← Chapters

အခန်း ၁၀-၁၂

Vol. 1 Ch. 10-12

အခန်း ၁၀-၁၂

Vol. 1 Ch. 10-12

အခန်း ( ၁၀ ) အမြဲတမ်း တစ်ခုခု လစ်ဟာနေသလို ခံစားခဲ့ရသော စနစ်တံခါးချပ်။

စေ့စပ်ပွဲအတွက် ပြင်ဆင်တဲ့ ကိစ္စတွေကို စုယန်နှင့်ပဲ လွှဲထားသည်။ လက်ရှိအချိန်မှာ မိသားစုရဲ့ ငွေရေးကြေးရေးကို စီမံခန့်ခွဲပေးနေသူကလည်း စုယန်ပဲ ဖြစ်သည်။

ထိုအချိန်မှာ ရီဖန်ကတော့ တုပေါင်ဆေးဆိုင်ကို အချိန်ရတုန်း သွားခဲ့သည်။ တုပေါင်ဆေးဆိုင်မှာ သိုင်းပညာကျင့်စဉ်တွေကို ရောင်းချပေမဲ့ အများစုက အဆင့်မြင့်ကျင့်စဉ်တွေ မဟုတ်ပေ။

“ မင်း လိုအပ်တာ ရှိလား ဆိုတာ ဒီသိုင်းပညာကျင့်စဉ်တွေကို တစ်ချက် လာကြည့်ပါ ဆေးဆရာလီ။ ဒါပေမဲ့ ဒီကျင့်စဉ်တွေကတော့ သာမန်ကျင့်စဉ်တွေပဲ။ မင်း အဆင့်မြင့်ကျင့်စဉ်တွေကို လိုချင်ရင်တော့ စီရင်စုထဲက ဆိုင်ခွဲကို သွားပြီး ဝယ်ရလိမ့်မယ်။ ” လီချန်းက စာအုပ် တစ်ဒါဇင်ကျော်ကို ထုတ်ယူရင်း ရီဖန်ကို ပြောလိုက်သည်။

မျောက်ဘုရင်လက်သီး ၊ လေပွေရိုင်းဓားမြောင် ၊ ဓားသခင် ၊ လေပြည်အေးဓားရှည် …

လက်နက်မပါတဲ့ သိုင်းပညာ အများစုက လက်ဝှေ့ထိုးကျင့်စဉ်တွေ ဖြစ်ပြီး လက်နက်ပါတဲ့ သိုင်းပညာတွေကတော့ ဓားမြှောင်တွေ ၊ ဓားရှည်တွေကို အများဆုံး အသုံးပြုသည်။

ဒီသိုင်းပညာတွေက လူကြိုက်အများဆုံး ဖြစ်နေတာမို့ ရီဖန့်မှာ တခြား ရွေးချယ်စရာ မရှိပေ။

‘ ဓားရေးနဲ့ သေနတ်ပစ်ကျွမ်းကျင်ဖို့ တစ်သက် အချိန်ယူရတယ် ၊ လှံကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ဖို့ တစ်လ အချိန်ယူရတယ် ’ ဆိုတဲ့ ဆိုရိုးစကားလိုပဲ ဖြစ်သည်။ သာမန်လူတစ်ယောက်အဖို့ သိုင်းပညာ တစ်မျိုးကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ဖို့ပင် ခက်ခဲလေ‌ရာ သိုင်းပညာ အမျိုးအစားတွေ အများကြီးကိုဆို ပြောဖွယ်ရာပင် မရှိတော့ပေ။

တုပေါင်‌ဆေးဆိုင်ကို ရီဖန် မရောက်ခင်ကတည်းက ရီကျင်းထျန် ၊ ရီကျင်းဟိုင်တို့နှင့် ဆွေးနွေးခဲ့သည်။ တစ်ယောက်က ဓားမြောင်ကို ရွေးချယ်ပြီး ကျန်တစ်ယောက်ကတော့ ဓားရှည်ကို ရွေးချယ်၏။

နောက်ဆုံးမှာတော့ ရီဖန်သည် သိုင်းပညာစွမ်းရည်တွေ အများကြီးထဲမှ လေပွေရိုင်းဓားမြောင်နှင့် လေပြည်အေးဓားရှည်နည်းစနစ်ကို ရွေးချယ်လိုက်သည်။

ရီဖန် စာအုပ်တွေနှင့် အိမ်ပြန်ရောက်လာချိန်ထိ သူ့သားနှစ်ယောက်က ပြန်မရောက်သေးပါ။ ရီဖန်လည်း ဘာမှ လုပ်စရာမရှိတဲ့အတူတူ လေပွေရိုင်းဓားမြောင် လျို့ဝှက်လေ့ကျင့်ရေးစာအုပ်ကို ဖွင့်လိုက်သည်။

ခုတ်ဖြတ်တာ ၊ လှီးဖြတ်တာတွေကဲ့သို့ အခြေခံ ဓားရေးအတတ်တွေကို သုံးထားတဲ့ ဒီကျင့်စဉ်က ဓားမြောင်တစ်လက်ကို လေပွေရိုင်းထဲကို လွှင့်တင်၍ တိုက်ခိုက်မှုတွေကို ကာကွယ်ရုံသာ ဖြစ်ပြီး တန်ပြန် တိုက်ခိုက်တာ မဟုတ်ချေ။

ဒီလေပွေရိုင်းဓားမြောင်ကျင့်စဉ်က လုံးဝ မခက်ခဲပါ။ ထို့ကြောင့်လည်း ငွေတုံး ( ၅၀ ) ပဲ ကျသင့်တာ ဖြစ်လိမ့်မည်။

ရီဖန်သည် ဓားကျင့်စဉ်တွေကို သူ့စိတ်ထဲမှာ စုပ်ယူလိုက်ပြီးနောက် လက်တစ်ဖက်ကို ဓားမြောင်သဖွယ် ဆန့်ထုတ်ကာ အရှေ့ကို ခုတ်ပိုင်းချလိုက်သည်။

ကြည့်ရတာ … ငါ ကျွမ်းကျင်သွားပြီလား … ။

“ သခင့်ရဲ့ ဂိုဏ်းဟာ ရေရှည်တာဝန်ဖြစ်တဲ့ ပထမကျင့်စဉ်ကို အောင်မြင်စွာ လေ့လာပြီးပါပြီ။ ဂိုဏ်းအတွက် လက်နက်စုဆောင်းမှု အဆင့်တစ် : ပဏာမစုဆောင်းမှု ( ပြီးဆုံး ) ကို ရယူနိုင်ပါပြီ။ ”

ကျိုးနျိုကြံ့ခိုင်သန်မာကျင့်စဉ်က သံချပ်ကာသိုင်းသင်တန်းကျောင်းနှင့်သာ သက်ဆိုင်တာမို့ ရီမိသားစု ပိုင်ဆိုင်တဲ့ ကျင့်စဉ်အဖြစ် ထည့်မတွက်ခဲ့ပေ။ အခုတော့ သူတို့က ကိုယ်ပိုင်ကျင့်စဉ်ကို ဝယ်ယူလိုက်ပြီ ဖြစ်သောကြောင့် လေပွေရိုင်းဓားမြောင်ကျင့်စဉ်ကို ရီမိသားစုက အမှန်တကယ် ပိုင်ဆိုင်သွားခဲ့သည်။

ရီဖန်ကတော့ ထိုမျှလောက် အသေးစိတ် လိုက်တွေးနေဖို့ အချိန်မရှိဘဲ သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်လာခဲ့သည်။ သူ့ခွန်အားတွေက ချိတ်ပိတ်ခံထားရမှာ မဟုတ်ဘူးလား။ သိုင်းပညာတွေကို ဘာလို့ ရုတ်တရက်ကြီး သူကိုယ်တိုင် လေ့လာလို့ ရသွားတာလဲ။

“ မင်း တစ်ခုခု မှားယွင်းသွားတာလား စနစ်။ ”

“ ဒီစနစ်မှာ ဘာအမှားအယွင်းမှ မရှိပါဘူး သခင်။ သခင့်ရဲ့ ကျင့်ကြံရေးအဆင့်ကို ချိတ်ပိတ်ထားပေမဲ့ သိုင်းပညာကိုတော့ သခင် လေ့ကျင့်လို့ ရပါတယ်။ ဒါကိုလည်း အရင်တုန်းက သခင်‌ လေ့လာခဲ့တဲ့ ဆေးဝါးပညာရပ်လိုပဲ အဆင့်မြှင့်သွားလို့ ရပါတယ်။ ”

“ စနစ်ရဲ့ တံခါးချပ်ကို အခု ဖွင့်လိုက်ပါပြီ သခင်။ ကျေးဇူးပြုပြီး သခင် အဆင်ပြေတဲ့ အချိန်မှာ ကြည့်၇ှုလို့ ရပါတယ်။ ”

