← Chapters

အခန်း ၄၀-၄၂

Vol. 3 Ch. 40-42

အခန်း ၄၀-၄၂

Vol. 3 Ch. 40-42

အခန်း (၄၀) မိသားစုဝင်ဦးရေ: ထွန်းကားလာသော လူဦးရေ

ဝိညာဉ်စွမ်းအင် ဆေးကုသမှုအတွက် အသွင်ပြောင်းမိုးအနုပညာနှင့် ရှင်သန်ကြီးထွားခြင်းအနုပညာနှစ်ခုလုံး အသုံးပြုလိုက်သည်။

ထို့အပြင် ရီဖန်သည် သူ၏သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ရေးဆေးလုံးများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤကျင့်ကြံသူသည် စိတ်ဝိညာဉ်အပင်သခင်ဖြစ်ပါသလော။

ဆေရဆရာများ သို့မဟုတ် ရှေးဟောင်းပစ္စည်း သန့်စင်သူများကဲ့သို့ပင်၊ စိတ်ဝိညာဉ်အပင်သခင်များသည် ကျင့်ကြံသူများ၏ ဒုတိယမြောက် အသက်မွေးဝမ်းကျောင်းများထဲမှ တစ်ခုဖြစ်ကာ ၎င်းတို့၏ အဆင့်အတန်းမှာလည်း မနိမ့်ကျပေ။

သူတို့သည် ဝိညာဉ်ရေးဆေးပညာကို ကျင့်ကြံရန်အတွက် သစ်သားဝိညာဉ်အမြစ်များနှင့် သီးခြားဂါထာများစွာ လိုအပ်သည်။နောက်ဆုံးတွင် ရီဖန်သည် သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းစလစ်တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။

ကျောက်စိမ်းစလစ်တစ်ခုသည် အချက်အလက်အများအပြားကို သိမ်းဆည်းထားကာ အသိပညာကို မှတ်တမ်းတင်ရန်အတွက် ကျင့်ကြံသူများအသုံးပြုသည့် မရှိမဖြစ်ကိရိယာတစ်ခုဖြစ်သည်။

ကျောက်စိမ်းစလစ်ကို သူ့နဖူးပေါ်တင်လိုက်သောအခါ ရီဖန်၏ စိတ်ထဲတွင် သတင်းအချက်အလတ်များ ပေါ်လာသည်။ ဝိညာဉ်ရေးဆေးပညာကျင့်ကြံခြင်း အခြေခံအသိပညာ၊ ဝိညာဉ်ရေးနယ်ပယ်များတည်ဆောက်ခြင်း၊ အခြေခံဝိညာဉ်ရေးဆေးဝါးများကို နေ့စဉ်ပြုစုစောင့်ရှောက်ခြင်း။

ရီဖန်ထင်သည်မှာ မမှားပါပေ။ ဤကျင့်ကြံသူသည် အမှန်တကယ်ပင် စိတ်ဝိညာဉ်အပင်သခင်ဖြစ်သည်။

စိတ်ဝိညာဉ်အပင်သခင်၏ အသိပညာများပါရှိသော ကျောက်စိမ်းစလစ်သည် မယုံနိုင်လောက်အောင် အဖိုးတန်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းသည် ဝယ်ယူရန် အလွန်ခက်ခဲသည်။

ချင်းယွင်စျေးတွင်ပင် ဤသို့သော ပစ္စည်းကိုမဝယ်နိုင်ပေ။

ကျောက်စိမ်းစလစ်တစ်ခု၏စျေးနှုန်းသည် သိုလှောင်အိတ်ရှိ အခြားပစ္စည်းများ၏ ကုန်ကျစရိတ်ထက် ကျော်လွန်နေပါသည်။ ယခုတွင် အရာအားလုံးသည် ရီမိသားစုဆီသို့ ရောက်သွားခဲ့ပြီဖြစ်သည်။

ရီဖန်သည် ကျောက်စိမ်းစလစ်များကို ကျမ်းကိုးဌာနတွင် ထားရှိရန် စီစဉ်ခဲ့သည်။ ရီမိသားစုထဲမှ တစ်ယောက်ယောက်သည် ၎င်းကိုသင်ယူလိုပါက သင်ယူနိုင်သည်။

ရီဖန်ကိုယ်တိုင်လည်း သေချာပေါက် သင်ယူလိမ့်မည်ဖြစ်သည်။ သူ၏သင်ယူမှု အကောင်အထည်ပေါ်လာသောအခါ ရီမိသားစုသည် သူတို့၏ဝိညာဉ်ရေးဆေးအတွက် ကျင့်ကြံနိုင်လိမ့်မည်။ ၎င်းသည် ဆေးဝါးအတွက် ကုန်ကျစရိတ်ကို များစွာလျှော့ချပေးလိမ့်မည်။

အလယ်အလတ်အဆင့် မှော်ဓားပျံသည်လည်း သူထင်ထားသကဲ့သို့ပင် ပိုက်ဆံတချို့နှင့် ရောင်းထွက်သွားသည်။ ယွမ်တင်းဟန် ၏ဒဏ်ရာများသည် မပြင်းထန်ဘဲ တစ်လအကြာတွင် သူမသည်အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ယွမ်တင်းဟန် ပြန်လည်ကောင်းမွန်လာသောအခါ ရီကျင်းဟိုင်သည် ရီဖန်ထံသို့ ရောက်လာသည်။

"အဖေ၊ ကျွန်တော် လက်ထပ်ချင်တယ်"

ယွမ်တင်းဟန်နှင့်အတူ ဘဝ၏ရှင်ခြင်းနှင့်သေခြင်းတို့ကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ရီကျင်းဟိုင်သည် သူမအပေါ်ကျဆုံးသွားပြီဟု သိလိုက်ရကာ သူမကို လက်ထပ်ချင်ခဲ့သည်။

ရီဖန်သည် ရှက်ရွံ့စွာ ခေါင်းညိတ်ပြကာ သဘောတူကြောင်းပြောနေသည့် ယွမ်တင်းဟန်ကို အရင်မေးလိုက်သည်။ ထိုအချိန်သည် ရီဖန် စိတ်ဆင်းရဲရမည့်အလှည့်ဖြစ်သည်။

ယွမ်မိသားစုသည် မျိုးနွယ်စုငယ်တစ်ခုမဟုတ်ဘဲ သာမန်စံအိမ်ထောင်ပြုလက်ဆောင်တစ်ခုတည်းနှင့် အလုပ်မဖြစ်ပေ။

သူ့သားကို မျက်နှာမပျက်စေရန်အတွက် ရီဖန်သည် ရွေးချယ်စရာ မရှိတော့ပေ။ သူသည် ဆေးပညာနှင့် ရှေးဟောင်းပစ္စည်းများသန့်စင်ခြင်းတွင် အလယ်အလတ်တန်းအဆင့် ပစ္စည်းများကိုသာ ပြုလုပ်နိုင်သေးသည်။ ထိုကဲ့သို့သော အရာများကို တင်ပြနိုင်ခြင်းမရှိပေ။

သို့သော် ဆေးပညာနှင့် ရှေးဟောင်းပစ္စည်းများသန့်စင်ခြင်းပညာတို့သည် ရီဖန်၏ တစ်ခုတည်းသော ကျွမ်းကျင်မှုမဟုတ်ပေ။ ဖွဲ့စည်းတည်ဆောက်ပုံများအကြောင်းကိုလည်း သူနားလည်သိရှိထားသည်။

အလယ်အလတ်အဆင့် ရှေးဟောင်းပစ္စည်းတစ်ခုသည် တန်ဖိုးမကြီးပေ။ သို့သော် အလယ်အလတ်အဆင့် ရှေးဟောင်းမှော်ပစ္စည်းများ စုဝေးထားသော ဖွဲ့စည်းတည်ဆောက်ပုံသည် မည်ကဲ့သို့ ရှိနိုင်မည်နည်း။

ရီဖန်သည် ရှေးဟောင်းပစ္စည်းသုံးခုကို ပေါင်းစပ်ကာ ဒြပ်စင်သုံးခုတည်ဆောက်ပုံကို ဖွဲ့စည်းနိုင်သည်ဟု ထင်မြင်လာသည်။ ဒြပ်စင်သုံးခုတည်ဆောက်ခြင်း သို့မဟုတ် ရှေးဟောင်းမှော်ပစ္စည်းကိုးခုသည် ယွမ်သုံးခု ဖွဲ့စည်းတည်ဆောက်ခြင်းကို ပြုလုပ်နိုင်သည်။

