← Chapters

လမ်းဘေးတိုက်ပွဲ

Vol. 62 Ch. 614

လမ်းဘေးတိုက်ပွဲ

Vol. 62 Ch. 614

စုချန်းသည် လျင်မြန်စွာ နောက်ဆုတ်လိုက်၏။ ထို့နောက် သူက တောင်ခွဲဓားနှင့် တံတောင်တိုးဝင်လာရာလမ်းကြောင်းအား ထောက်ထားလိုက်သည်။

သတ်ဖြတ်သူ၏ တံတောင်သည် တောင်ခွဲဓားအား ပြင်းထန်စွာ ထောင်းချမိပြီး ကျယ်လောင်သော သတ္တုချင်းထိခတ်သံကြီး ထွက်ပေါ်လာ၏။

ကြောက်စရာအင်အားပေတည်း။

သတ်ဖြတ်သူကား နောက်ဆုတ်သွားခြင်းမရှိ။ စုချန်းအား ချက်ချင်းဆိုသလို ခြေထောက်နှင့် လှမ်းကန်လိုက်ပြန်သည်။

ယခုတွင် သူ့အား အဆက်မပြတ် လိုက်လံတိုက်ခိုက်နေသည့် ရန်သူသတ်ဖြတ်သူ၏ ပုံစံအား စုချန်း သဲသဲကွဲကွဲ မြင်တွေ့နိုင်ခဲ့လေပြီ။ အနှီသတ်ဖြတ်သူသည် ငယ်ရွယ်၏။ အသားအရေမှာ မဲနက်နေ၏။ နှုတ်ခမ်းတွင် လက်စွပ်တကွင်းအား အပေါက်ဖောက်၍ တပ်ထား၏။ ၎င်း၏ မျက်နှာတခုလုံးတွင်တော့ ဆေးမင်များနှင့် ပြည့်နှက်နေသည်။ ၎င်း၏ တိုက်ခိုက်မှုမှာ မြန်ဆန်ပြီး ရက်စက်လှသည်။

တကယ်တော့ သတ်ဖြတ်သူမျိုးစ်ိတ်များ၏ ယေဘုယျတိုက်ခိုက်မှုပုံစံက ထိုနည်းအတိုင်းပင်။ အချိန်အများစုတွင် ၎င်းတို့သည် လက်သီး၊ ခြေထောက်များဖြင့် ခပ်ကြမ်းကြမ်း တိုက်ခိုက်လေ့ရှိ၏။ သို့သော် ၎င်းတို့၏ တိုက်ခိုက်မှုတိုင်းလိုလိုတွင် ကြောက်စရာအင်အားများ ပါဝင်နေလေ့ရှိသည်။

စုချန်းက ဘေးသို့ထပ်မံ ခုန်၍ ရှောင်တိမ်းလိုက်ပြန်သည်။ ထိုအခါ သတ်ဖြတ်သူ၏ ခြေကန်ချက်မှာ အနီးရှိ ကျောက်တုံးကြီးကိုသာ ထိမှန်သွား၏။ ပြင်းထန်သော ခြေကန်ချက်ကြောင့် ကျောက်တုံးကြီး ညက်ညက်ကြေသွားတော့သည်။ သတ်ဖြတ်သူကား ကျောက်တုံးကွဲသွားသည်က်ို သတိပင်ထားမိဟန်မတူ။ ချက်ချင်းဆိုသလို စုချန်း၏ မျက်နှာအား လက်သီးနှင့် ထိုးချလိုက်ပြန်သည်။ လက်သီးတွင် ပါဝင်လာသည့် အားလှိုင်းများကြောင့် အနီးအနားရှိ သစ်ပင်များ၊ ကျောက်တုံးများ လွင့်စင်ကုန်၏။

တကယ်တော့ ကြောက်စရာအကောင်းဆုံးအချက်မှာ လက်သီးချက်တွင် ပါဝင်လာသည့် အင်အားပမာဏကြောင့် မဟုတ်။ ယခု စုချန်း ရင်ဆိုင်နေရသည့် သတ်ဖြတ်သူ မဆိုထားနှင့်။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များသည်ပင်လျင် မူလစွမ်းရည်တမျိုးမျိုးကိုသုံး၍ အထက်ပါစွမ်းရည်မျိုးကို ဖော်ထုတ်နိုင်ကြ၏။

