အခန်း ၅၂-၅၄
Vol. 4 Ch. 52-54
အခန်း (၅၂) ခေါင်းမှ ခြေဖျားအထိ လက်နက်အပြည့်
"ပထမအဆင့် ကမ္ဗည်းရေးထိုးခြင်းစွမ်းရည် ဆုရရှိခဲ့တဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်"
၎င်းသည် ကျင့်ကြံခြင်းအနုပညာ တစ်ရာထဲမှ တစ်ခုဖြစ်သည်။ စနစ်သည် သူ့ကိုလုံး၀ပြီးပြည့်စုံသူတစ်ဦး ဖြစ်လာရန် တွန်းအားပေးနေသကဲ့သို့ပင်။
ကမ္ဗည်းရေးထိုးခြင်းလက်မှုပညာသည် ကျင့်ကြံသူများအတွက် အလွန်အရေးကြီးပါသည်။
၎င်းသည်ရောင်းရန် သို့မဟုတ် တစ်ဦး၏ကိုယ်ပိုင်မျိုးနွယ်အတွက် အသုံးပြုရန်အတွက်ဖြစ်စေ အလွန်တန်ဖိုးရှိသော ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။
ထို့အပြင် ကမ္ဗည်းရေးထိုးခြင်း၏ ဈေးနှုန်းမှာလည်း မနည်းလှပေ။ ၎င်းကို အရွက်တစ်ထောင်ဆေးခန်းတွင် ထားရှိသောအခါ အခြားကြီးမားသော ၀င်ငွေအရင်းအမြစ်တစ်ခု ဖြစ်လာနိုင်သည်။
သို့သော် ရီဖန်သည် ယခုတွင်ကမ္ဗည်းရေးထိုးခြင်းကို အာရုံစိုက်ရန် အချိန်မရှိချေ။ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်အစေ့အဆံများကို အမြန်ဆွဲထုတ်လိုက်သည်။
ဒုတိယနှင့် တတိယအဆင့် ဝိညာဉ်မျိုးစေ့များသည် ရီဖန်အတွက် စိုက်ပျိုးရန် အခက်အခဲမရှိသော်လည်း အချိန်အနည်းငယ်ပိုကြာသည်။
တစ်ခုတည်းသောအခက်အခဲမှာ သက်ရှည်သစ်သီး၏ စတုတ္ထအဆင့် ဝိညာဉ်အစေ့ထဲသို့ မြွေစိမ်းစွမ်းအားကို အဆက်မပြတ် ထည့်သွင်းရန်ဖြစ်သည်။
ရီဖန်၏ သွေးမျိုးဆက်စွမ်းအားသည် ရီမိသားစုမှအခြားသူများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်မားသည်။
ထို့ကြောင့် ရီဖန်သည် ပိုမိုမြင့်မားသောအဆင့်များကို စိန်ခေါ်နိုင်ကာ စတုတ္ထအဆင့် ဝိညာဉ်ရေးမျိုးစေ့များကို စိုက်ပျိုးနိုင်ခြင်းဖြစ်သည်။
တစ်နေကုန်အချိန်ကုန်ပြီးနောက် သူ၏သွေးမျိုးဆက်စွမ်းအားများကုန်ဆုံးသွားသည်အခါတွင် အစိမ်းရောင်၀တ်ရုံဝတ်ထားသည့် လူတစ်ဦးသည် ရီဖန်ရှေ့၌ ပေါ်လာ သည် ။
ထိုလူသည် အစွမ်းထက်သော ရောင်ဝါကို ဖြန့်ကျက်ထားကာ သူသည် ချီစွမ်းအားကျင့်ကြံရေး၏ အထွတ်အထိပ်အဆင့်ရှိ အဆင့်တစ်ဆယ်တွင်ဖြစ်သည်။
ချီစွမ်းအားကျင့်ကြံရေး၏ အဆင့်တစ်ဆယ်မှ ဆယ်နှစ်ဆင့်အထိသည်၊ ချီစွမ်းအားကျင့်ကြံရေး၏ အထွတ်အထိပ်တွင် ရှိသည်ဟု ယူဆနိုင်သည်။
ချီစွမ်းအားကျင့်ကြံခြင်း အဆင့်တစ်ဆယ်သို့ ရောက်ရှိခြင်းသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေဆီသို့ တက်လှမ်းနိုင်မည့် အောင်မြင်မှုလမ်းစတစ်ခုဖြစ်သည်။
သို့သော် ချီစွမ်းအားကျင့်ကြံခြင်းအဆင့်တစ်ဆယ်၏အောင်မြင်မှုရလဒ်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်တွင် အနိမ့်ဆုံးဖြစ်နိုင်ချေနှင့် တိုက်ခိုက်ရေးစွမ်းအားကို ဖြစ်ပေါ်စေသည်။
အရည်အချင်းနည်းနည်းရှိသူများသည် အောင်မြင်မှုတစ်ခုပြုလုပ်ရန် မကြိုးစားမီ ချီစွမ်းအားကျင့်ကြံရေး အဆင့် ၁၁သို့ ရောက်သည်အထိ စောင့်ဆိုင်းလေ့ရှိသည်။
ချီစွမ်းအားကျင့်ကြံရေးအဆင့်၏ ဆယ်နှစ်ဆင့်မှာ ထူးချွန်သူများ၏နယ်မြေဖြစ်သည်။
သာမာန်ကျင့်ကြံသူများအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင်သို့ အောင်မြင်မှုရနိုင်မှုသည် ခမ်းနားသောအရာတစ်ခုဟု ယူဆထားပြီးဖြစ်သည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို အသုံးပြု၍ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း နယ်မြေအဆင့်ကို ဖြတ်ကျော်ပြီးနောက် လူတစ်ယောက်၏ သက်တမ်းကို နှစ်ရာနှင့်ချီ၍ တိုးမြှင့်ပေးခြင်းသည် ကန့်သတ်ချက်ဖြစ်နေပြီဖြစ်သည်။
၎င်းသည် ချီစွမ်းအားကျင့်ကြံခြင်း အထွတ်အထိပ်အဆင့်တွင်ရှိသောကျင့်ကြံသူများကို လှုပ်ရှားမှုအနည်းငယ် ဖြစ်ပေါ်စေသည်၊ အကြောင်းမှာ ၎င်းတို့အားလုံးသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်သို့ အောင်မြင်မှုရရန် ကြိုးစားနေကြသောကြောင့် ဖြစ်သည်။
ယခု မျိုးနွယ်စုတွင် ချီစွမ်းအားကျင့်ကြံရေး အထွတ်အထိပ်အဆင့်ရှိသည့် ကျင့်ကြံသူ တစ်ဦးရှိသည်။ မိုင်တစ်ထောင်မျှသော အချင်းဝက်အတွင်း၌ ၎င်းတို့ကို ထိပ်တန်းမျိုးနွယ်ဟု မှတ်ယူနိုင်သည်။
သို့သော် ချီစွမ်းအား ကျင့်ကြံရေးစွအထွတ်အထိပ်စွမ်းအားသည် ရီမိသားစု၏ အထွတ်အထိပ်ဟူ၍ ယူဆနိုင်သည်။
ဝိညာဉ်မျိုးစေ့များမှ စိုက်ပျိုးထားသော စိတ်ဝိညာဉ်ပစ္စည်းများသည် ဆယ်ရက်သာ တည်ရှိနိုင်သည်။ ၎င်းတို့အတွင်းပါရှိသော သွေးမျိုးဆက်စွမ်းအားများ ကုန်ဆုံးသွားမည်ဖြစ်ကာ ၎င်းတို့ကို ပြန်လည်ကျင့်ကြံရန် လိုအပ်သည်။
၎င်းက ရီဖန်၏ အထွတ်အထိပ်အဆင့် ချီစွမ်းအားကျင့်ကြံရေးပြုလုပ်မည့် အစီအစဉ်ကို ပျက်စီးစေခေဲ့သည်။
သို့သော် ရီဖန်သည် တူညီသောအဆင့်ရှိသည့် ဝိညာဉ်မျိုးစေ့များစွာကို စိုက်ပျိုးနိုင်သေးသည်။
လက်ကျန်ဝိညာဉ်မျိုးစေ့များကို စာရင်းထဲထည့်ကာ ရီဖန်သည် ကမ္ဗည်းရေးထိုးခြင်းကို စတင်ပြုလုပ်သည်။
ကမ္ဗည်းရေးထိုးခြင်း ပြုလုပ်ရန်အတွက် စင်နာဘား၊ မွန်းစတားသွေး၊ ကမ္ဗည်းစုတ်တံနှင့် အနက်ရောင်ကမ္ဗည်းကဲ့သို့သော ပစ္စည်းများ လိုအပ်ပါသည်။
ရီဖန်သည် ကမ္ဗည်းစုတ်တံကို ကိုယ်တိုင် သန့်စင်နိုင်သော်လည်း ကျန်ပစ္စည်းများကို ဝယ်ယူရန် လိုအပ်သည်။
သူသည် ငွေရှာရန် ကမ္ဗည်းပညာကိုသင်ယူရင်း လုံ့လစိုက်ထုတ်နေချိန်တွင် စုမျိုးနွယ်စု၌လညါး ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးတစ်ဦးသည် သူ၏ကျင့်ကြံမှုကို ကြိုးစားလုပ်ဆောင်နေသည်။
"ကွဲသွားစမ်း!"
