အခန်း ၄၉-၅၁
Vol. 4 Ch. 49-51
အခန်း (၄၉) ရီမိသားစုမှ သီးသန့်ပိုင်ဆိုင်သောပုံစံ၊ ဝိညာဉ်ကြိုးကိုင်ခြင်းသခင်
ရီကျင်းဟိုင်နှင့်အတူ ကျင့်ကြံနေသော တပည့်များသည် အံ့အားသင့်သွားပြီးသည့်နောက်တွင် စိတ်ပျက်အားငယ်သွားကြသည်။
ချင်မုဓားကိုးစင်းကို တစ်ပြိုင်နက် ထိန်းချုပ်ခြင်းသည် ဤနည်းပညာလေ့ကျင့်မှု၏ ပြီးပြည့်စုံမှုပင်ဖြစ်သည်။
ထို့အပြင် ရီကျင်းဟိုင်သည် နောက်တစ်ဆင့်သို့ ဖြတ်ကျော်သွားကြောင်းမှာ ထင်ရှား၏။ နည်းစနစ်တစ်ခုကို လေ့ကျင့်ရုံမျှဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းသွားသည်ကို မယုံကြည်နိုင်ဘဲရှိနေကြသည်။
‘ငါတို့က ဒါကြီးကို ဘယ်လိုဆက်ပြီး ခံစားရမှာလဲ!’
သန္ဓေပြောင်းဝိညာဉ်ရေးအမြစ်ဖြစ်စေကာမူ ဤအရာသည် သည်းခံနိုင်ရန်ခက်ခဲလွန်းလှသည်။
အကြီးအကဲပိုင်ရွှယ်သည်သာ သတိထားမိသွားပြီးနောက် “မင်းတို့အားလုံး နောက်ပြန်ဆုတ်ကြဦး၊ ကျင်းဟိုင်က အလိုလိုသိစိတ်ကိုရသွားတဲ့ပုံပဲ၊ သူ့ကို မနှောင့်ယှက်နဲ့။"
သူမကိုယ်တိုင်လဲ အံ့အားသင့်သွား၏။ ရီကျင်းဟိုင်ထံတွင် အလိုလိုသိစိတ်ရှိနေပြီဖြစ်ကာ သူမတပည့်၏ ကံကောင်းခြင်း ပမာဏသည် ထူးထူးခြားခြားပင်များပြားလှသည်။
ကျင့်ကြံသူများအတွင် ကံကောင်းခြင်းသည် ရံဖန်ရံခါတွင် အရည်အချင်းထက် သာလွန်သည်။
ပိုင်ရွှယ်၏စကားကြောင့် တခြားသူများသည် ပို၍ပင် မနာလိုဖြစ်သွားသည်။ ၎င်းသည် အချို့သောလူများအတွက် သူတို့၏တစ်သက်တာတွင် တစ်ခါမျှမကြုံဖူးနိုင်သည့်အရာတစ်ခုဖြစ်သည်။
သင်နှင့် နီးစပ်သူတစ်ဦးက အလိုလိုသိစိတ်ကိုရရှိသွားခြင်းကို မျက်မြင်တွေ့လိုက်ရခြင်းသည် စိတ်ဓာတ်ကျဖွယ်ရာအကောင်းဆုံးဖြစ်သည်။
ရီကျင်းဟိုင်တစ်ဦးတည်းသာမဟုတ်ဘဲ ရီမိသားစုမှ အခြားသူများလည်း များစွာသောအကျိုးအမြတ်များ ရရှိခဲ့သည်။
အချို့သည် ၎င်းတို့လေ့ကျင့်နေသည့် နည်းစနစ်များတွင်၊ အချို့သည် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်များတွင်၊ အချို့သည် ၎င်းတို့၏ ဆေးပညာကျွမ်းကျင်မှုများတွင် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့သည်။
တစ်ချိန်တည်းတွင် ရီမိသားစု၏လျှို့ဝှက်ခန်းတစ်ခုတွင်၌ အင်မော်တယ်လက်နက်သန့်စင်ခြင်းနည်းပညာများကို လေ့လာနေသော ရီကျင်းလုံသည် ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
သူသည် ပါဝင်ပစ္စည်းများကို ထုတ်ယူကာ အရည်ကျို၍ တားမြစ်ချက်ကို ရေးထိုးကာ ပစ္စည်းကို ဖန်တီးခဲ့သည်။
နောက်တစ်ခဏတွင် တားမြစ်ချက်သုံးချက်ပါသည့် အခြေခံအဆင့်အင်မော်တယ်ပစ္စည်းတစ်ခုသည် ရီကျင်းလုံ၏လက်ထဲတွင် ပေါ်လာသည်။
‘ဒီဟာက တကယ်ပဲ ငါသန့်စင်ထားတဲ့ဟာလား’
ရီကျင်းလုံသည် ဤပိတ်ဆို့မှုတွင် နှစ်ဝက်ကျော်ကြာအောင် ပိတ်မိနေသော်လည်း ယခုတွင် အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည့်အတွက် မယုံကြည်နိုင်ဘဲရှိနေသည်။
သို့သော် ရီကျင်းလုံသည် ၎င်းအပေါ်တွေဝေနေရန် အချိန်မရှိပေ။ သူသည် သူ၏နားလည်မှုများကို ခိုင်မာစေရန်အတွက် အင်မော်တယ်ပစ္စည်းများကို လျင်မြန်စွာ ဆက်လက်သန့်စင်ခဲ့သည်။
တစ်ချိန်တည်း၌ ရီဖန်၏ အလိုလိုသိစိတ်လက်ခံရရှိခြင်းသည်လည်း ပြီးဆုံးသွားပြီဖြစ်သည်။
သူ၏ မြင့်မြတ်သောမီးတောက်ထိန်းချုပ်မှုစွမ်းအားသည် သေးငယ်သော အောင်မြင်မှုမှ ကြီးမားသော အောင်မြင်မှုဆီသို့ ကြီးထွားလာခဲ့သောကြောင့် ၎င်း၏ စွမ်းအားကို သိသိသာသာ တိုးလာစေခဲ့သည်။
ထို့အပြင် မြွေစိမ်းသွေးဝိညာဉ်အရင်းအမြစ်၊ ကြီးမားသောအောင်မြင်မှုအဆင့်ရှိသည့် မြင့်မြတ်သောမီးတောက်ထိန်းချုပ်မှုစွမ်းအားနှင့် အခြားသော စွမ်းရည်များဖြင့် ရီဖန်သည် နည်းစနစ်အသစ်ဖြစ်သည့် မြွေစိမ်းသွေးမီးတောက်နည်းစနစ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။
မြွေစိမ်းသွေးမျိုးဆက်စွမ်းအားကိုအသုံးပြုခြင်းသည် မြင့်မြတ်သောမီးတောက်ထိန်းချုပ်မှုစွမ်းအား ကို လှုံ့ဆော်ပေးကာ မြွေစိမ်းသွေးမီးတောက်ကို ပေါက်ကွဲထွက်လာစေသည်။
ထိုကြီးမားသောစွမ်းအားသည် ရီဖန်၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့၏။
ရီဖန်သည် ချီစွမ်းအားကျင့်ကြံမှုနှောင်းပိုင်းအဆင့်တွင် သူမည်မျှအစွမ်းထက်မည်ကို မသိသော်လည်း နောက်ဆုံးအကြိမ် ဓားဖြင့်ပျံသန်းခဲ့သော စုမိသားစုမှ ကျင့်ကြံသူသည် သူ့ထံမှ ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်တော့ကြောင်း ခံစားလိုက်ရသည်။
သူသည် စုယန်ကိုပြန်ခေါ်လာ ခြေတစ်လှမ်း ပိုနီးလာချေပြီ။
အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး သူမသိလိုက်ခင်မှာပင် တစ်နှစ်ခွဲကြာခဲ့ပြီဖြစ်သည်။
စနစ်၊ စာရင်းဇယားပြပေးပါ။
သူ၏အတွင်းပိုင်းကျင့်ကြရေးတွင် ပိုမိုကျယ်ပြန့်လာပြီးနောက် သူသည် ချီစွမ်းအားကျင့်ကြံရေးအဆင့်ရှစ်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
အခန်းကဏ္ဍ- ရီဖန်
သက်တမ်း: ၇၄ နှစ်
အဆင့်- ချီစွမ်းအားကျင့်ကြံမှု အဋ္ဌမအလွှာ (၂၂/၈၀၀၀)
စွမ်းရည်များ- အဆင့်တစ် တာအိုဆေးပညာ(ပြီးပြည့်စုံခြင်း) (၁၅၉၉/၁၆၀၀) ၊ ပထမအဆင့် ပန်းပဲပညာ (၁၅၉၉/၁၆၀၀)၊ ပထမအဆင့် ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်း (၁၅၉၉/၁၆၀၀)၊ အခြေခံအဆင့်မြွေစိမ်းသွေးမီးတောက် နည်းစနစ် (၆၇/၂၀၀)၊ ဖီးနစ်မီးတောက်ဥပဒေတွင် ကြီးမားသော အောင်မြင်မှု (၁၂/၄၀၀)...