ရီဖန်သည် ပြောစရာပျောက်ဆုံးကာ ဆွံ့အသွားမိသည်။ သူ့ဘဝမှာ ဒီနေ့လို မယုံကြည်နိုင်စရာကောင်းလွန်းတဲ့ အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးပါ။

ငါ ဒီတစ်ချိန်လုံး အရူးလုပ်ခံခဲ့ရတာပဲ။

ပြောစရာစကားမရှိအောင် ဆွံ့အမိပေမဲ့လည်း ဒါက ဝမ်းသာစရာ ကိစ္စ တစ်ခု ဆိုတာကိုတော့ သူ ဝန်ခံရပါမည်။

ရီဖန်သည် ထိုအတွေးနှင့်အတူ စနစ်ရဲ့ တံခါးချပ်ကို ဖွင့်လိုက်သည်။

‘ ဇာတ်ကောင် : ရီဖန်

အဆင့် : ခန္ဓာကိုယ်ကြံံခိုင်သန်မာမှု အဆင့် ( ၁၂၃ / ၇၀၀ )

စွမ်းရည် : ကျိုးနျိုကျင့်စဉ် အဆင့် ( ၃၂၁ / ၈၀၀ ) ။ ဆေးပညာရှင် ပထမအဆင့် ( ၁၅၉၉ / ၁၆၀၀ ) ။ လေပွေရိုင်းဓား အဆင့်တစ် ( ၁ / ၁၀၀ )

အံ့ဖွယ်စွမ်းရည်များ : အလယ်အလတ် မြွေစိမ်းသွေးမျိုးဆက် ( ၃၆ / ၁၀၀ )

တာဝန်များ : မိသားစုတိုးတက်အောင်မြင်ရေး | သန်မာမှုလမ်းစဉ် | မိသားစုပိုင်နက် | မိသားစုလူဦးရေ | မိသားစုလက်နက်စုဆောင်းမှု ’ |

သူ့စနစ်မှာ တစ်ခုခု လိုအပ်နေတယ်လို့ အမြဲတမ်း ရီဖန် အမြဲတမ်း ခံစားခဲ့ရပြီး ဒီနေ့တော့ လိုအပ်နေတဲ့ အရာက စနစ်တံခါးချပ်ဖြစ်ကြောင်း ရီဖန် နားလည်သွားခဲ့သည်။

ဟူး ၊ အခုမှပဲ စိတ်ထဲမှာ နေသာထိုင်သာရှိသွားတော့တယ်။

အခု သူ့မှာ လေ့လာနိုင်မယ့် စွမ်းရည်တွေ ရှိလာပြီမို့ ရီဖန်မှာ လုပ်စရာတွေလည်း ပိုများလာပြီ ဖြစ်သည်။ ရီဖန်သည် သိုင်းပညာတွေကို ခဏ ဘေးဖယ်ထားပြီး သူ မယူရသေးတဲ့ ရေရှည်တာဝန်ဆုလက်ဆောင်ကို အရင် ထုတ်ယူလိုက်သည်။

“ သခင့်ကို ဂုဏ်ပြုပါတယ်။ ဆယ်စုနှစ်ဓားသခင် ဆုလက်ဆောင်ကို ထုတ်ယူပြီးပါပြီ။ ”

ဆယ်စုနှစ်ဓားသခင်တဲ့လား။ ဒီလို ဆုလက်ဆောင်မျိုးကို ရီဖန် အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာ ဖြစ်သော်လည်း အသုံးဝင်တဲ့ ဆုလက်ဆောင်တစ်ခု ဖြစ်လိမ့်မည်ဟု ခံစားရသည်။

ရီဖန်က စနစ်ပေးတဲ့ ဆုလက်ဆောင်ကို ချက်ချင်း အသုံးမပြုသေးဘဲ စနစ်ရဲ့ အိတ်ထဲမှာ လောလောဆယ် ထည့်ထားလိုက်သည်။

အခုအချိန်မှာ သူက ဓားစွမ်းရည်ကို စတင် လေ့ကျင့်ခါစပဲ ရှိသေး၍ အခြေခံဓားသဘောတရားတွေကိုတောင် ကောင်းကောင်း နားမလည်သေးပါ။ လက်ရှိအခက်အခဲကို ကျော်လွန်သွားတော့မှ ဆုလက်ဆောင်ကို အသုံးပြုတာက အသင့်တော်ဆုံး ဖြစ်လိမ့်မည်။

ရီဖန်သည် ရီကျင်းထျန်နှင့် ရီကျင်းဟိုင် အိမ်ပြန်မရောက်ခင်မှာ လေပွေရိုင်းဓားကျင့်စဉ်နှင့် လေပြည်အေးဓားသွားကျင့်စဉ်ရဲ့ အဆင့်တစ်ကို ရောက်သွားခဲ့၏။ နောက်တစ်ဆင့်အနေနှင့် သူ့ဘက်က အဆက်မပြတ် လေ့ကျင့်သွားဖို့ပဲ လိုသည်။

သိုင်းပညာနှစ်ရပ်ကို ကျွမ်းကျင်သွားတဲ့ ရီဖန်က ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့ အိမ်ပြန်ရောက်လာချိန်မှာ သူတို့လက်ထဲကို စာအုပ်တွေ ထည့်ပေးရင်း ကြိုးကြိုးစားစား လေ့ကျင့်ဖို့ ညွှန်ကြားလိုက်သည်။

သူတို့ ကြိုးကြိုးစားစား လေ့ကျင့်လေ ၊ မိသားစုတွင်းစွမ်းအားတွေကို မျှဝေတဲ့ စနစ်ကြောင့် ရီဖန်လည်း မြန်မြန် တိုးတက်လေ ဖြစ်သည်။ သူ့မိသားစုထဲမှာ ဆေးပညာကို ပါရမီပါတဲ့ လူ မရှိတာကတော့ နှမြောစရာကောင်းပေသည်။ မဟုတ်ရင် သူ့ရဲ့ ဆေးဝါးစွမ်းရည်တွေလည်း တော်တော်လေး ခရီးရောက်နေမှာ ဖြစ်သည်။ တကယ်လို့သာ ဆေးဝါးပညာရပ်ကို သူ့မိသားစုဝင်တွေ လေ့ကျင့်နိုင်ရင် သူတို့ရဲ့ ဆေးဝါးစွမ်းရည်တွေဟာ ဒုတိယအဆင့်ထိ အဆင့်မြှင့်သွားနိုင်ချေရှိသည်။

တစ်လ ဆိုတဲ့ အချိန်သည် မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားသည်။

ရီကျင်းဟိုင်က ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၅ ) နှင့် စုယန်က အဆင့် ( ၃ ) ကို အသီးသီး ရောက်သွားသလို ရီဖန်ရဲ့ လေ့ကျင့်မှုကလည်း အနည်းငယ် တိုးတက်လာသည့်တိုင် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၈ ) ကို မရောက်နိုင်သေးပေ။

လေပွေရိုင်းဓားကျင့်စဉ်နှင့် လေပြည်အေးဓားသွားကျင့်စဉ်ကတော့ တော်တော်လေး ခရီးရောက်လာနေပြီ ဖြစ်သည်။ ပင်ကိုယ်စွမ်းရည်အမှတ် ( ၅၀ ) တိုးသွားခြင်းက အဆင့်နိမ့်တဲ့ ထိုအခြေခံသိုင်းပညာတွေကို လေ့ကျင့်နှုန်းအား အများကြီး အရှိန်မြှင့်ပေးခဲ့ပါသည်။ ရီဖန်ရဲ့ လေပွေရိုင်းဓားကျင့်စဉ်က များစွာ တိုးတက်လာသကဲ့သို့ လေပြည်အေးဓားသွားကျင့်စဥ်ကလည်း အောင်မြင်မှု အနည်းငယ် ရရှိခဲ့သည်။

ဒီနေ့ကတော့ ရီကျင်းထျန်အတွက် ပျော်ရွှင်ဖွယ်ရာ နေ့ကောင်းရက်သာ တစ်ရက်မို့ ရီဖန်တစ်ယောက် သိုင်းပညာလေ့ကျင့်တာကို ခဏ နားဖို့ ဆုံးဖြတ်ခဲ့သည်။

တောက်ပနေတဲ့ အနီရောင်သတို့သားဝတ်စုံကို ဝတ်ဆင်ကာ မြင်းအမြင့်ကြီးတစ်ကောင်ကို စီးထားတဲ့ ရီကျင်းထျန်ရဲ့ အသွင်က အားအင်ပြည့်ဝ တက်ကြွနေပုံရသည်။ သူ့နောက်ကနေ ရထားလုံး ရှစ်စီးက လိုက်ပါလာခဲ့ပြီး ကျားလုကို ထိမ်းမြားလက်ထပ်ရန်အတွက် ကျားအိမ်တော်ကို ဦးတည်လာခဲ့ကြသည်။

