← Chapters

အခန်း ၆၁၇ သူရဲကောင်းခုနှစ်ယောက်

Vol. 62 Ch. 617

အခန်း ၆၁၇ သူရဲကောင်းခုနှစ်ယောက်

Vol. 62 Ch. 617

ဓားရိပ်များ လေထဲတွင် တဖြတ်ဖြတ်လက်နေ၏။ သွေးများ နေရာအနှံ့ ပြန့်ကျဲကုန်၏။

စစ်သားများကား အမိန့်နာခံမှုကောင်းလှ၏။ စည်းကမ်းကောင်းလှ၏။ ချီစွမ်းအားပညာရှင်တဦးစီသည် စစ်သားဆယ်ဦးစီပါဝင်သော အုပ်စုငယ်များကို ကွက်ကဲထားပြီး စစ်သားတိုင်းသည် လောင်စန်းနိုင်ငံ၏ နာမည်ကျော် မိုင်တထောင်မြင်းများကို စီးနင်းထားလေသည်။ ထိုမြင်းများသည် အလေးအပင်များကို ထမ်းပိုးနိုင်ပြီး ဇွဲကောင်းကာ မြန်ဆန်လှ၏။

စစ်သားအုပ်စုများသည် တစုပြီးတစု ၎င်းတို့၏ ဓားများ၊လှံများကို ဝင့်ကာ တောင်စောင်းပေါ်မှ ဆင်းလာကြလေသည်။ သူတို့၏ ထိုးခုတ်တိုက်ခိုက်မှုများမှာ ရက်စက်ကြမ်းကြုတ်လှ၏။ သူတို့၏ စိတ်ဓာတ်များမှာကား ရေခဲတုံးများပမာ အေးစက်မာကြောနေလေသည်။

သူတို့၏ နှုတ်ခမ်းများမှာကား တင်းတင်းစေ့ထား၏။ သူတို့သည် ခေါင်းဆောင်များ၏ အမိန့်အတိုင်း ရှေ့တိုးနောက်ဆုတ်စစ်ကစားကာ တိတ်တိတ်ဆိတ်ဆိတ်ပင် ရန်သူများအား တိုက်ခိုက်နေကြသည်။

သတ်ဖြတ်သူများသည် ရက်စက်ကြမ်းကြုတ်ကာ ခေါင်းမာလှသည်မှန်သော်လည်း စုစည်းညီညွတ်သော လူသားများ၏ တိုက်ခိုက်မှုအောက်တွင်တော့ အလဲအကွဲပင်။ ၎င်းတို့၏ ဦးခေါင်းများမှာကား ကြံကြီးတကောင် ဝင်ဆောင့်ခံလိုက်ရသော နံရံငယ်များပမာ ထက်ခြမ်းကွဲကုန်ကြသည်။

တချီတွင်တော့ သတ်ဖြတ်သူ သူရဲကောင်းတဦးသည် ကျယ်လောင်စွာ ဟစ်ကြွေးပြီး ၎င်း၏ စစ်သုံးပုဆိန်ကို ဝင့်ကာ ရှေ့သို့ ခုန်ဝင်လာ၏။ ထိုအခါ လူသားစစ်သည်ဆယ်ဦးခန့်က လှံရှည်များကို ရှေ့သို့ဆန့့်ထုတ်ပြီး ၎င်းအား တားဆီးထားလိုက်ကြသည်။ သတ်ဖြတ်သူ သူရဲကောင်းမှာ ရှေ့တိုးလာနိုင်ခြင်းမရှိတော့။

သို့သော် သတ်ဖြတ်သူ သူရဲကောင်းကလည်း သာမာန်မဟုတ်သည်မှာ သေချာနေသည်။ ၎င်း၏ စစ်သုံးပုဆိန်သည် ဝေ့ယမ်းလိုက်တိုင်းဝယ် အရောင်တဖြတ်ဖြတ် ဝင်းလက်တောက်ပလာ၏။ သို့တိုင်အောင် လူသားစစ်သားများဘက်မှ တုံ့ပြန်မှုကလည်း တည်ငြိမ်လှသည်။ ၎င်းတို့၏ ကိုယ်ပေါ်ရှိ ဆေးမင်များသည် အ​ဖြူရောင်ခပ်ဖျော့ဖျော့ တောက်ပလာပြီး လေထဲတွင် အချင်းချင်း ရစ်ပတ်မိကြ၏။ လှံဆယ်ချောင်းနှင့် ပုဆိန်မှာလည်း ပြင်းထန်စွာ ထိခတ်မိကြတော့သည်။