ဟိန်းဟောက်သံနှင့်အတူ သူသည် ချီစွမ်းအားကျင့်ကြံရေး စတုတ္ထအဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်သွားခဲ့သည်။ စုကျင်းရှ သည် ချီစွမ်းအားမြှင့်တင်ခြင်းဆေးလုံးကို လျင်မြန်စွာသောက်သုံးကာ သူ၏ ကျင့်ကြံရေး အဆင့်ကို ခိုင်မာစေခဲ့သည်။
သူ၏ ကျင့်ကြံရေးအဆင့်တည်ငြိမ်လာသောအခါ၊ စုကျင်းရှ သည် သူ၏ ရင်ဘတ်မှ ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်သည်။
ဤကျောက်စိမ်းဆွဲသီးကို သူ့အမေ စုယန်က ပေးခဲ့ခြင်းဖြစ်ကာ ၎င်းသည် သူမနှင့် သူ့အဖေတို့ပေါင်းစည်းခြင်း၏ အမှတ်သင်္ကေတတစ်ခုဖြစ်သည်ဟု သူမက ပြောသည်။
‘သူ့အဖေက ဘယ်လိုလူလဲ’
သူ့အမေသည် ထိုသူ့ကိုလွန်စွာအားကိုးနေသည့်အတွက် သူက ပြီးပြည့်စုံသည့် လူတစ်ယောက်ဖြစ်မည်မှာ သေချာတယ်။
“ငါ ကျင့်ကြံရေးကို ကြိုးကြိုးစားစား လုပ်ရမယ်၊ အဖေ့ကိုရှာဖို့ အမေ့ကို ပြန်ခေါ်သွားပြီး အမေ့ကို ပျော်ရွှင်အောင်လုပ်ရမယ်”
သူ့အဖေကိုရှာတွေ့ပြီးသည်နှင့် ဤ-ဆေးလုံးများကို မသုံးနိုင်တော့ကာ ကျင့်ကြံရေးအတွက် အရင်းအမြစ်များ ရှားပါးသွားမည်ဖြစ်သော်လည်း စုကျင်းရှ နည်းနည်းမှ တုံ့ဆိုင်းမနေခဲ့ချေ။
သူ့အမေနှင့် အဖေတို့ ပျော်နေသရွေ့ ကျင့်ကြံရေး အရင်းအမြစ်များကို သူကိုယ်တိုင်ရှာဖွေနိုင်သည်။
သူ့အဖေကိုလည်း ကျင့်ကြံသူဖြစ်အောင် လုပ်ပေးနိုင်ပါက မိသားစုသည် ထာဝရ အတူနေနိုင်ကာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ကျွီ!
ကျင့်ကြံရေးတံခါးပွင့်လာပြီးနောက် လူလတ်ပိုင်း ကျင့်ကြံသူတစ်ယောက် ဝင်လာသည်။
စုကျင်းရှ၏လက်ထဲရှိ ကျောက်စိမ်းဆွဲသီးကို မြင်လိုက်ရသောအခါ ထိုသူ၏အမူအရာသည် ချက်ချင်းပင် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။ ‘ဒီ စုယန်ကတော့ အဲဒီလောကီလူသားကို မမေ့သေးတာလား’
စုယန်သည် သူ့တူမပင်ဖြစ်သော်ငြားလည်း လူလတ်ပိုင်းအရွယ်စုနန်ပေသည် သူမမည်သို့ပြုလုပ်နေသည်ကို စိတ်ရှုပ်ခံမည်မဟုတ်ချေ။ သို့သော် စုကျင်းရှ၏ အတွေးများကိုမူ သူ လျစ်လျူမရှုနိုင်ဘဲရှိသည်။
ဆယ်နှစ်အောက်အရွယ်တွင် ချီစွမ်းအားကျင့်ကြံခြင်းစတုတ္ထအဆင့်သို့ တက်လှမ်းခဲ့ပြီးနောက် ဆဋ္ဌမအဆင့်သစ်သားမျိုးကွဲ ဝိညာဉ်အရင်းအမြစ်ရှိသည့် စုကျင်းရှသည် စုမိသားစု၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သည်။
ထိုသို့သော ပါရမီရှင်တစ်ယောက်အနေဖြင့် သူမသည် စုမိသားစုနှင့် သက်ဆိုင်သည့် ခံစားချက်ကိုသာ ဖြစ်ပေါ်လာစေရမည်။
“ကျင်းရှ၊ မင်းရဲ့ ကျင့်ကြံရေးကိုအာရုံစိုက်ပါ။ ငါမင်းကို ချီစွမ်းအားမြှင့်တင်ခြင်းဆေးလုံးပို့ခိုင်းလိုက်မယ်၊ မင်းဆန္ဒအတိုင်းသုံးပါ"
“ကျေးဇူးတင်ပါတယ် အဘိုး” စုကျင်းရှသည် မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်သည်။
သူမ၏ကျင့်ကြံရေးအဆင့်ကို လျင်မြန်စွာ မြှင့်တင်ကာ မိခင်နှင့်အတူ ထွက်ခွာသွားရန်အတွက် အရင်းအမြစ်များ လိုအပ်မည်မှာ သေချာပါသည်။ သူမသည် အနာဂတ်တွင် ဤအရင်းအမြစ်များကို ပြန်ဆပ်မည်ဖြစ်သည်။
စုနန်ပေသည် ညိုမှိုင်းသောမျက်နှာဖြင့် ထွက်ခွာသွားကာ စုမိသားစုမှ အခြားအကြီးအကဲတစ်ချို့ကို တွေ့ရှိခဲ့သည်။
“အကြီးအကဲတို့ စုကျင်းရှကို စုမိသားစုအပိုင်ဖြစ် ခံစားရအောင်လို့ တချို့အရာတွေ လုပ်ဆောင်ရမယ်လို့ ကျွန်တော်ထင်တယ်။ စုယန် အတွက် နောက်ခင်ပွန်းရှာရအောင်"
ဤသို့ဖြင့် စုမိသားစုမှ စုကျင်းရှ၏မိခင်အတွက် ခင်ပွန်းရှာဖွေနေသည့်သတင်းသည် ကွမ်ဟယ် စီရင်စုအနီးတစ်ဝိုက်တွင်ပျံ့နှံ့လာသည်။
စုယန်သည် အသက်မငယ်တော့ဘဲ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မွေးထားသော်လည်း စုကျင်းရှကဲ့သို့သော ဉာဏ်ကြီးရှင်တစ်ဦး၏ ဖခင်ဖြစ်လာနိုင်သည်ဆိုသောအချက်မှာ လူအများစိတ်ဝင်စားစေရန် လုံလောက်သည်။
“ခေါင်းဆောင်ရီ၊ သတင်းဆိုးပဲ၊ မြန်မြန်လာ" ယွမ်ချောင်ယန်သည် ထိတ်လန့်တကြားဖြင့် ရီမိသားစုဆီသို့ ပြေးသွားခဲ့သည်။
ရီဖန်၏တောင်းဆိုမှုကြောင့် ယွမ်ချောင်ယန်သည် စုမိသားစု၏သတင်းကို စောင့်ကြည့်နေကာ ရီဖန်၊ စုကျင်းရှ နှင့် စုယန်တို့၏ဆက်ဆံရေးကို သိရှိနေသည်။ စုမိသားစုက စုယန်ကို လက်ထပ်ပေးချင်နေသည့် သတင်းကိုကြားသည့်အခါ သူသည် ဒုက္ခကြီးရောက်နေပြီဟု သိလိုက်သည်။
ရီဖန်၏မျက်နှာသည် မီးတောင်ပေါက်ကွဲတော့မည့်အတိုင်း မည်းမှောင်နေသည်။ စုမိသားစု၏ လုပ်ဆောင်ချက်များသည် ရီဖန်၏ နောက်ဆူံးစည်းမျဉ်းကို ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
မူလက စုမိသားစုသည် စုယန်၏မိခင်အိမ်ဖြစ်သည့်အတွက် စုယန် ကိုခေါ်ဆောင်ရန်စီစဉ်ထားသော်လည်း ရီဖန်သည် စုမိသားစုအပေါ် လွန်လွန်ကဲကဲပြုမူရန်မရည်ရွယ်ထားပေ။ ယခုတွင် စုမိသားစုသည် စည်းကိုဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
