← Chapters

အခန်း ၁၉-၂၁

Vol. 2 Ch. 19-21

အခန်း ၁၉-၂၁

Vol. 2 Ch. 19-21

အခန်း (၁၉) အခွင့်အရေးတစ်ခုတော့ ရောက်လာပြီ

ကျင့်ကြံရေးကျင့်စဉ်များသည် စွမ်းအားတစ်ခု၏အခြေခံမျှသာဖြစ်သည်။

မည်သည့်စွမ်းအားပင်ဖြစ်စေကာမူ ၎င်းတို့သည် မွေးဖွားပြီးအဆင့်၊ သိုင်းပညာတို့နှင့် အလွယ်တကူပေါင်းစပ်နိုင်မည်မဟုတ်ပေ။

ကျင့်ကြံရေးလမ်းစဉ်သည် ရီဖန်၏စိုးရိမ်မှုတစ်ခုဖြစ်လာခဲ့သည်။

“အဖေ အဖေ သတင်းကောင်းဗျို့၊ လုလုမှာ ကိုယ်ဝန်ရှိနေပြီ"

ရီကျင်းထျန်သည် နီမြန်းနေသောမျက်နှာဖြင့် ရီဖန်ထံသို့ရောက်လာကာ သတင်းကောင်းကိုလာပြောသည်။

"လုလုမှာ ကိုယ်ဝန်ရှိနေပြီ!"

ဒီသတင်းကြားသည့်အခါ ရီဖန်သည်လည်း စိတ်လှုပ်ရှားသွားသည်။

တစ်ဖက်တွင်မူ သူသည် အဘိုးတစ်ဦးဖြစ်တော့မည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေကာ တစ်ဖက်တွင် ကျားလု၏ကလေး မွေးဖွားသောအခါ ရေရှည်တာဝန်ဖြစ်သည့် လူဦးရေ၏ဒုတိယအဆင့်တာဝန်သည်လည်း ပြီးမြောက်သွားမည်ဖြစ်သည်။

ယခင်နှစ်က ရီဖန်သည် မည်မျှပင်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။သို့သော်လည်း နေ့တိုင်း ကြိုးစားနေသည့်တိုင် မအောင်မြင်သည့်အတွက် ရီဖန်သည်လည်း မျှော်လင့်ချက်များဆုံးရှုံးခဲ့ရသည်။

ယခု နောက်ဆုံးတွင် သူအောင်မြင်ခဲ့ပြီဖြစ်သည်။

ရီဖန်သည် ရီကျင်းထျန်၏ ပခုံးကို အားဖြင့်ပုတ်လိုက်သည်။ သူ့သွေးသားသည်လည်း အစွမ်းထက်လှသည်မဟုတ်ပါလော။

“တစ်ယောက်ယောက်လာခဲ့၊ မီးဖိုချောင်မှာ အာဟာရရှိတဲ့ အစားအစာတွေ ပြင်ဆင်ပြီး သခင်မကိုသွားကျွေးပါ”

“ရှောင်ထျန်း၊ ဒီ ဂျင်ဆင်းတစ်ရာဆေးလုံးကို မင်းဘေးမှာထားထား၊ ကိုယ်ဝန်ဆောင်ရတာက ကိစ္စကြီးပဲ၊ လုလုကို မင်းသေချာဂရုစိုက်ရမယ်"

ရီဖန်သည် ရီကျင်းထျန်ကို ဂရုတစိုက်ညွှန်ကြားကာ သတိပေးသည်။

ယခု ရှောင်ထျန်း၏သွေးသားသည် မကြာမီမွေးဖွားတော့မည်ဖြစ်သောကြောင့် ရှောင်ဟိုင် သာကျန်တော့သည်။

ရီကျင်းဟိုင်၏အကြောင်း စဉ်းစားမိသည့်အခါ ရီဖန်သည် ရုတ်တရက် အနည်းငယ် မှုန်ကုပ်သွားသည်။

အသက်ဆယ့်ကိုးနှစ် ပြည့်တော့မည့် ရီကျင်းဟိုင်သည် မည်သည့်မိန်းကလေးနှင့်မှ ရင်းရင်းနှီးနှီးနေသည်ကို ရီဖန်တစ်ခါမျှမမြင်ဘူးပဲရှိသည်။

ရီကျင်းထျန်လက်ထပ်ပြီးသောအခါ ရီကျင်းဟိုင်သည်လည်း ကြီးပြင်းလာပြီဖြစ်သည့်အတွက် အိမ်ထောင်ပြုပေးရန် မစောင့်နိုင်တော့ပေ။

ယခု သူအရွယ်ရောက်လာပြီဖြစ်သော်လည်း ထိုအကြောင်းနှင့်စပ်လျဉ်း၍ မပြောဘဲ တိတ်ဆိတ်နေသည်။

ရီကျင်းဟိုင်၏ အနှစ်သက်ဆုံးမှာ သိုင်းပညာလေ့ကျင့်ခြင်းသာ ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ဓားများနှင့်သာလေ့ကျင့်ပြီး မွေ့လျော်နေသည်။

“ရှောင်ဟိုင်၊ သားအမေကို သားအတွက် အဖော်တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ပြောပေးရမလား။ သားအစ်ကိုမှာ အဖော်ရှိလို့ အမြဲတမ်း အားကျနေခဲ့တာ မဟုတ်လား”

ရီဖန်၏စကားကိုကြားလိုက်သည့်အခါ ရီကျင်းဟိုင်သည် ချက်ချင်းတုန့်ပြန်လိုက်သည်။

“အဖေ့၊ အဲဒါ ကျွန်တော် ငယ်တုန်းက အ နေလို့၊ အခု ကျွန်တော် နားလည်သွားပြီ။ အမျိုးသမီးတွေက ဓားလေ့ကျင့်ရေးအရှိန်ကို နှေးအောင်လုပ်လိမ့်မယ်"

ထိုတစ်ခဏ၌ ရီဖန်၏မျက်နှာသည် ချက်ချင်းပင် အေးခဲသွားသည်၊

‘အမျိုးသမီးတွေက တကယ်ပဲ မင်းရဲ့ဓားလေ့ကျင့်တဲ့အရှိန်အဟုန်ကို နှောင့်နှေးစေမှာလား’

နောက်အခိုက်အတန့်တွက် ရီဖန်သည် ရီကျင်းဟိုင်၏ တင်ပါးကို ဆောင့်ကန်လွှတ်လိုက်သည်။

"ဓားကိုပဲ စွဲလမ်းနေလိုက်"

ရီဖန်သည် အမှန်တကယ်ပင် ဒေါသထွက်သွားသည်။

ရီကျင်းဟိုင်သည် အော်ဟစ်လျက် အပြင်သို့ ပြေးထွက်သွားတယ် "ဟမ့် ကျွန်တော်မသိဘူးများ ထင်နေလား။ အစ်ကိုက နေ့တိုင်း သူ့ကျောကိုကုန်းပြီး လမ်းလျှောက်တာ၊ အဲဒါ သူ့ရဲ့ ကျင့်ကြံရေးကိုထိခိုက်စေတယ်လေ!"