စုချန်းအား အမှန်တကယ် ခေါင်းကိုက်စေသည်မှာ ရန်သူသည် မည်သည့်မူလစွမ်းရည်ကိုမှ အသုံးပြုခြင်းမရှိပဲ သာမာန် လက်သီး၊ ခြေထောက်များဖြင့် တိုက်ခိုက်နေသည်ဟူသော အချက်သာ ဖြစ်သည်။

၎င်းမှာ အတော်လေး ကြီးမားသည့် ပြသနာ ဖြစ်သည်။

သာမာန်အားဖြင့် သတ်ဖြတ်သူတဦးနှင့် အနီးကပ်တိုက်ပွဲဆင်နွှဲခြင်းမှာ အတော်လေး ဆိုးရွားသည့် အကြံဖြစ်သည်။ စွမ်းအင်အဆင့်အတန်း အတော်လေး မြင့်မားသော လူသားကျင့်ကြံသူပင်လျင် သတ်ဖြတ်သူနှင့် အနီးကပ်တိုက်ခိုက်ခြင်းကို ရှောင်ကြဥ်၏။

သို့သော် စုချန်းတွင် တခြား ရွေးစရာမရှိ။

လက်ရှိ သူ ရောက်ရှိနေသောနေရာမှာ စစ်တန်းလျားများ၏ အနီးတွင် ဖြစ်သည်။ ထိုအခြေအနေတွင် သူသာ မီးလျံငှက်က်ို သုံးလိုက်ပါက အမှောင်ထုထဲတွင် ဝင်းဝင်းတောက်နေသော အလင်းရောင်က စစ်တန်းလျားများအတွင်းမှ သတ်ဖြတ်သူစစ်သားများကို ဆွဲဆောင်သလို ဖြစ်သွားဖွယ်ရာရှ်ိသည်။

ထို့ကြောင့် စုချန်းသည် ရန်သူ၏ တိုက်ခိုက်မှုများအား ရှောင်တိမ်းပြီး သူတို့နှစ်ဦးကြား အကွာအဝေးကို ထိန်းသိမ်းထားလေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရန်သူသည် ပို၍သာ တိုး၍ တိုက်ခိုက်လာ၏။ ကြာသော် စုချန်း စိတ်ထွက်လာတော့သည်။

"မင်းအဖော်တွေနဲ့ နီးနေတာနဲ့ပဲ မင်း စိတ်တိုင်းကျ တိုက်ခိုက်လို့ရပြီ ထင်နေတယ်ပေါ့ ဟုတ်လား"

စကားဆုံးသည်နှင့် စုချန်း၏ ကိုယ်ခန္ဓာမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ တချိန်တည်းမှာပင် စုချန်းက ရန်သူ၏ ရင်ဝအား လက်ဝါးနှင့် ရိုက်ချလိုက်တော့သည်။

သို့သော် သတ်ဖြတ်သူထံမှထွက်ပေါ်လာသော အလင်းရောင်က စုချန်း၏ လက်ဝါးအား တားဆီးလိုက်၏။ ထို့နောက် ၎င်းက စုချန်း၏ နဖူးအား လက်သီးနှင့် ပြန်ထိုးလိုက်တော့သည်။ ဤတကြိမ်တွင်တော့ စုချန်းက မက်ခ်အကာအကွယ်ကို နှိုးဆွပြီး ရန်သူ၏ လက်သီးကို ခုခံလိုက်၏။ ထို့နောက် ရန်သူ၏ ဝမ်းဗိုက်အား ဒူးနှင့်တိုက်ချလိုက်တော့သည်။ ဒူးချက်ကြောင့် သတ်ဖြတ်သူ နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်သွား၏။ သို့သော် အကာအကွယ်ဆေးမင်များ ရှိနေခြင်းကြောင့် ၎င်း မည်သည့်ဒဏ်ရာမှ မရလိုက်။ စုချန်းသည်လည်း မက်ခ်အကာအကွယ်ကြောင့် ထိခိုက်ခြင်းမရှိလိုက်။