ဤသို့သော မိသားစုများတွင် ခင်ပွန်းရွေးချယ်သည့် လုပ်ငန်းစဉ်မှာ အချိန်တိုအတွင်း မပြီးမြောက်နိုင်သောကြောင့် ရီဖန်ပြင်ဆင်ရန်အတွက် အချိန်ကျန်ပါသေးသည်။
စုမိသားစု၏ အင်အားသည် ကြောက်မက်ဖွယ်ကောင်းကာ ချီစွမ်းအားကျင့်ကြံရေး အထွတ်အထိပ်အဆင့်တွင် ရှိနေသောကြောင့် ရီဖန်သည် ဂရုတစိုက် လှုပ်ရှားရမည်ဖြစ်သည်။
ဆေးလုံးများ၊ အင်မော်တယ်ပစ္စည်းများ၊ ကမ္ဗည်းရေးထိုးခြင်းနှင့် ဝိညာဉ်မျိုးစေ့များ။ သူ့စိတ်ထဲတွင် သူ၏စွမ်းရည်အားလုံးကိုတွေးမိလိုက်ကာ ၎င်းတို့သည် ကောင်းမွန်သော တိုက်ခိုက်ရေးပေါင်းစပ်မှုဖြစ်လာနိုင်သည်။
ရီဖန်သည် ချင်းယွင်စျေးသို့ ပြေးသွားကာ ထိုနှစ်လ၏ အမြတ်ငွေများကို သုံး၍ ပစ္စည်းအမြောက်အမြားဝယ်ရန် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကို သုံးစွဲခဲ့သည်။
အဆင့်မြင့် အင်မော်တယ်လက်နက်များရှိသော်လည်း ၎င်းတို့သည် အစုံလိုက်ဖြစ်ရန် လိုအပ်သည်။ ရီဖန်သည် သူ၏အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း စွမ်းရည်ကိုများစွာအသုံးပြုကာ ကြယ်စင်ဆယ့်ရှစ်စင်းဓားအခင်းအကျင်းကို ဖန်တီးခဲ့သည်။
ဓားဆယ့်ရှစ်စင်း ပေါင်းစည်းလိုက်သည်နှင့် ၎င်း၏စွမ်းအားသည် အဆင့်မြင့်အင်မော်တယ်လက်နက်ထက်ပင် သိသိသာသာ ကျော်လွန်သွား၏။ အင်မော်တယ်လက်နက်များ၊ ဝတ်ရုံအကျီသည်လည်း မရှိမဖြစ်လိုအပ်သည်။
ရီဖန်သည် အဆင့်မြင့်ဝတ်ရုံအကျီနှစ်ခုတိတိ ပြင်ဆင်ထားသည်။ ဝတ်ရုံကို ပြင်ဆင်ပြီးနောက် ၎င်းကို ပိုမိုကောင်းမွန်စေရန်အတွက် ရီဖန်သည် ကမ္ဗည်းရေးသားခြင်းကို စတင်ခဲ့သည်။
စုမိသားစုမှ လူများစွာကို ဆန့်ကျင်သူ တစ်ဦးတည်းသာ ဖြစ်သောကြောင့် အကယ်၍ စုမိသားစုသည် စစ်ပွဲကိုဆင်နွှဲမည်ဆိုပါက ရီဖန်အတွက် ကြီးစွာသော ဒုက္ခဖြစ်လိမ့်မည်။
ထိုအခြေအနေတွင် သူသည် စွမ်းအင်အနည်းငယ်သာကုန်သော ကမ္ဗည်းအများအပြားကို ပြင်ဆင်ရမည်ဖြစ်သည်။
အလယ်အလတ်တန်းစား ပထမအဆင့် ကမ္ဗည်း၊ မိုးကြိုးကျရောက်ခြင်း ကမ္ဗည်း၊ မီးတောက်မြွေကမ္ဗည်းတစ်ရာတို့ကို ဦးစွာပြုလုပ်ခဲ့သည်။ သာလွန်ကောင်းမွန်သော ပထမအဆင့်ကမ္ဗည်းနှင့် ကောင်းကင်မိုးကြိုးကမ္ဗည်းငါးဆယ်ကိုလဲ ဆက်လက်ပြင်ဆင်ခဲ့သည်။
နောက်ဆုံးတွင် ရီဖန်သည် သာလွန်ကောင်းမွန်သော ပထမအဆင့် ကမ္ဗည်းသုံးခုဖြစ်သည့် စိတ်ဝိညာဉ်ဓားကမ္ဗည်းကိုထုတ်လုပ်ရန် သူ၏ဝိညာဉ်စွမ်းအားကို သုံးခဲ့သည်။
ချီစွမ်းအားကျင့်ကြံရေး၏ အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူသည် သာလွန်ကောင်းမွန်သော ပထမအဆင့် ကမ္ဗည်းကို ရင်ဆိုင်ရာတွင် သတိမပြုပါက ကျရှုံးသွားနိုင်သည်။ ကမ္ဗည်းများဖြင့် ပြည့်နေသည့်ဝတ်ရုံကို ကြည့်လိုက်ပြီးနောက် ရီဖန်သည် အနည်းငယ် ပိုလုံခြုံသွားသကဲ့သို့ ခံစားလိုက်ရသည်။
နောက်ဆုံးအနေဖြင့် သာလွန်ကောင်းမွန်သော ပထမအဆင့် ပြန်လည်ရှင်သန်ရေးဆေးများ၊ ချီစွမ်းအားပြန်လည်ဖြည့်တင်းရေး ဆေးလုံးများစွာထပ်မံပြင်ဆင်လိုက်သည်။ ထို့အပြင် မျိုးကောင်းအဆင့် ဝိညာဉ်မျိုးစေ့သုံးမျိုးအပြင် အဆင့်လေး ဝိညာဉ်မျိုးစေ့လဲပါရှိသည်။
ရီဖန်သည် သူ၏ ခေါင်းမှ ခြေဖျားထိ လက်နက်အပြည့်အစုံတပ်ဆင်ပြီးဖြစ်သည်။
…………………………………..
အခန်း (၅၃) ဒါက အဆုံးသတ်များလား
ဝိညာဉ်ကျောက်တုံး ၂၀၀၀တန်ဖိုးရှိ ကုန်ကြမ်းပစ္စည်းများကို အချောထည်အဖြစ်ပြုလုပ်ပြီးနောက် အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ဖြင့် အနည်းဆုံး ရောင်းချနိုင်သည်။ အဆင့်ပိုမြင့်လေ ပိုင်ရိအတွက် အကျိုးအမြတ် ပိုများလေဖြစ်သည်။
ယခု ထွက်ခွာရန် အချိန်တန်လေပြီ၊ စုမိသားစုသည် မည်မျှသန်မာစေကာမူ အပေါက်ဖောက်နိုင်ရမည်။ နောက်ဆုံးအဆင့်အနေဖြင့် စနစ်၏ စာရင်းဇယားကိုကြည့်လိုက်သည်။
ချီစွမ်းအားကျင့်ကြံရေး အဋ္ဌမအဆင့်၏ အထွတ်အထိပ်၊ နဝမအဆင့်နှင့် နီးကပ်လာပြီဖြစ်သောကြောင့် စွမ်းအားအနည်းငယ်တိုးလာကာ ယုံကြည်မှုပိုရှိလာသည်။
…..
စုမိသားစုမှ စုယန်၏ အိမ်ဝင်းအတွင်းတွင်…
" ရီဖန် မင်းအတွက် လာဖို့ မမျှော်လင့်နဲ့။ သူက သေမျိုးသာသာပဲ၊ မင်းဘာလို့ သူ့ကို ဒီလောက်ထိ ဖက်တွယ်ထားတာလဲ"
စုနန်ပေ၏ သည်းခံနိုင်စွမ်းသည် လျော့နည်းလာပြီဖြစ်သည်။ စုကျင်းရှကြောင့်သာမဟုတ်ပါက သူသည် စုယန်ကို သိပ်ဂရုမစိုက်မည် မဟုတ်ချေ။
စုယန်က စကားမပြောဘဲ တိတ်ဆိတ်စွာသာ ခေါင်းငိုက်စိုက်ချလိုက်သည်။ ‘အစ်ကိုဖန်၊ လာမယ်မဟုတ်လား’
ဘမ်း!
ရုတ်တရက် စုမိသားစု၏ အကာအကွယ်အခင်းအကျင်းသည် တုန်ခါသွားသည်။
‘တိုက်ခိုက်ခံရပြီ!’
စုမိသားစုတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားကာ ကျင့်ကြံသူအများအပြားသည် အိမ်ရှေ့တံခါးဝသို့ အပြေးအလွှားရောက်လာကြပြီး မည်သူက မည်သူ့ကို ဒုက္ခပေးရဲသနည်းဟု အံ့သြနေကြသည်။
ရီဖန်သည် ဓားပျံကိုစီးကာ စုမိသားစု၏နေအိမ်အပေါ်ထပ်သို့ ဆင်းသက်လာသည်။ သူ၏အစီအစဥ်မှာ အမြန်လုပ်ဆောင်ရန်၊ စောစီးစွာ လူစုခွဲရန်ဖြစ်ကာ၊ စုယန်နှင့် ရီကျင်းရှကို ခေါ်ဆောင်သွားရန်ဖြစ်သည်။
စုမိသားစုမှ အကြီးအကဲများစွာသည် ဓားပျံပေါ်တွင်စီးနင်းလာကြကာ ရီဖန်ကို တွေ့လိုက်ရသည်။
ရီဖန်ပြသထားသည့် ကျင့်ကြံရေးအဆင့်သည် ချီစွမ်းအားကျင့်ကြံခြင်းသတ္တမအဆင့်ဖြစ်သည်။ စုမိသားစုကို ရန်စရဲသည့်သူကိုမြင်လိုက်သည့်အခါ စုမိသားစု၏ ဒုတိယအကြီးအကဲ စုနန်လျို့သည် ဒေါသထွက်သွားကာ
“ကျွန်တော့်ကို သူ့ကို ကိုင်တွယ်ခွင့်ပြုပါ” ဟု ပြောလိုက်သည်။
စုနန်လျို့သည် ဂါထာတစ်ခုရွတ်ဆိုလိုက်ပြီးနောက် ရီဖန်ဆီသို့ လေပွေတစ်ခု တိုက်ခတ်သွားသည် ။
ရီဖန်သည် တိတ်တဆိတ်ပင် ကောင်းကင်မိုးကြိုးကမ္ဗည်းကို ထုတ်ယူကာ စုနန်လျို့ထံ တိုက်ရိုက် လွှင့်ပစ်လိုက်သည်။
ဤသို့သော ပြင်းထန်သည့်တိုက်ပွဲတွင် ဝိညာဉ်စွမ်းအားကို တတ်နိုင်သမျှ ချွေတာထားရမည်။
စုနန်လျို့၏အပေါ်တွင် ကောင်းကင်မိုးကြိုး ထွက်ပေါ်လာပြီးနောက် သူ့အပေါ်သို့ တည့်တည့် ကျဆင်းသွားသည်။
မိုးကြိုးတိုက်ခိုက်မှုများသည် မျိုးစိတ်မခွဲခြားသဖြင့် ပြင်းထန်စွာ ထိခိုက်ပျက်စီးစေနိုင်သည်။
စုနန်လျို့သည် လျှပ်စီးဓာတ်မလိုက်မီ တစ်ချက်မျှသာ အော်နိုင်လိုက်ကာ တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ချီစွမ်းအားကျင့်ကြံရေးနှောင်းပိုင်းရှိ အကြီးအကဲတစ်ဦးကို အနိုင်ယူပြီးနောက် ရီဖန်သည် တစ်စက္ကန့်မျှ မရပ်လိုက်ပေ။သူသည် ကောင်းကင်မိုးကြိုးကမ္ဗည်းဆယ်ခုကို ဆွဲထုတ်ကာ ၎င်းတို့အားလုံးကို တစ်ပြိုင်နက် အသုံးပြုခဲ့သည်။
ကောင်းကင်မိုးကြိုးကမ္ဗည်း ဆယ်လက်သည် စုမိသားစု၏အထက်ကောင်းကင်၌ ပေါ်လာကာ
နှောင်းပိုင်းချီစွမ်းအားကျင့်ကြံရေးအဆင့်ကို တွန်းလှန်နိုင်သည့် အတားအဆီးသည် ချက်ချင်းပင် ကွဲထွက်သွားသည်။
စုမိသားစုမှာ အံ့ဩသွားကာ၊ ဤအရာသည် မည်သို့သော အငြှိုးဖြစ်သနည်းဟု တွေးတောနေကြသည်။
‘ပထမအဆင့်ကမ္ပည်းပြားကို ဆယ်ဂဏန်းလောက် ထုတ်သုံးရအောင် ဘယ်တုန်းကများ အရမ်းစျေးပေါလာတာလဲ၊ စုမိသားစုကပဲ မြတ်တယ်လို့ ခံစားရမှာလား’
စုနန်ပေနှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့၏အင်မော်တယ်လက်နက်များကို ကောင်းကင်မိုးကြိုးဆီသို့ အလျင်အမြန်ပျံသန်းသွားသည်။
လျှပ်စီးကြောင်းကြားဖြတ်လိုက်ကာ အကြီးအကဲအများအပြားသည် တတ်နိုင်သမျှ ကြိုးပမ်းအားထုတ်ခဲ့ကြပြီးနောက်ဆုံးတွင် ရီဖန်၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်နိုင်သည်။
‘ကောင်းလိုက်တာ၊ စုမိသားစုရဲ့ စွမ်းအားက တကယ်ကို သန်မာတာပဲ’
ထို့နောက်တွင် ကောင်းကင်မိုးကြိုးကမ္ဗည်းနှစ်ဆယ်ကို အကြီးအကဲများထံသို့ ပစ်ချခဲ့သည်။
ရီမိသားစုမှ ချီစွမ်းအားကျင့်ကြံရေး အထွတ်အထိပ်အဆင့်သို့မရောက်မီ တိုက်ပွဲကိုလျင်မြန်စွာ ဖြေရှင်းရမည်။
"ဒီတိုက်ပွဲက သိက္ခာမရှိဘူး!"
ကောင်းကင်မိုးကြိုးကမ္ဗည်းနှစ်ဆယ်သည် စုနန်ပေ နှင့် အခြားသူများ၏ အမြင်အာရုံကို မည်းမှောင်စေခဲ့သည်။
သူတို့ခံနိုင်ရည်မရှိခဲ့ချေ !
နှောင်းပိုင်းအဆင့်ချီစွမ်းအားကျင့်ကြံသူများ ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့် ရီဖန်သည် စုမိသားစု၏ အတွင်းပိုင်းသို့ ချက်ချင်းရောက်သွားခဲ့သည်။
ကမ္ဗည်းများက လမ်းခင်းပေးကာ၊ အင်မော်တယ်လက်နက်များက ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။ ခရီးတစ်လျှောက်လုံး သူနှင့်ကြုံတွေ့ရသော ကျင့်ကြံသူတိုင်းသည် ၎င်းတို့ကို ရင်ဆိုင်ခဲ့ရသည်။
ကမ္ဗည်းများလုံလောက်စွာရှိသည့်အတွက် ကုန်သွားမည်ကို သူမစိုးရိမ်ပါ။
စုမိသားစုမှကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပြေးသွားကြကာ၊ နောက်ဆုံးတွင် ရီဖန်သည် အနီးနားရှိနေကြောင်း ကြားလိုက်သည်နှင့် တစ်ဖက်သို့ ပြေးသွားကြသည်။
‘ဘယ်မလဲ သိက္ခာ၊ ဘယ်မလဲ သိက္ခာ!’
ခြံဝင်းလေးခုကို ရှာဖွေပြီးနောက် ရီဖန်သည် နောက်ဆုံးတွင် ရင်းနှီးသော အရိပ်အယောင်ကို ခံစားလိုက်ရကာ ၎င်းသည် စုယန်၏ အရောင်အဝါပင်ဖြစ်သည်။
ရီဖန်သည် ၎င်းဆီသို့ လျှောက်လှမ်းနေချိန်တွင် အသွင်အပြင်နှစ်ခု ရုတ်တရက် ပေါ်လာသည်။
"မင်း တော်တော်သတ္တိရှိတဲ့ခွေးကောင်ပဲ!"
တစ်စုံတစ်ယောက်သည် သူ့လမ်းတွင် လာပိတ်ရပ်ရဲလာသည်ကိုမြင်သောအခါ ရီဖန်သည် နောက်ဆုံးတွင် စတင်တိုက်ခိုက်ခဲ့သည်။
မြွေစိမ်းမီးတောက်နည်းပညာ!
မြွေစိမ်း၏စွမ်းအားသည် သစ်သားမီးတောက်ကို နှိုးဆွခဲ့ကာ အကြီးအကဲနှစ်ဦးဆီသို့ မီးတောက်နေသော မြွေကြီးအဖြစ်ဦးတည်သွားခဲ့သည်။
‘မကောင်းတော့ဘူး!’
