← Chapters

အခန်း ၅၈-၆၀

Vol. 4 Ch. 58-60

အခန်း ၅၈-၆၀

Vol. 4 Ch. 58-60

အခန်း (၅၈) မိသားစုလူဦးရေ (၃)၊ ရီမိသားစု အခွဲ

မိသားစုတစ်စုတွင် လူများပြားလာသည်နှင့်အမျှ အချို့အရာများသည် မတရားဟုထင်မြင်လာနိုင်သည်။ ထို့အပြင် မိသားစုဝင်များသည် လုပ်အားမပါဘဲ ရယူလိုသည့် သဘောထားရှိလာပါက၊ မိသားစုကို ပံ့ပိုးပေးသူများအတွက် လက်ခံရန် ခဲယဉ်းပေလိမ့်မည်။

‘လူတိုင်း အကျိုးကျေးဇူးခံစားနေတာကို ငါဘာလို့ဒီလောက်ကြိုးစားရမှာလဲ?’

နောက်ဆုံးတွင် မိသားစု၏ပံ့ပိုးကူညီမှုသည် အရင်းအမြစ်များရရှိရန်အတွက် စံတစ်ခုဖြစ်လာမည်ဖြစ်ကာ ၎င်းသည် ပင်မစီးကြောင်းဖြစ်လာမည်ဖြစ်သည်။

ရီဖန်သည် ရီမိသားစု၏ ဒုတိယမျိုးဆက်အား မိသားစုတွေ့ဆုံပွဲသို့ ဆင့်ခေါ်ခဲ့သည်။

ရီမိသားစု၏ လက်ရှိဒုတိယမျိုးဆက်တွင် ရီကျင်းထျန်၊ ရီကျင်းဟိုင်၊ ရီကျင်းလုံနှင့် ရီကျင်းဖန်တို့နှင့်အတူ ရာသီလေးခုကို အမည်ပေးထားသည့် အခြားသူများလည်း ပါဝင်သည်။

အများစုမသိဘဲနှင့် ဒုတိယမျိုးဆက်အဖွဲ့ဝင်အရေအတွက်သည် ဆယ်ယောက်ကျော်သွားခဲ့ပြီဖြစ်သည်။

ရီဖန်ဆိုလိုသည့် 'မိသားစု ခွဲခြမ်းခြင်း သည် သီးခြားနေထိုင်ခြင်းကို မဆိုလိုပေ။ ၎င်းသည် သွေးကြောများစွာ ပိုင်းခြားထားသော ဂိုဏ်းများဖွဲ့စည်းပုံနှင့် ပိုတူသည်။

လူတိုင်း၏ အကြံပြုချက်ဖြင့် ပြီးပြည့်စုံသော အစီအစဉ်ကို လျင်မြန်စွာ ရေးဆွဲခဲ့သည်။

ရီဖန်သည် ရီမိသားစု၏ပထမမျိုးဆက်နှင့် အသက်ဆယ့်ရှစ်နှစ်အောက် ကလေးများနှင့်အတူ မိသားစု၏ ပင်မသွေးကြောကိုဖွဲ့စည်းခဲ့သည်။ မိသားစုဝင်အားလုံးကို ၎င်းတို့၏ ဆယ့်ရှစ်နှစ်မြောက်မွေးနေ့မတိုင်ခင်ထိ အခြေအနေမရှိဘဲ မိသားစုကပြုစုပျိုးထောင်ပေးခဲ့သည်။

သို့သော် သူတို့ဆယ့်ရှစ်နှစ်ပြည့်သည်နှင့် ၎င်းတို့သည် မိသားစုအခွဲများထဲမှ တစ်ခုသို့ ဝင်ရောက်ကာ ၎င်းတို့ကိုယ်ကိုထောက်ပံ့ရန် လိုအပ်မည်ဖြစ်သည်။ရီကျင်းထျန်သည် စီးပွါးရေးသွေးကြောကို တည်ထောင်ခဲ့ကာ သူ၏ လက်ဖြင့်တည်ဆောက်ခဲ့သည့် အရွက်တစ်ထောင်ဆေးခန်းသည် စီးပွါးရေသွေးကြောအောက်သို့ သဘာဝကျစွာ ရောက်ရှိသွားသည်။

စီးပွါးရေးသွေးကြောမှ အမြတ်ငွေ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို ပင်မသွေးကြောသို့ ပေးအပ်ရမည်ဖြစ်သည်။ အကြွင်းအကျန်ကို စီးပွါးရေးသွေးကြောအတွင်း၌ လွတ်လပ်စွာ ခွဲဝေနိုင်သည်။

ရီကျင်းလုံသည် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းသွေးကြောကို တည်ထောင်ခဲ့ကာ ၎င်း၏ အမြတ်အစွန်း ခွဲဝေမှုသည် စီးပွါးရေးသွေးကြောနှင့် အတူတူပင် ဖြစ်သည်။

