← Chapters

အခန်း ၂၈-၃၀

Vol. 2 Ch. 28-30

အခန်း ၂၈-၃၀

Vol. 2 Ch. 28-30

အပိုင်း (၂၈) လူကြီးမင်းရီကျင်းဟိုင်

ဝမ်လုကောင်တီ၏ အရှေ့ဘက်မြို့တော်ရှိ ရင်ပြင်တွင် သိုင်းပညာရှင်အများအပြား စုဝေးနေကြသည်။

သူတို့သည် ကောင်းကင်ဓားဂိုဏ်း၏ တပည့်သစ်များစုဆောင်းသည့် အခမ်းအနားတွင် ပါဝင်ရန် ဤနေရာသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

ကွမ်ဟယ်စီရင်စုရှိ ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုဖြစ်သည့် ကောင်းကင်ဓားဂိုဏ်းသည် အစွမ်းထက်သော မွေးဖွားခြင်းအဆင့်ရှိသည့် သိုင်းပညာရှင်များစွာမွေးထုတ်ပေးသည်။

သူတို့သည် တပည့်သစ်များစုဆောင်းသည့်အခါတိုင်း ကွမ်ဟယ်စီရင်စုအောက်ရှိ အဓိက ခရိုင်အားလုံးအတွက် ကြီးမားသော ကိစ္စတစ်ခုဖြစ်သည်။

ကောင်းကင်ဓားဂိုဏ်းသို့ဝင်ရောက်ခြင်းဟူသည်မှာ ကြွယ်ဝသောအရင်းအမြစ်များကိုရရှိခြင်းနှင့် မွေးဖွားခြင်းအဆင့်ကျင့်ကြံရေး နည်းလမ်းများကို သင်ယူနိုင်ခွင့်ရရှိခြင်းနှင့် မွေးဖွားခြင်းအဆင့်ရှိသည့် သိုင်းပညာရှင်ဖြစ်လာခြင်းတို့နှင့် ညီမျှသည်။

မွေးဖွားခြင်းနယ်မြေရှိ သိုင်းပညာရှင်တစ်ဦးသည် စစ်သားအယောက်တစ်ထောင်ကို လက်တစ်ဖက်တည်းနှင့်စီရင်နိုင်ကာ တောင်ကိုချိုးဖောက်ခြင်း ကျောင်တုံးကိုခွဲပစ်ခြင်းတို့သည်ပင် သူတို့အတွက် ငှက်ပျောသီးအခွံနွှာသကဲ့သို့ လွယ်ကူသည်။

အရေးအကြီးဆုံးမှာ မွေးဖွားခြင်းနယ်မြေအဆင့်ရှိ သိုင်းပညာရှင်များသည် ရုပ်ပိုင်းဆိုင်ရာ သန့်စင်မှုကို ခံယူခဲ့ရကာ ၎င်းတို့၏ သက်တမ်းကို အနှစ်တစ်ရာ့ငါးဆယ်အထိ သက်တမ်းတိုးခဲ့ပြီးဖြစ်သည်။ အသက်ရှည်ခြင်းသည် မည်သူ့အတွက်မဆို ခုခံရန် ခက်ခဲသော သွေးဆောင်မှုတစ်ခုဖြစ်သည်။

"အသက်နှစ်ဆယ့်ငါးနှစ်၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့်ရှစ်ပဲရှိတယ်၊ အရည်အချင်းမပြည့်မှီဘူး"

အရိုးများကိုစစ်ဆေးကာ စွမ်းရည်ကိုစမ်းသပ်ကြသည်။

ကျင့်ကြံရေးအဆင့်များကို စစ်ဆေးကာ မည်သူက ကောင်းကင်ဓားဂိုဏ်းတွင် ပါဝင်ရန် နောက်ဆုံးအခွင့်အရေးရှိမည်ကို ဆုံးဖြတ်ကြသည်။

ကောင်းကင်ဓားဂိုဏ်းတွင် တပည့်လက်ခံခြင်းအတွက် အလွန်တင်းကျပ်သော စံနှုန်းများရှိကာ ခရိုင်တစ်ခုစီမှ တပည့်သုံးဦးသာ လက်ခံမည်ဖြစ်သည်။

"ဒါ ရွှယ်ချန်ကွေ့ မဟုတ်ဘူးလား? သူ့အသက် နှစ်ဆယ့်နှစ်နှစ်သားမှာ မွေးဖွားခြင်းအဆင့်ကို ရောက်သွားတယ်လို့ ငါကြားတယ်။”

"သုံးနေရာထဲက တစ်နေရာကို သူယူပြီးသားပဲ"

ဝမ်လုကောင်တီရှိ နာမည်ကြီး လူငယ်သိုင်းပညာရှင် အားလုံးနီးပါးသည် ဤအခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

တစ်ယောက်ချင်းစီကို လျှင်မြန်စွာ စမ်းသပ်ကာ ဖယ်ရှားပစ်သည်။

မွေးဖွားခြင်းနယ်မြေရှိ သိုင်းပညာရှင်အများအပြားသည် ၎င်းတို့၏ အသက် ၂၅ နှစ်ကျော်သောကြောင့် ဒုတိယအချီသို့ တက်ရောက်ခွင့်မရကြပေ။

မကြာခင်၌ ရီကျင်းဟိုင်အလှည့်ကျရောက်ပြီဖြစ်သည်။

ကောင်းကင်ဓားဂိုဏ်းမှ မွေးဖွားခြင်းအဆင့်ရှိသိုင်းပညာရှင်သည် ရီကျင်းဟိုင်၏ ကြွက်သားထုထည်ကို စစ်ဆေးပြီးနောက်တွင် သူသည်ချက်ချင်းပင် ခေါင်းမော့ကာ ရီကျင်းဟိုင်ကိုကြည့်လိုက်သည်။ "မင်းရဲ့ ကျင့်ကြံရေးအဆင့်က ဘယ်လောက်လဲ?"

“မွေးဖွားခြင်းအစောပိုင်းအဆင့်၊ မရီးဒျန်ပထမအဆင့်ကို အောင်မြင်ပြီးပါပြီ”

“အသက်နှစ်ဆယ်၊ အစောပိုင်း မွေးဖွားခြင်းအဆင့် ပြီးသွားပြီ။ ဒီအမှတ်အသားကိုယူပြီး အနောက်မှာစောင့်နေပါ"

ကောင်းကင်ဓားဂိုဏ်းမှ သိုင်းပညာရှင်သည် ရီကျင်းဟိုင်ကို တိုကင်တစ်ခု ပေးခဲ့ကာ ပထမအဆင့်ကို ကျော်ဖြတ်ခဲ့သော အခြားသော သိုင်းပညာရှင်များနှင့် စောင့်ဆိုင်းရန် ညွှန်ကြားခဲ့သည်။

ရီကျင်းဟိုင်၏ အသက်အရွယ်နှင့် ကျင့်ကြံမှုအဆင့်ကို ကြားလိုက်ရသော ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်တို့သည် ချက်ချင်းပင် အံ့သြသွားကြသည်။

အသက်နှစ်ဆယ်၊ မွေးဖွားခြင်းအစောပိုင်းအဆင့်ဆိုပါက သူ၏ ကျင့်ကြံရေးအမြန်နှုန်းသည် ဝမ်လုကောင်တီရှိ ဂုဏ်ထူးဆောင်များထက်ပင် ပိုမြန်သည်မဟုတ်ပါလော။

‘သူက ဘယ်မိသားစုက လာတာလဲ။ ရုတ်တရက် ဘယ်နေရာကထွက်လာပါလိမ့်’

ရီကျင်းဟိုင်သည် သူတို့နှင့် သိပ်မရင်းနှီးပေ။ သူသည်အများအားဖြင့် အိမ်တွင်နေကာ ကျင့်ကြံနေလေ့ရှိပြီး မည်သူကိုမျှမသိရှိစေဘဲရှိသည်။

များမကြာမီတွင် ရီကျင်းဟိုင်၏အမည်သည် အနီးနားရှိ သိုင်းပညာရှင်များကြားတွင် ပျံ့နှံ့လာသည်။

