← Chapters

ဦးတည်ချက်

Vol. 62 Ch. 616

ဦးတည်ချက်

Vol. 62 Ch. 616

တစုံတဦး၏ လှုပ်ရှားမှုများအား ခန့်မှန်းရခြင်းဟူသည် ဘယ်တုန်းကမှ လွယ်ကူရိုးရှင်းသော လုပ်ငန်းမဟုတ်ချေ။

အသ်ိိညဏ်မြင့်လာလေလေ ၎င်းတို့၏ လှုပ်ရှားမှုများမှာ ပို၍ ရှုပ်ထွေးပွေလီလာ၏။ ပို၍ လိုက်လျောညီထွေစွာ ပြောင်းလဲန်ိုင်စွမ်း ရှိလာ၏။ ထို့ကြောင့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများအား ခန့်မှန်းဖို့ရာမှာ အတော်ပင် ခက်ခဲလှသည်။

တိုက်ပွဲဗျူဟာများ၊ အစီအစဥ်များအား ကြိိုတင်ခန့်မှန်းဖို့ဟူသည်ကား ပို၍ ပို၍ ခက်ခဲသွားခဲ့လေပြီ။

"ဒီကောင့်ရဲ့ ပင်ကိုယ်စရိုက်က ဘယ်လိုဘယ်ဝါ ဒါကြောင့် ဒီကောင် ဘာလုပ်မှာ ငါသိတယ်" စသဖြင့် တချို့က ပြောလေ့ရှိကြ၏။ ထိုစကားက စစ်စစ်တွေးကြည့်က အတော်ပင် ရယ်ဖွယ်ရာ ကောင်းလှပေသည်။

လူတဦး၏ အကျင့်စရိုက်ကို မူတည်ပြီး ထိုသူ ဘာလုပ်မည်မှန်း ကြိိုတင်ခန့်မှန်းနေပါက သင် မှားသွားပေလိမ့်မည်။ လူဆိုသည်မှာ ခန့်မှန်းရခက်ခဲသည့်သတ္တဝါမျိုးပင် မဟုတ်ပါလား။

အနောက်လိုင်နာရဲတိုက်ဖြစ်စဥ်ကို ပြန်ကြည့်ပါ။ စုချန်းသည် ဆော့ခ်အား ကျူးရှန်းယောင်နှင့်အတူ လက်တွဲတိုက်ခိုက်ရန် ကြံရွယ်ထားခဲ့၏။ တကယ်တမ်းမြေပြင်တွင်တော့ ကျူးရှန်းယောင်က စုချန်းအား ရောင်းစားခဲ့ကြောင်း မြင်တွေ့နိုင်ပေသည်။

ထ်ိုအတွက် သူမ၏ အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ သူမ၏ အကြောင်းပြချက်မှာကား "ကျွန်မ ရှင့်ကို သဘောမကျဘူး" ဟူ၏။

၎င်းကိုကြည့်လျင် လူသားများသည် တချိန်တည်းတပြိုင်တည်းတွင် ခံစားချက်အပေါ် မူတည်၍သော်လည်းကောင်း၊ အချက်အလက်အပေါ် အခြေခံ၍သော်လည်းကောင်း ဆုံးဖြတ်ချက်များ ချမှတ်နိုင်ကြောင်း မြင်တွေ့နိုင်၏။

ထို့ကြောင့် အချက်အလက်အပေါ် အခြေခံသော ခန့်မှန်းချက်များသည် ခံစားချက်အခြေခံ လုပ်ရပ်များကြောင့် ကပေါက်တိကပေါက်ချာ ဖြစ်သွားနိုင်၏။

တနည်းအားဖြင့် ကြိုတင်ခန့်မှန်းချက်မှန်းသမျှသည် အချိန်နှင့်အမျှ လွဲသွားချော်သွားနိုင်သည်သာ။

