အခန်း ၂၂-၂၄
Vol. 2 Ch. 22-24
အခန်း (၂၂) သားသမီးမြေးမြစ်များ အပြည့်နှင့် အိမ်တစ်အိမ်
“အဖေ ရှိလား"
ရီကျင်းထျန်၏ အသံသည် ဂူပေါက်ဝမှ ထွက်ပေါ်လာသည်။ ရီဖန်သည် သူ့အတွေးများကို ရပ်တန့်ကာ ထွက်သွားလေသည်။
မကြာမီတွင် သူသည် ရီကျင်းထျန်၊ ရီကျင်းဟိုင်နှင့် ရီမိသားစုမှ အစေခံများစွာကို တွေ့လိုက်ရသည်။
“အခုကစပြီး ဒီသံရိုင်းနီသတ္တုတွင်းကို ငါတို့ပိုင်တယ်။ ရှောင်ဟိုင်၊ မင်းက ငါ့အတွက် လူရှာပေးဖို့ တာဝန်ရှိတယ်"
“အဲဒီလိုဏ်ဂူထဲက အရာအားလုံးကို ရီမိသားစုကိုသယ်သွားကြ”
ရှင်းလင်းခြင်းသည် ရီဖန်၏အလုပ်မဟုတ်ပေ။
ရီမိသားစုတွင် အစေခံများအလွန်နည်းပါးကာ လူသစ်စုဆောင်းမှု အများအပြား လိုအပ်နေပါသည်။ သို့သော် အကျိုးအမြတ်မှာ အသုံးစရိတ်ထက် ပို၍များနေသည်။
အနီရောင်သံရိုင်းကို အပြည့်အဝ အသုံးပြုနိုင်ပါက ရီမိသားစုအတွက် လစဉ်ဝင်ငွေ တစ်ထောင်ခန့် ရရှိနိုင်မည်ဖြစ်သည်။
နောက်ဆုံးတွင် ရီဆေးဆိုင်နှင့်အတူ သူတို့သည် ဝင်ငွေကို ဟန်ချက်ညီစေကာ အနည်းငယ် ချွေတာနိုင်တော့မည်ဖြစ်သည်။
အိမ်ပြန်ရောက်သောအခါ မိသားစုလက်နက်တိုက်မှ ဒုတိယအဆင့် ဆုလာဘ်ကို လက်ခံရယူရန် ရွေးချယ်ခဲ့သည်။
"ဂုဏ်ယူပါတယ် သခင်၊ ဆယ်နှစ်တာ ဓားကျွမ်းကျင်မှုဆိုင်ရာ ထိုးထွင်းသိမြင်မှု ဆုလာဘ်ကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်"
မိသားစုလက်နက်တိုက်၏ ဆုလာဘ်များသည် ကိုယ်ခံပညာလေ့ကျင့်မှုနှင့် ဆက်စပ်နေပုံရသည်။
ယခုတွင် သူသည် ဓားနည်းပညာကို ကျွမ်းကျင်နေပြီဖြစ်သောကြောင့် ဓားပညာကို ထိုးထွင်းသိမြင်ခြင်းမှာ လုံးဝမရှိခြင်းထက် ပိုကောင်းပါသည်။
နောက်တစ်နေ့မနက်တွင် ရီဖန်းသည် ရီမိသားစုမှ အားလုံးကို စုရုံးလိုက်သည်။
သူသည် ကျင့်ကြံးေလက်စွဲစာအုပ် နှစ်ခုကို ထုတ်ကာ လူတိုင်းကို ရွေးချယ်ခွင့်ပေးခဲ့သည်။
မွေးဖွားခြင်းအဆင့်ကျင့်စဉ်များတွင် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုကျင့်စဉ်တွင်ပါဝင်သည့် အရာများကိုလည်း ရရှိနိုင်သည်။ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်သို့ ရောက်ပြီးနောက်မှ ကူးပြောင်းခြင်းထက် ယခု အချိန်ကူးပြောင်းခြင်းသည် ပိုကောင်းပေမည်။
နည်းစနစ်ပိုကောင်းလေ ကျင့်ကြံမှုအရှိန် ပိုမြန်လေဖြစ်သည်။
လူတိုင်းသည် လျှို့ဝှက်ဆန်းကြယ်သော ယွမ်ကျယ်ကို လေ့ကျင့်ရန် တညီတညွတ်တည်း ရွေးချယ်ခဲ့ကြကာ ရွှေရောင်ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုကိုယ်ထည်ကို လက်လျော့ခဲ့ကြသည်။
ဤရလဒ်ကို ရီဖန်မျှော်လင့်ထားပြီးဖြစ်သည်။
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်ရှိသည့် သိုင်းပညာရှင်များသည် ပုံမှန်သိုင်းပညာရှင်များနှင့် နှိုင်းယှဉ်ပါက အရေအတွက် သိသိသာသာ နည်းပါးသည်။
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်ရှိသည့် သိုင်းပညာရှင်အယောက်တစ်ရာတွင် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာလျှင်ပင် အံ့ဩဖွယ်ကိစ္စတစ်ခုဖြစ်သည်။
ရီဖန်သည် သေချာစွာဆန်းစစ်ပြီးနောက် ၎င်း၏အကျိုးသက်ရောက်မှုကို မျှော်လင့်နေသော်လည်း ရွှေရောင်ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုကိုယ်ထည်ကိုသင်ယူရန်လူတိုင်းအား အတင်းအကြပ်မခိုင်းခဲ့ပေ။
ဤနည်းပညာကို အချိန်မကျမီအထိ ခေတ္တဖယ်ထားရဦးမည်ဖြစ်သည်။
ထို့နောက် ၎င်းတို့လုပ်ရမည့်အရာသည် ရီမိသားစု၏ ပထမဆုံး မွေးဖွားခြင်းအဆင့်သိုင်းပညာရှင်တစ်ဦး မွေးဖွားလာဖို့ စောင့်ဆိုင်းရန်ဖြစ်သည်။
ရီဖန်သည် မိသားစုသိုင်းပညာရှင်၏ ဒုတိယအဆင့်ဆုအတွက် အမှန်တကယ်မျှော်လင့်နေမိသည်။
မကြာမီအချိန်တွင် အနီရောင်သံရိုင်းကို စတင်တူးဖော်ခဲ့ကာ ရီမိသားစုအတွက် လစဉ် ဝင်ငွေများစွာရရှိခဲ့သည်။
ထို့နောက် ဤငွေကို ရီဖန်သည်အရင်းအနှီးအဖြစ် ပြောင်းလဲကာ မျိုးနွယ်စု၏ ကျင့်ကြံရေးအတွက် ရင်းနှီးမြုပ်နှံကာ ပြည့်စုံစည်စက်ဝန်းတစ်ခုဖန်တီးခဲ့နိုင်သည့်အတွက် မိသားစုဝင်များ၏ ကျင့်ကြံရေးအရှိန်သည် လည်း ပိုမိုမြန်ဆန်လာသည်။
ဖောက်!
ဆေးဖိုတစ်ခုသည် အနက်ရောင်မီးသွေးအဖြစ်သို့ ပြောင်းလဲသွားသည်။
မွေးဖွားခြင်းအဆင့်သို့ရောက်ရှိပြီးနောက်တွင် ရီဖန်သည် ချီစွမ်းအားစစ်ဖြင့် ဆေးလုံးများကို သန့်စင်ရန် စတင်ကြိုးစားခဲ့သည်။
ချီစွမ်းအားစစ်ကို အသုံးပြုပြီးနောက် ဂျင်ဆင်းတစ်ရာဆေးလုံး၏ အရည်အသွေးသည် နောက်ဆုံးတွင် ပုံမှန်အဆင့်နိမ့်ဆေးလုံးအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော် သူသည် ပိုမိုကောင်းမွန်သော အရည်အသွေးရှိသော ဂျင်ဆင်းတစ်ရာဆေးလုံးကို မသန့်စင်နိုင်ဘဲရှိနေသည်။
ဆေးဖိုမှတစ်ဆင့် ချီစွမ်းအားစစ်၏ သယ်ဆောင်မှုသည် အလွန်နည်းပါးနေသေးသည်ဟု ရီဖန်ခံစားရသည်။
ကျင့်ကြံရေးကမ္ဘာ၏ ဆေးပညာအတွေ့အကြုံကို ချီစွမ်းအားစစ် သန့်စင်မှုအတွေ့အကြုံအဖြစ်သို့ မပြောင်းလဲနိုင်သေးသည့်အတွက် ရီဖန်၏ဆေးပညာအဆင့်ကို ကြန့်ကြာနေစေခဲ့သည်။
အခြားသော ဆေးပညာရှင်များသည် ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုများကို မည်ကဲ့သို့များ စုံလင်စွာရရှိနေကြပါသနည်း။
ရီဖန်ထပ်မံကြိုးးစားတော့မည့် အချိန်တွင် စိတ်လှုပ်ရှားတဲ့အသံနှင့်အတူ “အဖေ့၊ ကျွန်တော် အဖေ့ဖြစ်တော့မယ် အဖေဖြစ်တော့မယ်"
ဖြောင်း
"ခွေးကောင်! မင်းကဘယ်သူ့အဖေဖြစ်မှာလဲ!"