အများစုသည် ဝမ်လုကောင်တီ၏ ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်လာရန် လမ်းကြောင်းပေါ်ရောက်နေသည့် ဤလူသည် မည်သည့်ပုံစံရှိကြောင်း မြင်ချင်နေကြသည်။

လူအုပ်အပြင်ဘက်တွင် ရီကျင်းဟိုင် ၏အသက်အရွယ်နှင့် ကျင့်ကြံမှုအဆင့်ကို ကြားလိုက်ရသောကြောင့် လူငယ်တစ်ယောက်၏မျက်နှာသည် မည်းမှောင်သွားခဲ့သည်။

ကျောက်မုသည် အတော် စိတ်မကောင်းဖြစ်သွားသည်။ မူလက အသက် ၂၅ နှစ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်ခဲ့သည့် သူ၏အောင်မြင်မှုသည် ဝမ်လုကောင်တီတွင် တတိယမြောက်ဖြစ်ခဲ့သည်။

ကောင်းကင်ဓားဂိုဏ်းသည် ဝမ်လုကောင်တီမှ လူသစ်၃ယောက်စုဆောင်းခြင်းဖြစ်သည့်အတွက် နေရာသုံးနေရာအနက်မှ နေရာတစ်ခုကို သူသေချာပေါက်ရရှိလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။

သို့သော် ရီကျင်းဟိုင်ပေါ်ပေါက်လာသည့်အတွက် သူသည် စတုတ္ထနေရာသို့ တွန်းပို့ခံရနိုင်ချေရှိသည်။ သူမည်ကဲ့သို့မျှ ဒေါသမထွက်ဘဲ မနေနိုင်ဘဲရှိသည်။

ကောင်းကင်ဓားဂိုဏ်းတွင်ပါဝင်ခြင်းဖြင့် မွေးဖွားခြင်းနယ်မြေအဆင့်ရှိသည့်သိုင်းပညာရှင်တစ်ယောက်ဖြစ်လာရန် အခွင့်အရေးအနည်းငယ်ရနိုင်သည်။

မအောင်မြင်ပါက မျှော်လင့်ချက်အားလုံး ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။

"အစ်ကိုကြီး၊ ဒီရီကျင်းဟိုင် ဘယ်ကလာလဲဆိုတာ စုံစမ်းပေးပါ”

ပထမအကျော့ စမ်းသပ်မှု ပြီးဆုံးသွားကာ လိမ်လည်သူနှင့်အရည်အချင်းမပြည့်မှီသူများကို ထိပ်တန်းမွေးဖွားခြင်းအဆင့်ရှိကျွမ်းကျင်သူများက ထုတ်ပယ်ခဲ့ပြီးနောက်တွင် ဒုတိယအကျော့ စမ်းသပ်မှုသည် နောက်ဆုံးအနေနှင့် စတင်ခဲ့သည်။

ကိုယ်ခံပညာရှင်တစ်ယောက်၏ လေ့ကျင့်မှုအဆင့်သည် အရေးကြီးသကဲ့သို့ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း အရေးကြီးသည်။

မွေးဖွားခြင်းနယ်မြေအဆင့်အောက်ရှိ သိုင်းပညာရှင်များသည် ဤမြင်ကွင်းအတွက် ထိုနေရာတွင် ရှိနေကြခြင်းဖြစ်သည်။ တကယ်အရေးပါသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့်ရှိ သိုင်းပညာရှင်များသာဖြစ်သည်။

ဝမ်လုခရိုင်တွင် အသက်နှစ်ဆယ်ကျော်ရှိသည့် မွေးဖွားခြင်းအဆင့်ရှိသော သိုင်းပညာရှင်များသည် လက်တစ်ဆုပ်စာမျှသာ ရှိခဲ့သည်။

မကြာခင်တွင် ရီကျင်းဟိုင် အလှည့်ကျရောက်လာကာ ရီကျင်းဟိုင်၏ပြိုင်ဘက်မှာ ကျောက်မုဖြစ်သည်။

ရီကျင်းဟိုင်သည် ဓားရှည်တစ်ချောင်းကို ပေါ့ပေါ့ပါးပါးရွေးချယ်ကာ မြေပြင်သို့ ညွှန်ပြထားလျက် ဓားရှည်မှာအရောင်များ ဖြာထွက်နေသည်။

ကျောက်မု၏လက်နက်သည် ဓားရှည်ဖြစ်ကာ သူသည် ရီကျင်းဟိုင်ကို အားတက်သရော စိုက်ကြည့်နေသည်။

အကယ်၍ သူသည် ရီကျင်းဟိုင်ထက် အရည်အချင်း နိမ့်ပါးကာ ဤတိုက်ခိုက်မှုတွင်လည်း ရှုံးနိမ့်ခဲ့ပါက သူထံတွင် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။

ဒီတိုက်ပွဲတွင် သူ့ပြိုင်ဖက် ရီကျင်းဟိုင်ကို လုံးဝအလျော့မပေးနိုင်မှဖြစ််မည်။

"ကြယ်ပျံဓားရှည်!"

ကျောက်မုသည် လျင်မြန်သော ဓားသိုင်းတွင် ထူးချွန်သည်။ သူ၏ဓားရှည်သည် လျင်မြန်စွာ ရွေ့လျားသွားကာ ရီကျင်းဟိုင်ကို လှည့်စားမှုများစွာ ပြုလုပ်ခဲ့သည်။

ရီကျင်းဟိုင်သည် သူ၏ ရပ်တည်ချက်ကို သိမ်မွေ့စွာ ပြောင်းလိုက်ကာ နောက်သို့ ရွေ့လျားသွားသည်။

သူ့၏စတိုင်ကျသည်ြ လှုပ်ရှားမှုများသည် လူအုပ်ထဲရှိ အမျိုးသမီးများ၏ အော်ဟစ်သံများကို ဆွဲဆောင်နေသည်။

ကျောက်မု၏ ခွန်အားများ လျော့နည်းလာသည်နှင့်အမျှ ရီကျင်းဟိုင်သည် လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။

‘နူးညံ့သိမ်မွေ့သောလေဓား၊ ထိုးသွင်းခြင်း’

သူသည် ဓားကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထုတ်လိုက်ကာ ကျောက်မု၏ ပဉ္စမမြောက် ခြေထောက်ပေါ်သို့ ညွှန်လိုက်သည်။

ကျောက်မုသည် သူ့ခန္ဓာကိုယ်ပေါ်ရှိအမွေးများ ထောင်လာသည်ကိုခံစားခဲ့ရသည်။ ချက်ခြင်းပင် သူသည် မကြုံစဖူးသော အရှိန်ဖြင့် ပေါက်ကွဲသွားကာ ရီကျင်းဟိုင်၏အဝေးသို့ တိမ်းရှောင်သွားသည်။

သူ၏ဂွကြားသည် အနည်းငယ်အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ကျောက်မု၏ ရီကျင်းဟိုင်အပေါ် အမြင်ပြောင်းလဲသွားသည်။

အစတွင် ရီကျင်းဟိုင်သည် ကျိုးနွံသည့် လူကြီးလူကောင်းတစ်ယောက်ဟု သူထင်ခဲ့သည်။ မထင်မှတ်ပဲ၊ သူက ဤသို့သောသူမျိုးဖြစ်နေသည်။

မိန်းမများ၏ အော်သံသည် ရုတ်တရက် ရပ်သွားသည်။ သူတို့မျက်လုံးထဲတွင် ထိုလူကို နည်းနည်းလန့်သွားပုံရသည်။

ရီကျင်းဟိုင်သည် အပြုံးမပျက်ဘဲ သူ့အပေါ် လူအများ၏ အကြည့်ပြောင်းလဲမှုကို လုံးဝဂရုမစိုက်ဘဲရှိသည်။

ခြေ၊ မျက်စိများကို ရည်မှန်းကာ အားနည်းချက်ရှိသည့်နေရာတိုင်းတွင် ရီကျင်းဟိုင်၏ဓားသည် ကျရောက်သွားလိမ့်မည်။

ရီကျင်းဟိုင်၏အမြင်တွင် ဓားပညာသည် ဓားပညာသာဖြစ်သည်။ ဓားသိုင်းပညာသည် မည်မျှသာလွန်နေစေကာမူ သူတော်ကောင်းလူကောင်းတစ်ယောက်ဖြစ်ခြင်းသည် တကယ့်သဘောသဘာဝကို မပြောင်းလဲနိုင်ပေ။