၎င်းမှလွှတ်ထုတ်နိုင်သည့် စွမ်းအားသည်လည်း အဆင့်မြင့် ရှေးဟောင်းပစ္စည်းတစ်ခုထက် မနည်းပေ။

အရေးကြီးဆုံးအချက်မှာ ချီစွမ်းအား အလယ်အလတ်အဆင့် ကျင့်ကြံသူသည်ပင် လွတ်လပ်စွာ ကိုင်ဆောင်နိုင်သည့် အလယ်အလတ်အဆင့်ရှေးဟောင်းမှော်ပစ္စည်းများဖြစ်သည်။

ထို့ကြောင့် ဤဓားအခင်းအကျင်း၏ တန်ဖိုးသည် သိသိသာသာ တိုးလာခဲ့သည်။

နောက်ရက်များတွင် ရီဖန်သည် သူ၏နေ့စဉ်ရှေးဟောင်းပစ္စည်းများ သန့်စင်ခြင်းကိုစတင်ခဲ့သည်။

အလယ်အလတ်အဆင့်ရှေးဟောင်းပစ္စည်းအတွက်၊ ရီဖန်သည် အခြေခံချင်းယွမ်ဓားကို ရွေးချယ်ခဲ့သည်။

ချင်းယွမ်ဓားသည် အလယ်အလတ်အဆင့် ရှေးဟောင်းပစ္စည်းများတွင်သာမန်ဟု ယူဆနိုင်သည့် အခြေခံတားမြစ်ချက်ခုနှစ်ခုရှိသော ရှေးဟောင်းပစ္စည်းဖြစ်သည်။

၎င်း၏ အထူးခြားဆုံး အင်္ဂါရပ်မှာ စွမ်းအင်သုံးစွဲမှု နည်းပါးခြင်း ဖြစ်သည်။

ရီဖန်သည် ဓားတွင် တိုက်ခိုက်ခြင်းတားမြစ်ချက် ခုနစ်ချက်ကို ရေးထိုးကာ ချင်ယွမ်ဓားကိုးချောင်းနှင့် ချိတ်ဆက်ရန်အတွက် တားမြစ်ချက်တစ်ခုကို ထပ်မံရေးထိုးခဲ့သည်။

နောက်ရက်များတွင် ရီဖန်သည် သူ၏ ကိုယ်လုပ်တော်နှစ်ယောက်နှင့် အချိန်ကုန်ခဲ့သည်။

သူသည် နောက်ထပ် ကလေးနှစ်ယောက်ရတော့မည်ဖြစ်သည်။ ရီကျင်းထျန်၏ ကိုယ်လုပ်တော်ပင် ကလေးမွေးတော့မည်။

တစ်လခွဲကြာပြီးနောက် ရီဖန်သည် ချင်းယွမ်ဓားကို ပြုပြင်ပြီးသည်နှင့် ရီမိသားစုအိမ်တော်အတွင်း၌ ငိုသံများ ပဲ့တင်ထပ်လာသည်။

ရီဖန်နှင့် ရီကျင်းထျန်တို့၏ သားသမီးများကို ထိုနေ့တွင် မွေးဖွားခဲ့သည်။

ကလေးများစွာရှိသောကြောင့် ရီဖန်သည် ၎င်းတို့၏ရောက်ရှိလာခြင်းအတွက် စိတ်လှုပ်ရှားခြင်းအနည်းငယ်သာရှိသော်လည်း သူပျော်နေသည်။ သူတို့သည် သူ၏သွေးသားများပင်ဖြစ်သည်။

ကလေးများကို ရီကျင်းချွင်၊ ရီကျင်းတုံ၊ ရီရှန်းရန်၊ ရီရှန်းယွီဟု နာမည်ပေးခဲ့သည်။

ရီဖန်၏ကိုယ်လုပ်တော်များ၊ ရီကျင်းထျန်၏ ကိုယ်လုပ်တော်နှင့် ရီမိသားစု၏ လူဦးရေသည် နှစ်ဆယ်သို့ ရောက်ရှိသွားခဲ့သည်။

‘ရေရှည်လူဦးရေမစ်ရှင်ကို ပြီးမြောက်သွားတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်: မိသားစုလူဦးရေ ပန်းတိုင် ၂- မိသားစုကြီးထွားမှု (ပြီးမြောက်)။ အခု ဆုလာဘ်ကိုလက်ခံရှိနိုင်ပါပြီ”

လူနှစ်ဆယ်ဖြင့် မိသားစုမစ်ရှင်ကို အံ့ဩစရာကောင်းစွာ ပြီးမြောက်ခဲ့သည်။ ဤသည်မှာ ရီဖန်မမျှော်လင့်ထားသည့်အရာဖြစ်သည်။

ထိုသို့ဆိုပါက ဇနီးမယားအများအပြားကို လက်ထပ်ခြင်းသည် မိသားစုလူဦးရေကို လျင်မြန်စွာတိုးပွါးစေကာ မစ်ရှင်ကို အမြန်ပြီးမြောက်စေမည် မဟုတ်လော။

“တင်’ စနစ်အချက်အလက်အရ မိသားစုလူဦးရေဆုလာဘ်တွေက မိသားစုလူဦးရေအရည်အသွေးနဲ့ ချိတ်ဆက်ထားသည်။ ခွန်အားနှင့် အရည်အချင်းကို မိသားစုလူဦးရေအရည်အသွေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆထားပါတယ်”

‘ဘာလဲ!?’

ရီဖန်သည် ဇနီးမယားများစွာနှင့် လိုက်လျောညီထွေမဖြစ်နိုင်မည့် ထိမ်းမြားလက်ထပ်ခြင်းများမလုပ်နိုင်သည်ကို ချက်ခြင်းနားလည်ခဲ့သည်။

စနစ်သည် ရီဖန်ကို လူဦးအများအပြားမျှသာမဟုတ်ဘဲ အထက်တန်းအဆင့်မိသားစုတစ်စုကို ထူထောင်စေလိုခြင်းဖြစ်သည်။ သို့ဖြစ်သောကြောင့် သူ့သားသမီးများကို နောက်ထပ်လူအနည်းငယ်နဲ့ လက်ထပ်ပေးရန် သေးငယ်သော ပန်းတိုင်လေးတစ်ခုကို သူချမှတ်ခဲ့တယ်။

“စနစ်၊ ဆုငွေထုတ်လိုက်ပါ”

+၁၀၀ မိသားစုမျိုးဆက် ဆုရရှိသည့်အတွက် သခင့်ကို ဂုဏ်ပြုပါသည်။

ရီဖန်၏ နှလုံးသားထဲတွင် ကြီးမားသော သွေးလိုင်းစွမ်းအင်လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။

ရီဖန်၍ နှလုံးသားထဲတွင် မယုံနိုင်လောက်အောင် အာဟာရပြည့်ဝသော မြွေစိမ်းလေးတစ်ကောင်သည် ချက်ချင်းပင် တက်ကြွလာကာ အစိမ်းရောင်သွေးလိုင်း၏ စွမ်းအားကိုစတင်စုပ်ယူတော့သည်။

စွမ်းအင်များ ပြည့်လျှံသွားသည့်အခါ မြွေငယ်လေး၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် အကြေးခွံများ ထွက်လာသည်။ ၎င်း၏ဦးခေါင်းပေါ်တွင် အဖုသေးသေးလေးနှစ်ခုပေါ်လာကာ ၎င်း၏အသွင်အပြင်ပြောင်းလဲသွားလျက် ပိုမိုသွက်လက်လာသည်။

မကြာမီတွင် ရီဖန်သည် သူ၏သွေးသား တိုးတက်လာပြီးနောက် အပြောင်းအလဲများအကြောင်းကို အကြမ်းဖျင်းနားလည်လာခဲ့သည်။

စနစ်မျက်နှာပြင်တွင် အစိမ်းရောင်မြွေစိမ်းသွေးမျိုးဆက်နှင့် ရီဖန်၏ခန္ဓာကိုယ်တွင် အစိမ်းရောင်စွမ်းအင်များ ထပ်မံရှိနေသည်ကို ပြသနေသေးသည်။