ရီဖန်သည် ရီကျင်းထျန်ကို စိုက်ကြည့်လိုက်သည်။ ဤအသက်အရွယ်၌ပင် အဘယ်ကြောင့် တည်တည်ငြိမ်ငြိမ်မရှိရသေးပါသနည်း။
“အဖေ့၊ သားက အဖေ့ အဖေဖြစ်မှာမဟုတ်ဘူး၊ ကျွန်တော်က အဖေဖြစ်တော့မှာ"
ဤစကားကိုကြားသည့်အခါ ရီဖန်သည် ရီကျင်းထျန်၏ အပြုအမူကိုပင် ဂရုမစိုက်တော့ဘဲ ရီကျင်းထျန်ပြောသည့် သတင်းကိုသာ လုံးလုံး အာရုံစိုက်နေခဲ့သည်။
ကျားလုတွင် ကိုယ်ဝန်ရှိနေခဲ့သည်ဖြစ်ပြီး သူသည်ယခုတွင် အဘိုးဖြစ်တော့မည်။
"ဂုဏ်ယူပါတယ် သခင်၊ ရေရှည်တာဝန်~ မိသားစုဝင် : အပြည့် (ပြီးစီး)ကြောင်း လက်ခံရရှိပါတယ်"
ရီဖန်သည် စနစ်၏ဆုလာဘ်ကို ကြည့်ရန်ပင် ဂရုမစိုက်ဘဲ လေပြင်းတိုက်သကဲ့သို့ လျင်မြန်စွာပြေးထွက်သွားသည်။
ခဏအကြာတွင် စုယန်သည် ဝမ်းသာအားရသောမျက်နှာဖြင့် ကလေးကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
“သခင် လာကြည့်၊ ကျွန်မတို့ အဘိုးအဘွားတွေ ဖြစ်တော့မယ်”
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်၊ရှောင်လု သမီးပင်ပန်းခဲ့ရပြီ"
ရီဖန်သည် ရီမိသားစုအတွက် ကြီးမားသောပံ့ပိုးကူညီသူ ကျားလု ကိုကြည့်လိုက်သည်။
“အဖေ၊ ကျွန်မ မပင်ပန်းပါဘူး။ ရီမိသားစု ပိုကျယ်ပြန့်လာအောင် ကူညီပေးရတဲ့အတွက် သမီးဂုဏ်ယူပါတယ်”
ကျားလုသည် ရီမိသားစုနှင့် ပတ်သက်၍ နက်ရှိုင်းသည့်ခံစားချက်ရှိသည်။ ကုသမှုကြောင့်ပဲဖြစ်ဖြစ် မိသားစုအငွေ့အသက်ပဲဖြစ်ဖြစ်၊ အရာအားလုံးသည် အကောင်းဆုံးဖြစ်သည်။
"စုယန်၊ ကျားလုအတွက် အားပြန်ပြည့်ဖို့ ဂျင်ဆင်းတစ်ရာဆေးနှစ်ပုလင်းယူခဲ့ပေးပါဦး"
ဂျင်ဆင်းဆေးပြားတစ်ရာဆေးလုံးပါသော နှစ်ပုလင်းတွင် ဆေးဆယ်လုံးပါပါတယ်။ ဝယ်ရမည်ဆိုပါပ ငွေတစ်ထောင်နှင့်ပင် မလုံလောက်ပေ။
“ရှောင်ထျန်း၊ မင်းမိန်းမကို ဂရုစိုက်ဖို့မမေ့နဲ့ဦး” ကျားလုအတွက် သူ၏စိုးရိမ်မှုကို ဖော်ပြပြီးနောက် ရီဖန်သည် ရီကျင်းထျန်၏ရင်သွေးကို ပွေ့ရန် အချိန်ရခဲ့သည်။
ချုံချုံ မွေးတုန်းကအတိုင်းပင် မျောက်ကလေးတစ်ကောင်ကဲ့သို့ သေးသေးလေးဖြစ်သည်။
ရီဖန်သည် လက်ကိုဆန့်ထုတ်လိုက်ကာ ကလေး၏ ကြံ့ခိုင်မှုကို ဆန်းစစ်လိုက်ပြီးနောက် သူ၏အပြုံးသည် ပိုမိုတောက်ပလာသည်။
ကလေးမမွေးဖွားမီ ဖြည့်စွက်စာများ သောက်သုံးခြင်းသည် အမှန်တကယ်ပင် သက်ရောက်မှုအချို့ရှိပုံရသည်။ မွေးကင်းစကလေး၏ ကြံ့ခိုင်မှုသည် လွန်စွာကောင်းမွန်လှသည်။
မိသားစုဝင်များ၏ မျိုးရိုးဗီဇနှင့် ပေါင်းစပ်လိုက်လျှင် သူ၏အလားအလာသည် မိသားစုတွင် အမြင့်ဆုံးဖြစ်နိုင်သည်။
“အဖေ့၊ ကလေးနာမည်မှည့်ပေးပါဦး”
“ငါတို့ရဲ့ ရီမိသားစု ဒီနေ့အခြေအနေအထိရောက်လာတာက အမြဲသတိဝီရိယနဲ့နေလို့ပဲ၊ အမြဲတည်ငြိမ်နေခဲ့တာရဲ့ အကျိုးကျေးဇူးတွေပဲ”
"သူ့နာမည်က ရီရှန်းရှင်း ဖြစ်လိမ့်မယ်"
“အဖေ မြန်မြန်လုပ်ပြီးတော့ သမီးရဲ့တူလေးကို တွေ့ခွင့်ပေးပါ"
ရီကျင်းချုံသည် သူမခေါင်းသေးသေးလေးကို စူးစူးစိုက်စိုက်ကြည့်ရင်း အံ့သြမဆုံးဖြစ်နေသည်။
"အော်၊ မျောက်ကလေးလိုပဲ ရုပ်ဆိုးလိုက်တာ။"
ရီရှင်းရှန် ကိုမြင်ပြီးနောက် ရီကျင်းချုံသည်အနည်းငယ် ရွံ့သွားသည်။
“မင်းကပဲပြောရတယ်ရှိသေး၊ သမီးကိုမွေးတုန်းကလည်း ဒီလိုပဲလေ၊ သမီးအမေတောင် လွင့်ပစ်လုနီးနီးပဲ"
"ဟမ့် သမီးကဘယ်တုန်းကမှ ဒီလောက်ရုပ်မဆိုးပါဘူးနော်။ သမီးက အမြဲတမ်း အလှဆုံးပဲဖြစ်ခဲ့တာပါ”
…
ရီရှောင်းရှောင်းနှင့် အခြားသူများသည်လည်း ကလေးလေးကို ချီရန် စုရုံးရောက်ရှိလာကြကာ မိသားစုတစ်ခုလုံး ရွှင်လန်းဝမ်းမြောက်နေကြလျက်ရှိသည်။
ရီရှင်းရှန်ကို ပွေ့ချီထားရင်း ရီဖန်သည် သူ၏နှလုံးသားထဲတွင် နောက်ထပ်ယူရမည့် တာဝန်ယူမှုတစ်ခုကို ခံစားလိုက်ရသည်။
‘ရီမိသားစုက ပိုပိုကြီးလာပြီ’
"စနစ်၊ ဆုလာဘ်တွေထုတ်လိုက်ပါ"
"ဆုအတွက် သခင့်ကို ဂုဏ်ယူပါတယ်-ရှေးဟောင်းပစ္စည်း သန့်စင်ခြင်း အဆင့်(၁) "
ရှေးဟောင်းပစ္စည်းများ သန့်စင်ခြင်းသည် ကျင့်ကြံရေးလမ်းစဉ် ခြောက်ခုထဲမှ တစ်ခုဖြစ်သည်။ ကျင့်ကြံသူများအတွက်သာမက သာမန်လူများအတွက် မှော်စွမ်းအားလက်နက်များကို သန့်စင်ရန် အသုံးပြုနိုင်သည်။
ဒုတိယအဆင့် ကျင့်ကြံရေးစွမ်းအား၏ အသွင်အပြင်သည် ရီဖန်ကို မွေးဖွားခြင်းနယ်မြေအဆင့်သို့ ပိုမိုနီးစပ်လာစေသည့် ခံစားချက်မျိုးပေးစွမ်းနေသည်။
ရီဖန်သည် ဤကမ္ဘာတွင် ခုနစ်နှစ်ကြာနေထိုင်ခဲ့ပြီးဖြစ်ကာ ယခုတွင် အသက်လေးဆယ်ရှိပြီဖြစ်သည်။
ကျင့်ကြံရေးစွမ်းအားမရှိပါက ဘဝသည်တိုတောင်းလှသည်။
အနှစ်တစ်ရာကြာပြီးနောက် ကျန်ရှိနေမည့်အရာအားလုံးသည် အဝါရောင်ဖုန်မှုန့်လက်တစ်ဆုပ်စာသာဖြစ်သွားလိမ့်မည်။
ရီဖန်သည် ထိုအရာကို လက်မခံနိုင်ပေ။ သူသည် သေချာပေါက် ကျင့်ကြံသူတစ်ဦး ဖြစ်လာရမည်။