ရန်သူတော်နှစ်ဦးသည် လူချင်းကွဲသွားသည်နှင့် တပြိုက်နက် ချက်ချင်းဆိုသလို တဦးရှိရာသို့ တဦး ခုန်ဝင်ပြီး လက်သီး၊ တံတောင်၊ လက်ဝါး၊ ဒူး စသည်တို့ဖြင့် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကြပြန်သည်။ အလယ်အလတ်အဆင့် ချီစွမ်းအားပညာရှင်နှစ်ဦးကား မည်သည့်မူလစွမ်းအင်မှ မသုံးပဲ လမ်းဘေးမှ သာမာန်သိုင်းသမားများကဲ့သို့ တိုက်ခိုက်နေကြ၏။ သို့သော် ၎င်းတို့၏ တိုက်ကွက်တိုင်းသည် ကြမ်းတမ်း၏။ ရက်စက်၏။ ကြောက်စရာကောင်းလောက်အောင်မြန်ဆန်၏။

ဝုန်း!!! ဝုန်း!!!

ရန်သူနှစ်ဦး လူချင်းကွဲသွားပြန်သည်။ ဤတကြိမ်တွင်တော့ စုချန်း၏ မူလစွမ်းအင်အကာအကွယ်မှာ အက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ စုချန်း၏ ခြေထောက်အစုံမှာလည်း ဒယိမ်းဒယိုင် ဖြစ်သွား၏။ ထိုအချိန်တွင် သတ်ဖြတ်သူစစ်သားသည် ရှေ့သို့ ခုန်ဝင်လာပြီး စုချန်းအား နောက်တကြိမ် တိုက်ခိုက်လိုက်ပြန်၏။ ထိုတိုက်ခိုက်ပုံမှာ တိမ်တိုက်ကျားသစ်နှင့် တူလှသည်။ သို့သော် တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်မှုထက် ပို၍ ပြင်းထန်၏။ ပို၍ ရက်စက်၏။ စုချန်းကလည်း လက်နှစ်ဖက်ကို ယှက်ကာ ရန်သူ၏ တိုက်ခိုက်မှုအား တားဆီးလိုက်သည်။ သ်ို့သော် တဖက်ရန်သူ၏ တိုက်ခိုက်မှုမှာ အားပါလှပေရာ စုချန်းအနေနှင့် အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိလိုက်။ စုချန်း၏ ပါးစပ်ထဲမှ သွေးများ ပွက်ခနဲ အန်ထုတ်လိုက်လေသည်။

သူ့နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးများကို သုတ်ရင်း စုချန်းက ပြောလိုက်၏။

"ကောင်းပြီ မင်းတကယ်ပဲ အားကြီးပါပေတယ်"

စုချန်းတွင် ကိုယ့်ကိုယ်ကို ကာကွယ်ရန် မရဏရေညှိမျှင်၊ မက်ခ်အကာအကွယ်နှင့် အက်ဒမန်တင်းကိုယ်ခန္ဓာတို့ ရှိနေ၏။ သို့သော် ထိုအရာများအားလုံး ရန်သူ၏ တိုက်ခိုက်မှုကို အလုံးစုံ ကာကွယ်နိုင်ခြင်း မရှိခဲ့။ ရန်သူသတ်ဖြတ်သူအား အမှန်တကယ် အင်အားကြီးမားလှကြောင်း သိသာနေခဲ့လေပြီ။

စုချန်း ရရှိလိုက်သော ဒဏ်ရာများမှာ ဘာမှမပြင်းထန်လှ။ သို့သော် ထ်ိုအခြေအနေက်ိုပင် စုချန်းအဖို့ လက်ခံရခက်ခဲနေလေသည်။

