← Chapters

စုံစမ်းစစ်ဆေးခြင်း ၁

Vol. 62 Ch. 618

စုံစမ်းစစ်ဆေးခြင်း ၁

Vol. 62 Ch. 618

လေညှင်းမြို့။

အနှီမြို့ကား အေးခဲဖုန်ဆိုးမြေ၏ အလယ်ဗဟိုတွင် တည်ရှိပြီး အမြဲတစေ နှင်းများဖုံးလွှမ်းနေတတ်သော မြို့ဖြစ်သည်။

အေးခဲဖုန်ဆိုးမြေသည် တနှစ်ပတ်လုံး အေးခဲနေပြီး မြေပြင်မှာ ရေခဲများနှင့်သာ အတိပြီးနေ၏။ ထို့ကြောင့် မည်သည့်စားပင်သီးပင်မှ စိုက်ပျိုး၍ မရ။ သို့သော် ဤမျှ ပြင်းထန်ကြမ်းတမ်းသော ပတ်ဝန်းကျင်၌ပင် တိတ်ဆိတ်စွာ ရှင်သည်နေသည့် သက်ရှိတချို့လည်း အမှန်တကယ်ပင် ရှိနေ၏။

အေးခဲဖုန်ဆိုးမြေတွင် ပေါပေါလောလော ပေါက်ရောက်နေသည့် အပင်ဟူ၍ တမျိုးသာရှိ၏။ ၎င်းမှာ အေးခဲနှလုံးသားမြက်ပင်များပင် ဖြစ်သည်။ ထိုမြက်ပင်များသည် ထာဝရအပြာရောင်ဖုံးလွှမ်းနေသော ဤဧရိယာကြီး၏ တခုတည်းသော အစိမ်းရောင်အရင်းအမြစ်ဖြစ်ပြီး ဤဖုန်ဆိုးမြေတွင် ရှင်သန်နေသည့် သတ္တဝါများအား အသက်ရှင်သန်နိုင်စေရန် ထောက်ပံ့ပေးနေသော အပင်များလည်း ဖြစ်ပေသည်။

အနှီမြက်ပင်များအား နှင်းယုန်၊ အဖြူရောင်မြေခွေး၊ ရေခဲကြွက်စသော သတ္တဝါတို့က စားသောက်ကြ၏။ ထိုသတ္တဝါငယ်များအား နှင်းလင်းယုန်ကြီးများနှင့် နှင်းမြေခွေးကြီးများက တပြန်တလှည့် စားသောက်ကြပြန်သည်။ နှင်းမြေခွေးများနှင့် နှင်းငါးများမှာကား နှင်းဝက်ဝံကြီးများ၏ အစားအစာအဖြစ် တဖန် အသုံးတော်ခံရပြန်၏။ ဤနည်းအားဖြင့် နှင်းဝက်ဝံများသည် အစာကွင်းဆက်၏ ထိပ်ဆုံးရှ်ိ သတ္တဝါများ ဖြစ်လာကြသည်။ အထက်တွင် ဖော်ပြခဲ့သည့့် သတ္တဝါများအားလုံးကို ဝက်ဝံကြီးများ၏ အစားအစာများပင် ဖြစ်ကြလေသည်။

မည်သို့ဆိုစေ အေးခဲဖုန်ဆိုးမြေ၏ အစားအသောက်များသည် အကန့်အသတ်နှင့်သာ ဖြစ်သည်။ ဤနေရာတွင် မည်သည့်သတ္တဝါများ ရှင်သန်နေထိုင်ကြစေကာမူ အစားကြီးသော သတ်ဖြတ်သူများအတွက်တော့ မလုံလောက်သည်မှာ သေချာနေ၏။

တခြားတခြားသော ဖုန်ဆိုးမြေများတွင်လည်း အခြေအနေမှာ ထ်ိုအတိုင်းသာတည်း။

အထက်တွင် ဖော်ပြခဲ့သည့့်အတိုင်း သယံဇာတနှင့် အစားအသောက် ရှားပါးလှသောကြောင့် မြောက်ပိုင်းဒေသများတွင် သားရဲသတ္တဝါများပင် နေထိုင်လေ့မရှိ။