သတ်ဖြတ်သူစစ်သုံးပုဆိန်သည် အလွန်ကြီးမားပြီး လေးလံလှသည်။ သို့တိုင်အောင် လှံဆယ်ချောင်းသည် ပုဆိန်အား ဘေးသို့ဖယ်ထုတ်လိုက်နိုင်၏။

ထိုအချိန်မှာပင် လူသားစစ်သားများသည် ၎င်းတို့၏ ဓားများကို ဆွဲထုတ်ပြီး သတ်ဖြတ်သူ သူရဲကောင်းအား ခုတ်ပိုင်းလိုက်ကြတော့သည်။

ဓားဆယ်ချောင်းသည် တချောင်းတည်းအဖြစ် ပေါင်းစပ်သွားပြီး စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။ သတ်ဖြတ်သူ သူရဲကောင်းမှာ ဓားချက်ကြောင့် နောက်သို့ လန်ထွက်သွားတော့သည်။

"အား"

အူသည်းလှိုက်သည်း နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။

ထိုစဥ် လှံဆယ်ချောင်းက လေဟုန်ကို ထိုးခွဲပျံသန်းသွားပြန်သည်။

လှံများသည် သတ်ဖြတ်သူ သူရဲကောင်း၏ ရင်ဘတ်အား ထိုးဖောက်သွားပြီး အပေါက်ကြီးများ ဖြစ်ပေါ်လာစေ၏။ သတ်ဖြတ်သူ သူရဲကောင်းသည် အားအင်ကုန်ခန်းသွားပြီး မြေကြီးပေါ်သို့ တအိအိ လဲကျသွားတော့သည်။

သူတို့ဆယ်ယောက်လုံးသည် သာမာန်သိုင်းသမားများသာ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် စုပေါင်းအားနှင့် ချီစွမ်းအားပညာရှင်တဦး၏ အင်အားမျိုးက်ို ပြသနိုင်ခဲ့၏။ ထိုအကြောင်းကြောင့်ပင် သတ်ဖြတ်သူ သူရဲကောင်းအား သူတို့ အနိုင်ရလိုက်ခြင်းပင်။

တိုက်ပွဲ၏ တခြားနေရာများတွင်လည်း ထိုနည်းအတိုင်း လူသားများဘက်မှ အသာစီးရနေ၏။ အသိုက်ငယ်ရှိ သတ်ဖြတ်သူများကား မြေကြီးပေါ်သို့ တယောက်ပြီးတယောက် လဲကျကုန်ကြလေသည်။

သတ်ဖြတ်သူများအနက် အသိုက်ခေါင်းဆောင်သည်သာ လူသားများအား အတော်လေး ခေါင်းစားစေနိုင်ခဲ့ပေသည်။ ၎င်းအား လူသားအုပ်စုငယ် ငါးစုအထိ ပူးပေါင်းရင်ဆိုင်ခဲ့ရ၏။ ထိုတိုက်ပွဲတွင် လူသားစစ်သည်နှစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့သည်။

သို့သော် ၎င်း၏ စွမ်းဆောင်ရည်မှာကား ထ်ိုမျှလောက်သာ ဖြစ်လေသည်။

"တစ်မိနစ်"

နောက်ဆုံးလက်ကျန်သတ်ဖြတ်သူ မြေကြီးပေါ် လဲကျသွားသည်နှင့် အချိန်မှတ်နေသော လီကုံးရှန်က ပြောလိုက်၏။

"နည်းနည်းတော့ နှေးနေသေးတယ်"

ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ခေါင်းဆောင်မှာ သာမာန်လူတယောက်ကဲ့သို့ပင်။ ၎င်း၏ စကားပြောပုံကလည်း ရိုးရှင်းပြီး ဒဲ့ဒိုးဆန်လှသည်။ သို့သော် ၎င်းကို မည်သူမှ မလေးမစား မလုပ်ရဲ။ ၎င်း၏ နှုတ်ထွက်စကားအား လူတိုင်း လေးစားရ၏။