စစ်မြေပြင်တွင်လည်း မဟာဗျူဟာဆိုင်ရာ လုပ်နည်းကိုင်နည်းများသည် ရန်သူ၏ အကျင့်စရိုက်အပေါ် အခြေပြုကာ တည်ဆောက်ရလေ့ရှိ၏။

ထူးချွန်သော စစ်ဗိုလ်ချုပ်များနှင့် အလည်အလတ် စစ်ဗိုလ်ချုပ်များအကြား ကွဲပြားခြားနားချက်မှာ ထူးချွန်သူများသည် အမှားနည်းပြီး အလယ်အလတ်အဆင့်များမှာ အမှားများခြင်းပင်။

ထို့ကြောင့် သူ ကြိုတင်ခန့်မှန်းသည်မှာ မည်မျှ လွဲချော်သွားနိုင်စေကာမူ စုချန်းကတော့ လုပ်က်ိုလုပ်ရမည်သာ။

ထိုသို့မလုပ်လျင် ကောင်းကင်ဘုံလက်သီးတပ်ရင်းကို စုချန်း ဘယ်တော့မှ ရှာတွေ့နိုင်တော့မည် မဟုတ်။ သူ့အတွက် တခုတည်းသော ရွေးချယ်စရာမှာ သူ့ရှေ့ရှိ အချက်အလက်များအား ကျကျနန ခွဲခြမ်းစိတ်ဖြာရန်ပင်တည်း။

ထ်ိုအခါ စာရွက်က်ို ဖတ်ရှုနေသော စုချန်း၏ မျက်လုံးများသည် တဖြတ်ဖြတ် လင်းလက်နေ၏။ သူ့ဦးနှောက်မှာလည်း အဆက်မပြတ် လှုပ်ရှားနေ၏။

ထိုစဥ် ဟဲမာတောအုပ်မှ လာသော သတင်းတခုအား စုချန်း တွေ့လိုက်ရ၏။ သတင်းအရ တောအုပ်အတွင်းဝယ် အမျိုးအမည်မသ်ိသော ဓားပြတချို့ တွေ့လိုက်ရသည် ဟူ၏။ အမျိုးအမည်မသိသော ဓားပြများဟုသာ ဆိုထားသော်လည်း ထပ်မံတွေ့ရှိရသည့် သဲလွန်စများအရ ၎င်းတို့သည် လူသားစစ်တပ်မှ ဖြစ်နိုင်သည်ဟု သတင်းက ဆိုထားလေသည်။ ပို၍ အရေးကြီးသော သတင်းမှာကား လူသားများသည် ဓားပြတိုက်ပြီးသည်နှင့် တောအုပ်ကြီးအား မီးတင်ရှို့ခဲ့ကြခြင်းပင်။ သို့သော် မီးရှိန်မှာ သိပ်မပြင်းလှ။ သားရဲသတ္တဝါများ မိုးကို ဆင့်ခေါ်လိုက်သည်နှင့် မီးငြိမ်းသွားတော့သည်ဟု သတင်းက ဆိုထားလေသည်။

သို့သော် သတင်းတွင် မပါသည့် အချက်အလက်တချို့ကို စုချန်းကတော့ ရှင်းရှင်းလင်းလင်းပင် မြင်တွေ့လိုက်ရသည်။ ၎င်းမှာ သစ်တုံးအများအပြား ပျောက်ဆုံးနေခဲ့ခြင်းပင်။

လူသားများသည် သစ်ပင်အများအပြားက်ို ခုတ်ဖြတ်ယူသွားပြီး ၎င်းတို့၏ လုပ်ရပ်အား ကာကွယ်ရန် တောအုပ်အား မီးတင်ရှို့ခဲ့ကြခြင်းပင် ဖြစ်ရမည်။

ကောင်းကင်ဘုံလက်သီးတပ်ရင်းကား ဖောင်ဖွဲ့ကာ ပင်လယ်က်ို ဖြတ်ကူးရန် အမှန်တကယ် ကြိုးစားနေကြခြင်းပေလော။