ထူးကဲစွမ်းရည်များ- မြွေစိမ်းသွေးမျိုးဆက် (၈၇၇/၁၀၀၀)၊ မီးတောက်ထိန်းချုပ်မှုတွင် ကြီးမားသော အောင်မြင်မှု (၂၁/၄၀၀)
မိသားစု အရည်အချင်း- ခရမ်းရောင် ဉာဏ်အလင်း၊ ခရမ်းရောင် အင်မော်တယ် စွမ်းရည်၊ အစိမ်းရောင်ပိုင်ရိ။
မစ်ရှင်များ- တိုးတက်လာသောမိသားစု သုံး၊ စွမ်းရည်လမ်းကြောင်း သုံး၊ မိသားစုနယ်မြေ ငါး၊ မိသားစုလူဦးရေ နှစ်၊ မိသားစုလက်နက်တိုက် လေး၊ မိသားစုလွှမ်းမိုးမှု တစ် (၈၀/၁၀၀)
လွန်ခဲ့သော ခြောက်လအတွင်းတွင် ရီဖန်သည် တာဝန်များစွာကို ပြီးမြောက်အောင်မြင်ခဲ့သဖြင့် ရီမိသားစု၏ အင်အားသည် သိသိသာသာ တိုးလာသည်။
ယခုအခါ ရီမိသားစုတွင် ၎င်းတို့၏ကိုယ်ပိုင် ဆေးပညာရှင်များနှင့် အင်မော်တယ်ပစ္စည်းသန့်စင်သူများ ရှိနေပြီဖြစ်သည်။
ယခင်ထိုးထွင်းသိမြင်မှုမှစတင်၍ ရီကျင်းဖန်သည် ပထမအဆင့်၏ အလယ်အလတ်အဆင့်ဆေးလုံးများကို စတင်ပြင်ဆင်နေပြီဖြစ်သည်။
ရီကျင်းလုံသည် အင်မော်တယ်ပစ္စည်းသန့်စင်ရေးတွင် ပထမအဆင့်၏ အလယ်အလတ်အဆင့်သို့ ရောက်လုနီးနေပြီဖြစ်ကာ နောက်ကျကျန်ခဲ့ခြင်းမရှိချေ။
ရီဆေးခန်းတွင် ဆေးလုံးများနှင့် စိတ်ဝိညာဉ်ဆေးပင်များကိုသာ ရောင်းချနေခြင်းမှာ အနည်းငယ် ဖြုန်းတီးရာရောက်သည်။
ရီဖန်သည် ရီဆေးခန်းကို အဆင့်မြှင့်တင်ရန် စီစဉ်ခဲ့ပြီးနောက် အင်မော်တယ်ပစ္စည်းများ၊ အခင်းအကျင်းပြားများ စသည့်ပစ္စည်းများကို ထပ်မံရောင်းချရန် စီစဉ်ထားသည်။
နောင်အခါတွင် သူသည် ကမ္ပည်းအတတ်ပညာကို သင်ယူကာ ၎င်းတို့ကိုလဲ ထပ်ထည့်မည်ဖြစ်သည်။ ၎င်းကို ရီဆေးခန်းမဟု ဆက်ခေါ်နေရန်အတွက် မသင့်လျော်တော့ပေ။
ရီဆေးခန်းကြောင့် ရီမိသားစုတိုးတက်လာခြင်းကို မြင်တွေ့ခဲ့ရသော်လည်း ရီဖန်သည် ၎င်းကို လက်လွှတ်ရန် အနည်းငယ် တွန့်ဆုတ်နေသေးသည်။
သို့သော် ပိုမိုတိုးတက်လာရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန်လိုအပ်သေးသည်။
“ဒါကို ‘သစ်ရွက်တစ်ထောင်ဆေးခန်း’ အဖြစ်နာမည်ပြောင်းမယ်” ဟု ၎င်းအား မြစ်ပေါင်းရာနှင့်ချီ၍ စီးဆင်းနေသော သမုဒ္ဒရာကြီးကဲ့သို့ ခမ်းနားကြီးကျယ်သော နေရာတစ်ခုအဖြစ် ထားရှိလိုကြောင်း ရီဖန်သည် ထုတ်ဖော်ကြေညာခဲ့သည်။
ရီဖန်၏ ‘သစ်ရွက်တစ်ထောင်ဆေးခန်း’ တည်ထောင်ခြင်း အဓိကရည်ရွယ်ချက်မှာ ဤလုပ်ငန်းမှတစ်ဆင့် မိသားစုလွှမ်းမိုးမှု၏ ဒုတိယအဆင့်စနစ်တာဝန်ကို ပြီးမြောက်စေနိုင်ခြင်း ရှိမရှိသိရှိနိုင်ရန်ဖြစ်သည်။
စနစ်ထံမှရသောဆုလာဘ်များသည် မိသားစုစွမ်းအားကို မြှင့်တင်ရန်အတွက် အထိရောက်ဆုံးဖြစ်ကာ ထိုကဲ့သို့ထိရောက်မှုရှိလျှင် ကဏ္ဍများစွာ၌ ကျင်လည်စွာ အသုံးချနိုင်သည်။
ရုတ်တရက် ‘သစ်ရွက်တစ်ထောင်ဆေးခန်း’ကို စီးပွားရေးအတွက် ဖွင့်လိုက်၏။ အမှန်တကယ်တွင် အမည်သာပြောင်းကာ ပစ္စည်းများစွာ ထပ်မံရောင်းချရန် ထည့်သွင်းထားခြင်းဖြစ်သည်။
ရီဆေးခန်း၏ ကောင်းမွန်သောဂုဏ်သတင်းကြောင့် ‘သစ်ရွက်တစ်ထောင်ဆေးခန်း’၏ ဖွံ့ဖြိုးတိုးတက်မှုမှာ လျင်မြန်ပေသည်။
ချင်းယွင်စျေးတွင်၊ ‘သစ်ရွက်တစ်ထောင်ဆေးခန်း’မှ ထုတ်လုပ်သော
ပစ္စည်းများ၏ အရည်အသွေးသည် တဖြည်းဖြည်း ပိုမိုကောင်းမွန်လာသည်။
“သခင်၊ မိသားစုစွမ်းအား ရေရှည်တာဝန်ကို ပြီးမြောက်အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ အခုပဲ ဆုကို လက်ခံရရှိနိုင်ပါပြီ" မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းသည် အမှန်တကယ်အလုပ်ဖြစ်သည်။
“ဆုလာဘ်ကို ရယူပါ”
"သခင်၊ မိသားစုစွမ်းအား မြွေစိမ်းအသွင်ပြောင်းနည်းစနစ်ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်။"
မြွေစိမ်းအသွင်ပြောင်းနည်းစနစ်၊ ၎င်းသည် မိသားစုစွမ်းအားတစ်ခုဖြစ်ကာ မြွေစိမ်းဝိညာဉ်အရင်းမြစ်ကို ပိုင်ဆိုင်ထားသူများအတွက်သာ အောင်မြင်စွာ ကျင့်ကြံနိုင်ကာ မြွေစိမ်းစွမ်းအားအတွင်းတွင် အစွမ်းထက်သော အသက်စွမ်းအားပါဝင်သော ဝိညာဉ်မျိုးစေ့ကို လှုံ့ဆော်ပေးသည်။
အသက်သွင်းပြီးသည်နှင့်
တစ်ပြိုင်နက် အဆင့်အမျိုးမျိုးရှိသည့် ဝိညာဉ်မျိုးစေ့များ၏ စွမ်းအားသည် အလွန်ကွဲပြားသွားမည်ဖြစ်သည်။
ပထမအဆင့် ဝိညာဥ်မျိုးစေ့သည် ချီစွမ်းအားကျင့်ကြံခြင်းအစောပိုင်းအဆင့် ဝိညာဉ်ရေးရာပစ္စည်းများကို ပြုလုပ်နိုင်သည်။
ဒုတိယအဆင့် ဝိညာဉ်မျိုးစေ့များ၏ စွမ်းအားသည် ချီစွမ်းအားကျင့်ကြံခြင်းအလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့်တွင် တတိယတန်းနှင့် အထွတ်အထိပ်တွင် စတုတ္ထတန်းအဆင့်တို့ထိဖြစ်သည်။
အဆင့်ငါးအထက်ရှိ မည်သည့်အရာမဆို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်တွင် ရှိသည်။ဝိညာဉ်စွမ်းအားသတ္တဝါများသည် ဝိညာဉ်မျိုးစေ့များမှ လှုံ့ဆော်ပေးသော သက်ရှိသတ္တဝါများဖြစ်ကာ အသိဉာဏ်အားနည်းပြီး တိုက်ပွဲတွင် အကူအညီပေးနိုင်သည်။
မြွေစိမ်းအသွင်ပြောင်းခြင်းနည်းစနစ် နိဒါန်းကို ဖတ်ပြီးနောက် ရီဖန်၏ အသက်ရှုနှုန်းသည် သိသိသာသာ မြန်လာသည်။
‘အထင်ကြီးစရာပဲ၊ အရမ်းကိုအထင်ကြီးစရာကောင်းတာပဲ’
၎င်း၏တူညီချက်များအရ၊ ဤနည်းပညာသည် သားရဲသခင်အဆင့်ကျင့်ကြံရေးအနုပညာတစ်ရာနှင့် ဆင်ဆင်တူသည်။ သို့သော် သားရဲသခင်ကျင့်စဉ်နှင့်မတူဘဲ ဤနည်းပညာသည် ပို၍ကန့်သတ်ချက်နည်းပါးသည်။
ရီဖန်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်မှာ ရီမိသားစု၏ကြီးမြတ်သောအမူအရာဖြင့် ရန်သူကို လိုက်ရန် မြေပြင်မှမရေမတွက်နိုင်သော ဝိညာဉ်ပစ္စည်းများ ထွက်ပေါ်လာနေသည့်ပုံရိပ်ဖြစ်သည်။
‘လုံးဝစိတ်လှုပ်ရှားစရာပဲ!’