ကျားလု၏ကိုယ်ဝန်သည် ရီမိသားစုအတွက် ကြီးမားသောအရာတစ်ခုဖြစ်သည်။

အတိတ်၌ ရီမိသားစု၏အခြေအနေသည် သာမန်မျှသာဖြစ်သည့်အတွက် ကလေးကို မွေးဖွားသည့်အချိန်နှစ၍ သေချာစွာပြုစုပျိုးထောင်ပေးနိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် မိသားစုဗီဇ ကောင်းမွန်သောကြောင့်သာမဟုတ်ပါက ကြီးပြင်လာပုံမှာ သာမန်မျှသာဖြစ်သည်။

ယခုတွင်မူ အခြေအနေကောင်းနေပြီဖြစ်သည့်အတွက် ဝမ်းဗိုက်ထဲရှိနေစဉ်အခါမှစ၍ အာဟာရပြည့်ဝအောင်ကျွေးမွေးထားရမည်ဖြစ်သည်။

ရီဖန်ထံတွင် ဆေးလုံးဖော်မြူလာများ ပြတ်လတ်ခြင်းမရှိဘဲ နှစ်များကြာလာသည်နှင့်အမျှ ဆေးစာအုပ်များကိုအဆက်မပြတ်ဖတ်ရှုလေ့လာပြီးသည့်နောက် ဆေးပညာအပေါ်တွင် သူ၏နားလည်မှုသည် ပို၍လေးနက်လာသည်။

နောက်ဆုံးတွင် ရီဖန်သည် ဆေးဖော်မြူလာအသစ်ဖြစ်သည့် စွမ်းအားဖြည့်ယွမ်ဆေးလုံးကို ဖန်တီးခဲ့သည်။

ရနံ့ပြင်းသောဆေးပင်တစ်မျိုး၊ ကမ္ဘာမြေနဂါးမြစ်နှင့် အခြားသော ဆေးဖက်ဝင်ပစ္စည်းများဖြင့် ပေါင်းစပ်ထားသော ယွမ်မြက်ပင်ကို ပင်မဆေးအဖြစ် နှစ်နှစ်ဆယ်ကြာသုံးစွဲပါက ၎င်းသည် မွေးကင်းစကလေး၏ ဖျတ်လတ်တက်ကြွမှုကို ဖြည့်စွမ်းနိုင်ကာ စွမ်းရည်များကို မြှင့်တင်ပေးနိုင်သည်။

ဆယ်ရက်လျှင်တစ်ကြိမ် ယွမ်အားဖြည့်ဆေး တစ်လုံး သောက်သုံးမည်ဖြစ်ကာ ဆေးတစ်လုံးသည် ငွေစတစ်ရာ ကျသင့်သည်။

ကလေးတစ်ယောက်အတွက် ဤသည်မှာ ဈေးအကြီးဆုံးဟုမှတ်ယူနိုင်သည်။

ယွမ်အားဖြည့်ဆေးလုံးကို ပုံမှန်သောက်သုံးရန်လိုအပ်ကာ လစဉ်ငွေသုံးရာ၏အသုံးစရိတ်မှာ ငွေကြေးမချမ်းသာလှသော ရီမိသားစုအတွက် နှင်းခဲတွင်ကျရောက်နေသော နှင်းများကဲ့သို့သာဖြစ်နေသည်။

လွန်ခဲ့သည့်တစ်နှစ်ခွဲကျော်အတွင်း လီချန်မှတစ်ဆင့် သွေးဆူပွက်ဆေးလုံးများ ရောင်းချခြင်းဖြင့် ရီမိသားစုကို ထိန်းထားနိုင်ခဲ့သည်။

သို့သော် ဆေးလုံးများမှာ အဆက်မပြတ်စားသုံးနေရခြင်းဖြစ်သည့်အတွက် ရီဖန်သည် ယခုအခါ ငွေစတစ်ထောင်ရရန်ပင် ခက်ခဲနေသည်။

‘ဤကဲ့သို့ဆိုလျှင် မဖြစ်ပေ။ သူတို့အခုချက်ချင်းငွေရှာရမည်’

ရီမိသားစုသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများ တိုးပွားလာရန် လိုအပ်ပါသည်။ မျိုးနွယ်စုကြီးတစ်ခုဖြစ်လာရန်အတွက် ပိုင်ဆိုင်မှုခွဲဝေခြင်းသည်လည်း အလွန်အရေးကြီးပါသည်။

ထိုကိစ္စနှင့်ပက်သက်၍ ရီဖန်သည်အနည်းငယ်လိုအပ်ချက်ရှိနေရာ သူသည်ထိုအရာကို အားကောင်းအောင်လုပ်ရန် လိုအပ်နေသည်။

ရီဖန်သည် ချက်ချင်းပင် သင့်လျော်သောပိုင်ဆိုင်မှုများကို စတင်စုံစမ်းခဲ့သည်။ ထိုအချိန်တွင် ချန်ဟဲမြို့နှင့် မနီးမဝေးတွင် လူတစ်စုက နေရာတစ်ခုကို အဆက်မပြတ် တူးဖော်နေသည်။

ရုတ်တရက် လူတစ်ယောက်သည် သူ့ပုဆိန်ကို စိတ်လှုပ်ရှားစွာ မြှောက်လိုက်သည်။

"တွေ့ပြီ၊ တွေ့ပြီ"

နီညိုရောင်သတ္တုရိုင်း အများအပြား တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။

"အနီရောင် သံရိုင်းပဲ၊ ကောင်းလိုက်တာ"

ထွားကျိုင်းသောလူသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သတ္တုရိုင်းပေါ်ရှိ ရွှံ့များကိုခါချလျက် ဖုန်မကျန်အောင်ပြုလုပ်လျက်ရှိသည်။

နောက်အခိုက်အတန့်တွင် မြှားတစ်စင်းသည် ထိုလူ၏ခေါင်းကို ဖြတ်သွားခဲ့သည်။ ထိုသူ့ဦးခေါင်းသည် ဖရဲသီးမှည့်ကဲ့သို့ ပွင့်ထွက်လာကာ သတ္တုရိုင်းတွင် သွေးများစွန်းထင်းသွားသည်။

တင်းကျပ်သော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် သိုင်းပညာရှင်တစ်စုသည် တောအုပ်ထဲမှ ရုတ်တရက် ပြေးထွက်လာပြီး “သတ်ကြစမ်း” ဟု အော်ဟစ်လာကြသည်။

"ဒါ တောင်နက်သူခိုးတွေပဲ ပြေကြဟေ့!"

အလုပ်သမားတွေ ပြန့်ကျဲပြီး ထွက်ပြေးသွားကြသည်။

သို့ရာတွင် ဝံပုလွေကဲ့သို့သော သိုင်းပညာရှင်နှင့် ရင်ဆိုင်ရသည့်အခါ၌ အလုပ်သမားများသည် ဝေးလံစွာထွက်မပြေးနိုင်ခဲ့ကြပေ။

မကြာမှအချိန်၌ အလောင်းများသည် မြေပြင်ပေါ်၌ ဖုံးလွှမ်းသွားတယ်။

"ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အရ ကျွန်တော်တို့ လူသုံးယောက်ကို လွတ်မြောက်ခွင့်ပေးလိုက်ပြီ"

"ကောင်းပြီ၊ အခုပဲ ငါတို့ သတင်းကောင်းကို စောင့်ကြတာပေါ့”

အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် တောင်နက်သူခိုးများ၏ အရိုင်းအစိုင်းခေါင်းဆောင် "သွေးလက်ဝါး ရွှယ်နင်" သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

မကြာမီအချိန်အတွင်း၌ ချန်ဟဲမြို့တွင် သံရိုင်းနီကို ရှာဖွေတွေ့ရှိသည့် သတင်းသည် ချန်ဟဲမြို့၏ မိသားစုကြီးများအကြားတွင် ပျံ့နှံ့သွားခဲ့သည်။

ရီဖန်သည်လည်း ထိုသတင်းကို ရရှိခဲ့သည်။ သံရိုင်းနီ ကိုထုတ်လုပ်ပေးသည့် သံရိုင်းဖိုသည် လက်နက်များပြုလုပ်ရန်အတွက် အကောင်းဆုံးပစ္စည်းဖြစ်ကာ တန်ဖိုးကြီးလှသည်။

ရီမိသားစုသည် ထိုအရာကို လုံခြုံစွာ ထိန်းထားနိုင်ပါက သူတို့၏အရင်းအမြစ်များသည် တစ်ခဏမျှပင် ပြတ်တောက်မည်မဟုတ်ပေ။

သို့သော် ရီဖန်သည် တစ်စုံတစ်ခုလွဲနေပြီဟု ခံစားလိုက်ရသည်။ ဤသည်မှာ သူဖတ်ဖူးသည့် ဝတ္ထုတွေထဲမှအတိုင်းဆိုပါက အမှန်ဖြစ်ဖို့ ကောင်းလွန်းနေသည်။

‘သူမသွားသင့်လား၊ မသွားသင့်ဘူးလား။’