ဤအစိမ်းရောင်မြွေစိမ်းသွေးမျိုးဆက်ဟု ရီဖန် အမည်ပေးထားသော သွေးလိုင်းစွမ်းအင်သည် ဝိညာဉ်စွမ်းအင်မဟုတ်သော်လည်း ရီမိသားစုအတွက်အလွန်အရေးပါသည်။

အစိမ်းရောင်မြွေစိမ်းသွေးမျိုးဆက်စွမ်းအင်တွင် ကြီးမားသော အသက်စွမ်းအင်ကို ပိုင်ဆိုင်ထားကာ ဒဏ်ရာများကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေသည့်အပြင် ဝိညာဉ်စွမ်းအား၏ စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။

အရေးကြီးဆုံးမှာ အစိမ်းရောင်မြွေစိမ်းသွေးမျိုးဆက်စွမ်းအင်၏ ကြီးမားသော အသက်စွမ်းအားကို ဝိညာဉ်ရေးဆေးပညာကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်သည်။

၎င်းစွမ်းအားကို တစ်ကြိမ်အသုံးပြုခြင်းဖြင့် ဝိညာဉ်ဆေးပညာကြီးထွားမှုကို တစ်လခန့် အရှိန်မြှင့်နိုင်ကြောင်း ရီဖန်သည် သဘောပေါက်လိုက်သည်။ အားပြန်ပြည့်လာရန်အတွက်မူ အချိန်ဆယ်ရက်လောက်ကြာမည်ဖြစ်သည်။

ရီဖန်သည် အောင်မြင်မှုတစ်ခုရရှိပြီးသောအခါ ရီမိသားစု၏ အခြားသူများသည်လည်း ၎င်းတို့၏ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ခံစားခဲ့ရသည်။

သွေးမျိုးဆက်စွမ်းအား အချက်တစ်ရာသည် ရီမိသားစု၏ မူလအစိတ်အပိုင်းဖြစ်သော ပါးလွှာသောသွေးလိုင်းရှိသူတို့ကို ချက်ချင်းနိုးထစေခဲ့သည်။ ရီကျင်းထျန်နှင့် Ye ရီကျင်းဟိုင်တို့သည် အစိမ်းရောင်စွမ်းအားများဖြင့် ဖုံးအုပ်ခံထားရသောကြောင့် သူတို့၏ဆံပင်များသည်ပင် စိမ်းလန်းနေသည် ။

သူတို့၏ ခန္ဓာကိုယ်အတွင်းတွင် ဝိညာဉ်ရေးရာ အမြစ်အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

စိမ်းလန်းသော သစ်သားစွမ်းအင်ဝိညာဉ်ရေးမြစ် ဖြစ်ကာ ၎င်းသည်အခြားသူများနှင့်မတူဘဲ မြွေစိမ်းလေးတစ်ကောင်သည် ရီမိသားစု၏သစ်သားဝိညာဉ်အမြစ်များကို ဝန်းရံထားသည်။

ထို့အပြင် သစ်သားစွမ်းအင်ဝိညာဉ်ရေးအမြစ်၏အဆင့်သည် ၎င်းတို့၏ခန္ဓာကိုယ်ရှိ အခြားသောဝိညာဉ်ရေးအမြစ်များထက် သိသိသာသာမြင့်မားသည်။ “အဖေ့၊ ကျွန်တော်တို့သွေးမျိုးဆက် နိုးထလာပြီ။"

"ဖေဖေ၊ ကျွန်တော်ရောပဲ!"

ရီဖန်နှင့် ရီကျင်းထျန်၏ ဇနီးအနည်းငယ်မှလွဲ၍ ရီမိသားစု၏ အခြားအဖွဲ့ဝင်များအားလုံးသည် ၎င်းတို့၏ အစိမ်းရောင်မြွေစိမ်းသွေးမျိုးဆက်ကို နိုးထနိုင်ခဲ့ကာ ပျော်ရွှင်နေကြသည်။

ရီဖန်သည် တိုင်းတာရန်အတွက် ဝိညာဉ်ကျောက်တုံးကို ထုတ်လိုက်သည်။ သူတို့၏သစ်သားဝိညာဉ်ရေးအမြစ်ကို နိုးထပြီးနောက် သူတို့၏ဝိညာဉ်ရေးအမြစ်အဆင့်သည် အံ့အားသင့်စရာကောင်းစွာပင် အဆင့်ခြောက်သို့ရောက်ရှိသွားခဲ့သည်။

အဆင့်ခြောက်ရှိသည့် ဝိညာဉ်ရေးအမြစ်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်းအချို့ရှိသည့် အလယ်အလတ်တန်းဝိညာဉ်ရေးအမြစ်ဖြစ်နေပြီဖြစ်သည်။

ထိုအင်မော်တယ်ဂိုဏ်းများတွင်ပင် ဂိုဏ်း၏အတွင်းအဖွဲ့ဝင်တစ်ဦးဖြစ်လာနိုင်သည့် အရည်အချင်းတစ်ခုဟု ယူဆနိုင်သည်။

‘ကောင်းတယ် ကောင်းတယ်! ဒီတစ်ခါ ဆုကြေးက တော်တော် စေတနာကောင်းတာပဲ’

လူတိုင်း၏ဝိညာဉ်ရေးအမြစ်များနိုးထလာသောကြောင့် စနစ်ကိုစစ်ဆေးရမည်ဖြစ်ပါသည်။

…………………………….

အခန်း (၄၁) မြွေစိမ်းဝိညာဉ်အရင်းအမြစ်

သွေးမျိုးဆက်စွမ်းအားကို ပေါင်းစည်းနိုင်သည့်အတွက် ရီဖန်၏ သွေးမျိုးဆက်စွမ်းအားသည် ရုတ်တရက် ကြီးမားလာသည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ စိမ်းပြာရောင်မြွေသည် တစ်ဖန်ကြီးထွားလာသည်။ ၎င်းသည်ပိုကြီးလာကာ ဗိုက်တွင် အဖုသေးသေးလေး လေးခုပေါ်ပေါက်ပေါ်လာသည်။

နောက်ဆုံးတွင် ရီဖန်သည် သူ၏ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ စိမ်းပြာရောင်အကြေးခွံများကို ရုပ်လုံးပေါ်လာစေရန်အတွက် သူ၏သွေးမျိုးဆက်စွမ်းအားကို အသုံးပြုနိုင်ခဲ့သည်။

ရီဖန်သည် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ရာ ဤအကြေးခွံများသည် အလယ်အလတ်အဆင့် ရှေးဟောင်းမှော်လက်နက်၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်။ ထို့အပြင် အသုံးပြုမှုတစ်ခုစီသည် နှစ်ဝက်တိုးတက်မှုကို အရှိန်မြှင့်နိုင်သည်။

ရီဖန်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ ဤဆုသည် သူ့မျှော်လင့်ထားသည်ထက် များစွာသာလွန်နေခဲ့သည်။

သွေးမျိုးဆက်စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရီမိသားစု၏ မြွေစိမ်းဝိညာဉ်အရင်းအမြစ်ကို မွေးဖွားလာစေခဲ့ကာ ၎င်းတို့၏ ခံစားချက်ကိုလည်း အလွန်ခိုင်မာစေပါသည်။

သွေးမျိုးဆက်စွမ်းအားပေါင်းစည်းမှုပြီးသွားသောအခါ ရီဖန်၏ကျင့်ကြံမှုအဆင့်သည် နောက်တစ်ဆင့်ကို ဖြတ်ကျော်သွားတော့သည်။

ချီစွမ်းအားကျင့်ကြံခြင်းတွင် စုစုပေါင်း အဆင့် ၁၂ ဆင့်ရှိသည်။ ချီစွမ်းအားကျင့်ကြံခြင်း စတုတ္ထအဆင့်သည် အလယ်အလတ်အဆင့်ချီစွမ်းအားကျင့်ကြံမှုသို့ ရောက်ရှိပြီဖြစ်ကာ ကျင့်ကြံသူများကြားတွင် အနိမ့်ဆုံးမဟုတ်တော့ပေ။