တကယ်တမ်းတွင် ရီမိသားစု၌ ထူးခြားမှုဟူ၍ များစွာမရှိချေ။
မြွေစိမ်းဝိညာဉ်အရင်းအမြစ်မှလွဲ၍ ထင်ထင်ရှားရှားပြရန် မည်သည့်အရာမျှ ရှိမနေပါ။ နောက်ဆုံးတွင် ရီမိသားစုပိုင်ဆိုင်သည်မှာ ဤမိသားစုစွမ်းရည် တစ်ခုသာရှိသည်။
အမှန်တကယ်တွင် ၎င်းသည် ဝိညာဉ်ခြယ်လှယ်ခြင်းသခင်ကျင့်စဉ်သည် ရီမိသားစုသီးသန့်အတွက် ထူးခြားသောပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။မြွေစိမ်းအသွင်ပြောင်းနည်းစနစ်၏ တစ်ခုတည်းသော ကန့်သတ်ချက်မှာ ကျင့်ကြံသူ၏ အဆင့်နှင့် ဝိညာဉ်မျိုးစေ့ဖြစ်သည်။
ဝိညာဉ်မျိုးစေ့များကို ပိုင်ဆိုင်ရန် မခက်ခဲချေ။ ဥပမာအားဖြင့် ရီမိသားစု၏ဝိညာဉ်ရေးနယ်မြေရှိ ဆယ်နှစ်သက်တမ်းရှိ ဂျင်ဆင်းမျိုးစေ့များသည် ပထမအဆင့် ဝိညာဉ်မျိုးစေ့များဖြစ်သည်။
ဒုတိယအဆင့်သည် အနှစ်သုံးဆယ်၊ တတိယဆင့်သည် အနှစ်ငါးဆယ်နှင့် စတုတ္ထအဆင့်သည် အနှစ်ခုနစ်ဆယ် စသည်ဖြင့် လိုအပ်သည်။သက်တမ်းတစ်ရာကျော်ရှိသော ဝိညာဉ်ဆေးမျိုးစေ့များကို အဆင့်ငါးဝိညာဉ်မျိုးစေ့များအဖြစ် သတ်မှတ်ထားသည်။
ရီဖန်သည် ယခု အဆင့်ငါးဝိညာဉ်မျိုးစေ့များကို ရရှိခဲ့လျှင်ပင် မြွေစိမ်းအသွင်ပြောင်းနည်းပညာဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်နှင့် ညီမျှသော ဝိညာဉ်ပစ္စည်းများကို ပြုလုပ်နိုင်ဦးမည်မဟုတ်ပေ။
ဝိညာဉ်ပစ္စည်း၏ အကျိုးသက်ရောက်မှုသည် ဝိညာဉ်မျိုးစေ့အမျိုးအစားပေါ် မူတည်သည်။
သွေးဂျင်ဆင်းနှင့် ရိုးရိုးဂျင်ဆင်းမှထုတ်လုပ်သော ဝိညာဉ်ပစ္စည်းများကို နှိုင်းယှဉ်ကြည့်ပါက သွေးဂျင်ဆင်းမှထုတ်လုပ်သော စွမ်းအားသည် သေချာပေါက်ပိုမိုစွမ်းအားကြီးသည်။
ဝိညာဉ်ခြယ်လှယ်ခြင်းသခင်သည် ဝိညာဉ်အပင်သခင်၊ ဆေးပညာရှင်၊ အခြားသူများ တွဲစပ်လိုက်ပါက အနိုင်ယူ၍မရနိုင်သော အဖွဲ့တစ်ဖွဲ့ဖြစ်လာမည်ဖြစ်သည်။
ရီမိသားစု၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှာ စတင်ပုံပေါ်လာပြီဖြစ်သည်။
တစ်ရက်ခွဲကြာပြီးနောက် ရီဖန်သည် မြွေစိမ်းအသွင်ပြောင်းခြင်းနည်းစနစ်ကို ကျွမ်းကျင်စွာအောင်မြင်သွားပြီဖြစ်သည်။
မြွေစိမ်းသွေးအသွင်ပြောင်းခြင်းနည်းစနစ်သည် လေ့လာရန် မခက်ခဲပေ။ ခက်ခဲသောအရာမှာ မြွေစိမ်းသွေးအရင်းအမြစ်ကိုပိုင်ဆိုင်ကာ မြွေစိမ်းသွေးမျိုးဆက်စွမ်းအားကို ထိန်းချုပ်ခြင်းဖြစ်သည်။
ရီဖန်သည် သိုလှောင်ခန်းမှ ဆယ်နှစ်သက်တမ်းရှိသော ဂျင်ဆင်းစေ့ကို ထုတ်ယူလိုက်ကာ ၎င်းကို သွေးမျိုးဆက်စွမ်းအားဖြင့် ပေါင်းစပ်လိုက်ရာ အစေ့သည် လျင်မြန်စွာအသွင်ပြောင်းလာသည်။
ရီဖန်၏ မျက်စိရှေ့၌ သေးငယ်ဖွံ့ဖြိုးသောအရုပ်ကလေး ပေါ်လာသည်။ ရီဖန်ထံမှ စိတ်ဖြင့်လမ်းညွှန်ချက်အရ ဂျင်ဆင်းအရုပ်သည် ဂါထာတစ်ခုကိုသူ့ထံ မန်းမှုတ်လိုက်သည်။
၎င်းသည် ကုသနိုင်စွမ်းရှိသည့်အပြင် တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိ၏။
ဂျင်ဆင်းဝိညာဉ်အစေ့များကို အသုံးပြု၍ ထုတ်လုပ်ထားသော ဝိညာဉ်ပစ္စည်းများသည် သဘာဝ အထောက်အပံ့များပင်ဖြစ်သည်။
အခြားသော ဝိညာဉ်မျိုးစေ့များနှင့်အတူ ရီမိသားစုသည် အတွေ့အကြုံရရှိရန် စွန့်စားလုပ်ဆောင်သောအခါတွင် ၎င်းတို့ကိုယ်တိုင် အဖွဲ့ငယ်တစ်ခုကို ဖွဲ့စည်းနိုင်ပေမည်။
ယခုမှစ၍ ရီမိသားစုသည် ဝိညာဉ်မျိုးစေ့အမြောက်အမြား စုဆောင်းထားရတော့မည်။
……………………………………..
