← Chapters

မိုးကြိုးနှင့် မီးလျံ

Vol. 62 Ch. 620

မိုးကြိုးနှင့် မီးလျံ

Vol. 62 Ch. 620

အုန်းခနဲမြည်သံနှင့်အတူ စုချန်းတယောက် နောက်သို့လွင့်စင်သွား၏။ မြေပြင်ဆီသို့ ပြန်ကျလာသည်နှင့် တပြိုင်နက် စုချန်း၏ နောက်ကျောတွင် ပုံရိပ်ယောင်တခု ထွက်ပေါ်လာလေသည်။ တကယ်တော့ သတ်ဖြတ်သူစစ်သား​ခြောက်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်နှင့် ရှောင်တိမ်းရန် စုချန်း ကြိုတွေးထားခြင်း ဖြစ်သည်။ သို့သော် သတ်ဖြတ်သူခေါင်းဆောင် ရုတ်တရက် ဝင်တိုက်လိမ့်မည်ဟုတော့ စုချန်း မျှော်လင့်မထား။ ထို့ကြောင့် စုချန်း အငိုက်မ်ိသွားခြင်း ဖြစ်သည်။

နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို သုတ်ပစ်ရင်း စုချန်း တဟဲဟဲရယ်မောလိုက်၏။

"မဆိုးဘူး မင်း တော်သားပဲ"

"ဟာ ဒီကောင် ငါတ်ို့နဲ့ အတူတူပါပဲလား"

စုချန်း၏ ပုံစံကိုကြည့်ရင်း သတ်ဖြတ်သူခေါင်းဆောင် ကြောင်အမ်းအမ််းဖြစ်သွား၏။

"မဟုတ်ဘူး အဲကောင် လူသားပဲ"

အကြားအမြင်ပညာရှင်က ဝင်အော်လိုက်၏။

"လက်စသတ်တော့ ဒီလိုကိုးကွ"

သတ်ဖြတ်သူခေါင်းဆောင် ချက်ချင်းပင် နားလည်သွား၏။

"အရင်ရက်တွေကတည်းက ရုပ်ဖျက်နိုင်တဲ့ လူသားတယောက် ငါတို့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်လာတယ်လို့ ကြားနေတယ် ဒီကောင်ဟာ သတ်ဖြတ်သူအများကြီးကို သတ်သွားတယ် ငါတို့တပ်စခန်းထဲကို ခိုးဝင်ပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ခိုးသွားတယ် ဒါတင်မကသေးဘူး အရိုးနတ်ဆရာတယောက်နဲ့ ဝိညာဥ်မဲ့တယောက်ကိုပါ သတ်သွားသေးတယ် သူတို့ ပြောနေတာ မင်းပဲနဲ့ တူတယ်"

ဤတကြိမ်တွင်တော့ စုချန်း သတ်ဖြတ်သူအဖြစ် ဟန်ဆောင်မနေတော့။ လူသားပုံစံ ပြန်ပြောင်းရင်း သူက ပြောလိုက်သည်။

"မင်း ပြောတဲ့အတိုင်းဆိုရင် ငါ အတော်လေး နာမည်ကြီးနေပြီပဲကွ"

"မင်းဘယ်လောက်ပဲ နာမည်ကြီးကြီး ဒီနေ့ အဆုံးသတ်ရတော့မှာပါ"

"ငါကတော့ ဒီလို မထင်ဘူး ထိပ်တန်းစုံစမ်းထောက်လှမ်းရေးအဖွဲ့တဖွဲ့နဲ့ အကြားအမြင်ပညာရှင်တယောက်ကို ရှင်းပစ်နိုင်တယ်ဆိုပြီး ပိုတောင်နာမည်ကြီးလာမယ်လို့ ငါ ထင်နေတယ်"

ဝုန်း!!!