ကျောက်မုသည် အခြားတိုက်ကွက်တစ်ခု ထပ်ဖွင့်လိုက်သည့်အခါ ရီကျင်းဟိုင်၏ဓားသည် ချက်ခြင်းပေါ်လာသည်။ ဒီတစ်ကြိမ်တွင် ကျောက်မုသည် သူ့ကိုယ်ပိုင်မဟုတ်သည့် အမြန်နှုန်းကို လိုက်မမှီနိုင်တော့ပေ။

သူ၏ပဉ္စမမြောက်ခြေထောက်အနီးရှိ ဓားကို စိုက်ကြည့်ကာ ကျောက်မုသည်ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်- "ကျွန်တော် အရှုံးပေးပြီ၊ ကျွန်တော် အရှုံးပေးပါပြီ"

ရီကျင်းဟိုင်သည် ဓားကိုပြန်မထည့်မီတစ်ဖက်သို့ လှည့်၍ "ရှုံးနိမ့်မှုကို ဝန်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ကျောက်မုသည် လှည့်ထွက်သွားသည်။ ဤသည်မှာ ရှက်စရာကောင်းလွန်းလှသည်။

ကျောက်မုမသွားမီတွင် သူသည် ရီကျင်းဟိုင်ကို ရက်စက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။

‘ဒီရီကျင်းဟိုင်က သူ့နေရာကို လုယူသွားရုံတင်မကဘဲ မျက်နှာပျက်ရအောင်ပါလုပ်တဲ့အတွက် သေဖို့ထိုက်တန်တယ်’

ရီကျင်းဟိုင်သည် အနည်းငယ်ပြုံးလိုက်သည်။ ‘ဒီည သူ အလုပ်ရှုပ်ဦးမယ့်ပုံပဲ’

"ရီကျင်းဟိုင်၊ တော်တယ်”

ဒုတိယအကျော့ စာမေးပွဲအတွက် တာဝန်ရှိသော မွေးဖွားခြင်းအဆင့်ရှိသည့် သိုင်းပညာရှင်သည် ရီကျင်းဟိုင်၏ပုခုံးကို လက်ဖြင့်ပုတ်ကာ ပြုံးပြလိုက်သည်။ "မင်းလို တပည့်က ငါ့ဆရာ လိုချင်တာမျိုးပဲ”

လျိုဟယ်သည် လွန်စွာသဘောကျသွားသည်။ ဤကဲ့သို့ထူးဆန်းသည့် တပည့်တစ်ယောက်ရရှိပါက သူ့ဆရာသည် သူ့ကိုညှဉ်းပန်းနှိပ်စက်သည်ကို ရပ်သွားလိမ့်မည်ဖြစ်သည်။

ရီကျင်းဟိုင်သည် လျိုဟယ်၏ကြင်နာမှုကို ခံစားခဲ့ရသော်လည်း ၎င်းသည် အဓိပ္ပါယ်မရှိပေ။

‘ဘာဖြစ်နေတာလဲ၊ ဒီသိုင်းဆရာညီအစ်ကိုရဲ့ ဆရာဖြစ်သူက သူ့လို တူညီတဲ့ ကျင့်ဝတ်တွေကို လိုက်နာနေတာလား၊ ဒါကြောင့် ရင်းနှီးသွားတာလား’

အံ့သြစရာမရှိဘဲ ရီကျင်းဟိုင်သည် စာမေးပွဲအောင်မြင်ကာ ကောင်းကင်ဓားဂိုဏ်းမှ လက်ခံထားသော ဝမ်လုကောင်တီမှ တပည့်သုံးဦးထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

ခုနစ်ရက်အကြာတွင် ကောင်းကင်ဓားဂိုဏ်းမှသိုင်းပညာရှင်တို့သည် ၎င်းတို့အား ကောင်းကင်ဓားဂိုဏ်းသို့ ခေါ်ဆောင်ရန် ဝမ်လုကောင်တီသို့ ပြန်သွားကြသည်။

ထိုခုနစ်ရက်သည် သူတို့ကို မိသားစုနှင့် အချိန်ဖြုန်းရန် အခွင့်အရေးပေးထားခြင်းဖြစ်သည်။ ကောင်းကင်ဓားဂိုဏ်းသည် ကွမ်ဟယ်စီရင်စုတွင်တည်ရှိသည်။ သူတို့ထွက်သွားပြီးသည်နှင့် ပြန်လာရန်မလွယ်ကူပေ။

ရီကျင်းဟိုင် အိမ်ပြန်ရောက်သည်နှင့် ရီဖန်ကို ချက်ချင်းရှာတွေ့သည်။

“အဖေ့၊ အဆိပ်ပြင်ဆင်နည်းကိုသိလား" ရီကျင်းဟိုင်သည် ချက်ချင်းပင် ပြောလိုက်သည် ။

"အဆိပ်? ငါလုပ်နည်းသိတယ် ဒါပေမယ့် မင်းဘာလို့အဆိပ်လိုရတာလဲ" ရီဖန်သည် ရီကျင်းဟိုင်ကို ကြည့်လိုက်သည်။ ဤသားသည် ထူးဆန်းသည့် ခံစားချက်မျိုး ခံစားနေရသည်။

“ဒီနေ့၊ ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်စုဆောင်းခြင်းအခမ်းအနားမှာ ကျွန်တော်ဝင်ပါခဲ့တယ်၊ တစ်ယောက်ယောက်က အငြှိုးထားတာခံနေရပြီလို့ထင်တယ်၊ ဒီညတော့ ကျွန်တော်လုပ်ကြံခံရမယ့်ပုံပဲ…”

ရီကျင်းဟိုင်သည် ထိုနေ့မွန်းလွဲပိုင်းက ကျောက်မုနှင့် သူ၏ အာဃာတများကို ပြန်ပြောပြကာ သံသယများကို မျှဝေခဲ့သည်။

ဇာတ်လမ်းကို နားထောင်ပြီးနောက်တွင် ရီဖန် အလွန်အံ့သြသွားသည်။

…………………………………..

အပိုင်း (၂၉) အိမ်မှထွက်ခွါရသည့်ခံစားချက်

အဆိပ်ကို မည်ကဲ့သို့ ပေါင်းစပ်ရမည်ကို ရီဖန်သေချာပေါက်သိသည်။ ဆေးပညာနှင့် အဆိပ်လောကတွင် မှုန်ဝါးသောမျဉ်းတစ်ခုရှိသည်။ ရီဖန်သည် မွေးဖွားခြင်းအဆင့်ရှိ သိုင်းပညာရှင်များကို ရှင်းထုတ်နိုင်သည့် အဆိပ်များကိုလည်း ဖန်တီးနိုင်သည်။

လက်တွေ့တွင် အဆိပ်အသုံးပြုမှုသည် အလွန်ကျယ်ပြန့်သည်မဟုတ်ပေ။ တိုက်ပွဲတွင် တိကျသောနည်းစနစ်မရှိဘဲ သိုင်းပညာရှင်အနည်းစုသည်သာ အဆိပ်ဒဏ်ကိုခံရသည်။

သို့သော် ယုန်သည်ငုတ်တွင်းသို့ပြေးမည်ကို စောင့်နေနိုင်ပါက အဆိပ်၏ သက်ရောက်မှုသည် အလွန်ကြီးမားသည်။

မကြာမီတွင် ရီဖန်သည် အဆိပ်ဆယ်စုံကို ကောက်ယူကာ ရီကျင်းဟိုင်ထံပေးလိုက်သည်။

ရီကျင်းဟိုင်သည် ရီမိသားစုခြံဝင်းကို ကြည့်လိုက်ကာ နံရံသုံးဘက်အောက်တွင် ထောင်ချောက်များချထားလိုက်ပြီး ထိုနေရာတွင် အဆိပ်ထည့်လိုက်သည်။

ဒုတိယထောင်ချောက်သည် ခြံဝင်းအတွင်းသို့ မလွှဲမရှောင်သာသော လမ်းကြောင်းပေါ်တွင် ရှိနေသည်။

