်တဲ့ အသိပညာတွေကော ပါသလား"
ရိန်နာ တုန်တုန်ယင်ယင်နဲ့ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ပါပါတယ်"
စုချန်း အားရပါးရ ရယ်မောလိုက်လေသည်။
ထို့နောက် သတ်ဖြတ်သူအဆိပ်စမ်းသတ်နေခြင်းကိုလည်း စုချန်း အမှန်တကယ်ပင် ရပ်ထားလိုက်၏။
တကယ်တော့ သတ်ဖြတ်သူများအားလုံးကို ရှင်းပစ်နိုင်မည့် အဆိပ်တမျိုးဖန်တီးရန် ကြိုးစားနေခြင်းမှာ မဖြစ်နိုင်သည့်အရာကို အိပ်မက်မက်နေသည်နှင့် အတူတူသာ။
အပြင်ပန်းကကြည့်လျင် စုချန်းအနေနှင့် ထိုအဆိပ်မျိုး ဖန်တီးနိုင်ခဲ့ပြီဟု ယူဆနိုင်စရာရှိသည်။ သို့သော် သတ်ဖြတ်သူတိုင်းအား အဆိပ်သင့်စေရန် လုပ်ဆောင်နိုင်ဖို့ကတော့ များစွာ ခက်ခဲလှ၏။
အတော်များများ၏ စိတ်ထဲတွင် အဆိပ်ဖန်တီးခြင်းသည် ခက်ခဲပြီး အဆိပ်၏ သက်ရောက်မှုအကွာအဝေးကို တိုးမြှင့်ခြင်းကို လွယ်ကူသည်ဟု ယူဆကြလေ့ရှိသည်။ တကယ်တော့ ၎င်းအတွေးအခေါ်မှာ လုံးလုံးကြီး မှားယွင်းနေ၏။ ဆေးတမျိုးဖန်တီးခြင်း၏ နောက်ကွယ်မှ အသေးစိတ်ကျလှသော အချက်များအား ထိုနယ်ပယ်နှင့် မရင်းနှီးသူများအဖို့ နားလည်နိုင်ရန် ခက်ခဲသည်ကတော့ အမှန်ပင်။
ရိန်နာနဲ့ ကျန်သတ်ဖြတ်သူများမှာကား ဆေးပညာအကြောင်းကို နကန်းတလုံးမျှပင် နားမလည်။ ထို့ကြောင့် စုချန်း ပြသလိုက်သော ဆေးစွမ်းကိုကြည့်ပြီး ၎င်းတို့အားလုံး အူသည်းလှိုက်သည်း ကြောက်ရွံ့ကုန်ကြခြင်း ဖြစ်သည်။ တကယ်တော့ စုချန်းတယောက်က် ထိုသုတေသနကို ဆက်လုပ်လျင်ပင် သတ်ဖြတ်သူတိုင်းကို ရှင်းပစ်နိုင်အုံးမည် မဟုတ်။
စုချန်း၏ အန္တိမတ်ရည်ရွယ်ချက်ကလည်း သတ်ဖြတ်သူမျိုးစိတ်များအား ရှင်းပစ်ရန် မဟုတ်။ ဆေးစွမ်းနှင့် ရိန်နာအား ကြောက်ရွံ့စေသည်ဆိုလျင်ပင် လုံလောက်ပေပြီ။
ထို့နောက်တွင်တော့ ရိန်နာသည် စုချန်းနှင့် ပူးပေါင်းလာ၏။ မေးသမျှ မေးခွန်းတိုင်းအား ကောင်းကောင်းမွန်မွန် ဖြေဆိုလာ၏။
အရိုးနတ်ဆရာများ၏ အဆင့်အတန်းအား နားလည်ရန် သတ်ဖြတ်သူများ၏ ယေဘုယျဖွဲ့စည်းပုံကို ဦးစွာ နားလည်ထားရန် လိုအပ်၏။
ခွန်အားကို ဦးစားပေးသော မျိုးစိတ်ဖြစ်၍ သတ်ဖြတ်သူများအား ရက်စက်ကြမ်းကြုတ်သော စစ်သည်တော်များသာ ဖြစ်ကြကုန်၏။ တိုက်ခိုက်ရာတွင်လည်း ၎င်းတို့သည် ကိုယ်ပိုင်ခွန်အားဖြင့်သာ တိုက်ခိုက်တတ်ကြလေသည်။
