အခန်း ၃၄-၃၆
Vol. 3 Ch. 34-36
အခန်း (၃၄) တာ့ယွီ ကျင့်ကြံရေးဖွဲ့စည်းတည်ဆောင်ပုံ၊ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုဖွင့်လှစ်ခြင်း ဆေးလုံး
နောက်တစ်ခဏတွင် ရီဖန်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ ရောင်စုံအမှုန်အမွှားများ ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ဤတစ်ကြိမ်တွင် အမှုန်အမွှားများသည် ပျံ့လွင့်သွားခြင်းမရှိဘဲ ရီဖန်၏ခန္ဓာကိုယ်အတွင်း၌ သိုလှောင်ထားသည်။
ခြောက်နာရီကြာပြီးနောက် ရီဖန်သည် မျက်လုံးပြန်ဖွင့်လိုက်သည်။
အနီရောင်လုအန်းနိယာမသည် ရွေ့လျားနေကာ ရီဖန်သည် ဝိညာဉ်စွမ်းအင်ကြိုးကို စုစည်းကာ ဝိညာဉ်မီးအဖြစ် ချက်ချင်းပြောင်းလဲလိုက်သည်။
ဝိညာဉ်မီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထုသည် ချက်ချင်း ပူလောင်လာသည်။
ရီဖန်သည် အရှေ့တောင်သို့တန်းဆီသို့သွားကာ သူ၏လက်ကိုဝှေ့ရမ်းလျက် ဝိညာဉ်မီးများ လွှတ်ထုတ်လိုက်သည်။
‘ ဘမ်း’
မြေပြင်ပေါ်တွင် ကြီးမားသော တွင်းကြီးတစ်ခု ပေါ်လာကာ လေထုထဲတွင် ဖုန်မှုန့်များပျံ့နှံ့လာသည် ။
ကျင့်ကြံသူများသည် သိုင်းပညာရှင်များကို အထင်အမြင်သေးကြသည်မှာ မထူးဆန်းတော့ပေ။
သိုင်းပညာရှင်များသည် မွေးဖွားခြင်းအဆင့်သို့တက်ရောက်ရန်အတွက် ဆယ်စုနှစ်များစွာ အချိန်ယူလေ့ကျင့်ခဲ့ရသည်။
ယခုတွင် ရီဖန်သည် ချီစွမ်းအားကျင့်ကြံမှု ပထမအလွှာတွင်သာ ရှိသေးသော်လည်း သူ၏ ဝိညာဉ်စွမ်းအင် အဖျက်စွမ်းအားသည် မွေးဖွားခြင်းအဆင့်ရှိသောသိုင်းပညာရှင်နှင့် ယှဉ်နိုင်သည်။
‘ငါ နောက်ဆုံးတော့ ကျင့်ကြံသူဖြစ်လာပြီပဲ’
"စနစ်၊ ငါအခုကျင့်ကြံသူ ဖြစ်လာပြီမဟုတ်ဘူးလား အဲတာဆို မိသားစုအင်အား စတုတ္ထအဆင့် က ဘာလို့မပြီးသေးတာလဲ?"
ကျိုးကြောင်းညီမျှစွာ စဉ်းစားကြည့်ပါက ကျင့်ကြံသူဖြစ်လာခြင်းကို နောက်ထပ်တိုးတက်မှုတစ်ခုအဖြစ် မှတ်ယူသင့်သည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် အလုပ်မပြီးသေးသနည်း။
သခင့်ရဲ့ ချီစွမ်းအားသန့်စင်မှု လက်ရှိအဆင့်က မွေးဖွားခြင်းအဆင့်ထက် အားနည်းနေသေးတယ်၊ အဆင့်ပြီးမြောက်ဖို့အတွက် သခင့်ရဲ့ ကျင့်ကြံမှုအဆင့်က ချီစွမ်းအားကျင့်ကြံမှုရဲ့ အလယ်အလတ်အဆင့် (စတုတ္ထအလွှာ)ကို ရောက်ရှိနေရမှာဖြစ်တယ်”
ချီစွမ်းအားကျင့်ကြံမှု စတုတ္ထအလွှာ၏ စွမ်းအားသည် မွေးဖွားခြင်းနယ်မြေအဆင့်ကို ကျော်လွန်သည်။
‘ကြည့်ရတာ ငါရဲ့ ချီစွမ်းအားကျင့်ကြံမှုက အကြမ်းဖျင်း တတိယအလွှာမှာပဲ ရှိနေသေးပုံရတယ်’
ရီဖန်သည် အိမ်သို့ပြန်လာသည့်အခါတွင် ဝိညာဉ်စွမ်းအင်ကိုစုပ်ယူနေသည့် နဝမအဆင့်ဝိညာဉ်ရေးအမြစ်၏အရှိန်ကို ခံစားလိုက်ရသည်။ အလွန်နှေးကွေးစွာ စုပ်ယူနေခြင်းဖြစ်သည်။
ဤနှုန်းဖြင့် ချီစွမ်းအားကျင့်ကြံမှု၏ဒုတိယအလွှာသို့ရောက်ရန် အနည်းဆုံးလေးနှစ်မှ ငါးနှစ်အထိ ကြာမည်ဖြစ်သည်။
သို့ဖြစ်ပါက ချီစွမ်းအားသန့်စင်ခြင်းနယ်မြေ ပြီးစီးရန်အတွက် အချိန်မည်မျှကြာမည်ကို မည်သူမျှသိနိုင်မည်မဟုတ်ပေ။
‘ငါ့ရဲ့ ဝိညာဉ်ရေးအခြေခံအဆင့်ကို ဆက်မြှင့်တင်ဖို့လိုနေသေးတာပေါ့’
"စနစ်၊ သတ်မှတ်ချက်တွေကို ပေါင်းပေးပါ"
ရီဖန်တွင် အရည်အချင်းနှင့် ဉာဏ်အလင်း ဟူသည့် အစိမ်းရောင်သတ်မှတ်ချက်နှစ်မျိုးရှိသည်။
"စိမ်းလန်းသောသတ်မှတ်ချက်၊ မိသားစုသတ်မှတ်ချက်- အင်မော်တယ်စွမ်းရည်အနည်းငယ် (အပြာ) ကိုရရှိသည့်အတွက် သခင့်ကို ဂုဏ်ပြုပါတယ်"
ဟမ်?
ရီဖန်သည် စမ်းသပ်ကြည့်ချင်ခဲ့သော်လည်း သူလိုချင်သည့်အရာကို တိုက်ရိုက်ရရှိရန် မမျှော်လင့်ထားခဲ့ပေ။
‘ဒါက စနစ်ရဲ့ လှည့်စားမှုများလား’
“စနစ်၊ မင်း လုပ်လိုက်တာလား"
“ဒီစနစ်ရဲ့ ရည်ရွယ်ချက်က အိမ်ရှင်ကို အစေခံပြီး မိသားစုကို ပိုသန်မာလာစေဖို့ပါ။ စနစ်က ဆုလာဘ်တွေကို တိုက်ရိုက်မပေးနိုင်ပေမယ့် သတ်မှတ်ထားတဲ့ အတိုင်းအတာအတွင်းမှာ သခင့်အတွက် အသင့်လျော်ဆုံးဆုကို ပေးနိုင်ပါတယ်" ဤသည်မှာ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ဖြစ်သည်။
အလုပ်များမပြီးပြတ်သည့်အတွက် သခင်ကို အပြစ်ပေးသည့်စနစ်များနှင့် နှိုင်းယှဉ်ပါက ဤစနစ်သည် အမှန်တကယ်အရည်အချင်းပြည့်မီသည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုထုံကျစ်"
‘ဒီလိုဆိုမှတော့ ဘာကိုကြောက်နေရမှာလဲ?’