သတ်ဖြတ်သူများသည် မည်မျှပင် ရဲရင့်ကြစေဆိုစေကာမူ၊ သွေးစည်းညီညွတ်ကြသည် ဆိုစေကာမူ ငြင်း၍မရသော အမှန်တရားတခုတော့ ရှိနေ၏။ ၎င်းမှာ မြောက်ပ်ိုင်းအရပ်တွင် နေထိုင်ရသည်ဆိုကတည်းက သူတို့သည် ရှုံးနိမ့်သူများ ဖြစ်နေကြခြင်းပင်။ သို့သော် ၎င်းတို့၏ ရဲရင့်မှု၊ အကြောက်အလန့်ကင်းမှုတို့က ထိုအချက်က််ို ဖုံးကွယ်ထားသလို ဖြစ်နေသည်ကတော့ အမှန်ပင်။

သတ်ဖြတ်သူများသည် မြေဆီသြဇာကြွယ်ဝသော တောင်ပိုင်းကို သိမ်းပိုက်ရန် ကြိုးစားကြသော်လည်း အကြိမ်တိုင်းလိုလိုတွင် ရှုံးနိမ့်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ တဖက်တွင်လည်း ၎င်းတို့သည် သားရဲများ၏ ထိုးဖောက်ဝင်ရောက်လာမှုကို ကာကွယ်နေရသလို အနောက်ဘက်မှ ဝိညာဥ်မျိုးစိတ်များကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေရ၏။

လေညှင်းမြို့တော်ကား မြောက်ဘက်သို့အနည်းငယ် ယိမ်းသော အနေအထားတွင် ရှိသည်။ ထို့ကြောင့် ဤမြို့သည် ဝိညာဥ်မျိုးစိတ်များနှင့် သားရဲများ၏ ပြိုင်တူဖိအားပေးမှုကို ခံနေရသည်ည်ဟု ဆိုနိုင်ပေသည်။

ထို့ကြောင့် ဤမြို့သည် မြောက်ပိုင်း၏ မဟာဗျူဟာမြောက်မြို့ဟု ဆိုနိုင်လေရာ မြို့၏ လုံခြုံရေး၊ ကာကွယ်ရေးစနစ်များမှာလည်း အတော်ပင် တင်းကျပ်လှ၏။

ဤမြို့ကို ထိန်းချုပ်နေသော သတ်ဖြတ်သူအသိုက်မှာကား လင်းယုန်နီအသိုက်ပင် ဖြစ်လေသည်။

လင်းယုန်နီအသိုက်သည် ရှေးအတီတေကာလဆီက အတော်ပင် ထင်ရှားကျော်ကြားခဲ့၏။

ကြယ်စုနှစ်သစ် ၇၉၀၀ခန့်က ဆော်နာလင်းယုန်နီသည် သုတ်သင်ရေးပုဆိန်အော့ဒရစ်အား သတ်ဖြတ်ပြီး သူမကိုယ်သူမ သတ်ဖြတ်သူမျိုးစိတ်၏ ဘုရင်မကြီးဟု ကြေငြာခဲ့၏။ မရေမတွက်နိုင်သော အသိုက်များက သူမအား တော်လှန်ပုန်ကန်ခဲ့ကြ၏။ ထ်ို့နောက်တွင်တော့ လင်းယုန်နီအသိုက်သည် ကွဲပြားနေသော သတ်ဖြတ်သူများအား အလံတော်တခုတည်းအောက်တွင် စုစည်းနိုင်ရန် ရှည်ကြာလှသော ပြည်တွင်းစစ်ကြီးအား စတင်ခဲ့တော့သည်။

အဆိုပါပြည်တွင်းစစ်သည် သတ်ဖြတ်သူများအား များစွာ အင်အားနည်းသွားစေ၏။ လူသားများ၏ အလင်းနတ်ဘုရားနိုင်ငံတော်သည် ပြိုကွဲစပြုမနေခဲ့လျင် သတ်ဖြတ်သူများ၏ သံနှင့်သွေးနိုင်ငံ ထိုကတည်းက ပျောက်ကွယ်သွားပေလိမ့်မည်။