ရီဖန်နှင့် စုယန်သည်လည်း အဝတ်အစားသစ်တွေကို ဝတ်ဆင်ကာ ဧည့်သည်တွေကို ကြိုဆိုနေခဲ့သည်။

မြို့ထဲက ဂိုဏ်းတွေ အများကြီးက ရီကျင်းထျန်ရဲ့ မင်္ဂလာဆောင်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂုဏ်ပြုပေးခဲ့ကြပြီး။ တုပေါင်ဆေးဆိုင်သည်ပင် မင်္ဂလာလက်ဖွဲ့ပို့ပေးခဲ့သည်။

“ ဆေးဆရာရီကို ဂုဏ်ပြုပါတယ်။ ”

“ ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်။ ”

“ လျှို့မိသားစုက ငွေတုံး ( ၅၀ ) နဲ့ ဆယ်နှစ်သက်တမ်းရှိတဲ့ ဂျင်ဆင်းတစ်စုံ လက်ဖွဲ့ပါတယ်၊။ ”

“ ဟူမိသားစုကလည်း ငွေချောင်း ( ၁၀၀ ) နဲ့ ဆယ်နှစ်အရွယ်ရှိတဲ့ သမင်ချို(ဂျို)ကို လက်ဖွဲ့ပါတယ်။ ”

…

မြူးကြွသက်ဝင်နေတဲ့ ရီအိမ်တော်ဟာ မြင်သူတိုင်း စိတ်ချမ်းသာစရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပြီး ရီကျင်းချူလေးကလည်း ဧည့်ပရိသတ်တွေကြားထဲမှာ ပျော်ရွှင်စွာ လှည့်ပတ်ပြေးလွှားနေခဲ့သည်။

သူမလေးက အသက်တစ်နှစ်ကျော်သာ ရှိသေးသော်လည်း မြွေစိမ်းသွေးမျိုးဆက်စွမ်းအင်ရဲ့ တိုးမြှင့်ပေးမှုကြောင့်လားတော့ မပြောတတ်ဘဲ ( ၂ ) နှစ် ၊ ( ၃ ) နှစ်အရွယ် ကလေးတွေထက် ဘယ်နေရာကမှ မနိမ့်ကျပေ။

အခုဆို ကောင်းကောင်း လမ်းလျှောက်နိုင် ၊ ကောင်းကောင်း ပြေးနိုင်နေပြီပင်။

ခဏအကြာမှာတော့ ရီကျင်းထျန်သည် သတို့သမီးဘက်က လက်ဆောင်တွေကို ယူဆောင်ကာ သူ့သတို့သမီးလေးကျားလုရဲ့ လက်ကို ဆွဲ၍ ကျားမိသားစုက ဆွေမျိုးတွေနှင့်အတူ ရီအိမ်တော်ကို ထွက်လာခဲ့လေသည်။

သူတို့ ရီအိမ်တော်ကို ရောက်ခါနီးမှာပဲ အဝတ်အစားကျပ်ကျပ်တွေကို ဝတ်ဆင်ထားတဲ့ သိုင်းသမားတွေနှင့် ရီကျင်းထျန်တို့လူစုနှင့် လမ်းမကြီးပေါ်မှာ ထိပ်တိုက်တွေ့သွားသည်။

“ လမ်းကို ပိတ်မထားနဲ့။ လမ်းဖယ်ပေးစမ်း။ ”

ရှေ့ဆုံးက ဦးဆောင်လာတဲ့ သိုင်းသမားက ရီကျင်းထျန်ကို စူးရဲသော မျက်လုံးများဖြင့် ကြည့်ပြီး ကြိမ်းမောင်းပြောဆိုလိုက်သည်။

ရီကျင်းထျန် မျက်မှောင်ကြုတ်လိုက်၏။ ဒါက သူ့မင်္ဂလာဆောင်နေ့မို့ သူ့ဘက်က ဘယ်လိုမှ လမ်းဖယ်ပေးလို့ အဆင်မပြေပါ။

“ ကျေးဇူးပြုပြီး ကျွန်တော်တို့ လမ်းဖယ်ပေးလို့ ရမလားဗျ။ လူကြီးမင်းတို့အတွက် ဒီမှာ လက်ဆောင်လေးတွေလည်း ရှိပါတယ်။ ”

ရီကျင်းထျန်က ငွေပြားလေးတွေ ထည့်ထားတဲ့ အန်ပေါင်းတွေ အများကြီးကို ထုတ်ယူလိုက်သည်။ သူ့ဘဝအတွက် အရေးကြီးတဲ့ ပျော်ရွှင်ဖွယ်ရာ နေ့တစ်နေ့မှာ ရီကျင်းထျန် ဒေါသမထွက်ချင်ပေ။

“ လမ်းဖယ်ပေးရမယ် ဟုတ်လား။ မင်းကိုယ်မင်း ဘာကောင် ထင်နေတာလဲ။ ”

“ ခင်ဗျားတို့ လမ်းမဖယ်ပေးရင်တော့ ကျုပ်တို့ကို ရိုင်းပျတယ် ဆိုပြီး အပြစ်မတင်ပါနဲ့။ ”

ထိုသိုင်းသမားက သူ့စကားဆုံးသည်နှင့် နောက်မှာ လွယ်ထားတဲ့ ဓားရှည်ကြီးတစ်ချောင်းကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်လေသည်။

“ ဒီလူတွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လာတာပဲ။ ”

ရီဖန်က ထိုလူတွေရဲ့ အမူအရာကို ကြည့်ပြီး ချက်ချင်းပဲ ခန့်မှန်းလို့ ရသွားသည်။

သူ့မှာ ဘယ်သူနဲ့ ရန်ငြိုးရှိလို့လဲ။

“ သွားစမ်းပါ။ ”

ရှေ့ဆုံးက လူထွားကြီးက ဘာမှ ထပ်မပြောတော့ဘဲ သူတို့လူစုဆီ တန်းတန်းမတ်မတ် မြင်းစီးလာသည်။

ရီကျင်းထျန်လည်း ဒေါသထွက်သွားသည်။ သူ့အတွက် အရေးကြီးတဲ့ ဒီနေ့လို နေ့မှာတောင် ဒီလူတွေက သူ့ကို အရှက်ခွဲပြီး ရီမိသားစုရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်နေတာပင်။

အေးအေးဆေးဆေး ညှိနှိုင်းလို့ ရမှာ မဟုတ်ဘူး ဆိုတာကို နားလည်သွားသော ရီကျင်းထျန်သည် ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တော့ ရီကျင်းဟိုင်က သူ့ကို တားသည်။ “ ဒီနေ့က အစ်ကို့အတွက် အရေးကြီးတဲ့ နေ့လေ အစ်ကို။ ဒီကိစ္စကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်။ ”

ရီကျင်းဟိုင်က သူတို့ဆီ ပြေးလာတဲ့ လူထွားကြီးကို အေးစက်စွာ ကြည့်လိုက်သည်။ ရီမိသားစုရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းအောင် လုပ်ချင်နေတဲ့ မင်းတို့က အရည်အချင်းပြည့်မီရဲ့လားလို့ ကြည့်သေးတာပေါ့။

" သေစမ်းကွာ။ ”

ရီကျင်းဟိုင်က သူ့ဓားမြှောင်ကို ချက်ချင်း ဆွဲထုတ်ကာ ပန်းပွင့်ပုံသဏ္ဍာန် ဝှေ့ရမ်းပြီး လေလိုအလျင်ဖြင့် ထိုးစိုက်ချလိုက်၏။

အဲ့ဒါကို မြင်တဲ့ လူထွားကြီးရဲ့ မျက်နှာက အေးစက်သွားကာ ဓားရှည်ကြီးကို ဝှေ့ရမ်းလိုက်တော့ အလင်းတန်းတစ်ခုက ရီကျင်းဟိုင်ထံ ရွှီခနဲ ပြေးဝင်သွားသည်။

ချွမ်။

ဓားမြှောင်အသွားနှင့် ဓားရှည်ထိခတ်သံက ချွမ်ခနဲ ထွက်ပေါ်လာပြီး လူထွားကြီးသည် ဟန်ချက်ပျက်ကာ မြင်းပေါ်က ပြုတ်ကျတော့မလိုတောင် ဖြစ်သွားခဲ့သည်။

အစတုန်းက ရီကျင်းဟိုင် အထင်သေးနေခဲ့တဲ့ သူ့အကြည့်က သတိအနေအထားသို့ ချက်ချင်း ပြောင်းလဲသွားသည်။ ဒီဆယ့်ငါး ၊ ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးက ကြံ့ခိုင်သန်မာမှု အဆင့် ( ၅ ) ကို ရောက်နေတဲ့ သိုင်းသမားတစ်ယောက် ဖြစ်နေသည်။