စနစ်သည် သတ်မှတ်ချက်များကို ထပ်မံပေါင်းစည်းလိုက်သည်။ ရီဖန်သည် သူယခုရရှိသော ကိုယ်ခံပညာ၏စွမ်းရည်ကို မြှင့်တင်ပေးသည့် အပြာရောင်ကန့်သတ်ချက်ကို တိုက်ရိုက်ထုတ်ယူလိုက်သည်။
"မိသားစုသတ်မှတ်ချက်ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်- ကောင်းမွန်သော အင်မော်တယ်စွမ်းရည် (နက်ပြာရောင်)၊ ကျင့်ကြံမှုစွမ်းရည် ၃၀၀ တိုးလာပါပြီ။"
‘ဘာလို့တခြားအရောင်မဟုတ်ဘဲ နည်းနည်းပဲအရောင်ရင့်သွားရတာပါလိမ့်’
စနစ်ကိုမေးသောအခါ ၎င်းထံမှတုံ့ပြန်မှုမရှိသဖြင့် လက်လျှော့ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
ရီဖန်သာ် ဝိညာဉ်ကျောက်တုံးစမ်းသပ်စက်ကို ထုတ်ယူကာ သူ့လက်ပေါ်တင်လျက် စောင့်နေလိုက်သည်။
တစ်ကျော့၊ နှစ်ကျော့၊ သုံးကျော့။ သုံးကြိမ်လုံးတွင် မီးလင်းသွားခဲ့သည်။
ရီဖန်၏ အရည်အချင်းသည် အဆင့်နိမ့်ထဲတွင် အဆိုးဆုံးနဝမတန်းမှ အဆင့်နီမ့်ထဲရှိ အကောင်းဆုံး သတ္တမတန်းအထိ တိုးတက်လာခဲ့သည်။
စနစ်သည် အံ့ဩဖွယ်ကောင်းလှသည်။
ရီဖန်သည် နောက်ထပ် ကျင့်ကြံမှုပြုလုပ်ရန် ကြိုးစားခဲ့ရာ ဝိညာဉ်စွမ်းအင်စုပ်ယူမှုအရှိန်သည် လေးဆမှ ငါးဆနီးပါး တိုးလာခဲ့သည်။
ယခုတွင် ချီစွမ်းအားကျင့်ကြံခြင်း ပထမအလွှာမှ ဒုတိယအလွှာသို့ ကူးပြောင်းရန် တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှသာ ကြာမည်ဖြစ်သည်။
‘အခုငါ့မှာ အရည်အချင်းရသွားပြီဆိုတော့ ကျင့်ကြံရေးနည်းစနစ်ပဲ လိုတော့တာပေါ့’
လူတစ်ဦးစီ၏ မတူညီသော ဝိညာဉ်ရေး အရင်းအမြစ်များအရ ကျင့်ကြံရေးနည်းစနစ်များသည်လည်း ကွဲပြားသည်။
ရီဖန်သည် ဝိညာဉ်ရေးအမြစ်များကို စမ်းသပ်ရန် ရီမိသားစုဝင်အားလုံးကို ခေါ်ခဲ့သည်။ စမ်းသပ်မှုမစမီတွင် ရီဖန်သည် ဂျယ်လီစေ့လက်တစ်ဆုပ်စာ ထုတ်ကာ လူတိုင်းကို တစ်လုံးစီ ပေးခဲ့သည်။
“ဒါစားလိုက်”
၎င်းသည် စနစ်၏ အံ့ဖွယ်ကောင်းသော စွမ်းဆောင်ရည်အတွက် မျှတမှုတစ်ခုမျှသာဖြစ်သည်။
“အဖေ၊ကျွန်တော် အချိုစားဖို့အတွက် အသက်ကြီးနေပြီ၊ အဲဒါကို ချုံချုံကိုအစား ပေးလိုက်ပါ။" ရီကျင်းထျန်သည် ရှက်ရွံ့သွားသည် ။
“ဒါက ငါတို့မိသားစုကဆင်းသက်လာတဲ့ ကောင်းကင်ကိုးခုနဲ့ ကမ္ဘာဆယ်မြေဖွင့်လှစ်ခြင်းဆေးလုံးပဲ၊ စားပြီးရင် ကျင့်ကြံလို့ရပြီ” ဟု ရီဖန်ပြန်ပြောလိုက်သည်။
ရီဖန်ပြောသည်ကို ကြားသည့်အခါ တခြားသူများသည် တိတ်ဆိတ်စွာဖြင့် ဆေးလုံးကို နာခံစွာစားလိုက်ကြသာ်။ 'ဒါက သကြားလုံးပါပဲ!' ဟု သူတို့စိတ်ထဲတွင် ညည်းတွားနေကြသည်။
“အဖေ့၊ စားလို့ကောင်းတယ်! ပိုစားချင်သေးတယ်!" ရီကျင်းချုံသည် ဝမ်းသာအားရနှင့် ကြည့်ကာ သူမ၏လက်ကို ရှေ့သို့ဆန့်ထုတ်လိုက်တယ်။
"မစားရတော့ဘူး! ဒါက ငါတို့မိသားစုက ဆင်းသက်လာတဲ့ နတ်ဆေးပဲ၊လူတစ်ယောက်အတွက် တစ်လုံးပဲရှိတယ်။ အခု ငါတို့မှာဆေးလုံးတွေ မကျန်တော့ဘူး”
ယခုအသက်ဆယ့်တစ်နှစ်အရွယ်ရှိပြီဖြစ်သော ရီကျင်းချုံသည် သူမ၏ ခန္ဓာကိုယ်ကို တစ်နှစ်ပတ်လုံး ကျင့်ကြံနေခဲ့ပြီးနောက် သူမသည် မွေးဖွားခြင်းအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
ရီဖန်၏စိတ်ကို နှစ်သိမ့်ပေးသည့် တစ်ခုတည်းသော အရာမှာ ရီကျင်းချုံ၊ သူ့သမီးလေးသည် နီကျားအဖြစ်မပြောင်းသွားခဲ့သောကြောင့်ဖြစ်သည်။ သူ့သမီးလေးသည် ကံကောင်းစွာဖြသ့် ကျည်ကာအင်္ကျီအဖြစ်သို့ မပြောင်းသွားခဲ့ရှာပေ။
"ကောင်းပြီ၊ ကဲ အားလုံး စမ်းသပ်ကြည့်ရအောင်"
ရီဖန်သည် စမ်းသပ်ရန်အတွက် ဝိညာဉ်ကျောက်တုံးကို တစ်ဖန်ပြန်ထုတ်လိုက်ပြီးနောက် ရီကျင်းထျန်သည် ရှေ့သို့ ပထမဆုံးထွက်ခဲ့သူဖြစ်သည်။
ရီကျင်းထျန်သည် ၎င်းအပေါ် လက်ကိုတင်လိုက်သည့်အခါ နောက်ဆုံးအကြိမ်က တုံ့ပြန်မှုမပြသည့် ဝိညာဉ်ကျောက်တုံးသည် ဒီတစ်ကြိမ်တွင် တောက်ပလာခဲ့တယ်။
အလင်းများသည် အဝါ နှင့် အနီရောင်ဖြစ်ကာ ၊ သတ္တမအဆင့် မီးနှင့် ကမ္ဘာမြေဝိညာဉ်ရေးအမြစ်တို့ဖြစ်သည်။
ရီကျင်းထျန်သည် စိတ်ရှုပ်သွားသည်။ ‘သူ့အဖေပေးသည့် ကောင်းကင်ကိုးပါးနှင့် ကမ္ဘာမြေဆယ်ခုဆေးလုံးသည်စစ်မှန်သည်လော။’ ‘သို့မဟုတ် ဝိညာဉ်ကျောက်တုံးသည် ယခင်ကရော ကွဲသွားသည်လား၊ သို့ဖြစ်ပါက အဘယ်ကြောင့် မတုံ့ပြန်ရသနည်း’
စမ်းသပ်မှုပြီးသွားသည့်တိုင် ရီကျင်းထျန်သည် အတွေးနှင့်ရူးသွပ်နေဆဲဖြစ်သည်။ ‘သူသကြားလုံး စားလိုက်တာမဟုတ်ဘူးလား?’