ယခုသူသည် ဝမ်လုကောင်တီတွင် အသေးစားကျွမ်းကျင်သူတစ်ဦးအဖြစ် အဆင့်သတ်မှတ်ခံထားရသည်။ သူ၏ကျင့်ကြံရေးအဆင့် အောင်မြင်မှုနှင့်အတူ ရီဖန်၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအားပမာဏသည် အဆများစွာ များပြားလာသည်။

ရီဖန်သည် ယခုအဆင့်ထိုးဖောက်မှုမစတင်မီတွင် သူ၏ယခင်စိတ်ငါးပါးကို ခံယူနိုင်ပြီဟု ခံစားမိသည်။

ကျင့်ကြံရေးအဆင့် အောင်မြင်မှုသည် တိုက်ခိုက်ရေးစွမ်းအားတစ်ခုတည်းသာ တိုးလာခြင်ရမဟုတ်ဘဲ ရီဖန်၏ ရှေးဟောင်းပစ္စည်းများသန့်စင်ခြင်းနှင့် ဆေးပညာတို့တွင် သိသိသာသာ တိုးတက်လာသည်။

နောင်တွင် ရှေးဟောင်းမှော်ပစ္စည်းများ သန့်စင်ခြင်းသည် အနည်းငယ်သာပင်ပန်းတော့မည်ဖြစ်သည်။

အတွေးတစ်ခုပေါ်လာကာ ရီဖန်သည် စနစ်လမ်းကြောင်းကို ဖွင့်လိုက်သည်။

ဇာတ်ကောင်- ရီဖန်

သက်တမ်း: ၇၅နှစ်

အဆင့်- ချီစွမ်းအားကျင့်ကြ့မှု အဆင့်လေး (၅၆/၄၀၀၀)

စွမ်းရည်များ- ပထမအဆင့် တောက်ဆေးပညာ (၁၅၉၉/၁၆၀၀)၊ ပထမအဆင့် ပန်းပဲဖို (၁၅၉၉/၁၆၀၀)၊ ပထမအဆင့်ဖွဲ့စည်းတည်ဆောက်ပုံ (၁၅၉၉/၁၆၀၀)၊ ဟူလူနည်းစနစ် အောင်မြင်မှုအနည်းငယ် (၅၀/၂၀၀)...

မြင့်မြတ်သောစွမ်းရည်များ- မြွေစိမ်းသွေးမျိုးဆက် (၈၇၇/၁၀၀၀)၊ မီးတောက်ထိန်းချုပ်မှုအောင်မြင်ခြင်း (၁၀၂/၂၀၀)၊

မိသားစုသတ်မှန်ချက်များ- အပြာရောင်ဉာဏ်အလင်း၊ ခရမ်းရောင်မသေနိုင်သောစွမ်းရည်၊ အစိမ်းရောင်အနုပညာတစ်ရာ

မစ်ရှင်များ- မိသားစုမြင့်မားလာခြင်း ၂၊ သန်မာမှုလမ်းကြောင်း ၃၊ မိသားစုနယ်မြေ ၄၊ မိသားစုလူဦးရေ ၂၊ မိသားစုလက်နက်တိုက် ၄။

သွေးမျိုးဆက်၏နိုးထလာမှုသည် ရီဖန်၏သက်တမ်းကို နောက်ထပ်သုံးနှစ်အထိ တိုးစေသည်။ သူသည် အသက်ရှည်ရန် ခြေတစ်လှမ်းပိုနီးနေပြီဖြစ်သည်။ သွေးမျိုးဆက်၏ တိုးမြှင့်မှုသည် ရီမိသားစုဝင်များ၏ ကျင့်ကြံရေးတွင် စိတ်ဝင်စားမှုကို ကြီးမားစွာ မြှင့်တင်ခဲ့သည်။

မြွေစိမ်းဝိညာဉ်အရင်းမြစ် တည်ရှိခြင်းကြောင့် ရီမိသားစုဝင်များသည် သစ်သားဒြပ်စင်ကျင့်ကြံရေးနည်းလမ်းများကို စတင်ကျင့်ကြံခဲ့သည်။

ရှေးယခင်က ဝိညာဉ်ရေးဆိုင်ရာအမြစ်များ အမျိုးမျိုးရှိသောအခါအတွင် မည်သည့် ကျင့်ကြံမှုကိုမဆို လေ့ကျင့်နိုင်ကြသည်။ သို့သော်လည်း ယခုအခါတွင်မြွေစိမ်းဝိညာဉ်အရင်းအမြစ်သည် ဆဌမအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သဖြင့် သစ်သားစွမ်းအင်ကိုမကျင့်ကြံပါက ဖြုန်းတီးရာရောက်ပေမည်။

ရီမိသားစုသည် လုံ့လစိုက်ထုတ်နေချိန်တွင် တော်တော်များများသည်လည်း ယွမ်တင်းဟန်၏ မင်္ဂလာသတင်းကို လက်ခံရရှိခဲ့ကြပါသည်။

ယွမ်မိသားစု၏ တိုက်ရိုက်မျိုးဆက်၊ အလယ်အလတ်အဆင့် ချီစွမ်းအားကျင့်ကြံသူ၊ ရုပ်ရည်ချောမောသည့်ယွမ်တင်းဟန်တွင် သူငယ်ချင်းများနှင့် ပိုးပန်းသူများစွာရှိသည်။

ယွမ်တင်းဟန်၏ မင်္ဂလာသတင်းကို သူတို့ကြားလိုက်သည့်အခါ တော်တော်များများသည် ရီကျင်းဟိုင်အကြောင်းကို စတင်စုံစမ်းလာကြသည်။

ရီကျင်းဟိုင်သည် ချီစွမ်းအားကျင့်ကြံမှု ပထမအဆင့်သာရှိပြီး တစ်ခါမျှမကြားဖူးသည့် ရီမိသားစုမှဖြစ်သည်ကို သိလိုက်ရသောအခါ ကောလာဟလများစွာ ပျံ့နှံ့လာခဲ့သည်။

ရီကျင်းဟိုင်သည် ရုပ်ရည်ချောမောသောကြောင့်သာ ချမ်းသာသူနှင့် လက်ထပ်နိုင်ခြင်းဖြစ်ရမည်ဟူ၍ စတင်ပြောဆိုလာကြသည်။ ယွမ်တင်းဟန်သည် ထိုသို့သောလူကို လက်ထပ်လိုက်လျှင် နောင်တွင် သေချာပေါက် နောင်တရလိမ့်မည်။

‘ရုပ်ရည်လေးချောနေတာ ဘာသုံးစားရမှာလဲ၊ အရည်အချင်းမရှိရင် သူက အသုံးမကျဘူး’

နောက်ဆုံးတွင် ရီဖန်သည် ချင်းယွင်စျေးတွင် ပစ္စည်းများသွားဝယ်စဉ်၌ ထိုကောလာဟလများကို ကြားလိုက်ရသည်။၎င်းကြောင့် ရီဖန်သည် ရီကျင်းဟိုင်အတွက် စိတ်ပူနေခဲ့သည်။

ရီဖန်သည် ရီကျင်းထျန်နှင့် ယွမ်မိသားစုတွင် စည်းစိမ်ဥစ္စာအတွက် လက်ထပ်ခြင်းဆိုင်ရာ ကောလာဟလများကို ငြင်းဆိုခြင်းမရှိပေ။ ‘မင်းမှာ အရည်အချင်းရှိရင် မင်းလည်း လုပ်လေ’

သို့သော် ရီဖန်သည် ရီကျင်းဟိုင်မှာ မာနကြီးသူဖြစ်ကြောင်း သိသည်။ ထိုကဲ့သို့ ကောလဟလများကို ခံနိုင်ရည်ရှိပါမည်လော။ ရီဖန်သည် စိုးရိမ်တကြီးဖြင့် အိမ်သို့ အပြေးအလွှား ပြေးသွားခဲ့သော်လည်း ရီကျင်းဟိုင်သည် ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

‘ဒီမိုက်မဲတဲ့ကလေး၊ လျှောက်လုပ်ဖို့ စဉ်းစားနေတာမဟုတ်ပါဘူးနော်’

