← Chapters

အခန်း ၄၆-၄၈

Vol. 4 Ch. 46-48

အခန်း ၄၆-၄၈

Vol. 4 Ch. 46-48

အခန်း (၄၆) ငါ့အဖေ ပျံသွားပြီ

ရီမိသားစု၊ ဆေးဖိုအခန်း။

ရီကျင်းဖန်သည် ချီစွမ်းအားကျင့်ကြံခြင်ရအတွက် အခြေခံဆေးလုံးကို အပြည့်အဝအာရုံစူးစိုက်ကာ ပြုလုပ်လျက်ရှိသည်။

ရီမိသားစုသည် ကြီးထွားလာခဲ့ကာ ရီဖန်တစ်ယောက်တည်းနှင့် မလုံလောက်တော့ချေ။

ရီဖန်သည် ဆေးပညာ၊ ရှေးဟောင်းပစ္စည်းများသန့်စင်ပြုပြင်ခြင်း သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်းများကို မိသားစုတွင် သင်ယူလိုစိတ်ရှိသူမှန်သမျှကို စိတ်အားထက်သန်စွာ သင်ကြားပေးမည်ဖြစ်သည်။

‘ဝှစ် ဝှစ် ဝှစ်’

ဝိညာဉ်ရေးမီးများ လောင်ကျွမ်းလာကာ ဆေးရည်များသည် ဆက်လက် အရည်ပျော်နေသည်။

ထို့နောက် ရီကျင်းဖန်သည် လက်အမှတ်အသားတံဆိပ်ကို ဖန်တီးလိုက်သည်။ ဆေးဖိုသည် ချက်ခြင်းပွင့်လာကာ အတွင်းမှ တောက်ပြောင်သော အဖြူရောင်ဆေးလုံးများ ထွက်လာသည်။

ဆေးလုံး၏အရည်အသွေး ၅၀% ကျော်လွန်နေသရွေ့ ၎င်းကိုအရည်အချင်းပြည့်မီသော ဆေးလုံး အဖြစ်သတ်မှတ်နိုင်သည်။ ဤကျင့်ကြံရေးဆေးလုံး၏ အရည်အသွေးမှာ ၆၅% ရှိသွားပြီဖြစ်သည်။

"ဦးလေး၊ သမီး အောင်မြင်သွားပြီ!"

ရီကျင်းဖန်သည် အောင်မြင်ချမ်းသာရေးလမ်းကြောင်းကို မြင်လိုက်ရသကဲ့သို့ ပီတိဖြစ်နေ၏။

ဆေးပညာကိုနှစ်ပေါင်းများစွာ လေ့လာပြီးနောက် ရီကျင်းဖန်သည် နောက်ဆုံးတွင် သူမ၏ ပထမဆုံး ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။

"ကောင်းတယ်! အခုကစပြီးတော့ မင်းကိုယ်တိုင် ဆေးလုံးတွေ သန့်စင်ပေးနိုင်ပြီ"

ရီဖန်သည် သူမ၏ ခေါင်းကို သဘောကျစွာ ပုတ်လိုက်သည်။ နောက်ဆုံးတွင် ရီမိသားစု၌ အခြားဆေးဆရာတစ်ယောက်ရှိလာချေပြီ။

ယခုတွင် ပထမအဆင့်ဆေးလုံးများကို သန့်စင်ရန်အတွက် ရီကျင်းဖန်ရှိပြီဖြစ်သောကြောင့် ရီဖန်သည် ပိုမိုမြင့်မားသော ဆေးလုံးများကို သန့်စင်ရန် သူ၏ စွမ်းအင်ကိုချွေတာနိုင်ပြီဖြစ်သည်။

‘ဟုတ်တာပေါ့၊ ရီကျင်းဖန်ကဆေးလုံးတွေကို အလကားဘယ်သန့်စင်ပေးမလဲ’

ရီမိသားစုထံမှ ဆေးဖက်ဝင်အပင်များကို ထောက်ပံ့ပေးကာ ရီကျင်းဖန်သည် အမြတ်ငွေ၏ ဆယ်ရာခိုင်နှုန်းကို ခံစားနိုင်မည်ဖြစ်သည်။

ရီဖန်၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုပြီးနောက် နောက်ဆုံးတွင်သူတို့သည် ရင်းနှီးမြုပ်နှံမှု၏ အကျိုးရလဒ်များ ပြန်ရလာသည်ကို မြင်လာကြပြီဖြစ်သည်။

ဆေးပညာရှင်ဖြစ်သည့် ရီကျင်းဖန်အပြင်၊ ရှောင်သွမ်မုရှီချင်းနှင့် တုံဟယ်ဟယ်တို့သည်

လည်း မကြာမီ ရီမိသားစု၏ စိတ်ဝိညာဉ်အပင်သခင်များ ဖြစ်လာကြမည်ဖြစ်သည်။

ဆေးပညာရှင်နှင့် နှိုင်းယှဉ်ပါက စိတ်ဝိညာဉ်အပင်သခင်ဖြစ်ရခြင်းသည် များစွာရိုးရှင်း၏။

ရီဆေးခန်းသည် စတင်လည်ပတ်တော့မည်ဖြစ်ကာ ရီဖန်နှင့် ရီကျင်းဖန်တို့သည် ဆေးဖိုခန်းတွင်သာ နေ့တိုင်းအချိန်ကုန်ကြလျက် ဆိုင်ဖွင့်ရန်အတွက် ဆေးလုံးများကို ပြင်ဆင်နေကြသည်။

တစ်လခွဲကြာပြီးနောက် ရီဖန်သည် ဝိညာဉ်ကျောက်တုံးသွေးကြောဆီသို့ သွားခဲ့သည်။

လွန်ခဲ့သည့်သုံးရက်က ရီဖန်သည် ရီမိသားစုဝင်များကို ဝိညာဉ်စုစည်းမှုအခင်းအကျင်းကိုအသုံးပြု၍ ကျင့်ကြံခြင်းကို ခေတ္တရပ်တန့်ထားရန် တောင်းဆိုခဲ့သည်။

ယနေ့သည် အရေးပါသောနေ့ဖြစ်သည်။

"စနစ်၊ ပေါင်းစည်းလိုက်ပါ!"

ရီမိသားစုဝင်အားလုံး၏ ကျင့်ကြံရေးအဆင့်များသည် အတူတကွစုစည်းသွားသည်။

သူတို့သည် သွေးဂျင်ဆင်းဆေးလုံးကို သောက်သုံးထားသောကြောင့် ရီမိသားစုတစ်ခုလုံး၏ ကျင့်ကြံရေးအဆင့်များမှာ ယခုလတွင် များစွာတိုးလာခဲ့သည်။

ချီစွမ်းအားကျင့်ကြံခြင်းဆဋ္ဌမအဆင့်မှ သတ္တမအဆင့်သို့ တက်လှမ်းခြင်းသည် သဘာဝကျသည့် တိုးတက်မှုတစ်ခုဖြစ်ကာ ရီဖန်၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအားများ ရုတ်ချည်း တိုးလာသည်။

မူလက အငွေ့သာဖြစ်သော ဝိညာဉ်စွမ်းအင်သည် ပျစ်စပြုလာပြီးနောက် နောက်ဆုံးတွင် အရည်အဖြစ်သို့ ပြောင်းလဲသွားသည်။အရည်ဖြစ်သည့် ဝိညာဉ်စွမ်းအင်သည် ဓာတ်ငွေ့အခြေအနေထက် နှစ်ဆပိုအားကောင်း၏။

ဝိညာဉ်စွမ်းအားများ အရည်ပျော်ပြီးမှသာလျှင် ပျံသန်းခြင်းအတွက် အင်မော်တယ်လက်နက်ကို ထိန်းထားနိုင်မည်ဖြစ်သည်။ရီဖန်၏ အောင်မြင်မှုနှင့်အတူ ဝိညာဉ်စုစည်းမှုအခင်းအကျင်းအတွင်းရှိ ဝိညာဉ်ရေးစွမ်းအားများလည်း ကုန်ဆုံးသွားခဲ့သည်။

သို့သော် ရီဖန်သည် ထိုအရာများကို ဂရုမစိုက်ချေ။ သူ၏သိုလှောင်အိတ်ထဲမှ ဓားပျံတစ်ချောင်းကို စိတ်အားထက်သန်စွာ ထုတ်ယူကာ ၎င်းအပေါ်သို့ တက်လိုက်သည်။

ဓားပျံသည် တုန်ခါသွားလျက် မြေပြင်မှ မြှောက်ဆက်သွားကာ ရီဖန်ကို လေထဲသို့ သယ်ဆောင်သွားသည်။

‘ငါနောက်ဆုံးတော့ပျံနိုင်ပြီ!’