ရီကျင်းဖန်သည် ဆေးပညာသွေးကြောကို ထူထောင်ခဲ့ကာ ရီကျင်းချုံသည် ကျင့်ကြံရေးကို အထောက်အကူပြုရန်နှင့် မိသားစုကာကွယ်ရေးကို ကြီးကြပ်ရန်အတွက် တာဝန်ရှိသော ကျင့်ကြံသူသွေးကြောကို တည်ထောင်ခဲ့သည်။

လျှို့ဝှက်ကိုယ်ရံတော်များသည် ရီကျင်းချုံ၏ ကျင့်ကြံရေးအကူလမ်းကြောင်းမှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

ရီကျင်းဟိုင်သည် သွေးပြန်ကြောကို ထူထောင်ရန် မရွေးချယ်ဘဲ ဂိုဏ်းဖွဲ့စည်းရန် အခြားလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ သူသည် အကြီးအကဲတစ်ဦးဖြစ်နေကာ အနာဂတ်တွင် သက်ရှည်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်လာရန် အလားအလာရှိသည်။

ထိုအချိန်တွင် သက်ရှည်ဂိုဏ်းသည် ရီမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စစ်လေ့ကျင့်ရေးကွင်းအဖြစ်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒုတိယမျိုးဆက်၏အခြားအဖွဲ့ဝင်များအတွက်၊ သူတို့သည်လက်ရှိအချိန်တွင်သူတို့၏သွေးကြောကို မထူထောင်ရန်ရွေးချယ်သည်။

တစ်ဖက်တွင် မိသားစုအတွက် အမြတ်အစွန်းများရရှိရန် ယုံကြည်မှုမရှိကြကာ၊ တစ်ဖက်တွင် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်သည် ရီကျင်းထျန်တို့ကဲ့သို့သော အဖွဲ့ဝင်များ၏ နောက်တွင်ကျကျန်နေသောကြောင့် ကျင့်ကြံရေးအတွက် လုံ့လစိုက်ထုတ်ရန် စီစဉ်ခဲ့သည်။

သို့သော် ရီဖန်သည် ၎င်းတို့အခွင့်အရေးကို မလုယူခဲ့ပေ။ အနာဂတ်တွင် လုံလောက်သည့် စွမ်းအားကို ရရှိနေပြီဟု ခံစားမိပြီးသည်နှင့် ၎င်းတို့၏ ကိုယ်ပိုင်သွေးကြောကို ထူထောင်နိုင်မည်ဖြစ်သည်။

ရီဖန်နှင့် ရီရှောင်းရှောင်းကဲ့သို့သော ပထမမျိုးဆက်အဖွဲ့ဝင်များသည် ပင်မသွေးကြောကို ဖွဲ့စည်းခဲ့သည်။

သူတို့သည် ရီမိသားစု ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ရှိသည်။ နှစ်စဉ်နှစ်တိုင်း သွေးကြောတစ်ခုစီသည် ပင်မသွေးပြန်ကြောမှ တိကျသောတန်ဖိုးတစ်ခု၏ အရင်းအမြစ်များကို ရရှိမည်ဖြစ်သည်။

ရေရှည်တွင် သွေးကြောတစ်ခုသည် ပိုကောင်းလေလေ အရင်းအမြစ်များ ပိုမိုရရှိလေဖြစ်သည်။

ရီဖန်၏ ဆုံးဖြတ်ချက်ကို မိသားစုဝင်များသည် ကန့်ကွက်ခြင်း မရှိပေ။ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ချမှတ်ပြီးနောက် ၎င်းတို့သည် သက်ဆိုင်ရာ သွေးကြောဆိုင်ရာ ကိစ္စများအတွက် ပြင်ဆင်ရန် ထွက်ခွါသွားကြသည်။

ရီဖန်သည် ရီမိသားစုသိမ်းပိုက်ထားသော မြောက်ဘက်တောင်တန်းကိုသွားကြည့်ရန် ပျံသန်းသွားသည်။

မြောက်ဘက်တောင်တန်းသည် အလွန်သေးငယ်သည်။ ရီဖန်ရှာဖွေတွေ့ရှိခဲ့သော ဝိညာဉ်သွေးကြောသည် အငယ်တန်းကလေးသာဖြစ်သည်။

ရီမိသားစု သေးငယ်စဉ်က အငယ်တန်း ဝိညာဉ်သွေးကြောသည် လုံလောက်ခဲ့သော်လည်း

ယခုမူ ရီမိသားစုသည် ပိုမိုကြီးမားလာကာ ကျင့်ကြံသူဦးရေ တဟုန်ထိုးတိုးလာသည်ဖြစ်ရာ အငယ်တန်း ဝိညာဉ်သွေးပြန်ကြောတစ်ခုတည်းနှင့် မလုံလောက်တော့ချေ။

ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်းအပျက်အစီးတစ်ခုရှိခဲ့သည်။ သို့မဟုတ်ပါက ရီမိသားစုသည် ပိုမိုကောင်းမွန်သော မြေကို ရှာဖွေရန် စဉ်းစားရပေမည်။မိသားစု၏ ဘိုးဘွားပိုင်မြေအတွက် ပိုမိုကောင်းမွန်သော တည်နေရာကို ရွေးချယ်ရန်လည်း လိုအပ်သည်။

အမှန်အတိုင်းပြောရလျှင် မြောက်ဘက်တောင်တန်းတွင် နှစ်အတော်ကြာနေထိုင်ပြီးနောက် သူ့၏ မြက်ပင်များနှင့် သစ်ပင်များ၏ ကြီးပြင်းလာမှုကို တွေ့ရှိခဲ့ရသည့်အတွက် ရီဖန်သည် ထွက်ခွါရန် တွန့်ဆုတ်နေခဲ့သည်။

ဆက်လက်၍ စောင့်ကြည့်ရမည်။ အကယ်၍ အခြားနည်းလမ်းမရှိလျှင် ထွက်ခွာခြင်းသည် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်လိမ့်မည်။

…

ရီမိသားစုကို ခွဲခြမ်းလိုက်သည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်သည်။

ငိုသံနှင့်အတူ ရီမိသားစု၏ ငါးဆယ်ယောက်မြောက် မိသားစုဝင်ကို မွေးဖွားခဲ့သည်။

ရီကျင်းထျန်သည် အမှန်တကယ် ကောင်းမွန်စွာလုပ်ဆောင်လျက်ရှိကာ ၎င်းသည် သူ၏ပဉ္စမမြောက်သားဖြစ်နေပြီဖြစ်သည်။

“ရေရှည်တာဝန်ကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ်။ သခင့် မိသားစုလူဦးရေက အခု သုံးရာဖြစ်သွားလို့ (လုပ်ဆောင်ချက် ပြီးပါပြီ)။ ဆုလာဘ်ကို ထုတ်ယူနိုင်ပါပြီ"

"မင်းတကယ်ကောင်းကောင်းလုပ်ခဲ့တာပဲ၊ စီးပွါးရေးသွေးကြောက အဖွဲ့ဝင်အသစ်အတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသုံးထောင်နဲ့ အဆင့်မြင့်အင်မော်တယ်ပစ္စည်းတစ်ခု ဆုချမယ်”

ရီဖန်၏လက်လှုပ်ရှားမှာအောက်တွင် ပင်မသွေးကြောမှ ဆုလာဘ်များကို ချက်ချင်းလက်ငင်းပေးအပ်ခဲ့သည်။ ရီဖန်၏စကားကိုကြားသောအခါ အားလုံး၏မျက်လုံးများသည် ချက်ချင်းတောက်ပလာခဲ့သည်။

ရီဖန်သည် ကလေးမွေးဖွားခြင်းကို အမြဲအားပေးခဲ့သော်လည်း ကလေးမွေးဖွားခြင်းအတွက် ဤရက်ရောသောဆုလာဘ်ကို မမျှော်လင့်ခဲ့ကြချေ။

စုံတွဲအချို့သည် အကြည့်ချင်းဖလှယ်ကြသည်။ ထိုကဲ့သို့သော ဆုလာဘ်ကို စိတ်ထဲမှာ စွဲမှတ်ထားကာ ထိုနေ့ညနေအိမ်ပြန်ရောက်သည်နှင့် အားစိုက်ထုတ်ရန် လိုအပ်ပေလိမ့်မည်။ လက်ရှိတွင် ဌာနအခွဲများသည် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင်ဖြစ်နေသည်။ လူတိုင်းသည် ပင်မဌာနမှ အရင်းအမြစ်များကို ပိုမိုရယူလိုကြသည်။

“စနစ်၊ ဆုကြေးယူလိုက်ပါ”

“ဝိညာဉ်သွေးကြောအဆင့်မြင့်တင်ခြင်းကဒ်ကို ဆုလက်ခံရရှိသည့်အတွက် ဂုဏ်ယူပါတယ်”

ဝိညာဉ်သွေးကြောအဆင့်မြင့်တင်ခြင်းကဒ်ကို ဝိညာဉ်သွေးကြောအဆင့်မြှင့်ရန် အသုံးပြုနိုင်သည်။

ဤအရာသည် ကြီးကျယ်သော အရာတစ်ခုဖြစ်သည်။ မိသားစုစည်းဝေးပွဲစသည်နှင့် ၎င်းကိုအသုံးပြုနိုင်သည်။

တစ်ရက်အကြာတွင် မိသားစုစည်းဝေးကို ပြန်ကျင်းပသည်။

“ဒီနှစ်ရဲ့ တိုးတက်မှုကို ဆွေးနွေးကြရအောင်။”