အခန်း (၅၀) ဆေးပညာအပ်နှင်းခြင်း
ရီမိသားစုဝင်များသည် မျိုးနွယ်စု၏နည်းပညာအသစ်ကို စတင်ကျင့်ကြံလာကြပြီဖြစ်သည်။
ရီဖန်သည်လည်း သက်ရှည်ဂိုဏ်းတွင် ဝေးကွာနေသော ရီကျင်းဟိုင်နှင့် ယွမ်တင်းဟန်တို့ထံ စာပို့ကာ ၎င်းတို့နှစ်ဦးလုံးကို အိမ်ပြန်ခိုင်းလိုက်သည်။
သက်ရှည်ဂိုဏ်းရှိ ပိုင်ရွှယ်၏ ဂူအိမ်အတွင်း၌၊
"ကျင်းဟိုင်၊ မင်းအဖေရဲ့ ဆေးပညာက အံ့မခန်းပဲ၊ ငါသိချင်တာတစ်ခုက မင်းရဲ့အဖေကို ငါတို့သက်ရှည်ဂိုဏ်းအတွက် ဆေးလူံးတွေသန့်စင်ပေးဖို့ ကူညီစေချင်တာ၊ အဲတာဖြစ်နိုင်မလား"
သက်ရှည်ဂိုဏ်းသည် အသက်ရှည်ခြင်းအတွက် ကျော်ကြားကာ ၎င်းတို့၏ကျင့်ကြံသူများသည် အခြားသူများထက် အသက်ပိုရှည်ကြသည်။ ကျင့်ကြံရေးနည်းစနစ်များအပြင် အဓိကအားဖြင့် ဆေးလုံးဖော်မြူလာဖြစ်သည့် သက်ရှည်ဆေးလုံးကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
၎င်း၏အဓိကပါဝင်ပစ္စည်းအဖြစ် သက်ရှည်သီးကိုအသုံးပြုထားကာ ချီစွမ်းအားသန့်စင်ခြင်းနယ်မြေအဆင့်ရှိ ကျင့်ကြံသူ၏သက်တမ်းကို အနှစ်နှစ်ဆယ်အထိ တိုးမြှင့်ပေးနိုင်သည်။
သို့သော် မကြာသေးမီနှစ်များအတွင်းတွင် သက်ရှည်ဂိုဏ်းမှ ဆေးပညာရှင်များသည် သက်ရှည်ဆေးလုံးကို ပြုလုပ်နိုင်စွမ်းမရှိခဲ့ကြပေ။
ယခုတွင် သက်ရှည်ဂိုဏ်းရှိ သက်ရှည်ဆေးလုံးများ ကုန်ဆုံးသွားတော့မည်ဖြစ်ကာ ၎င်းတို့အတွက် ဆေးလုံးများသန့်စင်ရာတွင် ကူညီပေးရန် ဆေးပညာရှင်တစ်ဦး လိုအပ်နေသည်၌
သို့သော် သက်ရှည်ဆေးလုံး၏ ဆေးဖော်မြူလာသည် သက်ရှည်ဂိုဏ်း၏ လျှို့ဝှက်ချက်ဖြစ်ကာ ဖော်မြူလာကို သာမန်ဆေးပညာရှင်တစ်ဦးကိုပေး၍ အကူအညီတောင်းဆိုရန်မှာ အလွန်အန္တရာယ်များ၏။
သက်ရှည်ဂိုဏ်းနှင့် ချိတ်ဆက်ထားသော အရည်အချင်းရှိသည့် ဆေးပညာရှင်များကို ရှာဖွေခြင်းသည်လည်း လွယ်ကူသောအလုပ်မဟုတ်ချေ။ သို့သော် ရီဖန်ရောက်ရှိလာခြင်းသည် သက်ရှည်ဂိုဏ်း၏ လိုအပ်ချက်များနှင့် အပြည့်အဝကိုက်ညီနေသည်။
သူသည် ဆေးပညာ၌ ကျွမ်းကျင်ကာ သူ၏သားသည် သက်ရှည်ဂိုဏ်းရှိ အကြီးအကဲ၏ တပည့်တစ်ဦးပင်ဖြစ်သေးသည်။ သက်ရှည်ဂိုဏ်းသည် အခြားသင့်လျော်သော ဆေးပညာရှင်ကို စောင့်ဆိုင်းရန် မတတ်နိုင်သောကြောင့် ရီကျင်းဟိုင်သည် ရီဖန်နှင့်ချိတ်ဆက်ရန်အတွက် ကူညီပေးနိုင်ရန် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။
“ဆရာသခင်၊ အဖေ သဘောတူပါ့မလားတော့ မသိဘူး။ အိမ်ပြန်ပြီး သူ့ကို အရင်မေးပါရစေ။”
သုံးရက်အကြာတွင် ရီကျင်းဟိုင်နှင့် ယွမ်တင်းဟန် တို့သည် ရီမိသားစုထံ ပြန်လာခဲ့ကြသည်။
၎င်းတို့နှင့်အတူ တပည့်များစွာနှင့်အတူ သက်ရှည်ဂိုဏ်း၏အကြီးအကဲလည်းပါလာသည်။
"သခင်ရီ၊ ရုတ်တရတ် လာလည်ရတဲ့အတွက် တောင်းပန်ပါတယ်။"
ပိုင်ရွှယ်သည် ယဉ်ကျေးကာ ၎င်းတို့၏ နောက်ကျကျန်နေသောကျင့်ကြံရေးကြောင့် ရီမိသားစုကို မထီမဲ့မြင်မပြုခဲ့ချေ။
သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးသည် အခြေခံအုတ်မြစ် တည်ဆောက်ရေးနယ်မြေအဆင့်တွင်ရှိသော ကျင့်ကြံသူ၊ ရီကျင်းဟိုင်၏ ဆရာသခင်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရီဖန်သည် အံ့အားသင့်သွားကာ အမြန်ကြိုဆိုခဲ့သည်။
"အကြီးအကဲပိုင်၊ ခင်ဗျားရဲ့လည်ပတ်မှုက ကျွန်တော်တို့ရီ မိသားစုအတွက် ဂုဏ်ယူစရာပါ"
ဟု ယဉ်ကျေးစွာပြောဆိုပြီးနောက် ရီဖန်သည် ပိုင်ရွှယ်ကို ဧည့်ခံခန်းသို့ ခေါ်သွားခဲ့သည်။
ရီကျင်းဟိုင်သည် ရီဖန်ကို သက်ရှည်ဂိုဏ်း၏ ဆေးလုံးများကို သန့်စင်ရန် တောင်းဆိုချက်အကြောင်း လျှို့ဝှက်စွာ အသိပေးခဲ့သည်။
ရီဖန်သည် သူ၎င်းကို လုပ်သင့်မလုပ်သင့် စဉ်းစားလျက်ရှိ၏။ အရေးကြီးဆုံးအချက်မှာ သက်ရှည်ဆေးလုံး၏ ဆေးဖော်မြူလာကို အရင်ကြည့်ရန်ဖြစ်သည်။
ရီဖန်၏ လက်ရှိစွမ်းရည်များဖြင့် သူ မသန့်စင်နိုင်သော ပထမအဆင့်ဆေးလုံးများသည် မရှိသလောက်ပင်။ သို့သော် မမျှော်လင့်ထားသော အခြေအနေများကို ကာကွယ်ရန်အတွက် သတိဖြင့် ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
ရီဖန်သည် ပိုင်ရွှယ်နှင့် ဆေးပညာကိစ္စများကို ဆွေးနွေးနေချိန်တွင် ရီကျင်းဟိုင်သည် သူ၏ညီအစ်ကိုများစွာကို ရီမိသားစုထံသို့ခေါ်ဆောင်သွားခဲ့သည်။
စီနီယာညီအစ်ကိုများသည် လှည့်ပတ်ကြည့်နေရင်း စိတ်ထဲတွင်ရှုတ်ချနေကြ၏။
‘ဒီရီမိသားစုက တော်တော်ရိုးရှင်းပုံရတယ်’
ဝိညာဉ်စွမ်းအင်၏သိပ်သည်းဆသည် ပြောရန်ပင်မလိုဘဲ သက်ရှည်ဂိုဏ်းနှင့် ယှဉ်နိုင်ခြင်းမရှိပေ။
သူတို့မိသားစုများ၏ နယ်မြေများရှိ ဝိညာဉ်ရေးစွမ်းအင်သည် ရီမိသားစုထက်ပင် ပိုသိပ်သည်းနိုင်သည်။
သူတို့ပိုင်ဆိုင်သော နယ်မြေသည်ပင် သာမန်ဟုထင်ရသော ရီမိသားစုသည် သွေးဂျင်ဆင်း ဆေးလုံးကဲ့သို့သော ဆေးလုံးမျိုးကို အမှန်တကယ်ပင် ထုတ်လုပ်နိုင်ခဲ့သည်လော။
‘သူတို့ရဲ့ ဆရာသခင် လှည့်စားမခံရဖို့မျှော်လင့်ပါတယ်’
ထို့နောက် ရီကျင်းထျန်သည် အစေခံများနှင့်အတူ ဧည့်ခံခန်းသို့ ရောက်ရှိလာကာ သူတို့သည် ဝိညာဉ်သစ်သီးများကို လင်ဗန်းများပေါ်တွင် ယူဆောင်လာကြသည်။
ရီကျင်းထျန်သည် သူတို့၏ မျက်လုံးများထဲရှိ အထင်အမြင်သေးမှုကို မတုံ့ပြန်ခဲ့ချေ။
ဤဝိညာဥ်သစ်သီးများကို မကြာသေးမီကပင် အမွေအနှစ်နယ်မြေထဲ၌ စိုက်ပျိုးခဲ့သည်။
စိတ်ဝိညာဉ်အပင်သခင် အများအပြား၏ ကြီးထွားမှုအရှိန်ကြောင့် ၎င်းတို့သည် အလွန်လျင်မြန်စွာ ရင့်မှည့်လာခဲ့သည်။
ဤဝိညာဉ်သစ်သီးများသည် အမြည်းမျှသာရှိသေးသည်။
“ညီလေး၊ မင်း အဝေးရောက်နေတာကြာပြီ၊ ကံကောင်းလို့ အဖေက ပစ္စည်းတစ်သုတ်ကို သန့်စင်ပြီးသွားပြီ။ ဒါက မင်းနဲ့ ရှောင်ဟန်နဲ့ရဲ့ ဝေစုပဲ" ရီကျင်းထျန်သည် သိုလှောင်အိတ်ကို လှမ်းပေးလိုက်သည်။
ရီကျင်းဟိုင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ထုတ်လိုက်သည်။
ပထမဦးစွာ ယွမ်တင်းဟန်၏ မိသားစုထံ ပေးအပ်ခဲ့သော ကိုးယွမ်ဓားကဲ့သို့သော အင်မော်တယ်ပစ္စည်းအစုံရှိသည်။ လက်ရှိတွင် ဤအရာသည် ‘အရွက်တစ်ထောင်ဆေးခန်း’ တွင် ရနိုင်သော အကောင်းဆုံးပစ္စည်းဖြစ်သည်။
တစ်စုံလျှင် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ကုန်ကျပြီး သုံးလလျှင် တစ်စုံစီသာ ကန့်သတ်ထုတ်လုပ်ခြင်းဖြစ်သော်လည်း ရီမိသားစုဝင်တိုင်းတွင် တစ်စုံစီရှိပေသည်။
သက်ရှည်ဂိုဏ်း၏ တိုက်ရိုက်တပည့်များအနေနှင့် ရီကျင်းဟိုင်၏ အကြီးတန်းစီနီယာတပည့်များသည် မြင့်မားသောစံနှုန်းများရှိသည်။
ရီကျင်းဟိုင်သည် တစ်စုံတင်မကဘဲ အလယ်အလတ်အဆင့် ကိုးယွမ်ဓားနှစ်စုံကို တစ်ပြိုင်တည်း ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာခဲ့သည်။
‘အဓိပ္ပါယ်မရှိလိုက်တာ!’