ရီဖန်သည် ဓားထိန်းချုပ်ခြင်းနည်းပညာကို ပို၍ကျွမ်းကျင်လာသည်နှင့်အမျှ သူသည် ပို၍မှန်ကန်စွာ ပျံသန်းလာနိုင်သည်။ အဆုံးတွင် ရီဖန်သည် ကောင်းကင်၌ ဆယ်မီတာအမြင့်မှ ရီမိသားစုထံသို့ ဦးတည်ပျံသန်းသွားခဲ့သည်။

ကောင်းကင်ယံတွင် ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားသောအခါ ရီမိသားစုဝင်များသည် တစ်ယောက်ပြီးတစ်ယောက် မော့ကြည့်လာကြသည်။ ထို့နောက် ဓားတစ်စင်းပေါ်တွင် ပျံသန်းနေသော ရီဖန်ကို တွေ့လိုက်ရသည်။

”ဟ ငါ့အဖေ ပျံနိုင်သွားပြီလား"

ဓားကိုအသုံးပြု၍ ပျံသန်းနိုင်ခြင်းသည် ချီစွမ်းအားကျင့်ကြံမှုနှောင်းပိုင်းအဆင့်သို့ရောက်နေသည့် အထိမ်းအမှတ်ဖြစ်သည်။

ရီဖန်သည် ချီစွမ်းအားကျင့်ကြံမှုနှောင်းပိုင်းအဆင့်သို့ တက်လှမ်းသွားသည်ကို မြင်ရသော ရီမိသားစုတစ်ခုလုံးသည် ပီတိဖြစ်ခဲ့ရသည်။ရီမိသားစု၏ အကြီးအကဲဖြစ်သောကြောင့် ရီဖန်သည် ပိုမိုအားကောင်းလေလေ၊ ရီမိသားစုသည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

ကောင်းကင်တွင် နာရီဝက်မျှ ပျံသန်းပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်သည် လုံး၀ကုန်ဆုံးလုနီးပါး ဖြစ်သွားသည့်အခါမှ ရီဖန်သည်ကျေနပ်စွာ ဆင်းသက်လာခဲ့သည်။

ရီဖန်သည် ချီစွမ်းအားကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ယခုအခါသူခြေကုပ်ယူထားနိုင်ကြီဖြစ်သည်။ ထို့ကြောင့် ရီမိသားစု၏ ဆေးကုသရေးသည် နောက်ဆုံးတွင် ၎င်း၏လမ်းကြောင်းများ ဖွင့်နိုင်ခဲ့သည်။

သုံးရက်လောက်အကြာ ချင်းယွင်စျေးတွင်….

ရီဖန်သည်လီမိသားစု၏အရောင်းကိုယ်စားလှယ်ထံမှ ဆိုင်တစ်ဆိုင်ကို လစဉ်ဝိညာဉ်ကျောက်တုံးသုံးဆယ်နှင့် ငှားရမ်းခဲ့သည်။

အခင်းအကျင်းများမရှိသည့် သုံးထပ်အဆောက်အအုံတစ်ခုသည် လစဉ် စိတ်ဝိညာဉ်ကျောက်တုံးများသွာ လိုအပ်သည်။

စျေးကွက်ကို ထိန်းချုပ်ခြင်းသည် အမှန်တကယ် အကျိုးအမြတ်ရှိသော လုပ်ငန်းတစ်ခု ဖြစ်ပုံရသည်။

အဆောက်အအုံကို ငှားရမ်းပြီးနောက် ရီဖန်သည် ပရိဘောဂအချို့ကို ဝယ်ယူကာ နောက်ဆုံးတွင် ကမ္ပည်းပြားတစ်ခု ပြုလုပ်ခဲ့သည်။ ရီမိသားစု၏ ဆေးကုသရေးလုပ်ငန်းကို တရားဝင် စတင်ဖွင့်လှစ်လိုက်ချေပြီ။

ကျင့်ကြံသူများသည် ဆေးခန်းနောက်တစ်ခုဖွင့်လှစ်လာခြင်းကို အံ့သြပုံမပေါ်ပေ။ ချင်းယွင်စျေးတွင် ဆိုင်တစ်ဆိုင်ဖွင့်ခြင်းက ဆန်းကြယ်သည်မဟုတ်ဘဲ လူတော်တော်များများ လုပ်နိုင်သည်။ ရေရှည် လည်ပတ်နိုင်မှာသာ တကယ်စစ်မှန်သော အရည်အချင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူအများသည် စူးစမ်းလိုစိတ်ဖြင့် ရီမိသားစု၏ဆေးခန်းသို့ လာရောက်ခဲ့ကြသည်။

ချီစွမ်းအားကျင့်ကြံရေးဆေးလုံးအတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တစ်လုံး၊ ချီစွမ်းအားမြှင့်တင်ခြင်းဆေးလုံးအတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်ငါးလုံးနှင့် ဆယ်နှစ်သက်တမ်းရှိ ဂျင်ဆင်းအတွက်အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတို့ လိုအပ်မည်ဖြစ်သည်။

အသုံးအများဆုံး ဝိညာဉ်ရေးဆေးဝါးများနှင့် ဆေးလုံးအားလုံးကို ရီမိသားစု၏ဆေးခန်းတွင် စံနှုန်းထားဖြင့် စျေးနှုန်းသတ်မှတ်ပေးထားသည်။ သို့ရာတွင် အပေါ်နားရှိ စကားလုံးအနည်းငယ်ကို သတိပြုမိလိုက်သောအခါ တည်ငြိမ်နေသည့် ကျင့်ကြံသူများသည်ပင် ချက်ချင်းစိတ်လှုပ်ရှားသွားကြသည်။

သွေးဂျင်ဆင်းဆေးလုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးလေးရာ၊ တစ်ဦးလျှင့် ငါးလုံးအထိဝယ်ယူနိုင်သည်။

‘သွေးဂျင်ဆင်းဆေးလုံး’

ဤဆေးလုံးသည် ချင်းယွင်စျေးတွင် တစ်ကြိမ်သာ ပေါ်လာဖူးကာ အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံး ငါးရာဖြင့် ရောင်းချခဲ့ခြင်းကြောင့် ကျော်ကြားခဲ့သည်။

သွေးဂျင်ဆင်းဆေးလုံးကိုအသုံးပြုသော ကျင့်ကြံသူသည် ချီစွမ်းအားကျင့်ကြံခြင်းအလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်အထိ တက်လှမ်းသွားနိုင်သောကြောင့် ချင်းယွင်စျေးရှိ ကျင့်ကြံသူအများအပြား၏ စိတ်ထဲတွင်ထွင်းထုထားပြီးဖြစ်သည်။

ဤအဆင့်နိမ့်ကျင့်ကြံသူများအတွက် ဝိညာဉ်ကျောက်တုံးလေးရာသည် အလွန်များပြားလှသော်လည်း ကျင့်ကြံသူအများစုသည် မျိုးနွယ်စုများမှဖြစ်သည်။

သွေးဂျင်ဆင်းဆေးလုံးသည် ၎င်းတို့၏ မျိုးနွယ်စုများရှိ ပါရမီရှင်များအတွက် အဓိက အရေးပါသည်ဖြစ်ရာ များမကြာမီတွင် လူအများအပြားသည် အလျင်စလို ထွက်ခွါသွားကြကာ ၎င်းတို့၏ မျိုးနွယ်စုများသို့ သတင်းပြန်ပို့ကြသည်။

ချီစွမ်းအားကျင့်ကြံမှု အထွတ်အထိပ်သို့ အမြန်ရောက်ရှိလေလေ၊ ၎င်းတို့သည် အဆခြခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေသို့ တက်လှမ်းရန် အလားအလာ ပိုများလေဖြစ်သည်။

ရီဆေးခန်းတွင် သွေးဂျင်ဆင်းဆေးလုံးများရသည်ဟူသော သတင်းပျံ့နှံ့သွားပြီးနောက် လူများသည်ရီဆေးခန်းသို့ ဝင်ရောက်လာကြသည်။ဤသို့သောလူအုပ်ကြီးဖြင့် မူလကဆေးလုံးနှင့် စိတ်ဝိညာဉ်ဆေးပင်များဝယ်ယူရန်ရောက်နေသူများသည်လည်း စတင်ဝယ်ယူကြတော့သည်။

ရီဆေးခန်းသည် ၎င်း၏ခမ်းနားသောဖွင့်ပွဲဖြင့် ကြိုဆိုစတင်ခဲ့သည်။

မှန်ပါသည်၊ ရုတ်ချည်းပေါ်လာသောရီဆေးခန်းအတွက် မထင်မှတ်ထားသော လှုံ့ဆော်မှုအချို့လည်းရှိခဲ့သည်။ သို့သော် ရီဖန်သည် လူတိုင်းကို ၎င်း၏နှောင်းပိုင်းအဆင့်ချီစွမ်းအားကျင့်ကြံရေးစွမ်းအားကိုထုတ်ပြပြီးသည်နှင့် သူတို့အားလုံးသည် ကောင်းမွန်စွာသာပြုမူခဲ့ကြသည်။

