ဝိညာဥ်မဲ့
Vol. 62 Ch. 615
လှိုဏ်ဂူအတွင်း ပြန်ရောက်သည်နှင့် စုချန်းသည် သူ ထမ်းပိုးလာသည့် သတ်ဖြတ်သူစစ်သားအား မြေကြီးပေါ်သ်ို့ ပစ်ချလိုက်၏။
စုချန်း၏ လက်ထဲတွင် အကျဥ်းသားသစ်တဦး ပါလာသည်က်ို မြင်သည်နှင့် ကျန်သတ်ဖြတ်သူအကျဥ်းသားများသည် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။
"ဝိညာဥ်မဲ့ သူ ဝိညာဥ်မဲ့ပဲ"
"ဝိညာဥ်မဲ့ ဟုတ်လား"
စုချန်း မျက်မှောင်ကုတ်သွား၏။
"ဝိညာဥ်မဲ့ဆိုတာ ဒီကောင်ပဲလား ငါရဲ့ သေစေနိုင်သောစုန်းမ ဒီကောင့်အပေါ် မထိရောက်တာ ဒါကြောင့်ကိုး"
အရိုးမှော်ဆရာများကဲ့သို့ပင် ဝိညာဥ်မဲ့သည်လည်း နတ်ဘုရားဗိမ္မာန်တော်မှ မွေးထုတ်လိုက်သူများ ဖြစ်သည်။
သို့သော် ဝိညာဥ်မဲ့များ မွေးထုတ်ထားရခြင်းမှာ လူသားများနှင့် ရင်ဆိုင်ရန်တော့မဟုတ်။ ဝိညာဥ်မျိုးစိတ်များနှင့် ရင်ဆိုင်ရန်သာ ဖြစ်သည်။
မွေးရာပါ စိတ်ဝိညာဥ်စွမ်းအား နည်းပါးလွန်းခြင်းကြောင့် သတ်ဖြတ်သူများသည် စိတ်ဝိညာဥ်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပါက မရှုမလှ ခံစားရလေ့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်ဝိညာဥ်စွမ်းအားကြီးမားသော ဝိညာဥ်မျိုးစိတ်များအား အလွန်ကြောက်ရွံ့ကြသည်။
သမ်ိုင်းတလျှောက်ကို ပြန်ကြည့်လျင် သတ်ဖြတ်သူများနှင့် ဝိညာဥ်မျိုးစိတ်များ ရင်ဆိုင်ခဲ့ဖူးသည့်အကြိမ်မှာ တကြိမ်သာရှိ၏။ သို့သော် ထိုတကြိမ်မျှနှင့်ပင် လုံလောက်သွားခဲ့လေပြီ။ သတ်ဖြတ်သူများအနေနှင့် ဝိညာဥ်မျိုးစိတ်များအား အန္တရာယ်မပြုရဲတော့။
ထိုတိုက်ပွဲတွင် သတ်ဖြတ်သူတပ်ဖွဲ့ သုံးသိန်းခန့်အား ဝိညာဥ်မျိုးစိတ်များဘက်မှ စစ်သားသုံးထောင်တည်းနှင့် ရင်ဆိုင်ခဲ့လေသည်။
သို့သော် ထိုစစ်သားသုံးထောင်သည် သတ်ဖြတ်သူတပ်ကြီးအား အိပ်မက်ဆိုးများ ပေးစွမ်းနိုင်ခဲ့၏။ နောက်ဆုံးသတ် ဝိညာဥ်မျိုးစိတ်များ၏ လှည့်စားမှုကြောင့် သတ်ဖြတ်သူတပ်ဖွဲ့ဝင်များ အချင်းချင်း ပြန်သတ်မိကုန်ကြတော့သည်။ ထိုတိုက်ပွဲသည် သတ်ဖြတ်သူများအဖို့တော့ တကယ့်ကပ်ဘေးကြီးပင်။
ထိုတိုက်ပွဲကြောင့် သတ်ဖြတ်သူများ ပိုင်ဆိုင်သည့်ဝန်လေလှိုဏ်ဂူများအား ဝိညာဥ်မျိုးစိတ်များလက်ထဲသို့ ထည့်ပေးလိုက်ရသည်။ ကံကောင်းသည်မှာ ဝိညာဥ်မျိုးစိတ်များသည် ပိုင်နက်နယ်မြေကို စိတ်မဝင်စား။ ၎င်းတို့ အမှန်တကယ် စိတ်ဝင်စားသည်မှာ စမ်သပ်မှုများ၊ သုတေသနလုပ်ငန်းများသာ ဖြစ်သည်။ ထ်ိုအချက်ကြောင့်လည်း သတ်ဖြတ်သူတပ်ဖွဲ့ဝင်များ အသက်ချမ်းသာရာ ရခဲ့ကြခြင်းပင်။