နောက်ဆုံးတွင် ရီဖန်သည် လွန်သွာအန္တရာယ်ရှိပုံမပေါ်သည့်အတွက် ထိုအရာကို အရင်စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည်သေချာပေါက်ပင် ဒီမဟာအခွင့်အရေးကို လက်လွတ်မခံချင်ပေ။

ထိုနည်းတူစွာပင် ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်သော ချန်ဟဲမြို့သည် လည်း လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ချန်ဟဲမြို့ ၏ အဓိကမိသားစုကြီးများသည် လှုပ်ရှားရန်စိတ်ပြင်းပြနေကြသည်။

အနီရောင် သံရိုင်းသည် အလွန်ကြီးမားသော ပေါင်မုန့်လုံးကြီးဖြစ်သည်။ တောင်နက်သူခိုးများသည်ပင် ၎င်းတို့၏လောဘကို ဖြေဖျောက်နိုင်လိမ့်မည်မဟုတ်ပေ။

တောင်နက်သူခိုးများထဲတွင် ကြောက်ရွံ့ဖွယ်အကောင်းဆုံးသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်အဆင့်ရှိသည့် သိုင်းပညာရှင် “သွေးလက်ဝါး ရွှယ်နင်” ဖြစ်သည်။

သို့သော် သူတို့ထံတွင်လည်း သိုင်းပညာရှင်များစွာရှိနေသည့်အတွက် ရွှယ်နင်တစ်ယောက်ကို ကြောက်လန့်နေမည်မဟုတ်ပေ။

ဤကိစ္စနှင့်ပက်သက်၍ အင်အားကြီးမားသော မိသားစုများသည်လက်တွဲထားသည်။ မိသားစုငယ်များစွာသည်လည်း နောက်ကျမကျန်စေရန်အတွက် မဟာမိတ်ဖွဲ့ရန်ကြိုးစားနေကြသည်။

သို့နှင့် နောက်သုံးရက်အကြာတွင် သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာသည် အနီရောင်သံရိုင်းသိုက်အတွက် တက်ညီလက်ညီ ထွက်ခွာသွားကြသည်။

"သခင်ရီ၊ ခင်များ ဒီမှာပဲကိုး”

"သခင်ရီ၊ ကျွန်တော်တို့ပူးပေါင်းကြမလား"

ရီဖန်ရောက်ရှိလာခြင်းသည် အခြားမိသားစုများ၏ အာရုံကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့သည်။

ရီမိသားစုသည် ချန်ဟဲမြို့တွင် နာမည်ကြီးလာသည့်အတွက်ကြောင့် ရီဖန်သည်မသိဘာသာနေရန် မဖြစ်နိုင်တော့ပေ။

"မဟုတ်ပါဘူးဗျာ၊ ကျွန်တော်ဒီအတိုင်း ကြည့်ရုံတင်လေး လာခဲ့တာပါ”

ရီဖန်သည် ယဉ်ကျေးစွာ ငြင်းဆိုလိုက်ပြီးနောက် သူ၏မြင်းကိုနှင်ကာ လူစုလူဝေးနောက်မှ အေးအေးလူလူလိုက်ပါသွားသည်။

သံရိုင်းသိုက်တည်ရှိရာ အရှေ့ဘက်တောင်တန်းတွင် သိုင်းပညာရှင်တို့သည် မကြာသေးမီက တူးဖော်ထားသောခြေရာများကို တွေ့ရှိခဲ့ကြသည်။

ချန်ဟဲမြို့တွင်ရှိသည့် လီမိသားစု၏ အကြီးအကဲဖြစ်သူ လီချန်းသည် သူ့၏စွမ်းအားကို ဖြန့်ကျက်လိုက်ကာ တောင်နံရံကို ထိုးဖောက်လိုက်သည်။

တောင်ကြောသည် ကွဲအက်သွားကာ ပြိုကျလာသော အနီရောင်သံရိုင်းအပိုင်းအစကိုတွေ့မြင်လိုက်ကြရသည်။

လီချန်းသည် သတ္တုရိုင်းကို ကောက်ယူလိုက်ကာ စိတ်လှုပ်ရှားမှုသည် သူ၏မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ ‘တကယ်ကို အနီရောင်သံရိုင်းပဲ’

“မိတ်ဆွေတို့၊ ငါတို့အားလုံးက ချန်ဟဲမြို့မှာရှိတဲ့ အဓိကမိသားစုကြီးတွေပဲမို့ စိတ်ဝမ်းမကွဲဘဲနေကြရအောင်။ ဒီအနီရောင် သံရိုင်းကို ဘယ်လိုခွဲယူကြမလဲ ဆွေးနွေးကြမလား”

များစွာသောလူတို့၏ မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များ ဖျတ်ခနဲပေါ်ပေါက်လာသည်။ စစ်တမ်းများအရ အနီရောင်သံရိုင်း အများအပြားရှိနေသည်။

ဤမျှကြီးမားသော အမြတ်အစွန်းများကြောင့် လူတိုင်းသည် ရှယ်ယာများစွာကို လိုချင်ကြသည်။

အထူးသဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့်ကိုးရှိသည့် ပညာရှင်များသည် အမျိုးအမည်မသိသော အတွေးများစိတ်ထဲတွင် ဝေ့ဝဲလျက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ထိုအချိန်တွင်ပင် လေထဲသို့ အရာဝတ္ထုများ၏ ဖောက်ထွင်းဝင်ရောက်လာသောအသံသည် ရုတ်တရက် ပဲ့တင်ထပ်လာသည်။

“သေစမ်း၊ အဲဒါ ထောင်ချောက်ပဲ!"

………………………………

အခန်း (၂၀) မင်းရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိလား

လူအုပ်နောက်ကွယ်တွင် ပုန်းကွယ်ရန် ကြိုးစားနေသည့် ရီဖန်သည် သူ့ပတ်ဝန်းကျင်၌ ရုန်းရင်းဆန်ခတ်မှုကြောင့် ဆွံ့အလျက်ရှိသည်။ ဖြစ်ပျက်ခြင်းနိယာမကို မည်သို့မျှရှောင်လွှဲ၍မရပါလား။

အခွင့်အလမ်းများသည် အန္တရာယ်များနှင့်အတူရောက်ရှိလာတတ်သည်။ ဝတ္ထုထဲတွင် ရေးထားသမျှအရာအားလုံးသည် အစစ်အမှန်ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားခြင်းဖြင့် ရီဖန်းသည် မြှားချက်များကိုလွယ်ကူစွာ ရှောင်ရှားနိုင်ခဲ့သည့်အပြင် သူသည် အဓိကပစ်မှတ်မဟုတ်ခဲ့ပေ။

ရီဖန်သည် သန်မာကာသတိရှိသဖြင့် ပြဿနာတစ်စုံတစ်ရာမရှိသည်မှာ သဘာဝကျသည်။ သို့ရာတွင် အခြားသူများသည် ကံမကောင်းကြရှာပေ။

ကောင်းကင်ဖြတ်သန်းမြှားချက်များသည် သိုင်းပညာရှင်များအတွက် အထူးရည်ရွယ်သည့် လက်နက်တစ်ခုဖြစ်သည်။ ၎င်း၏ ပြင်းထန်သော အဖျက်စွမ်းအားသည် ကိုယ်ခန္ဓာကြံ့ခိုင်သန််မာမှုအလယ်အလတ်အဆင့်ရှိသည့် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်များကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်သည်။

အဆက်မပြတ် အော်ဟစ်သံများနှင့်အတူ ခန္ဓာကိုယ်များထဲသို့ မြှားထိုးဖောက်သွားသည့်အသံများထွက်ပေါ်လာသည်။

ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု နှောင်းပိုင်းအဆင့်ရှိသည့် သိုင်းပညာရှင်များသည် ကြီးကြီးမားမားပြဿနာမရှိပုံပေါ်ကာ သူတို့၏ပတ်ဝန်းကျင်ကို ဂရုတစိုက်စောင့်ကြည့်လျက်ရှိသည်။

မကြာမီအချိန်အတွင်း၌ ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် စစ်သည်တစ်စုသည်တောအုပ်ထဲမှ အရှိန်အဟုန်ဖြင့်ထွက်သွားသည်။