ကျင့်ကြံရေးလောကတွင် ချီစွမ်းအားကျင့်ကြံရေးနှောင်းပိုင်းအဆင့်သည် အမြင့်ဆုံးဟု မယူဆနိုင်သော်လည်း ၎င်းသည် လက်ရှိတွင် ချင်းယွင်စျေး၌ အားကောင်းသော အခြေအနေတွင်ရှိသည်။ ရီဖန်သည် အခြေအနေများကိုထိန်းသိမ်းရန်အတွက် ရီဆေးခန်းတွင် တစ်နေ့တာလုံး ရှိနေခဲ့သည်။

စွမ်းအားကြီးသောကျင့်ကြံသူတစ်ဦး စစ်ဆေးနေခြင်းမရှိပါက ရီဆေးခန်းသည် ချင်းယွင်စျေး၌အေးချမ်းစွာ ဆက်ဖွင့်နိုင်ရန်လွယ်ကူမည်မဟုတ်ပေ။

ဆေးခန်းသည် ချင်းယွင်စျေးတွင် ငြိမ်းချမ်းစွာ ဆက်လက်လည်ပတ်နေ၏။

"အစ်ကိုရီ၊ ခင်ဗျားကျွန်တော့ကို ဒီဆေးလုံးနှစ်မျိုးကို ရောင်းရမယ်!" ဆိုင်ရှင်လီသည် ရီဖန်၏လက်ကိုမလွှတ်ဘဲ ဆုပ်ကိုင်ထားသည်။

"ဆိုင်ရှင်လီ မပူနဲ့၊ ရောင်းမှာ ရောင်းမှာ ရောင်းမှာ၊ ကျွန်တော်ဒီဆေးတွေလုပ်ထားကတည်းက သေချာပေါက်ရောင်းမှာပေါ့”

ရီဖန်သည် သူ့လက်ကို မသိမသာ ဆွဲဖယ်လိုက်သည်။

သွေးဂျင်ဆင်းဆေးလုံး လေးလုံးသာကျန်တော့သောကြောင့် မျိုးနွယ်စုများအတွက် လုံလောက်ဖို့မဖြစ်နိုင်ပေ။ ၎င်းတို့သည် လျင်မြန်စွာရောင်းထွက်ခဲ့ကြသည်။

အခြားမျိုးနွယ်စုများသည် ချက်ချင်းပင် မကျေမနပ်ဖြစ်ကာ “မင်းသူ့ကိုကျ ရောင်းပြီးတော့ ငါတို့ကို မရောင်းဘူးပေါ့၊ မင်းကငါတို့ကို အထင်သေးနေတာလား”

ထိုသို့သောအခြေအနေများကိုရင်ဆိုင်လိုက်သောအခါ ရီဖန်သည် တည်ငြိမ်စွာပင် “လူကြီးမင်းတို့၊ သွေးဂျင်ဆင်းဆေးလုံးတွေ ရောင်းကုန်သွားပေမယ့်၊ သင့်လျော်တဲ့ဝိညာဉ်ရေးဆေးတွေကို ရှာတွေ့နိုင်သရွေ့ ကျွန်တော်တို့ကို သန့်စင်ဖို့အတွင်တာဝန်ပေးနိုင်ပါတယ်”

ရီဖန်သည် အဆင်သင့်ရရှိသောဆေးလုံးများနှင့် ဆေးပညာလုပ်ငန်းစဉ်ဆိုင်ရာပြုလုပ်ထားသော ဆေးလုံးများနှစ်မျိုးလုံးထံမှ အကျိုးအမြတ်ရရှိရန် ရည်ရွယ်ထားသည်။

ချီစွမ်းအားကျင့်ကြံခြင်း အလယ်အလတ်အဆင့်တွင် သွေးဂျင်ဆင်းဆေးကို သန့်စင်ရန်မှာ ရီဖန်အတွက် အနည်းငယ်ခက်ခဲခဲ့သော်လည်း ယခုမူ အဆင့်တက်လှမ်းမှုနှင့်အတူ ဆေးလုံးကိုသန့်စင်ရန် ပိုမိုလွယ်ကူလာပြီဖြစ်သည်။

သွေးဂျင်ဆင်းဆေးတစ်သုတ်သည် အနည်းဆုံး ဆေးသုံးလုံး ရရှိရန် အာမခံနိုင်သည်။ ပိုလျှံသောဆေးလုံးသည် ဆေးပညာရှင်၏ပိုင်ဆိုင်မှုဖြစ်ကာ စိတ်ဝိညာဉ်ကျောက်တုံးနှစ်ရာခန့်လိုအပ်မည်ဖြစ်သည်။

‘ဈေးကြီးလား? အရမ်းစျေးကြီးတာပေါ့’

သို့သော် သင်မဝယ်ပါက အခြားဝယ်လိုသူ မြောက်များစွာရှိသည်။

မျိုးနွယ်စုကြီးအသီးသီးမှ လူများသည် ငှက်များနှင့် တောရိုင်းကောင်များကဲ့သို့ အလျင်စလိုထွက်သွားကာ ဝိညာဉ်ရေးဆေးများကို ရှာဖွေကြတော့သည်။ ဤသို့ဖြင့် ရီမိသားစုသည် ငွေအမြောက်အမြားရှာလာနိုင်၏..

……………………

အခန်း (၄၇) တည်ငြိမ်သူကြီး ရီကျင်းထျန်

ရီဖန်နှင့် ရီကျင်းဖန်တို့၏ အပြည့်အဝပံ့ပိုးမှုဖြင့် ရီဆေးခန်းတွင် ရောင်းချရန်အတွက် လုံလောက်သော ဆေးလုံးများရှိသည်။

တစ်လကြာပြီးနောက် ရီဖန်သည် စာရင်းကောက်ယူခဲ့သည်။ ဆေးပညာဝန်ဆောင်မှု အခကြေးငွေမှ ရရှိသော အရောင်းဝင်ငွေနှင့်အတူ တစ်လအတွင်း၌ ရီဆေးခန်းသည် ရီမိသားစုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း တစ်ထောင်ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

‘ပိုက်ဆံရှာတယ်၊ ပိုက်ဆံအများကြီးရတယ်၊ ဘယ်လိုသုံးရမှန်းမသိဘူး။’ ချီစွမ်းအားကျင့်ကြံရေးဆေးလုံးဆိုသည်မှာ အဘယ်နည်း၊ မလိုအပ်တော့ပေ။

ချီစွမ်းအားမြှင့်တင်ခြင်းဆေးလုံး၊ ၎င်းကို အသုံးပြု၍ ကျင့်ကြံရမည်ဖြစ်သည်။

ချီစွမ်းအားကျင့်ကြံရေးအစောပိုင်းအဆင့်တွင် လေ့ကျင့်ရာ၌ ချီစွမ်းအားမြှင့်တင်ခြင်းဆေးလုံးကို သုံးရမည်ဖြစ်သည်။

‘ဖြုန်းတီးတယ်၊ ဟုတ်လား။

ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေလိုသလောက်သုံးလို့ရနေတာပဲ’

ချီစွမ်းအားမြှင့်တင်ခြင်းဆေးလုံးကို လူတစ်ဦးသည် တစ်လလျှင်ဆယ်လုံးလိုအပ်ကာ ၎င်းအတွက် ဝိညာဉ်ကျောက်တုံးငါးဆယ်သာ လိုအပ်သည်။ လူဆယ်ယောက်ဆိုပါက ဝိညာဉ်ကျောက်တုံး ငါးရာသာရှိမည်။

အချိန်အတော်ကြာအောင် ဆင်းရဲပြီးနောက် ဤငွေများစွာကို ရုတ်တရက်ရလိုက်သည့်အခါ ရီဖန်သည် ရုတ်တရက် အနည်းငယ် ဖောင်းပွလာသကဲ့သို့ ခံစားလိုက်ရသည်။

ရီကျင်းဖန်သည် ငှားရမ်းထားသောဝန်ထမ်းများနှင့်အတူ ရီဆေးခန်းကို လည်ပတ်နေသောကြောင့် ရီဖန်သည် အမြဲကြီးကြပ်နေရန် မလိုအပ်ပေ။ သူ၏ ဓားပျံဖြင့် အိမ်သို့ပြန်သွားကာ ရီဖန်သည် ဝိညာဉ်စုဆောင်းခြင်းအခင်းအကျင်းကို အားကောင်းစေရန် စီစဉ်ခဲ့သည်။