တည်နေရာတိုင်းကို ရီကျင်းဟိုင်သည် ရန်သူ၏ စိတ်ပညာကို စေ့စေ့စပ်စပ် လေ့လာထားသကဲ့သို့ ရွေးချယ်လိုက်သည်။

ရီဖန်သည် နည်းပရိယာယ်ဖြင့်ကစားသူများသည် ညစ်ပတ်သောစိတ်ရှိသည်ဟူသော စကားတစ်ခွန်းကို သတိရမိသည်။

သူ့အခန်းထဲတွင် နောက်ဆုံးအဆိပ်ထည့်ပြီးနောက် ရီကျင်းဟိုင် သူ့လက်တွေကို ဖုန်ခါလိုက်သည် ။ အခု သူလုပ်ရမည်မှာ ငါးကို ဖမ်းဖို့စောင့်နေရန်သာဖြစ်သည်။

ရီကျင်းဟိုင်ကို ကောင်းကင်ဓားဂိုဏ်းမှ တပည့်အဖြစ် ခေါ်ဆောင်ခြင်းခံရသည့်သတင်းသည် ဝမ်လုခရိုင်အတွင်း၌ ပျံ့နှံ့သွားသည်။

တပည့်အဖြစ် လက်ခံခံရသူ နှစ်ဦးစလုံးသည် ဝမ်လုကောင်တီရှိ အင်အားကြီးမိသားစုများမှ လာသူများဖြစ်သည်။ ရီကျင်းဟိုင်တစ်ယောက်သာလျှင် ဆေးပညာရှင်ဖြစ်ပုံရသည်။

ဆေးပညာရှင်သည် တန်ဖိုးအရှိဆုံးဖြစ်သော်လည်း လျစ်လျူရှုမှုအခံရဆုံးလည်းဖြစ်သည်။ များသောအားဖြင့် ဆေးပညာကျွမ်းကျင်သူများသည် အတိုက်အခိုက်တွင် မကျွမ်းကျင်ကြပေ။

ထို့အပြင် ရီမိသားစုသည် အစွမ်းထက်သော သိုင်းညာရှင်တစ်ဦးကို မွေးထုတ်ပေးရန် လူအများက မမျှော်လင့်ထားကြဘဲရှိသည်။

ထို့ကြောင့် လူများစွာသည် ရီမိသားစုကို စောင့်ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် ကောင်းကင်ဓားဂိုဏ်းသို့ တရားဝင်မဝင်ရောက်သေးသရွေ့ ၎င်းတို့သေဆုံးသွားသည့်တိုင် ဂိုဏ်းက ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။

ယခင်နှစ်များက ကောင်းကင်ဓားဂိုဏ်း၏ တပည့်များ တရားဝင်မပါဝင်မီ သေဆုံးခဲ့သည့် အဖြစ်အပျက်များကို မြင်တွေ့ခဲ့ရဖူးသည်။

“အဖေ၊ ရီကျင်းဟိုင်က မိသားစုငယ်လေးကပဲ၊ ငါတို့ အရေးယူလို့ရတယ်" ဟု တစ်ယောက်က ပြောသည်။

ကျောက်မိသားစုသည် ဝမ်လုကောင်တီရှိ အင်အားကြီးများြဖစ်ပြီး မိသားစုတွင် မွေးဖွားခြင်းအဆင့်သိုင်းပညာရှင် သုံးဦးရှိသည်။

နေရာတစ်နေရာလစ်လပ်သွားပါက စတုတ္ထနေရာရှိ ကျောက်မုကိုရွေးချယ်မည်ဖြစ်သည်။ ကျောက်မုသည်သာမက ကျောက်မိသားစုသည်လည်း ဤအခွင့်အရေးကို လက်လွတ်မခံချင်ဘဲရှိသည်။

အထူးသဖြင့် နေ့လည်ခင်းတိုက်ပွဲကို ပြန်သတိရပြီးနောက် ကျောက်မုသည် ဒေါသထွက်နေခဲ့သည်။

‘ဒီလူ ရီကျင်းဟိုင်က သေရမှာ’

“အစ်ကိုကြီး၊ ဒီညတော့ အရေးယူသင့်ပြီထင်တယ်။ သူက ဆေးပညာရှင်ပဲ။ သူ့ကိုတိုက်ရိုက်သတ်ပစ်လိုက်ရအောင်” ဟု ကျောက်မု၏ဖခင်၊ ကျောက်မိသားစုတွင် ဒုတိယအကြီးဆုံးဖြစ်သူ ကျောက်ရှန်သည် စိတ်လှုပ်ရှားစွာပြောသည်။

ဒီနှစ်တွင် သူ့သားအရွယ်အရ ပြိုင်ဆိုင်မှု ပြင်းထန်သည်။ နောက်နှစ်ကို ရွှေ့ဆိုင်းလိုက်မယ်ဆိုပါက သူ့၏ ယှဉ်ပြိုင်နိုင်စွမ်းသည် များစွာလျော့ကျသွားပကာ နောက်ထပ် အခွင့်အရေးလည်း လုံးဝရနိုင်တော့မည်မဟုတ်ပေ။

"အရေးယူကြတာပေါ့"

ကျောက်ရှန်၏အစ်ကိုဖြစ်သူသည် စားပွဲကိုရိုက်လိုက်ပြီးနောက် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

လူသုံးယောက်သည် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ကာ ရီမိသားစုခြံဝင်းရှေ့သို့ရောက်လာသည်။ လှည့်ပတ်ကြည့်ပြီးနောက် ကျောက်မိသားစုဝင် သုံးယောက်သည် နံရံကိုတွယ်တက်ကာ ခြံဝင်းထဲသို့ဝင်သွားကြသည်။

အိုး!

ကျောက်မုသည် ရုတ်တရက် တစ်စုံတစ်ခုကို နင်းမိသွားသကဲ့သို့ ခံစားလိုက်ရကာ ချက်ခြင်း ထိတ်လန့်သွားသည်။

နောက်အခိုက်အတန့်တွင် သူ့ပတ်ဝန်းကျင်၌ မမြင်နိုင်လောက်သည့် အနံ့တစ်မျိုးကို ခံစားလိုက်ရသည်။

"မကောင်းတော့ဘူး၊ ဒါ အဆိပ်ပဲ!"

ကျောက်မုသည် ရှေ့တစ်လှမ်းတိုးကာ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် သူဆင်းသက်ပြီးသည်နှင့် ရင်းနှီးသည့်ခံစားချက်ကို ခံစားခဲ့ရသည် - ‘ဒီမှာလည်း အဆိပ် ရှိတယ်!’

ကျောက်ရှန်နှင့် ကျောက်စစ်တို့သည် အံ့အားသင့်သွားသည်။

‘မွေးဖွားခြင်းအဆင့် သိုင်းပညာရှင်များကို ထိခိုက်စေနိုင်တဲ့ အဆိပ်တွေရှိသည်လော’

သူသည် အနည်းငယ်သာ ရှူသွင်းလိုက်သော်လည်း ရင်ဘတ်တွင် ပူလောင်သောဝေဒနာကို ခံစားခဲ့ရကာ ချီစွမ်းအားစစ်သွေးလည်ပတ်မှုသည် သိသိသာသာ နှေးကွေးသွားခဲ့သည်။

ထိုအချိန်တွင် သူတို့မျက်မှောက်၌ အရိပ်တစ်ခုပေါ်လာသည်။

"ရီကျင်းဟိုင်! မင်းသေသင့်တယ်"

ရီကျင်းဟိုင်ကိုမြင်လိုက်ရသည့် ကျောက်မုသည် တောက်လောင်သောဒေါသကို ခံစားလိုက်ရကာ သူ့ဆီသို့ပြေးသွားသည်။

ကျောက်စစ်နှင့် ကျောက်ရှန်သည်လည်း ဤသည်ကို မျက်မြင်တွေ့ကာ ချက်ခြင်းပင် လိုက်သွားခဲ့သည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်မှုဟူသည်ကို သူတို့ခံစားခဲ့ကြရသည်။

မြှားများ၊ ထောင်ချောက်များ၊ အဆိပ်များ၊ စက်ဆုပ်ရွံရှာဖွယ်အရာများ ၊ ရီကျင်းဟိုင်သည် အရာအားလုံးကို သူ့စိတ်တိုင်းကျအသုံးချခဲ့သည်။

ခြံဝင်းထဲတွင် ကျောက်မု၏ အော်သံများနှင့် ဟိန်ူဟောက်သံများသည် ရံဖန်ရံခါ ပဲ့တင်ထပ်နေသည်။

ကျောက်စစ်နှင့် ကျောက်ရှန်တို့သည် နောက်ဆုံးတွင် ကျောက်မုကို တားလိုက်သည်- "ငါတို့ ဆက်မလိုက်နိုင်တော့ဘူး။ ဒါက သူတို့နယ်မြေပဲ။ ငါတို့ ထွက်သွားရမယ်။”

သို့သော် မျက်လုံးများနီရဲနေသည့် ကျောက်မုသည် ၎င်းတို့ကို မကြားလိုက်ပုံရသည်။

"တစ်ခုခုမှားနေပြီ၊ ကျောက်မုအဆိပ်သင့်သွားပြီ!"