ယခုနှစ်တွင် ရီဖန်သည် လက်အောက်ခံဌာနခွဲတစ်ခုစီ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ချက်ရှိရှိ ဂရုမစိုက်ဘဲ ယနေ့အထိစောင့်ဆိုင်းရန် ရွေးချယ်ခဲ့သည်။

“ကျွန်တော်တို့ စီပွါးရေးသွေးကြော အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရှိနေပါပြီ။

ပြီးတော့ ချီစွမ်းအားကျင့်ကြံခြင်း အဆင့်တစ်ဆယ်မှာ သုံးဦးရှိပြီး အမြတ်ကတော့…” ရီကျင်းထျန် သည် ယခုနှစ်တွင် စီပွါးရေးသွေးကြောသည် ပထမအဆင့်ဖြစ်မည်ဟု သေချာပေါက် ခံစားခဲ့ရသည်။

တွေ့ဆုံပွဲမစမီတွင် နယ်ပယ်ခွဲအသီးသီးမှ ခေါင်းဆောင်များသည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု လွန်စွာကောင်းမွန်ခြင်းမရှိကြောင်း သဘောထားအမြင်များ ဖလှယ်ခဲ့ကြသည်။

"ကျွန်မတို့ ဆေးပညာသွေးကြောမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရှိပြီး၊ ချီစွမ်းအားကျင့်ကြံမှုဒသမအဆင့်မှာ နှစ်ဦးရှိပြီးတော့၊ နောက်ထပ် တာအိုဆေးပညာ ပထမအဆင့် ဆေးပညာရှင်သုံးဦးရှိပါတယ်၊ ပြီးတော့ အလယ်အလတ်အဆင့် ဆေးပညာရှင်….” ရီကျင်းဖန်သည် ရီကျင်းထျန် ကို ကြည့်လိုက်သည်။

"ကျွန်တော်တို့ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းသွေးကြောမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူ မရှိသေးပါဘူး။ ချီစွမ်းအားကျင့်ကြံမှု အဆင့်ဆယ့်တစ်မှာ သုံးဦး၊ အဆင့်ဆယ့်နှစ်မှာ တစ်ဦး၊ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ကျွန်တော် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီးတော့ ၊အဆင့်နိမ့် ပထမအဆင့်အင်မော်တယ်ပစ္စည်းသန့်စင်သူ ငါးယောက်ကိုလဲ ပေါင်းထည့်ခဲ့ပါတယ်...”

ရီကျင်းလုံသည်လည်း ရီကျင်းထျန် ကို ကြည့်လိုက်သည်၊

"ကျွန်မတို့ ကျင့်ကြံသူအကူသွေးကြောထဲမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦး၊ ချီစွမ်းအားကျင့်ကြံခြင်းအဆင့် ဆယ်နှစ်ခုမြောက်မှာ သုံးဦး၊ အဆင့်ဆယ့်တစ်မှာ လေးဦး၊ အဆင့်တစ်ဆယ်မှာ ငါးဦး၊ ချီစွမ်းအားကျင့်ကြံခြင်းနှောင်းပိုင်းအဆင့်မှာ ဆယ့်နှစ်ယောက်ရှိပါတယ်"

ရီကျင်းချုံသည် ရီကျင်းထျန်ကို နောက်ထပ်အကြည့်တစ်ချက်ပေးလိုက်သည်။ .

ထိုစကားများကို ကြားလိုက်ရသည်နှင့် ရီကျင်းထျန်၏ မျက်နှာသည် ဖျော့တော့သွားသည်။

‘ဒီကောင်တွေ အကုန်လုံးက လူယုတ်မာတွေပဲ’

အတူတူဆင်းကြရန် အားလုံးသဘောတူခဲ့ကြသော်လည်း အဘယ့်ကြောင့် သူတစ်ယောက်တည်းကျန်ခဲ့သနည်း။ သူ့ဒေါသကြောင့် စကားပင်မပြောနိုင်ဘဲ ရီကျင်းထျန်သည် နောက်နှစ်တွင် ဤလူဆိုးများနှင့် သတင်းဖလှယ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးတွင် ရီဖန်သည် ရီကျင်းထျန်ကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ယခုနှစ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရီဖန်မျှော်လင့်ထားသည်ထက်ပင် မယုံနိုင်လောက်အောင် ကောင်းမွန်နေခဲ့သည်။

ယခုနှစ်တွင် ရီမိသားစု၏ အမြတ်ငွေမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးငါးသိန်းဖြစ်ကာ ၎င်းတို့ထဲမှ သုံးသောင်းငါးထောင်ကို ရီဖန်ထံခွဲဝေခဲ့သည်။ အမျိုးမျိုးသော အသက်မွေးဝမ်းကျောင်းပညာရှင် အရေအတွက်သည်လည်း တိုးမြင့်လာသည်။