ဒီကောင်လေးဟာ သူနှင့် တန်းတူအဆင့်ရှိရုံမက သူ့ထက် ပိုသန်မာတယ်လို့တောင် ပြောလို့ ရသည်။

အခန်း (၁၁) ပြဿနာလာရှာဖွေတာလား

ရီကျင်းဟိုင် စိတ်လှုပ်ရှားနေ၏။ ဒီတိုက်ပွဲသည် သူ၏ ပထမဆုံး တိုက်ခိုက်သော အစစ်အမှန် တိုက်ပွဲဖြစ်သည်။ သို့ပေမယ့် တိုက်ပွဲ စတင်လိုက်သည်နှင့် သူက ပိုမိုကာ လိုက်လျာညီထွေရှိလာသည်။

ရီကျင်းဟိုင်၏ ဓားမှ ကြီးမာသော အင်အားက ထွက်ပေါ်လာပီး တဖက်လူ၏ ခန္ဓာအောက်ပိုင်းကို ပိုင်းဖြတ်လိုက်သည်။ ထိုလူက သူ၏ ဓားဖြင့် ခုခံကာ ရှောင်တိမ်းဖို့ အလျင်အမြန် ကြိုးစားခဲ့ပေမယ့် ရီကျင်းဟိုင်က သူ၏ ဓားဖြင့် နောက်တကြိမ် ထပ်မံတိုက်ခိုက်မှုကို ပြုလုပ လိုက်သည်။

လေထဲတွင် သွေးများက ပြန့်ကျဲသွားသည်။ သူ၏ တိုက်ခိုက်မှုက ရန်သူ၏ ဦးခေါင်းကို ပိုင်းဖြတ်နိုင်ဖို့ ရည်ရွယ်ခဲ့သည်။ သို့သော် ရီကျင်းဟိုင် တိုက်ခိုက်မှုက အနည်းငယ် အားနည်းချက်ရှိနေသည်။

နောက်တကြိမ်

နောက်တကြိမ်

ရီကျင်းဟိုင်၏ လ‌ေပြအေး ဓားကွက်က အသာအယာ တွန်းလှန်နိုင်သည့် တိုက်ခိုက်ရေးနည်းစနစ်တခု ဖြစ်သည်။ အခြားသော နည်းစနစ်များကို မသိရှိပေမယ့် တခုတည်းသော ဓားနည်းစနစ်က ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

ရီကျင်းထျန် သူ၏ ညီငယ်ဖြစ်သူ၏ တိုက်ခိုက်မှုကို မြင်ရချိန်တွင် သူ၏ တကိုယ်လုံး အေးစက်စက် ခံစားမှုမျိုးရရှိသွားသည်။ သူ၏ ညီက ပါရမီရှင်များ ဖြစ်နေလား။ သာမန်ဓားနည်းစနစ်တခုကိုပင် ထိုကဲ့ အကွက်ကျကျ နည်းစနစ်တခုလို အသုံးပြုနေသည်။

ငါသူနဲ့တိုက်ခိုက်လို့ မဖြစ်တော့ဘူး သူက ကြောက်စရာကောင်းတယ်

ကျားလု အနာဂတ်တွင် မုဆိုးမဘဝကို မရောက်ရှိစေရန် အနာဂတ်တွင် သူ၏ ညီငယ်နှင့် ထပ်မံမတိုက်ခိုက်ဖို့ တွေးလိုက်သည်။ တိုက်ပွဲ၏ အခြေနေသည် ရီကျင်းဟိုင်မှ အသားစီးရရှိ‌ေနသည်။ထှားကြိုငျးသော လူ၏ ခုခံမှုသညျ တဖြည်းဖြည်း အားနည်းလာခဲ့သည်။

အမြဲတမ်း ခုခံကာကွယ်ခြင်းသည် ရှုံးနိမ့်မှုသို့သာ ရရှိမှာဖြစ်ပြီး ရေရှည် ကာကွယ်နိုင်ဖို့ ခက်လှသည်။

ဆရာ တခုခုတော့ မှားယွင်းနေပီ သခင်လေးက အပြင်မှာ လူတယောက်နှင့် တိုက်ခိုက်နေတယ် အစေခံတာဦးမှ အပြင်မှအဖြစ်အပျက်များအကြောင်းကို ရီဖန်အား သွားရောက်ပြောဆိုလိုက်သည်။

ရီဖန်၏ မျက်ဝန်းများက အေးစက်သွားသည်။ ယနေ့သည် ရီမိသားစုအတွက် ပျော်ရွှင်ဖွယ်ရာ နေ့တခုဖြစ်ကာ တစုံတဦးက လာရောက် နှောက်ယှက်ဝံ့နေသည်။ ရီဖန်သူ၏ လက်ကို ခါယမ်းကာ အိမ်ရှေ့တံခါးစီသို့ ထွက်သွား၏။ အဝေးသို့ သွားသည့် ရီဖန်အား ကြည့်ကာ အတွေးတချို့နှင့်အတူ စူးယန်က အိမ်အတွင်းမှ ဓားရှည်တချောင်းကို ယူကာ ရီဖန်နောက်သို့ လိုက်သွားသည်။

လမ်းမပေါ်မှ တိုက်ပွဲသည် ပြီးဆုံကာ နီးနေပြီး ရီကျင်းဟိုင် သူ၏ဓားဖြင့် အကြိမ်ကြိမ်တိုက်ခိုက်နေသည်။ လူကြီးသည် အသည်းအသန် ခုခံနေရသည့် အနေအထားတွင် ရှိနေသည်။

ရုတ်တရက် သူတို့ထံသို့ မြှားတစင်းက ပျံသန်းလာခဲ့သည်။ အရေးကြီးသော အခိုက်အတန့်တွင် ရီကျင်းဟိုင် ကျွမ်းထိုးကာ မြှားကို ရှောင်တိမ်းလိုက်ရသည်။မြှား၏ဦးတည်ရာကို ကြည့်ကာ ရီကျင်းဟိုင် ချွေးစက်များပင် ထွက်လာသည်။ အကယ်လို့သာ ရီကျင်းဟိုင်၏ ရှောင်တိမ်းတာနောက်ကျပါက ထိုမြှားကြောင့် အပြင်းအထန်ပင်ဒဏ်ရာ ရရှိသွားနိုင်သည်။

ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ရီကျင်းဟိုင် ထိတ်လန့်သည်ကို အခွင့်အရေးယူကာ တဖက်လူက အလျင်အမြန် လှုပ်ရှားကာတိုက်ခိုက်လိုက်သည်။လျင်မြန်စွာပင် ရီကျင်းဟိုင်က သူ၏ ဓားဖြင့် ဝှေ့ရမ်းကာ ခုခံလိုက်၏။

သို့သော် သူ၏ ဝှေ့ရမ်းကာ တိုက်ခိုက်သော ဓားချက်နဲ့အတူ တဖက်လူသည် အဝေးသို့ ခုန်ဆုတ်ကာ ထွက်ခွာသွားသည်။

“ ဟားဟား ငါတို့ နောက်မှ ထပ်တွေ့တာပေါ့”

ရီကျင်းဟိုင်၏ အခြေအနေကို မြင်ရချိန်တွင် အားလုံးမျက်နှာတင်းမာသွားပြီး လူကြီးများလည်း ရောက်ရှိလာသည်။

“ ကြွက်တကောင်လို အမှောင်မှာ ပုန်းနေမဲ့အစား ဘာလို့ အပြင်ထွက်မလာရဲတာလဲ” ရီကျင်းထျန် မြင်းပေါ်မှ ဆင်းကာ ရီကျင်းဟိုင် နံဘေးတွင်ရပ်ပီး မြှားပစ်ခတ်သည့် နေရာအား ပြောဆိုလိုက်၏။

မင်းတို့ တွေ့ချင်တယ်ဆိုတော့လဲ မင်းကို ပြပွဲတစ်ခု ပေးပြရမှာ‌ေပါ့ ဒါမှ မင်းရဲ့အဆုံးသတ်ကို ဘယ်သူ့လက်ချက်နဲ့တွေ့မယ်ဆိုတာ မင်းသိလာမယ်"

လမ်းအဆုံးမှ လူရိပ်နှစ်ခု ထွက်ပေါ်လာသည်။ထိုလူများကိုမြင်သောအခါ ကျားမိသားစုဝင်များ၏ မျက်နှာများ သိသာစွာပြောင်းလဲသွားသည်။

"လျူရှင်းရှန် လျူလီ မင်းတိုဘာလုပ်တာလဲ" သူတို့ကို သိရှိသည့် ကျားတုတုက တင်းမာစွာပြောလုိက်၏။

"ကျားတုတု မင်းရဲ့ကျားမိသားစုက ကျေးဇူးတရားကို မနှစ်သက်တဲ့အတွက် ဒီနေ့ ဘယ်သူမှ လက်ထပ်ရမှာမဟုတ်ဘူး။" လျူလီက ကျေနပ်တဲ့အပြုံးနဲ့ ပြန်ဖြေသည်။