ဤမျှလောက် အကျိုးရလဒ်ကြီးမားမည့် ကျင့်ကြံသူမဖြစ်ဘဲ သူမည်ကဲ့သို့ ရောင့်ရဲနိုင်မည်နည်း။
ခရိုင်မြို့သို့ရောက်သည်နှင့် မသေမျိုးများ၏ သတင်းကို မေးမြန်းစုံစမ်းရမည်ဖြစ်သည်။
သို့သော် သူယခုလုပ်ရမယ့်အရာသည် ဂျင်ဆင်းတစ်ရာဆေးလုံးတစ်သုတ်ကို သန့်စင်ရန်ဖြစ်သည်။
ကျားလုကို ဂျင်ဆင်းတစ်ရာဆေးနှစ်ပုလင်း ပေးပြီးနောက်တွင် မိသားစုတွင်ရှိသည့်လက်ကျန်များ နည်းပါးလာသည်။
ရီဖန်သည် စုယန်ထံမှ ငွေတစ်ထောင်ယူကာ သောပေါင်ဆေးခန်းသို့ သွားခဲ့သည်။
“ဆေးဆရာရီ၊ ဆေးဖက်ဝင်အပင်တွေ ထပ်ဝယ်ဖို့ရောက်လာပြန်တာလား”
"ဟုတ်တယ်၊ ဂျင်ဆင်းတစ်ရာဆေးလုံးအတွက် အဓိကဆေးဖက်ဝင်အပင် နှစ်ဆယ်လိုနေလို့"
ဆိုင်ရှင်လီသည် အစုံနှစ်ဆယ် တောင်းဆိုသည့်အတွက် ပထမတွင် ထိတ်လန့်သွားခဲ့သော်လည်း ထို့နောက် အလွန်ဝမ်းသာသွားသည်။
"အင်း ဆေးဆရာရီ၊ ခင်ဗျား ဂျင်ဆင်းတစ်ရာဆေးလုံးကို သန့်စင်ပေးနိုင်သွားပြီလား"
သူသည် မွေးဖွားခြင်းအဆင့်ကိုဖြတ်ကျော်ပြီးဖြစ်သောကြောင့် သူ၏ ဆေးပညာအဆင့်အတန်းကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
"ဟုတ်တယ်၊ အခု ဂျင်ဆင်းတစ်ရာ သက်သာဆေးကို သန့်စင်နိုင်သွားပါပြီ”
ရီဖန်သည် သူ့ရင်ဘတ်ထဲရှိ ကျောက်စိမ်းပုလင်းကို ထုတ်ယူပြီး လီချန်ကို ပေးလိုက်သည်။
လီချန်သည် ကျောက်စိမ်းပုလင်းအပိတ်ကို ဖွင့်လိုက်ရာ ပုံမှန်မဟုတ်သော ရနံ့တစ်ခု ထွက်လာသည်။
“ဒါကတကယ်ကို ဂျင်ဆင်းတစ်ရာ သက်သာဆေးပဲ၊ အဆင့်နိမ့်ဆိုရင်တောင်မှ ဂျင်ဆင်းတစ်ရာဆေးကိုသန့်စင်ပေးနိုင်တာက ခင်ဗျား တရားဝင် ဆေးပညာရှင်တစ်ယောက်ဖြစ်သွားပြီဆိုတာကို ပြတာပဲ”
"အင်း ဆေးဆရာရီ၊ ခင်ဗျားကို အခုကတည်းက ဆေးပညာရှင်ရီ လို့ပြောင်းခေါ်ရတော့မယ်ထင်တယ်"
"ဆိုင်ရှင်လီ၊ ငါတို့ကြားမှာ ဒီလိုမျိုး စည်းမျဥ်းစည်းကမ်းတွေ မလိုပါဘူး"
ရီဖန်သည် လီချန်းအပေါ် အထင်အမြင်ကောင်းရှိသည်။
သူသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အလယ်အလတ်အဆင့်တွင်သာရှိစဉ်အချိန်၌ လီချန်၏မျက်နှာသာပေးမှုကြောင့်သာ မဟုတ်ပါက လမ်းတစ်လျှောက်တွင် အလှည့်အပြောင်းများစွာရှိခဲ့နိုင်သည်။
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း။ ရီဖန်သည် ခင်မင်ရင်းနှီးမှုများနှင့်ပက်သက်လာသည့်အခါ သူ၏ကိုယ်ပိုင်စံနှုန်းများ ရှိသည်။
အခန်း (၂၃) ချန်ဟဲမြို့၏ ထပ်တူညီမှုကို ရှင်းထုတ်ခြင်း
ရီဖန်၏စကားကိုကြားသောအခါ လီချန်သည် အလွန်စိတ်လှုပ်ရှားသွားကာ ကောင်းမွန်သောအရည်အချင်းကို သတိထားမိခဲ့သည့်အတွက် သူ့ကိုယ်သူ တိတ်တဆိတ်ချီးကျူးခဲ့သည်
"သခင်ရီ၊ နောက်ကို ကျွန်တော်တို့ရဲ့ တုပေါင်ဆေးခန်းအတွက် ထောက်ပံ့သူတစ်ယောက်ဖြစ်လာဖို့များ မစဉ်းစားပေးချင်ဘူးလား”
တုပေါင်ဆေးခန်း၏ ထောက်ပံ့သူတစ်ဦးဖြစ်ရန်မှာ အလွန်အစွမ်းထက်သူ သို့မဟုတ် ထူးထူးခြားခြား ကျွမ်းကျင်မှုတစ်ခုရှိသူဖြစ်ရပေမည်။ ဆေးပညာရှင်နှင့် ရှေးဟောင်းပစ္စည်းသန့်စင်သူတို့သည် တုပေါင်ဆေးခန်း၏ ထောက်ပံ့သူများ ဖြစ်လာနိုင်သည်။
သဘာဝကျကျပင် စစ်မှန်သောထောက်ပံ့သူအတွက် အကျိုးကျေးဇူးများသည် ရီဖန်အား ယခင်ကပေးခဲ့သော အကျိုးကျေးဇူးများနှင့် တူညီမည်မဟုတ်ပေ။ ဆေးလုံးများအတွက် စျေးများစွာသက်သာခြင်း၊ ဆေးဖက်ဝင်အပင်များအတွက် ၃၀% လျှော့စျေးနှင့် တုပေါင်ဆေးခန်းသို့ အလုပ်အချို့ကို လွှဲပြောင်းပေးနိုင်စွမ်းတို့ပင်ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဆေးပညာရှင်များသည် တုပေါင်ဆေးခန်း၏ အကာအကွယ်အောက်တွင်ရှိသည်။ ဆေးပညာရှင်တိုင်းသည် အလွန်အဖိုးတန်သည်။
ဆေးပညာရှင်များထံမှ ဆေးလုံးရောင်းချနိုင်မည့် ခွင့်ပြုချက်ကိုရရှိနိုင်ခြင်းသည် တုပေါင်ဆေးခန်းအတွက် အလွန်အရေးကြီးသည်။ သို့သော် ဆေးပညာရှင်များကို အနိုင်ယူနိုင်ရန် မလွယ်ကူပေ။ အကျိုးတစ်စုံတစ်ခု ပြန်မပေးနိုင်ပါက တုပေါင်ဆေးခန်းနှင့် ပူးပေါင်းလိုသည့် ဆေးပညာရှင်များကို မည်သို့ရရှိနိုင်မည်နည်း။
ရီဖန်သည် တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။
သုံးရက်အကြာတွင် လီချန်သည် ဆေးဖက်ဝင်အပင်များနှင့် အသိအမှတ်ပြုတိုကင်တစ်ခုနှင့်အတူ ချန်ဟဲမြို့သို့ပြန်လာခဲ့သည်။
“သခင်ရီ၊ ဒီတိုကင်က ခင်ဗျားရဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်။ ဝမ်လုကောင်တီမှာရှိတဲ့ တုပေါင်ဆိုင်ခွဲတွေမှာ အကျိုးကျေးဇူးအများကြီး ခံစားနိုင်ပါတယ်” လီချန်၏ လေသံမှာ အလွန်စိတ်လှုပ်ရှားနေသည်။ ရီဖန်ကဲ့သို့သော ဆေးပညာရှင်ကို ရှာဖွေတွေ့ရှိခြင်းသည် သူ့အတွက် အကျိုးကျေးဇူးများစွာကို ရရှိစေခဲ့သည်။