‘အဲဒါတွေက သူတို့မိသားစုက တစ်စုံတောင် မထုတ်နိုင်တဲ့ ရတနာတွေဖြစ်ပေမယ့် ရီကျင်းဟိုင် က နှစ်စုံကို ပေါ့ပေါ့ပါးပါး ထုတ်ယူသွားခဲ့တယ်?’
သူတို့၏လုပ်ရပ်များကိုကြည့်ခြင်းဖြင့် ရီမိသားစုထဲရှိ အခြားလူတိုင်းမှာလည်း အလားတူ အစုံများ ရှိသည်မှာ ထင်ရှားသည်။
"အသက်ပြင်းပြင်းရှူလိုက်ပါ၊ သူတို့အထဲမှာ အဲဒီနှစ်စုံပဲ ရှိမှာပါ၊ မနာလိုစရာ မလိုဘူး၊ မနာလိုစရာ မလိုဘူး!"
အကြီးတန်းတပည့်များစွာသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားပြီးနောက် ရီကျင်းဟိုင်သည် သူ၏သိုလှောင်အိတ်မှ ဒုတိယပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ၎င်းသည် ဆေးလုံးဖြစ်သည်။ ကျောက်စိမ်းပုလင်းအဖုံးကိုဖွင့်လိုက်သည်နှင့် ဧည့်ခန်းတစ်ခုလုံးကို မွှေးကြိုင်သောရနံ့တစ်ခုဖြင့် လွှမ်းမိုးသွားသည်။
“အဖေက ငါတို့မိသားစုအတွက် သိပ်မကြာသေးခင်ကမှ လုပ်ထားတယ်ပြောတယ်၊ အခု မိသားစုဝင်တွေ ကျင့်ကြံဖို့သုံးတဲ့ ဆေးလုံး အားလုံးကို ချီစွမ်းအားပြုစုပျိုးထောင်ခြင်းဆေးလုံးနဲ့ အစားထိုးလိုက်ပြီ”
‘ချီးပဲ!’
လူအနည်းငယ်သည် ထိုနေရာမှာတင် ရီကျင်းဟိုင် ကိုသတ်ကာ သူ့နေရာကို သိမ်းပိုက်ရန်မှလွဲ၍ အခြားဆန္ဒမရှိတော့ချေ။
ချီစွမ်းအားကျင့်ကြံခြင်းအလယ်အလတ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ၎င်းတို့အသုံးပြုသည့် ဆေးလုံး အများစုမှာ ချီစွမ်းအားကျင့်ကြံခြင်းဆေးလုံးများသာဖြစ်ကာ ရံဖန်ရံခါမှသာ ချီစွမ်းအားမြှင့်တင်ခြင်းဆေးလုံးကို အသုံးပြုနိုင်ခြင်းဖြစ်သည်။
ချီစွမ်းအားပြုစုပျိုးထောင်ခြင်းဆေးလုံး…သူတို့ အိပ်မက်တောင် မမက်ရဲကြပေ။
သူတို့မိသားစုကို သူတို့သည် ချီစွမ်းအားပြုစုပျိုးထောင်ခြင်းဆေးလုံး ကို နေ့စဉ်ဆေးလုံးအဖြစ် လိုချင်သည်ဟု ပြောမိပါက သူတို့၏ ခြေထောက်များပင် ကျိုးသွားနိုင်ပါတယ်။
“ဂျူနီယာ ညီအစ်ကိုရေ၊ ထုတ်ပြနေတာ ရပ်လိုက်ပါတော့”
အကြီးတန်းတပည့်တစ်ဦးသည် ငြူစူသောမျက်ရည်တစ်စက် သူ့ပါးစပ်ထောင့်သို့ စီးကျသွားလျက် ရေရွတ်လိုက်သည်။
အရသာရှိသော အသီးအနှံများပင်လျှင် အရသာပျက်သွားပါပြီ။
ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့သည် အကြည့်ချင်းဖလှယ်ကြပြီးနောက် ခပ်ပြုံးပြုံးဖြစ်သွားကြသည်။
သူတို့သည် သူတို့ကို နှိမ့်ချနိုင်သော်လည်း ရီမိသားစုကို မထီမဲ့မြင်ပြုရန်မူ လက်မခံနိုင်ဘဲရှိသည်။
ယခုအခါတွင် ရီမိသားစုသည်လည်း ၎င်း၏အစွယ်များကို ထုတ်ပြခွင့်ရှိသည်။
အခြားတစ်ဖက်၌ ပိုင်ရွှယ်ပေးသည့် ဆေးလုံးဖော်မြူလာကို စစ်ဆေးပြီးနောက် ရီဖန်သည် သူ့စိတ်ထဲတွင် တွက်ချက်မှုတချို့ပြုလုပ်ခဲ့ပြီးနောက် မည်သည့်ပြဿနာမှ မတွေ့ပေ။
သက်ရှည်ဆေးသည် ပထမအဆင့်ဆေးလုံးများတွင် အခက်ခဲဆုံးဖြစ်သော်လည်း ရီဖန်အတွက်မူ အခက်အခဲမရှိချေ။ ဆေးလုံးကို ကူညီပေးမည်လောဟု စဉ်းစားပြီးနောက် ရီဖန်သည် သဘောတူရန်ဆုံးဖြတ်လိုက်သည်။
ကွမ်ဟယ် စီရင်စုရှိ အခိုင်မာဆုံးဂိုဏ်းတစ်ခုအနေဖြင့် သက်ရှည်ဂိုဏ်းနှင့် ချစ်ကြည်ရင်းနှီးမှုရှိခြင်းသည် ရီမိသားစုအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။ ဂုဏ်သိက္ခာသည်လည်း မိသားစုအာဏာရရှိရန်အတွက် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။
နောက်ထပ်အထောက်အထားတစ်ခုသည် မစ်ရှင်အတွက် တိုးတက်မှုဆီသို့ နောက်ထပ်ခြေတစ်လှမ်းနှင့် ညီမျှသည်။
"အကြီးအကဲပိုင်၊ ကျွန်တော့ဘက်မှာ ဘာပြဿနာမှ မရှိပါဘူး"
ရီဖန်၏ စကားများကို ကြားလိုက်ရသည်နှင့် ပိုင်ရွှယ်သည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။
ချီစွမ်းအားကျင့်ကြံရေးနယ်မြေအဆင့်ရှိ ကျင့်ကြံသူအတွက် သက်ရှည်ဆေးလုံးသည် ၎င်းတို့၏ သက်တမ်းကို အနှစ် ၂၀ တိုးမြှင့်နိုင်သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့် ကျင့်ကြံသူများအတွက်ပင်လျှင် အကျိုးသက်ရောက်မှုရှိသည်။
ယခုတွင် သက်ရှည်ဂိုဏ်းတွင် သက်တမ်းအကန့်အသတ်ရှိသော အကြီးအကဲတစ်ဦးရှိသည်။ အကယ်၍ သူတို့သည် သက်ရှည်ဆေးလုံးကို ရနိုင်ပါက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၏ အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်ကာ နောက်ထပ်ဆယ်စုနှစ် သို့မဟုတ် ထိုမျှလောက်အထိ အသက်ရှင်နိုင်မည်ဖြစ်သည်။
"သခင်ရီ၊ ဆေးလုံး ကိုအောင်မြင်စွာသန့်စင်ပေးနိုင်သရွေ့ ကျွန်မတို့သက်ရှည်ဂိုဏ်းက ရှင့်ကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး"
မကြာမီ ရီဖန်သည် ရီကျင်းချုံနှင့် အခြားသူများနှင့်အတူ သက်ရှည်ဂိုဏ်းသို့ လိုက်လာခဲ့သည်။