လက်ရှိ ဝိညာဉ်စုဆောင်းခြင်းအခင်းအကျင်း၏ အဆင့်သည် နိမ့်လွန်းသည်၊ ရီဖန်သည် ချီစွမ်းအားကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်များအတွက် အသုံးပြုနိုင်သည့် တစ်ခုကို ပြုလုပ်ရန် စီစဉ်ခဲ့သည်။

ချီစွမ်းအားကျင့်ကြံမှု နောှင်းပိုင်းအဆင့်များအတွက် ဝိညာဉ်စုစည်းမှုအခင်းအကျင်းသည် အရှေ့တောင်တန်း၏ ဝိညာဉ်သွေးပြန်ကြော၏ ကန့်သတ်ချက်ပင်ဖြစ်သည်။ ထိုထက်ပိုအားကောင်းပါက ဆက်လက်မတိုးတက်နိုင်တော့မည်မဟုတ်ချေ။

ထို့အပြင် အင်မော်တယ်လက်နက်များကိုလည်း တစ်သုတ်စီ ပြုလုပ်ရမည်ဖြစ်ပါသည်။ အင်မော်တယ်လက်နက်များ၊ ဝတ်ရုံများစသည်ဖြင့် အရာအားလုံးရှိရမည်။

နောက်ဆုံးတွင် ပိုက်ဆံရှိပြီဖြစ်ရာ မိသားစုဝင်အားလုံးအတွက် အဆင်သင့်ဖြစ်နေပေပြီ။

ချီစွမ်းအားကျင့်ကြံမှုစတုတ္ထအဆင့်ရှိ ကျင့်ကြံသူများသည် အပြင်ထွက်ကာ ကမ္ဘာကြီးပေါ်ရှိ အတွေ့အကြုံယူရန်သွားကြလေ့ရှိသည်။

ရီဖန်သည် အနည်းငယ် စိတ်ပူနေသော်လည်း ကလေးများသည် ကြီးပြင်းလာပြီဖြစ်သည့်အတွက် နောက်ထပ်ခြေတစ်လှမ်း လှမ်းရတော့မည်ဖြစ်သည်။

ရီကျင်းဟိုင်နှင့် သူ့ဇနီးမှလွဲ၍ အခြားရီမိသားစုဝင်များ၏ အတွေ့အကြုံများမှာ အလွန်နည်းပါးနေသေးသည်။ ကျင့်ကြံသူများအနေဖြင့် ၎င်းသည်သိပ်အဆင်မပြေပေ။

ရီဖန်သည် ရီမိသားစုဝင်များကို လှောင်အိမ်အတွင်းမှ ကိန္နရီများအဖြစ် မမွေးမြူလိုပါ။

ကွမ်ဟယ်စီရင်စုသည် တာ့ယွီနိုင်ငံ၏နယ်နိမိတ်နှင့်နီးကာ အရင်းအမြစ်များသို့မဟုတ်ကျင့်ကြံရေးပတ်ဝန်းကျင်သည် အခြားစီရင်စုများနှင့်နှိုင်းယှဉ်ပါကပိုမိုဆိုးရွားသည်။

တာ့ယွီနိုင်ငံတော်နှင့် ကြီးမြတ်သောလ နိုင်ငံတော်အကြားတွင် အဆုံးမဲ့တောင်တန်းများရှိသည်။

ကျင့်ကြံသူများအတွက် လောကီလောကတွင်ကျင့်ကြံခြင်းထက် တောင်တန်းများပေါ်တွင်ကျင့်ကြံခြင်းက ကျင့်ကြံရေးအဆင့် တိုးတက်မှု ပိုမိုမြန်ဆန်မည်ဖြစ်သည်။

ထို့ကြောင့် ပုံပြင်များထဲတွင် တောင်တန်းများပေါ်၌ အင်မော်တယ်ရတနာများကို ရှာဖွေတွေ့သည်ဟူ၍ ပြတ်လတ်သည်မရှိပေ။

ရီကျင်းထျန်နှင့် ရီကျင်းချုံတို့သည် ရီမိသားစုမှ ထွက်ခွါပြီးနောက် တောင်တန်းများတွင် ၎င်းတို့၏ကံကြမ္မာကို စမ်းကြည့်ချင်ကြသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် ပထမဦးဆုံးအကြိမ်အတွေ့အကြုံယူရန် အပြင်ထွက်ခြင်းဖြစ်သည့်အတွက် လွန်စွာစိတ်လှုပ်ရှားနေကြသည်။

တောင်ပေါ်တွင် ရတနာရှာဖွေရန် ဖိတ်ခေါ်သည့် ကျင့်ကြံသူအနည်းငယ်ရှိသော်လည်း ၎င်းတို့သည်ရီမိသားစုမှထွက်ခွါခြင်းမရှိခဲ့ချေ။

ထိုကျင့်ကြံသူများ၏ ကျင့်ကြံရေးအဆင့်သည် ချီစွမ်းအားကျင့်ကြံမှုဒုတိယ သို့မဟုတ် တတိယအဆင့်တွင်ဖြစ်ကာ လှည့်စားသောကောင်းကင်နှင့်ပင်လယ်ကိုဖြတ်ခြင်းနည်းစနစ်ကို အသုံးပြု၍ ၎င်းတို့၏ကျင့်ကြံရေးအဆင့်ကို ဖုံးကွယ်ထားသည့် ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့နှင့် တူညီသည်။

လမ်းတစ်လျှောက်တွင် ကျင့်ကြံသူလေးဦးသည် ရံဖန်ရံခါ ရီကျင်းထျန်နှင့် ရီကျင်းချုံတို့၏ နောက်ကျောကို စိုက်ကြည့်နေသည်။

ရီကျင်းချုံသည် သေးသွယ်ပြီး ချစ်ဖို့ကောင်းကာ ရီကျင်းထျန်သည် ယဉ်ကျေးသိမ်မွေ့သည်။ ရိုးရိုးရှင်းရှင်းပြောရပါက သူတို့နှစ်ယောက်လုံးသည် လှည့်စားရန် လွယ်ကူပုံရသည်။

ပထမနေ့တွင် လူတိုင်းသည် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသည်။

ဒုတိယညတွင် အမှောင်ထဲ၌ လူလေးယောက်သည် ရုတ်တရက် ထရပ်ကာ အကြည့်ချင်းဖလှယ်ပြီးနောက် ရီကျင်းထျန်နှင့် ရီကျင်းချုံရှိရာအရပ်ဆီသို့ လျှောက်သွားသည်။

ထိုအချိန်တွင် သူတို့နှင့် မနီးမဝေး၌ အလင်းရောင် မှိန်ဖျော့ဖျော့ဖျော့လင်းလာသည်။ အလင်းသည် ပိုမိုအားကောင်းလာကာ နောက်ဆုံးတွင် အလင်းတံခါးအဖြစ် ပြောင်းလဲသွားပြီးနောက် လူတိုင်း၏အာရုံကို အလင်းတံခါးဆီသို့ ဆွဲခေါ်သွားခဲ့သည်။

ကျင့်ကြံသူလေးဦး၏ အသက်ရှူသံများ ရုတ်တရက် မြန်လာသည်။

၎င်းတို့သည် မူလက တုံးအပုံရသည့် ကျင့်ကြံရေးသမားများကို ရတနာရှာဖွေဟန်ဆောင်ကာ ဤနေရာသို့ ခေါ်ဆောင်လာခဲ့သော်လည်း အမှန်တကယ်ပင် အခွင့်အရေးတစ်ခုရရှိရန် မမျှော်လင့်ခဲ့ကြပေ။

“ဒီအလင်းတံခါက ဒဏ္ဍာရီလာ အမွေအနှစ်တွေရဲ့ ဝင်ပေါက်ဖြစ်သင့်တယ်လို့ အထွေထွေမှတ်တမ်းတစ်ခုမှာ ဖတ်ရတယ်”

"အမွေအနှစ်တွေ? အထဲမှာ ရတနာပစ္စည်းအများကြီးရှိတာမဟုတ်လား၊ ငါတို့ ချမ်းသာသွားပြီ မဟုတ်လား”

ကျင့်ကြံသူများသည် စိတ်လှုပ်ရှားနေကြကာ သူတို့အနားတွင် ပေါ်လာသည့် ရီကျင်းထျန်နှင့် ရီကျင်းချုံကိုပင် သတိမထားမိလိုက်ပေ။

"ဒီကံက တကယ်ကောင်းတာပဲ"

ရီကျင်းချုံသည် ဤခရီးတွင် ဒဏ္ဍာရီဆန်ဆန် အပျက်အစီးများကို ရင်ဆိုင်ခဲ့ရပြီးနောက် ဝမ်းသာပီတိဖြစ်လွန်းသည့်အတွက် အိမ်ပြန်ပြီးသူ့အဖေကို ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်ရန်မစောင့်နိုင်ဘဲရှိသည်။