ရုတ်တရက် ရီဖန်သည် သူ၏ကိုယ်ပိုင်ပြဿနာကို သတိရသွားကာ “ဆိုင်ရှင်လီ၊ ကျွန်တော်မေးချင်နေတာ၊ အခု ဂျင်ဆင်းတစ်ရာဆေးလုံးကို သန့်စင်နိုင်ပေမယ့် အရည်အသွေးတော့ ပိုမကောင်းလာဘူးဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတာ ဘာကြောင့်များလဲ”
လီချန်သည် ခေတ္တရပ်လိုက်ပြီးနောက်ပြောလိုက်သည် “ဒါက အတွေ့အကြုံလိုတယ်။ ဆေးလုံးအရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ ဆေးနည်းပညာတွေ အများကြီးရှိတယ်။ ဆေးဖိုရဲ့အရည်အသွေးလည်း အရမ်းအရေးကြီးတာပေါ့။ ဆေးဖိုက ပိုကောင်းလေလေ၊ ဆေးအရည်အသွေး ပိုကောင်းလေပါပဲ။”
"ဆေးဖိုတွေမှာ အဆင့်တွေရှိသေးတာလား"
"ဆေးဖိုတွေရဲ့ အဆင့်တွေကို ခင်ဗျားမသိဘူးလား။ ခဏနေပါဦး၊ ဒီဂျင်ဆင်းတစ်ရာဆေးလုံးကို ကျွန်တော်ပေးထားတဲ့ ဆေးဖိုနဲ့ သန့်စင်ထားတာတော့ မဟုတ်ဘူးမလား” လီချန်သည် လွန်စွာ အံ့အားသင့်သွားသည်။
လီချန်သည် အမှန်တကယ်ပင် ထိတ်လန့်သွားသည်။ ထိုဆေးဖိုသည် ဆေးလုံးသန့်စင်ရန်အတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ လေ့ကျင့်ရန်အတွက်သာဖြစ်သည်။ လီချန်၏ ရီချန်အပေါ်အမြင်သည် ပြောင်းလဲသွားပြန်သည်။ အံ့အားသင့်ဖွယ်ကောင်းလှသည်။
အသက် ၄၀ နှစ်အရွယ် ကိုယ်တိုင်လေ့ကျင့်ခဲ့သည့် ဆေးပညာရှင်တစ်ဦးသည် ဉာဏ်ကြီးရှင်မဟုတ်ပါက အောက်ဆုံးအဆင့်မီးဖိုကို အသုံးပြု၍ ဆေးလုံးအစစ်အမှန် များကို သန့်စင်ပေးနိုင်မည်မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် လီချန်သည် ရီဖန်မှာ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်တွင်ရှိနေစဉ်ကတည်းက သူ၏နည်းစနစ်များဖြင့် ဆေးလုံးများကို သန့်စင်ပေးနိုင်ကြောင်း လီချန်မသိခဲ့ပေ၊ သို့မဟုတ်ပါက သူလိပ်ပြာလွင့်သွားသည်အထိ ထိတ်လန့်သွားပေလိမ့်မည်။
ရီဖန်သည် ဆေးပညာနှင့်ပက်သက်၍ အခြေခံအုတ်မြစ်သည် အားနည်းမှန်းသိသောကြောင့် လီချန်းသည် စာအုပ်တစ်အုပ်ကို ထပ်မံထုတ်ယူကာ ရီဖန်အား ပေးလိုက်သည်။ ယခင်က ဆေးပညာအကြမ်းဖျင်းရှင်းပြချက်နှင့် နှိုင်းယှဉ်ပါက ဤစာအုပ်သည် ပို၍အသုံးဝင်မည်ဖြစ်သည်။
“ဆေးပညာနိဒါန်း" တစ်ကြိမ် လှန်ကြည့်ပြီးနောက် ရီဖန်သည် သူ့ဆေးလုံးများ၏ အရည်အသွေးကို အဘယ်ကြောင့် မတိုးမြှင့်နိုင်သည်ကို နောက်ဆုံးတွင် နားလည်လာခဲ့သည်။
အဓိက အကြောင်းအရင်းသည် ဆေးဖိုကြောင့်ပင်ဖြစ်သည်။ လက်နက်များနှင့် ဆေးဖိုများတွငတွင် မတူညီသောအဆင့်များရှိသည်ကို ရီဖန်သည် ယခုမှသာ သဘောပေါက်သွားခဲ့သည်။
လက်နက်များကို ဘုံအဆင့်၊ အလယ်အလတ်အဆင့်နှင့် ရတနာအဆင့်ဟူ၍ အဆင့်ခွဲခြားထားသည်။ ဥပမာအားဖြင့် ရီရှောင်း၏ ကျန်းနန်ဓားသည် ထိပ်တန်းဘုံအဆင့်လက်နက်တစ်ခုဖြစ်သည်။
ထိပ်တန်းဘုံအဆင့်လက်နက်တစ်ခုသည် ထောင်နှင့်ချီသောအင်အားကို ခံနိုင်ရည်ရှိကာ ၎င်းသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်ရှိသည့် သိုင်းပညာရှင်များအတွက် သင့်လျော်သည်။
မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သာမန်လက်နက်များသည် ချီစွမ်းအားစစ်ကိုဖြည့်စွမ်းမပေးနိုင်သောကြောင့် အလယ်အလတ်အဆင့်လက်နက်များကို အဆင့်မြှင့်တင်ရန်အတွက် အထူးပစ္စည်းများလိုအပ်ပေသည်။
ရတနာအဆင့်လက်နက်များကိုမူ ၎င်းတို့ကို မွေးဖွားခြင်းနယ်မြေရှိ သိုင်းပညာရှင်တို့က အသုံးပြုကြသည်။ ဤပစ္စည်းများသည် အလွန်အဖိုးတန်ကာ လူအများစုက ၎င်းတို့ကို ဝယ်ယူရန် မတတ်နိုင်ပေ။
ဆေးဖိုများသည်လည်း လက်နက်များနှင့် အတူတူပင် ဖြစ်သည်။ ရီဖန်သည် ချီစွမ်းအားလည်ပတ်မှု မချောမွေ့သည်ကို ခံစားရခြင်းမှာ ဆေးဖို၏ ပစ္စည်းများ မကောင်းမွန်ခြင်းကြောင့် ဖြစ်သည်။
ချီစွမ်းအားကို ကျွမ်းကျင်စွာ လမ်းညွှန်ပေးနိုင်သော အေးခဲသံမဏိကဲ့သို့သော ပစ္စည်းများကို အသုံးပြု၍ သန့်စင်ပါက လက်၏လှုပ်ရှားမှုအတိုင်း သဘာဝကျစွာ ထိန်းချုပ်နိုင်မည်ဖြစ်ကာ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများကို ပိုမိုကောင်းမွန်စွာ ပေါင်းစပ်နိုင်မည်ဖြစ်သည်။
နောက်ဆုံးတွင် ရီဖန်သည် သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေသော မေးခွန်းအတွက် အဖြေရခဲ့ပြီးဖြစ်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ နာမည်ကြီး ဆေးဖိုကို မည်သည့်နေရာတွင်ရနိုင်မှန်း မသိသေးသော်လည်း အနည်းဆုံး သူ့တွင်ဦးတည်ချက်တစ်ခု ရရှိခဲ့ပြီဖြစ်သည်။
သို့သော် ထိုမှတစ်ဆင့် ရီဖန်သည် နောက်ထပ်ပြဿနာတစ်ခုကိုတွေ့ရှိခဲ့သည်။ မြို့ထဲတွင် သူသည် ရာထူးကြီးကာ ကြီးစိုးနိုင်သော်လည်း သူ၏အဆက်အသွယ်မှာနည်းလွန်းသည့်အတွက် သူထံရောက်ရှိသော အချက်အလက်များသည် အကန့်အသတ်နှင့်သာဖြစ်သည်။