နောက်တစ်ယောက်သည် ရီကျင်းဟိုင်ဖြစ်သည်။ သူ၏ မရီးဒျန်ကွဲအက်သွားကာ မကျင့်ကြံနိုင်သော်လည်း သူ၏ဝိညာဉ်ရေးအမြစ်များသည် ပြဿနာမရှိခဲ့ဘဲ - သတ္တမအဆင့်သတ္တုရေ ဝိညာဉ်ရေးအမြစ်ဖြစ်သည်။
မကြာခင်အချိန်တွင် မိသားစုတစ်ခုလုံးအတွက် စမ်းသပ်မှုပြီးသွားပြီဖြစ်သည်။ ရီဖန်အသစ်ခေါ်ဆောင်လာသော ကိုယ်လုပ်တော်နှစ်ယောက်ပင်လျှင် ဝိညာဉ်ရေးမြစ်များရှိသည်။
သို့သော် ရီဖန်စိုးရိမ်သည့်အရာမှာ ရီမိသားစုတွင် မီးစွမ်းအားအရင်းအမြစ်ပိုင်ဆိုင်သူဟူ၍ ရီကျင်းထျန်နှင့် ရီကျင်းဖန်တို့နှစ်ဦးသာရှိခြင်းဖြစ်သည်။
ငွေချစ်ပရိတ်သတ်လေး ရီကျင်းဖန်တွင် သစ်သားနှင့်မီး ဝိညာဉ်အရင်းအမြစ်များရှိသည်။
ရီဖန်ကို အံ့အားသင့်စေခဲ့သည်မှာ သူ၏ တောက် ဆေးပညာနှင့်ပက်သက်သည့် မှတ်ဥာဏ်အရ ဤစွမ်းအားနှစ်ခုပိုင်ဆိုင်သော ကျင့်ကြံသူများသည် ဆေးလုံးပြုလုပ်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။
အနာဂတ်တွင် ငွေချစ်ပရိတ်သတ်လေး ရီကျင်းဖန်သည် ချမ်းသာသော အမျိုးသမီးတစ်ယောက် ဖြစ်လာလိမ့်မည်ထင်သည်။
ရီမိသားစုဝင်များ၏ အရည်အချင်းများသည် ကွဲပြားသောကြောင့် ရီဖန်ထံတွင် ဒြပ်စင်ငါးခုလုံး ရှိသည်။
သို့သော် များစွာသော အရည်အချင်းများကြောင့် လူတိုင်းအတွက် သင့်လျော်သည့် ကျင့်ကြံရေးနည်းစနစ်ကို ရှာဖွေရန်အတော်ကြိုးစားရပေမည်။
ရီမိသားစု၌ လက်ရှိတွင် အနီရောင်လုအန်း ကျင့်ကြံရေးနည်းစနစ်တစ်မျိုးတည်းသာရှိသည်။
အတိအကျဆိုရလျှင် ဤကျင့်ကြံရေးနည်းစနစ်သည် ရီမိသားစုနှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် စုမိသားစုထံမှ ခိုးယူခဲ့ကာ ပထမအလွှာသုံးလွှာသာ ပိုင်ဆိုင်ခဲ့သည်။
စုယန်သည် စုမိသားစုထံပြန်ရောက်သည့်အခါ များစွာအလေးထားမခံရပုံပေါ်သည်။
ရီဖန်သည် နောက်ထပ်တစ်ဆင့်ပြုလုပ်ရမည့်အရာများကို ယေဘူယျအားဖြင့် တွေးတောထားပြီးဖြစ်သည်။
သူသည် ရီမိသားစုအတွက် သင့်လျော်သော ကျင့်ကြံရေးနည်းစနစ်ကို ရှာဖွေရန် လိုအပ်ကာ မိသားစုကို ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးရမည်ဖြစ်သည်။
ထို့အပြင် သူသည် ရီကျင်းဟိုင်၏ ဒဏ်ရာများကိုကုသရန်ကာ ကျင့်ကြံရေးစတင်နိုင်ရန်အတွက် ဆေးလုံးကို လည်း ဖော်စပ်ရသေးသည်။
ယခုအခါ ရီဖန်သည် ကျင့်ကြံသူဖြစ်လာသည့်အတွက် နောက်ဆုံးတွင် စစ်မှန်သော အသက်ကယ်ဆေးလုံးများကို ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ဆေးဖက်ဝင်အပင်များကို ရှာဖွေရန် လွယ်ကူမည်မဟုတ်ပေ။
ရီဖန်သည် တုပေါင်ဆေးခန်းသို့သွားရောက်၍ သင့်တော်သော ဆေးဖက်ဝင်အပင်များ ရှိ၊ မရှိ မေးမြန်းရန် စီစဉ်ခဲ့သည်။
ကွမ်ဟဲစီရင်စုသို့ သွားကြည့်ရန် လည်း အချိန်တန်ပြီဖြစ်သည်။ စုယန်ကို ခေါ်ဆောင်သွားသည့်အချိန်မှစ၍ ရီဖန်သည် ကွမ်ဟဲစီရင်စုကို သွားရောက်လည်ပတ်ရန် သတ္တိမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စုမိသားစုသည် ကွမ်ဟဲစီရင်စုတွင် နေထိုင်ပုံပေါ်သောကြောင့် ဖြစ်သည်။
သို့သော် ဒီတစ်ခါတွင် သူသွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ဝမ်လုကောင်တီသို့ပြန်ရောက်သောအခါ ရီဖန်သည် တုပေါင်ဆေးခန်း၏ပိုင်ရှင် ချန်ပေါင်ထံသို့ ဆေးစာနှင့်အတူသွားခဲ့သည်။
“ဆိုင်ရှင်ချန်၊ ကျွန်တော် ဆေးဖက်ဝင်အပင်တွေ ဝယ်ချင်လို့၊ ခင်ဗျား မှာပေးနိုင်မယ့်သူရှိလား"
ဟယ်ရှောက်ဝူသည် ဆယ်နှစ်သက်တမ်းရှိကာ၊ ဂျင်ဆင်းသည် အသက်နှစ်ဆယ် သက်တမ်းရှိသည်။
ရီဖန်ပေးသော ဆေးညွှန်းကို ချန်ပေါင် ဖတ်ပြီးသောအခါ၊ သူသည် ခေါင်းကို ချက်ချင်းမော့လိုက်ကာ ရီဖန်ကို ကြည့်သော သူ့အကြည့်များ ပြောင်းလဲသွားသည်။
“ဒါတွေအားလုံးက တကယ့်ဝိညာဉ်ရေးဆေးတွေပါပဲ” ဟု ချန်ပေါင်သည် လေးနက်သောအဓိပ္ပာယ်ဖြင့် မှတ်ချက်ချခဲ့သည်။
ရီဖန်သည် တောင့်တင်းစွာပြုံးလိုက်ကာ "ခင်ဗျားဘာကိုဆိုလိုတာလဲ ဆိုင်ရှင်ချန်"
"ကျွန်တော်ဆိုလိုတာက ဒီဝိညာဉ်ရေးဆေးတွေကို ကျင့်ကြံသူတွေအတွက် ဆေးလုံးတွေ ပြုလုပ်ဖို့သုံးပါတယ်"
ဒိုင်း!
ချန်ပေါင်၏စကားများသည် ဗုံးခွံတစ်ခုလိုဖြစ်ကာ ရီဖန်ကိုတုန်လှုပ်သွားစေသည်။ တုပေါင်ဆေးခန်းသည် ကျင့်ကြံသူများနှင့် ချိတ်ဆက်မှုရှိပါသလော။
ရီဖန်ကို အချိန်အကြာကြီး စောင့်မနေဘဲ ချန်ပေါင်သည် တဖြည်းဖြည်း စကားစပြောလာသည် “ဒါ့ကြောင့် မင်းမှာ ထူးခြားတဲ့ ကံကောင်းမှုတွေ ရှိပုံရတယ်။ အခုကစပြီး ငါတို့ အချင်းချင်း တာအိုမိတ်ဆွေလို့ ခေါ်သင့်တယ်"
ချန်ပေါင်၏ ခန္ဓာကိုယ်မှ ကျင့်ကြံသူတစ်ဦး၏ အငွေ့အသက်များသည်စတင်ထွက်ပေါ်လာသည်။
အခန်း (၃၅) ဝတ္ထုများထံမှရသော အတွေ့အကြုံများ
ချန်ပေါင်ထံမှ ထွက်ပေါ်လာသော အရောင်အဝါသည် ချီစွမ်းအားကျင့်ကြံမှုပထမအဆင့်ရှိ ရီဖန်နှင့် အတူတူပင်ဖြစ်ကာ လွန်စွာမပြင်းထန်ပေ။
သို့သော် ချန်ပေါင်သည် ၎င်းကို ကောင်းစွာဝှက်ထားခဲ့ရာ သူကိုယ်တိုင်မဖော်ပြပါက ရီဖန်သည် သတိမပြုမိဘဲရှိသည်။
"မိတ်ဆွေရီရေ၊ ခင်ဗျားမှာ မေးခွန်းတွေ အများကြီးရှိတယ်ဆိုတာ ငါသိတယ်၊ ရှင်းပြပါရစေ"
ချန်ပေါင်၏ပြောပြချက်ကို ကြားပြီးနောက် ရီဖန်သည် တုပေါင်ဆေးခန်း၏ နောက်ခံသည် မည်မျှကြောက်စရာကောင်းသည်ကိုနားလည်လာခဲ့သည်။
တုပေါင်ဆေးခန်းသည် စီးပွါးဖြစ်လုပ်ငန်းတစ်ခုဖြစ်ရုံသာမက ကျင့်ကြံသူများ၏ စွမ်းအားအခြေစိုက်လည်းဖြစ်သည်။ ၎င်းသည် တာ့ယွီနိုင်ငံတော်တွင်သာမက တုပေါင်ဆေးခန်းမှ လွှမ်းမိုးမှုရှိသော မြောက်ပိုင်းနယ်မြေရှိ နိုင်ငံဆယ်ခုလုံးတွင်ဖြစ်သည်။