အကြီးအကဲနှစ်ဦးသည် ၎င်းတို့၏ သာလွန်ကောင်းမွန်သော အင်မော်တယ်လက်နက်များကို လျင်မြန်စွာ အသုံးပြု၍ ၎င်းကိုတားဆီးခဲ့သော်လည်း
ထိုမီးတောက်အောက်တွင် အင်မော်တယ်လက်နက်များသည် ချက်ချင်း အရည်ပျော်သွားသည်။
အကြီးအကဲ နှစ်ဦးသည် လက်တုံ့ပြန်ရန် အချိန်ပင်မရှိ၊ မပြုတ်ကျမီ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ခဲ့ကြရသည်။
‘သူတို့ ဘယ်လောက်တောင် အားနည်းနေကြတာလဲ’
ရီဖန်သည် တိုက်ပွဲမပြီးဆုံးမီ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်ကို မှန်ကန်စွာတိုင်းတာရန် အခွင့်အရေးပင် မရခဲ့ချေ။
ဤအဆင့်နှောင်းပိုင်းချီစွမ်းအားကျင့်ကြံသူနှစ်ဦးသည် အနည်းငယ်သနားစရာကောင်းသည်။
အနည်းဆုံးတော့ ယခင်နှောင်းပိုင်းအဆင့် ချီ စွမ်းအားကျင့်ကြံသူများသည် သာလွန်ကောင်းမွန်သော ကမ္ဗည်းအနည်းငယ်ကို ခုခံနိုင်ခဲ့သေးသည်။
ဤနှစ်ယောက်သည် မြွေစိမ်းမီးတောက်နည်းပညာတစ်ခုတည်းကိုပင် မခံနိုင်ချေ။
ရီဖန်သည် ဓားပျံကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး စုယန်၏အနားသို့ ရောက်လာသည်။
“စုယန်၊ ငါနဲ့ မြန်မြန်လိုက်ခဲ့၊ စုမိသားစုရဲ့ အထွတ်အထိပ်အဆင့် ချီစွမ်းအားကျင့်ကြံသူ ငါတို့နောက်ကို လိုက်လာရင် ဒုက္ခရောက်လိမ့်မယ်!”
ရီဖန်သည် ကျန်စုမိသားစု၏ ကျင့်ကြံသူများကိုလည်း သိပ်စိတ်မပူသော်လည်း ၎င်းတို့တွင် အထွတ်အထိပ်အဆင့် ချီစွမ်းအားကျင့်ကြံသူရှိမည်ကို သူကြောက်ရွံ့ခဲ့သည်။
ရီဖန်၏စကားကိုကြားသောအခါ စုယန်သည် အံ့အားသင့်သွားသည်။
လွန်ခဲ့သည့်အခိုက်အတန့်တွင် အရိုက်ခံရလိုက်သော ကျင့်ကြံသူနှစ်ဦးကို ညွှန်ပြကာ "သခင် အခုပဲ ရိုက်ချလိုက်တဲ့ အဘိုးကြီး နှစ်ယောက်၊ သူတို့က စုမိသားစုရဲ့ အထွတ်အထိပ်အဆင့်ချီစွမ်းအားကျင့်ကြံသူတွေပဲ" ဟုပြောလိုက်သည်။
ယခုတွင် ရီဖန် အံ့အားသင့်သွားရသည့်အလှည့်ဖြစ်သည်။
ထိုအချိန်တွင် သူသည်ထွက်ပြေးရန် စဉ်းစားနေခဲ့သော်လည်း သူမသိလိုက်သည်မှာ စုမိသားစုကို မတော်တဆ သုတ်သင်လိုက်ခြင်းပင်။
‘အထွတ်အထိပ်အဆင့် ချီစွမ်းအားကျင့်ကြံသူများသည် ဤမျှအားနည်းသည်လော’
ရီဖန်မသိလိုက်သည်မှာ စွန့်ခွါခြင်းမီးတောက်သည် အထွတ်အထိပ်အဆင့် ချီစွမ်းအားကျင့်ကြံသူများသာမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်ရှိ ကျင့်ကြံသူများပင် ၎င်းကိုသတိထားကြရသည်။
ရီဖန်သည် သဘောပေါက်ရန် အချိန်အတော်ကြာခဲ့သည်။ စုမိသားစုက အားနည်းနေသည်မဟုတ်ဘဲ သူ သတိမထားမိလိုက်သည့်အချိန်တွင် မထင်မှတ်ပဲ ပိုမိုသန်မာလာခဲ့ခြင်းသာဖြစ်သည်။
မစ်ရှင်ချက်ခြင်းပြီးသွားသောကြောင့် ရီဖန််ှာ ချိန်ညှိရန်အတွက် အချိန်အနည်းငယ်ယူလိုက်ရသည်။
"အင်း၊ အဲဒါက ချောချောမွေ့မွေ့ဖြစ်မယ်ဆိုတာ ငါသိခဲ့ရင် မင်းကို စောစောစီးစီးလာခေါ်ပါတယ်"
ဤတစ်ကြိမ်တွင် ရီဖန်သည် သူ၏ကိုယ်ပိုင်စွမ်းအားကို ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည်။
"သွားရအောင်၊ ငါမင်းကိုအိမ်ပြန်ခေါ်သွားမယ်"
ဆယ်နှစ်ကျော်သွားပြီဖြစ်သည့်အတွက် ရီဖန်သည် ယခုဆိုလျှင် အသက်ခြောက်ဆယ်နီးနေပြီဖြစ်သည်။ ယနေ့တွင် သူသည် လွန်ခဲ့သောဆယ်နှစ်က သူချမှတ်ခဲ့သော ရည်မှန်းချက်ကို ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်ကာ စုယန်ကိုအိမ်သို့ တရားဝင် ခေါ်ဆောင်သွားနိုင်ခဲ့ပြီဖြစ်သည်၌
"ကျင်းရှ ဒီကိုလာ၊ ဒါ မင်းအဖေပဲ"
ကလေးတစ်ယောက်သည် ရီဖန်ကို ရှက်ရွံ့သောမျက်လုံးများဖြင့် ချောင်းကြည့်နေသည်။
ရီဖန်သည်လည်း စုကျင်းရှကို စိုက်ကြည့်နေသည်။ သူတို့ကြားရှိ သွေးချင်းဆက်နွယ်မှုကို သူ ကွက်ကွက်ကွင်းကွင်း သိနိုင်သည်။ ဤသည်မှာ ဆယ်နှစ်ကြာအောင် မတွေ့ဖူးသည့် သူ့ကလေးပင်ဖြစ်သည်။
"မင်းအဖေကို နေ့တိုင်းရှာနေတာမဟုတ်လား အခုသွားလေ" စုယန်သည် ရီကျင်းရှကို တွန်းလိုက်သည်၊ ယခု သူမကို ရီကျင်းရှဟုခေါ်သင့်သည်။
"ဖေဖေ!"
ရီကျင်းရှသည် "ဖေဖေ" ဟု တိုးညှင်းစွာခေါ်လိုက်ပြီးနောက် စုယန်၏နောက်တွင် ပုန်းနေပြန်သည်။
"ကောင်းပြီ၊ ကောင်းတယ်၊ ကောင်းတယ်!"