သူက ကျားလုကို သဘောကျနေတာ ကြာလှပီ ။ အခုက သူမ‌ေပျာ်ရွှင်နိုင်၍ နှစ်ဖက်စလုံးကို အရှက်ခွဲဖို့ သူ့အခွင့်အရေးယူတာ ဖြစ်သည်။ထိုအချိန်တွင် ကြည့်ရှုသူပရိသတ်များက အခြေအနေကို နားလည်လာကြသည်။

လျူမိသားစုသည် ကျားမိသားစုမှ မိန်းက‌ေလး လုကို လက်ထပ်လိုသော‌ေကြာင့် အကြိမ်များစွာ လက်ထပ်ခွင့်တောင်းခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့သည်။

သို့‌ေပမယ့်လည်း ထိုအချိန်က မိသားစုမှ ကြေငြာချက်မထုတ်သောကြောင့် လူတိုင်းက ကောလဟာလသာဖြစ်သည်ဟု ထင်ခဲ့ကြသည်။

ယခု ကောလာဟလသည် အမှန်ဖြစ်‌ေနပံုရသည်။လူတော်တော်များများက ရီကျင်းထျန်ကို သနားတဲ့ အ‌ေငွ့အသက်များနဲ့ ကြည့်နေကြ၏။

ရီမိသားစုသည် ချန်ဟဲမြို့တွင် နာမည်ရပြီး လူများစွာသည် ရီ၏သစ္စာရှိဖောက်သည်များဖြစ်သည်။သို့သော် လျူမိသားစုနဲ့ ယှဉ်လျှင် ရီမိသားစု၏စွမ်းရည်များကို မည်သူမျှ မယုံကြည်ခဲ့ကြပေ။

ရီမိသားစုသည် ၎င်းတို့၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် လူသိများခဲ့ပြီး လျူမိသားစုသည် ၎င်းတို့၏ အစွမ်းထက်သော သိုင်းပညာစွမ်းအားကို အားကိုးခဲ့သည်။

လျူမိသားစု အကြီးအကဲ လျူရှင်းရှန်သည် အဋ္ဌမအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဖြစ်ပြီး ချန်ဟဲမြို့ တွင် အစစ်အမှန်ထိပ်တန်း ပုဂ္ဂိုလ် ဖြစ်သည် ။အခုတော့ ရီမိသားစုကို လျူမိသားစုက ပစ်မှတ်ထားလာတာကြောင့် ဘယ်အရာကမှ ကောင်းကောင်းအဆုံးသတ်နိုင်မည် မထင်။

သာမာန်ကြည့်ရှုသူများအပြင် အခြားမျိုးနွယ်စုများစွာသည်လည်း လေးလေးနက်နက် တွေးတောနေခဲ့ကြသည်။

တုပေါင်ခန်းမက လျူမိသားစုကို ရီမိသားစုအား အန္တရာယ်ပြုခွင့်ပေးမှာလား။ အကယ်၍ တုပေါင်ခန်းမကသာ စွက်ဖက်ခြင်းမပြုပါက၊ ရီမိသားစု၏ အရည်ရွှမ်းသောအမြတ်အစွန်းများကို လုယူရန် အခွင့်အရေးရယူကြမည်။

၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများအရ ရီဆေးခန်းမ၏ လစဉ်အမြတ်ငွေမှာ ငွေနှစ်ရာ့ငါးဆယ်ဖြစ်ပြီး ၎င်းတို့တွင် မရေမတွက်နိုင်သော အလားအလာရှိသော ဆေးတစ်မျိုးဖြစ်သည့် သေးဆူပွက်‌ေဆးလံုးအတွက် ဆေးညွှန်းလည်း ရှိသည်။

ထိုကဲ့သို့ အရည်ရွှမ်းတဲ့ အပိုင်းကို ဘယ်သူက မကိုက်ချင်မှာလဲ။တုပေါင်ဆေးခန်းမသည် ရီမိသားစုကို မကာကွယ်ခဲ့ပါက ရီမိမိသားစုသည် သိုင်းပညာရှင်မိသားစုများစွာ‌ေကြာင့် ပျက်ဆီးသွားမှာ သေချာသည်။

ခြေလှမ်းအနည်းငယ်နဲ့အတူ လျူရှင်းရှန်သည် ရီကျင်းထျန်ဆီသို့ လှမ်းကာ သူ့က ပေါ်တင်ထွက်ပြလိုက်သည်။ လျူရှင်းရှန်သည် ယနေ့ လှုပ်ရှားမှုကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်ရန် သူသည် ရီမိသားစုကို ကြိုပြီး စုံစမ်းစစ်ဆေးခဲ့သည်။

သူ့အမြင်အရ ရီမိသားစု၏ ယုံကြည်မှုသည် တုပေါင်ခန်းမတွင် ဧည့်သည်အကြီးအကဲဖြစ်ခြင်းအပေါ် တည်ရှိနေသည်။

ဒါကလည်း လျူရှင်းရှန် သတိထားစရာဖြစ်သည်။ သို့သော် စုံစမ်းစစ်ဆေးမှုအပြီးတွင် လျူရှင်းရှန်သည် ရီဖန်၏ ဧည့်သည်အကြီးအကဲရာထူးကို လီချွမ်ကိုယ်တိုင် တာဝန်ပေးထားပြီး တုပေါင်ဆေးခန်းမက တရားဝင်အသိအမှတ်မပြုကြောင်း တွေ့ရှိခဲ့သည်။

ခန္ဓာကိုယ်သန့်စင်မှုအလယ်အဆင့်တွင်ရှိသူများသည် လီချွမ်အား မျက်နှာပေးရန်လိုအပ်သော်လည်း နောက်ပိုင်းကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ရှိ ချန်ဟဲမှ ထိပ်တန်းသန်မာသူတစ်ဦးအနေဖြင့် တုပေါင်ခန်းမမှ လီချွမ်အား များစွာထည့်တွက်ခြင်းမရှိပေ။

ရီမိသားစု၏ အ‌ေခြအ‌ေနကို သိရှိချိန်တွင် လျူရှင်းရှန်က လှုပ်ရှားဖို့ အချိန်တန်ပြီလို့ ခံစားရပီး သူကိုယ်တိုင် လုံးဝ ပါဝင်လှုပ်ရှားခြင်းဖြစ်သည်။

သူသည် အခြားမည်သူမျှ တုံ့ပြန်ရန် အချိန်မမီှခင် ရီမိသားစုတစ်ခုလုံးကို မျိုချရန် အကြောင်းပြချက်အဖြစ် ကျားမိသားစုကို အသုံးပြုရန် စီစဉ်ခဲ့သည်။ ထိုအချိန်တွင် အခြားမျိုးနွယ်စုများက တုံ့ပြန်ခဲ့ရင်တောင် လျူမိသားစု ရရှိနိုင်သည့် အကျိုးကျေးဇူးများသည် အကြီးမားဆုံးဖြစ်သည်။

"ကောင်‌ေလး တုပေါင်ဆေးခန်းမ ရဲ့ ဧည့်သည်အကြီးအကဲတစ်ယောက်ဖြစ်ခြင်းက မင်းရဲ့ ရီမိသားစုကို ကာကွယ်နိုင်တယ်လို့ မင်းထင်နေတာလား"

လျူရှင်းရှန်၏စကားကြောင့် ရီကျင်းထျန်အံသြသွားခဲ့သည်။သူတို့၏ ရီမိသားစုသည် တုပေါင်၏ ကာကွယ်မှုကို အားကိုးသည်ဟု ဘယ်အချိန်ကမှ မပြောခဲ့‌ေပ။ သူတို့၏ ရီမိသားစုသည် သန်မာသော ကိုယ်ပိုင်စွမ်းအားကိုသာ အမြဲတမ်း အားကိုးခဲ့သည်။

ရီကျင်းထျန်၏တုံ့ပြန်မှုကိုမြင်သောအခါ လျူရှင်းရှန် ရီမိသားစု ကြောက်နေသည်ဟုထင်ခဲ့သည်။

"မင်းကိုအခွင့်အရေးပေးမယ် ၊ စေ့စပ်ပွဲကိုဖြတ်ပြီး ရီမိသားစုရဲ့ဆေးနည်းတွေကို ငါ့ဆီအပ်လိုက်ရင် မင်းရဲ့အသက်ကို ငါကယ်နိုင်သေးတယ်"

“ဖေဖေ၊ ဒီကလေးလေး…” လျူရှင်းရှန်က ရီကျင်းထျန်ကို လွှတ်တော့မည်ကို မြင်လိုက်ရသဖြင့် လျူလီသည် ရုတ်တရက် မကျေမနပ်ဖြစ်သွားသည်။

"လုံလောက်ပြီ၊ ဒါက မင်းပြောဖို့နေရာမဟုတ်ဘူး"

ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့၏ အရည်အချင်းများသည် လျးမိသားစုအတွက် အနာဂတ်တွင် အလားအလာရှိသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်ကို လျူရှင်းရှန် က သတိပြုမိခဲ့သည်။

ထို့ကြောင့် သူတို့ဘာလုပ်ရမည်ဆိုရင် ရီမိသားစုရဲ့ လုံးလုံးပျက်စီးခြင်းကိုသာ လုပ်ဆောင်ရန်ဖြစ်သည်။သူလိုချင်တာကို ရလိုက်သည်နှင့် ရီမိသားစု၏ ဘဝနှင့် သေဆုံးမှုသည် သူ့လက်ထဲတွင်သာ ဆုံးဖြတ်မည်။

တာယုနိုင်ငံတွင် လူသိရှင်ကြားသတ်ရန် တားမြစ်ထားသော်လည်း အထောက်အထားများကို မည်သူက သီးသန့်ရှာဖွေနေမှာမဟုတ်သလို တရားဉပ‌ေဒသည် စိုးမိုးမှုမရှိပ။

တာယုနိုင်ငံ၏ လက်ရှိအထက်ပိုင်း အုပ်ချုပ်သူများသည် အောက်ခြေအဆင့်ကိစ္စရပ်များကို ကြီးကြပ်ရန် အချိန်မရပဲ ကိုယ်ပိုင်ပြဿနာများ ကိုင်တွယ်‌ေဖြရှင်း‌ေနကြသည်။

“လျူမိသားစုခေါင်းဆောင် မင်းတော်တော်လေး ယုံကြည်မှုရှိပုံရတယ်။ ငါ့ရဲ့ ရီမိသားစုကို လျှော့တွက်ဖို့ မင်းကို ဘယ်သူက သတ္တိပေးခဲ့လဲ ငါသိပါရစေ”

ရီကျင်းထျန်သည် ယနေ့ ငြိမ်းချမ်းစွာ ပြီးဆုံးမည်မဟုတ်ကြောင်း သိသည်။ တိုက်ခိုက်ရမည်ဆိုရင်လည်း ဖြစ်ပီး ရီမိသားစုသည် သူရဲဘောကြောင်သူများနှင့် မဖွဲ့စည်းထားပေ။

"မိသားစုအကြီးအကဲလျူ ငါ့သားမင်္ဂလာပွဲရဲ့ ပေျာ်ရွှင် ဖွယ်အချိန်အခါမှာ မင်း ငါတို့ကို ကြင်နာစွာ ကူညီပေးတဲ့အနေနဲ့ဒီကိစ္စကို နောက်တစ်ရက်ချန်ထားနိုင်မလား။"

ရီကျင်းထျန်သည် တိုက်ပွဲဝင်ရန် ပြင်ဆင်နေချိန်၌ လူအားလုံးကြားလိုက်ရသော ကြည်လင်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။

အားလုံးက ခေါင်းကို လှည့်ကြည့်လိုက်တော့ အနီရောင်တောက်ပြောင်သော အခမ်းအနားဝတ်စုံကို ဝတ်ဆင်ထားသည့် ရီဖန်ကို တွေ့လိုက်ကြ၏။

အခန်း(၁၂) ဓားဆိုတာ ဘာလဲ

လျူရှင်းရှန်သည်လည်း သူလုပ်နေလက်စကို ရပ်တန့်၍ ရီဖန်ကို လှည့်ကြည့်လာသည်။

“ဆေးဆရာရီ၊ မင်းက ငါနဲ့ဒီမှာ ယှဉ်ရပ်နေဖို့ အဆင့်မရှိဘူး”

“အဆင့်ရှိလား မရှိဘူးလားဆိုတာ မင်းက ဆုံးဖြတ်ပေးရမယ့် အရာမဟုတ်ဘူး။ ငါကိုယ်တိုင်က တိုက်ယူရမယ့်အရာပဲ“

ရီဖန်သည် ဒေါသထွက်ခြင်းမရှိဘဲ ရယ်မောလျက်သာ ရီကျင်းထျန်ဆီသို့ အပြုံးတစ်ခုနှင့် လျှောက်သွားလေသည်။ သူသည် လက်ကိုဆန့်ထုတ်၍ ရီကျင်းထျန်၏ အနည်းငယ်ပုံပျက်နေသော သတို့သားဝတ်စုံကို ပြင်ဆင်ပေးလိုက်သည်။

ဝတ္ထုများထဲကကဲ့သို့ ပြဿနာအမြဲရှာနေတတ်သော ဥာဏ်မရှိသည့်အရူးများ ရှိနေသည့်အတွက် အေးအေးချမ်းချမ်းနေရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍သာ သူဒီနေ့ကိစ္စကို သေသေချာချာမကိုင်တွယ်နိုင်ခဲ့ပါက အနာဂတ်တွင် မဆုံးနိုင်သော ပြဿနာများပေါ်ပေါက်လာနိုင်ပေသည်။

“ဒီနေ့က မင်းအတွက် နေ့ထူးနေ့မြတ်ပဲ၊ ဘယ်လိုလုပ် မင်းကိုတိုက်ခိုက်ခိုင်းရမှာလဲ။

ဒီကိစ္စကို အဖေပဲ ဖြေရှင်းလိုက်မယ်”

“ကောင်းပါပြီ အဖေ့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

ရီဖန်ရောက်ရှိလာခြင်းက ရီကျင်းထျန်ကို လုံးဝစိတ်သက်သာရာ ရသွားစေသည်။

ရီမိသားစုကို အောက်ခြေမှ စတင်တည်ထောင်ခဲ့ပြီးနောက် ရီဖန်သည် သူ၏ညီအစ်ကိုများနှင့် ရီကျင်းထျန်၊ ရီကျင်းဟိုင်တို့ထံမှ အကြွင်းမဲ့ ယုံကြည်မှုကို ရထားပြီးဖြစ်သည်။ သူတို့ယုံကြည်ထားသည်မှာ ရီဖန်သာဆိုလျှင် မည်သည့်ကိစ္စမျိုးကိုမဆို အရေးယူဖြေရှင်းနိုင်သည် ဟူ၍သာဖြစ်သည်။

“အရူးအိုကြီး၊ ခင်ဗျားကိုကြည့်ရတာ သင်ခန်းစာမပေးခံရမချင်း အကြောက်တရားက ဘာလဲဆိုတာကို နားလည်မယ့်ပုံမပေါ်ဘူး”

လျူလီသည် ရီဖန်၏မျက်နှာကို ဖြတ်ရိုက်ရန်ရည်ရွယ်၍ သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။

ထို့နောက်တွင်မူ ရီဖန်သည် စတင်လှုပ်ရှားခဲ့ရာ ချက်ချင်းပင် လျူလီရှေ့တွင် ပေါ်လာသည်။

“ဖြောင်း”

စူးရှသော အသံထွက်လာသည်နှင့်အတူ လျူလီသည်လည်း အဝေးသို့ လွင့်ထွက်သွားလေသည်။ ရီဖန်၏ ရုတ်တရက် တိုက်ခိုက်မှုက ရောက်ရှိလာသူအကုန်လုံးကို ထိတ်လန့်သွားစေခဲ့သည်။ လျူရှင်းရှန်ကဲ့သို့သော ရီမိသားစုနဲ့ပက်သက်၍အကြံအစည်ရှိခဲ့သည့် သိုင်းပညာရှင်များသည်ပင် မျက်မှောင်များ ချက်ချင်းကျုံ့သွားကြသည်။

ရီမိသားစု၏ ဆေးဆရာရီသည် သာမညောင်ညမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တစ်ယောက်ပင်ဖြစ်သည်။

သိုင်းပညာရှင်များစွာတို့သည်လည်း သူတို့ကိုယ်သူတို့ မေးခွန်းထုတ်မိကြ၏၊ အကယ်၍သာ ရီဖန်က သူတို့ကို တိုက်ခိုက်လာပါက ခံနိုင်ရည်ရှိကြမည်လော။

၎င်းတို့အများစု ကောက်ချက်ချလိုက်မိသည်မှာ အကယ်၍ သူတို့ ရီဖန်နှင့် ရင်ဆိုင်ခဲ့လျှင်လည်း လျူလီ၏အဖြစ်နှင့် ကွာခြားလိမ့်မည်မဟုတ် ဟူ၍ပင်ဖြစ်သည်။

လျူရှင်းရှန်၏ မျက်နှာပေါ်မှ အကြည့်သည် ချက်ချင်းပင် မည်းမှောင်သွားသည်။ သိုင်းဆရာတစ်ဦးနီးပါး စွမ်းအားကြီးသော ရီဖန်က သူ၏ အစီအစဉ်ကို အပြည့်အဝဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။ အစောပိုင်းက ရီဖန်၏ လှုပ်ရှားမှုကို ကြည့်ပြီးနောက် သူကိုယ်တိုင်သည်လည်း ရီဖန်ကို အနိုင်ယူနိုင်မည့်အစွမ်းကို သံသယဝင်လာခဲ့သည်။