ချန်ပေါင်၏ပြောကြားချက်ကြောင့် ရီဖန်သည်လည်း ကျင့်ကြံမှုလောကအကြောင်း အခြေခံအားဖြင့် နားလည်လာခဲ့သည်။ ကျင့်ကြံသူများသည် ဤဆယ်နိုင်ငံတစ်ခုစီတိုင်းတွင် ရှိသည်။
သို့သော် ကျင့်ကြံသူများသည် ကျင့်ကြံမှုပြုလုပ်ရန်အတွက် သီးခြားပတ်ဝန်းကျင်များ လိုအပ်သည့်အတွက် ၎င်းတို့သည် လောကီနယ်ပယ်တွင်ပေါ်လာရန်ခဲယဉ်းသည်။
တာ့ယွီနိုင်ငံတော်ထဲတွင်ကဲ့သို့ပင် ကျင့်ကြံသူမိသားစု များစွာရှိသည်။
သို့သော် ဤကျင့်ကြံရေးမိသားစုအများစုသည် ဝိညာဉ်အရင်းအမြစ်များပြားသော တောင်တန်းကြီးများတွင်သာ နေထိုင်ကြသည်။
"ခင်များတို့ ရီမိသားစု ရုတ်တရက် ပြောင်းလာကတည်းက ဒီလိုဖြစ်မယ်မှန်း ထင်လိုက်တာ၊ မှန်နေတာပဲ”
ရီဖန်သည် သူသိုဝှက်နိုင်ခဲ့သည်ဟု ထင်ထားသော်လည်း အမှန်တကယ်တွင် သူအလွန်ပေါ့ဆခဲ့ပုံပေါ်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ချန်ပေါင်ထံတွင် မကောင်းသော ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။
"မိတ်ဆွေရီ၊ ခင်ဗျား ဝမ်လုကောင်တီရဲ့ တုပေါင်ဆေးခန်းမှာ ဒီဝိညာဉ်ဆေးဖက်ဝင်အပင်တွေကို ဝယ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဝမ်လုကောင်တီရဲ့အရှေ့ဘက်မိုင်၃၀၀ အကွာမှာ ခင်ဗျားကြည့်လို့ရမယ့်စျေးတော့ရှိတယ်"
"ဒါပေမယ့် အပင်တွေရဲ့ စျေးနှုန်းက မနည်းဘူး၊ ဒီ ဝိဥာဉ်ဆေးဖက်ဝင်အပင်တွေက တစ်ခုကို ဝိညာဉ်ကျောက်တုံးတစ်ဝက်လောက် ကုန်ကျနိုင်တယ်"
ချန်ပေါင်၏စကားများအားကြောင့် ရီဖန်သည် နောက်ဆုံးတွင် ကျင့်ကြံရေးလောကအကြောင်းကို အကြမ်းဖျင်းနားလည်လာခဲ့သည်။
ချန်ပေါ်သည် ရီဖန်ကိုကို ဈေးသို့သွားရန်အတွက် လမ်းညွှန်မြေပုံတစ်ခု ပေးသည်။
မိုင်၂၀၀ကျော်မျှ အကွာအဝေးသည် ကျင့်ကြံသူများသာမက မွေးဖွားခြင်းအဆင့်ရှိ သိုင်းပညာရှင်များအတွက်ပါ မဝေးပေ။
တစ်ရက်အတွင်း၌ ရီဖန်သည် ချင်ယွင်စျေးသို့ရောက်သွားသည်။
နေရာသို့ရောက်သောအခါ အနီးပတ်ဝန်းကျင်သည် ဈေးတစ်ခုမှအရိပ်အယောင်မရှိဘဲ တောင်ထူထပ်သော နေရာတစ်ခုမျှသာဖြစ်ကြောင်း ရီဖန်တွေ့ရှိခဲ့ရသည်။
‘ချန်ပေါင်ပေးတဲ့မြေပုံကပဲ မှားနေသလား၊ ဒါမှမဟုတ် နေရာမှားပြီး ရောက်နေတာလား’
ရီဖန်သည် တစ်ခဏမျှ သံသယဝင်သွားသည်။
‘မဟုတ်သေးဘူး၊ ဒီစျေးကကျင့်ကြံသူတွေအတွက် ရည်ရွယ်တာဆိုတော့ နည်းလမ်းတစ်ခုခုရှိကို ရှိရမယ်’
ရီဖန်သည် စူးစမ်းလေ့လာရန်အတွက် ဝိညာဉ်စွမ်းအင်ကိုအသုံးပြုကာ ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်ကို ဆက်သွယ်ထားသည့် မမြင်နိုင်သောဖွဲ့စည်းပုံကို ရုတ်တရက် သတိပြုမိလိုက်သည်။
ရီဖန်၏ ပထမအဆင့်ဖွဲ့စည်းတည်ဆောင်ပုံများကို သိရှိသည့်ဥာဏ်ဖြင့် သူသည် ဤနေရာ၌ ဖုံးကွယ်ထားသော အသွင်သဏ္ဍန်တစ်ခုရှိကြောင်း လျင်မြန်စွာသဘောပေါက်လိုက်သည်။
ဤလျှို့ဝှက်ဖွဲ့စည်းမှုသည် လောကီမှလူများစျေးထဲသို့ မတော်တဆဝင်ရောက်ခြင်းမှ တားဆီးရန်သာဖြစ်သည်။ ကျင့်ကြံသူများကို အဟန့်အတားမဖြစ်နိုင်ပေ။
ရီဖန်သည် အတားအဆီးကို ဖြတ်ကျော်လာသည်နှင့်အမျှ သူ့မျက်လုံးရှေ့မှ မြင်ကွင်းသည် သိသိသာသာ ပြောင်းလဲသွားကာ မြို့တစ်မြို့ ပေါ်လာသည်။
မြို့သည် ကျင့်ကြံသူများနှင့် သိုင်းပညာရှင်များဖြင့် စည်ကားနေသည်။
ကျင့်ကြံသူများအပြား၏ အရောင်အဝါများသည် ရီဖန်အပေါ် ကြီးမားသောဖိအားဖြစ်စေခဲ့သည်။ ဤနေရာသည် ချင်းယွင်စျေးဖြစ်သည်။
"ဝိညာဉ်မြက်၊ ၁၀နှစ်သက်တမ်းရှိတဲ့ ဝိညာဉ်မြက်နော်၊ မြန်မြန် လာကြည့်ကြ" “အဆင့်နိမ့်ရှေးဟောင်း မှော်ပစ္စည်းနော်၊ ဝိညာဉ်ကျောက်ဆယ်လုံးစီနဲ့ လျှော့ဈေးချပြီး ရောင်းပေးမယ်”
“ရာစုနှစ်အများကြီး သက်တမ်းရှိတဲ့ အေးခဲသံ၊ ရှေးဟောင်းမှော်ပစ္စည်းတွေကို သန့်စင်ဖို့ ပြီးပြည့်စုံတဲ့ ပစ္စည်းတစ်ခုလိုနေရင် မြန်မြန်လာနော်”
ဆွဲဆောင်မှုရှိသော ခေါ်ဆိုမှုများသည် ရီဖန်ကို တုန်လှုပ်ချောက်ချားမှုထဲမှ ပြန်တွန်းထုတ်ခဲ့သည်။ ဤမြင်ကွင်းသည် လောကီကမ္ဘာမှလူများ၏ ဈေးတစ်ခုစျေးကဲ့သို့ပင်။
သို့သော် တစ်ခုကွာခြားသည်မှာ ဤရောင်းချသူများသည် အတုမရှိသော အင်မော်တယ်များပင်ဖြစ်သည်။
ရီဖန်သည် စျေးထဲသို့မ၀င်မီ သူ၏စိတ်ခံစားမှုများကို ငြိမ်သက်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။
မကြာခင်၌ ရီဖန်စျေးကွက်အကြောင်းကို ယေဘူယျနားလည်လာသည်။ ဈေးအပြင်ဘက်တွင် လမ်းဘေးဈေးသည်များရှိသည်။ အတွင်းဘက်တွင် ဆိုင်ခန်းများစွာရှိသည်။
"ဒီကမိတ်ဆွေ၊ ချင်းယွင်စျေးမှာ မင်းကို ပထမဆုံးတွေ့ဖူးခြင်းပဲ၊ လမ်းညွှန်စာအုပ်များ ဝယ်ချင်သလား"
အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ကျော်အရွယ် အဖိုးအိုသည် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ကာ ရီဖန်ကို ရောင်းချနေသည်။
“ဝိညာဉ်ကျောက်တုံးတွေမရှိဘူး၊ အဲတာလဲ မလိုပါဘူး”
ရီဖန်သည် သူ့အဝတ်အစားများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။ သူ့အိတ်ထဲတွင် ယခုတစ်ကြိမ် ယူဆောင်လာသည့် ဝိညာဉ်ကျောက်တုံးငါးဆယ်သာရှိသည်။
ရီမိသားစုတွင် ဝိညာဉ်ကျောက်တုံးသွေးကြောတစ်ခုရှိသော်လည်း တူးဖော်ရန်အတွက် ခက်ခဲလွန်းလှသည်။ ဤကာလအတွင်း၌ ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ တူးဖော်နိုင်ခဲ့သည်။
“ဝိညာဉ်ကျောက်တုံးတွေဟုတ်လည်း ငွေသားနဲ့လက်ခံပါတယ်၊ စာအုပ်တစ်အုပ်ကို ငွေတစ်ရာ”
အဆင့်နိမ့်ကျင့်ကြံသူများသည်လည်း ဆေးလုံးများဝယ်ယူရသည့်အတွက် ငွေလည်း လိုအပ်သည်။
ငွေဖြင့်ပေးချေပါက ရီဖန်လက်ခံနိုင်သည်။ ငွေတစ်ရာကို ချက်ချင်းထုတ်ကာ စာအုပ်တစ်အုပ်နဲ့ လဲလှယ်လိုက်တယ်။
ချင်းယွင်စျေး တည်နေရာရှာဖွေခြင်း။