စကားဆုံးသည်နှင့် စုချန်းက စတင်တ်ိုက်ခိုက်လိုက်သည်။

ယခုအချိန်မှာ စကားပြောရမည့်အချိန်မဟုတ်တော့။ တိုက်ခိုက်ရမည့်အချိန် ဖြစ်သည်။ စုချန်းသည် အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်းမရှိ။ ထိုနည်းတူစွာ သတ်ဖြတ်သူခေါင်းဆောင်သည်လည်း သွက်လက်မြန်ဆန်စွာ လှုပ်ရှားလာ၏။

ထိုစဥ် သတ်ဖြတ်သူစစ်သားခြောက်ယောက်လည်း ပြိုင်တူ လှုပ်ရှားလာ၏။ ၎င်းတို့ကိုယ်တွင် ရေးထိုးထားသော ဆေးမင်များတလျှောက် အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်းတို့ဆီမှ ပြင်းထန်သော အားလှိုင်းများ တိုးထွက်လာ၏။

အမှန်တော့ ထိုစစ်သားခြောက်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို စုချန်းအနေနှင့် မခုခံနိုင်စရာမရှိ။ သို့သော် စုချန်းက နောက်ဆုတ်ရန် ဆုံးဖြတ်လ်ိုက်၏။ သူ့ကိုယ်ခန္ဓာသည် လေထဲဲသို့ ငှက်ကလေးတကောင်သဖွယ် ခုန်တက်သွား၏။

သတ်ဖြတ်သူများဟူသည် အနီးကပ်တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသူများဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် သတ်ဖြတ်သူများနှင့် အနီးကပ်တိုက်ခိုက်ခြင်းမပြုပဲ အဝေးမှ မီးလျံငှက်နှင့် တိုက်ခိုက်ခြင်းသည် ကောင်းမွန်သော နည်းဗျူဟာတရပ် ဖြစ်နေသည် မဟုတ်ပါလား။

သို့သော် စုချန်း လေပေါ်ရောက်သွားသည်နှင့် သတ်ဖြတ်သူစစ်သားခြောက်ဦးသည် ၎င်းတို့၏ ပုဆိန်များကို ဆွဲထုတ်ကာ စုချန်းရှိရာသို့ ပစ်လွှတ်လိုက်ကြ၏။

အလင်းတန်းခြောက်ခုကား စုချန်းဆီသို့ တိုးဝင်လာခဲ့လေပြီ။

သတ်ဖြတ်သူများ၏ မထင်မှတ်သော ဗျူဟာကြောင့် စုချန်းကိုယ်တိုင်ပင် မျက်လုံးပြူးသွား၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် တောင်ခွဲဓားသည် စုချန်းရှိရာသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ စုချန်းသည် ကျယ်လောင်စွာ အော်ဟစ်ပြီး တောင်ခွဲဓားအား ဝေ့ယမ်းလိုက်ရာ မီးဖွားများ ဟိုမှသည်မှ ထွက်ပေါ်လာကာ ပုဆိန်များ ဘေးသို့ လွင့်စင်သွား၏။ အနှီ ပုဆိန်များသည် မြေပေါ်သို့ ပြုတ်ကျသွားခြင်းမရှိပဲ ၎င်းတို့၏ ပိုင်ရှင်များလက်ထဲသို့ အသီးသီး ပြန်ရောက်ကုန်ကြလေသည်။ သို့သော် စုချန်းအဖ်ို့် အန္တရာယ်မှာ မပြီးဆုံးသေး။

ထိုအချိန်တွင် စုချန်းက တောင်ခွဲဓားက်ို ထပ်မံ ဝေ့ယမ်းလိုက်ပြန်၏။

တောင်ခွဲဓား၏ မျက်နှာပြင်သည်လည်း အလင်းတန်းများ၊ လျပ်စီးများ တဖြတ်ဖြတ် တောက်ပလာ၏။ ဓားရွေ့လျားတိုင်း ထွက်ပေါ်လာသော အလင်းရောင်များသည် မိုးအခါ လျပ်စီးလျက်သကဲ့သို့ ညအမှောင်ထုအား ဖြိုခွဲလိုက်သည်ဟု ထင်မှတ်ရသည်။

ထိုစဥ် စူးရှသော အလင်းတန်းတခုက စုချန်းရှိရာသို့ တိုးဝင်လာပြန်၏။ ဤတိုက်ခိုက်မှုကိုတော့ သူ တောင့်မခံနိုင်လောက်ဟု စုချန်း ရင်ထဲတွင် ခံစားလိုက်ရသည်ည်။

သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်သတ်ဖြတ်သူ၏ မူလချီစွမ်းအင်ပေတည်း။ ၎င်းသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်ဖြစ်သည့် စုချန်းထက် အဆင့်နိမ့်နေသည့်တိုင် ၎င်းကိုယ်ပေါ်တွင် ထိုးထားသည့့် ဆေးမင်များ၏ စွမ်းအား၊ အပြင်အား ပေါင်းစပ်မှုကြောင့် ဤမျှ ကြောက်စရာကောင်းသော တိုက်ခိုက်မှုအား လုပ်ဆောင်နိုင်ခြင်းပင်။

ထိုစဥ် စုချန်း၏ နောက်ကျောမှ ကမ္ဘာဦးသွေးပုံရိပ် ထွက်ပေါ်လာ၏။ တောင်ခွဲဓားသည်လည်း ကြီးမားလာ၏။ အုန်းခနဲ ပေါက်ကွဲသံနှင့်အတူ မီးဖွားများ၊ မျက်စေ့ကျိန်းမတတ် အလင်းရောင်များ ထွက်ပေါ်လာပြီး အလွန်လှပသော မြင်ကွင်းတရပ်ကို ဖြစ်ပေါ်လာစေတော့သည်။

စုချန်းကား မြေပြင်တွင် ခြေစုံမရပ်နိုင်ခင်မှာပင် နောက်သို့ လွင့်စင်သွားရပြန်၏။

သေစမ်း...ငါချည်းပဲ ခံနေရပါလား

စုချန်း ကြိတ်၍ ကျိန်ဆဲလိုက်သည်။ ကံကောင်းသည်မှကား သွေးလည်ပတ်မှု အနည်းငယ် ကမောက်ကမ ဖြစ်သွားသည်မှအပ စုချန်းတယောက်က် ယခုအချိန်ထိ ဒဏ်ရာကြီးကြီးမားမား မရသေး။

မည်သို့ဆိုစေ နောက်ဆုံးတော့ စုချန်းတယောက်က် မြေကြီးပေါ်သို့ ခြေချနိုင်ခဲ့ပေပြီ။ သတ်ဖြတ်သူခေါင်းဆောင်သည် ထပ်မံတိုက်ခိုက်ကာ အခွင့်အရေးယူရမည့်အစား အောက်ပါအတိုင်း ပြောလိုက်၏။

"မင်း မဆိုးပါဘူး ဒါပေမဲ့ ခုနက လေထွားခဲ့သလောက်တော့ အဆင့်မရှိသေးဘူး"

စုချန်း၏ မျက်နှာသည် လေးနက်တည်ကြည်လာ၏။

"ငါလာခဲ့တဲ့ လမ်းခရီးတလျှောက်မှာ မရေမတွက်နိုင်တဲ့ သတ်ဖြတ်သူတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် အဲဒီထဲက တချို့ဟာ မင်းလိုပဲ ပြောခဲ့ကြတယ်"

သတ်ဖြတ်သူခေါင်းဆောင်ကား စုချန်း၏ စကားကို မည်သ်ို့မှ ခံစားရဟန်မတူ။ ရင်ဘတ်ရှေ့တွင် ဓားကို အသင့်အနေထားနှင့် ကိုင်ပြီး ၎င်းက ထအော်လိုက်သည်။

"ငါ့နာမည် ရှာတန်း"

"မင်းနာမည် ငါ မမေးမိပါဘူး"

ပြောပြောဆိုဆို စုချန်းက လက်တဖက်ကို ဝေ့ယမ်းလိုက်၏။ စုချန်း လက်ဝေ့ယမ်းလိုက်သည့်ခနမှာပင် မီးဖွားလေးများပြည့်နှက်နေသော မီးပင်လယ်ကြီး လေထဲတွင် ဘွားခနဲ ပေါ်လာ၏။ ထို့နောက် ၎င်းမီးပင်လယ်ကြီးသည် မီးငှက်ကြီးအဖြစ် ပြောင်းလဲသွားပြီး စူးရှစွာ အော်ဟစ်ကာ သတ်ဖြတ်သူအုပ်စုဆီသို့ တိုးဝင်သွားတော့သည်။

