စစ်တန်းလျားအတွင်း ထိုးဖောက်ဝင်ရောက်ခြင်း
Vol. 62 Ch. 613
ဆယ်ရက်ခန့် ပျံသန်းပြီးသကာလ စုချန်းတယောက်က် သွေးဖုန်ဆိုးမြေသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့၏။
လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် သတ်ဖြတ်သူအစောာင့်တချို့နှင့် ရင်ဆိုင်မိသေးသော်လည်း စုချန်းတယောက်က် အလွယ်တကူပင် ကျော်ဖြတ်လာနိုင်ခဲ့၏။ တခြားသတ်ဖြတ်သူအကျဥ်းသားများမှာကား စုချန်း၏ ထိန်းချုပ်မှုအောက်ဝယ် ငြိမ်ဝပ်ပ်ိပြားစွာ ရှိနေကြသည်။ စုချန်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် တဦးတလေမျှပင် အန်မတုရဲ။
သို့သော် သွေးဖုန်ဆိုးမြေကို ရောက်သည်နှင့် စုချန်းတယောက် ပြသနာတခုနှင့် ဆိုက်ဆိုက်မြိုက်မြိုက် ကြုံတွေ့ရတော့သည်။ ၎င်းမှာ ကောင်းကင်ဘုံလက်သီးတပ်ရင်း နောက်ထပ် ဘယ်ကိုဦးတည်နေမှန်း သူ မသိထားခြင်းပင်။
လင်းဟွာရဲတိုက်မှ ထွက်ခွာခဲ့စဥ်က ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် ဒေါသမီးလျံတောင်တွင် ရှိနေခဲ့သည်ဟု စုချန်း သိထား၏။ သို့သော် ၎င်းတို့သည် တနေရာတွင် ဆယ်ရက်ထက် ပိုမနေ။ ထို့ကြောင့် ၎င်းတို့ မူလနေရာတွင် မရှိတော့သည်မှာ သေချာသလောက် ရှိနေ၏။
ဤအတိုင်းဆိုရင် စုချန်း ဘယ်ကို ခရီးဆက်ရမည်နည်း။
တကယ်တော့ ထိုသို့ ဖြစ်ရခြင်းမှာလည်း သတ်ဖြတ်သူတို့ ရရှိနေသော သတင်းများသည် အမြဲတမ်း နောက်ကျနေခြင်းကြောင့်သာ။ အကယ်၍ သတ်ဖြတ်သူများအနေနှင့် အချိန်နှင့်တပြေးညီ သတင်းများ ရရှိနေပါက ကောင်းကင်ဘုံလက်သီးတပ်ရင်းသည်လည်း ရှင်းလင်းခံရပြီး ဖြစ်ပေလိမ့်မည်။ တဖက်တွင်လည်း ထိုသို့ ဖြစ်နေခြင်းကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းနောက်သ်ို့ လိုက်နေသော သတ်ဖြတ်သူများအဖို့ လိုက်လေဝေးလေ ဖြစ်နေသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် စုချန်းအနေနှင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို မှီလိုပါက သတ်ဖြတ်သူများထက် မြန်မြန်လှုပ်ရှားမှ ရပေလိမ့်မည်။ တနည်းအားဖြင့် သတ်ဖြတ်သူများရှေ့မှ လှုပ်ရှားရပေလိမ့်မည်။