"ငါမင်းတို့ကိုပြောသားပဲ၊ ဒီကောင်တွေက အသုံးမကျဘူးလို့”

ခေါင်းဆောင် “သွေးလက်ဝါး ရွှယ်နင်” သည် သူ၏လက်ထဲမှ ကောင်းကင်ဖြတ်သန်းမြှားကိုင်းကို မြေပြင်ပေါ်သို့ပစ်ချကာ တံတွေးထွေးလိုက်သည်။

“ခေါင်းဆောင်၊ သူတို့တော်တော်အသုံးမကျတာပဲ၊ ငါတို့ အစုလိုက်အပြုံလိုက် သတ်တာတောင်ခံလိုက်ရတယ်" သူ၏လက်အောက်ငယ်သားများသည် မြေပြင်ပေါ်တွင် လဲကျနေသော ချန်ဟဲမြို့မှ သိုင်းပညာရှင်များကို ကြည့်ကာ လှောင်ပြောင်နေကြသည်။

"ရွှယ်နင်၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"

တစ်စုံတစ်ယောက်သည် ရွှယ်နင်၏ အသွင်အပြင်ကို လျင်မြန်စွာမှတ်မိပြီး ဒေါသတကြီးအော်လိုက်သည်။

"ငါ ဘာလုပ်ချင်တာလဲ? သိသာတယ်မဟုတ်လား၊ ငါ မင်းတို့ကို ဓားပြတိုက်နေတာလေ၊ မင်းတို့ရထားသမျှ အကုန်ပေးစမ်း”

ရွှယ်နင်သည် ချန်ဟဲမြို့မှ သိုင်းပညာရှင်များကို မထီမဲ့မြင်ပြုကာ ကြည့်နေခဲ့သည်။

ချန်ဟဲမြို့မှ သိုင်းပညာရှင်များသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်အဆင့်ရှိသည့် ခေါင်းဆောင် သုံးဦးဆီသို့ လှည့်ကြည့်လိုက်သည်။

တောင်နက်သူခိုးများသည် ချန်ဟဲမြို့အနီးတွင်ရှိသော အင်အားအကြီးဆုံးဓားပြများဖြစ်သည်။

၎င်းတို့ထဲမှ အများအပြားသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုနှောင်းပိုင်းအဆင့်တွင် ရှိနေကြသည်။

သူတို့ရဲ့ခေါင်းဆောင်ရွှယ်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့်ကိုး၏ အထွတ်အထိပ်မှာ ရှိနေသည်။ သာမန်မိသားစုများသည် တောင်နက်သူခိုးများကို တွန်းလှန်ရန် စွမ်းအားမရှိပေ။

ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု နှောင်းပိုင်းအဆင့်တွင်ရှိသည့် သိုင်းပညာရှင်အနည်းငယ်ကိုသာ ကြည့်ကာ ၎င်းတို့က ဦးဆောင်နိုင်မည်ဟု မျှော်လင့်နေကြသည်။

"ရွှယ်နင်၊ မင်းရဲ့တောင်နက်သူခိုးတွေက ငါတို့အားလုံးကို ဖမ်းနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား။စဉ်းတောင်မစဉ်းစားလိုက်နဲ့"

သံချပ်ကာသိုင်းပညာခန်းမ၏ အကြီးအကဲဖြစ်သူ မုထယ် သည် ရှေ့သို့ထွက်ခဲ့သည်။

"မုထယ်၊ မင်းအခေါင်းကို မတွေ့မချင်း မငိုဘူးထင်တယ်"

ရွှယ်နင်သည် မုထယ်ကို လက်အိတ်ပတ်ထားသည့် သူ၏လက်သီးနှင့် တိုက်ရိုက်ထိုးချလိုက်သည်။

သံလက်သီးအတု။

မုထယ်သည် ကြောက်ရွံ့မှုမပြဘဲ ရွှယ်နင်ကို ပြန်ထိုးလိုက်သည်။

ရွှယ်နင်၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်အကြည့်တစ်ခု ပေါ်လာကာ သူ၏ လက်သီးပေါ်တွင် သွေးစွန်းသွားသည်ကိုမြင်ရသည်။

ဘမ်း!

လူပေါင်းများစွာက မျှော်လင့်ချက်အပြည့်နှင့်အားကိုးနေခဲ့ရသော မူထယ်သည် စုတ်ပြဲနေသောဆာလာအိတ်တစ်လုံးကဲ့သို့ လွှင့်ပစ်ခံလိုက်ရသည်။ သူသည်မြေပြင်ပေါ်သို့ ပြင်းထန်စွာမဆောင့်ချခံရမီ မီတာများစွာလွင့်ထွက်သွားသည်။

"မင်းက ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု နှောင်းပိုင်းအဆင့်မှာမဟုတ်ဘူးပဲ”

မုထယ်၏မျက်လုံးများသည် ထိတ်လန့်မှုအပြည့်နှင့်ပြည့်နှက်သွားသည်။ သူသည် အမှန်တကယ်ပင် နောက်အဆင့်သို့တက်လှမ်းသွားပြီဖြစ်သည်။

"ငါ့ကို ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု နှောင်းပိုင်းအဆင့်မှာလို့ ဘယ်သူပြောလဲ။ အခု မင်းတို့ရဲ့လက်နက်တွေချပြီး ငါ့စကားနားထောင်မလား”

ရွှယ်နင်ကိုကြည့်ရသည်မှာ ပို၍ပင် ရူးသွပ်လာပုံပေါ်သည်။

မူထယ်ပြုတ်ကျလာသည်ကိုမြင်လိုက်ရသည့် ချန်ဟဲမြို့ရှိ မိသားစုများစွာသည် ပုံမှန်မဟုတ်စွာ ဖြူဖျော့သွားကြသည်။

ရွှယ်နင်သည် အမှန်တကယ်ပင် နောက်တစ်ဆင့်သို့တက်လှမ်းသွားပြီ ဖြစ်သည်။

ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုနှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့်ကြားတွင် အနည်းငယ်ကွာခြားချက်သာရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်၌မူ သိသာထင်ရှားသောကွာခြားချက်ရှိပေသည်။

ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုနှောင်းပိုင်းအဆင့်သည် အစွမ်းထက်သော်လည်း ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်အဆင့်ရှိသည့် သိုင်းပညာရှင်၏ ခွန်အားကို ခုခံနိုင်စွမ်းမရှိပေ။

အထူးသဖြင့် နဝမအဆင့်တွင်ရှိသည့် ကျန်နှစ်ယောက်သည် ရွှယ်နင်ကို ကြောက်ရွံ့မှုနှင့် မနာလိုမှုများ ပြည့်နှက်နေခဲ့သည့်အကြည့်ဖြင့် ကြည့်နေကြသည်။

ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုနှောင်းပိုင်းအဆင့်တွင် အဆင့်တက်သွားခြင်းသည် မွေးဖွားခြင်းအဆင့်သို့တက်လှမ်းနိုင်မည့် မျှော်လင့်ချက်တစ်ခုပင်ဖြစ်သည်။ ဤသည်မှာ သေးငယ်သောခြေလှမ်းတစ်လှမ်း ဖြစ်သော်လည်း နှစ်ပေါင်ရမည်မျှကြာအောင်ကြန့်ကြာနေခဲ့သည်ကို ကျော်ဖြတ်ဖူးသူများသာသိသည်။

“ညီအစ်ကိုတို့၊ သူတို့ကို ရှာကြစမ်း၊ အဖိုးတန်ပစ္စည်းတွေကိုအကုန်ယူပြီး ချန်ဟဲမြို့ကိုသွားကြ၊ ချန်ဟဲမြို့က ဒီအချိန်ကစပြီး ငါတို့တောင်နက်ဓားပြတွေရဲ့ ပိုင်နက်ပဲ၊ဒါကို မင်းတို့ထဲက ဘယ်သူမှ မကန့်ကွက်ဘူးလို့မျှော်လင့်ပါတယ်”