ရီဖန်ကိုယ်တိုင်လည်း ဤခွဲဝေမှုသည် ရီမိသားစုဝင်များထံမှ ထိုသို့သော အလားအလာကို လှုံ့ဆော်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဒီနှစ်မှာ သွေးကြောတစ်ခုချင်းစီရဲ့ ဖွံ့ဖြိုးမှုက ကောင်းတယ်။ သွေးကြောတိုင်းက ပင်မသွေးပြန်ကြောက အရင်းအမြစ်တွေကို ရယူနိုင်တယ်၊

ဆေးပညာသွေးကြောရဲ့ ဒီနှစ်ဆုကြေးက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးသောင်းဖြစ်ပြီးတော့၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို သန့်စင်ပြီးရင် ထပ်ဆောင်းအနေနဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို ဆုအဖြစ် ရရှိမှာဖြစ်တယ်။

အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းသွေးကြောက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးလေးသောင်းနဲ့ နဂါးငါးကောင်ဆေးလုံးဆယ်လုံးကို အပိုဆုအဖြစ် ချီးမြှင့်တယ်။

ကျင့်ကြံသူများသွေးကြော၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းနဲ့ နဂါးငါးကောင်ဆေးလုံး အပိုရှစ်ခုကိုရရှိမယ်"

“စီးပွါးရေးသွေးကြောကတော့”

ရီဖန်သည် လေသံပြောင်းကာ ရီကျင်းထျန် ဆီသို့ လှမ်းကြည့်လိုက်သည်။

“မင်းရဲ့ရလဒ်တွေက မင်းရရှိထားတဲ့ အရင်းအမြစ်တွေနဲ့ ညီမျှသလား။ နဂါးငါးကောင်ဆေးလုံးမသုံးဘူးလား၊ ဝိညာဉ်စွမ်းအားစုဝေးခြင်းအခင်းအကျင်းကိုရော အသုံးမပြုခဲ့ဘူးလား။ ဒီနှစ်မှာ မင်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းနဲ့ နဂါးငါးကောင်ဆေးလုံးငါးခုပဲ ရမယ်"

နှစ်စဉ်နှစ်တိုင်း သွေးကြောအခွဲတစ်ခုစီသည် အခြေခံအရင်းအမြစ်များဖြစ်သော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်သောင်းနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးတစ်ခုစီကို ရရှိနိုင်သည်။

ကျန်ဆုကြေးများအတွက်မူ ၎င်းတို့၏ တစ်နှစ်တာအတွင်း ဌာနခွဲတစ်ခုစီ၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်သတ်မှတ်ချက်အပေါ် အခြေခံထားသည်။

ကျင့်ကြံရေးအဆင့် တိုးတက်မှု၊ အမြတ်အစွန်း၊ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု မြှင့်တင်ပေးခြင်းစသည်ဖြင့် အားလုံးသည် အဆင့်သတ်မှတ်ခြင်းအတွက် အခြေခံဖြစ်သည်။

ရီဖန်၏ တွန့်ဆုတ်သွားသောအမူအရာကို ကြည့်ပြီးနောက် ရီကျင်းထျန်၏ မျက်နှာသည် နီရဲသွားသည်။

‘ဒီနှစ်မှာတော့ စီးပွါးရေးသွေးကြောက ရှုံးသွားပြီ’

ထိုအကြံအစည်ကို အကောင်အထည်ဖော်ရန် အချိန်ကျပြီဖြစ်သည်။

ခဏအကြာတွင် ရီဖန်သည် မြောက်ဘက်တောင်တန်းများထိပ်သို့ ရောက်သွားသည်။

မြောက်ဘက်တောင်တန်းများသည် မမြင့်လွန်းပေ။ တောင်ထွတ်ဆယ်တောင်ခန့်သာ ကျယ်ဝန်းကာ မိုင်ဒါဇင်ပေါင်းများစွာ ပတ်လည်ဖုံးလွှမ်းထားသည်။

ရီဖန်အစောပိုင်းကတီထွင်ခဲ့သော ဝိညာဉ်သွေးကြောသည် ယခုတွင်မူ ရီမိသားစုနေထိုင်ရာ တောင်ထွတ်ကို ဖုံးလွှမ်းထားသည်။

"စနစ်၊ ဝိညာဉ်သွေးကြော အဆင့်မြှင့်ကတ်ကို သုံးလိုက်ပါ"

…………………

အခန်း (၅၉) အရွက်တစ်ထောင်စျေး

မြောက်ဘက်တောင်တန်းအောက်၌ ပြင်းထန်သော ပြောင်းလဲမှုများဖြစ်ပေါ်လျက်ရှိသော်လည်း ကုန်းမျက်နှာပြင်တွင် သိသာထင်ရှားသောပြောင်းလဲမှုအနည်းငယ်မျှမရှိပေ။ သေးငယ်သော ဝိဉာဥ်သွေးကြောတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ကျယ်ပြောလာသည်။