သို့သော် ၎င်းမတိုင်မီ ကိုင်တွယ်ဖြေရှင်းရမည့် ပြိုင်ဘက်လေးယောက်ရှိနေသေး၏။

ဤအချိန်တွင် ကျင့်ကြံသူလေးဦးသည် နောက်ဆုံးတွင် ရီကျင်းထျန်နှင့် ရီကျင်းချုံတို့ကို သတိပြုမိကာ သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ မျက်လုံးများသည် တောက်ပလာသည်။

"လူကြီးမင်း၊ ငါတို့ ထွက်သွားရမယ့် အချိန်ရောက်ပြီ"

“ဟုတ်ပါတယ်၊ ဆက်လျှောက်ရမယ့်အချိန်ရောက်ပြီ”

ရီကျင်းထျန်သည် လူလေးယောက်၏ ပြောကြားချက်ကို အခိုင်အမာ သဘောတူသည်။

"ရွှေရောင်သံချပ်နည်းပညာ"၊”ပေါ့ပါးသောခန္ဓာကိုယ်စွမ်းရည်"၊ "မြင့်မြတ်သောခွန်အားနည်းစနစ်"

လူအများစုသည် ၎င်းတို့၏ပြိုင်ဘက်များအပေါ် နည်းလမ်းရွတ်ဆိုကြသော်လည်း ရီကျင်းချုံသည် ၎င်းတို့အားလုံးကို သူမအပေါ်သူမမန်းမှုတ်လိုက်သည်။

နည်းလမ်းများသည် အစွမ်းပြလာပြီးနောက်၊ Ye ရီကျင်းချုံသည် ရီဖန်ကိုပြုလုပ်ပေးရန် အထူးတောင်းဆိုထားသည့် အဆင့်နိမ့် မှော်လက်နက်ဖြစ်သည့် ဝံပုလွေဖန်းကို ထုတ်ယူလိုက်သည်။

“ညီမ ဦးဆောင်လိုက်မယ်"

ဝံပုလွေဖန်းကိုကိုင်ဆောင်ထားသော ရီကျင်းချုံသည် လေ့ကျင့်သူလေးဦးအား စတင်တိုက်ခိုက်ခဲ့သည်။

၎င်းတို့လေးဦးသည် အံ့သြသွားကြသည်။

‘ဒါက ဘယ်လို တိုက်ပွဲပုံစံလဲ’

ကျင့်ကြံသူများသည် တိုက်ပွဲများအတွင်းတွင် နည်းလမ်းများဖြင့် အချင်းချင်း တိုက်ခိုက်ခြင်းစည် သာမန်မဟုတ်ပါလော။

‘အနီးကပ်တဝက်တိုက်ခိုက်မှု? ၎င်းမှာ အဘယ်သို့ရှိသနည်း’

ရီကျင်းချုံနှင့်ယှဉ်ပါက ရီကျင်းထျန်၏တိုက်ပွဲသည် ရိုးရှင်းသည်။

ကိုယ်ခန္ဓာပေါ့ပါးခြင်းစွမ်းရည်ဖြင့် သူ့ကိုယ်သူမန်းမှုတ်ပြီးနောက် ရီကျင်းထျန်သည် သူ၏ နည်းလမ်းးများကို စတင်ပြင်ဆင်ခဲ့သည်။

ရီမိသားစု၏ တိုက်ရိုက်မျိုးဆက်အားလုံးတွင် ၎င်းတို့၏သစ်သားဒြပ်စင်နည်းလမ်းများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းစေသည့် မြွေစိမ်းဝိညာဉ်အရင်းအမြစ်ပါရှိသောကြောင့် သဘာဝကျစွာပင် အခြားသူများထက်ပိုမိုအားကောင်းစွာကျင့်ကြံနိုင်ကြသည်။

လူလေးယောက်၏ ခြေဖဝါးအောက်မှ အမြစ်များသည် ရုတ်တရက်ထွက်ပေါ်လာကာ ၎င်းတို့၏ခြေထောက်များကို ချုပ်နှောင်ထားသည်။

သူတို့လေးဦး၏ အသွင်အပြင်သည် ချက်ချင်းပြောင်းလဲသွားကာ လွတ်မြောက်ရန်နည်းလမ်းးများအလျင်အမြန်မန်းမှုတ်၍ ကြိုးစားကြသည်။

သို့သော် ၎င်းတို့မလွတ်မြောက်မီ ဧရာဝံပုလွေဖန်းလက်နက်သည် ၎င်းတို့၏ ဦးခေါင်းထက်တွင် ရောက်ရှိနေပြီးဖြစ်သည်။

သူ၏ သေးငယ်သော ကိုယ်လုံးကိုယ်ပေါက်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ကြီးမားသည့်ခွန်အားကိုပိုင်ဆိုင်သော ရီကျင်းချုံသည် ၎င်းဖြင့်ရိုက်ချလိုက်ရာ အသွေးအသားများ လွင့်စင်လာသည်။

အချိန်အနည်းငယ်ကြာပြီးနောက် တိုက်ပွဲပြီးဆုံးသွားကာ ကျိုးပဲ့နေသောရုပ်အလောင်းတချို့သာ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။

"ဒီကောင်တွေ အရမ်းသနားဖို့ကောင်းတာပဲ!"

သူတို့၏ကျင့်ကြံရေးအဆင့်များကိုပင် မဖော်ပြလိုက်ရချေ။ ချီစွမ်းအားကျင့်ကြံမှု တတိယအလွှာတစ်ခုဖြင့်ပင် ၎င်းတို့သည် ရန်သူလေးယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။

"အပျက်အစီးတွေကို သွားကြည့်ရအောင်။" ခြေသံများအဝေးသို့ရောက်သွားသောအခါ မြေပြင်ပေါ်ရှိ အလောင်းတစ်လောင်းသည် အနည်းငယ် လှုပ်လာသည်။

ခဏအကြာတွင် အလောင်းသည် ရုတ်တရက် ထထိုင်ကာ လေကိုရှူရှိုက်လိုက်သည်။

“ရေလိပ်အသက်ရှူခြင်းနည်းစနစ်ကို တတ်ထားလို့တော်သေးတာပဲ၊ ပစ္စည်းတွေကို ငါမရရင်တောင် မင်းတို့နှစ်ယောက်လည်း မရစေရဘူး”

သူ့စကားသည် ခါးသီးနေသော်လည်း နောက်တစ်ခဏတွင် သူ့နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်– “ညီမ ကြည့်ပါဦး၊ စာအုပ်ထဲပြောထားတာ မှန်တာပဲ၊ ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တဲ့အခါ သူတို့ကို သာမန်လူတွေလို မဆက်ဆံရဘူး။ အနာဂတ်မှာ ပြဿနာတွေမရှိအောင်လို့ သူတို့၏ရဲ့အလောင်းတွေကို မီးရှို့ရမယ်”

သူ၏စကားအဆုံး၌ မီးတောက်တစ်ခုထွက်ပေါ်လာကာ မြေပြင်ပေါ်ရှိ အလောင်းသုံးလောင်းသည် ချက်ခြင်း လောင်ကျွမ်းသွားခဲ့သည်။

အလောင်းနှစ်လောင်းသည် ပြာများအဖြစ်သို့ တဖြည်းဖြည်း လောင်ကျွမ်းသွားလျက် နောက်ထပ်ဟန်ဆောင်ထားသူတစ်ဦးသည် ပြင်းထန်စွာညှိုးခြောက်သွားသည်။

ထိုင်နေသည့် ကျင့်ကြံသူသည်လည်း ကြောက်ရွံ့နေ၏၊ ဤနေရာတွင် အသက်ရှင်ကျန်ရစ်သူ နောက်တစ်ယောက်ရှိကာ သူသည် ပို၍နက်နဲစွာ ပုန်းကွယ်နေခဲ့သည်။

သူ၏ဘေးရှိ အော်သံကိုကြားသည့်အခါ သူ့မျက်လုံးများသည် စိတ်ပျက်မှုအပြည့်ဖြစ်သွားသည်။

ပြာကျသွားသည့်တိုင် လောင်ကျွမ်းခံရပြီးနောက် သေချင်ယောင်ဆောင်ခြင်းက မည်သို့အသုံးဝင်တော့မည်နည်း။

အဆုံးတွင် မြေပြင်ပေါ်ရှိ ပြာပုံလေးခုကို ကြည့်ရင်း ရီကျင်းထျန်သည်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

စာအုပ်များတွင်ရေးသားထားသည့် ‘ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သော မျက်နှာနှင့် ရွှေဖြင့်ပြုလုပ်ထားသော အိမ်များ' ဟူသော စကားသည် လုံးဝမှန်ကန်သည်။