အကယ်၍ တုပေါင်ဆေးခန်းကြောင့်သာ မဟုတ်ပါက ရီဖန်သည် ဆေးပညာအရည်အသွေးပြဿနာကို မည်သည့်အချိန်တွင် ဖြေရှင်းနိုင်မည်ကို မသိနိုင်ပါ။
ရီဖန်သည် ပိုမိုကျယ်ပြန့်သောကမ္ဘာတစ်ခုသို့ စွန့်စားရန် စိတ်ကူးများရှိသည်။
သူ၏ အရေးကြီးဆုံးတာဝန်သည် ရီမိသားစု၏ လက်ရှိအခြေအနေကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်ရန်ဖြစ်သည့်တိုင်အောင် သူတို့စုဆောင်းသည့် များပြားသောအရင်းအမြစ်များကို အသုံးချရန်လည်း လိုအပ်သေးသည်။
အနီရောင်သံသတ္တုတွင်းကို အသုံးချပါက ရီဖန်ထံတွင် ကိုယ်ခန္ဓာပျော့ပြောင်းခြင်းဆေးလုံးကို သန့်စင်ရန် လုံလောက်သော အရင်းအမြစ်များ ရှိသည်။ သူသည် သူ့မိသားစု၏ ကျင့်ကြံရေးအတွက် ဆေးလုံးများအပြည့်အဝထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့သည်။
"အဖေ့၊ သမီးလည်း သိုင်းပညာသင်ချင်တယ်" ရီကျင်းချုံသည် ခုန်လွှားကာ ရီဖန်ထံသို့သွားပြီး သူမဖြစ်ချင်သည်ကို ပြောပြသည်။
ရီကျင်းချုံသည် ယခုတွင်သုံးနှစ်အရွယ်ရှိပြီဖြစ်ကာ သူမကို သိုင်းပညာစတင်လေ့ကျင့်ပေးရန်မှာ မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
အချိန်မတိုင်မီစတင်လေ့ကျင့်ခြင်းကြောင့် ဖြစ်လာနိုင်သည့်အရာများကို ကာကွယ်ရန်အတွက် သူမလိုအပ်သည်မှာ ကိုယ်ခန္ဓာကာကွယ်ခင်းဆေးလုံးကဲ့သို့သော အထူး ဆေးလုံးများဖြစ်သည်။
"ဘာကိုသင်ချင်တာလဲ" ရီဖန်သည် သူ၏သမီးငယ်ကို အလွန်စိတ်ရှည်သည်။
"လက်သီးတစ်ချက်နဲ့ လူတစ်ယောက်ကို လွှင့်သွားအောင်လုပ်နိုင်တဲ့ လက်ဝှေ့ပညာသင်ချင်တာ"
ဤသည်ကိုကြားသည်နှင့် ရီဖန်၏အမူအရာသည် ရုတ်တရက် အေးခဲသွားသည်။
‘သူ့သမီးက အကြမ်းဖက်သမား ဖြစ်လာဖို့များ ရည်မှန်းထားတာလား’
နီကျား၏ အနောက်ဆီသို့ ခရီးသွားခြင်းမှ ပုံရိပ်သည် ရီဖန်၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာကာ လန့်သွားခဲ့သည်။ သူ ဆက်မတွေးရဲတော့ပေ။
“သမီး၊ တခြားတစ်ခုခုကို ရွေးနိုင်မယ်ထင်တယ်။ အဖေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ယွမ်ကျယ်ကို ဘာလို့ မလေ့လာတာလဲ။ အနာဂတ်မှာ မြေလျှိုးမိုးပျံပြီးတော့ အလိုအလျောက် ခရီးသွားနိုင်မှာလေ၊ အဲတာက အရမ်းမိုက်တာ" ရီဖန်သည် သူ့သမီးကို လမ်းလွဲမသွားစေရန်အတွက် ညင်သာစွာဖြောင်းဖျရန် ကြိုးစားရှာသည်။
"မဟုတ်ဘူး၊ သမီးမသင်ချင်ဘူး။ ဒုတိယညီအစ်ကိုပြောတာက အဖေ့မှာ ရွှေရောင်ကိုယ်ထည်ကြံ့ခိုင်ရေးကျင့်စဉ် လက်စွဲစာအုပ်ရှိတယ်တဲ့၊ သမီးလေ့ကျင့်ရင် လူတွေလွင့်သွားအောင် ထိုးသတ်နိုင်မှာလေ" ရီကျင်းဟိုင် ၊ ရီဖန်သည် စိတ်အလိုမကျစွာဖြင့် ဒေါသထွက်သွားသည်။
"ရီကျင်းဟိုင်၊ ဒီကိုလာ!" ခဏအကြာတွင် ခြံဝင်းထဲမှ ရိုက်နှက်သံများ ထွက်ပေါ်လာသည်။
နောက်ဆုံးတွင် ရီဖန်သည် ရီကျင်းချုံကို မစည်းရုံးနိုင်ခဲ့ပေ။ ရီကျင်းချုံသည် ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်နေခဲ့သည်။ ရီကျင်းချုံ၏ မျှော်လင့်ချက် တောက်ပနေသော ရွှေရောင်မျက်လုံးများကို ရင်ဆိုင်လိုက်ရကာ ရီဖန်သည်သဘောတူရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
'ငါ့သမီး၊ အနာဂတ်မှာ ဗလကြီးနဲ့ကောင်မလေး ဖြစ်လာရင် အဖေ့ကို အပြစ်ပြောလို့ မရဘူးနော်”
သူ့သမီး၏လေ့ကျင့်မှုကို လွယ်ကူချောမွေ့စေရန်အတွက် ရီဖန်သည် ကိုယ်ခန္ဓာကာကွယ်ခြင်းဆေးလုံးအတွက် ဆေးညွှန်းကို စတင်ရှာဖွေခဲ့သည်။ အမည်တွင်ဖော်ပြထားသည့်အတိုင်း ကိုယ်ခန္ဓာကာကွယ်ခြင်းဆေးလုံးကို ခန္ဓာကိုယ်ကာကွယ်ရန်အတွက် အသုံးပြုသည်။
ကလေးများ၏ ခန္ဓာကိုယ်များသည် အလွန်နုနယ်သည့်အတွက် စနစ်တကျ အကာအကွယ်မရှိပါက နောက်ပိုင်းတွင် ပြင်းထန်သောအကျိုးဆက်များ ရှိလာနိုင်သည်။
‘ကိုယ်ခန္ဓာကြံ့ခိုင်သန်မာခြင်းဆေးလုံး၊ ဂျင်ဆင်း တစ်ရာဆေးလုံး၊ ကိုယ်ခန္ဓာကာကွယ်ခြင်းဆေးလုံး’
မသိလိုက်စွာဖြင့် ရီဖန်သန့်စင်ပေးနိုင်သည့် ဆေးလုံးအရေအတွက်သည် ပို၍တိုးလာသည်။ သူသည် ဆေးပညာရှင်များ၏လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနေသည်။
အချိန်နှစ်နှစ်ကြာပြီးနောက် ရီဖန်သည် အခုတွင် ၄၂နှစ်ရှိပြီဖြစ်သည်။
ရီကျင်းထျန်နှင့် ရီကျင်းဟိုင်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်ဆယ့်နှစ်ခုမြောက် အလွှာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ရီရှောင်းရှောင်းနှင့် စုယန်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့် ဆယ့်တစ်လွှာသို့ ရောက်ရှိသွားကြသည်။