သို့သော် ခွန်အားသက်သက်နှင့် ၎င်းတို့၏ ပိုင်နက်နယ်မြေကြီးတခုလုံးကို ထိမ်းသိမ်းထားရန် မလုံလောက်သည်ကတော့ အမှန်ပင်။
မူလစွမ်းအင်ကျောင်းတော်သည် သတ်ဖြတ်သူများ မှော်ပညာဘက်တွင် ဖွံ့ဖြိုးတိုးတက်လာကြောင်း အကောင်းဆုံး ပြယုဂ်တခုပင် ဖြစ်သည်။ သို့သော် မူလစွမ်းအင်ကျောင်းတော်၏ မူလချီစွမ်းအားပညာရှင်များ ထုတ်လုပ်နိုင်စွမ်းမှာ နိမ့်ပါးလှ၏။ ထို့ကြောင့် သတ်ဖြတ်သူများသည် ၎င်းတို့အင်အားကို ဖြည့်တင်းရန် တခြားနည်းလမ်းများကို စတင်ရှာဖွေလာတော့သည်။
မူလစွမ်းအင်ကျောင်းတော် မပေါ်ပေါက်မီကပင် သတ်ဖြတ်သူများ အားထားခဲ့သည့်မှော်ပညာတမျိုး ရှိနေ၏။ ၎င်းမှာ နတ်ဘုရားဗိမ္မာန်တော်ပေတည်း။
နတ်ဘုရားဗိမ္မာန်တော်ကား တည်ရှိနေခဲ့သည်မှာ ကြာလှပေပြီ။ ဘယ်အချိန်ကတည်းက ရှိနေခဲ့မှန်း မည်သူမှမသိ။ လူတိုင်းကတော့ နတ်ဘုရားဗိမ္မာန်တော်သည် သတ်ဖြတ်သူများ စတင်ပေါ်ပေါက်လာကတည်းက တည်ရှိနေခဲ့သည်ဟု ယူဆထားကြ၏။
သတ်ဖြတ်သူမျိုးစိတ်များ၏ ဖွဲ့စည်းပုံတွင် နတ်ဘုရားဗိမ္မာန်တော်သည် ၎င်းတို့၏ ဦးနှောက်နှင့် တူပေသည်။ ၎င်းတို့၏ တာဝန်မှာကား သတ်ဖြတ်သူဘိုးဘေးများ ဖန်တီးရန်၊ မူလစွမ်းအင်ဖြန့်ဖြူးရန်၊ အသက်ကယ်လုပ်ငန်းများ ဆောင်ရွက်ရန်တို့ပင် ဖြစ်သည်။
ထိုလုပ်ငန်းစဥ်များသည် မှော်ပညာ၊ ဆေးပညာ၊ အသ်ိိပညာ၊ ဆေးမင်၊ စွမ်းအင်များနှင့် နှီးနွယ်နေ၏။
ထိုအထဲတွင်မှ အရ််ိုးမှော်ပညာဟူသည် ဆေးပညာ၊ မှော်ပညာနှင့် စွမ်းအင်ဆိုင်ရာတို့ ပေါင်းစပ်ထားသည့် ပုံစံတမျိုးပင် ဖြစ်သည်။
ကြည့်ရသလောက် သတ်ဖြတ််သူများသည် များပြားလှသော သတ်ဖြတ်သူများအကြားမှ ထူးခြားသူတဦးကို ရွေးထုတ်ကာ အရိုးမှော်ဆရာတဦး ဖြစ်လာစေရန် လေ့ကျင့်ပေးဟန်တူ၏။ အရိုးမှော်ဆရာဖြစ်လာသည်နှင့် ၎င်းသည် သဘာဝလွန်စွမ်းရည်များ ရရှိလာကာ မည်သည့်နေရာတွင်မဆို သဲလွန်စများကို ရှာဖွေလာနိုင်ဟန် တူပေသည်။
စုချန်းကိုယ်တိုင်လည်း ထိုနည်းစနစ်၏ ထူးဆန်းသော သဘောသဘာဝကို အတော်လေး စိတ်ဝင်စားမိသည်မှာ အမှန်ပင်။