ကျောက်မုသည် သာမာန်အားဖြင့် စိတ်မြန်သော်လည်း ယနေ့ကဲ့သို့ မဆိုးပေ။

"အခု မင်းနားလည်ပေမယ့် နောက်ကျသွားပြီ"

ဓားတစ်ချောင်းပြီး တစ်ချောင်း အမှောင်ထဲမှ ချက်ချင်း ထွက်လာသည်။

ကျောက်မိသားစုမှ အဖွဲ့ဝင် သုံးယောက်သည် တုံ့ပြန်ရန် အချိန်မရှိသလောက်ဖြစ်ကာ ရုတ်ချည်း အားနည်းသွားကြသည်။

“အဆိပ်ကိုရောထားတယ်! မင်းတို့မှာ သိက္ခာမရှိဘူးလား”

ဘမ်း! ဘမ်း! ဘမ်း!

သူတို့သုံးယောက်လုံး လွှင့်ပစ်ခံလိုက်ရသည်။

ကျောက်မုသည် နောက်ဆုံးတွင် သတိပြန်လည်လာကာ ရီကျင်းဟိုင်ကို တုန်လှုပ်ခြောက်ခြားစွာ လက်ညှိုးထိုးလျက် 'မင်းညစ်ပတ်တယ်...'

အက်ကွဲသံနှင့်အတူ ခေါင်းသုံးလုံးသည် လေထဲသို့ လွင့်သွားသည်။

"ဖေဖေ၊ ကျောက်မိသားစုကို သွားရအောင်။"

သူတို့သုံးယောက်ကို ကျောက်မိသားစု၏ နေအိမ်တွင် ပြန်ထားခဲ့ကာ ဘယ်သူကမှ မတုံ့ပြန်နိုင်မီ ကျောက်မိသားစုသည် လုံးဝလုယက်ခံခဲ့ရသည်။ နောက်တစ်နေ့တွင် လူအများအပြားသည် ထိုသတင်းကိုရရှိခဲ့သည်။

‘ကျောက်မိသားစု သုတ်သင်ခံလိုက်ရပြီ’

ကျောက်မိသားစုဝင် သုံးဦး၏ ရုပ်အလောင်းများကို တံခါးဝတွင် ချိတ်ဆွဲထားသည်။

ကျောက်မိသားစုတစ်ခုလုံးတွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးမျှ မရှိခဲ့ပေ။

အားလုံး၏မျက်လုံးများသည် နဂိုကအမှိုက်ဟုယူဆခဲ့ကြသော ရီမိသားစုဆီသို့ လှည့်သွားကာ ယခုတွင် ဤဆေးပညာရှင်ရီကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြောင်း နားလည်လိုက်သည်။

အစီအစဉ်ဆွဲနေသော မိသားစုများစွာသည်လည်း ၎င်းတို့၏လှုပ်ရှားမှုများကို ရပ်ဆိုင်းလိုက်ကြသည်။

အနည်းဆုံး ရီမိသားစု၏ စစ်မှန်သောအင်အားကို မဆုံးဖြတ်နိုင်ခင်အထိ သူတို့သည် မည်သည့်လုပ်ရပ်ကိုမျှ မစွန့်စားနိုင်ပေ။

ကျောက်မိသားစု၏ အရင်းအမြစ်များသည် ရီမိသားစု၏ဘဏ္ဍာများကို သိသိသာသာ အားကောင်းစေခဲ့သည်။

ရီကျင်းဟိုင်သည် ကောင်းကင်ဓားဂိုဏ်းသို့ ဦးတည်ရန် ပြင်ဆင်နေကာ သူ၏ကျင့်ကြံရေး အဆင့်နောက်မကျကြောင်း သေချာစေရန်အတွက် ရီဖန်သည် ဆေးများစတင်သောက်သုံးစေခဲ့သည်။

ကျင့်ကြံရန်အတွက် အလွန်လိုအပ်သည့် ချီဆေးလုံးနှင့် သွေးကြောလှုံ့ဆော်သည့်ဆေးလုံး၊

တိုက်ပွဲအတွက် ပေါက်ကွဲထွက်ဆေးလုံးနှင့် ပြန်လည်အားဖြည့်ခင်းဆေးလုံး စသည်တို့ဖြစ်သည်။

ရီဖန်သည် စိတ်ထဲပေါ်လာသမျှကို ပြင်ဆင်ထားလိုက်ရာ ရီကျင်းဟိုင်အတွက် ရာနှင့်ချီသော ဆေးလုံးများဖြင့် ပြည့်နေသည့်ထုပ်ပိုးကြီးတစ်ခုရရှိလာသည်။

ယခုတစ်ကြိမ် ကျောက်မိသားစုမှ အလှူငွေထည့်ခဲ့ခြင်းမရှိပါက ရီမိသားစုသည် ရီကျင်းဟိုင်အတွက် ဤမျှလောက်ဆေးလုံးများ တတ်နိုင်မည်မဟုတ်ပေ။ ကျောက်မိသားစုသည် လူကောင်းများဟု ဆိုရပေမည်။

“ရှောင်ဟိုင်၊ ဒီတစ်ခါ မင်းဂိုဏ်းကိုသွားရင် အိမ်နဲ့ မတူတော့ဘူး၊ မင်းသတိထားရမယ်။"

“ရှောင်ဟိုင်၊ မင်းအမေက မင်းကို ပေးစရာအများကြီးမရှိဘူး။ ဒီငွေငါးထောင်ကိုယူပြီး အဲနေရာကိုရောက်တဲ့အခါ သုံးစွဲဖို့ မတွန့်ဆုတ်နဲ့”

ရီမိသားစုဝင်တစ်ဦးသည် ဤမျှဝေးဝေးခရီးထွက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကာ လူတိုင်းကို လွမ်းမောစေခဲ့သည်။

သို့သော် ရီကျင်းဟိုင်ကို မထွက်သွားရန် မည်သူမျှ မတောင်းဆိုခဲ့ပေ။ လင်းယုန်ငှက်သည် အကောင်ကြီးလာသောအခါတွင် အသိုက်ကို ထားခဲ့ရမည် ဖြစ်သည်။

ရီကျင်းဟိုင်သည် ထာဝရပင် ရီမိသားစုဝင်ဖြစ်မည်ဖြစ်ကာ ၎င်းသည် မည်သည့်အခါမှ ပြောင်းလဲမည်မဟုတ်ပေ။

“ရှောင်ဟိုင်၊ ရီမိသားစုက မင်းရဲ့နောက်မှာ အမြဲရှိနေမယ်ဆိုတာ သတိရပါ။"

ရီဖန်သည် ရီကျင်းဟိုင်၏ ပုခုံးကို ပုတ်လိုက်ကာ သူ့ကလေးသည် ကြီးပြင်းလာသည်ကိုသိရှိလိုက်ပြီး ရုတ်တရတ် ဝမ်းနည်းကြေကွဲမှုကို ခံစားလိုက်ရသည်။

သူသည်အိုမင်းလာပြီဖြစ်ကာ အသက်မည်မျှကြာရှည်နေနိုင်မည်ကိုမသိပါ။

ကျင့်ကြံခြင်း၊ သူထိုအရာကို စောင့်ဆိုင်းနိုင်ပါမည်လော။

ရီကျင်းဟိုင်သည် ကောင်းကင်ဓားဂိုဏ်း၏ အဓိကအဖွဲ့နှင့်အတူ မိုင်ထောင်ချီဝေးသော ဂိုဏ်းဌာနချုပ်ဆီသို့ ဦးတည်သွားခဲ့သည်။