ရီကျင်းထျန်သည် သူ့ကိုယ်သူ ကြမ်းတမ်းသူဟု မယူဆထားဘဲ သူသည် စာဖတ်ခြင်းကို နှစ်သက်သည်။ ဤခရီးကို မစတင်မီ၌ပင် သူသည် စာအုပ်များစွာဖတ်ခဲ့သည်။

ယခုလေးတွင် စာအုပ်များဆီမှ အသိပညာကို လက်တွေ့အသုံးချနေခြင်းဖြစ်သည်။

မူလက စာရေးသူသည် ချဲ့ကားသည်ဟု သူထင်ခဲ့သော်လည်း ယခုသူ၏အကြံဉာဏ်သည် လုံးဝမှန်ကန်၏။

“အခုအချိန်ကစပြီး ငါတို့ တည်ငြိမ်၊ တိကျ၊ ကြမ်းတမ်ဖို့ လိုအပ်တယ်၊ ငါတို့လူသတ်ပြီးရင် သေချာသန့်ရှင်းသွားအောင် သတ်ရမယ်။”

‘ဒါက ငါပဲ၊ လေးနက်တဲ့ ရီကျင်းထျန်ကွ

ရီကျင်းထျန်၏စကားကို ရီကျင်းချုံက ခေါင်းညိတ်သဘောတူသည်။ ‘ဘာများခက်လို့လဲ’

၎င်းတို့ကို ပြာအဖြစ် မီးရှို့ရန်ခက်ခဲသေးသည်၊ ၎င်းတို့အားလုံးကို ပြားသွားသည်အထိ ထုချေလိုက်ခြင်းက ပို၍လွယ်ကူမည်ဖြစ်သည်။

အခန်း (၄၈) မျိုးနွယ်စု နယ်မြေ (၅) ၊ အလယ်အလတ်အဆင့် ကောင်းချီးနယ်မြေ

ပြာမှုန်များကိုဖြန့်ကြဲပြီး နောက်ဆုံးတွင် ရီကျင်းထျန်နှင့် ရီကျင်းချုံတို့သည် အလင်းတံခါးဝရှေ့သို့ ရောက်ရှိသွားကြသည်။

ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် နေရာလွတ်သည် ပုံသဏ္ဍာန်ပျက်ပြယ်သွားကာ

၎င်းတို့၏ အမြင်အာရုံပြန်ရလာသည့်အခါတွင် အခြားနေရာလွတ်တစ်ခုသို့ ရောက်ရှိသွားပြီးဖြစ်သည်။

ဤနေရာသည် ဧကဒါဇင်ခန့်မျှသာ ကျယ်ဝန်းသည်။ နေရာလွတ်အတွင်း၌ တောင်ခြေတွင် ဆေးဖက်ဝင်အပင်များစိုက်ပျိုးထားသည့် တောင်ငယ်လေးတစ်ခုသာရှိ၍ ကျန်နေရာများမှာ လစ်လှပ်နေသည်။

၎င်းတို့ကို အံ့အားအသင့်စေဆုံးအရာမှာ ဤနေရာရှိ ဝိညာဉ်စွမ်းအင်များ၏ သိပ်သည်းမှုသည် ရီမိသားစု၏ လက်ရှိတည်နေရာထက် ဆယ်ဆပိုများနေခြင်းဖြစ်သည်။

ဝိညာဉ်စွမ်းအားစုစည်းခြင်းအခင်းအကျင်းကို ပြင်ဆင်နိုင်မည်ဆိုပါက ကျင့်ကြံရေးအရှိန်သည် တစ်ဟုန်ထိုး မြင့်တက်လာမည်ဖြစ်သည်။

ဤနေရာသည် ဝိညာဉ်ဆေးပင်များစိုက်ပျိုးရန်နှင့် ကျင့်ကြံရေးအတွက်ပြင်ဆင်ရန် သင့်လျော်ပေသည်။

များသောအားဖြင့် လွှမ်းမိုးနိုင်စွမ်းရှိသောကျင့်ကြံသူများသည် ကံကောင်းစွာဖြင့် နေရာလွတ်များ၏ တစ်စိတ်တစ်ပိုင်းကို ပိုင်နက်အဖြစ်သိမ်းယူကာ ၎င်းတို့၏အမွေအနှစ်များအဖြစ်သတ်မှတ်ခဲ့ကြသည်။

ရိုးရှင်းစွာပြောရလျှင် ၎င်းအမွေအနှစ်များသည်လည်း အင်မော်တယ်လက်နက်တစ်မျိုးအဖြစ် မှတ်ယူနိုင်သည်။ အကယ်၍ လူတစ်ဦးသည် ထိုအမွေအနှစ်၏ အမှတ်အသားကို ရှာတွေ့ပါက ၎င်းကိုထိန်းချုပ်နိုင်မည်ဖြစ်သည်။

ရီကျင်းထျန်သည် ခဏမျှစဉ်းစားလိုက်ကာ ရီကျင်းချုံကို အရင်ပြန်နှင့်ပြီးနောက် ရီဖန်ကို အမွေအနှစ်အကြောင်း အရင်အကြောင်းကြားရန်အတွက် မှာကြားလိုက်သည်။ ဤအရာသည် သူတို့အတွက်သာမက ရီမိသားစုလည်း သက်ဆိုင်ပေသည်။

တစ်ရက်အကြာတွင် ရီကျင်းချုံသည် ရီမိသားစုထံ ပြန်ရောက်သွားသည်။

“အဖေ၊ မြန်မြန်လာ၊ သမီးတို့ အဖိုးတန်တဲ့အရာတစ်ခု ရှာတွေ့ခဲ့တယ်"

ရီကျင်းချုံထံမှ အမွေအနှစ်များအကြောင်းကို အသေးစိတ် ကြားလိုက်ရသောအခါ ရီဖန်သည်လည်း အံ့ဩသွားသည်။

သူမ၏ပထမဆုံးအပြင်ထွက်၍စွန့်စားမှုတွင် ထိုကဲ့သို့သောကံကောင်းခြင်းမျိုး ရရှိခဲ့သည့်အတွက် သူ့သမီးသည် အဓိကဇာတ်လိုက်ဖြစ်ရမည်။

ထိုအချိန်တွင် ရီဖန်သည် မကြာသေးမီက ရရှိခဲ့သော ဆုလာဘ်ဖြစ်သည့် ကံဇာတာတန်ဖိုးကို ရုတ်တရက် သတိရသွားခဲ့သည်။ ကံဇာတာတန်ဖိုးမြင့်လေ ကံကောင်းလေဖြစ်၏။

ရီဖန်သည် ကံဇာတာ၏လုပ်ဆောင်မှုကို လျှော့တွက်ထားမိမှန်း သဘောပေါက်သွားကာ အနာဂတ်တွင် ၎င်းကို ပိုမိုအာရုံစိုက်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။

ကြီးမားသောကံကြမ္မာကိုရရှိပြီးနောက်တွင် စမ်းသပ်မှုများပြုလုပ်ရန်အတွက် အပြင်ထွက်ခြင်းသည် ရီမိသားစုအတွက် ကောင်းသောအရာဖြစ်နိုင်သည်။

အမွေအနှစ်ကို မထိန်းချုပ်ရသေးသဖြင့် ရီဖန်သည်အချိန်ဖြုန်းမနေချေ။ သူသည် ဓားပျံကို အမိန့်ပေးလိုက်ကာ ရီကျင်းချုံနှင့်အတူ အမွေအနှစ်များဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။ သူ၏ပျံသန်းနှုန်းသည် သဘာဝကျစွာပင် ရီကျင်းချုံပြန်ပြေးလာသည်ထက် ပို၍မြန်သည်။

နှစ်နာရီအကြာတွင် သူတို့သည် အမွအနှစ်များရှိရာ အစွန်အဖျားနေရာဆီသို့ ရောက်ရှိခဲ့ကြသည်။

ရီဖန်သည် ၎င်းအမွေအနှစ်ကို တစ်ချက်ခြုံကြည့်လိုက်သည်၊ ဤမျှသေးငယ်သော အမွေအနှစ်တစ်ခုတွင် အရာဝတ္ထုများကို ဝှက်ထားနိုင်သည့် နေရာအနည်းငယ်သာရှိသည်။

ရီဖန်၏အာရုံသည် သူတို့ရှေ့ရှိ တောင်ငယ်လေးဆီသို့ လျှင်မြန်စွာပြောင်းသွားသည်။ စေ့စပ်သေချာစွာရှာဖွေပြီးနောက် ရီဖန်သည် ဂူအိမ်တစ်လုံးကို အမှန်တကယ်တွေ့ရှိခဲ့သည်။

ဂူအိမ်သည် ကြီးမားခြင်းမရှိဘဲ တရားထိုင်ရန်အတွက် ကူရှင်တစ်ခု၊ ကျောက်စားပွဲတစ်လုံးနှင့် မီးဖိုတစ်ခုသာ ပါဝင်ကာ ကျောက်စားပွဲပေါ်တွင် တိုကင်တစ်ခုရှိသည်။