ရွှယ်နင်သည် အခြားသူများ၏ထင်မြင်ချက်များကို လုံးဝဂရုမစိုက်မနေပါ။

"မင်းတို့ လိမ်လိမ်မာမာနဲ့သာ လက်နက်ချလိုက်၊ ငါ့ဘက်ကတိုက်ရအောင်လာမလုပ်နဲ့။ မင်းတို့ပစ္စည်းတွေကို ထားခဲ့ပြီးရင် ထွက်သွားလို့ရပြီ။ ချန်ဟဲမြို့ကို တောင်နက်သူခိုးတွေ လာသိမ်းပိုက်မှာကို စောင့်နေလိုက်”

ချန်ဟဲမြို့မှ သိုင်းပညာရှင်များသည် မျက်နှာပျက်သွားသော်လည်း တန်ပြန်တိုက်ခိုက်ရန် မဝံ့ရဲကြဘဲရှိသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်ကသည် လူအုပ်ရဲ့နောက်ကွယ်တွင်ရှိသည့် ရီဖန်ကို ရုတ်တရက် သတိထားမိလိုက်သည်။

"ငါတို့ ချန်ဟဲမြို့မှာလည်း ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအထွတ်အထိပ်အဆင့်ရှိတဲ့ သိုင်းပညာရှင် ရှိတယ်။ သခင်ရီလည်း ဒီမှာရှိနေတယ်ကွ”

ဒါကိုကြားသည့်အခါ အားလုံးသည် ရီဖန်ကိုကြည့်ရန်အတွက် ခေါင်းကို လှည့်လိုက်ကြသည်။

ရီဖန်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်အဆင့်သို့ ရောက်နေသည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ၎င်းနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များစွာ ရှိသည်။

ယခုအခြေအနေတွင် တစ်စုံတစ်ယောက်သည် ရီဖန်ကို ရှေ့သို့ တွန်းပို့ရန် ကြံရွယ်နေသည်။

ရီဖန်သည် တောင်နက်သူခိုးများကို အနိုင်ယူတိုက်နိုင်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သူရှုံးသွားလျှင်လည်း သူတို့အတွက် အရှုံးမရှိပေ။

ရီဖန်သည် အားလုံးက သူ့ကိုကြည့်နေကြသည်ကို မြင်လိုက်ရသဖြင့် သူ့ကိုယ်သူ ကံဆိုးလှသည်ဟု တွေးမိလိုက်သည်။

အရာအားလုံးသည် ဤမျှမရိုးရှင်းသည့်အကြောင်းကို သူသိလိုက်သည်။

ရွှယ်နင်သည် ရီဖန်ကို သတိပြုမိပြီး မျက်လုံးကိုမှေးကျဉ်းကာ သူ့ကို စူးစိုက်ကြည့်လိုက်သည်။

"ရီဖန်? သွေးဆူပွက်ဆေးလုံးကို သန့်စင်ပေးတဲ့ ဆေးဆရာရီမလား”

ရွှယ်နင်သည် ရီဖန်၌ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအထွတ်အထိပ်အဆင့်ရှိသည့် ခွန်အားရှိကြောင်း လုံးဝမယုံကြည်ခဲ့သည့်တိုင် ရီဖန်၏ စွမ်းရည်များကို သူစိတ်ဝင်စားခဲ့သည်။

သွေးဆူပွက်ဆေးလုံး၊ ပြီးပြည့်စုံသောအမှုန့်ငါးပါးဆေး ဤအရာများသည် ပိုက်ဆံများစွာရရှိမည့် အရာများဖြစ်သည်။

"မင်းက ရီဆေးဆိုင်က ရီဖန်လား”

ရီဖန်သည် နှုတ်ဆိတ်နေကာ မငြင်းဆန်ခဲ့ပေ။

“ကြည့်ရတာ ဒီနေ့မင်းတို့ကံကောင်းသွားတယ်ထင်တယ်၊ ငါ အခု စိတ်ပြောင်းသွားပြီ၊ တခြားသူတွေက ပစ္စည်းတွေထားပြီးရင် ထွက်သွားနိုင်ပေမယ့် ရီဖန်ကတော့ ဒီမှာနေခဲ့ရမယ်”

ဆေးဝါးပညာရှင်တစ်ဦးကိုသာထိန်းချုပ်နိုင်ပါက များစွာသော အမြတ်အစွန်းများကို ရရှိမည်ဖြစ်သည်။ ယခုတွင် သူသည် ရီဖန်ကိုတွေ့လိုက်သောအခါ ရွှယ်နင်သည် သူ့ကိုအလွတ်ပေးရန် စိတ်ကူးမရှိပေ။

“သခင်ရီ၊ ကျွန်တော်တို့ကို ကယ်ပါ”

"ဆေးဆရာရီ၊ မင်းရဲ့စွမ်းအားနဲ့ ရွှယ်နင်ကို အနိုင်တိုက်ပေးပါ”

…

လူတော်တော်များများသည် ရီဖန်က အရေးယူလိမ့်မည်ဟု မျှော်လင့်ထားကာ ရွှယ်နင်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်လျှင် ပို၍ကောင်းပေလိမ့်မည်။

လူတိုင်းသည် ဤသံရိုင်းသတ္တုတွင်းကို လိုချင်ကြကာ ရီမိသားစု၏ ပိုင်ဆိုင်မှုများကိုလည်း လိုချင်နေကြသည်။

ရီဖန်သည် မတုန်မလှုပ်ဘဲ ထွက်ခွာသွားခြင်းက ပို၍ကောင်းမည်လောဟု စဉ်းစားနေမိသည်။

ဇာတ်လမ်းက ဘယ်လိုပုံစံနဲ့ လှစ်ဟပြနေသလဲ ဆိုရင်တော့ Black Mountain သူခိုးတွေကို ဖယ်ရှားလိုက်ရင် သားဖြစ်သူကို ရိုက်ပြီးနောက် ဖခင်က လက်စားချေဖို့ ပြန်လာမယ့် အခြေအနေမျိုးမှာ ပြန်ကျလာမှာလား။

ဤအဖြစ်အပျက်သည် ရီဖန်၏ မသိဘာသာနေလိုသောရည်ရွယ်ချက်ကို ထိန်းသိမ်းရန်အကြံအစည်နှင့် လုံးဝဆန့်ကျင်နေသည်။

“ဆေးဆရာရီ၊ မင်း ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့။ မင်းမိသားစုကို အဖြစ်ဆိုးနဲ့ မကြုံစေချင်ဘူးမလား”

ရီဖန်သည် ထိုစကားကြားပြီးနောက် ငြိမ်သက်သွားကာ ရုတ်တရက်လက်သီးများကို ဆုပ်လိုက်သည်။

“ငါက အေးချမ်းတဲ့ မိသားစုကို ထူထောင်ချင် ရုံလေးကို ဘာလို့များဒီလောက်ခက်ခဲနေရတာလဲ"

ရီဖန်သည် သူ့ခေါင်းကိုဖြည်းညင်းစွာ မော့လိုက်ကာ ရွှယ်နင်ကို ပြုံးပြလိုက်သည်။

"အကြီးအကဲရွှယ်၊ ငါမေးချင်တာ မင်းတို့ တောင်နက်သူခိုးတွေမှာ ကျောထောက်နောက်ခံ ခိုင်ခိုင်မာမာ ရှိလား"

ရီဖန်၏မေးခွန်းသည် ရွှယ်နင်ကို အံ့အားသင့်စေခဲ့ကာ “ဘာကိုခိုင်မာတဲ့ကျောထောက်နောက်ခံလဲ? တကယ်လို့ ငါတို့မှာအဲလိုရှိရင် တောင်နက်သူခိုးတွေက အရင်တည်းက ချန်ဟဲမြို့ကို သိမ်းပြီးတာ ကြာရောပေါ့၊

ဘာလို့များ မင်းတို့အားလုံးကို မြို့ပြင်ခေါ်ထုတ်ပြီး တစ်ယောက်ပြီးတစ်ယောက်သတ်ပစ်ရမှာလဲ"

“အော် ဟုတ်လား" ရီဖန်သည် သက်ပြင်းချလိုက်သည်။

"ဘာလို့ မေးတာလဲ" ရွှယ်နင်သည် ယခုအချိန်ထိ သဘောမပေါက်သေးပေ။

ရီဖန်၏ အပြုံးသည် ပို၍တောက်ပလာသည်- "မင်းတို့ ကျောထောက်နောက်ခံမရှိဘူးလို့ အတည်ပြုပြီးပြီမို့ ငါအခုမင်းကို သတ်ပစ်လို့ရပြီလေ”