ရီကျင်းဖန်၊ ရီကျင်းလုံနှင့် ကျားလုတို့သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်၏ ဆယ်လွှာသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
ရီကျင်းချုံသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်ဆဋ္ဌမအလွှာသို့ ရောက်ရှိခဲ့သည်။
ရီရှန်းရှင်းသည် ကျင့်ကြံရေးမစတင်ရသေးပေ။
နှစ်နှစ်အတွင်း၌ ရီမိသားစု၏ အင်အားသည် သိသိသာသာပင် တိုးတက်လာသည်။
ရီဖန်၏ ကျင့်ကြံရေးအဆင့်သည် သူ၏ဒုတိယမြောက်မရီးဒျန်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီဖြစ်သည်။
သို့သော် လွန်ခဲ့သောသုံးလခန့်က ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့၏ လေ့ကျင့်မှုသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးနောက် မိသားစုတစ်ခုလုံး အခက်ကြုံခဲ့ရသည်။
ဆေးလုံး၏အကူအညီဖြင့် သေးငယ်သောနယ်မြေများကိုလျင်မြန်စွာ ကျော်ဖြတ်ရန် ကူညီပေးနိုင်သည်။ သို့သော် ပိုမိုကြီးမားသောနယ်ပယ်တွင် ကျော်ဖြတ်နိုင်ရန်အတွက် အရည်အချင်းသည် အကြီးမားဆုံးကန့်သတ်ချက်ဖြစ်လာသည်။
မိသားစု၏ တိုးတက်လာသောစွမ်းရည်သည် ရီကျင်းထျန်ကဲ့သို့သော လူများကို မွေးဖွားခ့င်းနယ်ပယ်သို့ဖြတ်ကျော်ရန် လုံလောက်စွာ မပံ့ပိုးပေးနိုင်ဘဲရှိသည်။ မွေးဖွားခြင်းအဆင့်သို့ တက်ရောက်နိုင်ရန်အတွက် ပိတ်ဆို့မှုသည် တွင်းနက်သဖွယ်ဖြစ်နေကာ ရီမိသားစုဝင်များအားလုံး၏ လမ်းကြောင်းကို ရပ်တန့်နေခဲ့စေသည်။
သူတို့သည် ချန်ဟဲမြို့တွင် ဆက်နေထိုင်ရန်အလားအလာ ကုန်ဆုံးသွားပုံရသည်။ နယ်မြေအသစ်များ စူးစမ်းလေ့လာရန် အချိန်ကျရောက်လာပြီဖြစ်သည်။ သူ့မိသားစုကို အသိပေးပြီးနောက် ရီဖန်သည် ဝမ်လုကောင်တီသို့ ထွက်ခွါခဲ့သည်။
……..
အခန်း (၂၄) နယ်မြေအကျယ်ချဲ့ခြင်း: ဝမ်လုကောင်တီသို့ ခရီးတစ်ခု
ဝမ်လုကောင်တီသည် ချန်ဟဲမြို့ထက် အဆပေါင်းများစွာ ကြီးမားသည်။ သိုင်းပညာရှင်များလည်း အများအပြားရှိသည်။
မြို့ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရီဖန်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအထွတ်အထိပ်အဆင့်သို့ ရောက်နေပုံရသည့် သန်မာသော ပုဂ္ဂိုလ်များစွာကို တွေ့လိုက်ရသည်။
အမှန်တကယ်ပင် နေရာရှုထောင့်ပြောင်းလဲမှုသည် အကောင်ကြီးများကို သာမန်လူများအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ရီဖန်သည် ဤအရာကြောင့် စိတ်မပျက်ခဲ့ပေ။ ခရိုင်အတွင်းရှိ သယံဇာတများ ပိုမိုပေါများလာသောကြောင့် သူ့အား ပိုမိုသန်မာလာစေလိမ့်မည်ဖြစ်သည်။
ရီဖန်သည် ဆေးစာ သို့မဟုတ် ဆေးလုံးများကို ရှာဖွေရန် နည်းလမ်းရှိမရှိကိုသိရှိနိုင်ရန် အတွက် တုပေါင်ဆေးခန်းသို့ ဦးစွာသွားခဲ့သည်။
ဆေးပညာ၏နိဒါန်းတွင် ဖော်ပြထားသည်မှာ ကန့်သတ်ချက်များထိုးဖောက်ခြင်းဆေးလုံးသည် ကိုယ်ခန္ဓာကြံ့ခိုင်မှုအထွတ်အထိပ်အဆင့်ကို ကျော်ဖြတ်နိုင်ကာ မွေးဖွားခြင်းအဆင့်သို့ရောက်ရှိစေနိုင်သည် ဟူ၏ဖြစ်သည်။
သို့သော် ကန့်သက်ချက်များထိုးဖောက်ခြင်းဆေးလုံးသည် စျေးကြီးကာ ဆေးလုံးတစ်လုံးလျှင် ငွေသောင်းချီ ကုန်ကျသည့်အပြင် ရှာရန်လည်းခက်ခဲ့သည်။ ရီဖန်အတွက်မူ သူကိုယ်တိုင်တိုက်ရိုက်ဝယ်ယူပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သူမဝယ်ယူနိုင်ခဲ့ပါက ကန့်သတ်ချက်များထိုးဖောက်ခြင်းဆေးလုံး အတွက် ဆေးညွှန်းကိုဝယ်လျှင်ပင် အဆင်ပြေသည်။
တုပေါင်းဆေးခန်းတွင် ရီဖန်သည် သူ၏တိုကင်ကို ဆိုင်ရှင်ကိုပြလိုက်သည့်အခါ နွေးထွေးစွာကြိုဆိုခံခဲ့ရသည်။
“ဆေးပညာရှင်ပဲ၊ ဟုတ်သား ကျွန်တော် ဝမ်လု ကောင်တီမှာ ဆေးပညာရှင်အသစ်ရှိနေတယ်လို့ ကြားမိတယ်၊ ဒါပေမယ့် ခင်ဗျားဒီလောက်ငယ်မယ်လို့ မမျှော်လင့်ထားဘူး” တုပေါင်ဆေးခန်း၏ ဝမ်လုကောင်တီဌာနခွဲမှ ဆိုင်ရှင်ချန်ပေါင်သည် အလွန်နွေးထွေးလှသည်။
မွေးဖွားခြင်နယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဝမ်လူကောင်တီတစ်ခုလုံးတွင် ချန်ပေါင်ကို စိတ်အားထက်သန်အောင် လုပ်ပေးနိုင်သူ အနည်းငယ်သာရှိသည်။
“ဆေးပညာရှင်ရီ၊ ဘာကိစ္စများရှိလို့ပါလဲ”
“ကျွန်တော် ကန့်သတ်ခြင်းထိုးဖောက်ဆေးလုံး နှစ်လုံးဝယ်ချင်ပါတယ်။ ဒီမှာရနိုင်မလားမသိဘူး"
"ကန့်သတ်ခြင်းထိုးဖောက်ဆေးလုံး?" ချန်ပေါင်၏အမူအရာသည် တုန်လှုပ်သွားကာ “ကျွန်တော်တို့မှာ အရည်အသွေးနိမ့် ကန့်သတ်ခြင်းထိုးဖောက်ဆေးလုံးပဲရှိတယ်”
အရည်အသွေးနိမ့်ကန့်သတ်ချက်ထိုးဖောက်ခြင်းဆေးလုံး သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအထွတ်အထိပ်အဆင့်ရှိသည့် သိုင်းပညာရှင်များကို မွေးဖွားခြင်းအဆင့်သို့ရောက်ရှိရန် ကူညီပေးနိုင်သည်။