ချင်းယွင်စျေးသည် ဤနေရာတစ်ဝိုက်တွင်ရှိသည့် ကျင့်ကြံသူမိသားစုဖြစ်သော လီမိသားစုမှ ပိုင်ဆိုင်သည်။
လီမိသားစုသည် ချီစွမ်းအားကျင့်ကြံမှုနှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများရှိသည်ဟု ကောလာဟလများထွက်ပေါ်နေသည့် ရာစုနှစ်တစ်ခုသက်တမ်းရှိသော ကျင့်ကြံသူမိသားစုဖြစ်သည်။
၎င်းတို့၏ ခွန်အားဖြင့် လီမိသားစုသည် ဤကဲ့သို့သော အကျိုးအမြတ်များသည့် ဈေးကွက်ကို ထိန်းချုပ်နိုင်ခဲ့သည်။
ဈေးဆိုင်ဖွင့်သည်ဖြစ်စေ၊ ဆိုင်ဖွင့်သည်ဖြစ်စေ ဈေးထဲတွင် အခကြေးငွေပေးဆောင်ရမည်ဟု နားလည်ထားရမည်ဖြစ်သည်။
လီမိသားစုသည် ဤဈေးတစ်ခုတည်းမှ ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာကို လစဉ်ရရှိသည်။
ထို့အပြင် စျေးထဲတွင် လီမိသားစုပိုင်ဆိုင်သော ဈေးဆိုင်တချို့လည်း ရှိသည်။
ဝိညာဉ်ဆေးဖက်ဝင်အပင်များ၊ ဝိညာဉ်ပစ္စည်းများ၊ မှော်အသုံးအဆောင်ပစ္စည်းများနှင့် အခြားအရာများအားလုံးကို ဤစျေး၌ ဝယ်ယူရရှိနိုင်ပါသည်။
ရီဖန်သည် ဝိညာဉ်ဆေးဖက်ဝင်အပင်များနှင့် ဝိဥာဉ်ပစ္စည်းများကို ခွဲခြားသိမြင်နိုင်သော်လည်း ပြဿနာမဖြစ်စေရန်အတွက် သူသည် လီမိသားစုပိုင်ဆိုင်တစ်ဆိုင်သို့ တည့်တည့်သွားခဲ့သည်။
"ကျွန်တော် ကျင့်ကြံရေးနည်းစနစ်နည်းနည်း ဝယ်ချင်ပါတယ်"
များသောအားဖြင့် ကျင့်ကြံသူများတွင် အမျိုးမျိုးသော အရည်အချင်းများရှိသည့်အထဲတွင် အဓိကတစ်ခုကိုသာ ရွေးချယ်ကာ ကျန်အရံများကို လစ်လျူရှူထားတတ်ကြသည်။
ချီစွမ်းအားသန့်စင်မှုအဆင့်ရှိ ကျင့်ကြံသူသည် သက်တမ်းအကန့်အသတ်ရှိသည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ မဖြတ်ကျော်နိုင်ပါက ၎င်းတို့သည် အများဆုံး အနှစ်တစ်ရာ့သုံးဆယ် သို့မဟုတ် လေးဆယ်အထိသာ နေထိုင်နိုင်သည်။
အရည်အချင်းများ အားလုံးကို ကျင့်ကြံရမည်ဆိုပါက အလွန်မြင့်မားသော အရည်အချင်းမရှိလျှင် အခြေခံအုတ်မြစ်တည်ဆောင်ခြင်းအဆင့်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်းရှိမည်မဟုတ်။ ထို့ကြောင့် အင်မော်တယ်အဖြစ် ကျင့်ကြံနိုင်ရန်လည်း မရှိပေ။
ခဏအကြာတွင် ဆိုင်ရှိဝန်ထမ်းသည် လမ်းညွှန်စာအုပ်ကို ယူလာခဲ့သည်။
ချင်မုနည်းစနစ်သည် ချီစွမ်းအားကျင့်ကြံမှုစတုတ္ထအဆင့်အထိရောက်ရှိနိုင်ကာ ဝိညာဉ်ကျောက်တုံးဆယ်လုံးကျသင့်မည်ဖြစ်သည်။
မြေကမ္ဘာဇစ်မြစ်ကျမ်းဂန်သည် ဝိညာဉ်ကျောက်ရှစ်လုံးတန်ဖိုးရှိကာ ချီစွမ်းအားကျင့်ကြံမှု တတိယအဆင့်အထိ အများဆုံးရောက်ရှိနိုင်သည်။
တစ်အုပ်ပြီး တစ်အုပ် ဖတ်ကြည့်ပြီးနောက် ကျင့်ကြံရေးလမ်းစဉ်အားလုံးသည် အဆင့်နိမ့်များသာဖြစ်နေသည်။ တိုက်ခိုက်ရေး သို့မဟုတ် ကျင့်ကြံမှုအမြန်နှုန်းအတွက် မည်သည့် ထူးခြားသောင်္အဂါရပ်မျှ မပါဘဲရှိသည်။
သို့သော် ဤအရာများသည် ရီဖန်တတ်နိုင်သည့် တစ်ခုတည်းသော ကျင့်ကြံရေးနည်းစနစ်များဖြစ်သည်။
မူလတွင် ဝိညာဉ်ကျောက်တုံးငါးဆယ်သည် နည်းသည်မဟုတ်ဟု ထင်ခဲ့သော်လည်း ယခုတွင်မူ သူသည် အတော်မွဲနေပုံပေါ်သည်။
ရီဖန်သည် သူ၏ ဝိညာဉ်ကျောက်တုံးသွေးကြောမှ တူးဖော်ရရှိသော ဝိညာဉ်ကျောက်တုံးများသည် အနိမ့်ဆုံးဖြစ်သော အဆင့်နိမ့်ဝိညာဉ်ကျောက်များဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရသည်။
ရီဖန်ကို အံ့အားသင့်စေသည့် တစ်ခုတည်းသောအချက်မှာ အရွယ်အစားအမျိုးမျိုးရှိသည့် ဝိညာဉ်ကျောက်တုံးများဖြစ်သည်။ သူထပ်မံ၍ အညီအမျှ ခွဲကြည့်လိုက်ရာ ငါးဆယ်တုံးသာမဟုတ်ဘဲ စုစုပေါင်း ခြောက်ဆယ့်နှစ်တုံးဖြစ်နေကြောင်း အံ့ဩစွာသိရှိလိုက်ရသည်။
ကျင့်ကြံရေးနည်းစနစ်လေးခု၊ အဆင့်နိမ့်မီးလျှံထိန်းချုပ်မှုနည်းစနစ်တစ်ခု၊ ချီကျင့်ကြံမှုဆေးလုံးအတွက် ပါဝင်ပစ္စည်းဆယ်ပုံ ဝယ်ယူပြီးနောက်တွင် ရီဖန်သည် ဝိညာဉ်ကျောက်တုံးနှစ်တုံးနှင့်သာ ကျန်ရစ်ခဲ့သည်။
“ကျင့်ကြံသူမိတ်ဆွေရေ၊ သိုလှောင်အိတ် မလိုချင်ဘူးလား။ တစ်ကုဗမီတာပဲ နေရာယူပြီးတော့ ဝိညာဉ်ကျောက်တုံးတစ်ရာပဲ ကျမှာ"
ရီဖန်သည် ထိတ်လန့်စွာ ထခုန်မိသည်။ သူအမှန်တကယ်ပင် မတတ်နိုင်တော့ပေ။
သူသည် ဈေးမှထွက်ကာ အိမ်သို့ တည့်တည့်ပြန်သွားသည်။ ရီဖန်သည် ရုတ်တရက် ရပ်တန့်လိုက်သောအခါ သူသည် မိုင်အနည်းငယ်မျှရောက်နေပြီဖြစ်သည်။
"ထွက်လာခဲ့!" ရီဖန်သည် သူ့နောက်ကျောဘက်သို့ ခပ်တိုးတိုးပြောလိုက်သည်။
သူ့နောက်ကွယ်ရှိ ချီစွမ်းအားကျင့်ကြံမှု အဆင့်နှစ်ရှိသည့် ကျင့်ကြံသူနှစ်ဦးသည် တုန်လှုပ်သွားခဲ့သည်။
‘ဒါက ဘယ်လိုအခြေအနေလဲ။ ချီစွမ်းအားကျင့်ကြံမှုပထမအဆင့်က လူတစ်ဦးက ၎င်းတို့ကို တကယ်သတိထားမိသွားတယ်လား၊ ဒီလူက အားနည်းဟန်ဆောင်နေတဲ့ ကျားများလား’
သို့သော် သူတို့နှစ်ယောက်ကိုရှာတွေ့ပြီးဖြစ်သည့်အတွက် ထွက်လာဖို့နှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
ရီဖန်သည်လည်း ထိတ်လန့်သွားကာ အမှန်တကယ်ပင် လူရှိနေမည်ဟု သူမထင်ထားဘဲရှိသည်။
သူသည် ဝတ္ထုဖတ်ခြင်းမှ သင်ယူခဲ့သောအသိပညာများအရ သူ၏ ကြွယ်ဝမှုကို ထုတ်ဖော်ပြသခဲ့သဖြင့် ဓားပြများ ပေါ်လာတော့မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။
ခုနက ထုတ်ပြောလိုက်ခြင်းသည် သူတို့ကိုခြောက်လှန့်ရန်အတွက်သာဖြစ်သည်။ အမှန်တကယ် လူရှိမည်ဟု မထင်ထားခဲ့ပေ။
ဓားပြများ၏ သန်မာမှုကိုမသိသောကြောင့် ရီဖန်သည် အနည်းငယ် ထိတ်လန့်သွားသည်။
ရီဖန်သည် အားနည်းဟန်ဆောင်နေသည်ဟုထင်သွားသော ကျင့်ကြံသူနှစ်ဦးသည်လည်း အနည်းငယ် ကြောက်ရွံ့နေသည်။
ခဏအကြာမျှ နှစ်ဖက်စလုံးသည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြသည်။
…………………..