"ကျုပ်တို့ တောက်လျှောက် ပြေးလွှားနေရတာ ရက်အတော်ကြာနေပြီ စစ်သားတွေအကုန်လုံး ပင်ပန်းနေကြပြီ"

ရှီကိုင်းဟွမ်က မှတ်ချက်ပြုလိုက်၏။

ထိုအခိုက်အတန့်ဝယ် ရှီကိုင်းဟွမ်သည် ယခင်ကဲ့သို့ အိုမင်းရင့်ရော်သော အဖိုးအို မဟုတ်တော့။ အဆက်မပြတ် တိုက်ပွဲဝင်နေရသော အခြေအနေက သူ့အား ပီဘိ စစ်သည်တော်တဦး၏ အသွင်အပြင်၊ အရှိန်အဝါမျိုးကို ပေးစွမ်းနေ၏။ ရုတ်တရက်ကြည့်လျင် ရှီကိုင်းဟွမ်တယောက်က် အသက်ငယ်သွားသကဲ့သို့ပင်။ သို့သော် အနှီ ပီဘိစစ်သည်တော်ကြီးကား ဘယ်ဖက်လက်တဖက် မရှိတော့။ မျက်လုံးတဖက်ကလည်း ကန်းနေခဲ့လေပြီ။

သာမာန်အားဖြင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး ဖြစ်သွားသည်နှင့် ထ်ိုသူသည် က်ိုယ်လက်အင်္ဂါများ အသစ်ပြန်ပေါက်လာသော စွမ်းရည်မျိုး ရရှိလာ၏။ ယခု ရှီကိုင်းဟွမ် လက်ပြတ် ပြန်မပေါက်လာသည်ကို ထောက်လျင် ဆဲလ်အသစ်များ ပြန်လည်ပြည့့်ဖြိုးလာခြင်းကို ကန့်သတ်လိုက်သည့် အထူးနည်းစနစ်တရပ်နှင့် တိုက်ခိုက်ခံလိုက်ရပုံပေါ်သည်။ သို့တည်းမဟုတ် ရှီကိုင်းဟွမ်ကိုယ်နှိုက်က အားနည်းနေ၍ပင် ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေ ရှီကိုင်းဟွမ်တယောက်က် အနာဂတ်တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရတော့မည်မှာ သေချာနေ၏။

သို့သော် ရှီကိုင်းဟွမ်ကား ထိုကိစ္စကို ခေါင်းထဲပင် ထည့်ထားဟန်မတူ။ ပြေးလွှားနေသော စစ်သားများကို တိတ်တဆိတ်ပင် စိုက်ကြည့်နေ၏။

သတ်ဖြတ်သူများကား တယောက်ပြီးတယောက် အသတ်ခံနေရ၏။ သို့သော် လူသားဗိုလ်ချုပ်များကား သူတို့ဘက်မှ အင်အားပြုန်းတီးမှုကိုသာ ပို၍ ဂရုစိုက်နေလေသည်။

တချီတွင်တော့ စစ်သားတဦးသည် ပြေးနေရင်းနှင့်ပင် မည်သည့်တိုက်ခိုက်မှုမှ မခံလိုက်ရပဲ မြေကြီးပေါ်သို့ လဲကျသွား၏။ အားအင်ကုန်ခန်းပြီး အသက်ပျောက်သွားခြင်းပင်။

သတ်ဖြတ်သူများကား အတော်ပင် အခြေအနေဆိုးနေခဲ့လေပြီ။ လူသားစစ်သည်များမှာလည်း သိပ်တော့မထူးလှ။ သူတို့လည်း အားအင်ကုန်ခန်းနေခဲ့ပြီ မဟုတ်ပါလား။

"အစီအစဥ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေတော့ စုဆောင်းပြီးပြီ သိပ်မကြာခင် အကုန်အဆင်ပြေသွားမှာပါ"