ဘာကြောင့်မှန်းမသ်ိ စုချန်း၏ ရင်ထဲတွင် သံသယဝင်လာ၏။

အချက်အလက်များအရ ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် သစ်အမြောက်အများ စုဆောင်းပြီး ဖောင်ဖွဲ့ကာ ပင်လယ်ကြီးအား ဖြတ်ကူးရန် ကြိုးစားနေကြောင်း ညွှန်ပြနေ၏။ ၎င်းတို့ လမ်းတလျှောက် စုဆောင်းလာသော အရင်းအမြစ်များကလည်း ထိုနိဂုံးကိုပင် ညွှန်ပြနေ၏။

သို့သော် ဤအချက်အလက်များက စုချန်း၏ သံသယအား ပျောက်ပြယ်သွားစေရန်တော့ မလုံလောက်။

သတင်းများထဲတွင် ယုတ္တ်ိမတန်သော အချက်အလက်တချို့ ရှိနေ၏။ ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် သစ်များအား လျို့ဝှက်စွာ စုဆောင်းနေပါက မူလကျောက်တုံးများ စုဆောင်းနေခြင်းက်ို လျို့ဝှက်ထားရန် အကြောင်းမရှိပေ။

မူလကျောက်တုံးများ အသုံးတည့်သည့် နေရာများစွာ ရှိသည်မှာ မှန်သည်။ သို့သော် အသုံးအများဆုံးမှာ ပင်လယ်ကို ဖြတ်ကူးရာတွင် ဖြစ်သည်။ ဤအနေအထားတွင် ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနှင့် သစ်များ စုဆောင်းနေခြင်းကို လျှို့ဝှက်ထားရန် ဘယ်အတွက် လိုအပ်နေအုံးမည်နည်း။

သို့တည်းမဟုတ် ညဏ်ရည်နိမ့်သော သတ်ဖြတ်သူများအနေနှင့် ဤကွဲလွဲချက်ကို ရှာမတွေ့နိုင်ဟု သူတို့ တကယ်မျှော်လင့်နေကြခြင်းပေလား။

သို့်မဟုတ်...

ပင်လယ်က်ို ဖြတ်ကူးရန်မှာ ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ တကယ့့်ရည်ရွယ်ချက် မဟုတ်လျင် အဘယ်ကြောင့် အထက်ပါလုပ်ဆောင်ချက်များအတွက် သူတို့ အင်အားအများကြီး သုံးစွဲနေရသနည်း။

ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် လမ်းလွှဲနည်းဗျူဟာက်ိုပင် သုံးစွဲနေခြင်းပေလော။

မဖြစ်နိုင်။ ဘယ်လ်ိုမှ မဖြစ်နိုင်။ ရန်သူက်ို လမ်းလွှဲရုံမျှနှင့် ရှီကိုင်းဟွမ်တို့လူစု ဤမျှ အားမထုတ်နိုင်။ ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် ရန်သူ့နယ်မြေအတွင်းပိုင်းသ်ို့ ရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် အင်အားက််ို ချွေတာရန် လို၏။ ထို့ပြင် ၎င်းတ်ို့တွင် အချိန်ပ်ိုလည်းမရှိ။