ထို့နောက်တွင် ရီဖန်သည် သူ၏လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

ဓားသွား၏ အလင်းသည် တောက်ပလာကာ လေပွေရိုင်းသည်လည်း စတင်တိုက်ခတ်လာသည်။

ဓားသွား၏ ရည်ရွယ်ချက်သည် ချက်ချင်းပင်ပေါ်ထွက်လာကာ ရွှယ်နင်ကို ဖုံးအုပ်လိုက်သည်။

ရွှယ်နင်သည် သူ့ရှေ့တွင်ရှိသည့် ပေါ့ပါးကာ သန့်စင်သောသက်လတ်ပိုင်း အမျိုးသားသည် ချက်ချင်းပင် သွေးဆာနေသော သားရဲဖြစ်လာကြောင်း ခံစားလိုက်ရသည်။

ကောင်းကင်နှင့်မြေကြီး၏ လွှမ်းမိုးမှုကြောင့် သူသည် အသက်ရှူရခက်လာသည်။

ရီဖန်၏ ဓားရှည်မှစွမ်းအားကို ခံစားလိုက်ရသောအခါ ရွှယ်နင်သည် သတိပြုမိလိုက်သည်။

ဤတိုက်ခိုက်မှုကို သူမတားဆီးနိုင်တော့ဘဲ သေရတော့မည်ဖြစ်သည်။

………..

အခန်း (၂၁) နောက်ဆုံးတော့ သန်ဘက်ခါတောင်ရောက်တော့မှာပဲ

“သေစမ်း”

ရွှယ်နင်သည် ဒေါသတကြီးဟောက်လိုက်သော်လည်း အချည်းနှီးပင်။

သူ့ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်တော့ပေ။ ဓားသွားသည် လင်းလက်တောက်ပလာကာ ဧရာမဦးခေါင်းကြီးတစ်ခုကောင်းကင်သို့ ပျံတက်သွားသည်ကို မြင်လိုက်ကြရသည်။

"ဟာ ဓားပြကြီးခေါင်းဆောင်၊ ဓားပြခေါင်းတောင် သေပြီ"

တောင်နက်သူခိုးများသည် တုံ့ပြန်ရန် အချိန်အတော်ကြာခဲ့ကာ ကြောက်ရွံ့စွာ အော်ဟစ်သံများ ထွက်ပေါ်ခဲ့သည်။

ရီဖန်သည် ထိုလူအုပ်ထဲသို့ဝင်သွားကာ ၎င်းတို့အားလုံးကို ရှင်းပစ်လိုက်သည်။ သူစပြီးတိုက်ခိုက်သည်မှစ၍ သူတို့ထဲရှိ မည်သူတစ်ဦးတစ်ယောက်မှ အသက်မရှင်ကျန်ခွင့်မပေးနိုင်ပေ။

ဓားသွားတစ်ချက်စီသည် လူတစ်ဦးစီကိုသေစေခဲ့သည်။ တောင်နက်သူခိုးများ ဒါဇင်များစွာသည် ရီဖန်သတ်ရန်အတွက် မလောက်ငှပဲရှိနေသည်။

သူသည် ငွေကြေးမလုံလောက်သောကြောင့် ဤဓားပြများသည် ရီမိသားစုအတွက် အရင်းအမြစ်အနည်းငယ်ကို ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

ဝှစ်

ဓားသွားတစ်ချက်လက်သွားကာ အလောင်းများထံမှ လုယက်ရန်ကြိုးစားနေသည့် ချန်ဟဲမြို့မှ သိုင်းပညာရှင်၏ လက်ကို ရီဖန်သည် ခုတ်ဖြတ်လိုက်သည်။

ထိုသူသည် ရီဖန်ကို တွန်းထုတ်ခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည်။

"ငါ့ရဲ့ စစ်ပွဲကရတဲ့ ပစ္စည်းတွေကိုကြံစည်နေတာလား”

အခြားသိုင်းပညာရှင်များသည် ရီဖန်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် ကြောက်ရွံ့ထိတ်လန့်ကာ အဝေးတွင်သာ ရပ်နေခဲ့ကြသည်။

ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု နှောင်းပိုင်းအဆင့်ရှိသည့် သိုင်းပညာရှင် သုံးဦးပင်လျှင် ရီဖန်၏အကြည့်ကို တိုက်ရိုက်မတွေ့ရဲဘဲရှိသည်။

ဆယ့်ငါးမိနစ်မျှ ကြာပြီးသောအခါ တောင်နက်သူခိုးများထဲတွင် မည်သူမျှ အသက်မရှင်ကြတော့ပေ။

"အားလုံးပဲ၊ အခုသံရိုင်းတွေရဲ့ ပိုင်ဆိုင်မှုအတွက် ဆွေးနွေးကြရအောင်”

ဓားသွားကို အလောင်း၏အဝတ်ဖြင့် သုတ်ပြီးနောက် ရီဖန်သည် လူစုလူဝေးကိုလှမ်းပြောသည်။

သူ့စကားကြားသည့်အခါ မိသားစုငယ်လေးမှ လူတစ်ယောက်သည် ဝမ်းသာပီတိဖြစ်ကာ စကားပြောရန်ကြံစည်လိုက်သော်လည်း သူ့ဘေးနားရှိ လူတစ်ယောက်သည် သူ့ကို ပြန်ဆွဲလိုက်သည်။

"ဘာလဲ၊ အကျိုးအမြတ်ကို မယူပဲငြင်းမလို့လား"

"မင်း အဲလောက် အ ရသလား? သခင်ရီ ရဲ့ ဆိုလိုရင်းကို နားမလည်ဘူးလား။ ဒီတောင်သူခိုးတွေ အားလုံးကို သူတစ်ယောက်တည်း သတ်လိုက်တာ၊ ငါတို့မှာ ဘာတစ်ခုမှ တောင်းဆိုပိုင်ခွင့် မရှိဘူးမလား”

"သူတို့ကိုသတ်လိုက်တော့ရော ဘာဖြစ်လဲ၊ ရီဖန်းက ငါတို့အားလုံးကို ဆန့်ကျင်ရဲမှာမလို့လား"

ရှင်းပြနေသောသူသည် သူ့အဖော်ကို လူမိုက်တစ်ယောက်ကိုကြည့်နေသကဲ့သို့ ကြည့်ကာ မြေပြင်ပေါ်ရှိ အလောင်းများကို ညွှန်ပြသည်။

"ဒီနေရာမှာ နောက်ထပ် အလောင်းတစ်လောင်းလိုတယ်လို့ မင်းထင်လား"

သူ့အဖော်၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည်။ ရီဖန်သည် ကြင်နာကာ နူးညံ့သိမ်မွေ့သောဒေါက်တာရီ မဟုတ်တော့ဘဲ တောင်နက်သူခိုးများကို တစ်ကိုယ်တည်း သတ်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဖြစ်သည်။

“မျိုးနွယ်စုခေါင်းဆောင်ရီ၊ သတ္တုတွင်းက ရီမိသားစုနဲ့ပဲ သက်ဆိုင်သင့်တယ်။ ကျွန်တော်တို့ အားထုတ်မှုတစ်ခုမှ မပါခဲ့ဘူးလေ”

မုထယ်သည် ရှေ့သို့ထွက်လာကာ သူ၏အမြင်ကို ဥာဏ်ကောင်းစွာ ထုတ်ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် သခင်ရီ ကျွန်တော်တို့ ပါဝင်ဖို့ အရည်အချင်းမပြည့်မီပါဘူး"

…

"ခင်ဗျားတို့ငြင်းနေတော့လည်း ကျွန်တော် ကျေကျေနပ်နပ်ပဲ လက်ခံပါတယ်"

ရီဖန်သည် နောက်ဆုံးတွင် သူ၏ဓားကိုပြန်သိမ်းကာ ယဉ်ကျေးသောအသွင်အပြင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ချန်ဟဲမြို့မှလူများသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းစွာပင် ရီဖန်သည် ထပ်မတိုက်ခိုက်တော့ပေ။