ရီဖန်ရှိနေသည့် ဆေးဖိုအခန်းသို့ ဆေးလုံး တစ်သုတ်ကို ပို့လိုက်သည်။ သူ့ရှေ့ရှိ ဆေးဖိုကိုကြည့်လိုက်ပြီးနောက် ရီဖန်သည် ပိုင်ရှင်ကို 'သူဌေး' ဟုသာသတ်မှတ်လိုက်တော့သည်။
ပထမအဆင့်အင်မော်တယ်ပစ္စည်းများသည် ချီစွမ်းအားကျင့်ကြံရေးနယ်မြေအဆင့်ရှိ ကျင့်ကြံသူများ အသုံးပြုလေ့ရှိသည်။ ဒုတိယအဆင့်အင်မော်တယ်ပစ္စည်းများသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း နယ်မြေအဆင့်မှကျင့်ကြံသူများသည် ဝိညာဉ်ရေးဆိုင်ရာ ပစ္စည်းများအဖြစ် အသုံးပြုကြသည်။
ရီဖန်၏မျက်စိရှေ့ရှိ ဆေးဖိုသည် ဒုတိယအဆင့် ဝိညာဉ်ရေးဆေးဖိုဖြစ်သည်။ ဆေးပညာရှင်တစ်ယောက်အတွက် ဆေးလုံးများကို သန့်စင်ရန် ဝိညာဉ်အင်မော်တယ်ဆေးဖို ကိုအသုံးပြုခြင်းသည် ခမ်းနားလှသည်။
တကယ်တမ်း၌ ရီဖန်ပိုင်ဆိုင်သော ကောင်းကင်သစ်သားမီးတောက်များဖြင့် သူသည် ဒုတိယအဆင့်ဆေးလုံးများကိုဖန်တီးရန် အခွင့်အရေးရခဲ့သော်လည်း ကံမကောင်းစွာဖြင့် ရီဖန်၏ စွမ်းရည်များသည် ပထမအဆင့်၏ အထွတ်အထိပ်တွင် ပိတ်မိနေကာ မဖြတ်ကျော်နိုင်သေးချေ။
ရီကျင်းလုံနှင့် ရီကျင်းဖန်၏ အင်မော်တယ်ပစ္စည်း သန့်စင်ခြင်းနှင့် ဆေးပညာစွမ်းရည်များ တဖြည်းဖြည်း တိုးတက်နေသော်လည်း ရီဖန်၏ စွမ်းရည်များသည် ပထမအဆင့်၏ နှောင်းပိုင်းအဆင့်မှ မတက်နိုင်သေးဘဲ ဒုတိယအဆင့်သို့ ရောက်ရှိရန်မဖြစ်နိုင်သေးသလောက်ရှိသည်။
‘ဒီတစ်ခေါက်ပြန်သွားရင် သူတို့နှစ်ယောက်ကို နောက်တစ်ဆင့်တက်နိုင်ပြီလားကြည့်ပြီးတော့ သေသေချာချာ ညွှန်ကြားရဦးမယ်’
သူ့အတွေးများကို စုဆောင်းကာ နောက်ဆုံး၌ ရီဖန်သည် ဆေးလုံးများသန့်စင်ရန် စတင်ပါတော့သည်။
………………………………
အခန်း (၅၁) မိသားစု လက်နက်တိုက် (၅)
သက်ရှည်ဆေးအတွက် လိုအပ်သော ပါဝင်ပစ္စည်းအများစုမှာ ဆယ်နှစ်အထက် ဝိညာဉ်ရေးဆေးပင်များဖြစ်သည်။ အဓိကပါဝင်ပစ္စည်းဖြစ်သော သက်ရှည်သစ်သီးသည် သက်တမ်းခုနစ်ဆယ်ရှိရမည်။
အစိမ်းရောင်သစ်သားမီးတောက်သည် သက်ရှည်သစ်သီးကို တိုက်ရိုက်ဖုံးလွှမ်းသွားကာ ခဏအကြာတွင် ၎င်းအတွင်းမှ အညစ်အကြေးများ တဖြည်းဖြည်း ကွဲထွက်သွားသည်။
ဤအခိုက်တွင် ရီဖန်သည် ၎င်းထဲတွင် အပင်ပေါက်နေသော အစေ့အဆံအချို့ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူသည် အများကြီးစဉ်းစားမနေဘဲ သူ၏ဝိညာဉ်စွမ်းအားကို လျင်မြန်စွာအသုံးပြုကာ ထိုမျိုးစေ့များကို ဘေးဘက်သို့ရွှေ့လျက် သန့်စင်သောဆေးရည်ကို ဆက်လက်ထုတ်ယူနေခဲ့သည်။
ဝိညာဉ်ရေးဆေးများကို တစ်ခုပြီးတစ်ခု သန့်စင်ကာ ဆေးရည်အဖြစ် ပြောင်းလဲလိုက်သည်။
ဝိညာဉ်ရေးဆေးများတွင် အသုံးဝင်သောမျိုးစေ့များပါရှိကြောင်း ရီဖန် သတိပြုမိသည်။
အစေ့အချို့မှာ သေပြီးသော်လည်း ကျန်အစေ့များမှာ အသက်ရှင်ဆဲဖြစ်သည်။
သက်ရှည်ဆေးအတွက် ပါဝင်ပစ္စည်းများတစ်သုတ်လျှင် ရီဖန်သည် အဆင့်လေးရှိသည့် သက်ရှည်သစ်သီးအစေ့သုံးစေ့ကို ရရှိသည်။
ထို့အပြင် အဆင့်သုံးမျိုးစေ့ငါးစေ့နှင့် အဆင့်နှစ် ဆယ့်နှစ်စေ့ကိုလည်း စုဆောင်းထားသည်။
သုံးရက်အကြာတွင် ဆေးရည်များ လုံးလုံးလျားလျား ပေါင်းစပ်သွားကာ အစိမ်းရောင် ဆေးလုံးသည် ဆေးဖိုမှ ပျံထွက်လာသည်။ ဤအသက်ရှည်ဆေး၏ အရည်အသွေးသည် အထင်ကြီးလောက်စရာ ၉၈% သို့ ရောက်ရှိသွားသည်။
အစိမ်းရောင်သစ်သားမီးတောက်သည် ဝိညာဉ်စွမ်းအားဆေးဖိုနှင့် ပေါင်းစပ်ကာ ရီဖန်၏ ဆေးပညာကို ပြီးပြည့်စုံစွာပြသပေးနိုင်ခဲ့သည်။
"ကျွန်တော့တာဝန် ပြီးသွားပြီ။" ဟု ရီဖန်သည် ပိုင်ရွှယ်ကို အသိပေးလိုက်သည်။
အသက်ရှည်ဆေး၏ အရည်အသွေးကို မြင်ပြီးနောက် ပိုင်ရွှယ်သည် သူမ၏ အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုကို မည်သို့ဖော်ပြရမှန်းပင်မသိတော့ချေ။
ဤအသက်ရှည်ဆေးလုံးသည် သက်ရှည်ဂိုဏ်း၏အခြား ဆေးပညာရှင်မှ ယခင်က သန့်စင်ထားသော ဆေးများထက် သိသိသာသာ အရည်အသွေးမြင့်မားသည်။ ၎င်းသည် အနည်းဆုံး သက်ရှည်ဂိုဏ်း၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်ရှိ အကြီးအကဲများကို ဆယ်နှစ်အထိ သက်တမ်းတိုးပေးနိုင်သည်။
ဆယ်နှစ်သက်တမ်းတိုးခြင်းသည် အလယ်အလတ်အခြေခံအုတ်မြစ်တည်ဆောက်မှုကို ဖြတ်ကျော်နိုင်ခြေကို သိသိသာသာတိုးစေသည်။
အခြေခံအုတ်မြစ်တည်ထောင်ရေးနယ်မြေအဆင့်ရှိသော ကျင့်ကြံသူသည် သက်ရှည်ဂိုဏ်းအတွက် အလွန်အရေးကြီးပါသည်။
"မျိုးနွယ်စုခေါင်းဆောင်ရီ၊ ကျေးဇူးပြုပြီး အနားယူပါ။ ကျွန်မအရင်ဆုံး ဆေးလုံးသွားပို့လိုက်ဦးမယ်"
ပိုင်ရွှယ်သည် ဆေးဖိုခန်းမှ ထွက်သွားပြီးနောက် သူမသည် သက်ရှည်ဂိုဏ်း၏ဂိုဏ်းချုပ်ထံ ချက်ချင်းသွားခဲ့သည်။
“ဂိုဏ်းဆရာသခင်၊ ဒါက အသစ်လုပ်ထားတဲ့ အသက်ရှည်ဆေးပါ၊ ကြည့်ကြည့်ပါဦး”