သူ၏ ချဉ်းကပ်ကြံစည်မှု အလုပ်မဖြစ်တော့မည်ကို သဘောပေါက်လိုက်သည့်အတွက် လျူရှင်းရှန် အပြုံးတစ်ခုသာ ဖန်တီးယူလိုက်သည်။

“ဆေးဆရာရီ၊ ကြည့်ရတာတော့ ငါတို့ကြားမှာ နားလည်မှုလွဲတာလေးတွေ လွဲသွားပုံရတယ်။

ငါ့သားက ကျားမိသားစုက သမီးအတွက် စိတ်အားထက်သန်လွန်းနေတာကြောင့် သူ့ကိုယ့်သူမထိန်းချုပ်နိုင်လိုက်တာ ဖြစ်မယ်။ ငါသူ့ကို အိမ်ခေါ်သွားပြီး သေချာအပြစ်ပေးဆုံးမပြီးရင် တောင်းပန်ဖို့ ပြန်လာခဲ့ပါမယ်”

လျူရှင်းရှန်သည် မြေပြင်ပေါ်၌ လဲကျကာ ငိုယိုနေသော လျူလီကို ကူညီပေးပြီးနောက် ပြုံးလျက်ပြောလိုက်သည်။

‘ကြည့်ရသလောက် သူ့မှာ ဇာတ်လိုက်ဖြစ်ဖို့ ကံပါလာပုံမပေါ်ဘူး’ ဟူ၍ စဉ်းစားလျက်သာ သက်ပြင်းချလိုက်သည်။ လျူရှင်းရှန်မှာ ဒေါသထွက်သွားခဲ့သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းနိုင်ခဲ့သည်။ သူ၏အရှုံးကို ဝန်ခံရန်အချိန်ကျသောအခါတွင်လည်း မဆိုင်းမတွ ဝန်ခံခဲ့သည်။

အားလုံး၏အကြည့်များသည် ရီဖန်အပေါ်၌ ကျရောက်လျက်ရှိ၍ သူမည်ကဲ့သို့ ဆုံးဖြတ်ချက် ချမည်ကို စောင့်ကြည့်နေကြသည်။

“မိသားစုခေါင်းဆောင်လျူ၊ မင်းအမှားကို ဝန်ခံခဲ့တဲ့အတွက် အကျိုးဆက်တွေကိုလည်း မင်းခံရမယ်။ ဒီနေ့က ငါ့သားရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့အတွက် မင်းရဲ့သားကို ဒူးထောက်ပြီး တောင်းပန်ခိုင်းလိုက်ပါ”

လျူရှင်းရှန်က နောက်ဆုတ်ခဲ့သော်လည်း ရီဖန်သည် သူ့ကို ထိုကဲ့သို့ လွယ်လွယ်ကူကူ လွှတ်ပေးလိုက်ရန် စိတ်ကူးမရှိပေ။ အကယ်၍သာ သူ ယနေ့ ကောင်းမွန်စွာမစွမ်းဆောင်နိုင်ခဲ့ပါက ရီမိသားစုသည် ဘေးဥပဒ်နှင့် ရင်ဆိုင်ရနိုင်သည်။ ဤကမ္ဘာတွင် ထိုသို့သော ဒုစရိုက်မျိုးကို လွှတ်ပေးလိုက်ရန် အကြောင်းပြချက်မရှိပေ။

“ရီဖန်၊ ကြည့်ရတာ မင်း ငါ့အပေါ် လေးစားမှုမရှိတဲ့ပုံပဲ”

လျူရှင်းရန်သည် ရီဖန်က အလွယ်တကူအလွှတ်ပေးလိမ့်မည်မဟုတ်ကြောင်း သိပြီးသည့်နောက် သူ၏ ကိုယ်ခန္ဓာကြံခိုင်သန်မာမှု နှောင်းပိုင်းအဆင့်၏ ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်လိုက်ရာ ချက်ချင်းဆိုသကဲ့သို့ပင် ပတ်ဝန်းကျင်လေထုတစ်ခုလုံး ဖိနှိပ်ခံလိုက်ရသည့်နှယ်ထင်ရ၏။

ရီဖန်သည် လျူရှင်းရှန်ဆီသို့ လျှောက်လာလျက် ပြောလိုက်သည်။

“ငါပြောခဲ့ပါတယ်၊ ဂုဏ်သိက္ခာဆိုတာ ကိုယ်တိုင် တိုက်ယူရမယ့်အရာပဲ၊ တခြားသူတွေက ပေးအပ်ထားတဲ့ အရာမျိုးမဟုတ်ဘူး”

“ဒီနေ့က ရီမိသားစုရဲ့ ပျော်စရာနေ့ဖြစ်တဲ့အတွက် ငါအရမ်းကြီး ခက်ထန်မနေသင့်ဘူး၊ ဒီလိုလုပ်ကြတာပေါ့၊ မင်းငါ့ရဲ့ သိုင်းကွက်တွေထဲကတစ်ခုကို တားနိုင်ရင် ဒီကိစ္စကို ကြေအေးပေးလိုက်မယ်”

“ယောက်ျား ဓားကိုဖမ်းလိုက်” စုယန်သည် သူမ၏ဓားကို ရိဖန်ဆီသို့ ကျွမ်းကျင်စွာ ပစ်ပေးလိုက်သည်။

ရီဖန်က လက်လှမ်း၍ ဓားကို သေချာဖမ်းယူလိုက်သည်။

သူ၏စွမ်းအားကို အပြည့်အဝပြသချင်သည်ဆိုပါက သူစေ့စပ်သေချာစွာ လုပ်ကိုင်ရမည်ဖြစ်သည်။

‘မြွေစိမ်းသွေးမျိုးဆက် စွမ်းအင် အသက်ဝင်စေ၊’

‘လေပွေရိုင်းဓားရဲ့ ပထမပုံစံ၊ လေပြင်းကို ကျော်ဖြတ်ခြင်း’

ဓားသည် လေထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များပြင်းထန်စွာဖြင့် တောက်ပလျက် လျူရှင်းရန်ဆီသို့ ဦးတည်လာသည်။ လျူရှင်းရှန်သည် ထိုတိုက်ခိုက်မှုကို လျှော့မတွက်ထားဘဲ သူ၏ဓားရှည်ကို ရှေ့တွင်၍ ခုခံကာကွယ်ခဲ့သည်။

“ချွင်”

လျူရှင်းရန်သည် ကိုယ်ခန္ဓာကြံခိုင်သန်မာမှု နှောင်းပိုင်းအဆင့်ထက် များစွာသာလွန်ပြင်းထန်သော စွမ်းအားများ သူ့ထံသို့ အလုံးအရင်း တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

‘တားလိုက်စမ်း၊ တားလိုက်စမ်း’

လျူရှင်းရှန်သည် စိတ်ထဲမှ ဒေါသတကြီး ကြုံးဝါးလိုက်သော်လည်း သူ၏ခြေထောက်များပျော့ခွေလာကာ ရီဖန်ရှေ့တွင် ချက်ချင်း ဒူးထောက်လဲကျသွားသည်။

ရီဖန်၏ဓားသည် လှုပ်သွားခြင်း၊ ပြုတ်ကျသွားခြင်းမရှိဘဲ လျူရှင်းရှန်၏ နဖူးဆီသို့ တိုက်ရိုက်ချိန်ရွယ်ထား၏။

“ဒီနေ့က ပျော်နေရမယ့်နေ့တစ်ရက်မို့လို့ သွေးမကျစေချင်လို့ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်”

“အိမ်တော်ဆီပြန်ပြီး မင်္ဂလာပွဲကို ဆက်ကြရအောင်၊

အားလုံးကို ငါတို့နဲ့ အထိမ်းအမှတ်ဝိုင်လာသောက်ဖို့ ကြိုဆိုပါတယ်”

ရီဖန်သည် သူ၏ဓားကို ဖယ်၍ လူအုပ်ကို လက်ဟန်ပြကာပြောလိုက်သည်။

“သခင်ရီ၊ ငါတို့ သေချာပေါက် မင်းနဲ့အတူတူလာသောက်မှာပါ”

“ဂုဏ်ယူပါတယ် သခင်ရီ၊ ငါတို့ မင်းကို အဖော်ပြုပေးမယ်”

…..