"ရှောင်ကြစမ်းဟေ့"

ရှာတန်း ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်၏။ ၎င်း၏ ကိုယ်ပေါ်ရှိ ဆေးမင်များသည်လည်း အရောင်များ တောက်ပလာလေသည်။

ထို့နောက် အရောင်များ ဝင်းဝင်းတောက်နေသော ဓားရိပ်များ မီးငှက်ကြီးဆီသို့ တိုးဝင်သွား၏။

မီးလျံများနှင့် အလင်းရောင်များ ဆုံတွေ့မိချိန်ဝယ် အုန်းခနဲ အသံနက်ကြီးနှင့်အတူ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး အရပ်ရှစ်မျက်နှာလုံး လင်းထိန်သွား၏။ တချိန်တည်းမှာပင် မီးငှက်ကြီးကိုယ်ပေါ်မှ မီးတောက်မီးလျံများ ပို၍ တောက်ပလာပြီး အားကောင်းလှသော မီးလျံများက တဖက်မှ အလင်းတန်းများအား ဝါးမြိုသွားတော့၏။

ထို့နောက် ဟုန်းဟုန်းတောက်နေသော မီးလျံများသည် ရှာတန်း၏ က်ိုယ်ပေါ်ရှိ ဆေးမင်များအား ထိုးဖောက်သွားပြီး ၎င်းအား မတည်မငြိမ် ဖြစ်သွားစေ၏။

ထိုအချိန်တွင် ပုဆိန်ပျံများ လေဟုန်စီးလာပြန်၏။ စစ်သားများကား ၎င်းတို့ခေါင်းဆောင်က်ို ကာကွယ်နိုင်ရင် အပြင်းအထန် ကြိုးစားကြခြင်းပင်။ ယုတ်စွအဆုံး အကြားအမြင်ပညာရှင်ကို ကာကွယ်ရန် တာဝန်ယူထားသည့် စစ်သားများပင် တိုက်ပွဲစည်းဝိုင်းအတွင်းသို့ ရောက်လာကြလေသည်။ ပုဆိန်ရှစ်လက်ကား မီးတောက်များကို ဖြတ်သန်းကာ စုချန်းဆီသို့ ဦးတည်ပျံသန်းလာကြလေပြီ။

သို့သော် စုချန်းနောက်ကျောရှိ ထူးဆန်းသော ပုံရိပ်ယောင်ကြီးသည် ဓားကို ဝေ့ယမ်းလိုက်လေရာ ပုဆိန်များ လွင့်စင်ကုန်တော့၏။

"အသေးအမွှား သတ္တဝါလေးတွေပဲကွ"

ပုံရိပ်ယောင်၏ ပါးစပ်မှ ထွက်ပေါ်လာသော စကားသံ ဖြစ်သည်။

စုချန်း၏ ပုံရိပ်ယောင်ကား စကားပင် ပြောတတ်နေချေသည်တကား။တကယ်တော့ ထိုစကားလုံးများမှာ စုချန်း၏ စိတ်ကူးထဲမှ စကားလုံးများပင် ဖြစ်သည်။

စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်သည် ရှေးကထက် များစွာ တိုးတက်လာသည်မှာ ယုံမှားသံသယ ဖြစ်နေစရာမလိုတော့။ ကြည့်နေရင်းနှင့်ပင် အနှီ သွေးပုံရိပ်သည် စုချန်း၏ ပကတိကိုယ်ခန္ဓာနှင့် ပေါင်းစပ်သွား၏။ ထိုအခါ စုချန်း၏ ကိုယ်ခန္ဓာမှာလည်း ကြီးမားလာတော့၏။