မြင်းလှည်းပေါ်တွင်ထိုင်ကာ ကျင့်ကြံအားထုတ်လျက် အချိန်အများစုကို ကုန်ဆုံးစေသည်။

သူတို့အားလုံးသည် ငယ်ရွယ်သူများဖြစ်ကာ အလွန်တက်ကြွကြသည်။

လိုရင်းတိုရှင်းမိတ်ဆက်ကြပြီးနောက် တစ်ယောက်ကို တစ်ယောက်အကြမ်းဖျင်းနားလည်ခဲ့သည်။

ရီကျင်းဟိုင်သည် ဝမ်လုကောင်တီမှ လာကြောင်း သိလိုက်သောအခါတွင်၊ အချို့သည် သူ့ကို အထင်အမြင်သေးသော အကြည့်ဖြင့်ကြည့်ကြသည်။

ဝမ်လုကောင်တီသည် ကွမ်ဟယ်စီရင်စုရှိ အဆင်းရဲဆုံးခရိုင်တစ်ခုဖြစ်သည်။

ထိုခရိုင်မှ သေးငယ်သောမိသားစု မျိုးနွယ်စုများသည် ယခင်က ဆေးလုံးကို မမြင်ဖူးကြဟု ယူဆကြသည်။

ထိုသို့တွေးကာ ရင်ဘတ်ထဲရှိ ဆေးကိုထုတ်ကာသောက်ပြီးနောက် ကျင့်ကြံနေကြသည်။

"ဝမ်လုကောင်တီက တောသားလေး၊ မင်းကို အရသာခံဖို့ ဆေးလုံးနှစ်လုံး ပေးစေချင်လား" လူတစ်ယောက်သည် လှောင်ပြောင်ကာမေးသည်။

သူ့အိတ်ကို တိတ်တဆိတ် ရုတ်သိမ်းလိုက်ကာ ရီကျင်းဟိုင်၏ မျက်နှာတွင် မည်သည့်ခံစားချက်မျှမရှိနေပေ။ မတော်တဆဖြင့် မြေပြင်ပေါ်သို့ ဆေးလုံးများ လွင့်ကျသွားသည်။

‘ဆေးလုံး၊ အားလုံးက ဆေးလုံးတွေလား’

‘အဲဒီအနံ့… မမှားနိုင်ပါဘူး’

"အိုက်ယား အဖေကဘာလို့ ငါ့အတွက် ဆေးလုံးတွေ အများကြီး ပြင်ဆင်ထားရတာလဲ!"

ရီကျင်းဟိုင်ကို ကြည့်နေသည့်သူများသည် အမြင်ပြောင်းသွားသည်။ သူသည် ဆူဖြိုးနေသော သိူးလေးဖြစ်သည်။

နောက်နေ့မနက်တွင် ရီကျင်းဟိုင်၏အိတ်သည် ပို၍လေးပင်လာသည်။ ဒီရထားပေါ်ရှိ ရဲဘော်များသည် လူကောင်းလေးများဖြစ်ကြသည်။

အနာဂတ်တွင် သူ့အဖေကို အမြဲတမ်းအားကိုး၍မရတော့ပေ။ ကိုယ်ပိုင်ငွေရှာရန် အချိန်တန်ပြီဖြစ်သည်။

ရီကျင်းဟိုင်သည် ရီမိသားစုမှ ထွက်ခွာသွားပြီးနောက် အချိန်များ လျင်မြန်စွာ ကုန်လွန်ခဲ့သည်။

…………….

အပိုင်း (၃၀) အင်မော်တယ်ဂိုဏ်းအကြောင်း ပထမဆုံးအကြိမ်ကြားဖူးခြင်း ၊ စုယန်၏ မိသားစု

ရီဖန်၏ အားထုတ်မှုကြောင့် စုယန်သည် နောက်ဆုံးတွင် ကိုယ်ဝန်ဆောင်ရပြန်ပြီ ဖြစ်သည်။

“သခင်၊ ကိုယ်လုပ်တော်တစ်ယောက် ယူသင့်ပြီလို့ထင်တယ်” စုယန်သည် ရီဖန်ကိုကြည့်ကာ လေးနက်စွာပြောလိုက်သည်။

‘ကိုယ်လုပ်တော် ယူရမယ်’

ခေတ်သစ်မှလာသော သူတစ်ဦးအနေဖြင့် ရီဖန်၏ အတွေးများသည် အခြားကမ္ဘာမှ မှတ်ဥာဏ်ဖြင့်လွှမ်းမိုးခံရဆဲဖြစ်သည်။ သူ့ထံတွင် ကိုယ်လုပ်တော်ယူရန် စိုးစဉ်းမျှ စိတ်ကူးမရှိပေ။

ရီဖန်သည် ထိုအကြံကို ပယ်ချလိုသော်လည်း ဤသည်မှာ စုယန်သည် သူ့ကိုယ်စား ချပေးရသည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်နေသည်။

ဤခေတ်တွင် အရည်အချင်းရှိသည့် အမျိုးသားတစ်ဦးသည် ဇနီးမယားနှင့် မောင်းမမိဿံများစွာ ရှိသည်မှာ ပုံမှန်ဖြစ်သည်။

ရီဖန်သည် ကာလရှည်ကြာစွာ ကိုယ်လုပ်တော်မယူပါက နောင်အခါတွင် မနာလိုဝန်တိုသောခင်ပွန်းအဖြစ် ဝေဖန်ခံရနိုင်သည်။

“သခင်၊ ဒီကိစ္စအတွက် စိတ်ပူစရာ မလိုပါဘူး။ သခင့်အတွက် ကျွန်မစီစဉ်ပေးပါ့မယ်” ဟု အာမခံပြောကြားလိုက်သည်။

ခဏအကြာတွင် စုယန်သည် အမျိုးသမီးနှစ်ယောက်ကို ရှေ့သို့ထွက်လာရန် လှမ်းခေါ်လိုက်သည်။ ဤအမျိုးသမီးနှစ်ဦးသည် ဝမ်လုကောင်တီရှိ ထင်ရှားသော မိသားစုနှစ်စု၏သမီးများဖြစ်သည်။

ရီဖန်၏ လက်ရှိအဆင့်အတန်းအရ သူသည် မည်သူကိုမဆို သာမန်ကာလျှံကာ ရွေးချယ်၍မရပေ။ အဆင့်အတန်းရှိကာ ထူးခြားသောနောက်ခံရှိသည့် အမျိုးသမီးများကို သူလိုအပ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် အင်အားကြီးအဖွဲ့များ ပေါင်းစည်းရေး ၊ လူမှုအဆင့်အတန်း နှင့် ကိုက်ညီမှု ရှိရန် လိုအပ်ပေသည်။

ထို့ကြောင့် ရီမိသားစုသည် အချိန်တိုအတွင်း၌ မိသားစုဝင်နှစ်ဦး ထပ်မံတိုးလာသည်။

ရီဖန်၏ ကြီးကျယ်ခမ်းနားသည့် လက်ထပ်ပွဲအတွက် ခရိုင်မိသားစုတော်တော်များများသည် သူ့ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

"သခင်၊ အနားယူချိန်ရောက်ပါပြီ"

ရီဖန်သည် သူ့မိသားစု၏လူဦးရေကို ထပ်မံတိုးပွါးလာစေရန်အတွက် ကြိုးပမ်းရပြန်သည်။

မျက်စိတစ်မှိတ်အတွင်း၌ ရီဖန်အိမ်ထောင်ကျပြီး တစ်နှစ်ခွဲကြာသွားပြီဖြစ်သည်။

စုယန်၏ကိုယ်ဝန်ပိုရင့်လာသည်နှင့်အမျှ ရီဖန်သည် အလုပ်အပြီးတွင်နေ့တိုင်းအချိန်ပေးကာ သူမနှင့်အတူ အဖော်ပြုပေးခဲ့သည်။

"ယန်၊ ငါတို့ကလေးကို နာမည်ပေးသင့်တယ်။”