ထိုစဥ် ရှီကိုင်းဟွမ်ဘေးရှိ အမျိုးသမီးဗိုလ်ချုပ်က ပြောလိုက်သည်။ သူမ၏ အမည်မှာ ချူးယင်ဝမ် ဖြစ်သည်။ အမျိုးသမီးဖြစ်သော်လည်း သူမ၏ ကိုယ်ကျပ်ဝတ်စုံနှင့် ကြီးထွားသော ကိုယ်ကာယ​ကြောင့် မြင်ရသည်မှာည်မှာ ခန့်ညားလှ၏။ သူမ၏ ရုပ်ရည်မှာလည်း ချောမော၏။ သူမအား ယောကျ်ားဘယ်နှစ်ယောက် သဘောကျနေမှန်း မည်သူမှ မပြောနိုင်။ သို့သော် သူမ၏ မျက်လုံးထဲတွင် ရှီကိုင်းဟွမ်မှလွဲ၍ မည်သူ့ကိုမှ လူမထင်။ ရှီကိုင်းဟွမ်အပေါ် သူမ၏ ခံစားချက်မှာလည်း ရှုပ်ထွေးလှသည်။

"ဒီကောင်တွေ သတိမထားမိခင် ကျုပ်တို့အစီအစဥ်ကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယူဆရတာပဲ"

လီကုံးရှန်က သက်ပြင်းချရင်း ပြောလိုက်၏။

"အဆုံးသတ်နဲ့ နီးလာလေလေ အမြန်နှုန်းက တန်ဖိုးကြီးလာလေလေပဲ ပြီးပြည့်စုံတဲ့ အစီအမံရယ်လို့ ဘယ်နေရာမှာမှ မရှိဘူး ကျုပ်တို့အစီအစဥ်ကို ဒီကောင်တွေလဲ အနှေးနဲ့အမြန်တော့ သိသွားမှာပဲ အစီအစဥ် အဆုံးမသတ်နိုင်ခင် ဒီကောင်တွေ သိသွားလို့ကတော့ ကျုပ်တို့အကုန် သွားပြီပဲ"

"ကျုပ်တို့ သေချာပေါက် အောင်မြင်မှာပါ"

လီကုံးရှန်၏ ဘေးရှိလူက ဝင်ပြောလ်ိုက်သည်။ ထိုလူမှာ ကိုယ်ကျပ်ဝတ်စုံက်ို ဝတ်ဆင်ထားခြင်းမရှိ။ မိုးပြာရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထား၏။ ထ်ိုလူမှာကား ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ နည်းဗျူဟာမှုး ကောက်ဝမ်ချန်းပေတည်း။

ကောက်ဝမ်ချန်း၏ ဘေးနားရှိ လူမှာ ညိိုညိုမောင်းမောင်း လူကြီးဖြစ်သည်။ ထိုလူက ကောက်ဝမ်ချန်း၏ စကားကို ကြားသောအခါ သွားဖြဲကာ ပြုံးရင်း ပြောလိုက်၏။

"အစီအစဥ်မအောင်မြင်တော့လဲ သေရုံအပြင် ဘာရှိမှာတုန်း သေမယ်ဆိုရင်လဲ ဒီကောင်တွေကို ရနိုင်သလောက်သတ်ပြီး ကျုပ်တို့နဲ့အတူ သေရွာကို ခေါ်သွားရမှာပေါ့"

ထိုလူမှာ ချန်းတျန်ဟိုင် ဖြစ်ပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ နံပါတ်တစ် တိုက်ခိုက်ရေးဗိုလ်ချုပ်တဦးပင်။

"တော် တန် တိတ် မင်းပါးစပ်က ဒီအတိုင်း လျှောက်ပြောနေရင် အပြင်မှာလဲ ဒီလို ဖြစ်လာလိမ့်မယ် မင်းဟာ စကားကောင်းပြောတယ်လို့ကို မရှိဘူး"

နောက်ထပ် ဗိုလ်ချုပ်တဦးက မြည်တွန်တောက်တီးလိုက်သည်။ ၎င်းမှာ အသားအရေ ဖြူ​ဖျော့၏။ ဘဲဥပုံမျက်နှာထားရှိ၏။ ရုတ်တရက်ကြည့်လျင် ၎င်းကို မိန်းမတဦးအဖြစ် အထင်မှားသွားစရာ ရှိသည်။ သို့သော် ၎င်းကား ယောကျာ်းစစ်စစ်တဦးဖြစ်ပြီး လေသံနှင့် စကားပြောပုံက မိန်းမဆန်နေခြင်းပင်။