ထိုနေ့ထိုအချိန်မှစ၍ သတ်ဖြတ်သူများသည် ဝိညာဥ်မျိုးစိတ်များအား အကြီးအကျယ် ကြောက်ရွံ့သွားတော့သည်။ တဖက်တွင်လည်း သူတို့သည် ဝိညာဥ်မျိုးစိတ်များအတွက် အစမ်းသပ်ခံအရင်းအမြစ်ကြီး ဖြစ်နေသည် မဟုတ်ပါလား။
ထို့နောက်တွင်တော့ သတ်ဖြတ်သူများသည် ဝိညာဥ်မျိုးစိတ်များနှင့် ရင်ဆိုင်နိုင်မည့် နည်းလမ်းတခု ရရှိရန် အပြင်းအထန် ကြိုးစားကြတော့သည်။
ဝိညာဥ်မဲ့များသည် ထိုအတွေးအခေါ်အယူအဆကို အခြေခံ၍ ပေါ်ထွန်းလာသူများပင် ဖြစ်ကြလေသည်။
ရရှိထားသည့် အချက်အလက်များအပေါ် အခြေခံသုံးသပ်ပြီးသကာလ ဝိညာဥ်မဲ့များဟူသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ခွင့်မရှိသော သတ်ဖြတ်သူမျိုးစိတ်ဝင်တမျိုးပင် ဖြစ်ကြောင်း စုချန်း သဘောပေါက်သွားတော့သည်။ ၎င်းတို့သည် ၎င်းတို့၏ ပတ်ဝန်းကျင်၊ ကမ္ဘာလောကကြီးတခုလုံးကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်စွမ်းရှိသော်လည်း ထိုအပေါ်တွင် ဘာခံစားချက်မှ မရှိ။ ၎င်းတို့၏ စိတ်ဝိညာဥ်ကား ပျောက်ဆုံးသွားခဲ့လေပြီ။ ထို့ကြောင့် ၎င်းတို့တွင် ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း မရှိသလို ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းလဲ မရှိ။ ၎င်းတို့သ်ိရှိသည့် တခုတည်းသော အရာမှာ တိုက်ခိုက်ရန်ပင်။
တနည်းည်းအားဖြင့် ဝိညာဥ်မဲ့များသည် စိတ်ဝိညာဥ်မရှိ၍ လမ်းလျှောက်နေသော အလောင်းကောင်များနှင့် အတူတူသာတည်း။
စုချန်းနှင့် တိုက်ခိုက်နေစဥ် ၎င်း၏ ပါးစပ်မှာ ညည်းသံလေးတချက်ပင် ထွက်မလာသည်မှာ ၎င်းကြောင့်ပင် ဖြစ်သည်။
ဝိညာဥ်မဲ့များသည် ဟိန်းဟောက်ရုံမှအပ စကားမပြောနိုင်ကြ။
ဝိညာဥ်မဲ့တဦး ပေါ်ထွန်းလာဖို့ကလဲ မလွယ်လှ။ တစုံတဦး၏ စိတ်ဝိညာဥ်ကို ပျောက်ဆုံးစေရန် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများ လိုအပ်သည် မဟုတ်ပါလား။ တဖက်တွင်လည်း ဝိညာဥ်မဲ့တဦး ဖြစ်လာသည်နှင့် ၎င်း၏ အင်အားသည် ထာဝရ ပိတ်လှောင်သွားတော့သည်။ ထပ်မံ တိုးတက်လာစရာ အကြောင်းမရှိတော့။
ထို့ကြောင့် ဝိညာဥ်မဲ့တဦးအား ရှာတွေ့ရန် မလွယ်လှ။ ဝိညာဥ်မဲ့လုပ်မည့်သူအား ရွေးချယ်ရာတွင်လည်း အတော်အသင့်အင်အားကြီးမားပြီး သေဒဏ်အပေးခံရမည့် အကျဥ်းသားများထဲမှသာ ရွေးချယ်လေ့ရှိသည်။ ထို့ပြင် ဝိညာဥ်မဲ့ ဖန်တီးသည့်နည်းလမ်းမှာ အောင်မြင်နိုင်ချေကလည်း နည်းလှ၏။ ဆယ်ဦးလျင် တဦးမျှသာ ကံအားလျော်စွာဖြင့် ဝိညာဥ်မဲ့ ဖြစ်လာလေ့ရှိသည်။