ဤသ်ို့ဆိုရင် ကောင်းကင်ဘုံလက်သီးတပ်ရင်း အမှန်တကယ် ကြံစည်နေသည်မှာ ဘာနည်း။

စုချန်းသည် သဲလွန်စမှန်သမျှကို စုစည်းပြီး အထပ်ထပ်အခါခါ စဥ်းစားလျက်ရှိသည်။

သိပ်မကြာမှီ အနီးအနားရှိ သတ်ဖြတ်သူအသိုက်ငယ်တခု၏ ခြုံခိုတိုက်ခိုက်မှုအကြောင်းကို စုချန်း သတိရလာပြန်၏။ ထိုအသ်ိုက်ခေါင်းဆောင်၏ စကားအရ ရန်သူများသည် သူ့ထံမှ အဖိုးထိုက်ရတနာတခုက်ို ယူဆောင်သွားသည် ဟူ၏။ ထိုရတနာမှာကား နီရစ်တီကောင်၏ အူတိုင်ပင် ဖြစ်သည်။ စုချန်းသာ သတ်ိိမရလျင် ထ်ိုသတင်းမှာ အရေးမကြီးလှဟု ဆိုနိုင်သည်။ တချိန်တည်းတွင် တခြားသားရဲသတ္တဝါအူတိုင်များ လုယူခံရသည့် တခြားဖြစ်စဥ်များလည်း ရှိနေပုံပေါ်၏။

စုချန်းသည် သတင်းပို့ချက်များအား ထပ်မံမွှေနှောက်ဖတ်ရှုလိုက်ပြန်၏။ ဆက်စပ်မှုတချို့အား သူ ထပ်မံတွေ့ရှိရသော်လည်း မည်သည့် အသေးစိတ်အချက်အလက်မှ မပါချေ။

ထိုအခိုက်မှာပင် တစုံတခုအား စုချန်း သတိရလာလေသည်။

ရွှေရေခံတပ်မှ မထွက်ခါမီ ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ပတ်သက်သည့် သတင်းအချက်များအား ရှောက်ဖေးနန်ထံတွင် စုချန်း မေးမြန်းခဲ့၏။ စုချန်းအနေနှင့် သတ်ဖြတ်သူများထက်စော၍ ကောင်းကင်ဘုံလက်သီးတပ်ရင်းအား ရှာတွေ့ရန် အခွင့်ကောင်းတခု ရှိခဲ့သည်ဆိုလျင် ၎င်းမှာ မိမ်ိ၏ ရဲဘော်ရဲများအကြောင်းကို ကျကျနန သိရှိထားခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

သင်သည် သင့်အကြောင်းကို သင် သ်ိပြီး ရန်သူ့အကြောင်းကိုပါ သိထားလျင် ၎င်းမှာ ကြီးမားသော အားသာချက်တခု ရှိနေခြင်းပင်။

ယခုတော့ စုချန်းသည် သတ်ဖြတ်သူများအကြောင်းကို မသ်ိ။ သို့သော် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အကြောင်းကိုတော့ သိထား၏။

နောက်ဆုံးတော့ စုချန်းတယောက်က် တစုံတခုက်ို တွေးတောမ်ိခဲ့လေပြီ။ အတိအကျ ပြောရလျင် လူတယောက်က်ကို သူ သတိရလာခြင်း ဖြစ်သည်။

ထ်ိုလူအကြောင်းကို တွေးမိသည်နှင့် စုချန်း၏ မျက်လုံးအစုံ ဝင်းလက်တောက်ပလာ၏။

နောက်ဆုံးတော့ ကောင်းကင်ဘုံလက်သီးတပ်ရင်း ဘယ်ကိုဦးတည်နေမှန်း စုချန်း မှန်းဆနိုင်ခဲ့လေပြီ။ သ်ို့သော် သူ့ခန့်မှန်းချက်များအား အတည်ပြုဖို့တော့ လိုအပ်နေသေး၏။

ကျောက်စိမ်းမြေခွေးတောင်ကြောတွင် ဖြစ်သည်။

"ဇက်ခ်ရေ နင်ဘယ်မှာလဲ"

အာဂလီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မေမေ သား ဒီမှာ"

ခပ်လှမ်းလှမ်းရှိ သစ်ပင်တပင်ပေါ်မှ ဇက်ခ်၏ ပုံရိပ် ထွက်ပေါ်လာသည်။ သူ့မျက်နှာမှာကား ပြာမှုန်များနှင့် ပေကျံနေ၏။