သိုင်းပညာရှင် တစ်ဦးပြီးတစ်ဦးသည် မျက်နှာကို အတင်းဟန်ဆောင်ကာ ပြုံးရယ်နေကြရရှာသည်။ ၎င်းတို့တွင် ယခု အခြားရွေးချယ်ရန် လမ်းမရှိပေ။ ယခင်က ရီဖန်သည် ဆေးဆရာတစ်ဦးသာဖြစ်သော်လည်း ယခုတွင်မူ သူသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်မြင့်ရှိသောသူကို တစ်ချက်တည်းနှင့် အနိုင်ယူလိုက်သော စွမ်းအားကြီးသည့် သိုင်းပညာရှင်တစ်ဦး ဖြစ်ပေသည်။

ဆေးဆရာတစ်ဦးနှင့် သိုင်းပညာရှင်တစ်ဦးတို့၏ အဆင့်အတန်းမှာ သိသိသာသာ ကွာခြားလှသည်။ လူများစွာသည် အိမ်ကိုအမြန်ပြန်၍ မိသားစုကို အပြေးအလွှားအကြောင်းကြားကာ ရီမိသားစုထံသို့ လက်ဆောင်များ ပေးပို့လိုက်ကြသည်။

မိသားစုတိုင်း လက်ဆောင်များပို့နေကြသည်ဖြစ်သဖြင့် အကယ်၍ သင်၏ မိသားစုကသာ မပို့ပေးခဲ့ပါက… သိသိသာသာပင် အမှတ်ရဖွယ်ဖြစ်နေပေလိမ့်မည်။

ရီမိသားစုသည် ဆေးဆရာမိသားစုသာမက ချန်ဟဲမြို့၌ ထိပ်တန်းမိသားစု ဖြစ်လာခဲ့သည်။ အားလုံးထွက်ခွါသွားကြသည်ကို မြင်သောအခါ လျူရှင်းရှန်က ချောင်းဆိုးလိုက်ရာ သွေးများ ပါးစပ်အပြည့် အန်ထွက်လာသည်။ လျူမိသားစု၏ ဂုဏ်သိက္ခာသည် ရီဖန်၏တိုက်ခိုက်မှုကြောင့် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

“ရီဖန်၊ ရီမိသားစု၊ မင်းတို့ကို ငါအလွတ်ပေးမှာ မဟုတ်ဘူး” လျူလီသည် ဆံပင်များစုတ်ဖွာလျက် ဒေါသကြီးတစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

“ဖြောင်းး”

နောက်တစ်ကြိမ် ထပ်ရိုက်ခံလိုက်ရပြီးသည့်နောက် လျူလီ နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သည်။

“မင်းက ရီမိသားစုကို အလွတ်မပေးဘူးပြောနေတာ၊ အခု ရီမိသားစုက ငါတို့ကို ခွင့်လွတ်ပေးမှာလား မေးရမှာကွ” ဒေါသထွက်နေသော လျူရှင်းရှန်က သူ၏ ဒေါသအားလုံးကို လျူလီ၏ခေါင်းပေါ်သို့ ပုံချလိုက်သည်။

…….

ယနေ့တွင် ရီမိသားစုအပြင် အပျော်ရွှင်ဆုံးမိသားစုမှာ ကျားမိသားစုဖြစ်ပေသည်။

တခြားသူများ ပြောကြသည်မှာ မည်မျှပင် သေချာဂရုစိုက်စေကာမူ ပန်းမပွင့်နိုင်ဟု ဆိုသော်လည်း မြေကြီးပေါ်တွင် ပေါ့ပေါ့ပါးပါးထိုးစိုက်လိုက်သော တုတ်ချောင်းသည်ပင် မိုးမခပင်ဖြစ်လာနိုင်သည်။

အရာအားလုံးက ကံစီမံရာသာ ဖြစ်ပေသည်။

မူလက သူတို့သမီးလေးအတွက် ပျော်ရွှင်စိတ်ချရသော မိသားစုလေးတစ်ခု လိုချင်ခဲ့ရုံသာဖြစ်သည်။ သို့သော် မမျှော်လင့်စွာပင် ၎င်းတို့သည် ရွှေပေါင်ကြီးကို ဖမ်းဆုပ်နိုင်ခဲ့လိုက်သည်။

“ခမည်းခမက်တို့ ဒီနေ့ငါတို့ နည်းနည်းထပ်သောက်ပြီး အောင်ပွဲခံရမယ်”

ဒီနေ့မှစ၍ ကျားမိသားစုသည် စွမ်းအားကြီးသောမဟာမိတ်ကို ရလိုက်ပြီဖြစ်သဖြင့် ကျားသောသောသည် စိတ်လှုပ်ရှားနေပုံရသည်။

Dubao Pavilion တွင် ရီဖန်သည် ကိုယ်ခန္ဓာကြံခိုင်သန်မာမှု အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဟု သံသယရှိကြကြောင်း လီချန်ကြားခဲ့စဥ်က အလွန်အံ့သြနေခဲ့သည်။

“လက်ဆောင် ချက်ချင်းပြင်လိုက်၊ ငါကိုယ်တိုင် ရီမိသားစုကို သွားပို့မယ်” သူက ချက်ချင်းပင် အစေခံကို ပြောလိုက်၏။

…….

ရီဖန်၏ ကြီးမားသောလှုပ်ရှားမှုကြောင့် ချန်ဟဲတစ်မြို့လုံး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

အကယ်၍ ရီဖန်သာ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်အဆင့်သို့ရောက်ရှိနေသည်မှာ အမှန်တကယ်ဖြစ်ပါက သူသည် ချန်ဟဲတစ်မြို့လုံး၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပေလိမ့်မည်။

ကိုယ်ခံစွမ်းအားစည်းမျဉ်းများဖြင့် အုပ်ချုပ်သော ဒီကမ္ဘာတွင် ထိုကဲ့သို့သောအထွတ်အထိပ်သိုင်းပညာရှင်ကို ၎င်းတို့ မည်ကဲ့သို့ အရေးမစိုက်ဘံ နေနိုင်အံ့မည်နည်း။

များပြားလှသော ဂုဏ်ပြုသူများကြောင့် ရီဖန်မှာ ဧည့်သည်များကို ဧည့်ခံရန် ခုံနေရာများ ထပ်စီစဉ်ရတော့သည်။ လာရောက်သည့် မည်သည့်ဧည့်သည်ကိုမဆို ရီဖန် မျက်နှာလွှဲထားမည်မဟုတ်ပေ။ ယနေ့သည် ရီမိသားစု၏ ပျော်ရွှင်ဖွယ်ရာ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည့်အတွက် သူဖုန်းစားတစ်ယောက်လာလျှင်ပင် သူသည်ကြေးင်္ဒဂါးဆယ်ပြားနှင့် ပေါက်စီကြီးတစ်လုံး ပေးလိုက်မည်ဖြစ်သည်။

ဤကဲ့သို့ စည်ကားသိုက်မြိုက်နေသော ရီမိသားစုအိမ်တော်ကို ကြည့်ခြင်းအားဖြင့် လူအတော်အများသိလိုက်သည်မှာ ချန်ဟဲမြို့၏ အခြေအနေမှာ မကြာမီပြောင်းလဲတော့မည် ဟူ၍ပင်ဖြစ်သည်။

စားကြ၊ သောက်ကြ၊ မိုးမြေကန်တော့ကြပြီးနောက် ချီးမြှောက်၍ ဂါရဝပြုကြကာ မင်္ဂလာခန်းဝင်ကြသည်။ ရီဖန်၏ တည်ရှိမှုဖြင့် မည်သူတစ်ဦးတစ်ယောက်ကမျှ မနှောက်ယှက်ဝံ့ပေ။

ဧည့်သည်များအားလုံးပြန်သွားပြီးနောက် ရီဖန်သည်လည်း သူ့အခန်းသို့ ပြန်ဝင်သွားသည်။

“စနစ်၊ ဆယ်နှစ်ကြာဓားခံစားချက်ကို အသုံးပြုပါ”

ရီဖန် သူ၏စိတ်ဝိဥာဉ်က နေရာလွတ်ဆီသို့ မြင့်တက်သွားသည်ကိုခံစားလိုက်ရပြီးနောက် သူ၏ရှေ့၌ အဆုံးမဲ့မြစ်တစ်စင်း ပေါ်လာသည်ကိုတွေ့လိုက်ရသည်။

ထိုမြစ်သည် ဓား၏သင်္ကေတဖြစ်သည်။

ရီဖန်သည် နှောင့်နှေးမနေပဲ ဓား၏ခံစားချက်ကို ဆာလောင်မြွတ်သိပ်နေသော သူတစ်ဦးကဲ့သို့ စတင် စုပ်ယူလေတော့သည်။

သူ၏ အသိစိတ်ထဲတွင် ရီဖန်သည် ဓားနှင့် ထပ်ခါထပ်ခါလေ့ကျင့်နေ၏။

ဓားနှင့်ပက်သက်၍ ရီဖန် ရုတ်တရက်စိတ်ရှုပ်ထွေးလာသည်။

ဓားဆိုတာ တကယ်ကို ဘာများလဲ။

………………………………………

All Chapters