ရီဖန်သည် ၎င်းတို့အား တောင်နက်သူခိုးများကဲ့သို့ ဆက်ဆံမည်ကို အမှန်တကယ်ပင် ကြောက်လန့်နေခဲ့သည်။

ရီဖန်ကိုကြည့်လိုက်သောအခါ သူသည် သူတို့ကို သတ်ပစ်ရန် အားစိုက်ထုတ်ရန်ပင်မလိုကြောင်း သိရှိလိုက်သည်။

"ခင်ဗျားတို့ပြန်သွားရင် ကျွန်တော့ကိုကျေးဇူးပြုပြီး ရီမိသားစုကိုကူညီဖို့ လူတချို့ စေလွှတ်ပေးဖို့ ကျေးဇူးပြုပေးနိုင်မလား"

လူအုပ်ကြီးသည် ချက်ချင်း သဘောတူလိုက်သည်။

သတ္တုတွင်းတစ်ခုလုံး၌ ရီဖန်နှင့် အလောင်းများသာ ကျန်ရှိတော့သည်။

ပထမဦးစွာ ရီဖန်သည် အလောင်းအားလုံးကို စေ့စေ့စပ်စပ်ရှာဖွေခဲ့ရာ ငွေထောင်ပေါင်းများစွာနှင့် ပြန့်ကျဲနေသော ပစ္စည်းအချို့ကို တွေ့ရှိခဲ့သည်။

ဤမျှဒါဇင်နှင့်ချီသောလူများထံမှ ကောင်းကောင်းမွန်မွန်တွေ့ရှိမှုပင်မရှိသည့်အတွက် သူတို့ကိုဓားပြတွေဟု ခေါ်ရန်ပင် မထိုက်တန်ပေ။ ရီဖန်သည် မထီမဲ့မြင်ပြုကာ တံတွေးနှင့် ထွေးလိုက်သည်။

ဇာတ်ကြောင်းအရ ယခုအချိန်သည် ဆုရရှိရန် အချိန်ကျရောက်နေပြီဖြစ်သည်။ ဤအသေးအဖွဲ ပိုင်ဆိုင်မှုချည်းတော့ မဖြစ်တန်ရာ။

‘ဒါဆို ဆုက ဘယ်မှာလဲ!’

ရီဖန်သည် အနီးနားတွင် စတင်ရှာဖွေခဲ့သည်။ မကြာခင်၌ ရီဖန်၏ရှေ့တွင် ဂူတစ်ခုပေါ်လာသည်။ လူကပြုလုပ်ထားသော ဂူဖြစ်သည်မှာ ထင်ရှားသည်။

ရီဖန် ဝင်သွားသောအခါတွင် ‘တောင်နက်သူခိုးများ’ ဟူသော ကမ္ပည်းပြားကြီးတစ်ခု မြင်လိုက်ရသည်။

‘သေစမ်း၊ တောင်နက်သူခိုးတွေရဲ့ ခြေရာတွေကို ရှာရခက်တယ်ဆိုတာ အံ့ဩစရာမဟုတ်ဘူးဘဲ၊ အဲဒီလိုနေရာမျိုးမှာ ပုန်းအောင်းနေကြတာကိုး’

လှိုဏ်ဂူအတွင်း၌ ရီဖန်သည် မီးရှူးမီးအလင်းရောင်ဖြင့် ပတ်ဝန်းကျင်နံရံများပေါ်တွင် အနီရောင် သံရိုင်းအစအနများကို တွေ့လိုက်ရသည်။ ဤအနီရောင်သံရိုင်းသတ္တုတွင်းသည် တောင်နက်သူခိုးများ၏ ပိုင်ဆိုင်မှု အစစ်အမှန်ဖြစ်ပုံရသည်။

ရွှယ်နင်သည် အဆင့်တက်လှမ်းပြီးနောက် ချန်ဟဲမြို့၏ သိုင်းပညာရှင်များအား သားကောင်အဖြစ် မြှူဆွယ်ရန်အတွက် မိုင်းတွင်းသတင်းကို ပေါက်ကြားစေခဲ့ခြင်းဖြစ်ကြောင့် သိရှိလိုက်သည်။

သို့သော် နောက်ဆုံးတွင်အကျိုးကျေးဇူးများ ခံစားရသည့် ကျားကြီးရီဖန်၏ အာရုံကို စွဲဆောင်မိမည်ဟု မထင်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။

လှိုဏ်ဂူအတွင်း၌ ရီဖန်သည် ထုတ်ယူထားသော အနီရောင်သံရိုင်းအမြောက်အမြားကို တွေ့ရှိခဲ့သည်။ ထို့အပြင် လျှို့ဝှက်လှိုဏ်ဂူတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။

လှိုဏ်ဂူအတွင်းတွင် မီးရောင်များ လင်းထိန်နေပြီး လူအသုံးအဆောင်ပစ္စည်းမျိုးစုံကို အလွယ်တကူ တွေ့လိုက်ရသည်။ ဤသည်မှာ ရွှယ်နင်၏ အခန်းဖြစ်နိုင်သည်။

စေ့စေ့စပ်စပ်ရှာဖွေပြီးနောက် ရီဖန်သည် ငွေစတစ်သောင်းကျော်၊ အရည်အသွေးကောင်းမွန်သော လက်နက်များစွာနှင့် လျှို့ဝှက်လက်စွဲစာအုပ် နှစ်အုပ်ကို တွေ့ရှိခဲ့သည်။

"ရေရှည်တာဝန်ကို ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ မျိုးနွယ်စု လက်နက်တိုက်၊အသေးစားသိုလှောင်မှု (ပြီးမြောက်ကြောင်း) လက်ခံရရှိပါသည်”

‘အရမ်းကောင်းတယ်၊ တကယ်ကောင်းတယ်’

ပထမအဆင့်ကို ပြီးမြောက်အောင်မြင်ခဲ့သည့်နောက် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုကျင့်ကြံရေးလမ်းစဉ်ကို ရရှိခဲ့ပြီးဖြစ်သည်။

ဤတစ်ကြိမ်တွင် မွေးဖွားခြင်းအဆင့်အတွက် ကျင့်စဉ်ဖြစ်နိုင်မည်လော။ ထိုအတွေးကြောင့် ရီဖန်၏ အသက်ရှူသံသည် စိတ်လှုပ်ရှားစွာပြင်းထန်လာသည်။

ဖိနပ်နွမ်းများသည် ခြေရာမပေါ်စေဘဲ မြေပြင်ကို ဖြတ်သွားနိုင်သကဲ့သို့ အားစိုက်ထုတ်စရာမလိုဘဲ ဤအရာကို ရယူနိုင်ခဲ့ပြီဖြစ်သည်။

ရီဖန်ကို လအတော်ကြာစိတ်ရှုပ်စေခဲ့သည့် ကိစ္စသည် ဤအတိုင်းပင် ပြေလည်သွားပြီလော။

ရီဖန်သည် ရွှယ်နင်၏အခန်းထဲတွင် သူတွေ့သော လျှို့ဝှက်စာအုပ်နှစ်အုပ်ကို အမြန်ကောက်ယူလိုက်သည်။

‘လျှို့ဝှက်ဆန်းကြယ်သော ယွမ်ကျယ်၊ ရွှေရောင်ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့်ကိုး’

ကျင့်ကြံးရေးလမ်းစဉ် နှစ်ခုလုံးသည် မွေးဖွားခြင်းအဆင့်အတွက်ဖြစ်သည်။ တစ်မျိုးသည် ချီစွမ်းအားစစ်ကို ပြုစုပျိုးထောင်ရန်နှင့် နောက်တစ်ခုသည် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုအတွက်ဖြစ်သည်။ န

လျှို့ဝှက်ဆန်းကြယ်သော ယွမ်ကျယ်ကို ပြင်းထန်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ရီဖန်သည် နောက်ဆုံးတွင် မွေးဖွားခြင်းနယ်မြေအကြောင်းကို ယေဘူယျနားလည်လာခဲ့သည်။