ရီဖန်သည် အလျင်စလိုမလုပ်ပေ။ သူတို့အတွက် အနာဂတ်တွင် အချိန်များစွာရှိသေးသည်။
ယခုတွင် သူ့မှာ စုယန်နဲ့ ရီကျင်းရှတို့ရှိပြီဖြစ်သည့်အတွက် စုမိသားစု၌ ဆက်နေရန် အစီအစဉ်မရှိတော့ချေ။
စုမိသားစုကို ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရီဖန်သည် မည်သည့်အခါကမျှ မစဉ်းစားခဲ့ပါ။ သူသည် သူတော်စင်မဟုတ်သော်လည်း ထိုသို့သော အရာများကို မလိုအပ်ပေ။ ရီဖန်၏ စွက်ဖက်မှုအပြီးတွင် စုမိသားစုသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ အနာဂတ်တွင် ခြိမ်းခြောက်မှုမရှိနိုင်တော့ချေ။
နောက်ဆုံးတွင် ဤမိသားစုသည် စုရန်ကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ နှစ်များစွာကြာပြီးနောက် သူတို့သည် စုယန်နှင့် သူ့အမေကို ပြုစုစောင့်ရှောက်ခဲ့ကြသည်။
ဓားပျံကို စီးနင်းကာ ရီဖန်၊ စုယန်နှင့် ရီကျင်းရှတို့သည် ရီမိသားစု၏နေရာသို့ ပြန်သွားခဲ့သည်။
ထိုအချိန်တွင် စုမိသားစု၏ ကံကြမ္မာပုံပြင်များသည် ကွမ်ဟယ်စီရင်စုတစ်ခွင်တွင် စတင်ပျံ့နှံ့လာသည်။
အခြားမျိုးနွယ်စုများက စုမိသားစုသည် ဤကဲ့သို့သော အခြေအနေနှင့်အဆုံးသတ်ရန် မည်သူကို စော်ကားခဲ့မိသနည်းဟု သိချင်နေကြသည်။မကြာခင်တွင် ရီဖန်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပြန့်နှံ့သွားပါတော့သည်။
စုမိသားစုတွင် ဖြစ်ပွါးခဲ့သည့် အဖြစ်အပျက်သည် သူတို့၏သားမက် စုယန်၏ခင်ပွန်းမှလွဲ၍ တခြားမည်သူမျှမရှိချေ။ စုမိသားစုက အစပိုင်းတွင် ထိုသားမက်ကို နှိမ့်ချကာ အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့သည့် သတင်းကို ကြားသည့်အခါ စုမိသားစုသည် သနားစရာ ကောင်းလှသည်ဟု တွေးမိလိုက်ကြသည်။
မျိုးနွယ်စုသည် အားနည်းနိုင်သော်လည်း ၎င်းတို့သည် မည်သည့်အခါတွင်မှ မျက်ကန်းမဖြစ်သင့်ချေ။
သူသည် စုမိသားစုကို လက်တစ်ကမ်းတည်းဖြင့် အနိုင်ယူရုံသာမက သက်ရှည်ဂိုဏ်း၏ အကြီးအကဲတစ်ဦးလည်းဖြစ်ကာ ဒုတိယအဆင့်နီးပါးရှိသော ဆေးပညာရှင် တစ်ဦးလည်းဖြစ်သည်။
ထိုသို့သောသားမက်ကို စုမိသားစုက ကဲ့ရဲ့ရှုံ့ချခဲ့သေးသည်၊ မည်မျှမာနကြီးပါသနည်း။
စုနန်ပေသည် ထိုသတင်းကို သိလိုက်သောအခါတွင် သူသည် ပါးစပ်မှ သွေးအန်ကာ နေရာတွင်မူးလဲသွားသည်။သူရောက်လာသောအခါ စုမိသားစု၏ အကြီးအကဲရာထူးမှ နှုတ်ထွက်ခဲ့သည်။
ရွဲ့ပြောသည်ဟုထင်ရသော်လည်း တခြားမျိုးနွယ်စုများပြောသည်မှာ မှန်သည်။ မျိုးနွယ်စုခေါင်းဆောင်သည် အမှန်တကယ်ပင် မျက်စိကန်းမနေသင့်ပေ။
ထိုအချိန်တွင် ရီဖန်၊ ရီကျင်းရှနှင့် စုယန်တို့သည် ရီမိသားစုထံသို့ ပြန်လာခဲ့သည်။
……………………..
အခန်း (၅၄) မြွေစိမ်းရီမိသားစု
ရီကျင်းရှသည် စုယန်ထံမှ ရီမိသားစုအကြောင်းကို လေ့လာခဲ့သည်။
ရီမိသားစုသည် တစ်ချိန်က သေမျိုးမိသားစုသာဖြစ်ကာ လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍သာ စတင်ကျင့်ကြံခဲ့သည်။
ရီကျင်းရှ၏ သေးငယ်သော ဦးနှောက်လေးထဲတွင် ရီမိသားစုသည် ထိုမျှလောက် မချမ်းသာပေ။
"အဆင်ပြေပါတယ်၊ ငါ အရမ်းမချမ်းသာတဲ့ အခြေအနေမှာလဲ နေနိုင်တယ်။"
ရီကျင်းရှသည် သူမ၏လက်သီးငယ်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ သူမ၏မျက်နှာထက်တွင် ဆုံးဖြတ်ချက်ခိုင်မာမှုအပြည့်ရှိသည်။
စုယန်သည် ရီကျင်းရှနှင့်အတူ ရီမိသားစုသို့ ပြန်လာသောအခါတွင် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ရီမိသားစု၏မျိုးဆက်ဟောင်းများသည်လည်း စုယန်နှင့် အလွန်ရင်းနှီးသည်။
ကိုယ်လုပ်တော်များဖြစ်ကြသော မုရွေ့ချင်းနှင့် တုန်းဟယ်ဟယ်တို့သည် စုယန်မှ ရီဖန်အတွက် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
"အစ်မ၊ နောက်ဆုံးတော့ပြန်လာပြီ။ဍ"
နှစ်ယောက်သားသည် စုယန်၏လက်ကို ချစ်ခင်စွာ ဆုပ်ကိုင်ထားကာ သူမ၏ပြန်ရောက်လာမှုမှ သက်ရောက်နိုင်သည့် အနေအထားကို လုံးဝဂရုမစိုက်နေပေ။
သူတို့တွင် ကြီးမားသော ရည်မှန်းချက်များမရှိပါ။ ရီဖန်နှင့်အတူ တစ်သက်လုံး အတူရှိနေခြင်း၊ ဝိညာဉ်ရေးဆေးပင်များ စိုက်ပျိုးခြင်း နှင့် ကလေးများ ကြီးပြင်းလာမှုကို စောင့်ကြည့်ခြင်းသည် သူတို့အတွက် ကျေနပ်ရန် လုံလောက်ပါသည်။
အမှန်တကယ်တွင် သူတို့သည် ဧရာမရီမိသားစုကို စီမံခန့်ခွဲရမည်ဆိုမှသာ သူတို့အတွက်အဆင်မပြေဖြစ်မည်ဖြစ်သည်။
ယခုတွင် စုယန်ပြန်ရောက်လာသည့်အတွက် သူတို့ တာဝန်များကို သူမဆီလွှဲပေးနိုင်ခဲ့လေပြီ။
ရီကျင်းရှသည် ရီကျင်းထျန်နှင့် အခြားသူများ၏ ဆွဲခေါ်သွားခြင်းကို ခံခဲ့ရသည်။
ရီကျင်းဟိုင်နှင့် ယွမ်တင်းဟန်ပင်လျှင် ရီကျင်းရှနှင့် စုယန်ကိုကြိုဆိုရန် အမြန်ပြန်လာခဲ့သည်။
"ကျင်းရှ၊ မင်းဒုက္ခရောက်ခဲ့မှာပဲ၊ ဒီဆေးတွေကို သောက်လိုက်”
ရီကျင်းထျန်သည်ချီစွမ်းအားပြုစုပျိုးထောင်ခြင်းဆေးလုံးပုလင်းများစွာကို ပေးလိုက်သည်။
"ကျင်းရှ၊ အခုတော့ ဒီအင်မော်တယ်လက်နက်တွေကိုသုံးပါ၊ အစ်မ နောက်မှအသစ်လေးတွေ လုပ်ပေးမယ်နော်”