နောက်ဆုံးတော့ လင်းယုန်နီအသိုက်သည်လည်း သတ်ဖြတ်သူများကို မစုစည်းနိုင်ခဲ့။ ထိုအစား သူတို့အသိုက်သည်သာ များစွာ အင်အားဆုတ်ယုတ်လာ၏။

ကြယ်စုနှစ်သစ် ၁၁၀၀၀တွင်တော့ လင်းယုန်နီအသိုက်သည် အသိုက်အသီးသီး၏ စုပေါင်းအားကို မယှဥ်နိုင်တော့ပဲ လက်နက်ချလိုက်ရ၏။ ဤနည်းဖြင့် နှစ်သုံးထောင်ကြာ ပြည်တွင်းစစ် အဆုံးသတ်သွား၏။ လင်းယုန်နီအသိုက်သည်လည်း များစွာ အားနည်းသွားလေသည်။

ယနေ့ခေတ် လင်းယုန်နီအသိုက်မှာကား ယခင်နှင့် များစွာ ကွာခြားသွားခဲ့လေပြီ။ ယနေ့တွင် ၎င်းတို့သည် နယ်စပ်မြို့လေးတွင် ညှိုးငယ်စွာ နေထိုငလျက် အသက်ရှင်ရန် ရုန်းကန်နေကြရ၏။ ယခင်က ရရှိဖူးသည့် ဂုဏ်ကျက်သရေမျိုးကို ၎င်းတို့ ဘယ်သောအခါမှ ပြန်မရနိုင်တော့။

မိုးသောက်ချိန်တွင် စုချန်းတယောက် လေညှင်းမြို့သို့ ရောက်ရှိလာ၏။

စုချန်းသည် ကောင်းကင်ပေါ်တွင် ရွေ့လျားနေသော တိမ်မဲညိုများအား မော့ကြည့်လိုက်သည်။ ထို့နောက် သူက မြို့ဆီသို့ ဦးတည်လိုက်၏။

မြို့ဆီသို့ သွားရာလမ်းတလျှောက်တွင် နှင်းခဲများအောက်မှ သွေးစတချို့ကို မပီးဝိုးတဝါးနှင့် စုချန်း တွေ့မြင်နေရသည်။ လဝက်ခန့် နောက်ကျနေပြီ ဖြစ်သည့်တိုင် ဤနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အထောက်အထား အများအပြားကို စုချန်း မြင်တွေ့နေရ၏။

ပြိုကျနေသည့် မြို့ရိုးများ၊ ပျက်စီးနေသောအိမ်များ၊ သွေးများပေကျံနေသည့် လမ်းများ စသည်တို့သည် ဤနေရာတွင် အလွန်ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ခိုင်လုံစွာ သက်သေပြလျက်ရှိသည်။

လွန်ခဲ့သော လဝက်ခန့်က ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် ဤမြို့အား ဝင်တိုက်သွားခဲ့၏။ သတ်ဖြတ်သူအများအပြားကို သုတ်သင်ပြီး များပြားလှသော အရင်းအမြစ်များကိုလည်း ယူဆောင်သွားခဲ့၏။

ဤမြို့သို့ စုချန်း လာရောက်ရသည့် အကြောင်းရင်းမှာ သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် သံသယကို အတည်ပြုရန်ပင်။

သိပ်မကြာမီ သစ်သားအိမ်လေးတလုံးရှေ့သို့ စုချန်း ရောက်လာ၏။ သူက အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။ အိမ်ထဲတွင် သတ်ဖြတ်သူအဖိုးကြီးတဦး ထိုင်လျက်ရှိ၏။

"အဖိုးကြီး ခင်ဗျားဆီမှာ မြေအောင်းကြွက်လေးဘာလေးများ မရှိဘူးလား ကျုပ် နည်းနည်းလောက် လိုချင်တယ်"