အခန်း (၃၆) မိသားစုလက်နက်တိုက် (၄) ၊ ကျင့်ကြံရေးနည်းလမ်း
‘တိုက်ကြမှာလား၊ မတိုက်ကြဘူးလား’
အဆုံးတွင်နှစ်ယောက်သည် ပထမဦးစွာတိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။
လက်ထဲတွင် လေဓားတစ်လက်နှင့် မီးလုံးတစ်လုံးကိုဖန်တီးကာ ရီဖန်ဆီသို့ တွန်းပို့လိုက်ကြသည်။
အကယ်၍ ရှေးဟောင်းမှော်ပစ္စည်းများကို တတ်နိုင်ပါက ရီဖန်ကဲ့သို့ အတွေ့အကြုံမရှိသေးသည့် ကျင့်ကြံရေးသမားဆီမှ လုယက်နေမည်မဟုတ်ပေ။
ရီဖန်သည် နည်းပညာတစ်ခုကိုပင် မကျွမ်းကျင်သေးသောကြောင့်၊ ရန်သူကို တိုက်ခိုက်ရန်အတွက် ကျင့်ကြံရေးနည်းလမ်းများကို အသုံးမချနိုင်ဘဲရှိသည်။
ရီဖန်သည် သူ၏နာမည်ကြီးဓားရှည်ကို ဆွဲထုတ်လိုက်ကာ ထိုသူနှစ်ဦးထံသို့ မြှားတစ်စင်းသဖွယ် ချိန်ရွယ်လိုက်သည်။
‘သူရဲကောင်းလား?’
နှစ်ယောက်သားသည် မထီမဲ့မြင်ပြုလိုက်သည်။ သူတို့မျက်လုံးထဲတွင် သိုင်းပညာရှင်တစ်ဦးသည် သဲအိတ်တစ်ခုထက်မပိုပေ။
နောက်အခိုက်အတန့်တွင် ငါးမီတာရှည်သည့် တောက်ပသော ဓားတစ်လက်သည် ကောင်းကင်မှလွှဲချလာသည်။
‘သေစမ်း၊ မွေးဖွားခြင်းနယ်မြေအဆင့်သူရဲကောင်းလား’
ကျင့်ကြံသူနှစ်ယောက်သည် ချက်ချင်းပြန်လှည့်ကာ ထွက်ပြေးကြသည်။ သိုင်းပညာရှင်များသည် အားနည်းနိုင်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်ရှိ သိုင်းပညာရှင်များသည် ၎င်းတို့ထက် များစွာ အားကောင်းသည်။
၎င်းသည် အတွေ့အကြုံမရှိသေးသော ကျင့်ကြံသူအဖြစ် ဟန်ဆောင်ကာ သူတို့ကို လှည့်စားခဲ့သည်။
ဓားသည် ဖျတ်ခနဲလက်သွားပြီးနောက် ခေါင်းနှစ်လုံးသည် ကောင်းကင်ပေါ်သို့ပျံတက်သွားသည်။
သူတို့နှစ်ယောက် ချန်ရစ်ခဲ့သည့် တွင်းနက်နှစ်ခုကို ပြန်ကြည့်လိုက်ကာ ရီဖန်သည် သက်ပြင်းချမိသည်။
သူ၍ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှ အမြန်မြှင့်တင်ရန် လိုအပ်နေပုံရသည်။
ချီစွမ်းအားပြန်လည်သန့်စင်ခြင်းနယ်ပယ်တွင် တိုက်ခိုက်ရေးစွမ်းအားရှိသူများသည် ရှားပါးသည်။
သူတို့၏ ခန္ဓာကိုယ်များကို ရှာဖွေပြီးနောက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသုံးလုံးနှင့် စာလုံးပေါင်းစာအုပ်နှစ်အုပ်ကိုယူကာ ရီဖန်သည် ၎င်းတို့၏ဆင်းရဲနွမ်းပါးမှုကို ကျိန်ဆဲမိသည်။
နောက်တစ်ရက်ကြာသောအခါ ရီဖန်သည် အိမ်သို့ ပြန်ရောက်ခဲ့သည်။
“အခုကစပြီး ဒီကျင့်ကြံရေးနည်းစနစ်တွေကို ရီမိသားစုထဲထားမှာမို့ မင်းတို့လိုချင်ရင် လာယူပြီး လေ့ကျင့်လို့ရတယ်”
ဤကျင့်ကြံနည်းငါးမျိုးနှင့် နည်းပညာသုံးခုသည် ရီမိသားစု၏ အခြေခံအုတ်မြစ်ကိုခိုင်မာစေခဲ့သည်။
“ရေရှည်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် သခင့်ကိုဂုဏ်ပြုပါတယ်- ကျင့်ကြံရေးနည်းစနစ်များ (ပြီးဆုံး)သွားသည့်အတွက် ဆုလာဘ်ထုတ်ယူလို့ရပါပြီ”
အခြေခံကျသော ချီစွမ်းအားကျင့်ကြံရေးနည်းပညာကြောင့် ရီဖန်သည် မိသားစုတာဝန်ကို တိုက်ရိုက်ပြီးမြောက်နိုင်ခဲ့သည်။
ကျင့်ကြံခြင်းနှင့် သိုင်းပညာလေ့ကျင့်မှုကြားတွင် သေချာပေါက် ကွာဟချက်ရှိနေသည်။
“ဆုကို ထုတ်လိုက်ပါ”
"ဆုလက်ခံရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်- နည်းပညာ များစွာကျွမ်းကျင်မှု (ဆယ်နှစ်)"
ဤဆုလာဘ်သည် ဆယ်နှစ်လေ့ကျင့်မှုနှင့် ညီမျှသော နည်းပညာစွမ်းရည်ကို တိုးစေမည်ဖြစ်သည်။ ဆယ်နှစ်သည် နည်းပညာများပြည့်စုံရန် လုံလောက်မည်မှာ သေချာသည်။
အခြေခံနည်းပညာများထဲတွင် ရီဖန်အလိုအပ်ဆုံးမှာ မီးတောက်ထိန်းချုပ်မှုနည်းစနစ်ဖြစ်သည်။
မီးတောက်ထိန်းချုပ်မှုနည်းစနစ်သည် တိုက်ခိုက်ရေးနှင့် ဆေးပညာအတွက် ဝိညာဉ်မီးကို ထိန်းချုပ်နိုင်ကာ ၎င်းသည် အလွန်လက်တွေ့ကျသော နည်းပညာတစ်ခု ဖြစ်လာသည်။
ရီဖန်ထံတွင် ဆေးပညာကျွမ်းကျင်မှုရှိကာ မီးတောက်ထိန်းချုပ်မှုနည်းပညာကို ကျင့်ကြံရန်အတွက် လမ်းညွှန်ပေးနေသည်။
မီးကိုထိန်းချုပ်နိုင်မှုသည် ဆေးပညာတွင် အရေးကြီးသော စွမ်းရည်တစ်ခုဖြစ်သည်။
ရီမိသားစုသည် ကျင့်ကြံရေးပြုလုပ်ရန်အတွက်အထီးကျန်ကာလတစ်ခု ထပ်မံစတင်ခဲ့သည်။
ထိုအချိန်တွင် ရီဖန်သည်ဆေးလုံးများ စတင်ပြုလုပ်သည်။
ဝိညာဉ်ရေးဆေးတစ်လုံးသည် ဝိညာဉ်ကျောက်တုံးတစ်ဝက်နှင့် ညီမျှသောကြောင့် ရီဖန်သည် ၎င်းကိုဂရုတစိုက်ကိုင်တွယ်ရလေသည်။
ဆေးလုံးအသွင်သဏ္ဍာန်ပေါ်ခါနီးတွင် ပျော့ပျောင်းသောအမှုန်အမွှားသည် မီးအား ပြင်းထန်လွန်းသဖြင့် ပျက်စီးသွားသည်။