စုချန်းသည် အက်ဒမန်တင်းကိုယ်ခန္ဓာနည်းစနစ်နှင့် ပျံသန်းနေသောလေနည်းစနစ်နှစ်ရပ်လုံးကို လေ့ကျင့်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်ခန္ဓာသည် သာမာန်လူသားများထက် များစွာ သန်မာ၏။ သို့သော် သတ်ဖြတ်သူနှင့် ယှဥ်လ််ိုက်ပါက သူသည် ကြက်ကလေးတကောင်ကဲ့သို့ အားနည်းသွားချေသည်တကား။ ထို့ပြင် သူ့တွင် မှော်အကာအကွယ်နှင့် ကာကွယ်ရေးကိရိယာများ ရှိနေသေး၏။ သို့တိုင်အောင် သူ ရန်သူ၏ တိုက်ခိုက်မှုက်ို ခုခံနိုင်စွမ်း မရှိခဲ့ချေ။ ထိုအခြေအနေကို စုချန်းကဲ့သို့ မာနကြီးသူက အဘယ်မှာ လက်ခံနိုင်စွမ်း ရှိမည်နည်း။

သတ်ဖြတ်သူစစ်သားသည် စုချန်းဆီသို့ နောက်တကြိမ် ခုန်ဝင်လာပြန်၏။

"ခွေးမသား"

စုချန်း ဆဲဆိုလိုက်၏။

"လာစမ်း မင်း လာစမ်း"

ထိုအချိန်မှာပင် စုချန်း၏ နောက်ကျောတွင် အရိပ်တရိပ် ပေါ်ပေါက်လာ၏။ တခြားတော့မဟုတ်။ ကမ္ဘာဦးသွေးပုံရိပ်ပင် ဖြစ်သည်။ တဆက်တည်းမှာပင် ကမ္ဘာဦးသွေးပုံရိပ်သည် စုချန်း၏ ကိုယ်ခန္ဓာနှင့် ပေါင်းစပ်သွား၏။ စုချန်း၏ ပင်ကိုယ်ခန္ဓာသည်လည်း ကြီးထွားလာတော့သည်။

၎င်းကိုကြည့်ရင် သတ်ဖြတ်သူစစ်သား ထိတ်လန့်သွား၏။

ထိုစဥ် စုချန်းက ခပ်မာမာပင် စိန်ခေါ်လိုက်သည်။

"မင်း ငါနဲ့ အားချင်းယှဥ်ချင်တာလား လာခဲ့လေ လာစမ်းပါ"

ပြောပြောဆိုဆ်ို သူက သတ်ဖြတ်သူစစ်သားအား လက်သီးနှင့် လှမ်းထ်ိုးလိုက်၏။ သတ်ဖြတ်သူစစ်သားကလည်း လက်သီးနှင့်ပြန်ထ်ိုးလိုက်သည်။ လက်သီးချင်းဆုံအတွေ့ဝယ် အုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သတ်ဖြတ်သူစစ်သား ကြိုးပြတ်သွားသော စွန်ပမာ နောက်သို့ လွင့်စင်သွား၏။

"မှတ်ပလားကွ"

စုချန်း နှစ်ထောင်းအားရဟန်ဖြင့် ခေါင်းတချက်ညိတ်ရင်း ပြောလိုက်သည်။ ထို့နောက် သူက ရှေ့သို့ခုန်ဝင်လိုက်၏။

သတ်ဖြတ်သူစစ်သားကလည်း မခေ။ ချက်ချင်းပင် စုချန်းအား ခြေထောက်နှင့် ကန်ထည့်လိုက်သည်။

ရန်သူ၏ ကန်ချက်ကို စုချန်း ရှောင်တိမ်းရန် မကြိုးစား။ ထိုအစား သူက ရန်သူ၏ ​ခြေထောက်ကို သူ၏ ကြီးမားသော လက်ချောင်းများဖြင့် ဖမ်းချုပ်ရန် ကြိုးစားလိုက်၏။