ထို့ကြောင့် ဝိညာဥ်မဲ့များအား ဘယ်တော့မှ တဦးတည်း တွေ့ရလေ့မရှိ။ ၎င်းတို့အား အရေးကြီးပုဂ္ဂိုလ်၏ ကိုယ်ရံတော်များအဖြစ်သာ တွေ့ရလေ့ရှိသည်။ ၎င်းတို့၏ အဓိကတာဝန်မှာပင် စိတ်ဝိညာဥ်နည်းစနစ်များအား ကျွမ်းကျင်သည့် လူသတ်သမားများရန်မှ အရေးကြီးပုဂ္ဂိုလ်အား ကာကွယ်ရန်ပင်။ ထို့ပြင် ဝိညာဥ်မဲ့များတွင် ထူးခြားသောစွမ်းရည်တခုရှိ၏။ ၎င်းမှာ ဝိညာဥ်အမျိုးအစားတိုက်ခိုက်မှုများအား လမ်းလွှဲကာ ၎င်းတို့ကိုယ်ပေါ်သ်ို့ လွှဲပြောင်းပေးနိုင်ခြင်းပင်။
ကြည့်ရသည်မှာည်မှာ စုချန်း ဖမ်းဆီးလာသည့် ဝိညာဥ်မဲ့သည်လည်း သတ်ဖြတ်သူဗိုလ်ချုပ်၏ ကိုယ်ရံတော် ဖြစ်ပုံရသည်။ ထ်ိုအခိုက်အတန့်ဝယ် ဝိညာဥ်မဲ့ အနားတွင် ရှိမနေ၍သာ စုချန်းက သတ်ဖြတ်သူဗိုလ်ချုပ်အား ထိန်းချုပ်လိုက်နိုင်ခြင်းပင်။ သတ်ဖြတ်သူဗိုလ်ချုပ် သတိပြန်ဝင်လာခြင်းမှာလည်း ဝိညာဥ်မဲ့ကြောင့်ပင် ဖြစ်ဖ်ို့များနေ၏။ မိမ်ိ၏ ဗိုလ်ချုပ် တစုံတယောက်၏ ထိန်းချုပ်မှုအောက်သို့ရောက်နေကြောင်း မြင်လိုက်ရသည့်ခနမှာပင် ဝိညာဥ်မဲ့တယောက်က် စုချန်းနောက်သို့ ပြေးလိုက်လာခဲ့ပုံရသည်။
ညအမှောင်ထဲတွင် စုချန်းအား ဝိညာဥ်မဲ့ ရှာတွေ့သွားခြင်းမှာလည်း သိပ်မဆန်းလှ။ ဝိညာဥ်မဲ့များဟူသည် စိတ်ဝိညာဥ်စွမ်းအားမြင့်မားသူများအား ဘယ်လ်ိုအခြေအနေတွင်မဆို ထောက်လှမ်းနိုင်စွမ်းရှိနေသည် မဟုတ်ပါလား။
ယခုတော့ အနှီ ဝိညာဥ်မဲ့သည် စုချန်း၏ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့ပေပြီ။ သတ်ဖြတ်သူများဟူသည် နှလုံးသား နှစ်ခု ရှိကြသူများ ဖြစ်သည်။ ထို့ကြောင့် စုချန်း၏ လက်ချက်ဖြင့် နှလုံးသားတခု ပျက်စီးသွားသည့်တိုင် ဝိညာဥ်မဲ့အနေနှင့် အသက်ရှင်နိုင်သေးသည်။
"ဝိညာဥ်မဲ့ဆိုပါလား....စိတ်ဝင်စားစရာကောင်းလိုက်လေ ငါဟာ အစမ်းသပ်ခံအမျိုးမျိုးကို စမ်းသပ်ဖူးတယ် ဒါပေမဲ့ စိတ်ဝိညာဥ်ပျောက်ဆုံးနေတဲ့ အစမ်းသပ်ခံမျိုးကိုတော့ တခါမှ မစမ်းသပ်ဖူးသေးဘူး ဒီတော့ မင်းက ငါ့ရဲ့ ပထမဆုံး အစမ်းသပ်ခံ ဖြစ်လာရမှာပေါ့ကွာ"
စုချန်း စိတ်လှုပ်ရှားခြင်းကြီးစွာနှင့် ရေရွတ်လိုက်သည်။ ဝိညာဥ်မဲ့၏ အသုံးဝင်မှုအား ချက်ချင်းဆိုသလို သူ အကဲဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းကိုသာ ကျကျနန လေ့လာနိုင်ခဲ့ပါက သူက စိတ်ဝိညာဥ်အကြောင်းအား ယခင်ထက် များစွာ နားလည်လာနိုင်ပေတော့မည် မဟုတ်ပါလား။