ဂိုဏ်းဆရာကြီး ပိုင်ချုံးထျန်သည် ပိုင်ရွှယ်ပေးသော ဆေးလုံးကိုကြည့်ပြီးနောက်တွင် သူ့မျက်လုံးများထဲ၌ တောက်ပသွားသည်။
"ပိုင်ရွှယ်၊ ဆေးပညာရှင်ရီအတွက် ထိုက်တန်တဲ့ ဆုလာဘ်က ဘာဖြစ်မယ်ထင်လဲ"
အစောပိုင်းတွင် အသက်ရှည်ဂိုဏ်းမှ ရီဖန်အား ဆုငွေအဖြစ် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသုံးထောင် ပေးအပ်ရန် စီစဉ်ခဲ့သည်။
သို့သော် ယခုတွင် ဤဆုကြေးမှာ လုံလောက်ရန်ဝေးလွန်းပေသည်။
"ဂိုဏ်းဆရာ၊ ဆေးပညာရှင်ရီကို တန်ဖိုးထားကြောင်းဖော်ပြဖို့အတွက် ကျွန်မတို့သက်ရှည်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်က ပထမအဆင့်သုံးဆင့်သို့ဝင်ရောက်ခိုင်းပြီး ဆုတစ်ခုကို လွတ်လွတ်လပ်လပ်ရွေးချင်ခိုင်းသင့်တယ်ထင်တယ်"
သက်ရှည်ဂိုဏ်း၏ ပထမအဆင့်သုံးဆင့်တွင် ဂိုဏ်း၏ ထိပ်တန်းရတနာများ မပါဝင်နိုင်သော်လည်း အမြင့်ဆုံးအရာများသည် အခြေခံအုတ်မြစ်တည်ဆောက်ရေးနယ်မြေအဆင့်ထိပင် ရှိသည်။
သက်ရှည်ဂိုဏ်း၏ အခြေခံအုတ်မြစ်တည်ထောင်ခြင်းနယ်မြေမှ အကြီးအကဲများပင်လျှင် ဘဏ္ဍာတိုက်၏ ပထမအဆင့်သုံးဆင့်သို့ ဝင်ရောက်ခွင့်ရရန် ရှားပါးသည်။
ပိုင်ချုံးထျန်သည် ခဏမျှ စဉ်းစားပြီး “ငါတို့ရဲ့ ရိုးသားမှုကိုပြရအောင် ဆေးပညာရှင်ရီကို သက်ရှည်ဂိုဏ်းမှာ ငါတို့ရဲ့ ဧည့်သည်အကြီးအကဲအဖြစ် ဖိတ်ကြားပြီးပထမအဆင့်သုံးဆင့်ကအရာနှစ်ခုကိုရွေးချယ်ပါစေ”
‘လုပ်ပြီးမှဖြင့် တွန့်တိုနေရန်အကြောင်းမရှိပေ’
ထိုသို့သော အရည်အသွေးရှိသည့် သက်ရှည်ဆေးလုံးကို သူ သန့်စင်ပေးနိုင်သည့်အချက်က ဆေးပညာရှင်ရီသည် သူ၏ ဆေးပညာကျွမ်းကျင်မှုအဆင့်မှာ ဒုတိယအဆင့်သို့ ရောက်ရန် မဝေးတော့ကြောင်း ညွှန်ပြနေသည်။
ဒုတိယသို့ မကြာမီရောက်ရှိတော့မည် ဆေးပညာရှင်ကို အပိုင်ထားရန် ကြိုးပမ်းမှုသည် လွန်ကဲခြင်းမရှိချေ။ ရီဖန်သည် အသက်ရှည်ဆေးလုံး သန့်စင်နည်းကိုသာ သိရှိစေကာမူ သက်ရှည်ဂိုဏ်းသည် သူ့ကို အပိုင်သိမ်းသွင်းထားရန် ထိုက်တန်နေသေးသည်။
အသက်ရှည်ဂိုဏ်းမှ ဆုလာဘ်အကြောင်း သိလိုက်ရသောအခါ ရီဖန်အနည်းငယ် အံ့သြသွားသည်။ သက်ရှည်ဂိုဏ်းသည် အလွန်ရက်ရောလွန်း၏။ သို့သော် သက်ရှည်ဂိုဏ်းက ထိုသို့သော လေးစားမှုကို ပြသနေသောကြောင့် ရီဖန်သည်လည်း ၎င်းတို့၏ကြင်နာမှုကို မောက်မာစွာ ငြင်းပယ်မည်မဟုတ်ပေ။
ရတနာနှစ်ခုထဲမှ ရီဖန်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့် ၏ ကျင့်ကြံရေးနည်းစနစ်နှစ်ခုကို ရွေးချယ်ခဲ့သည်။
ပထမတစ်မျိုးကို လျှို့ဝှက်ဆန်းကြယ်သောခရမ်းရောင်သစ်သားကျင့်စဉ် ဟုခေါ်သည်။ ၎င်းသည် အခြေခံအုတ်မြစ်တည်ဆောက်မှုအဆင့်ရှိ သစ်သားစွမ်းရည်ကျင့်ကြံရေးနည်းစနစ်ဖြစ်ကာ ၎င်း၏သစ်သားဝိညာဉ်ရေးအမြစ်အဆင့်ကိုအခြေခံ၍ ကျင့်ကြံရေးအရှိန်ကို မြှင့်ပေးနိုင်သည်။
ထို့အပြင် ၎င်းသည် ရီမိသားစုအတွက် အလွန်သင့်လျော်သော ခရမ်းရောင်သစ်သားဝိညာဉ်ဒြပ်စင်ဟူသည့် ဝိညာဉ်ရေးစွမ်းအားတစ်မျိုးကို ကျင့်ကြံနိုင်မည်ဖြစ်သည်။
နောက်တစ်မျိုးမှာ စစ်မှန်သောအစိမ်းရောင်သစ်သားကိုယ်ထည်ကျင့်စဉ် ဟုအမည်ရသည်။
ဤသည်မှာ ကျင့်ကြံရေးနည်းစနစ်မဟုတ်သော်လည်း ကိုယ်ခန္ဓာကိုမြှင့်တင်ပေးနိုင်သည့် လျှို့ဝှက်နည်းပညာတစ်ခုဖြစ်သည်။
ကျင့်ကြံသူများအပြားသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို လေ့ကျင့်လေ့မရှိကြဘဲ ကိုယ်ကာယလေ့ကျင့်ခန်းအတွက် အထူးလျှို့ဝှက်နည်းပညာကို ရှာဖွေခြင်းသည် ခက်ခဲသောကြိုးစားမှုတစ်ခုဖြစ်သည်။
ဒီနည်းပညာကို ရီကျင်းချုံအတွက် ပြင်ဆင်ထားသည်။ သူမသည် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းကို နှစ်သက်သောကြောင့် ဆက်၍ လေ့ကျင့်ပါစေ။
သူအကြိုက်ဆုံး နက်နဲသောအပြာရောင်ဇာတ်လမ်းတွဲအရ၊ သူတို့၏ ခန္ဓာကိုယ်ကို အထူးလေ့ကျင့်ထားသော ဇာတ်ကောင်များသည် မည်သည့်အခါမှ ပျော့ညံ့ခြင်းမရှိချေ။
ရီဖန်သည် ပထမအကြိမ်ကြိုးစားမှုတွင် အောင်မြင်မှုမရှိဘဲ နောက်တစ်ဆင့်အတွက် ပြင်ဆင်ရန် အနည်းငယ်ထူးဆန်းနေခဲ့သည်။ သူသည် အကြီးအကဲအဆင့်ကို ကိုယ်စားပြုသည့် တိုကင်ကို လက်ခံရရှိသောအခါ စနစ်သတိပေးချက်အသံထွက်ပေါ်လာသည်။
“ဂုဏ်ယူပါတယ် သခင်၊ တည်ထောင်ထားတဲ့ဂိုဏ်းရဲ့ အကြီးအကဲဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ မင်းရဲ့ စွမ်းအားက သုံးဆယ်တိုးလာပါပြီ"
မိသားစုစွမ်းအားကို အဆင့်နှစ်မှ အဆင့်သုံးအထိ အဆင့်မြှင့်တင်ရန် စုစုပေါင်း စွမ်းအားသုံးရာ လိုအပ်ကာ ၎င်းသည် ရှည်လျားပြီး ခက်ခဲသော ခရီးတစ်ခုဖြစ်သည်။ ဆေးလုံးကို သန့်စင်ပြီးနောက်၊ ရီဖန်သည် ဂိုဏ်းထဲတွင် လုပ်စရာမရှိတော့သောကြောင့် ရီကျင်းချုံနှင့် အိမ်ပြန်ရန် စီစဉ်ခဲ့သည်။