ထိုအချိန်မှာပင် သတ်ဖြတ်သူစစ်သား၏ ကိုယ်ဆီမှ မြားတစင်း မြန်ဆန်စွာ ထွက်ပေါ်လာသည်။ ၎င်း၏ တက်ိုယ်လုံးရှိ ကွဲပြားခြားနားသော ဆေးမင်ခုနှစ်မျိုးသည်လည်း တောက်ပလာ၏။ သတ်ဖြတ်သူဆေးမင်မှ ပေးနေသော အင်အားများကြောင့် ၎င်း၏ တိုက်ခိုက်မှုသည် ယခင်ထက် များစွာ ပြင်းထန်လာ၏။ ၎င်းဆီမှ ထွက်ပေါ်လာသော အလင်းရောင်များကြောင့် မြင်ကွင်းမှာ ထင်းထင်းကြီး ဖြစ်နေတော့သည်။

"ဟိုမှာဟေ့ ဟိုမှာ"

စစ်တန်းလျားအတွင်းမှ သတ်ဖြတ်သူများကား စုချန်းတို့၏ တိုက်ပွဲကို မြင်တွေ့ပြီး ပြေးထွက်လာကြပြီ ဖြစ်သည်။

အခြေအနေမှာ ရှုပ်ထွေးစပြုလာပြီ ဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် အချိန်ဆွဲ၍ မရတော့။

ထိုအချိန်တွင် စုချန်းဆီမှ ထွက်ပေါ်လာသော အနက်ရောင်အခိုးအငွေ့များသည် သတ်ဖြတ်သူစစ်သား၏ တကိုယ်လုံးသို့ လွှမ်းခြုံသွား၏။ သတ်ဖြတ်သူစစ်သား၏ ဆေးမင်များသည်လည်း လောင်ကျွမ်းကုန်တော့သည်။ ဆေးမင်များ လောင်ကျွမ်းသွားသည်နှင့် တပြိုင်နက် သတ်ဖြတ်သူစစ်သား၏ အင်အားမှာလည်း တဖြည်းဖြည်း လျော့ကျသွား၏။

တဆက်တည်းမှာပင် စုချန်၏ လက်ဝါးက ၎င်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားလေသည်။ ပြင်းထန်လှသော လက်ဝါးရိုက်ချက်ကြောင့် သတ်ဖြတ်သူစစ်သား၏ ရင်ဘတ်ရိုးများ ကျိုးကြေပြီး နှလုံးသားများ အက်ကွဲသွားတော့၏။

ယခုအချိန်ထိ အသက်ပြင်းလှသော သတ်ဖြတ်သူစစ်သားကား မသေနိုင်သေး။ မသဲမကွဲ အော်ဟစ်ပြီး စုချန်းအား လက်သီးနှင့် ပြန်ထ်ိုးလိုက်၏။

သေအံ့လုလု အခြေအနေမှာပင် လက်မလျော့တတ်သော သတ်ဖြတ်သူများပေတကား။

လက်သီးချက်ကြောင့် စုချန်း မသဲမကွဲ အော်လိုက်သည်။ ထ်ို့နောက် သူက ကိုယ့်ကိုယ်ကို ပြန်လည်စစ်ဆေးကြည့်လိုက်၏။

သတ်ဖြတ်သူစစ်သား၏ လက်ချက်ကြောင့် စုချန်း၏ အင်္ကျီတွင် နီရဲသော လက်သီးရာကြီး အထင်းသား မြင်နေရ၏။

ရန်သူ၏ လက်သီးသည် ကမ္ဘာဦးသွေးပုံရိပ်၊ အက်ဒမန်တင်းကိုယ်ခန္ဓာ၊ မရဏရေညှိမျှင်တို့ကို ဖောက်ထွင်းကာ စုချန်းကို ဒဏ်ရာရသွားစေခဲ့ခြင်းပင်။

"အင်း စိတ်စွမ်းအင်တခုတည်းနဲ့ ဘယ်လိုမှ မလုံလောက်ပေဘူးပဲ"

စုချန်း တီးတိုးရေရွတ်လိုက်သည်။

စကားဆုံးသည်နှင့် သူသည် သတ်ဖြတ်သူစစ်သား၏ ဦးခေါင်းအား လက်ဝါးနှင့် ရိုက်ချလိုက်၏။ ထို့နောက် သူသည် သတ်ဖြတ်သူစစ်သားအား ထမ်းပိုးကာ အမှောင်ထုအတွင်း တိုးဝင်ပျောက်ကွယ်သွားတော့သည်။

***

All Chapters