တဆက်တည်းမှာပင် မူလထက် အဆများစွာ ကြီးမားလာသော တောင်ခွဲဓားသည် ကြမ်းတမ်းရက်စက်စွာ လှုပ်ရှားလာတော့၏။ ဓားချက်ကြောင့် သတ်ဖြတ်သူစစ်သားတဦး၏ ကိုယ်ခန္ဓာ ထက်ပိုင်းပြတ်သွားပြီး ပတ်ဝန်းကျင်တခုလုံး သွေးများ ရဲပဒေါင်းခတ်ကုန်လေသည်။ ထိုစစ်သား၏ ဆေးမင်များသည် ဤတကြိမ်တွင် တောင်ခွဲဓားချက်က်ို ကာကွယ်နိုင်စွမ်းမရှိတော့။

"ဟာ ဆီရေး"

ရှာတန်း၏ ဝမ်းပမ်းတနည်းအော်သံ ထွက်ပေါ်လာသည်။

သို့သော် ရှာတန်းခမျာ ဆုံးအောင်ပင် အော်ခွင့်မရလိုက်ရှာ။ တောင်ခွဲဓားသည် နောက်ထပ် စစ်သားတဦးအား ခုတ်ပိုင်းသွားပြန်၏။

အေးစက်မာကျောသော ဓားသွားသည် သတ်ဖြတ်သူစစ်သားနှစ်ဦး၏ သွေးအား သောက်သုံးခဲ့ပြီးဖြစ်လေရာ ပို၍ သွေးဆာလာဟန်ရှိ၏။ ၎င်း၏ အတောင်ပံများအား တဖြတ်ဖြတ်ခတ်ကာ သတ်ဖြတ်သူခေါင်းဆောင်ဆီသို့ ဦးတည်ပျံသန်းလာတော့သည်။ သတ်ဖြတ်သူခေါင်းဆောင်သည်လည်း ၎င်း၏ အလင်းရောင်တောက်ပနေသောဓားကို ဝင့်ကာ ခုခံရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် တောင်ခွဲဓားသည်လည်း အလားတူ အလင်းရောင်များ တောက်ပလာ၏။

တဖြတ်ဖြတ်လင်းလက်နေသော အလင်းတန်းလက်တံများသည် တောင်ခွဲဓားအား ရစ်သိုင်းလွှမ်းခြုံသွားပြီးသကာလ တောင်ခွဲဓားသည် ကြီးမားသော အလင်းဓားကြီးအဖြစ် ပြောင်းလဲကာ သတ်ဖြတ်သူခေါင်းဆောင်၏ ဓားအား ပြင်းထန်စွာ ရိုက်ခတ်လိုက်၏။ တဆက်တည်းမှာပင် တောင်ခွဲဓားမျက်နှာပြင်ရှိ အလင်းတန်းများသည် အုန်းခနဲပေါက်ကွဲသွားပြီး သတ်ဖြတ်သူခေါင်းဆောင်၏ ရင်ဘတ်အား ထိမှန်သွား၏။

"ဒါ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရှာတန်း၏ မျက်လုံးအစုံသည် မယုံနိုင်ဟန်ဖြင့် ပြူးကျယ်ဝိုင်းစက်နေလေသည်။

ထိုအချိန်မှာပင် စုချန်း၏ ကြီးမားသော လက်သီးသည် နောက်ထပ် စစ်သားတဦးထံသို့ ကျရောက်သွားပြန်၏။ ထ်ို့နောက် စုချန်းက ပြောလ်ိုက်သည်။

"ဒီလောကကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးကွ မင်းဟာ ကာယခွန်အားလောက်က်ိုသာ သုံးဖို့သိတဲ့ အမှိုက်လိုကောင်ပဲ မူလစွမ်းအင်အကြောင်းကို နားလည်ဖို့ မင်းဦးနှောက်က သ်ိပ်ကို တိမ်လွန်းတယ်"

စကားဆုံးသည်နှင့် စုချန်း၏ ဘယ်ဖက်လက်မှ မီးလျံငှက်ကြီး ထွက်ပေါ်လာပြီး ညာဖက်လက်မှ ကြမ်းတမ်းရက်စက်သော မိုးကြိုးစွမ်းအင်များ တောက်ပလာ၏။

ထို့နောက် မိုးကြိုးဓားနှင့် မီးလျံသိမ်းငှက်သည် ရှာတန်းဆီသို့ တိုးဝင်သွားတော့သည်။

***

All Chapters