ကမ္ဘာကြီး၏ အမှန်တရားကို နားလည်သဘောပေါက်လာမှသာလျင် မ်ိမ်ိ လျှောက်လှမ်းရမည့်လမ်းတလျှောက်ရှိ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖြေရှင်းနိုင်မည် မဟုတ်ပါလား။ မီးခိုးများကဲ့သို့ မရေရာဟု ယူဆရသည့်အရာများ၌ပင်လျင် တိကျသောနိယာမများ ရှိနေတတ်၏။ ထို့ကြောင့် မည်သည့်အရာတွင်မဆို သိပ္ပံနည်းကျဖြေရှင်းချက်များ ရှိသည်ဟု စုချန်းက ယူဆထားလေသည်။ ယုတ်စွအဆုံး သဘာဝလွန်ဖြစ်ရပ်များမှာပင်လျင် သိပ္ပံနည်းကျ ဖြေရှင်းချက်များ ရှိနေတတ်၏။ ၎င်းက်ို လူတို့ နားမလည်နိုင်၍သာ မှော်ပညာဟု နာမည်တပ်လိုက်ကြခြင်း ဖြစ်သည်။
မည်သ်ို့ဆိုစေ စုချန်းသည် ဤထူးဆန်းသော သတ်ဖြတ်သူမှော်ပညာကို လေ့လာရန် အခွင့်အရေး ရခဲ့လေပြီ။ ချက်ချင်းဆိုသလို သူသည် အဆုံးမရှိသော စူးစမ်းမှုများဆီသို့ နစ်မြုပ်သွားတော့၏။
မှော်ပညာဟူသည်ကား ကြောင်းကျိုးမညီညွတ်မှုနှင့် စဥ်ဆက်မပြတ်ပြောင်းလဲမှုများအပေါ်တွင်သာ ပစ်မှတ်ထားကြလေ့ရှိသည်။
ထိုအခါ ပြသနာကို မည်သ်ို့ချည်းကပ်ရမှန်း မတွေးနိုင်ပဲ စုချန်းတယောက်က် အခက်တွေ့ရတော့၏။ သို့သော် စုချန်းကား အခက်အခဲတွေ့လေလေ ပို၍ နားလည်နိုင်ရန် ကြိုးစားလေလေပင်။
သို့သော် မည်သည့်နေရာတွင်မဆို တိကျသော ဖြေရှင်းချက်များ ရှိနေ၍ မိမ်ိအနေနှင့် နားမလည်နိုင်သေး၍သာ ခက်ခဲနေသေးကြောင်း စုချန်းက တထစ်ချပင် ယုံကြည်ထား၏။ အကယ်၍ ရှီကိုင်းဟွမ်၏ အသက်ကိုသာ စိတ်ပူမနေရပါက စုချန်းအနေနှင့် ဂူတဂူတွင်အောင်း၍ အချိန်ကြာမြင့်စွာ သုတေသန လုပ်နေလိမ့်မည်သာ။
နောက်တနေ့မနက်တွင် မ်ိုးစဲသွား၏။
ထိုအခါ စုချန်းသည် အကျဥ်းသားများအားလုံးကိုခေါ်ပြီး ခရီးဆက်လေသည်။
နယ်စပ်နှင့် အတော်လှမ်းလာပြီဖြစ်၍ စုချန်းအနေနှင့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ကို အသုံးပြုနိုင်ပြီ ဖြစ်သည်။
ဤတကြိမ်တွင်တော့ စုချန်းက နေမင်းယာဥ်က်ို အသုံးပြုထား၏။ အကြောင်းမှာ ထ််ိုယာဥ်သည် ပို၍ ကျယ်ဝန်းပြီး ခုံသုံဆယ်ခန့် ဆန့်သောကြောင့်ပင်။ သို့တိုင်အောင် အကျဥ်းသားအရေအတွက်က ပိုများနေသေး၍ စုချန်းသည် သတ်ဖြတ်သူများအား သေလောက်သည့် စမ်းသပ်မှုများ ပြုလုပ်ကာ အရေအတွက်ကို လျော့ချခဲ့ရသေး၏။
ထ်ိုလုပ်ရပ်သည် စုချန်းအပေါ် သတ်ဖြတ်သူများ၏ အကြောက်တရားကို ပို၍ အားကောင်းသွားစေ၏။ ၎င်းတို့၏ အမြင်တွင် စုချန်းကား နတ်ဆိုးတကောင်သဖွယ်ပင်။
***