"အရင်ကစဉ်းစားထားတဲ့ နာမည်တွေပေးရအောင်၊ ကောင်မလေးဆိုရင် ရိကျင်းရှားနဲ့ ယောက်ျားလေးဆိုရင် ရီကျင်းတုံပေါ့"

ရီဖန်သည် ခေါင်းညိတ်သဘောတူကာ ကန့်ကွက်ခြင်းမရှိပေ။

နှစ်လခန့်ကြာမြင့်သည့်အခါ စုယန်သည်မီးဖွားတော့မည်။

ထိုအချိန်တွင် ရီဖန်သည် ကောင်းကင်မှ ကြီးမားသော ဖိအားတစ်ခုအောက်သို့ကျလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် ဧရာမဝန်ထုပ်ဝန်ပိုးကြောင့် အလေးချိန်ကျသွားသကဲ့သို့ ပြိုလဲလုမတတ်ဖြစ်သွားသည်။

ရုန်းကန်ရင်း ခေါင်းကို မော့ကြည့်လိုက်သည့်အခါ ရီမိသားစုအိမ်၏ အထက်ကောင်းကင်တွင် ဓားပျံတစ်စင်းပေါ်၌ရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

‘ဓားပျံ၊ အင်မော်တယ်လား’

ရီဖန်အံ့သြသွားသည်။ မွေးဖွားခြင်းနယ်မြေအဆင့်ရှိ သိုင်းပညာရှင်များသည် ကောင်းကင်တွင်သာ ပျံဝဲနိုင်သည်။ သူတို့သည် ဤလူကဲ့သို့ လွင့်မျှောနေနိုင်မည်မဟုတ်ပေ။

မတ်တပ်ရပ်ရန်ကြိုးစားလျက် ရီဖန်သည် လေးစားစွာနှင့် “မသေမျိုးအရှင်၊ ရီမိသားစုကို လာရောက်လည်ပတ်ရတဲ့ ရည်ရွယ်ချက်ကို မေးလို့ရမလား” ဟု လေးလေးနက်နက်မေးလိုက်သည်။ ဤအင်‌ေမာ်တယ်သည် ကောင်းမွန်သော ရည်ရွယ်ချက်ရှိပုံမရပေ။

"မင်းက ရီဖန်လား" အင်မော်တယ်က ဖြည်းညှင်းစွာ ပြောလိုက်သည်၊ သူ့အကြည့်သည် ရီဖန်ကို စိုက်ကြည့်နေသည်။

‘သူက တကယ်ကိုငါ့ကြောင့် ရောက်လာတာပဲ’

ရီဖန်၏ နှလုံးသားသည် ရင်တထိတ်ထိတ်ဖြင့် ခုန်နေသော်လည်း သူမည်မျှပင် ကြိုးစားခဲ့ပါစေ ထိုကဲ့သို့သော အင်အားကြီးသည့်အဖွဲ့အစည်းကို မည်သည့်အချိန်က စော်ကားခဲ့သည်ကို သူမမှတ်မိဘဲရှိသည်။

‘အနက်ရောင်တောင်သူခိုးများလား? ဒါမှမဟုတ် ချေမှုန်းခံရတဲ့ အဓိကမိသားစုကြီးတွေကလား။’

‘ဒါပေမယ့် အဓိပ္ပါယ်မရှိဘူး၊ အဲဒီ စွမ်းအားတွေရဲ့ နောက်ကွယ်မှာ မသေနိုင်တဲ့ သူတွေရှိရင်၊ သူတို့က ဒီလောက် သနားစရာအခြေအနေမှာ ရှိမှာ မဟုတ်ဘူး’

ဤအခိုက်တွင် ရီဖန်၏ဘေးတွင် ရပ်နေသောစုယန်သည် သတိပြန်ဝင်လာသည်။ “စုမိသားစုက ကျွန်မရဲ့ ဘိုးဘေးမိသားစုဝင်တွေထဲက တစ်ယောက် ဖြစ်နိုင်မလား” ဟု သူမမသေချာသောလေသံဖြင့် မေးလိုက်သည်။

စုယန်ပြောသည်ကိုကြားသည့်အခါ ရီဖန်သည် နောက်ဆုံးတွင် ဆက်စပ်မိသွားသည်။ ဤလူသည် စုယန်နှင့် အနည်းငယ်ဆင်တူသည်၊ အထူးသဖြင့် သူ့မျက်ခုံးတစ်ဝိုက်ဖြစ်သည်။

"မင်းက ရှောင်ယန်ပဲဖြစ်ရမယ်" ‌အင်မော်တယ်သည် သူ၏ ကျက်သရေရှိသော ရောင်ဝါကိုပြန်သိမ်းကာ စုယန်ရှေ့သို့ ဆင်းသက်လာသည်။

ရီဖန်၏တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသည်။ ဤလူ၏မျက်မှောက်တွင် သူသည် ပုရွက်ဆိတ်ကဲ့သို့ အရေးမပါသလို ခံစားရသည်။

"လူလေး၊ မင်းက ဒီလောကီလောကထဲမှာ သူ့ခင်ပွန်းဖြစ်ပုံရတယ်။" အင်မော်တယ်သည် ရီဖန်ကို တစ်ချက်ကြည့်ပြီးနောက် သူ့အာရုံကိုပြန်လွှဲလိုက်သည်။

“ရှောင်ယန်၊ငါက မင်းအဖေရဲ့ အစ်ကိုကြီး။ မင်းအဖေက မင်းကိုရှာခိုင်းထားတယ်။ ဒီနှစ်တွေအကြာကြီး နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ"

“ကံကောင်းတာက မင်း ဒီကျောက်စိမ်းဆွဲသီးကို အပေါင်ခံပြီးတော့ နောက်ဆုံးမြို့ထဲမှာ လမ်းဆုံးသွားတယ်။ မဟုတ်ရင် မင်းကိုရှာတွေ့ဖို့ ငါတကယ်ခက်လိမ့်မယ်။"

ကျောက်စိမ်းဆွဲသီးတစ်ချောင်းဖြင့် ဝမ်လုကောင်တီသို့ ခရီးပေါက်လာသည့် အင်မော်တယ်၏ အရည်အချင်းကို ရီဖန်သည်မချီးကျူးဘဲမနေနိုင်ပေ။

"စုယန်၊ ငါမင်းကိုတွေ့ပြီးပြီ၊ ငါနဲ့အတူ စုမိသားစုဆီ ပြန်လာပါ" အင်မော်တယ်သည် အကြာကြီးနေရန် မစီစဉ်ဘဲ စုယန်ကို ချက်ချင်းခေါ်ဆောင်သွားရန် ရည်ရွယ်ထားသည်။

ဤသည်ကိုကြားသည့်အခါ ရီဖန်သည် သူ့ရင်ထဲတွင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤမသေမျိုးဟုခေါ်သောသူသည် ရီဖန်သည် စုယန်၏ခင်ပွန်းဖြစ်သော်လည်း သူ့ကိုတစ်ချက်မျှ ဂရုမစိုက်ခဲ့ပေ။

"ဦးလေး၊ ကျွန်မလိုက်ခဲ့လို့မရဘူး"

ရှင်းရှင်းလင်းလင်းပင် စုယန်သည် ရီဖန်၏ကလေးများမိခင်၊ ရီဖန်၏ဇနီးအဖြစ် သူမကိုယ်သူမ အသိအမှတ်ပြုထားပြီးဖြစ်သည်။ သူမ သူတို့ကိုမည်ကဲ့သို့ ထားခဲ့နိုင်ပါမည်နည်း။

‘သူမထွက်သွားပြီးရင် သူတို့ကလေးတွေ ဘာဖြစ်သွားမလဲ၊ ရီဖန် ဘာဖြစ်သွားမလဲ’

“စုယန်၊ မင်းက စုမိသားစုက ဆင်းသက်လာလို့ လောကီလောကမှာ မနေနိုင်ဘူး၊ ငါတို့ရဲ့တိုင်းပြည်ကို ပြန်ရောက်ရင် ဒီလောကီဘဝက ဘာမှမဟုတ်တာကို မင်းနားလည်မှာပါ ”