ရီကျင်းဖန်သည် လက်ဆောင်အဖြစ် အရည်အသွေးမြင့် အင်မော်တယ်လက်နက်အစုံအလင်ကို ပေးအပ်ခဲ့သည်။ရီကျင်းရှသည် သူ့လက်ထဲတွင်ရှိသော ဆေးလုံးများနှင့် အင်မော်တယ်လက်နက်များ ကြည့်ကာ ရုတ်တရက်အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။
ရီဖန်သည်လည်း ရီကျင်းရှ၏ဘက်သို့ ရောက်ရှိလာသည်- "ကျင်းရှ၊ သမီးက စုမိသားစုမှာ နှစ်တွေကြာအောင် ခံစားခဲ့ရတာ။ ဒီ သွေးဂျင်ဆင်း ဆေးလုံးနှစ်လုံးကို မင်းနဲ့မေမေအတွက် ယူလိုက်ပါ။ အနာဂတ်မှာ ပိုကောင်းတဲ့ ဆေးလုံး တွေကို လုပ်ပေးမယ်"
သွေးဂျင်ဆင်း ဆေးလုံး ? ရီကျင်းရှသည် သူမ၏လက်အနည်းငယ် တုန်ရီသွားသလို ခံစားလိုက်ရသည်။ ဤမျှ အဖိုးတန်သည့် ဆေးလုံး ကို သူ့အား ဤသို့ပေးခဲ့သည်လော။
ရီကျင်းရှသည် အခက်အခဲအတွက် သူ့ကိုယ်သူ ပြင်ဆင်ထားပြီးဖြစ်သော်လည်း ဤအရာသည် အခက်အခဲဟူ၍ခေါ်သည်လော။ သို့ဖြစ်ပါက စုမိသားစုထဲရှိ သူ၏ဘဝသည် ဝက် သို့မဟုတ် ခွေးထက်ပင် ပိုဆိုးနေသည်သာဖြစ်ရမည်။
ရက်အတော်ကြာပြီးနောက် ရီကျင်းရှမှာ သူမသည် ဒုတိယမျိုးဆက်အင်မော်တယ်ဖြစ်လာသည်ဟူသော အမှန်တရားကို နောက်ဆုံးတွင် လက်ခံခဲ့သည်။
အသုံးပြုရန်စျေးအကြီးဆုံး ဆေးလုံးများ၊ ရှိသင့်သောအကောင်းဆုံး အင်မော်တယ်လက်နက်များရှိသော်လည်း ဒုတိယမျိုးဆက်၏ လူနေမှုပုံစံသည် ရိုးရှင်းကာ တန်ဆာဆင်ထားခြင်းမရှိချေ။
ဤအတောအတွင်း စုယန်နှင့် ရက်အတော်ကြာအတူရှိနေခဲ့ပြီးနောက် ရီဖန်သည် နောက်ဆုံးတွင် သူ၏စိတ်ဓာတ်သည်ပြန်လည် ရှင်သန်လာခဲ့သည်။
၎င်း၏ ပျော်ရွှင်မှုသည် အသားအရိုးဓားကဲ့သို့ပင်၊ အလွန်အကျွံ မခံနိုင်ပါ။
ဤနှစ်များတွင် ရီဖန်သည် စုယန်ကို အမြန်ဆုံးပြန်ခေါ်လာရန် မျှော်လင့်ကာ စိုးရိမ်တကြီးဖြင့် နေထိုင်လာခဲ့သည်။
ယခုအခါ ရီမိသားစုသည် ပို၍တည်ငြိမ်စွာ ကျင့်ကြံနိုင်ခဲ့သည်။
စုယန်သည် ဤနှစ်များအတွင်း စုမိသားစုတွင် အလေးအနက်မကျင့်ကြံခဲ့သည့်အတွက် သူမ၏ အရည်အချင်းများတိုးမြင့်လာသော်လည်း သူမ၏ ကျင့်ကြံရေးအဆင့်သည် ချီစွမ်းအားကျင့်ကြံရေး ဒုတိယအလွှာတွင်သာ ရှိသေးသည်။
ဒီတစ်ခေါက် ပြန်ရောက်လာချိန်တွင် သူမသည် ကျင့်ကြံရေးအတွက် အာရုံစိုက်ရမည်ဖြစ်သည်။
ရီမိသားစု၏ အကြီးအကဲတစ်ဦးအနေဖြင့် သူမ၏ ကျင့်ကြံရေးအဆင့် မလုံလောက်ပါက မဖြစ်ပေ။
ရီဖန်သည် စုမိသားစုကို သုတ်သင်လိုက်သည့် သတင်းမှာ ကွမ်ဟယ်စီရင်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ရီမိသားစုသည် ကွမ်ဟယ်စီရင်စုရှိ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အင်မော်တယ်ဂိုဏ်းသုံးခုအောက်တွင် ထိပ်တန်းမိသားစု ဖြစ်လာခဲ့သည်။
ရီမိသားစု၏ ပြောင်းလဲသွားသော မြွေစိမ်းဝိညာဉ်အရင်းအမြစ် ကြောင့် လူအများသည် ရီမိသားစုကို မြွေစိမ်းရီမိသားစု ဟု ခေါ်ဆိုကြသည်။
"ရေရှည်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တဲ့ သခင့်အတွက် ဂုဏ်ယူပါတယ်၊ မိသားစုတိုးပွါးလာခြင်း: စံအိမ်ကမ္ဘာမိသားစု (ပြီးပါပြီ)၊ ဆုလာဘ်ကို ထုတ်ယူနိုင်ပါပြီ"
‘ဝူးဟူးး! စနစ်၊ ဆုကိုထုတ်ယူလိုက်ပါ’
“မိသားစုလုပ်ဆောင်ချက်၊ ဆုလက်ခံရရှိမှုအတွက် သခင့်ကို ဂုဏ်ယူပါတယ်၊ (ယုံကြည်စိတ်ချရသောအကူအညီ)၊ ကံကောင်းခြင်းအမှတ် ၁၀၀ တိုးလာပါပြီ”
ရီဖန်သည် သူစာဖတ်မှားသည်ဟု ထင်ကာ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
မိသားစုလုပ်ဆောင်ချက် (ယုံကြည်စိတ်ချရသောအကူအညီ) အင်အားကြီးသောမိသားစုသည် ကိစ္စအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်း၍မရချေ။
မိသားစုမှယုံကြည်ရသော လက်ထောက်တစ်ဦးကို ပျိုးထောင်ကာ ၎င်းသည် မိသားစု၏ အပိုအကျိုးခံစားခွင့်တစ်ဝက်ကို ခံစားရပြီး မျိုးနွယ်စုခေါင်းဆောင်သည် ယုံကြည်ရသော လက်ထောက်၏ ကျင့်ကြံရေးအဆင့်၏ ထက်ဝက်ကို ထုတ်ယူနိုင်သည်။
ကိုယ်ပိုင်တပ်သားအရေအတွက်သည် မိသားစုမစ်ရှင်အဆင့်နှင့် သက်ဆိုင်သည်။ လက်ရှိစုစုပေါင်းမစ်ရှင်အဆင့်သည်၂၀ ဖြစ်ကာ၊ သစ္စာစောင့်သိမှုအမြင့်ဆုံးအဆင့်ရှိ ကိုယ်ပိုင်စစ်သား ၁၀၀ ကိုစုဆောင်းရန်ခွင့်ပြုသည်။
ရီဖန်သည် အသံထွက်လုနီးပါး ရယ်သည်။
‘တိုးပွါးလာသောမိသားစု ၄။' ၏တာဝန်သည် ဤကဲ့သို့သောဆုလာဘ်မျိုးကို ပေးမည်ဟု သူမထင်ထားခဲ့ပေ။
ရီမိသားစု၏ စွမ်းအားများ ပိုမိုအားကောင်းလာသည်နှင့်အမျှ ၎င်းတို့၏ ကျင့်ကြံရေးတိုးမြှင့်ခြင်းအရှိန်သည် ပို၍နှေးကွေးလာသည်။
စွမ်းအားပိုများလာသော်လည်း ၎င်းကို ခွန်အားအဖြစ် ချက်ချင်းပြောင်းလဲရန်မဖြစ်နိုင်ဘဲရှိသည်။
ယခုတွင် လေ့ကျင့်နိုင်သော ကိုယ်ပိုင်စစ်သား များစွာရှိသည့်အတွက် ရီဖန်သည်ပိုက်ဆံသုံးနိုင် သရွေ့ သူ့၏ကျင့်ကြံရေးအဆင့်ကို မြန်မြန်ဆန်ဆန် မြှင့်တင်နိုင်မည်ဖြစ်သည်။
“ရှောင်ထျန်း၊ မိသားစုအတွက် အသေခံတပ်ဖွဲ့တစ်ခုကို မင်းချက်ချင်းစုဆောင်းရမယ်"
ယခုအခါတွင် အခြေအနေများသည် ပိုမိုရှုပ်ထွေးလာကာ အိုးမဲ့အိမ်မဲ့ဦးရေလည်း တိုးမြင့်လာခဲ့သည်။
ရိုးသားစွာတောင်းစားနေသော သူဖုန်းစားတစ်ရာကို ရှာတွေ့ရန်မှာ အလွန်လွယ်ကူရိုးရှင်းသည်။
ခုနစ်ရက်ကြာပြီးနောက်တွင်….