သို့သော် သူတို့၏ စွမ်းဆောင်နိုင်ရည်အားလုံးကို ဆုတ်ယုတ်သွားစေပြီး နောက်ထပ်အဆင့်များကို မထိုးဖောက်နိုင်တော့ဘဲ ဖြစ်မည်။ ရီဖန်သည် သဘာဝကျစွာပင် ထိုသို့သောရလဒ်ကို လက်ခံလိုစိတ်မရှိပေ။
သူသည် အနည်းဆုံး အလယ်အလတ်အဆင့် ဆေးလုံးကို လိုအပ်သည်၊ သို့မှသာ အဆင့်တက်ပြီးသည့်နောက် လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ချန်ပေါင်၏ပြောကြားချက်ကို နားထောင်ပြီးနောက် ရီဖန်သည် ကန့်သတ်ချက်များထိုးဖောက်ခြင်းဆေးလုံး၏ရှားပါးမှုကို နက်နဲစွာနားလည်လာခဲ့သည်။ ဝမ်လုမြို့ တစ်မြို့လုံးတွင် ကန့်သတ်ချက်များထိုးဖောက်ခြင်းဆေးလုံးကို ကိုပြုလုပ်နိုင်သူမှာ ထန်းကျီကျွင်းဖြစ်သည်။ ထို့အပြင် ထန်းကျီကျွင်းသည် အသက် ရှစ်ဆယ်ကျော်နေပြီဖြစ်ကာ သူ၏ တက်ကြွမှုသည် ယခင်ကကဲ့သို့မဟုတ်တော့ပေ။
တစ်နှစ်အတွင်း၌ ကန့်သတ်ချက်ထိုးဖောက်ခြင်းဆေးလုံးဆယ်လုံးကို ထုတ်လုပ်နိုင်ခြင်းသည် အတော်လေး ကောင်းမွန်သည်ဟု ယူဆနိုင်သည်။ လွန်ခဲ့သည့် ခြောက်လတွင် သုံးလုံးသာ ရှိခဲ့ကာ တစ်လုံးလျှင် အမြင့်ဈေးဖြင့် ရောင်းချခဲ့ရသည်။
"ကန့်သတ်ချက်ထိုးဖောက်ခြင်းဆေးလုံးမရနိုင်ရင် ဆေးလုံးအတွက် ဆေးစာနဲ့ ဆေးဖိုများဝယ်လို့ရမလား”
“ကျွန်တော်တို့မှာ ဆေးစာတော့မရှိဘူး၊ ဒါပေမယ့် ခင်ဗျားစမ်းကြည့်ချင်ရင်တော့ အရင်းအမြစ်တစ်ခုရှိတယ်”
ဆေးဆရာထန်းသည် ၎င်း၏သားစဉ်မြေးဆက်များအတွက် ပိုင်ဆိုင်မှုအချို့ကို ချန်ထားရန် ဆေးစာအချို့ကိုရောင်းချနိုင်သည်။
“ဆေးဖိုအတွက်ကတော့ ဝမ်လုမြို့က သံမဏိအိမ်တော်ကသာ ဖန်တီးနိုင်လိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်ချန်" ရီဖန်သည် သူ့ကို ဦးညွှတ်ကာ ကျေးဇူးတင်လိုက်သည်။ သူလိုချင်သည့်အချက်အလက်များကို ရခဲ့ပြီး ဖြစ်သည့်အတွက် အောင်မြင်သောနေ့တစ်နေ့ဟု သတ်မှတ်လိုက်သည်။
ဤတာဝန်များကို အချိန်တိုအတွင်း ပြီးမြောက်ရန် လွယ်ကူမည့်ပုံမပေါ်ပါ။
ရီဖန်သည် တစ်ခဏမျှစဉ်းစားကာ ထန်းကျီကျွင်းထံတွင် ကန့်သက်ချက်ထိုးဖောက်ခြင်းဆေးလုံး ထုတ်လုပ်သည့် နည်းစနစ်ကို လေ့လာနိုင်မည်လားဟူ၍ အရင်စုံစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
ရီမိသားစုသည် နောင်တွင် ကန့်သတ်ခြင်းထိုးဖောက်ဆေးလုံးဖြင့် ဝမ်လု ကောင်တီ၌ အသက်မွေးဝမ်းကျောင်းပြုနိုင်မည်ဖြစ်သည်။
"ဆိုင်ရှင်၊ ကျေးဇူးပြုပြီးကျွန်တော့ကို ကန့်သတ်ချက်ထိုးဖောက်ခြင်းဆေးလုံးရဲ့ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပေးနိုင်မလား"
ကန့်သတ်ချက်ထိုးဖောက်ခြင်းဆေးလုံးအတွက် ပစ္စည်းများသည် ရှားပါးသောကြောင့် အလွန်စျေးကြီးလှသည်။ ဖူမြို့တော်တွင် စုဆောင်းရန် လိုအပ်သော ပစ္စည်းအများအပြားရှိသည်။
ငွေတစ်ထောင်စပေါ်ငွေအဖြစ် ချန်ထားခဲ့ကာ ရီဖန်သည် ထန်းကျီကျွင်းကိုရှာရန်အတွက် ချန်ပေါင်ပေးထားသည့် လိပ်စာဆီသို့ ဦးတည်လိုက်သည်။
ထန်းကျီကျွင်းသည် ဝမ်လုကောင်တီ၏ အချမ်းသာဆုံးဧရိယာတွင် နေထိုင်ခဲ့သည်။
ဝမ်လုခရိုင်ကို အရှေ့ အနောက် တောင် မြောက် ဟူ၍ လေးမြို့ခွဲထားသည်။
အရှေ့မြို့သည် အစည်ကားဆုံးဖြစ်ကာ အရာရှိများ၊ ချမ်းသာကြွယ်ဝသူများနှင့် အင်အားကြီးသောသိုင်းပညာရှင်များ နေထိုင်ကြသည်။
တောင်ပိုင်းမြို့သည် ဂိုဏ်းများစွာဖြင့် ဖရိုဖရဲဖြစ်နေသည်။
အနောက်မြို့တွင် သာမာန်လူများနှင့် ကုန်သည်များစွာ နေထိုင်သည်။
မြောက်ပိုင်းမြို့ကို ဆင်းရဲသားရပ်ကွက်အဖြစ် သတ်မှတ်ထားသည်။
ရီဖန်သည် တောင်၊ အနောက်နှင့် မြောက်မြို့များကို ဖြတ်ကာ နောက်ဆုံးတွင် အရှေ့မြို့သို့ ရောက်ရှိခဲ့သည်။
အရှေ့မြို့တော်၏ ကြီးမားသော အိမ်ရာများကို မြင်လိုက်ရသည့်အခါ ရီဖန်သည် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
‘ရီမိသားစုသည် အရှေ့မြို့၌ အိမ်တစ်လုံးဝယ်သင့်ပါသလား’
အရှေ့မြို့တော်ရှိ အိမ်ခြံမြေများ မည်မျှဈေးကြီးသည်ကို သူသေချာမသိဘဲရှိသည်။
“ရေရှည်မစ်ရှင်၊ မျိုးနွယ်စုနယ်မြေ ၂: ကြီးကျယ်သောအိမ်ရာ (မပြည့်မြောက်)။ တာဝန်ပြီးမြောက်ရန် ဝမ်လုကောင်တီ အရှေ့မြို့တော်ရှိ အိမ်တစ်လုံးကို ဝယ်ယူပါ။"
သေစမ်း၊ ရီဖန်၏ မျက်လုံးများည် ချက်ချင်းတောက်ပလာသည်။ ‘ဝယ်ရမယ်၊ ဈေးကြီးရင်တောင် ဝယ်ရမယ်’ အစတွင် စိတ်ကူးတစ်ခုသာဖြစ်သော်လည်း အခုတွင်မူ သေချာသွားပြီဖြစ်သည်။
ရီဖန်အတွက် စနစ်မှရရှိမည့် ဆုလာဘ်များသည် အရေးကြီးဆုံးဖြစ်သည်။
ရီဖန်သည် သူ၏အရည်အချင်းသည် သာမာန်ဖြစ်ကြောင်း ဝန်ခံပါသည်။ ရီမိသားစု၏ လက်ရှိအခြေအနေအထိ ဖွံ့ဖြိုးတိုးတက်မှု၏ ကြီးမားသောထောက်ပံ့မှုသည် စနစ်၏ဆုလာဘ်များသာဖြစ်သည်။