“အဖေ၊ ညီလေးက သက်ရှည်ဂိုဏ်းရဲ့စာမေးပွဲဖြေဖို့ ထွက်သွားတာပါ” ဟု ၎င်း၏အကြီးဆုံးသားက ရှင်းပြသည်။

သက်ရှည်ဂိုဏ်းသည် စစ်မှန်သော အင်မော်တယ်ဂိုဏ်းဖြစ်ကာ ကွမ်ဟယ်စီရင်စုရှိ ဂိုဏ်းကြီးသုံးခုထဲမှ တစ်ခုဖြစ်သည်။ ဂိုဏ်းတွင်းရှိ ဘိုးဘေးများပင်လျှင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေတွင် တန်ခိုးကြီးသော ပုဂ္ဂိုလ်ဖြစ်သည်။

ထပ်မံ၍ ဂိုဏ်းထဲဝင်ရန် အကြံထုတ်နေပြန်ပြီဖြစ်သည်။ ဤကလေး ရီကျင်းဟိုင်သည် ဂိုဏ်းဝင်ခြင်းကို ပြင်းပြင်းထန်ထန် စွဲလမ်းနေသည်မှာ သေချာသည် ။

သို့သော် ရီကျင်းဟိုင်သည် ဂိုဏ်းတစ်ခုသို့ဝင်လိုသောကြောင့် အရင်းအမြစ်များ လိုအပ်နေမည်မှာ သေချာသည်။ ရီဖန်သည် ရီကျင်းဟိုင်အတွက် အလယ်အလတ်အဆင့်ရှေးဟောင်းမှော်ပစ္စည်းအစုံကို ပြန်လည်သန့်စင်ပေးရန် စီစဉ်ခဲ့သည်။

ချင်းယွင်စျေးမှ မိုင်ထောင်ချီဝေးသော တောင်ပိုင်းဈေးသည် လူအုပ်ဖြင့်စည်ကားကာ ထူးခြားစွာ အသက်ဝင်နေသည်။

ရှားရှားပါးပါးသာမြင်ရသော ကျင့်ကြံသူများသည် ဤနေရာတွင် အစုလိုက်အပြုံလိုက် စုဝေးနေကြသည်။ ဂိုဏ်းတစ်ခု၏ တပည့်တစ်ဦးဖြစ်လာခြင်းသည် အထီးကျန်ဆန်သော တစ်ကိုယ်တည်းကျင့်ကြံသူဘဝထက် များစွာသာလွန်ကောင်းမွန်သည်။

သက်ရှည်ဂိုဏ်းသည် ဆယ်နှစ်တစ်ကြိမ်သာ တပည့်များကို ခေါ်ယူသည့်အတွက် လူတိုင်းသည် အခွင့်အရေးကို လက်လွတ်မခံရန် ဆုံးဖြတ်ခဲ့ကြသည်။

“အဆင့်ကိုး ဝိညာဉ်အရင်းအမြစ်၊ အရည်အချင်း မပြည့်မီ”

“အဆင့်ခုနစ် ဝိညာဉ်အရင်းအမြစ်၊ အပြင်စည်း တပည့်အဖြစ် အကျုံးဝင်”

“အဆင့်ရှစ် ဝိညာဉ်အရင်းအမြစ်၊ အဆင့်နိမ့်တပည့်”

ဂိုဏ်းထဲတွင် တပည့်များကို အဆင့်နိမ့်၊ အပြင်စည်း၊ အတွင်းစည်းနှင့် တိုက်ရိုက်တပည့်ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့အထက်တွင် အသက်ကြီးသူများကဲ့သို့ ရာထူးကြီးသူများ ဖြစ်ကြသည်။

တပည့်များသည် မတူညီသောအရင်းအမြစ်များကို ရယူနိုင်သည်။

ပြင်ပဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာခြင်းသည်ပင် တစ်ဦးတည်းကျင့်ကြံသူများကြားတွင် ကြီးမားသော အရည်အချင်းတစ်ရပ်ဟု ယူဆထားပြီးဖြစ်သည်။

အတွင်းဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ရန်အတွက် အနည်းဆုံး အဆင့်ခြောက်ဝိညာဉ်ရေးအရင်းမြစ် သို့မဟုတ် အထူးအရည်အချင်းအချို့ရှိရမည်ဖြစ်ကာ အသက်လွန်စွာကြီးမနေသင့်ပေ။

ရီကျင်းဟိုင်သည် ယွမ်တင်းဟန်ကို စမ်းသပ်သည့်နေရာသို့ ခေါ်ဆောင်လာသောအခါ ကျင့်ကြံသူများသည် ယွမ်တင်းဟန်ကို လျင်မြန်စွာ မှတ်မိသွားကြသည်။

"မင်းတို့ကြည့်စမ်း၊ အဲဒါအချောင်သမားပဲ!"

"အို၊ သူက တကယ်ချောတာပဲ"

"သူဟာ အလကားသမား၊ ရုပ်ရည်ကို အားကိုးပြီး ယောက်ျားတွေအတွက် အရှက်ရစေတယ်"

"မင်းရောမဖြစ်ချင်လို့လား"

"အိုး ငါဖြစ်ချင်တာပေါ့!"

ရီကျင်းဟိုင်ကို စမ်းသပ်ရန်အလှည့်ရောက်သောအခါ အများအပြားသည် အချောင်သမားရီကျင်းဟိုင်၏အရည်အချင်းကို မြင်လိုစိတ်ပြင်းပြနေသည့် အကြည့်များကိုကြည့်ကြသည်။

ဝိညာဉ်ကျောက်တုံးပေါ်တွင် အလင်းခြောက်ကွင်း လင်းသွားသဖြင့် လူများ အံ့အားသင့်သွားကြသည်။

‘ဘုရားသခင်၊ အချောင်သမားကတောင် ဒီလောက်အဆင့်မြင့်တယ်လား’

ရီကျင်းဟိုင်အပေါ် လူများစွာ၏ အမြင်သည် ရှုတ်ချခြင်းမှ ချီးမြှောက်ခြင်းသို့ ပြောင်းသွားသည်။

‘ရုပ်ချောပြီး ထက်မြက်တာပဲ’

‘အချောင်သမားတစ်ယောက်ဖြစ်လာဖို့ အဲလိုအပ်ချက်တွေရှိမယ်ဆိုရင် ငါတို့အရှုံးပေးပါပြီ’

အရည်အချင်းစစ်စာမေးပွဲအပြီးတွင် တာဝန်ကျသူ ကျင့်ကြံသူသည် အနည်းငယ် ချီတုံချတုံဖြစ်နေပုံရသည်။ ရီကျင်းဟိုင်သည် ထူးချွန်ထက်မြက်ကာ အရည်အချင်းရှိသော်လည်း သူသည် အသက်ငယ်သေးကာ သူ၏ ကျင့်ကြံရေးအဆင့်မှာ ပထမအဆင့်ချီစွမ်းအားကျင့်ကြံမှု၌သာ ရှိသေးသည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် အစောပိုင်းအဆင့်များရှိ အချိန်သည် အရေးကြီးသည်။ သို့သော် ရီကျင်းဟိုင်သည် သူ၏ တူညီသောအဆင့်ရှိသည့်အခြားသော ကျင့်ကြံသူများ၏ နောက်တွင်ကျန်ရှိနေသည်မှာထင်ရှားသည်။

ဥပမာ ယွမ်တင်းဟန်ကိုကြည့်ပါက သူတို့၏စွမ်းရည်များသည် အဆင့်တူသော်လည်း ယွမ်သည် ငယ်ရွယ်ကာ ချီစွမ်းအားကျင့်ကြံမှုအဆင့်လေးသို့ရောက်ရှိနေပြီဖြစ်သည်။

ကျင့်ကြံသူ၏တုံ့ပြန်မှုကို မြင်လျှင် ရီကျင်းဟိုင်သည် လက်သီးများကိုဆုပ်ထားလိုက်သည်။

ယွမ်တင်းဟန်ကို သူ့ကြောင့် သူ့မိသားစုနှင့် ဆက်ဆံရာတွင် အခက်အခဲများစွာ မကြုံတွေ့ရစေချင်သည့်အတွက် အတွင်းစည်းတပည့်ဖြစ်ချင်ခဲ့သည်။