စုချန်းမေးလိုက်သည့် မြေအောင်းကြွက်ဟူသည်မှာ ရေခဲပြင်ကို တူးဆွရာတွင် အလွန်ကျွမ်းကျင်သည့် ကြွက်တမျိုးဖြစ်သည်။ အဆိုပါကြွက်များသည် အသားအရေဆူဖြိုးပြီး အရသာလည်း ရှိသည်။ အစားအသောက်ရှားပါးလှသော ဤအရပ်တွင် မြေအောင်းကြွက်များသည် တန်ဖိုးကြီးသော အစားအသောက်တမျိုးပင်။ ထို့ကြောင့် မြေအောင်းကြွက်ရောင်းဝယ်ရေးလုပ်ငန်းသည်လည်း ဤအရပ်၏ အရေးကြီးသော စီးပွားရေးလုပ်ငန်း ဖြစ်သည်။

အဖိုးကြီးအား ဤအချိန်တွင် ဘာစီးပွားရေးလုပ်ငန်းကိုမှ စိတ်ဝင်စားတော့ဟန်မတူ။ သူက စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ပြောလိုက်သည်။

"မရှိတော့ဘူး အကုန် ဓားပြတိုက်ခံလိုက်ရပြီ"

"ဓားပြတိုက်ခံလိုက်ရပြီ ဟုတ်လား"

"ဟုတ်တယ် လူသားအရိုင်းအစိုင်းးတွေလေ လွန်ခဲ့တဲ့လဝက်လောက်က ဒီမြို့ထဲ ဝင်လာပြီး တွေ့ကရာ အကုန်ဓားပြတိုက်သွားကြတယ်"

"ဒီကောင်တွေ ရိက္ခပြတ်နေပြီနဲ့တူတယ်"

"ဘယ်သူသိနိုင်မလဲ ဟုတ်ရင်လဲဟုတ်မှာပေါ့ ရိက္ခာပြတ်ရင်လဲ တခြားနေရာသွားတိုက်ပါလား ကျုပ်တို့က ဆင်းရဲသားတွေပဲဟာ"

"လမ်းကြုံ ဝင်လုတာဖြစ်မှာပေါ့ ဒါမှမဟုတ် မြေအောင်းကြွက်အသားကို ကြိုက်လ်ို့လဲ ဖြစ်ရင်ဖြစ်မှာပေါ့"

စုချန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါနဲ့ ကျုပ် တိမ်တိုက်ကျောက်တုံးအမှုန့် နည်းနည်းလောက် လိုချင်တယ် ခင်ဗျားမှာ ရောင်းစရာ ရှိသေးလား"

"ဘာမှရောင်းစရာ မရှိတော့ဘူး ဒီကောင်တွေ တိမ်တိုက်ကျောက်တုံးအမှုန်တွေက်ိုလဲ ရှိသမျှ အကုန်မသွားပြီ"

"ဟာ ဘယ်လိုဖြစ်လို့တုန်း တိမ်တိုက်ကျောက်တုံးအမှုန်တွေနဲ့ သူတို့က ဘာလုပ်မှာတုန်း"

"ဘယ်သိမတုန်းကွာ ဒီကောင်တွေ တွေ့သမျှ အကုန်ယူသွားတာပဲဟာ ရိက္ခာတွေ အသားတွေ ရှိရှိသမျှ အကုန်ပဲ ဒါတွေနဲ့ သူတို့ဘာလုပ်မယ် ဘယ်သူမှ မပြောနိုင်ဘူး ဒါမှမဟုတ် စိတ်ရူးပေါက်ပြီး လမ်းတလျှောက် တွေ့သမျှ အကုန်ဖျက်ဆီးသွားတာမျိုးလဲ ဖြစ်နိုင်တာပဲ"

စုချန်း ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ ဒီအတိုင်းဆို ကျုပ် ဝယ်စရာ ဘာမှမကျန်တော့ဘူးပေါ့"

သူအလိုရှိသည့့် သတင်းတချို့ ရခဲ့ပြီဖြစ်၍ စုချန်း ထိုနေရာမှ ထွက်ခွာလာခဲ့၏။ သ်ို့သော် ထိုဧရိယာမှ သူ ထွက်မသွားသေး။ မြင်တွေ့ရသော လမ်းအတိုင်း သူ လျှောက်လာခဲ့လေသည်။