သူသည် ရီဖန်ကို တစ်ချက်ကြည့်လိုက်ကာ "သူတို့က နောက်ဆုံးမှာ မြေမှုန့်ပြန်ဖြစ်သွားလိမ့်မယ်" သူ့စကားများတွင် အသက်များကို လျစ်လျူရှုထားမှုသည် ကျောရိုးပင် အေးလားစေသည်။

စုယန်သည် စကားပြောချင်သော်လည်း ရီဖန်သည် “စုယန်၊ မင်းကိုပြောစရာရှိတယ်”

“အရှင်၊ စုယန်ကို ခနစကားပြောပါရစေ"

ရီဖန်သည် ရိုသေသောအမူအရာဖြင့် အင်မော်တယ်ကို ဦးညွှတ်လိုက်သည်။

အင်မော်တယ်၏ မျက်လုံးထဲတွင် စိတ်မရှည်ခြင်းအရိပ်အမြွက်ပေါ်လာသော်လည်း လျင်မြန်စွာမှေးမှိန်သွားသည် "ကောင်းပြီ၊ မင်း စုယန်ကိုဖျောင်းဖျနိုင်ဖို့ ငါမျှော်လင့်တယ်။ မင်းက ဒီလောကသိုင်းပညာရှင်တစ်ယောက်အနေနဲ့ ငါတို့ စုမိသားစုရဲ့သမီးနဲ့ မထိုက်တန်ဘူး"

မျှော်လင့်ထားသည့်အတိုင်း ဒရာမာကို ထုတ်လွှင့်တော့သည်။

ရီဖန်၏နှောင်းပိုင်းဘဝသည် အေးချမ်းလွန်းသဖြင့် သူသည် ကူးပြောင်းလာသူဖြစ်ကြောင်းကို မေ့သွားလုနီးပါးဖြစ်ခဲ့သည်။

ကူးပြောင်းလာသူ၏ခရီးသည် မည်သည့်အခါတွင်မျှ ချောမွေ့ခြင်းမရှိပေ။

သူနှင့် စုယန်သည် ခွဲခွာရန် ဆန္ဒမရှိလျှင်ပင် ဤလူသည် စုယန်ကို သူနှင့်အတူ ထွက်ခွါရန် တွန်းအားပေးမည်မှာ သေချာသည်။

‘အနှစ်သုံးဆယ်ကြာတိုင်း မြစ်ရေက ရွေ့လျားနေတယ်၊ ဆင်းရဲနေတဲ့လူလတ်ပိုင်းကို အနိုင်ကျင့်မနေနဲ့’ ဟု ယခုကြွေးကြော်သင့်သလော။

မဖြစ်နိုင်ပေ။ ရီဖန်သည် ဤသို့အော်ဝံ့ပါက ရိုက်ချက်တစ်ချက်နှင့်တင် အသတ်ခံရနိုင်သည်။

ရီဖန်သည် စုယန်ကို သူတို့အခန်းထဲခေါ်သွားကာ "စုယန်၊ မင်းဦးလေးနဲ့အတူ စုမိသားစုဆီ ပြန်သွားတော့။ မင်းပြောချင်တာကို ငါသိတယ်၊ စိတ်မပူနဲ့ ငါမင်းကိုလာရှာမယ်။" ကျင့်ကြံရေးနှင့်ပတ်သက်၍ ရီဖန်သည် လမ်းကြောင်းရှာရာတွင် ဒုက္ခရောက်နေသည်။

ယခုတွင်မူ အခွင့်အရေးတစ်ခုရကာ စနစ်သည် သူနဲ့အတူရှိနေသဖြင့် ဤကျင့်ကြံရေးမိသားစုသည် အလှမ်းမဝေးတော့ဟု ထင်ရသည်။

အခန်းအပြင်ဘက်တွင် စုယန်၏ဦးလေးသည် ရီဖန်၏စကားများကို ကြားလိုက်ရကာ မထီမဲ့မြင်ပြုမှုအရိပ်အမြွက်သည်ပေါ်လာသည်။

သေမျိုးသည် ကျင့်ကြံသူတစ်ဦးဖြစ်လာရန် မလွယ်ကူပေ။ အဆုံးတွင် ရီဖန်သည် စုယန်ကိုဖျောင်းဖျနိုင်ခဲ့သည်။

"သခင်၊ သေချာပေါက်လာရမယ်နော်၊ ကလေးနဲ့ ကျွန်မ သခင့်ကိုစောင့်နေမယ်!" သူ့ဗိုက်ကို ကိုင်လိုက်ကာ စုယန်သည် ပြတ်သားစွာပြောလိုက်သည်။

ရီဖန်သည် ခေါင်းညိတ်သဘောတူလိုက်သည်။ သူသည် စုမိသားစုထံ သွားလည်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

စုယန်သည် အင်မော်တယ်၏ ဓားပျံပေါ်သို့တက်သွားသည်ကို ကြည့်ကာ ရီဖန်သည် "အရှင်၊ အမှတ်အသားအနေနဲ့ လိပ်စာတစ်ခုပေးလို့ရမလား" ဟုမေးလိုက်သည်။

"မင်း စုယန်ကို ထပ်တွေ့ချင်သေးတာလား၊ ဟားဟား၊ မင်းကအရမ်း ရူးသွပ်နေတော့ ငါ မင်းကို အခွင့်အရေးပေးမယ်"

စုယန်၏ ဦးလေးသည် သူ့လက်ကို လှန်လိုက်ကာ အရာနှစ်ခု လေထဲသို့ပေါ်လာသည်။

ပုံသဏ္ဍာန်အားဖြင့်မမြင်ရသည့် အိတ်ထဲမှ အရာဝတ္ထုများဆွဲထုတ်ပြခြင်းဖြစ်သည်။

ဝတ္ထုများစွာကို ဖတ်ရှုပြီးသည့်နောက် ရီဖန်သည် ဤနည်းလမ်းကို မအံ့သြခဲ့ပေ။

ဤသည်က စုယန်၏ဦးလေး အာရုံကိုဖမ်းစားသွားကာ ရီဖန်အပေါ် သူ၏အထင်အမြင်ကို အနည်းငယ် ပြောင်းလဲစေခဲ့သည်။ သူသည် ရီဖန်ကို ၎င်း၏ အစွမ်းဖြင့်ခြိမ်းခြောက်ရန် ရည်ရွယ်ခဲ့ကာ အင်မော်တယ်နည်းလမ်းများကို ပြသခဲ့ခြင်းဖြစ်သည်။

သို့သော် လုံးဝအကျိုးသက်ရောက်မှုမရှိဟု ထင်ရသည်။

သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ပစ္စည်းနှစ်ခုသည် ရီဖန်ထံ ပျံတက်သွားသည်။

“ဒီကျောက်တုံးက ဝိညာဉ်ကျောက်တုံးဖြစ်ပြီးတော့ ဝိညာဉ်ရေးမြစ်တွေကို ရှာဖွေနိုင်တယ်။ နောက်တစ်ခုကတော့ စုမိသားစုရဲ့ သင်္ကေတတစ်ခုပါ။ မင်းနဲ့ စုယန်တို့ ကလေးမှာ ဝိညာဉ်အရင်းမြစ်ရှိတယ်ဆိုရင် တိုကင်နံပါတ်ကို ကွမ်ဟယ်စီရင်စုကို ယူလာပါ၊ တစ်ယောက်ယောက်က မင်းကို ဆက်သွယ်လာလိမ့်မယ်။”

ဝိညာဉ်ကျောက်တုံးနှင့် တိုကင်၊ ရီမိသားစုတွင် ဝိညာဉ်အရင်းအမြစ်ရှိသူ တစ်ယောက်ယောက်ရှိသည်လော။

ကောင်းကင်ယံသို့ပျံတက် ပျောက်ကွယ်သွားသော အသွင်ကို ကြည့်လိုက်ရင်း ရီဖန်သည် သူ့လက်သီးများကို ဆုပ်ထားသည်။

‘ဇာတ်ကွက်က တကယ့်ကို မြူးမြူးကြွကြွဒရာမာ ဖြစ်နေပုံရတယ်၊ ကြည့်ရတာ သူ ဒီနှစ်တွေမှာ တော်တော်သက်တောင့်သက်သာ နေထိုင်ခဲ့ရပုံပဲ’

……..

All Chapters