မီးဖိုအတွင်းတွင် အစိမ်းရောင်မီးတောက်သည် ဖြည်းညှင်းစွာ တောက်လောင်လျက်ရှိ၏။ ရီဖန်၏ အာရုံသည် မီးတောက်ဆီသို့ လုံးဝ ကျရောက်သွားခဲ့သည်။သူသည် တာအိုဆေးပညာကို ပြန်စဉ်းစားလိုက်ပြီးနောက် သူ၏ရှေ့၌ရှိသော မီးတောက်ကို မှတ်မိသွားသည်။

စွန့်ခွါခြင်းမီးတောက်သည် ဆေးပညာအတွက် အသင့်တော်ဆုံးဖြစ်သော နှစ်ဆင့် မီးဒြပ်စင်တစ်ခုဖြစ်သည့် ချင်မုမီးတောက်ပင်ဖြစ်သည်။

ဤအမွေအနှစ်များသည် ရီကျင်းထျန်နှင့် ရီကျင်းချုံတို့ ဖော်ပြခဲ့သည့်အရာထက်ပင် ပို၍ အဖိုးတန်သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင်ရှိသော ကျင့်ကြံသူများပင်လျှင် ၎င်း၏သွေးဆောင်မှုကိုခံရနိုင်သည်။

ကံကောင်းစွာဖြင့် ရီကျင်းထျန်သည် ယုံကြည်စိတ်ချရကာ ပေါက်ကြားနိုင်သည့်အရာမှန်သမျှကို ကြိုတင်ဖယ်ရှားခဲ့ပြီဖြစ်သည်။ ရီဖန်သည် ကံဇာတာတန်ဖိုး၏လုပ်ဆောင်ချက်ကို ပို၍လေးနက်စွာနားလည်လာသည်။ သူသည် ချက်ချင်းပင် အမွေအနှစ်တိုကင်ကို စတင် သန့်စင်လိုက်သည်။

သုံးရက်အကြာတွင် အမွေအနှစ်သည် လှုပ်ရမ်းသွားပြီးနောက် တောတွင်းရှိ အလင်းတံခါးသည်လည်း ပျောက်ကွယ်သွားသည်။ ရီမိသားစုသတိထားနေသရွေ့ အမွေအနှစ်၏အကြောင်းသည် ထပ်မံ၍ဖော်ထုတ်ခံရမည်မဟုတ်ချေ။

ယခုတွင် ရီဖန်သည် ဆုလာဘ်များ စတင်စုဆောင်းရန် အချိန်ကျရောက်လာပေပြီ။

ပထမဦးဆုံးတစ်ခုမှာ ချင်မုမီးတောက်ဖြစ်ကာ ရီဖန်သည် မီးတောက်များကို ဂရုတစိုက်ဖုံးလွှမ်းရန်အတွက် သူ၏ ဝိညာဉ်စွမ်းအင်ကို တိုးမြှင့်ခဲ့သည်။

ထို့နောက်တွင် ၎င်းကို သန့်စင်ရန်အတွက် သူ၏ဝိညာဉ်စွမ်းအင်ကို မီးတောက်ထဲသို့ ဖြည်းညှင်းစွာ ပေါင်းထည့်လိုက်သည်။

တစ်လခွဲကြာပြီးနောက် ရီဖန်သည် အစောပိုင်းတွင် ချင်မုမီးတောက်ကို သန့်စင်ခဲ့ပြီးဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် မီးတောက်ကို သိမ်းဆည်းနိုင်ခဲ့သည်။

ရီဖန်တွေးတောလိုက်သောအခါတွင် အစိမ်းရောင်မီးတောက်တစ်ခု ချက်ချင်းပေါ်လာသည်။

လောင်မြိုက်နေသော ထိုအရာကြောင့် ရီကျင်းထျန်နှင့် ရီကျင်းချုံတို့သည် အမှတ်တမဲ့ဖြင့် ခြေလှမ်းများစွာ ဆုတ်သွားသည်။

‘ဘယ်လောက်တောင်အားကောင်းလိုက်သလဲ’

ရီဖန်သည် ဝမ်းသာသွားသည်။ သူတို့ထံတွင် အမွေအနှစ်တစ်ခုနှင့် ချင်မုမီးတောက်ရှိနေပြီဖြစ်သည်။ ရီမိသားစုသည် အချိန်အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့ထားရန်သာ လိုအပ်ကာ ရီဖန်သည် သူ၏ကျင့်ကြံရေးကို ပိုမိုမြှင့်တင်နိုင်ခဲ့ပါက စုယန်ကို ပြန်လည်ခေါ်ဆောင်လာနိုင်တော့မည်ဖြစ်သည်။ “ရှောင်ယန်၊ ငါ့ကိုစောင့်နေပါ၊ ငါမင်းကိုလာခေါ်ဖို့ အမြန်လာခဲ့မယ်" "ပြီးတော့ ကျင်းရှ၊ အဖေ မကြာခင် သားကိုလာရှာမယ်"

ရီဖန်သည် သူ၏ စိတ်လှုပ်ရှားနေသော စိတ်ခံစားချက်များကို တည်ငြိမ်စေရန်အတွက် အချိန်အတော်ယူခဲ့ရသည်။

“သခင်၊ အပျက်အစီးတွေကို အောင်မြင်စွာ ရယူနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ မိသားစုစွမ်းအားက ငါးဆယ်တိုးလာပါပြီ။”

အပျက်အစီးတစ်ခုကပင် ရီမိသားစု၏ စွမ်းအားကို သိသိသာသာတိုးစေခဲ့ကာ ဒုတိယအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။

ရီဖန်သည် နှစ်ဆပျော်ရွှင်ခဲ့ရပြန်သည်။ အကြောင်းမှာ အပျက်အစီးများအတွင်းရှိ ဆေးဘက်ဆိုင်ရာနယ်မြေအတွင်း၌ အရည်အသွေးကောင်းမွန်သော ပစ္စည်းများစွာကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။

၎င်းတွင် ရီမိသားစု၏ ဝိညာဉ်စွမ်းအားနယ်မြေများမှာ အဆင့်ထက်ပင် ပို၍မြင့်မားသော ဝိညာဉ်ရေးဆေးပင်များစွာရှိသည်။

၎င်းတို့ထဲမှ အများအပြားသည် ချီစွမ်းအားကျင့်ကြံမှုနှောင်းပိုင်းအဆင့်တွင် အသုံးပြုသော ချီစွမ်းအားကျင့်ကြံခြင်းဆေးလုံးကို ပြုလုပ်ရာ၌ပါဝင်သည့် အဓိကပါဝင်ပစ္စည်းများဖြစ်သည်။

ရီဖန်သည် ဤဆေးဖက်ဝင်အပင်များမှာ ထောင်ပေါင်းများစွာသော ချီစွမ်းအားကျင့်ကြံခြင်းဆေးလုံးကို ပြန်လည်သန့်စင်ရန် လုံလောက်သည်ဟု ခန့်မှန်းခဲ့သည်။

ချီစွမ်းအားကျင့်ကြံခြင်းဆေးလုံးတစ်လုံးသည် ဝိညာဉ်ကျောက်တုံးနှစ်ဆယ်နှင့် ညီမျှသည်။ ဤအရှိန်ဖြင့် သူသေချာပေါက်ချမ်းသာလာနိုင်၏။

အမှန်တကယ်ပင် ထိုအရာများမှာ အသေးအဖွဲကိစ္စများသာ ဖြစ်သည်။

ဆေးဘက်ဆိုင်ရာနယ်မြေအတွင်းတွင် ရီဖန်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းမြက်ပင်ဖြစ်သည့် အထူးဝိညာဉ်ရေးဆေးပင်သုံးပင်ကို ရှာဖွေတွေ့ရှိခဲ့သည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းမြက်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို ပြုလုပ်ရန်အတွက် အဓိကပါဝင်ပစ္စည်းဖြစ်သည်။

မိသားစုကြီးများနှင့် ဂိုဏ်းခွဲများအားလုံးအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းမြက်သည် အလွန်အဖိုးတန်သော အရင်းအမြစ်တစ်ခုဖြစ်သည်။ ပေါ်လာပြီးသည်နှင့် ချက်ချင်းပင်အလုအယက်ဝယ်ယူကြသည့်အပြင် ဈေးကွက်တွင် ပေါ်လာခဲသည်။

ရီဖန်၏တာအိုဆေးပညာစွမ်းရည်သည် ဒုတိယအဆင့်အထိ တက်လာပါက ၎င်းမြက်ကိုအသုံးချကာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို ပြန်လည်သန့်စင်နိုင်မည်ဖြစ်သည်။