"ဘုရားရေ ဘယ်တုန်းက ဒီအပင်ပေါ် ရောက်နေတာလဲ ကိုယ့်ဟာကို တယောက်က်တည်း လျှောက်မသွားရဘူးလို့ အမေ မပြောထားဘူးလား"

သားဖြစ်သူပေါ်တွင် ပေကျံနေသော ပြာမှုန်များအား ခါချပေးရင်း အာဂလီက ဆုံးမလိုက်သည်။

"ကာလီက တောင်ကမ်းပါးပေါ် မတက်န်ိုင်ဘူး စိန်ခေါ်လို့လေ သားနိုင်တယ် ဒါပေမဲ့ ဒီကောင် ကတိမတည်ဘူး ထွက်ပြေးသွားတယ်"

ဇက်ခ်၏ မျက်နှာမှာ စူပုတ်နေ၏။

"အထီးကျန်လင်းယုန်ကမ်းပါးပေါ် ကလေးတွေ မတက်ရဘူးလို့ အမေမှာထားတယ်လေ ဘာလို့ စကားနားမထောင်တာလဲ"

အာဂလီ စိတ်ဆိုးလာ၏။

"သား ဆယ့်တစ်နှစ်ရှိပါပြီ အမေရဲ့ ဒီလောက်လေးက အေးဆေးပါ"

"ဘယ်ကအေးဆေးရမှာလဲ ဒီလိုတက်တာ သိပ်အန္တရာယ်များတယ်"

"သားဟာ မိုးကြိုးစွန်းရဲ့ အဆက်အနွယ် မိုးကြိုးစွန်းရဲ့ အဆက်အနွယ်တွေဟာ အန္တရာယ်တွေက်ို မကြောက်တတ်ဘူးဗျ"

ဇက်ခ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အာဂလီ မျက်နှာပျက်သွား၏။

"သား မိုးကြိုးစွန်းဆိုတာကို မေ့လိုက်တော့ ငါ့သားဟာ ဒါနဲ့ ဘာမှ မဆိုင်တော့ဘူး ငါ့သား စစ်မှန်တဲ့ မိုးကြိုးစွန်း ဖြစ်လာစရာအကြောင်းမရှိတော့ဘူး"

"မဟုတ်ဘူး သား လုပ်နိုင်တယ်"

ဇက်ခ် မကျေမနပ်ပ်နှင့် ပြန်အော်လိုက်၏။

သားဖြစ်သူ၏ ဦးခေါင်းကို ပွတ်သပ်ပေးရင် အာဂလီတစုံတခု ပြောရန် ဟန်ပြင်လ်ိုက်သည်။ သို့သော် အသံတော့ ထွက်မလာ။

ထိုအချိန်မှာပင် သူမ၏ ခြေဖဝါးအောက်မှ ပြင်းထန်လှသော တုန်ခါမှုကို အာဂလီ ခံစားလိုက်ရ၏။

အာဂလီ အလန့်တကြား ထခုန်ရင်း နောက်ကို လှမ်းကြည့်လိုက်ရာ အဝေးဆီမှ စစ်တပ်တစ်တပ် ထွက်ပေါ်လာသည်ကို သူမ မြင်လိုက်ရ၏။

"လူသားစစ်တပ်ပါလား"

အာဂလီ ရင်ခုန်သံ မြန်လာ၏။

"အမေ"

ဘာတွေ ဖြစ်ပျက်နေမှန်း ဇက်ခ် နားမလည်နိုင်ပဲ ဖြစ်နေ၏။

"ငါ့သား ပြေးပေတော့"

ပြောပြောဆိုဆို သားဖြစ်သူ၏ လက်ကိုဆွဲရင်း အာဂလီ ခြေကုန်သုတ်တော့၏။

သိပ်မကြာမီ စစ်သွေးစစ်မာန်တက်ကြွနေသော လူသားစစ်တပ်သည် သတ်ဖြတ်သူအသိုက်ငယ်အား အချိန်တိုအတွင်း ဝါးမြိုသွားတော့သည်။

***

All Chapters