မကြာမီတွင် ဝိညာဉ်သွေးကြော၏ လွှမ်းခြုံမှုအတွင်း၌ တောင်ထိပ်ဆယ်ခုရှိနေပြီဖြစ်ကာ ဝိညာဉ်စွမ်းအင်သိပ်သည်းဆသည်လည်း အဆများစွာ တိုးလာသည်။

အဓိကသွေးကြောတောင်ထွတ်ဖြစ်သည့် ရီမိသားစု၏ မူလတည်နေရာသည် ယခင်ကထက် ဆယ်ဆပိုမိုများကျယ်လာကာ ဝိညာဉ်စွမ်းအင်များစွာလည်း စုစည်းနေ၏။

ရီမိသားစုထဲရှိလူများသည် ထွက်ခွါခါနီး၌ ဝိညာဉ်စွမ်းအင်သိပ်သည်းဆပြောင်းလဲမှုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် တစ်ယောက်ကို တစ်ယောက် အံ့သြတကြီးကြည့်နေကြသည်။ သို့ရာတွင် မည်သူမျှ တစ်စုံတစ်ရာ မပြောခဲ့ကြပေ။

၎င်းတို့၏ နှလုံးသားထဲတွင် ဖခင်ဖြစ်သူသည် အရာအားလုံးကို စွမ်းဆောင်နိုင်၏။

ဝိညာဉ်စွမ်းအင်သိပ်သည်းဆအနည်းငယ်တိုးလာခြင်းသည် ၎င်းတို့၏ အထင်ကြီးဖွယ်ဖခင်ဖြစ်သူနှင့်ယှဥ်၍ပြောရန် မတန်ပေ။

ရီကျင်းထျန်သည် မြေပြင်မှ ပထမဆုံးထကာ ရီဖန်ဘက်သို့ ပြေးသွားခဲ့သည်။

“အဖေ့ အပြင်ဘက်ဆုံးတောင်ကို သုံးကြည့်ရအောင်"

ဝိညာဥ်သွေးကြောကို အဆင့်မြှင့်တင်ပြီးနောက် တောင်ထိပ်ဆယ်ခုလုံးကို ဝိညာဉ်စွမ်းအားတောင်ထိပ်များဟု သတ်မှတ်နိုင်သည်။

အပြင်ဘက်ဆုံးတွင် သိပ်သည်းဆအနည်းငယ်ခန့်သာရှိ၍ ရီမိသားစု၏ ပင်မသွေးကြောမှဆယ်ပုံတစ်ပုံစာသာရှိသည်။ ရီကျင်းထျန်က ဤသို့ဖြစ်ချင်နေသဖြင့် ရီဖန်သည် ငြင်းခြင်းအလျင်းမရှိဘဲ ချက်ချင်း သဘောတူလိုက်သည်။

ရီကျင်းထျန်သည် စိတ်လှုပ်ရှားစွာဖြင့် တောင်ခြေရင်းသို့ ပြေးသွားကာ ဓားကို ဆွဲထုတ်၍ ကျောက်တုံးကြီးတစ်တုံးကို ခုတ်ထစ်လိုက်သည်။ ထို့နောက် တောင်ထိပ်တွင် “အရွက်တစ်ထောင်စျေး”ဟု စာလုံးများထွင်းလိုက်သည်။

မှန်သည်။ မကြာသေးမီက ကျရှုံးပြီးနောက် ရီကျင်းထျန်သည် မိမိ၏အမှားများကို ပြန်တွေး၍ စိတ်ကူးထားသော်လည်း တစ်ခါမျှ မလုပ်ခဲ့ဖူးသော အစီအစဥ်တစ်ခုဖြစ်သည့် ရီမိသားစု၏ ကိုယ်ပိုင်စျေးကွက်ကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။ အထူးသဖြင့် ကြီးမားသောဈေးကွက်တစ်ခုသည် အလွန်များပြားသော အမြတ်ငွေများရနိုင်သည်။

ဆိုင်းဘုတ်ကို ပြင်ဆင်ပြီးသောအခါ ရီကျင်းထျန်က ဗိသုကာဆရာများ၊ အခင်းအကျင်းဆရာများနှင့် အခြားအရံအလုပ်သမားများကိုပါငှားရမ်းခဲ့သည်။

ရီကျင်းထျန် အရွက်တစ်ထောင်တောင်ထိပ်ဟု အမည်ပေးထားသည့် ဝိညာဉ်စွမ်းအားတောင်ထိပ်သည် မီတာခြောက်ရာမြင့်သည်။ တောင်ထိပ်သို့ ပိုနီးကပ်လေလေ ဝိညာဉ်ရေးစွမ်းအင်များ ပိုသိပ်သည်းလာလေလေဖြစ်သည်။