ထို့အပြင် ရီမိသားစုဝင်များ၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်သို့ရောက်ရှိရန် နောက်ဆုံးအတားအဆီးကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်သည်။

ယနေ့ရရှိလိုက်သောပျော်ရွှင်မှုသည် ဘဝတစ်သက်တာအတွက်ပင် လုံလောက်သည်။

မကြာခင်၌ ရီဖန်သည် အပျက်အစီးများကို ရီမိသားစုဆီသို့ ပြန်သယ်လာခဲ့၏။ အဆုံးတွင် သူသည် အပျက်အစီးများ၏ တံခါးကို အနောက်တောင်ဘက်တွင်ရှိသော မိုင်းတွင်း၏ ဝိဉာဉ်ကျောက်တုံးသွေးကြောမိုင်းတွင်း၌ ချထားလိုက်သည်။

ဤနေရာကို ရီမိသားစု၏ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ရီမိသားစု၏ တိုက်ရိုက်မျိုးဆက်မှလွဲ၍ အခြားမည်သူမျှ ဝင်ခွင့်မရှိချေ။

ဤကာလအတွင်း၌ ရီဆေးခန်းမှလည်း ဝင်ငွေအနည်းငယ်ရခဲ့သည်။

ရီဖန်သည် ဝိညာဉ်ကျောက်တုံးတစ်ထောင်နီးပါးရှိသည့် သူ၏စုဆောင်းငွေအားလုံးကို ထုတ်ယူကာ ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်းများပြုလုပ်ရန်အတွက် ပစ္စည်းအပုံလိုက်ဝယ်ယူခဲ့သည်။

အရည်အသွေးမြင့် ပထမအဆင့် ကောင်းကင်ဘုံ၏လှည့်ဖျားခြင်းအခင်းအကျင်းသည် ချီစွမ်းအားကျင့်ကြံမှု အထွတ်အထိပ်အဆင့်ရှိသည့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုပင် တွန်းလှန်နိုင်သည်။

အရည်အသွေးမြင့် ပထမအဆင့် ခိုင်ခံ့သောကျောက်ဆောင်အခင်းအကျင်းသည် ချီစွမ်းအားကျင့်ကြံမှု အထွတ်အထိပ်အဆင့်ရှိသည့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို ခုခံနိုင်သည်။

အရည်အသွေးမြင့် ပထမအဆင့် ဝိညာဉ်စုစည်းမှုအခင်းအကျင်းတစ်ခုသည် ဝိညာဉ်ရေးစွမ်းအင်၏ သိပ်သည်းဆကို သုံးဆတိုးမြင့်စေနိုင်သည်။

အပျက်အစီးများအတွင်းတွင် ရီဖန်သည် တစ်ဒါဇင်ကျော်မျှသော ကျင့်ကြံရေးဂူအိမ်များကို တည်ဆောက်ခဲ့ပြီးနောက် တစ်ခုစီတွင် ဝိညာဉ်စွမ်းအင်သိပ်သည်းဆ အဆသုံးဆယ်ရှိသည်။

ဤသို့များပြားလှသော ဝိညာဉ်စွမ်းအင်များဖြင့် ရီမိသားစုဝင်များသည် ယခင်ကဲ့သို့ နေ့စဉ် သုံးနာရီကြာမျှကျင့်ကြံခြင်းအတွက် ဝိညာဉ်စုစည်းခြင်းအခင်းအကျင်းကို အားကိုးနေရန်မလိုအပ်တော့ပေ။

ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်းများ တစ်ခုပြီးတစ်ခုတည်ဆောက်ခြင်းသည် ရီဖန်ကို အင်အားများကုန်ခမ်းစေခဲ့သော်လည်း အနည်းငယ်မျှသော နောင်တရခြင်း သို့မဟုတ် ဝမ်းနည်းခြင်းတို့ကိုပင် မခံစားခဲ့ရချေ။

ဤရင်းနှီးမြုပ်နှံမှုသည် လုံးဝအကျိုးရှိခဲ့ကာ အားလုံးသည်အနာဂတ်တွင် သူ့ထံအကျိုးအမြတ်များ ပြန်ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးဖွဲ့စည်းခြင်းကို အောင်မြင်စွာတည်ဆောက်ပြီးသောအခါ အလင်းတံခါးသည် ဝိညာဉ်သွေးကြောထဲတွင် ပေါ်လာခဲ့သည်။

“အလုပ်ပြီးမြောက်စေခြင်းအတွက် ဂုဏ်ယူပါတယ် သခင်။ မိသားစုပိုင်မြေ အဆင့်ငါး : အလယ်အလတ်အဆင့် ကောင်းချီးမြေ (ပြီးစီး)၊ ဆုလာဘ်များလက်ခံရရှိနိုင်ပါပြီ”

“ဆုလက်ခံရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ မိသားစု၀င်ရောက်မှု: ကောင်းကင်နှင့်မြေကြီး၏ ဉာဏ်အလင်း၊ ဉာဏ်အလင်းငါးရာ (ခရမ်းရောင်) တိုးလာပါပြီ" " ဉာဏ်အလင်းပေးရန်အတွက် ခရမ်းရောင်ဝင်ရောက်မှုကို ချက်ချင်းတင်လိုက်ပါပြီ"

ကိုယ်ခံပညာလေ့ကျင့်မှုနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံရေးသည် ပိုမိုများပြားသော ဉာဏ်အလင်းကို လိုအပ်သည်။

ရီမိသားစု၏ အလင်းရောင်သည် တဖြည်းဖြည်းနှင့် မလုံလောက်တော့ဘဲရှိသည်။

သူ၏ဉာဏ်အလင်းသည် မလုံလောက်သောကြောင့် ရီဖန်၏ မြင့်မြတ်သောမီးလျှံထိန်းချုပ်ခြင်းစွမ်းအင်သည် လည်း အနည်းငယ်မျှသော အောင်မြင်မှုအဆင့်တွင် ပိတ်မိနေသေးသောကြောင့် ဖြတ်ကျော်နိုင်ခြင်းမရှိသေးချေ။

ထိုအခိုက်အတန့်တွင် အများအပြားဝင်လာပြီးနောက် ရီဖန်သည် သူ၏ ကောင်းကင်နှင့်မြေကြီးကိုနားလည်သဘောပေါက်မှုမှာ ပိုမိုရှင်းလင်းလာသည်ကို ခံစားလိုက်ရကာ တစ်ခုပြီးတစ်ခု ပိုမိုသိရှိလာရသည်။

ရီဖန်သည် ဉာဏ်အလင်းကို ရရှိခဲ့ပြီဖြစ်သည်။

သူ၏စိတ်ထဲတွင် မီးတောက်သည် ပုံစံကိုဆက်လက်၍ ပြောင်းလဲနေလျက် ပုံစံတစ်ခုစီသည် ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းများကို ကိုယ်စားပြုသည်။

ရီဖန်သာမက ရီမိသားစု၏ အခြားမိသားစုဝင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဉာဏ်အလင်းရရှိခဲ့ကြသည်။

အရည်အချင်းရုတ်တရက်တိုးလာခြင်းကြောင့် ယခင်က ၎င်းတို့နားမလည်ခဲ့သော ပြဿနာအများစုကိုလဲ ဖြေရှင်းလာနိုင်ခဲ့သည်။

သေးငယ်သော အသိဥာဏ်များ စုစည်းသွားသည့်အခါတွင် ဉာဏ်အလင်းအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် အချိန်ကြာလာသည်နှင့်အမျှ တည်ဆောက်မှုတစ်မျိုးအဖြစ်လည်း မြင်ရနိုင်သည်။

သက်ရှည်ဂိုဏ်းတွင် သူ၏နည်းစနစ်ဖြင့် လေ့ကျင့်နေသော ရီကျင်းဟိုင်သည် ရုတ်တရက် မျက်လုံးမှိတ်လိုက်သည်။

ခဏအကြာတွင် ချင်မုဓားသုံးစင်းသည် ကောင်းကင်၌ပျံသန်းသွားလျက် ဓားကိုးစင်းအဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။

နောက်တစ်ခဏတွင် မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များသည် ရီကျင်းဟိုင်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။

ထို့အပြင် ဉာဏ်အလင်းတစ်ခုက ရီကျင်းဟိုင်၏ ကျင့်ကြံရေးအဆင့်တစ်ခုအောင်မြင်ရန်အတွက် လုပ်ဆောင်ပေးခဲ့သည်။

သူသည် ချီစွမ်းအားကျင့်ကြံမှုစတုတ္ထအဆင့်သို့ ရောက်ရှိပြီး လအနည်းငယ်သာရှိသေးကာ ယခုတွင် သူသည် ရုတ်တရက် ချီစွမ်းအားကျင့်ကြံမှုပဉ္စမအဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။

………………………………

All Chapters