ဤအချိန်၌ ဆုလာဘ်သည် ရီမိသားစု၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ရသည်။
ရီဖန်သည် အရှေ့မြို့တော်၏ အိမ်ခြံမြေများစျေးနှုန်းများကိုရှာဖွေရန် အိမ်ခြံမြေပွဲစားနှင့် ပထမဆုံးတွေ့ဆုံခဲ့သည်။ ပတ်ပတ်လည် ခြံဝင်းတစ်ခုသည် ငွေ ၅၀၀၀၀ ကုန်ကျသည်။ ထိုစျေးမှာ အမှန်ပင် ကြောက်စရာကောင်းသည်။
ငွေဆယ်ပြားသည် တောင်သူလယ်သမားမိသားစုကို တစ်နှစ်စာ ထောက်ပံ့နိုင်သည်။ ငွေငါးသောင်းသည် တောင်သူလယ်သမားမိသားစု ငါးထောင်ကို တစ်နှစ်စာ ထောက်ပံ့ပေးနိုင်ကာ ထိုပမာဏဖြင့် အိမ်တစ်လုံးသာ ရရှိမည်ဖြစ်သည်။
ရီမိသားစုသည် ဤအချိန်တွင် ထိုမျှလောက်သုံးစွဲရန် မတတ်နိုင်ဘဲရှိသည်။
"အစ်ကို ထုံကျစ်၊ ငါတို့ အိမ်သေးသေးတစ်လုံးဝယ်ဖို့ အရင်ညှိနှိုင်းလို့ရမလား"
“သခင်၊ မျိုးနွယ်စုနယ်မြေက ရီမိသားစုရဲ့ လို အပ်ချက်တွေနဲ့ ကိုက်ညီရမှာဖြစ်ပါတယ်၊ မဟုတ်ရင် မစ်ရှင်ပြီးမြောက်နိုင်မှာမဟုတ်ပါဘူး" ကြည့်ရသည်မှာ ငွေငါးသောင်း အကုန်အကျခံကာ ဝယ်ယူရတော့မည်ဖြစ်ပုံရသည်။
အိမ်ခြံမြေအေဂျင်စီမှ ထွက်ခွာပြီးနောက် ရီဖန်သည် ထန်းကျီကျွင်းနှင့် တွေ့ဆုံခဲ့သည်။
"ဆရာသခင်ထန်း၊ ကျွန်တော် ကန့်သတ်ချက်ထိုးဖောက်ခြင်း ဆေးလုံးပြုလုပ်နည်းကို သင်ယူချင်ပါတယ်၊ ငွေဘယ်လောက်ကုန်ကျမလဲမသိဘူး” ရီဖန်သည် ချက်ချင်းပင် သူ့ရည်ရွယ်ချက်များကို ရှင်းလင်းစွာပြောပြသည်။
"မင်းက ဆေးပညာရှင်လား?" ထန်းကျီကျွင်းသည် မတ်မတ်ထထိုင်လိုက်သည်။
“ဟုတ်ပါတယ်” ရီဖန်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ အဆက်မပြတ် လှုပ်ရှားလိုက်သည်။ ဤသည်မှာ လက်တစ်ထောင်ဖြန့်ကျက်ရေးနည်းလမ်းဖြစ်ကာ အခြေခံဆေးပညာတွင် အသုံးပြုသည့် နည်းစနစ်တစ်ခုဖြစ်သည်။
ရီဖန်၍ နည်းစနစ်ကို ကြည့်ပြီးနောက် ထန်းကျီကျွင်းသည် သံသယမဝင်တော့ပေ။
ဆေးပညာရှင်များမှလွဲ၍ မည်သူမျှ ဤနည်းပညာကို လေ့လာနိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။
ဝမ်လုကောင်တီသည် ဆေးပညာရှင်အနည်းငယ်သာရှိသည့် ခရိုင်ငယ်တစ်ခုမျှသာဖြစ်သည်။ “သင်ယူလိုစိတ်ရှိရင် သေချာပေါက်သင်ယူနိုင်ပါတယ်” ထန်းကျီကျွင်း၏ လေသံပြောင်းသွားသည်- “ဒါပေမယ့်၊ သင်ယူဖို့ စျေးနှုန်းရှိတယ်။ ငွေတစ်သောင်းနဲ့ ကန့်သတ်ချက်ထိုးဖောက်ခြင်းဆေးလုံးပြုလုပ်နည်းကို ငါသင်ပေးမယ်။"
တစ်သောင်း။ ရီဖန်သည် ဆေးပညာရှင်များမှာ အလွန်ချမ်းသာကြောင်း ဝန်ခံရမည်။
ဆေးစာတစ်ခုတည်းကို သင်ယူခြင်း၏စျေးနှုန်းသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်အဆင့်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်သိုင်းပညာရှင်အချို့၏ ကြွယ်ဝမှုတစ်ခုလုံးနှင့် ညီမျှသည်။
ရီဖန်သည် သူနှင့်အတူ
စုစုပေါင်း ငွေစက္ကူတစ်သောင်းကျော်ကို ယူဆောင်လာသည်။
တုပေါင်ဆေးခန်းတွင် ငွေတစ်ထောင်စပေါ်ငွေ ထားခဲ့ပြီးနောက် ကန့်သတ်ချက်ထိုးဖောက်ခြင်းဆေးနည်းကို လေ့လာရန် ကုန်ကျစရိတ်အတွက် မလုံလောက်တော့ဘဲရှိသည်။
ကန့်သတ်ခြင်းထိုးဖောက်ဆေးလုံးကို ပြုလုပ်ရန် အဓိကပါဝင်ပစ္စည်းဖြစ်သည့် ပြင်းထန်သောနေရောင်ခြည်မြက်နှင့် အခြားဆေးဖက်ဝင်အပင်များကြားတွင် သွေးကြောကာကွယ်ခြင်းမြက်တို့ကို ပေါင်းစပ်ကာ ဆေးဖက်ဝင်ဂုဏ်သတ္တိများကို ပေါင်းစပ်ကာ အထူးနည်းစနစ်ကို အသုံးပြု၍ ဆယ်ရက်ကြာ ကြိုတင်သန့်စင်ရမည်ဖြစ်သည်။
ကန့်သတ်မှုထိုးဖောက်ခြင်းဆေးလုံးကို မွေးဖွားခြင်းအဆင့်ဆေးလုံးများတွင် အလယ်အလတ်ခက်ခဲမှုအဆင့်အဖြစ်သတ်မှတ်ထားသည်။
သို့မဟုတ်ပါက ဝမ်လုကောင်တီတွင် ထိုဆေးလုံးကိုပြုလုပ်နိုင်သူမှာ ထန်းကျီကျွင်း တစ်ယောက်သာရှိမည် မဟုတ်ပေ။
“ငါ ပိုက်ဆံရပြီးရင် မင်းကို ကောင်းကောင်း သင်ပေးမယ်။ ဒါပေမယ့် မင်းဒါကို သင်ယူနိုင်မလား မသင်ယူနိုင်ဘူးဆိုတာတော့ ငါဆုံးဖြတ်နိုင်တဲ့ အရာမဟုတ်ဘူး” ဟု ထန်းကျီကျွင်းက ပြောကြားခဲ့သည်။
ရီဖန်သည် သူနားလည်ကြောင်း ပြောရင်း ခေါင်းညိတ်လိုက်သည်။
သူ သင်ယူနိုင်မည်လားဆိုသည်ကို ရီဖန်သည် များစွာစိုးရိမ်ခြင်းမရှိပေ။ သူ၏ တောက် ဆေးပညာထိုးထွင်းသိမြင်မှုဖြင့် မွေးဖွားခြင်းအဆင့်ဆေးနည်းကို သင်ယူခြင်းသည် အလွန်လွယ်ကူပါသည်။
စိတ်အားထက်သန်သော တပည့်နှင့် သင်ကြားပေးလိုစိတ်ရှိသော ဆရာတို့နှစ်ဦးသား အပေးအယူတည့်သွားသည်။
ရီဖန်သည် ချန်ဟယ်မြို့သို့မပြန်ဘဲ သူသည် ချန်ဟယ်မြို့သို့သွားရောက်ရန် တုပေါင်ဆေးခန်းမှ လူတစ်ဦးကို ပိုက်ဆံအနည်းငယ်ပေးကာ သူသည် ကောင်တီတွင် ပညာသင်ကြားနေကြောင်း သူ့မိသားစုအား အသိပေးခိုင်းခဲ့သည်။