ပျက်စီးနေသောမြို့၏ တိုက်ပွဲအကြွင်းအကျန်များသည် တိုက်ပွဲတလျှောက် ဘာဖြစ်ပျက်ခဲ့သည်ကို မှတ်တမ်းတင်ထားသလို ရှိနေ၏။ စုချန်းအနေနှင့် တိုက်ပွဲနှင့် ပတ်သက်သော သဲလွန်စများကို ရှင်းရှင်းလင်းလင်းပင် မြင်တွေ့နေရလေသည်။

ထိုအခါ အဆိုပါ သဲလွန်စများ၊ သတင်းအချက်အလက်များသည် တိုက်ပွဲမြင်ကွင်းများအဖြစ် စုချန်း၏ စိတ်အာရုံတွင် ထင်ဟပ်လာ၏။

"ရေခဲကြွက် တိမ်တိုက်ကျောက်တုံးအမှုန် သစ်သား သတ္တုအူတိုင်တွေ...အကုန်လုံးက လမ်းကြောင်းတခုတည်းကို ညွှန်ပြနေသလိုပါပဲလား"

စုချန်း တီးတိုးရေရွတ်လိုက်သည်။ ယခု သူသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် တဖြည်းဖြည်း နီးကပ်လာပြီဟု စုချန်း ခံစားနေရ၏။

သို့သော် နောက်ဆုံးတည်နေရာတခုအား အတည်ပြုရန်တော့ လိုအပ်နေသေး၏။

ထိုနေရာမှာ လေညှင်းမြို့အနီးရှိ တောအုပ်တအုပ်ပင် ဖြစ်သည်။

အနှီတောအုပ်တွင် တမျိုးတည်းသော အပင်များသာ ပေါက်ရောက်၏။ ထိုသစ်ပင်မှာ အဝါရောင်နဂါးသစ်ပင်များပေတည်း။

အဝါရောင်နဂါးသစ်ပင်ဟူသည် ရှားပါးပစ္စည်းတမျိုးဖြစ်ပြီး မူလစွမ်းအင်က်ို အလွယ်တကူ သယ်ပို့ပေးနိုင်သော စွမ်းရည်ရှိ၏။ သို့သော် ထ်ိုစွမ်းရည်သည် ပစ္စည်းအတော်များများတွင် ရှိနေ၍ ဆန်းကြယ်လှသည်ဟုတော့ မဆိုနိုင်။ အဝါရောင်နဂါးသစ်ပင် တခြားပစ္စည်းများထက် ဆန်းကြယ်နေရသော အကြောင်းပြချက်မှာ ၎င်းတွင် ပထဝီအမျိုးအစား ပင်က်ိုယ်သတ္တိများ ပေါကြွယ်ဝနေခြင်းပင်။

ထို့ကြောင့် အဝါရောင်နဂါးသစ်ပင်သည် အေးခဲဖုန်ဆိုးမြေ၏ အဓိက ပို့ကုန်လည်း ဖြစ်ပေသည်။

ယခုတော့ လေညှင်းမြို့အနီးရှိ အဝါရောင်နဂါးသစ်ပင်သည် တတောလုံး မီးလောင်ကျွမ်းကုန်လေပြီ။

စုချန်းသည် ခြစ်ခြစ်တောက်ပူလောင်နေသော မြေပြင်က််ို စစ်ဆေးကြည့်လိုက်၏။ သူ့နှုတ်ခမ်းထောင့်တွင် ထူးခြားသော အပြုံးတရပ် ပေါ်လာသည်။

နောက်ဆုံးတော့ စုချန်းတယောက်က် သူ့သံသယကို အတည်ပြုနိုင်ခဲ့ချေပြီတည်း။

ထို့နောက် စုချန်း ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် သတ်ဖြတ်သူအုပ်စုတစု ဤနေရာသို့ ဦးတည်လာနေကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။

***

All Chapters