“အခုချိန်ကစပြီး မင်းတို့အားလုံး ရီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မင်းတို့ကို ရီ မျိုးရိုးနာမည်နဲ့ ရီ မိသားစုရဲ့ ကိုယ်ရေးကိုယ်တာအစောင့်အဖြစ် ငါပေးအပ်လိုက်ပြီ၊ မင်းတို့ လုံ့လစိုက်ထုတ်ပြီးတော့ ရီမိသားစုကို အကျိုးပြုရမယ်။”
ဤလူများအတွက် ထမင်းအပြည့်စားရခြင်းကပင် ဇိမ်ရှိပြီးသားဖြစ်သည်။
ယခုတွင် သူတို့ကို ကျင့်ကြံရန်အတွက် အခွင့်အရေးပေးထားသောကြောင့် သူတို့၏ သစ္စာစောင့်သိမှုသည် သဘာဝအတိုင်း ပေါက်ဖွားလာ၏။
‘ကျင့်ကြံရမယ်၊ ငွေရှာရမယ်’
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှစ်နှစ်ကြာသွားခဲ့ပြီဖြစ်သည်။
ယနေ့တွင် ရီမိသားစုသည် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။
ရီဖန်၏အခန်းထဲတွင် ပြင်းထန်သော ရောင်ဝါတစ်ခု သူ့ထံမှ ထွက်ပေါ်လာသည်။
သူသည် ချီစွမ်းအားကျင့်ကြံရေး၏ ဆယ်နှစ်ဆင့်မြောက်အထွတ်အထိပ်သို့ ရောက်နေကာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေသို့ ဖြတ်ကျော်ဝင်ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။
သူသည် မြွေစိမ်းမီးတောက်နည်းပညာကိုအသုံးပြုပါက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေရှိ ကျင့်ကြံသူကို ဆန့်ကျင်သည့်တိုင် တိုက်ပွဲဝင်ရန် လုံလောက်သော ယုံကြည်မှုရှိသည်။
ဇာတ်ကောင်- ရီဖန်
သက်တမ်း: ၆၆ နှစ်
အဆင့်- ချီစွမ်းအားကျင့်ကြံရေး ဆယ့်နှစ်ခုမြောက်အလွှာ (၁၁၆၂၃/၁၂၀၀၀)
စွမ်းရည်များ- ပြီးပြည့်စုံသော ပထမအဆင့် တာအိုဆေးပညာ Dao (၁၅၉၉/၁၆၀၀), ပထမအဆင့် ပန်းပဲပညာ (၁၅၉၉/၁၆၀၀), ပထမအဆင့်အခြေခံအုတ်မြစ်ဖွဲ့စည်း တည်ဆောက်ခြင်း (၁၅၈၉/၁၆၀၀), ပြီးပြည့်စုံသောမြွေစိမ်းမီးတောက်နည်းစနစ် (၇၉၉/၈၀၀), ပြီးပြည့်စုံသော ဖီးနစ်မီးတောက် (၇၉၉/၈၀၀)
ထူးကဲစွမ်းရည်များ- မြွေစိမ်းသွေးမျိုးဆက် (၈၇၇/၁၀၀၀)၊ မီးထိန်းချုပ်မှု၌ ကြီးမားသောအောင်မြင်မှု (၃၉၃/၄၀၀)၊
မိသားစုဂုဏ်ရည်များ- ခရမ်းရောင်ဉာဏ်အလင်း၊ ခရမ်းရောင်မသေနိုင်သောစွမ်းရည်၊ အစိမ်းရောင် ပိုင်ရိ
မစ်ရှင်များ- တိုးပွါးလာသောမိသားစု လေး၊ သန်မာသောလမ်းကြောင်း သုံး၊ မိသားစုနယ်မြေ ငါး၊ မိသားစုလူဦးရေ နှစ်၊ မိသားစုလက်နက်တိုက် ငါး၊ မိသားစုစွမ်းအား နှစ် (၁၆၀/၃၀၀)
ရှစ်နှစ်တာကာလအတွင်း ရီမိသားစုသည် ကြီးမားစွာပြောင်းလဲခဲ့သည်။
ချီစွမ်းအားကျင့်ကြံရေး အဋ္ဌမအလွှာအထက်တွင် ရှစ်ဦး၊ ချီစွမ်းအားကျင့်ကြံရေး နဝမအလွှာတွင် သုံးဦးနှင့် ဒသမအလွှာတွင် ရီကျင်းထျန်၊ ရီကျင်းဟိုင်၊ ရီကျင်းလုံနှင့် ရီကျင်းဖန်တို့လေးဦး ဖြစ်သည်။
ရီဖန်၏ အကန့်အသတ်မဲ့ ဆေးလုံးထောက်ပံ့မှုနှင့် အမွေအနှစ်များအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များကြောင့် စုမိသားစုမှ လူများ၏ ကျင့်ကြံရေးအဆင့်သည် လျင်မြန်စွာတိုးတက်လာခဲ့သည်။
ကျင့်ကြံရေးအဆင့်များ တိုးတက်လာခြင်းအပြင် ရီမိသားစုတွင် မွေးဖွားမှုများစွာရှိခဲ့ကာ လူဦးရေငါးဆယ်ပစ်မှတ်နှင့် နီးကပ်လာပြီဖြစ်သည်။ ဤနှစ်များအတွင်းတွင် စုယန်သည် ရီဖန်အတွက် နောက်ထပ် ကိုယ်လုပ်တော်နှစ်ယောက်ကို ရှာတွေ့ခဲ့သည်။
ရီကျင်းလုံသည်ပင် ဇနီးတစ်ယောက်တွေ့ခဲ့ပြီဖြစ်သည်။
သို့သော်လည်း အကြောင်းတစ်ချို့ကြောင့် ရီမိသားစုမှ အမျိုးသမီးများသည် သင့်လျော်သော လက်တွဲဖော်ကို မရရှိခဲ့ကြပေ။
ရီကျင်းချုံတစ်ဦးသာလျှင် သက်ရှည်ဂိုဏ်း၏ တိုက်ရိုက်တပည့်တစ်ဦးနှင့် အကျွမ်းတဝင်ရှိပုံရကာ ၎င်းတို့သည် မကြာခဏ စမ်းသပ်မှုပြုလုပ်ရန် ထွက်သွားတတ်ကြသည်။
ထို့အပြင် ရီမိသားစု၏လုပ်ငန်းများသည် ထိုနှစ်များအတွင်း သိသာထင်ရှားသော တိုးတက်မှုကို မြင်တွေ့ခဲ့ရသည်။
ချင်းယွင်စျေးအပြင်၊ အရွက်တစ်ထောင်ဆေးခန်း သည် သက်ရှည်ဂိုဏ်းလက်အောက်ရှိ တောင်ပိုင်းစျေးတွင် ဆိုင်ခွဲတစ်ခု စတင်ခဲ့ကာ ထိုမှရရှိသော ၀င်ငွေသည် ချင်းယွင်စျေးထက်ပင် ပိုမိုများပြားခဲ့သည်။
အရွက်တစ်ထောင်ဆေးခန်း၏ ဂုဏ်သတင်းကို ကွမ်ဟယ်စီရင်စုတွင် သေချာစွာထူထောင်နိုင်ခဲ့ပြီဖြစ်သည်။
ကိုယ်ပိုင်စစ်သားတစ်ရာအတွက်လည်း ကျင့်ကြံရေးလမ်းကြောင်းကို စတင်ခဲ့ပြီးနောက် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်သည် ချီ စွမ်းအားကျင့်ကြံရေး၏ ဒုတိယသို့မဟုတ် တတိယအလွှာသို့ရောက်ရှိခဲ့ပြီဖြစ်သည်။
ရီဖန်၏ ကျင့်ကြံရေးအဆင့်သည် ရီမိသားစု၏ အခြားသူများနှင့် တဖြည်းဖြည်းကွာသွားကာ ကြည်ညိုလေးစားဖွယ်ကောင်းသော ဘိုးဘေးတစ်ဦးအသွင်ဖြစ်လာသည်။
ရီဖန်သည် အင်မော်တယ်တစ်ဦးဖြစ်သွားပြီဖြစ်ကာ၊ သူ့အစွမ်းအစများသည် အကန့်အသတ်မရှိချေ ။
“ဒီလရဲ့ ၀င်ငွေက ဝိညာဉ်ကျောက်တုံးခုနစ်ထောင်၊ မိသားစုအသုံးစရိတ်က ဝိညာဉ်ကျောက်တုံးငါးထောင်၊ ပိုလျှံနေတဲ့ ဝိညာဉ်ကျောက်တုံးနှစ်ထောင်ဆိုတော့ မဆိုးဘူးပဲ"
လစဉ်အသုံးစရိတ်ဖြစ်သော ဝိညာဉ်ကျောက်တုံးငါးထောင်သည် ယခုအခါ ရီမိသားစု၌ ဆေးပညာရှင်များစွာရှိသောကြောင့်သာ တတ်နိုင်ခြင်းဖြစ်သည်။
ရီကျင်းဖန်သည် သာလွန်ကောင်းမွန်သော ပထမအဆင့် ဆေးပညာရှင်တစ်ဦးဖြစ်လာရန် ဖြတ်ကျော်တော့မည်ဖြစ်ကာ မိသားစု၏ ကိုယ်ပိုင်စစ်သားများထဲတွင် နောက်ထပ် လေးဦးသည် အဆင့်နိမ့် ပထမအဆင့် ဆေးပညာရှင်များ ဖြစ်လာခဲ့သည်။
ဤသို့ဖြင့် ရီမိသားစုသည် ကျင့်ကြံသူအုပ်စုကြီးကို ထောက်ပံ့နိုင်ပေးနိုင်ခဲ့သည်။
“အဖေ၊ သက်ရှည်ပွဲတော်စပြီ၊ ဧည့်သည်တွေ ရောက်လာတော့မယ်။ အဖေထွက်လာဖို့ အချိန်ကျပြီ” ရီကျင်းထျန်သည် ရီဖန်ကို လေးစားစွာပြောလိုက်သည်။
………………………