ဖြစ်နိုင်ပါက မည်သူက အချောင်သမားဖြစ်လိုမည်နည်း။

ထိုအချိန်တွင် ဓားပျံတစ်စင်း ကောင်းကင်မှ ဆင်းသက်လာသည်။ ဓားတစ်စင်းပေါ်တွင် ပျံသန်းနိုင်သူသည် အနည်းဆုံး ချီစွမ်းအားကျင့်ကြံမှုနှောင်းပိုင်းအဆင့်ရှိကာ သက်ရှည်တဲ့ဂိုဏ်းထဲမှ ရာထူးကြီးမြင့်သူဖြစ်ရမည်။

"မင်း ဒီကိုလာပြီး ထပ်စမ်းသပ်ကြည့်ပါဦး"

အဖြူရောင်ဝတ်စုံနှင့် အဖြူရောင်ပုဝါဝတ်ဆင်ထားသော အမျိုးသမီးသည် သူမ၏ သိုလှောင်အိတ်ထဲမှ အနက်ရောင်ကျောက်တုံးတစ်တုံးကို ထုတ်ကာ ရီကျင်းဟိုင်၏ ရှေ့တွင်တင်ထားလိုက်သည်။

ဤသည်မှာ ဝိညာဉ်ကျောက်ဖြစ်ပါသလော။

ရီကျင်းဟိုင်သည် တုံ့ဆိုင်းသွားသော်လည်း ကျောက်တုံးပေါ် သူ့လက်ကို တင်လိုက်တယ်။

ကျောက်တုံးကြီးပေါ်တွင် အလင်းစက်လေးလုံးပေါ်လာကာ ၎င်းသည် အမှန်ပင် ဝိညာဉ်ကျောက်ဖြစ်သည်။

အလင်းတန်းလေးခုအပြင် စက်ဝိုင်းအပြင်ဘက်တွင် အစိမ်းရောင်အရိပ်တစ်ခု ပေါ်လာတယ်။

‘ငါထင်သလိုပဲ’ အဖြူရောင်ဝတ်ဆုံနှင့် အမျိုးသမီး၏ မျက်လုံးများသည် ချက်ချင်းတောက်ပသွားသည်။

"အကြီးအကဲ!"

စမ်းသပ်မှုတာဝန်ခံကျင့်ကြံသူသည် အဖြူရောင်ဝတ်အမျိုးသမီးကို အလျင်အမြန် ဂါရဝပြုခဲ့သည်။

အဖြူဝတ် အမျိုးသမီးသည် သူ့ကို လျစ်လျူရှုကာ ရီကျင်းဟိုင်ကို ကြည့်ပြီးနောက် "အခုချိန်ကစပြီး မင်းက ငါ့ရဲ့ တိုက်ရိုက်တပည့်ပဲ!"

နောက်တစ်ခဏ၌ လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

…………………..

အခန်း(၄၂) တိုးတက်လာသောမိသားစု ၃ : ကျင့်ကြံရေးမိသားစု

သက်ရှည်ဂိုဏ်း၏ အကြီးအကဲဖြစ်သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံတစ်ဦးဖြစ်ကာ အရေးအကြီးဆုံးမှာ သူသည် ကွမ်ဟယ်စီရင်စုတစ်ဝှမ်းတွင်ကျော်ကြားသောအလှတစ်ပါးဖြစ်သည်။

‘အလှလေးက ဟင်းတစ်ခွက်ကို အလကားပေးနေတာလား’

ရီကျင်းဟိုင်သည်လည်း ထိတ်လန့်သွားသည်။ သူသည် တကယ်ကို ဆွဲဆောင်မှုရှိသည်လော။

ယွမ်တင်းဟန်လည်းထိတ်လန့်သွားသည်။ ‘သူ့ချစ်သူက ဘာလို့တပ်မက်သူများနေရတာလဲ?’

“မင်းရဲ့ဝိညာဉ်ရေးအမြစ်က ထူးခြားတဲ့သစ်သားစွမ်းရည်တစ်ခုပါ။ အဆင့်ခြောက်မှာပဲ ရှိသေးပေမယ့် ကောင်းမွန်တဲ့ အလားအလာရှိတယ်။ ဤရှင်းပြချက်ကြောင့် လူတိုင်း သက်ပြင်းချနိုင်ကြသည်။

‘ဒါက ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေကြောင့်ပဲ’

‘ အင်း ဒါဆို အဆင်ပြေပါပြီ’

‘အိုး ဒီရုပ်ရည်နဲ့ ဒီအရည်အချင်းပေါင်းစပ်ထားမှတော့ ငါတို့သာမန်လူတွေ ဘယ်လိုနေရမှာလဲ’

မည်သို့ပင်ဆိုစေကာမူ ရီကျင်းဟိုင်သည် သက်ရှည်ဂိုဏ်းသို့ အောင်မြင်စွာဝင်ရောက်ခဲ့ကာ သူ၏ရည်မှန်းချက်ကို အောင်မြင်ရုံသာမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအကြီးအကဲ၏ တိုက်ရိုက်တပည့်တစ်ဦးဖြစ်လာခြင်းဖြင့် အားလုံးကို ကျော်တက်သွားခဲ့သည်။

ရီကျင်းဟိုင်ကို ခေါ်ဆောင်သွားသောအခါ ယွမ်တင်းဟန်သည်လည်း သူနှင့်အတူ ပါသွားသည်။ ယွမ်တင်းဟန်၏အရည်အချင်းကြောင့် သူမသည် သက်ရှည်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်လာသည်မှာ သဘာဝကျသည်။

ထိုအချိန်တွင် ရီကျင်းဟိုင်နှင့် ရီမိသားစု ၏ဂုဏ်သတင်းသည် တဖြည်းဖြည်းပျံ့နှံ့လာသည်။

ကွမ်ဟယ်စီရင်စုတဝိုက်ရှိ အသိုင်းအဝိုင်းထဲတွင် ရီကျင်းဟိုင်၏ဂုဏ်သတင်းသည် သေးငယ်မနေခဲ့ပေ။

သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ၏ တပည့်ဖြစ်ရုံသာမက အနာဂတ်တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် အစွမ်းထက်သော ကျင့်ကြံသူဖြစ်လာနိုင်ဖွယ်ရှိသည့် အရည်အချင်းကောင်းများနှင့်လည်း ကောင်းချီးခံရပါသည်။

ရီမိသားစုတွင်၊ ရီဖန်သည် ရှေးဟောင်းမှော်ပစ္စည်းများ သန့်စင်နေချိန်တွင်၊ စနစ်၏အသံက သူ့စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်ကာထွက်ပေါ်လာသဖြင့် သူ့ကိုအံ့ဩသွားစေကာ သန့်စင်ခြင်းလုပ်ငန်း ကျရှုံးမတတ်ပင် ဖြစ်သွားသည်။

"ရေရှည်တာဝန်ကို ပြီးမြောက်စေခြင်းအတွက် ဂုဏ်ယူပါတယ်- 'မိသားစုစွမ်းအား ၁ - အင်မော်တယ်ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ခြင်း' (ပြီးမြောက်) - စုစည်းမှုအတွက် အသင့်ဖြစ်နေပါပြီ။"

သူ၏စိတ်လှုပ်ရှားမှုကို တွန်းလှန်ကာ ကန့်သတ်ချက်များကို အောင်မြင်စွာ ထွင်းထုပြီးနောက်၊ နောက်ဆုံးတွင် အသစ်ပေါ်လာသော ရေရှည်တာဝန်ကို ကြည့်ရန်အချိန်ရခဲ့သည်။

'မိသားစုစွမ်းအား'- မိသားစုသည် ၎င်းတို့၏ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ရုံသာမက၊ ပေါင်းစည်းထားသော အင်အားစုများကို ကျင့်ကြံခြင်း၊ အင်အားကြီးမားသော ဂိုဏ်းခွဲများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားသော လုပ်ဆောင်ချက်များသည် မိသားစုစွမ်းအားတန်ဖိုးကို တိုးမြင့်စေနိုင်သည်။ လက်ရှိစွမ်းအားတန်ဖိုး- ၁၀/၁၀၀

မိသားစုစွမ်းအားတန်ဖိုး ပြည့်သွားသည်နှင့် ဆုလက်ဆောင်များ၏ နောက်အဆင့်ကို စုဆောင်းနိုင်သည်။