စုချန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းအား အိပ်မက်နယ်ပယ်မှတဆင့် ဆက်သွယ်ရန် ကြိုးစားကြည့်သေး၏။ သို့သော် မည်သူမှ အိပ်မက်နယ်ပယ်အတွင်း ဝင်ရောက်လာခြင်းမရှိကြောင်း သိသာနေသည်။ ၎င်းမှာ ဆန်းတော့မဆန်း။ အိပ်မက်နယ်ပယ်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏ မြေပုံညွှန်းကို ရန်သူ့လက်အတွင်း ထည့်လိုက်သည်နှင့် အတူတူသာ မဟုတ်ပါလား။
"မဖြစ်ဘူး ဒီလိုတော့ စောင့်မနေနိုင်တော့ဘူး ဒီတော့ လောလောဆယ် ငါလုပ်နိုင်တာ သူတို့ ဘယ်သွားမလဲဆိုတာ မှန်းဆပြီး လိုက်ရှာဖို့ပဲ"
သို့သော် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ လားရာကို ခန့်မှန်းလိုပါက စုချန်းအနေနှင့် ၎င်းတပ်ရင်း၏ အခြေအနေနှင့် အိပ်မက်နယ်ပယ်အတွင်း မရရှိနိုင်သည့်အချက်အလက်တချို့ကို သိထားရန် လိုအပ်၏။
ထိုအခါ စုချန်းက သတ်ဖြတ်သူအကျဥ်းသားများအား လှိုဏ်ဂူတခုထဲတွင် ဖမ်းဆီးထားလိုက်ပြီး ထိုကနေ့ ညနေခင်းမှာပင် ထိုနယ်မြေ၏ နယ်ခံစစ်တပ်သို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်တော့၏။
စုချန်း ရောက်ရှိနေသည့် မြို့မှာ ဂေါလိမြို့ ဖြစ်သည်။ ဤမြို့တွင် စခန်းချနေသည့် စစ်သားများသည် မကြာသေးမီက ကောင်းကင်ဘုံလက်သီးတပ်ရင်းအား လိုက်လံရှာဖွေရာတွင် ပါဝင်ဖူး၏။ ထို့ကြောင့် ၎င်းတို့ထံတွင် အချက်အလက်တချို့ ရှိနေမည်မှာ သေချာသည်။
ထို့ကြောင့် စုချန်းက အန္တရာယ်များသော်လည်း စွန့်စားရန် ဆုံးဖြတ်လိုက်ခြင်းပင်။
သတ်ဖြတ်သူများဟူသည် ပင်က်ိုအားဖြင့် စည်းကမ်းမဲ့သူများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့စစ်တပ်မှာ မည်မျှပင် အင်အားကြီးမားနေစေကာမူ လုံခြုံရေးသတိကတော့ ပေါ့လျော့လှ၏။
ယခုလည်း သတ်ဖြတ်သူအစောင့်တဦးသည် ဂိတ်အဝင်တံခါးမှာပင် တာဝန်ပေါ့လျော့စွာနှင့် အိပ်ပျော်လျက်ရှိ၏။ စုချန်းသည် ၎င်းကို စိတ်ပျက်လက်ပျက်ကြည့်ရင်း အလွယ်တကူပင် လောကကြီးနှင့် အဆက်ပြတ်သွားစေလိုက်သည်။ သာမာန်အိပ်ပျော်ခြင်းနှင့် သတိမေ့ခြင်းဟူသည်မှာ တခြားစီပင် မဟုတ်ပါလော။
ထ်ို့နောက် စုချန်းသည် စစ်တပ်၏ ဂိတ်အဝင်တံခါးအား အလွယ်တကူပင် ဖြတ်ကျော်လာခဲ့၏။ စုချန်း၏ ဦးတည်ရာမှာကား စစ်တန်းလျားများ၏ အလယ်ဗဟိုရှိ ရွှေရောင်တဲကြီးဆီသို့ပင်တည်း။
အမှောင်ထုကြောင့် ရွှေရောင်တဲကြီးအနီးသို့ စုချန်း အလွယ်တကူပင် ချည်းကပ်လာနိုင်ခဲ့၏။
သူ့ကုသိုလ်ကံမှာကား အတော်ပင် ကောင်းနေဟန်ရှိသည်။ တဲကြီးအတွင်း၌ ခွေးတကောင်ကြောင်တမြီးမှပင် မရှိ။ စုချန်းသည် စာအုပ်စင်အနီးရှိ များပြားလှသော ကြော်ငြာစာများ ကပ်ထားရာနေရာဆီသို့ တည့်တည့်မတ်မတ်ပင် လျှောက်လာခဲ့လေသည်။