"ဒါပေမဲ့ ဒီမတိုင်ခင်တော့ နှလုံးသားတခု ပျက်စီးသွားတဲ့ သတ်ဖြတ်သူတယောက်က်ို ကုသနိုင်အောင် ငါ လုပ်မှဖြစ်မယ်"
စုချန်းက အထက်ပါအတိုင်း ထပ်မံ ရေရွတ်လိုက်ပြန်သည်။
သတ်ဖြတ်သူများဟူသည် နှလုံးသားတခု ပျက်စီးသွားပါက ရုပ်ပိုင်းဆိုင်ရာအရ များစွာ အားနည်းသွားတတ်၏။ စုချန်းအနေနှင့် ဝိညာဥ်မဲ့အား အချိန်ကြာမြင့်စွာ စမ်းသပ်လိုပါက ၎င်း၏ ခံနိုင်ရည်အား တိုးမြှင့်ပေးရန် လိုအပ်ပေသည်။
"သတ်ဖြတ်သူတွေ ခံနိုင်ရည်ပိုရှိလာအောင် သန်မာလာအောင်ပဲ ငါက လုပ်ပေးရအုံးမတဲ့ ရယ်စရာကောင်းလိုက်လေ ဒါပေမဲ့ ကြည့်ရသလောက် ငါ့မှာ တခြားရွေးစရာ မရှိတော့တဲ့ပုံပဲ"
သို့သော် ကောင်းကင်ဘုံလက်သီးတပ်ရင်းအား အရေးတကြီး ရှာဖွေရန် လိုအပ်နေသဖြင့် စုချန်းအနေနှင့် သုတေသနတွင် အချိန်မပေးနိုင်သေး။
ထိုအခါ စုချန်းသည် ဝိညာဥ်မဲ့အား သွေးတိတ်အောင် ကုပေးပြီး သူ ယူလာသော စာရွက်စာတမ်းများအား လှန်လှောဖတ်ရှုလိုက်တော့သည်။
သတ်ဖြတ်သူများ၏ သတင်းစုဆောင်းရေးစနစ်မှာ ရ်ိုးရှင်းပြီး ပေါ့တိပေါ့ပျက် နိုင်လှသည်။ ထို့ပြင် ၎င်းတို့သည် ကောင်းကင်ဘုံလက်သီးတပ်ရင်းထက် ခြေတလှမ်း အမြဲတမ်းနောက်ကျနေသောကြောင့် စာရွက်ပေါ်တွင် မှတ်တမ်းတင်ထားသမျှမှာ ရှီကိုင်းဟွမ်တို့လူစု ရောက်ခဲ့သမျှ နေရာများသာ ဖြစ်နေ၏။ သို့သော် စုချန်းအနေနှင့် ထိုအမှတ်အသားလက္ခဏာများအား အခြေပြု၍ ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ နောက်ခြေလှမ်းအား ခန့်မှန်းရပေလိမ့်မည်။
"သူတို့ မြို့ဆယ်မြို့လောက်က်ို တိုက်ခိုက်ပြီး မူလကျောက်တုံးတွေ ဓားပြတိုက်သွားတယ် သူတို့ ခုထိ အသက်ရှင်နေတာထောက်ရင် သူတို့ခေါင်းဆောင် သိပ်တော်တာ သိသာနေပြီ ဒါကို သူ အကြောင်းပြချက်မရှိပဲ လုပ်မှာမဟုတ်ဘူး ဒါဆိုရင် အကြောင်းပြချက်က ဘာလဲ သူတို့ ဘာလုပ်ဖို့ စဥ်းစားနေတာလဲ"
စုချန်းက အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်သည်။
စုချန်းအနေနှင့် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အစီအစဥ်အား သိရှိလိုပါက ၎င်းတို့၏ ရည်မှန်းချက်ကို ဦးစွာ သိထားရန် လိုအပ်ပေသည်။
၎င်းတို့၏ ရည်ရွယ်ချက်ကလည်း ရှင်းသည်။ လောင်စန်းနိုင်ငံသို့ အရောက်ပြန်ရန်ပင်။