မွေးဖွားခြင်းအဆင့်တွင် နှစ်ပိုင်းရှိသည်။ တစ်ပိုင်းသည် ကိုယ်ခန္ဓာကျင့်ကြံရေးဖြစ်ကာ ကျန်တစ်ပိုင်းသည် ချီစွမ်းအားစစ် ကျင့်ကြံရေးဖြစ်သည်ဟု နှစ်ပိုင်းခွဲခြားထားသည်။

မွေးဖွားခြင်းအဆင့်တွင် ချီစွမ်းအားစစ်ဟုခေါ်သော ကျင့်ကြံရေးသည် အမှန်တကယ်တွင် မရီးဒျန်ကျင့်စဉ်ဖြစ်သည်။

စစ်မှန်သောအနှစ်သာရဖြင့် မရီးဒျန်ကို ဖွင့်လှစ်နိုင်ပါက၊ မရီးဒျန်များပိုမိုရရှိလာသည်နှင့်အမျှ ခွန်အားပိုတိုးလာမည်ဖြစ်သည်။

လူ့ခန္ဓာကိုယ်တွင် မရီးဒျန်ဆယ့်နှစ်ခုပါရှိကာ တစ်ခုစီတွင် အဆင့်သုံးဆင့် ခွဲထားသည်။

မရီးဒျန်သုံးခုကိုဖွင့်ခြင်းသည် အစောပိုင်းမွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။

မရီးဒျန်ခြောက်ခု၌ အလယ်ပိုင်းမွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်၊ မရီးဒျန်ကိုးခု၌ နှောင်းပိုင်းမွေးဖွားခြင်အဆင့်၏အထွတ်အထိပ်နှ င့်မရီးဒျန်ဆယ့်နှစ်ခု၌ အထွတ်အထိပ်မွေးဖွားခြင်းအဆင့်တို့ပင် ဖြစ်သည်။

မရီးဒျန်ကိုဖွင့်ပြီးနောက်တွင် ရည်ရွယ်ချက်မှာ ရန် နှင့် တု မရီးဒျန်ကိုဖြတ်၍ ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအားနှင့်ချိတ်ဆက်ရန်၊ မွေးဖွားခြင်းကိုယ်ခန္ဓာကိုထိန်းချုပ်ရန်နှင့် မွေးဖွားခြင်းနယ်မြေတွင် ကျွမ်းကျင်သူဖြစ်လာရန်ဖြစ်သည်။

ကိုယ်ခန္ဓာပိုင်းအတွက် အောင်မြင်မှုတစ်ခုရရှိရန် ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြတ်ကျော်ရန် လိုအပ်သည်။

အပိုင်းနှစ်ခုလုံးတွင် အားသာချက်များရှိသည်။

မွေးဖွားခြင်းနယ်မြေသည် ရီဖန်အတွက် အလှမ်းဝေးနေသေးသည်။ သူယခုလုပ်ရမယ့်အရာသည် မွေးဖွားခြင်းနယ်မြေသို့ တက်လှမ်းနိုင်ရန်ဖြစ်သည်။

အမှန်တွင် ရီဖန်သည် လွန်ခဲ့သည့်အချိန်ကြာမြင့်စွာကပင် မွေးဖွားခြင်းနယ်မြေကို ဖြတ်ကျော်နိုင်ခဲ့သင့်သော်လည်း ကျင့်ကြံရေးလမ်းစဉ်ကြောင့်သာ အခက်တွေ့နေခဲ့ရခြင်းဖြစ်သည်။

ရီဖန်သည် လျှို့ဝှက်ဆန်းကြယ်သော ယွမ်ကျယ်ကို ထုတ်ယူပြီး ထိုစာအုပ်ထဲရှိ လမ်းညွှန်ချက်အတိုင်း ချီစွမ်းအင်ထုတ်လွှတ်ကာ လက်တစ်လျှောက် ထိုက်ရင် မရီးဒျန်ကို ပျံ့နှံ့နေစေသည်။

ကျင့်ကြံရေးလမ်းစဉ်တိုင်းသည် မတူညီသော မရီးဒျန်များကို ထုတ်လွှတ်ပေးသည်။ လျှို့ဝှက်ဆန်းကြယ်သော ယွမ်ကျယ်စာအုပ်၏ ပထမဆုံးသောမရီးဒျန်သည် ထိုက်ရင် လက်၊ မရီးဒျန် ဖြစ်သည်။

ဆယ့်ငါးမိနစ်၊ နာရီအနည်းငယ်ကြာပြီးသည့်နောက်

ချီစွမ်းအားနှင့် သွေး၏ပထမခြေရာသည် လက်၏ ယင် မရီးဒျန်ကိုဖြတ်၍ ဒန်ထျန်းသို့ ဝင်ရောက်လာသည်။

ရီဖန်သည် ကမ္ဘာကြီး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ပန်းများ၊ အပင်များနှင့် သစ်ပင်များကို ပို၍ ကွက်ကွက်ကွင်းကွင်း မြင်လာရသည်။ မှောင်နေသော ပတ်ဝန်းကျင်သည် ရီဖန်၏ မျက်လုံးများတွင် နေ့အလင်းရောင်အဖြစ်မြင်နေရသည်။

ဤအရာတို့သည် မွေးဖွားခြင်းအဆင့်ကို တက်လှမ်းပြီးနောက် အာရုံငါးပါးကို မြှင့်တင်ခြင်း၏ ထပ်ဆောင်းအကျိုးတရားများပင် ဖြစ်သည်။

မွေးဖွားခြင်းနယ်မြေ၏ အရေးကြီးဆုံးင်္အဂါရပ်ဖြစ်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်ရှိသူများကို ချက်ချင်းစေစေနိုင်သည့်အရာသည် ချီစွမ်းအားစစ်ဖြစ်သည်။

ရီဖန်၏ ဒန်ထျန်းတွင် စစ်မှန်သော ချီစွမ်းအားအမျှင် ရာပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။

ရီဖန်သည် ချီစွမ်းအားစစ် အမျှင်များကိုဆွဲထုတ်ရန်ကြိုးစားလိုက်ကာ ထုတ်လွှတ်လိုက်သည်။

ဘမ်း!

လှိုဏ်ဂူကြီးတစ်ခုလုံးသည် ကမ္ဘာနဂါးကြီး လှည့်ပတ်သွားသကဲ့သို့ တုန်ခါသွားသည်။

ရီဖန်၏ရှေ့ရှိ ဂူနံရံတွင် အချင်းမီတာဝက်မျှရှိသည့် အပေါက်တစ်ခု ပေါ်လာသည်။

ရီဖန်သည်လည်း အံ့အားသင့်သွားသည်။ ၎င်းသည် သိုင်းပညာကိုပင် မသုံးဘဲ ချီစွမ်းအားစစ်ကိုသာ ရိုးရှင်းစွာသုံးလိုက်ခြင်းဖြစ်သည်။

ရီဖန်သည် သူ၏ဓားရှည်ကိုထုတ်ကာ ချီစွမ်းအားစစ်အမျှင်တစ်ချောင်းကို ဓားရှည်ထဲသို့ ထည့်လိုက်သည်။ အဖြူရောင် ချီစွမ်းအားဓားသွားသည် လေထဲသို့ ဖြတ်သွားသည်။

မာကျောသော ကျောက်နံရံသည်ပင် တို့ဟူးကဲ့သို့အားနည်းသွားကာ ဓါးသွားချီနှင့် မယှဉ်နိုင်ဘဲ ချက်ခြင်း ပြတ်တောက်သွားသည်။

ရီဖန်း အသက်ပြင်းပြင်းရှူလိုက်သည်။ နောက်ဆုံးတွင် မွေးဖွားခြင်းအဆင့်သို့အောင်မြင်စွာ ကျော်ဖြတ်သွားပြီဖြစ်သည်။

ထို့နောက် ချီစွမ်းအားစစ်၏ အရေအတွက်နှင့် အရည်အသွေးကို မြှင့်တင်နိုင်ရန် မရီးဒျန်များကို အဆက်မပြတ်ထုတ်လွှတ်နိုင်ရန် လေ့ကျင့်ဖို့ လိုအပ်ပေသည်။

…………………

All Chapters