ယောကျာ်းဝါဒီများလွှမ်းမိုးသော စစ်တပ်ဝယ် မိန်းမဆန်သူတဦး ဗိုလ်ချုပ်ဖြစ်လာသည်မှာ တကယ့်ကို ရှာမှရှား ဖြစ်သည်။

ဤမျှဆိုလျင် အနှီ မိန်းမဆန်သူ ဗိုလ်ချုပ်သည် နှယ်နှယ်ရရမဟုတ်မှန်း သိသာနေခဲ့ပေပြီ။ အမှန်တကယ်လည်း ထိုဗိုလ်ချုပ်သည် သာမာန်မဟုတ်။ ၎င်းသည် လီကုံးရှန်၊ ရှီကိုင်းဟွမ် စသည့်ကောင်းကင်လက်သီးတပ်ရင်း၏ သူရဲကောင်းခုနှစ်ဦးနှင့် အဆင့်ချင်းအတူတူပင်။

၎င်း၏ နာမည်မှာကား ကျန်မောက်စီပင်တည်း။

ကျန်မောက်စီ၏ စကားကို ကြားသော်လည်း ချန်းထျန်ဟိုင်ကား ဂရုပင်မစိုက်။ တခစ်ခစ်သာ ရယ်မောနေ၏။

ထိုစဥ် ချူးယင်ဝမ်၏ ဘေးနားရှိ ငယ်ရွယ်နုပျိုသောဗိုလ်ချုပ်တဦးက ပြောလိုက်ပြန်သည်။

"ကျုပ်တို့ အတတ်နိုင်ဆုံး စီစဥ်ပြီးပြီ အဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားပြီးပြီး ဗိုလ်ချုပ်ချန်းရဲ့စကားက မှားလှတယ်တော့ မဆိုနိုင်ဘူး"

၎င်း၏ စကားကြောင့် ကျန်မောက်စီ မျက်စောင်းထ်ိုးလိုက်၏။

"မင်းဟာ ဒီနေရာမှာ အငယ်ဆုံး ဒါကြောင့် မျှော်လင့်ချက်အထားးဆုံး စိတ်ဓာတ်အတက်ကြွဆုံး ဖြစ်နေသင့်တယ် ဒါတောင် စကားကို နမိတ်မရှိ နမာမရှိ ဘယ်လိုတွေ ပြောနေတာတုန်း ဘယ်လိုအတွေးအခေါ်တွေပါလ်ိမ့်"

ငယ်ရွယ်သူဗိုလ်ချုပ် ရယ်မောလိုက်သည်။

"တကယ်တမ်းက ခင်ဗျားကသာ မရင့်ကျက်တာဗျ ဒါကို သူများကို မရင့်ကျက်ဘူး ဘာညာနဲ့ အပြစ်တင်နေရတယ်လို့ ဘယ့်နှယ်ဗျာ"

ကျန်မောက်စီ တခစ်ခစ် ရယ်မောပြီး မျက်နှာလွှဲသွား၏။

အနှီ ငယ်ရွယ်သူဗိုလ်ချုပ်၏ နာမည်မှာ လင်းချောက်ချွန် ဖြစ်သည်။ ၎င်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ပါရမီရှင်ဟု လူသိများပြီး လီကုံးရှန်ကိုယ်တိုင်က ၎င်းအား အထင်ကြီး၏။ ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့်သူဟု သတ်မှတ်ထား၏။

အထက်တွင် ဖော်ပြခဲ့သည့် ခုနှစ်ယောက်မှာကား ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အဓိကမဏ္ဍိုင်များပင် ဖြစ်ကြလေသည်။ လက်ရှိတွင် ၎င်းတ်ို့၏ အဓိကတာဝန်မှာ သတ်ဖြတ်သူများနယ်မြေမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတရပ် ရှာဖွေရန်ပင်။

ထိုအတွက် သူတို့ မည်သည့့် တန်ရာတန်ကြေးမျိုး ပေးရမည်ဆိုစေကာမူ ပေးကြလိမ့်မည်သာ။

***

All Chapters