စုချန်းသည် စာရွက်များအား မြန်မြန်ဆန်ဆန်ပင် ဖတ်ရှုလိုက်သည်။ သူ ပထမဆုံး တွေ့လိုက်သောအရာမှာကား ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ တည်နေရာနှင့် ပတ်သက်၍ အစီရင်ခံချက်များပင် ဖြစ်သည်။
မိမ်ိ ရှာဖွေနေသောအရာကို အလွယ်တကူပင် တွေ့လိုက်ရသဖြင့် စုချန်း အတော်လေး ဝမ်းသာသွား၏။
စုချန်း စာရွက်များကို ခပ်မြန်မြန်ပင် ဖတ်ရှုလိုက်သည်။
တကယ်တော့ သတ်ဖြတ်သူများထံတွင် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ တည်နေရာနှင့် ပတ်သက်၍ တိကျသော သတင်းအချက်အလက်မရှိ။ သို့သော် ယေဘုယျမှန်းဆချက်များ၊ အကြမ်းဖျင်းယူဆချက်များကတော့ များစွာ ရှိနေလေသည်။ ထို့ပြင် ၎င်းတို့သည် ကောင်းကင်ဘုံလက်သီးတပ်ရင်း ဘယ်နေရာကို ဦးတည်နေမှန်း သိရှိနိုင်ရန် ရှာဖွေရေးအဖွဲ့များစွာကိုလည်း စေလွှတ်ထားသေး၏။ ဥပမာအနေနှင့် ကောင်းကင်ဘုံလက်သီးတပ်ရင်း ဒေါသမီးလျံတောင်အနီးတွင် ပေါ်ပေါက်မလာခင် ၎င်းတို့သည် ဂွန်ဂါမြို့အနီးရှိ ဒိုင်းယားဝံပုလွေအသိုက်ဆီသ်ို့ ဦးတည်နေကြောင်း စုချန်း သိလာရသည်။
ဂွန်ဂါမြို့အား သွေးဖုန်ဆိုးမြေ၏ ပုလဲဟု တင်စားခေါ်ဝေါ်ကြ၏။ အကြောင်းမှာ ဂွန်ဂါမြို့သည် သွေးဖုန်ဆိုးမြေ၏ ချမ်းသာသည့် မြို့အနည်းငယ်အနက်မှ တမြို့ ဖြစ်နေသောကြောင့်ပင်။ သ််ို့သော် မြို့၏ အတွင်းပိုင်းကျလှသော တည်နေရာအနေအထားကြောင့် အစောင့်အကြပ် သိပ်မရှိလှ။ ထို့ကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် မြို့အား အလွယ်တကူပင် ဖြတ်သန်းသွားနိုင်ခဲ့လေသည်။ ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ လုပ်ရပ်ကား ပြောင်မြောက်လှပေ၏။ နောက်ထပ် စုချန်း တွေ့ရသည်မှာကား ဂွန်ဂါမြို့နှင့် ပတ်သက်သည့် အသေးစိတ်သတင်းအချက်အလက်များပင်တည်း။
တဖန် ကောင်းကင်ဘုံလက်သီးတပ်ရင်း ဂွန်ဂါမြို့မှ လုယက်သွားသော ပစ္စည်းများအနက် အစားအစာနှင့် အရင်းအမြစ်များထက် မြေနှင့်သစ်သား အမျိုးအစား မူလကျောက်တုံးများ ပိုမိုများပြားနေကြောင်း စုချန်း သတိထားမိလိုက်ပြန်သည်။
၎င်းမှာလည်း စုချန်းအား စဥ်းစားစရာများကို ဖြစ်စေ၏။