လောင်စန်းနိုင်ငံသို့ အရောက်ာက်ပြန်ရန် ဟူသည်မှာ အပြောလွယ်သလောက် လုပ်ဆောင်ရန် ခက်လှ၏။
ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနှင့် ရွှေရေခံတပ်သို့ ပြန်လည်ရောက်ရှိလိုပါက ဟာဗေးလွင်ပြင်ကို ဖြတ်သန်းသွား၍ ရသည်။ ၎င်းမှာ အရိုးရှင်းဆုံး နည်းလမ်းပင်။ ၎င်းအပြင် ရွှေရေခံတပ်သို့ပြန်ရန် နောက်ထပ် လမ်းသုံးသွယ်လည်း ရှိနေသေး၏။ လမ်းသုံးသွယ်အနက် ပထမလမ်းမှာ သမုဒ္ဒရာကို ဖြတ်ကျော်ပြီး လေကြမ်းချောက်နှင့် ပင်လယ်သေမြို့တော်တို့အား ဖြတ်သန်းကာ ပင်လယ်လူသားတို့၏ နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်သွားရန်ပင်။ ဒုတ်ိယလမ်းမှာ ဝိညာဥ်မျိုးစိတ်များ၏ နယ်မြေဖြစ်သော ဝန်လေလှိုဏ်ဂူများမှတဆင့် သားရဲမျိုးစိတ်နယ်စပ်အား ဖြတ်ကျော်ပြီး လေနီကြမ်းနိုင်ငံအတွင်း ဝင်ရောက်သွားရန် ဖြစ်သည်။ တတိယလမ်းကြောင်းမှာကား ထုံးကျောက်တောင်ကျောမှတဆင့် သားရဲနယ်မြေအား ဖြတ်ကျော်ပြီး တိမ်တိုက်နိုင်ငံအတွင်း ဝင်ရောက်သွားရန်ပင်။
လမ်းကြောင်းတိုင်းလိုလိုသည် အခက်အခဲများ၊ အန္တရာယ်များနှင့် ပြည့်နှက်နေ၏။
ကောင်းကင်ဘုံလက်သီးတပ်ရင်း မူလကျောက်တုံးများ စုဆောင်းနေသည်က်ို ထောက်၍ ပင်လယ်လမ်းကြောင်းကို ရွေးချယ်ထားခြင်းပင် ဖြစ်ရမည်ဟု စုချန်း ယူဆမိသည်။
လေဒဏ်၊ လှိုင်းဒဏ်ကို ခံနိုင်ရည်ရှိပြီး ပင်လယ်ထဲရှိ သားရဲများအား ကာကွယ်နိုင်သော လှေကြီးများအတွက် မူလကျောက်တုံး များစွာ လိုအပ်သည် မဟုတ်ပါလား။
ဤလမ်းကြောင်းကို ရွေးချယ်၍ ရနိုင်သည့် အကောင်းဆုံး အကျိုးကျေးဇူးမှာ ပင်လယ်လူသားများနှင့် လူသားများအကြားတွင် မည်သည့်ပြသနာမှ ရှိမနေခြင်းပင်။
နောက်ထပ် အရေးကြီးသော အကြောင်းပြချက်တခုမှာ သတ်ဖြတ်သူများတွင် မည်သည့်လှေမှ ရှိမနေခြင်းပင်တည်း။
သို့သော် ကောင်းကင်ဘုံလက်သီးတပ်ရင်းတွင်လည်း မည်သည့်လှေမှမရှိ။
လှေမရှိပဲ ကျယ်ပြောလှသော ရေပြင်ကြီးအား သူတို့ မည်သို့ ဖြတ်ကျော်အံ့နည်း။
သို့တည်းမဟုတ် ဤအကြံအစည်သည် ရန်သူများအား အာရုံလွှဲရုံမျှ သက်သက်ပေလော။ ဤအကြံအစည်၏ နောက်ကွယ်တွင် တခြားရည်ရွယ်ချက်တခုခုများ ရှိနေသလော။ သို့တည်းမဟုတ် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် ဖောင်ဖွဲ့လျက် ပင်လယ်ကြီးအား ကျော်ဖြတ်ရန် ကြံစည်နေသလော။
စုချန်းကား အထက်ပါအတိုင်း စဥ်းစားပြီး အတွေးပင်လယ်ထဲတွင် နစ်မြုပ်လျက်ရှိလေ၏။
***