ရီကျင်းထျန်သည် ပထမဦးစွာ ဗိသုကာပညာရှင်များကို တောင်ထိပ်၌ ကျင့်ကြံသူတစ်ဦးစာလုံလောက်စွာ ကျယ်ဝန်းသော ငါးစတုရန်းမီတာ သို့မဟုတ် ခြောက်စတုရန်းမီတာကျယ်သည့် ဂူအိမ်များကို ဆောက်လုပ်စေခဲ့သည်။

ထို့နောက် ဂူအိမ်တစ်ခုစီတွင် ဝိညာဉ်စွမ်းအင်စုစည်းခြင်း အခင်းအကျင်းကိုတည်ဆောက်ရန် အခင်းအကျင်းဆရာသခင်ကိုခေါ်ခဲ့သည်။

ရီကျင်းထျန်သည် ဂူအိမ်များကို သာလွန်အဆင့်၊ အလယ်တန်းအဆင့် နှင့် အဆင့်နိမ့်ဟူ၍ အဆင့်သုံးဆင့်ခွဲရန် စီစဉ်ခဲ့သည်။ နောက်ဆုံးတွင် အဆင့်မြင့်ဂူအိမ်ဆယ်အိမ်၊ အလယ်အလတ်အဆင့် အိမ်ငါးဆယ်နှင့် အဆင့်နိမ့်အိမ်တစ်ရာတို့ရှိခဲ့သည်။

သုံးလအကြာတွင် ပြည့်ပြည့်စုံစုံဖွဲ့စည်းထားသော ဂူအိမ်များကိုကြည့်၍ ရီကျင်းထျန်၏ မျက်နှာထက်တွင် တောက်ပသောအပြုံးတစ်ခု ထွက်ပေါ်လာ၏။

လွတ်လပ်သော ကျင့်ကြံသူများ ကျင့်ကြံရာတွင် ဝိဉာဥ်စွမ်းအင်မြင့်မားသော ကျင့်ကြံရေးနေရာကို ရှာနိုင်ရန် ခက်ခဲလှသည်။ အကယ်၍ အရွက်တစ်ထောင်ဈေးသည် ကျင့်ကြံသူများကို ကျင့်ကြံရေးဂူအိမ်များ ပေးနိုင်ပါက ဝိညာဉ်ကျောက်တုံးများစွာ ရရှိမည်မှာ သေချာပါသည်။

တစ်လလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာပေးရသည့် သာလွန်ကောင်းမွန်သော ဂူအိမ်တစ်လုံးသည် ဈေးကြီးသလော။ စျေးကြီးသည်ဟု ထင်သလော။

ထိုသို့ဆိုလျှင် အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး ငါးဆယ်သာကုန်ကျမည့် အလယ်အလတ်အဆင့်ဂူအိမ်ရှိသေးသည်။

ယင်းကသာ စျေးကြီးနေသေးပါက တစ်လလျှင် အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးဆယ်လုံးသာပေးရမည့် အဆင့်နိမ့်ဂူအိမ်ရှိသည်။

ယင်းဂူအိမ်များမှ နှစ်စဥ်ဝင်နေမည့် ဝင်ငွေကို အလျင်အမြန်တွက်ချက် ခန့်မှန်းခဲ့ပြီးနောက် ကနဦးရင်းနှီးမြှုပ်နှံမှုများမှတပါး ဆက်လက်၍ ကုန်ကျစရိတ်များမရှိသလောက်နီးပါး နည်းပေလိမ့်မည်ဖြစ်သည်ကို ရီကျင်းထျန် သဘောပေါက်နားလည်လိုက်သည်။

အနာဂတ်တွင် ဧည့်သည်အရေအတွက်တိုးလာပါက ဂူအိမ်အရေအတွက်ကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်သည်။

ရီကျင်းထျန်က ဤသို့တွေးလိုက်သောအခါ သူ့မျက်နှာထက်မှ အပြုံးမှာ ပို၍ ကြီးကျယ်လာသည်။

‘နောက်နှစ်ကျရင် ငါနဲ့ဘယ်သူယှဥ်နိုင်မှာလဲ’

ထိုအချိန်တွင် ရီမိသားစုအတွင်း၌ ရီဖန်သည် စနစ်ကိုဖွင့်လိုက်သည်။

စနစ်၊ စာရင်းချုပ်ကြစို့။

ရီမိသားစုတွင် ကျင့်ကြံသူများဆက်လက်တိုးလာကာ ၎င်းတို့၏အဆင့်များ ဆက်လက်တိုးလာသည်နှင့်အမျှ ရီဖန်၏ကျင့်ကြံမှုအဆင့်သည်လည်း ရီမိသားစုအဖွဲ့ဝင်များနှင့် တဖြည်းဖြည်း ပို၍ ကွာခြားလာသည်။