ဂွန်ဂါမြို့အား မတိုက်ခိုက်မီ ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် မြို့ဆယ်မြို့ကို တိုက်ခိုက်သွားခဲ့သေး၏။ အစီရင်ခံစာတွင် မြို့တမြို့စီ၏ ဆုံးရှုံးမှုများကို စနစ်တကျ မှတ်တမ်းတင်ထားလေသည်။ စုချန်းသည် အချက်အလက်တခုချင်းစီကို အသေးစိတ် ဖတ်ရှုလိုက်၏။
ထိုအခိုက်မှာပင် တဲအပြင်မှ ခြေသံတချို့ကို စုချန်း ကြားလိုက်ရသည်။
ခြေသံရှင်မှာ အတော်ပင် မြန်ဆန်၏။ ကြားလ်ိုက်သည်နှင့် တဲဝသ်ို့ရောက်နေခဲ့ပေပြီ။
ဖျင်တံခါးက်ို တွန်းဖွင့်ဝင်လာသော သတ်ဖြတ်သူစစ်ဗိုလ်ချုပ်သည် စုချန်းကို မြင်သည်နှင့် ထိတ်လန့်တုန်လှုပ်သွား၏။
သတ်ဖြတ်သူဗိုလ်ချုပ်သည် မျက်နှာတွင် အမွှေးအမြင် အတော်လေးထူပြီး ကြေးနီရောင်မျက်လုံးအစုံနှင့် အားကောင်းသော အရှိန်အဝါတမျိုးကို ပိုင်ဆိုင်ထား၏။ တကယ်တော့ သတ်ဖြတ်သူတိုင်းလိုလိုသည် ထိုနည်းအတိုင်းသာ။ ၎င်းတို့အားလုံးသည် ကြွက်သားများ သန်မာတောင့်တင်းပြီး အမူအရာအားဖြင့် ရက်စက်ကြမ်းကြုတ်ကြ၏။
ကျန်သတ်ဖြတ်သူများနှင့် ဗိုလ်ချုပ်အကြား တခုတည်းသော ကွဲပြားနေသည့့်အရာမှာ ပါးသိုင်းမွှေးများပင် ဖြစ်သည်။ သာမာန်သတ်ဖြတ်သူများသည် ပါးသိုင်းမွှေး ထားလေ့မရှိ။
စုချန်းက်ို မြင်သည်နှင့် သတ်ဖြတ်သူဗိုလ်ချုပ်က မျက်လုံးကြီးပြူးရင်း မေးခွန်းထုတ်လိုက်သည်။
"မင်း ဘယ်သူလဲ ဒီထဲကို ဘာဝင်လုပ်တာလဲ"
ဗိုလ်ချုပ်သည် ပထမဆုံးအနေနှင့် မေးခွန်းမျှသာ ထုတ်လာ၏။
၎င်းမှာလည်း စုချန်း ဟန်ဆောင်ထားသည့် ကြောက်စရာပုံပန်းသွင်ပြင်နှင့် ဆိုင်ပေသည်။
စုချန်းက ပြန်ဖြေလ်ိုက်၏။
"ဗိုလ်ချုပ်ကြီးရဲ့ တဲကို သန့်ရှင်းရေးလာလုပ်ရင်း အစီရင်ခံစာတွေက်ို အမှတ်တမဲ့ ဖတ်မိတာပါဗျာ"
စုချန်း၏ စကားသံမှာ အေးဆေးတည်ငြိမ်နေ၏။ သို့သော် သူ့အမူအရာမှာကား နည်းနည်းမှ အသက်မပါ။ဝက်တကောင်ပင် စုချန်း၏ ပုံစံမှာ မရိုးသားဟု သေချာပေါက် ပြောနိုင်ပေလ်ိမ့်မည်။
"ခွေးမသား"
သတ်ဖြတ်သူဗိုလ်ချုပ် ဒေါသတကြီး ဆဲဆိုပြီးစုချန်းအား တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် စုချန်း၏ မျက်လုံးအတွင်းမှ ထူးဆန်းသော အလင်းရောင်တချက် ဝင်းလက်လာပြီး သတ်ဖြတ်သူဗိုလ်ချုပ် နေရာတွင် တွေခနဲ ဖြစ်သွားတော့သည်။
စုချန်းသည် ၎င်းကို လစ်လျုပြီး ရသမျှ အစီရင်ခံစာများကို သိမ်းကျုံးယူငင်လိုက်၏။ မည်သ်ို့ဆိုစေလိုအပ်သမျှ အရာအားလုံး စုချန်း လက်ထဲသို့ ရောက်ရှိလာခဲ့ပေပြီ။