ဝိညာဉ်ကျောက်တုံးတစ်ဝက်ခန့် ဆုံးရှုံးလိုက်ရသဖြင့် ရီဖန်သည် အသည်းကွဲသွားသည်။
နှစ်ကြိမ်၊ သုံးကြိမ်။
စတုတ္ထအကြိမ်တွင် ရီဖန်၏ ဝိညာဉ်စွမ်းအားများ ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။
နောက်ဆုံးအသုတ်တွင် ဆေးအနည်းငယ်သည် ဆေးလုံးအသွင်ပေါ်လာသောအခါ ရီဖန်သည် မှော်အက္ခရာကို ဆွဲကိုင်လိုက်ကာ ဆေးကို ကောက်ယူလိုက်သည်။
ရီဖန်၏လက်ထဲတွင် အဝိုင်းပုံသဏ္ဍာန်ဆေးလုံးတစ်လုံး ပေါ်လာသည်။ ထွက်လာသော အနံ့သည် ရီဖန်ကို လန်းဆန်းစေသည်။
အခြေခံအကျဆုံး ချီစွမ်းအားကျင့်ကြံရေး ဆေးလုံးသည် အရည်အသွေးအနိမ့်ဆုံးဖြစ်သော်လည်း၊ ၎င်းသည်ပင် ရီဖန်အလွန်ပျော်ရွှင်စေသည်။
ချီစွမ်းအားကျင့်ကြံရေးဆေးလုံးကို ဝိညာဉ်ကျောက်တစ်လုံးကျသင့်ကာ အမြတ်ငွေနှစ်ဆ ရရှိမည်ဖြစ်သည်။
သူရှုံးနေသေးသော်လည်း ရီဖန်သည် ယခုအခါတွင် ကျွမ်းကျင်လာပြီဖြစ်သည်။ အနာဂတ်တွင် သူ၏အောင်မြင်မှုနှုန်းသည် မြင့်မားမည်ဖြစ်ကာ ဆုံးရှုံးမှုအတွက် သူစိုးရိမ်ရတော့မည် မဟုတ်ပေ။
ဆေးပညာသည် အမှန်တကယ် အမြတ်အစွန်းရသော အလုပ်တစ်ခုဖြစ်သည်။
ရီဖန်သည် ပြင်ဆင်ထားသည့် ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ ၎င်းအတွင်း၌ ဆေးလုံးကို သိမ်းဆည်းလိုက်သည်။
ကျောက်စိမ်းပုလင်းသည် ၎င်း၏ဆေးဖက်ဝင်ဂုဏ်သတ္တိများ ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်သောကြောင့် ၎င်းသည် မရှိမဖြစ်ကိရိယာတစ်ခုဖြစ်သည်။
အနာဂတ်တွင် ဆေးဝါးအဆင့်တိုးလာသောအခါတွင် ကျောက်စိမ်းပုလင်းအတွင်းတွင် အမျိုးမျိုးသောပုံစံများကို ထွင်းထုထားရန် လိုအပ်ပြီး ကုန်ကျစရိတ်များစွာရှိမည်ဖြစ်သည်။
ကံကောင်းစွာဖြင့် ရီဖန်သည် ဖွဲ့စည်းတည်ဆောက်ပုံများနှင့် ရှေးဟောင်းပစ္စည်းများ သန့်စင်ခြင်း နှစ်မျိုးလုံးကို သိသောကြောင့် ဤအရာများကို သူကိုယ်တိုင် ကိုင်တွယ်နိုင်ခဲ့သည်။
အနာဂတ်တွင် သူသည်ပါဝင်ပစ္စည်းများကို လေ့ကျင့်နိုင်ပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ပါဝင်ပစ္စည်းများမှ ကုန်ပစ္စည်းထုတ်လုပ်သည်အထိ မည်သူကိုမျှ တစ်ပြားတစ်ချပ်မှ ပေးရန်အစီအစဉ်မရှိတော့ပေ။
ရီဖန်သည် ဆေးပညာကို ဆက်လက်မလုပ်ဆောင်ခဲ့ပေ၊ အကြောင်းမှာ သူ၏ ဝိညာဉ်စွမ်းအားသည် တစ်နေ့လျှင် ချီစွမ်းအားပြန်လည်သန့်စင်ခြင်းဆေးလုံးသုံးခုမှ လေးခုသာ ထုတ်လုပ်နိုင်သောကြောင့်ဖြစ်သည်။
လက်ကျန်အချိန်သည် ရီဖန်၏ ဝိညာဉ်စွမ်းအင် ပြန်လည်ရရှိရန် လုံလောက်ပါသည်။
သူ့ထံတွင် ချီစွမ်းအားပြန်လည်သန့်စင်ရေးဆေးလုံးရှိသည်မှာမှန်သော်လည်း ရီဖန်သုံးမည်မဟုတ်ပေ။ သူ၏သေးငယ်သောလုပ်ငန်းအတွက် ငွေတစ်ပြား ချင်းစီ စုဆောင်းထားရမည်ဖြစ်သည်။
နောက်တစ်နေ့တွင် ရီဖန်သည် နောက်ထပ် ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။
သို့သော် ဤပါဝင်ပစ္စည်းများသည် ချီစွမ်းအားပြန်လည်သန့်စင်ခြင်းဆေးလုံးများကို သန့်စင်ရန်အတွက်မဟုတ်ဘဲ ရီကျင်းဟိုင်ကို ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်သည့် ဆေးလုံးများကို သန့်စင်ရန်အတွက်ဖြစ်သည်။
သူသည် ပါဝင်ပစ္စည်းများကို ထည့်သွင်းကာ သူ၏ဝိညာဉ်ရေးစွမ်းအင်ဖြင့် ဝိညာဉ်မီးကို နှိုးဆွကာ ၎င်းတို့ကို ဆေးရည်အဖြစ် ပြောင်းလဲခဲ့သည်။ ထို့နောက်တွင် ဆေးရည်ကို ဆေးလုံးများအဖြစ် ပေါင်းခံခဲ့သည်။
သို့သော် နောက်အခိုက်အတန့်တွင် ဆေးအရည်သည် ချက်ချင်းလောင်ကျွမ်းသွားကာ အကြွင်းအကျန်တစ်ပုံမျှသာ ကျန်တော့သည်။
ရီဖန်သည် သူလုပ်နေတာတွေကို ရပ်လိုက်ကာ ဆေးဖိုကို ကောက်ယူကြည့်လိုက်ရာ ဆေးဖိုတွင် အက်ကွဲကြောင်းတစ်ခု ပေါ်နေသည်ကိုတွေ့လိုက်သည်။
၎င်းသည် အလွန်သေးငယ်ကာ စစ်ဆေးသည့်အချိန်တွင် သိသာထင်ရှားခြင်းမရှိသော်လည်း ၎င်းသည်ဆေးလုံး၏သန့်စင်မှုကို ထိခိုက်စေနိုင်သည်။
ချီစွမ်းအားပြန်လည်သန့်စင်ခြင်းဆေးလုံးများကို သန့်စင်ရန်အတွက် သည်းခံကာ မဆုတ်မနစ် အသုံးပြုမှသာရနိုင်တော့မည်။
သို့သော် ပိုခက်ခဲသည့် ဆေးလုံးများကိုသန့်စင်ရန်အတွက် ဤဆေးဖိုသည်လုံးဝ အသုံးမဝင်တော့ဘဲ ပိုကောင်းသည့် ဆေးဖိုတစ်ခုဖြင့် လဲလှယ်ရမည်။
အကောင်းဆုံးရွေးချယ်မှုမှာ ရှေးဟောင်းမှော်ပညာအဆင့်မီးဖိုဖြစ်သည်။
သာမာန်ဆေးဖိုများသည် ဝိညာဉ်ရေးမီး၏ အဆက်မပြတ်တောက်လောင်နေသည့် အပူဒဏ်ကို မခံနိုင်ပေ။