‘‘စနစ်၊ ဆုလာဘ်တွေယူလိုက်ပါ”

“ကျပန်းကျင့်ကြံရေးနည်းစနစ်၊ ကောင်းကင်ကို လှည့်စားပြီး ပင်လယ်ကိုဖြတ်ကျော်ခြင်း ဆုလက်ခံရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။”

ကောင်းကင်ကိုလှည့်စားခြင်းနှင့် ပင်လယ်ကိုဖြတ်ကျော်ခြင်းသည် အဆင့်မြင့်မားသော အင်မော်တယ်များကို လှည့်ဖြားနိုင်စွမ်းကာ လူတစ်ယောက်၏ ကျင့်ကြံရေးအဆင့်ကို ဖုံးကွယ်ထားနိုင်သည်။ ပိုကျွမ်းကျင်လေလေ ဝှက်ထားနိုင်သည့် ကျင့်ကြံမှုအဆင့်ပို မြင့်လေပါပဲ။

နည်းစနစ်တစ်ခုမျှသာဖြစ်သော်လည်း၊ ၎င်းသည်အလွန်အစွမ်းထက်သည်။

မကြာသေးမီက ရီဖန်သည် အခြားသူများ အလွယ်တကူ သိမြင်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို စောဒကတက်ခဲ့သည်။ ယခုနောက်ဆုံးွင်၊ သူဖြေရှင်းဖို့ နည်းလမ်းရှာခဲ့တယ်။ တစ်ရက်အကြာတွင် ရီဖန်သည် 'ကောင်းကင်ကို လှည့်စားပြီး ပင်လယ်ကိုဖြတ်ခြင်း' ကို အောင်မြင်စွာ ကျွမ်းကျင်ခဲ့သည်။

နည်းစနစ်ကို အသက်သွင်းပြီးနောက်၊ သူ၏ ချီစွမ်းအား ကျင့်ကြံရေးစတုတ္ထအဆင့်မှ ချီစွမ်းအားကျင့်ကြံရေးတတိယအဆင့်သို့ တခဏချင်း တိုးတက်သွားခဲ့သည်။

တိုက်ခိုက်ရာတွင် အရောင်အဝါဖြစ်စေ။ စွမ်းအားကို ပြသသည်ဖြစ်စေ၊ နှစ်ခုလုံးသည် ချီစွမ်းအားကျင့်ကြံမှုတတိယအဆင့်နှင့် ကိုက်ညီသည်။

သူသည် ဤနည်းပညာကို လျှို့ဝှက်စုဆောင်းမှုတွင် ထည့်သွင်းခဲ့ကာ ၎င်းကို မိသားစုဝင်များအတွက် မသင်မနေရ ကျင့်ကြံရေးစနစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

အဆုံးထိ လှည့်ဖြားရန်မကြိုးစားမည့်တိုင် သူသည် သူ၏ကျင့်ကြံရေးအဆင့်ကို အခြားကျင့်ကြံသူများကို မြင်ခွင့်ပေးမည်မဟုတ်ပေ။ အရန်အစီအစဉ်တစ်ခုထားရှိခြင်းသည်ပိုကောင်းပေမည်။

ရီဖန်သည် ရှေးဟောင်းပစ္စည်းများကို ဆက်လက်မသန့်စင်တော့ပေ။ ရီကျင်းဟိုင်သည် သက်ရှည်ဂိုဏ်းသို့ဝင်ရောက်ကာ မိသားစု၏ဂုဏ်သတင်းတက်လာသောအခါတွင်၊ မိသားစုပြန်လည်ထူထောင်ရေး၏ ရေရှည်တာဝန်သည်လည်း ပြီးလုနီးပါးဖြစ်သင့်သည်မဟုတ်လော။

နောက်တစ်ရက်ကြာလာသည်နှင့်အမျှ ကောလာဟလများသည် နောက်ဆုံးတွင် အပြည့်အ၀ပျောက်ကွယ်သွားသည်။

“ရေရှည်တာဝန် ‘တိုးတက်လာသောမိသားစု ၃’ ကျင့်ကြံရေးမိသားစု (ပြီးစီး) - ဆုလာဘ်စုဆောင်းရန်အဆင်သင့်။"

“အစ်ကိုထုံကျစ်၊ဆုကိုထုတ်လိုက်ပါ”

"မိသားစုကံ အမှတ် ၁၀၀ ဆုရရှိသည့်အတွက် အိမ်ရှင်အား ဂုဏ်ယူပါသည်။"

မိသားစုကံသည် မိသားစုဝင်တိုင်း၏ကံကို ကိုယ်စားပြုသည်။

မိသားစုကံများလေ၊ မိသားစုဝင်များ ကံကောင်းလေလေဖြစ်သည်။

မိသားစုကံ၏ အမှတ်တစ်ရာသည် 'သေးငယ်သောကံကြမ္မာ’ နှင့် ညီမျှသည်။

မကြာသေးမီက ဆုနှစ်ခုသည် ခွန်အားကို ချက်ချင်းမြှင့်တင်ပေးခြင်းမျိုးမဟုတ်ပေ။

သို့သော် မိသားစု၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်းတို့သည် မယုံနိုင်လောက်အောင် အကျိုးပြုခဲ့သည်။

မိသားစုစွမ်းအားတာဝန် ပေါ်ပေါက်လာသည်နှင့်အမျှ ရီဖန်၏ အတွေးများသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ရီမိသားစုသည် အထီးကျန်နေရန် အချိန်မရှိတော့ပေ။ အပြင်သို့ စွန့်စား၍ ချဲ့ထွင်ရန် အချိန်တန်ပြီဖြစ်သည်။

ဥပမာအားဖြင့်၊ ဆေးလုံးလုပ်ငန်းတွင် လီမိသားစုသည် ဝင်ငွေများစွာရရှိခဲ့သည်။ ဤအကျိုးအမြတ်သည် ရီမိသားစုမှ ၎င်းတို့ကိုယ်တိုင် ရရှိနိုင်သောအရာဖြစ်သည်။

ရီဆေးခန်းသည်လည်း ဤကမ္ဘာပေါ်တွင် ပြန်လည်ပေါ်ပေါက်လာသင့်သည်။

ရီဖန်သည် သူကိုယ်တိုင် ဆေးပညာနှင့် ရှေးဟောင်းပစ္စည်းသန့်စင်ခြင်းကို အာရုံစိုက်ရန် လိုအပ်သောကြောင့် ရီကျင်းဟိုင်ကို ရီဆေးခန်း၏ ကိစ္စရပ်များကို ကိုင်တွယ်ခွင့်ပေးရန် စီစဉ်ခဲ့သည်။

ပြောရကျိုးနပ်သည်မှာ ရီကျင်းဖန်၏ ဆေးပညာကျွမ်းကျင်မှုသည် သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်းဖြစ်သည်။ အချိန်တိုအတွင်း သူမသည် ဆေးလုံးများကို လွတ်လပ်စွာ သန့်စင်ပေးနိုင်သည်။

'ပိုင်ရစ်စွမ်းရည်' ကို ပေါင်းထည့်ခြင်းကြောင့်၊ ရီမိသားစုဝင်များသည် အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ အရည်အချင်းများ ရှိခဲ့ပါသည်။

ရီဖန်၏ ကိုယ်လုပ်တော် နှစ်ယောက်၊ ရီကျင်းထျန်၏ ကိုယ်လုပ်တော် စသည်တို့ကဲ့သို့ မိသားစုမှ အမျိုးသမီးများသည် ၎င်းတို့၏ အဓိက ကျင့်ကြံခြင်းအပြင် နောက်ထပ်စွမ်းရည်များကို ကျင့်ကြံခဲ့ကြသည်။

သစ်သားဝိညာဉ်ရေးရာအမြစ်ရှိသူများသည် ဝိညာဉ်အပင်သခင်များဖြစ်လာရန် စတင်သင်ယူနေပြီဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက်တွင် ရီမိသားစု၏ အလယ်တန်းအဆင့်အလုပ်အကိုင်များသည် လျင်မြန်စွာ ချဲ့ထွင်သည့်ကာလတစ်ခုသို့ ဝင်ရောက်လာမည်ဖြစ်သည်။