ရီဖန်၏ ဆေးဖိုခန်းထဲရှိနေသည့်အချိန်အတွင်း၌ ရီကျင်းချုံသည် သက်ရှည်ဂိုဏ်းတွင် ပေါက်ကွဲခဲ့သေးသည်။ ရီဖန်သည် ရီကျင်းချုံကိုတွေ့သောအခါ သူမသည် တပည့်ယောက်ျားလေးများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လက်နှစ်ဖက်စလုံးမှာ ဗလာဖြစ်နေကြသည်။
ထိုတပည့်ယောက်ျားလေး၏ ချီစွမ်းအားကျင့်ကြံရေးအဆင့်မှာ ဒုတိယအဆင့်သာရှိကာ မမြင့်ပေ။
အံ့ဩစရာကောင်းသည်မှာ သူသည် ရီကျင်းချုံ ကဲ့သို့ အနီးကပ်တိုက်ခိုက်ခဲ့သည်။
သူတို့နှစ်ယောက်လုံးသည် ခံစစ်ကို အားကိုးပြီး တိုက်ပွဲဝင်ဖို့ နီးကပ်စွာနေရာယူကြကာ ထိုးနှက်မှုတိုင်းသည် လေးမျက်နှာလုံးသို့ ရောက်သွားပြီး ထိုးချက်၏ စွမ်းအားအပြည့်ကို လွှဲပြောင်းပေးသည်။
တပည့်ယောက်ျားလေးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသောကြောင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူသည်နာကျင်မှုကြောင့် မျက်နှာနီရဲလာသည်ကို ရီဖန် သတိပြုမိလိုက်သည်။
နာကျင်နေသော်လည်း တပည့်ယောက်ျားလေး၏အမူအရာမှာ လုံးဝပြောင်းလဲခြင်းမရှိပေ။
"မင်္ဂလာပါ အကြီးအကဲရီ" အနီးနားရှိ တပည့်တစ်ယောက်သည် ရီဖန်ကို လှမ်းနှုတ်ဆက်၏။
"အဲဒီလူက ဘယ်သူလဲ" ရီဖန်သည် ရီကျင်းချုံ၏ ပြိုင်ဘက်ကို လက်ညှိုးထိုးပြပြီး မေးသည်။ "အကြီးအကဲ၊ အဲဒီလူက ကျွန်တော်တို့သက်ရှည်ဂိုဏ်းရဲ့ အကြီးတန်း တပည့်တစ်ယောက်ဖြစ်တဲ့ ရိရှားပါ" ဤတပည့်ထံမှ ရီဖန်သည် ရိရှားအကြောင်းကို ယေဘုယျနားလည်ခဲ့သည်။
မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည်အထိ တုန်လှုပ်ချောက်ချားခဲ့ရပြီးနောက် သက်ရှည်ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်လာကာ အရည်အချင်းညံ့ဖျင်းမှု၊ အနိုင်ကျင့်ခံခဲ့ရမှု၊ မိတ်သဟာယ ကင်းမဲ့ကာ မျိုးရိုးအမည်မရှိဘဲ မွေးဖွားခဲ့ရခြင်းဖြစ်သည်။
ဤအရာများအားလုံးကို ပေါင်းစပ်လိုက်ခြင်းဖြင့် အကြောင်းတစ်ခုခုကြောင့် ထူးထူးခြားခြား ရင်းနှီးလာခဲ့သည်။
ရီဖန်သည် တစ်စုံတစ်ခုကို သူ၏စိတ်ထဲတွင် အမှတ်ရသွားသည် “‘အနှစ်သုံးဆယ်အတွင်း အရှေ့အရပ်မှာ… ”
သူ့စိတ်ထဲတွင် ပေါ်လာသည့် ထူးဆန်းသော အတွေးများကို အမြန်ဖယ်လိုက်ကာ ရီကျင်းချုံဆီသို့ လျှောက်သွားသည်။
"ကျင်းချုံ၊ အိမ်ပြန်ချိန်ရောက်ပြီ"
ရီဖန်၏စကားကိုကြားသောအခါ ရီကျင်းချုံသည်မကျေမနပ်ဖြင့် ထွက်သွားလေသည်။
‘ဒီလိုအရည်အသွေးကောင်းတဲ့ သဲအိတ်ကြီးက ရဖို့ခက်တယ်’
ရီဖန်ကိုမြင်သောအခါ ရိရှ၏မျက်နှာသည် ပြောင်းလဲသွားသည်- "မင်္ဂလာပါ အကြီးအကဲ"
သူ့လေသံ၌ ထိတ်လန့်မှုအရိပ်အမြွက်သည် ထင်ဟပ်နေသည်။
"ငါ ကျင်းချုံကို အရင်အိမ်ပြန်ခေါ်သွားမယ်၊ မင်းအားလပ်ချိန်ရရင် ရီကလန်မှာ ကျင်းချုံဆီကို လွတ်လွတ်လပ်လပ် လာလည်ပါ။"
ရီဖန်သည် ထွက်ခွာမသွားမီ ရိရှထံ မူလဇစ်မြစ်တိုးမြှင့်ခြင်းဆေးလုံးပုလင်းကို စိတ်အားထက်သန်စွာဖြင့်ပစ်ပေးလိုက်ပြီးနောက် ဓားပျံဖြင့် ကောင်းကင်ပေါ်သို့ အမြန်တက်သွားသည်။
သူ့လက်ထဲရှိ ကျောက်စိမ်းပုလင်းကို ကြည့်ပြီးနောက် ရိရှ၍ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုသည် လျင်မြန်စွာ ပျောက်ကွယ်သွားကာ အပြုံးအနည်းငယ်နှင့် အစားထိုးလိုက်၏။
‘ဒီလူက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်’
"ရီကျင်းချုံ၊ နာမည်ကောင်းပဲ။ ခန္ဓာကိုယ် ကျင့်ကြံရတာကို ကြိုက်တဲ့ကလေးမမျိုး တွေ့ဖို့ ရှားပါတယ်”
ရီဖန်သည် အိမ်သို့ပြန်ရောက်ပြီးနောက် သူသည် သက်ရှည်ဂိုဏ်းမှရရှိသော ကျင့်ကြံရေးနည်းစနစ်နှစ်ခုကို ချက်ချင်းထုတ်ယူခဲ့သည်။
ရီဖန်သည် စစ်မှန်သောအစိမ်းရောင်သစ်သားကိုယ်ထည်ကို ရီကျင်းချုံထံသို့ပစ်ပေးပြီးနောက် လျှို့ဝှက်ဆန်းကြယ်သောခရမ်းရောင်သစ်သားကျင့်စဉ်ကိုဖတ်ရန် ကောက်ယူခဲ့သည်။
ကမ္ဘာ၏သစ်သားဒြပ်စင်ကို ပေါင်းစည်းကာ ခရမ်းရောင်သစ်သားဝိညာဉ်ဒြပ်စင်အဖြစ်သို့ ပြောင်းလဲခြင်းဖြင့် ၎င်းသည် နာမ်ဝိညာဉ်နှင့် ဆက်သွယ်နိုင်ကာ ရုပ်ခန္ဓာကိုလှုံ့ဆော်ပေးပြီး စိတ်ဝိညာဉ်ကိုကျင့်ကြံနိုင်မည်ဖြစ်သည်။
ရီဖန်သည် ခရမ်းရောင်သစ်သား လျှို့ဝှက်ဆန်းကြယ်ကျင့်စဉ် ကိုဖတ်ပြီးသောအခါ၊ စနစ်သတိပေးချက်တစ်ခု သူ့ခေါင်းထဲတွင် ထွက်ပေါ်လာပြန်သည်။
" 'မိသားစုလက်နက်တိုက်ငါး (ပြီးပါပြီ)' ရဲ့ရေရှည်တာဝန်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ သခင့်ရဲ့ ဆုလာဘ်ကို ထုတ်ယူနိုင်ပါပြီ"
မိသားစုလက်နက်တိုက်၏ ပဉ္စမအဆင့်အတွက် ဆုလာဘ်ဖြစ်သော အခြေခံအုတ်မြစ်တည်ဆောက်ရေးကျင့်စဉ်သည် အလွန်ကောင်းမွန်သင့်သည်။
“စနစ်၊ ဆုကို ထုတ်လိုက်ပါ”
……………………