အနိမ့်ဆုံးအဆင့်ရှိ ရှေးဟောင်းမှော်အဆင့် ဆေးဖိုသည်ပင် အနိမ့်ဆုံးဝိညာဉ်ကျောက်တုံးငါးဆယ်အထိ ကုန်ကျမည်ဖြစ်ကာ ရီဖန်သည် ဝယ်ယူရန်မတတ်နိုင်ဘဲရှိသည်။
ယခုတွင် ရီကျင်းဟိုင်အတွက် ဆေးလုံးကိုသန့်စင်ရန် သူ့တွင် အဖြေတစ်ခုသာရှိသည်။
သူသည် ဆေးလုံးကိုသန့်စင်ရန်အတွက် မီးဖိုထဲတွင် ခံနိုင်ရည်အရှိဆုံးမီးကို အသုံးပြု၍ မီးတောက်ထိန်းချုပ်မှုနည်းပညာကို ကျင့်ကြံရမည်ဖြစ်သည်။
နောက်လတွင် ရီဖန်သည် အခြားအရာအားလုံးကို ခေတ္တဆိုင်းငံ့ထားကာ မီးတောက်ထိန်းချုပ်ခြင်းနည်းပညာကို ကျင့်ကြံရန်အတွက် အပြည့်အဝအာရုံစိုက်ခဲ့သည်။
သူ့လက်ကို မြှောက်လိုက်ရာ မီးတောက်သည် သူ့လက်ထဲတွင် ပုံသဏ္ဍာန်ပြောင်းသွားသည်။ တစ်ခဏတွင် ငှက်တစ်ကောင်ဖြစ်သွားကာ နောက်တခဏတွင် လိပ်တစ်ကောင်ဖြစ်လာသည်။
ဇာတ်ကောင်- ရီဖန်
သက်တမ်း- ၇၂နှစ်
အဆင့်- အစောပိုင်းမွေးဖွားခြင်းနယ်မြေအဆင့် (၂၁၂/၁၀၀၀၀)၊ ချီစွမ်းအားကျင့်ကြံမှုအလွှာ (၁) (၁၂/၁၀၀၀)
စွမ်းရည်များ- ပထမတန်း တောက်ဆေးပညာ (၁၅၉၉/၁၆၀၀)၊ ပထမတန်း ပန်းပဲပညာ (၁၅၉၉/၁၆၀၀)၊ ပထမတန်းဖွဲ့စည်းတည်ဆောက်ပုံ (၁၅၉၉/၁၆၀၀)၊အသေးစား မီးတောက်ထိန်းချုပ်မှုနည်းစနစ်အောင်မြင်မှု (၁၂/၂၀၀)၊ အသေးစားမီးလျံဖီးနစ်နည်းပညာ အောင်မြင်မှု (၅၀/၂၀၀)
မြင့်မြတ်သောစွမ်းရည်- အလယ်အလတ်မြွေစိမ်းသွေး (၇၂/၁၀၀)
ကျင့်ကြံခြင်းသည် သိုင်းပညာလေ့ကျင့်မှုထက် ဉာဏ်အလင်းပိုမိုလိုအပ်သည်။ ရီဖန်၏ လက်ရှိ ဉာဏ်အလင်းအဆင့်ဖြင့် သူသည် တစ်လအတွင်း သာမန်သိုင်းပညာကို ကျွမ်းကျင်ရန် လုံလောက်ပေလိမ့်မည်။
သို့သော် ရိုးရှင်းသော မီးတောက်ထိန်းချုပ်မှုနည်းစနစ်အတွက် အသေးစားအောင်မြင်မှုရရှိခြင်းသည်ပင် စိန်ခေါ်မှုဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ကြီးမားသော အောင်မြင်မှုကို လိုချင်ပါက တစ်နှစ်လောက် အချိန်ယူရလိမ့်ပေမည်။
သို့တိုင်အောင် မီးတောက်ထိန်းချုပ်မှုနည်းစနစ်တွင် အသေးစားအောင်မြင်မှုသည် ရီဖန်ကို လိုအပ်သော ဆေးလုံးသန့်စင်မှုတွင် ပံ့ပိုးရန် မလုံလောက်ပေ။ သူ့သည် စနစ်ကို အားကိုးဖို့ကလွဲလို့ ရွေးစရာမရှိဖြစ်နေသည်။
"အစ်ကိုထုံကျစ်၊ အမှတ်တချို့ထပ်ပေါင်းပေးပါဦး!"
ဆယ်နှစ်ကြာမှော်အလေ့အကျင့်အတွေ့အကြုံကို ရီဖန်ကို ချက်ချင်း ပေးအပ်ခဲ့သည်။
ရီဖန်သည် ဆယ်နှစ်ကျော်ကြာ မီးလျှံထိန်းချုပ်မှုနည်းပညာကို ကျင့်ကြံခဲ့သည့် အိပ်မက်တစ်ခုကို ဖြတ်သန်းခဲ့ရသလို ခံစားခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏မီးတောက်ထိန်းချုပ်မှုနည်းပညာသည် အသေးစားအောင်မြင်မှုမှ ကြီးကျယ်သောအောင်မြင်မှုဆီသို့ ပြီးပြည့်စုံစွာ ပြောင်းလဲသွားသည်။
ပြီးပြည့်စုံသွားသည့်တိုင် ရီဖန်သည် ၎င်းကို ဆက်လက်ကျင့်ကြံခဲ့သည်။
သို့သော် ပြီးပြည့်စုံမှုသည် ဤနည်းပညာ၏ အဆုံးသတ်ဖြစ်သည်ဟု ထင်ရကာ သူနောက်ထပ် ထပ်မဖြတ်ကျော်နိုင်တော့ဘဲရှိသည်။
သို့သော် ရီဖန်သည် အရှုံးမပေးဘဲ နေ့မနားညမနား ဆက်လက်ကျင့်ကြံခဲ့သည်။
တစ်နေ့တွင် ရီဖန်သည် ရုတ်တရက် သူ၏ မီးတောက်ထိန်းချုပ်မှုနည်းပညာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ မီးကို ထိန်းချုပ်ခြင်းသည် သူ့အတွက် သဘာဝဗီဇတစ်ခု ဖြစ်လာပုံရသည်။
နည်းပညာကို မရွတ်ဘဲ ရီဖန်စိတ်ထဲ၌တွေးမိသည့်အခိုက်တွင် မီးမြွေတစ်ကောင်ဖြစ်ပေါ်လာသည်။
သူ၏စွမ်းရည်စာရင်းတွင် မူလပြီးပြည့်စုံသောအဆင့် မီးတောက်ထိန်းချုပ်မှုနည်းစနစ်သည် ပျောက်ကွယ်သွားခဲ့သည်။
ဤအတောအတွင်း သူ၏ထူးခြားသောစွမ်းရည်မျက်နှာပြင်တွင် ကျွမ်းကျင်မှုအသစ်တစ်ခုပေါ်လာသည်- မီးတောက်ထိန်းချုပ်မှုနည်းပညာမြင့်မြတ်သောအဆင့် -အသေးစား (၁၁/၂၀၀)
သူ၏မီးတောက်ထိန်းချုပ်မှုနည်းပညာသည် မီးတောက်ထိန်းမှုနည်းပညာမြင့်မြတ်သောအဆင့်သို့ ပြောင်းလဲလာသည်။
နာမည်တွင် အနည်းငယ်သာကွဲပြားသော်လည်း ၎င်းတို့နှစ်ခုကြား စွမ်းရည်ကွာခြားချက်မှာ သိသာထင်ရှားသည်။
မီးတောက်ထိန်းချုပ်မှုနည်းပညာသည် ၎င်း၏ ပြီးပြည့်စုံသောအဆင့်တွင် ရောက်ရှိနေချိန်တွင် မီးတောက်ထိန်းချုပ်မှုနည်းပညာမြင့်မြတ်သောအဆင့်၏ထက်ဝက်ပင် မပြင်းထန်ပေ။
ဆယ်နှစ်ကြာပြီးနောက် ရီဖန်သည် မျက်လုံးကိုဖွင့်လိုက်သည်။
သူ့လက်ကို မြှောက်လိုက်သည်နှင့် သူ့လက်ဖဝါးပေါ်တွင် သက်ရှိနှင့်တူသော မီးမြွေတစ်ကောင် ပေါ်လာသည်။
ဆေးဖိုခန်းတွင်း အပူချိန်သည် တခဏအတွင်း ရာနှင့်ချီ၍ မြင့်တက်လာသည်။
…………………