ထို့နောက် တဲအပြင်သို့ စုချန်း လှမ်းထွက်လိုက်၏။ သူ့ခြေလှမ်းများမှာ မြန်လည်းမမြန် နှေးလည်းမနှေးချေ။ တနည်းအားဖြင့် သတ်ဖြတ်သူစစ်တပ်က စုချန်းအတွက် ဘာမှ မဟုတ်သကဲ့သို့ပင်။ ထ်ိုအချိန်မှာပင် တဲအပြင်မှ ဆူဆူညံညံ အသံများကို စုချန်း ကြားလိုက်ရသည်။
သတ်ဖြတ်သူဗိုလ်ချုပ်သည်လည်း သတ်ိိပြန်လည်လာ၏။နိုးထလာသည်နှင့် တပြိုင်နက် သတ်ဖြတ်သူဗိုလ်ချုပ်သည် ဒေါသတကြီးနှင့် အော်ဟစ်လ်ိုက်၏။ များပြားလှသော စစ်သားများသည်လည်း ၎င်းအော်သံကြောင့် ပြေးထွက်လာကြ၏။
သို့သော် စုချန်းကား ထူးဆန်းသော အသံနှင့် ရယ်မောလိုက်ပြီး အမှောင်ထုအတွင်း ပျောက်ကွယ်သွားလေသည်။ သူ့ပုံဖျက်ခြင်းနည်းစနစ်ကြောင့်လည်း စုချန်းသည် အမှောင်ထုထဲတွင် ကောင်းစွာ ပျောက်ကွယ်နေစေနိုင်၏။
ထို့နောက် စုချန်းသည် စစ်တန်းလျားများက်ို နောက်ချန်ထားရစ်ခဲ့ပြီး ဂေါလ်ိမြို့ဆီသို့ ဦးတည်လျှောက်လာခဲ့လေသည်။
သို့သော်ငြားလည်း စစ်တန်းလျားဆီမှ အရိပ်တခုသည် အလွန်လျင်မြန်သောအရှိန်ဖြင့် သူ့ထံသို့ ဦးတည်ပြေးလွှားလာကြောင်းကို စုချန်း မြင်တွေ့လိုက်ရ၏။
သေစမ်း...
စုချန်း ကိုယ့်ကိုယ်က်ို ကြိတ်၍ ကျိန်ဆဲလိုက်သည်။
ကြည့်ရသည်မှာမှာ သတ်ဖြတ်သူများထဲတွင် သူရှိနေခြင်းကို ထောက်လှမ်းနိုင်သူ ရှ်ိနေပုံရနေချေသည် တကား။
သတ်ဖြတ်သူများဟူသည်ကား ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေကြသူများပင်။ ထ််ို့ကြောင့် စုချန်းနောက်သ််ို့လိုက်လာသော သတ်ဖြတ်သူသည်လည်း စစ်ကူခေါ်မလာ။ တဦးတည်းပင် စုချန်းနောက်သို့ လိုက်လာ၏။
စုချန်းနောက်သို့ လိုက်လာသော သတ်ဖြတ်သူသည် မြန်ဆန်လှ၏။ မျက်စေ့တမှိတ်အတွင်း စုချန်းအနီးသို့ ရောက်လာလေသည်။ အနီးသို့ရောက်သည်နှင့် ၎င်းက စုချန်းဆီသို့ ပြင်းထန်အားပါသော လက်သီးတလုံး ပစ်သွင်းလိုက်၏။
စုချန်းက ၎င်းအား စိုက်ကြည့်လိုက်သည်။ သို့သော် ၎င်း၏ ကိုယ်ခန္ဓာမှာ တုန်ခါရုံမျှ တုန်ခါသွားသည်။ သေစေနိုင်သောစုန်းမမှာ ၎င်းအပေါ် သက်ရောက်ခြင်းမရှိ။ ၎င်း၏ လက်သီးမှာလည်း စုချန်းနှင့် ပို၍ နီးကပ်လာ၏။
စုချန်း အံ့သြသွား၏။ ထို့နောက် သူက ရန်သူ၏ လက်သီးအား ရှောင်တိမ်းပြီး တန်ပြန်လက်သီးတလုံး ပစ်သွင်းလိုက်သည်။ သတ်ဖြတ်သူကား စုချန်း၏ လက်သီးကို ရှောင်တိမ်းခြင်းမပြု။ တောင့်ခံပြီး စုချန်း၏ လက်အား တံတောင်နှင့် ထောင်းချလိုက်၏။
***