ထိုအရာများကို ဖြေရှင်းရန် အချိန်လိုအပ်သည်။

ရီဖန်သည်ရှေးဟောင်းမှော်ပစ္စည်းများကို ဆက်တိုက် သန့်စင်ခဲ့ကာ နောက်ဆုံးပစ္စည်းကို အောင်မြင်စွာ သန့်စင်ပြီးသောအခါ ရီဖန်သည် သက်ပြင်းချလိုက်သည်။

သူသည် ဤအလယ်အလတ်အဆင့် မှော်ပညာဓားအခင်းကျင်းကို 'ကိုးယွမ်ဓား' ဟု အမည်ပေးခဲ့သည်။

သူရောင်းချသောအခါ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်အောက်နှင့် ပေးမည်မဟုတ်ပေ။ အဆင့်မြင့် မှော်ပစ္စည်းနှစ်ခုကို ပြုပြင်သည်ပင် ဤမျှ မပင်ပန်းပေ။

ကိုးယွမ်ဓားဖြင့် ရီကျင်းဟိုင်သည် ယွမ်မိသားစုကို လက်ထပ်ခွင့်တောင်းနိုင်သည်။

ယွမ်မိသားစုကို ပြန်ရောက်သောအခါ ယမ်တင်းဟန်သည် ရီကျင်းဟိုင်နှင့် သူမ၏ ဆက်ဆံရေးကို သူမ၏ဖခင်ဖြစ်သူ၊ လက်ရှိ မိသားစုခေါင်းဆောင် ယွမ်ချောင်ယန်ကို ပြောပြခဲ့သည်။

သူ့သမီးသည် ယောက်ျားတစ်ယောက်ကို သီးသန့်လက်ထပ်ရန် ကတိပြုထားသည်ဟူသော သတင်းကြားသည့်အခါ ယွမ်ချောက်ယန်သည် သေလုမတတ် ဒေါသဖြစ်ခဲ့ရသည်။ မိသားစုဝင်အချို့ကို မေးမြန်းပြီးနောက် သူတို့အားလုံး သိပြီးဖြစ်ကြောင်း သူသိခဲ့ရသည်။

‘ကောင်းရော၊ ဖခင်တစ်ယောက်အနေနဲ့ နောက်ဆုံးသိရတာက ငါလား’

ယွမ်ချောင်ယန်သည် ရီကျင်းဟိုင်ကို အမှန်တကယ် တွန်းထုတ်ချင်သော်လည်း ဤကိစ္စကို လူသိရှင်ကြား သိထားပြီးသားဖြစ်သောကြောင့် ယခုအချိန်တွင်လက်ထပ်ပွဲကို ရပ်ဆိုင်းလိုက်ခြင်းက ယွမ်တင်းဟန်ကို အကြီးမားဆုံး ထိခိုက်မှုဖြစ်စေနိုင်သည်။

မကြာခင်တွင် ရီကျင်းဟိုင်နှင့် ရီမိသားစုနှင့် ပတ်သက်သည့် အချက်အလက်များသည် ယွမ်ချောက်ယန်၏ခုံပေါ်သို့ ရောက်ရှိလာသည်။

‘ရီမိသားစု၊ တည်ထောင်ခါစ ကျင့်ကြံရေးမိသားစု?’

အိမ်ထောင်ဦးစီး ရီဖန်သည် ချီစွမ်းအားကျင့်ကြံမှုကနဦးအဆင့်တွင်သာ ရှိသေးသည်။

သို့သော် ပထမအဆင့်ဆေးပညာရှင်တစ်ယောက်ဖြစ်ခြင်းသည် အချို့သောအချက်များကို အာမခံချက်ပေးသည်။

ရီကျင်းဟိုင်သည် သက်ရှည်ဂိုဏ်း၏ တပည့်ဖြစ်ကာ ဂိုဏ်း၏အကြီးအမှူး၏ တိုက်ရိုက်တပည့်ပင် ဖြစ်သည်။ ယွမ်ချောင်ယန်သည် ရီမိသားစုသည် သူတို့ထက်နိမ့်ကျသည်ဟုခံစားမိသော်လည်း သူ့ဒေါသများသည် သိသိသာသာ လျော့ကျသွားသည်။

‘ဒါပေမယ့် ဘာဖြစ်လဲ၊ ရီကျင်းဟိုင်လာရဲရင် ယွမ်ချောင်ယန်က သူ့ကို အခက်တွေ့စေမှာ သေချာသည်’

သုံးရက်အကြာတွင် ရီကျင်းဟိုင်သည် ယွမ် မိသားစုထံ ကိုးယွမ်ဓားနှင့် အခြားလက်ဆောင်များနှင့်အတူ ရောက်ရှိလာသည်။ အထင်အမြင်သေးခြင်း သို့မဟုတ် ခက်ခဲသည့် အခြေအနေများမရှိဘဲ ယွမ်မိသားစုဝင်များသည် ရီကျင်းဟိုင်အပေါ် အလွန်ယဉ်ကျေးသိမ်မွေ့ကြသည်။

သူ့ကို မကျေမနပ်ဖြစ်ပုံရသည့် တစ်ဦးတည်းသောလူမှာ ယွမ်ချောင်ယန်ဖြစ်သည်။ သူသည် ရီကျင်းဟိုင်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“သူက ငါငယ်ငယ်တုန်းကအတိုင်းပဲ၊ တကယ်ချောတယ်” ရီကျင်းဟိုင်ကို စစ်ဆေးပြီးနောက်၊ သူသည် ရီကျင်းဟိုင်၏ အသွင်အပြင်ကို ဆန့်ကျင်သည့် စကားလုံး မရှိခဲ့ပေ။

‘သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ကလည်း တော်တော်ကောင်းပါတယ်’

တစ်ခုတည်းသောပြဿနာမှာ ချီစွမ်းအားကျင့်ကြံမှုပထမအဆင့်တွင်ရှိနေခြင်းသည် အနည်းငယ်နိမ့်လွန်းခဲ့သည်။ ယွမ်ချောင်ယန် စကားပြောခါနီးတွင် ယွမ်တင်းဟန်သည် ချက်ချင်းပင် သူ့ကိုမျက်စောင်းထိုးကာ

“အဖေ့၊ ခင်ပွန်းတစ်ယောက်ရှာရတာ မလွယ်ဘူးနော်၊ အဖေသူ့ကိုကြောက်အောင်လုပ်ရင် အမေ့ကိုအဖေနဲ့စာရင်းရှင်းခိုင်းလိုက်မှာ"

ဤသည်ကိုကြားသည့်အခါ ယွမ်ချောင်ယန်သည် သူ့စကားကို ချက်ချင်းပြန်ရုတ်လိုက်သည်။

‘သြော် သမီးလေး ပျော်နေဖို့ပဲ အရေးကြီးတာ။ သေချာတာကတော့ သူ့မိန်းမကို မကြောက်ပါဘူးနော်’

ယွမ်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင်အနေဖြင့် ယွမ်ချောင်ယန်က သဘောတူလိုက်သည်နှင့် အခြားသူများသည် ကန့်ကွက်မည်မဟုတ်ပေ။သို့သော် ဤအခြေအနေများတွင် ထိုးထွက်ချင်နေသည့်လူအချို့ အမြဲရှိခဲ့သည်။

“မျိုးနွယ်စုခေါင်းဆောင်၊ ခင်ဗျားသမီးရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေချပိုင်ခွင့်ရှိပါတယ်၊ ဒါပေမယ့် ဒီအိမ်ထောင်ရေးက ငါတို့ရဲ့ ယွမ်မိသားစုအတွက် ကြီးမားတဲ့ပွဲတစ်ခုပါ။ ငါတို့မျက်နှာအပျက်မခံနိုင်ဘူး!"

အဓိပ္ပာယ်မှာ ရှင်းပါသည်။ ယွမ်တင်းဟန်၏ အိမ်ထောင်ရေးသည် ယွမ်မိသားစုအတွက် အရေးကြီးသည်.. ရီကျင်းဟိုင်၏ အိမ်ထောင်ရေးလက်ဆောင်ပစ္စည်းများ မလုံလောက်ပါက ယွမ်မိသားစုအတွက် အရှက်ကွဲစရာဖြစ်လိမ့်မည်။

All Chapters