ဤသည်မှာ အရည်အသွေးဆိုင်ရာပြောင်းလဲမှုကိုဖြစ်စေသော အရေအတွက်ပြောင်းလဲမှု၏ မလွှဲမရှောင်သာရလဒ်ဖြစ်သည်။ ဘိုးဘေးတစ်ဦးအနေဖြင့် သူ၏ကျင့်ကြံရေးအဆင့်မှာ မိသားစုရှိ အခြားသူများထက် များစွာသာလွန်နေခြင်းက သဘာဝကျလှသည်။

ဇာတ်ကောင်- ရီဖန်

သက်တမ်း- ၁၉၀ နှစ်

အဆင့်- အလယ်အလတ်အဆင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (၈၆၉၉၀/၁၀၀၀၀၀)

စွမ်းရည်များ - ဒုတိယအဆင့် အဆင့်နိမ့် တာအိုဆေးပညာ(၁၃၂၀/၃၀၀၀)၊ ဒုတိယအဆင့် ပန်းပဲပညာ (၁၂၀/၃၀၀၀)၊ ပထမအဆင့်ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်း (၁၅၉၉/၁၆၀၀)၊ မြွေစိမ်းမီးတောက်နည်းစနစ် (၇၉၉/၈၀၀)၊ လျို့ဝှက်ဆန်းကြယ်သောခရမ်းရောင်သစ်သားကျင့်စဉ်၌ကြီးမားသော အောင်မြင်မှု(၁၆၈/၄၀၀)

ထူးကဲစွမ်းရည်များ-မြွေစိမ်းသွေးမျိုးဆက် (၈၇၇/၁၀၀၀)၊ မီးစွမ်းအားပြီးပြည့်စုံစွာထိန်းချုပ်ခြင်း (၁၆၇/၈၀၀)၊

မိသားစုဂုဏ်ရည်များ- ခရမ်းရောင်ဥာဏ်အလင်း၊ ၊လိမ္မော်ရောင်စွမ်းရည်၊ အစိမ်းရောင်ပိုင်ရိ

မစ်ရှင်များ- တိုးပွါးလာသောမိသားစု လေး၊ သန်မာသောလမ်းကြောင်း သုံး၊ မိသားစုနယ်မြေ ငါး၊ မိသားစုလူဦးရေ နှစ်၊ မိသားစုလက်နက်တိုက် ငါး၊ မိသားစုစွမ်းအား နှစ် (၂၁၀/၃၀၀)

ရီဖန်၏ ကျင့်ကြံရေးအဆင့်သည် နှောင်းပိုင်းအဆင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှင့် မဝေးသော်လည်း သူ၏ အင်မော်တယ်ပစ္စည်းသန့်စင်ရေးကျွမ်းကျင်မှုကိုမူ အလွန်စိုးရိမ်လှသည်။

ဒုတိယအဆင့် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ အသုံးပြုသော ဝိညာဉ်ရေးဆိုင်ရာပစ္စည်းများကိုပြုလုပ်နိုင်သည်။

ဝိညာဉ်ရေးပစ္စည်းများသည် ကြီးမားသော စွမ်းအားများ ပါ၀င်ကာ ဝိဉာဉ်စွမ်းအားများ ပိုင်ဆိုင်ထားသောကြောင့် ထိုသို့ခေါ်ဝေါ်ကြခြင်းဖြစ်၏။

ဝိညာဉ်စွမ်းအားကို ဝိညာဉ်ရေးဆိုင်ရာ ပစ္စည်းတစ်ခုအဖြစ် ထည့်သွင်းရန်၊ သန့်စင်နေစဉ်အတွင်း သားရဲတစ်ကောင်၏ ဝိညာဉ်ကို ပေါင်းစပ်ရန် လိုအပ်သည်။

သားရဲဝိဉာဉ်ကို ပေါင်းစပ်လိုက်သောအခါ ဝိညာဉ်ရေးပစ္စည်းသည် စွမ်းအားတချို့ကိုပင် စုပ်ယူထားနိုင်ခြေရှိသည်။ ရီဖန်သည် ဝိညာဉ်ရေးကိရိယာတစ်ခုကို ထုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများကို ပြင်ဆင်ထားပြီးဖြစ်သည်။ အဆင့်ဖြတ်ကျော်နိုင်ခြင်းကို စောင့်ဆိုင်းရုံဖြင့် ချက်ခြင်း ပြန်လည် သန့်စင်နိုင်မည်ဖြစ်သည်။

အစိမ်းရောင်သစ်သားမီးတောက်သည် တစ်ဟုန်ထိုးတောက်လောင်လာသည်နှင့် ဝိညာဉ်ကျောက်တုံးတိုင်းသည် အရည်ပျော်သွားကာ မကြာမီတွင် ဓားတစ်စင်း၏ အခြေခံပုံစံတစ်ခု ထွက်ပေါ်လာသည်။

အခြေခံပုံစံ အဆင်သင့်ဖြစ်သည်နှင့် အင်မော်တယ်ပစ္စည်းများ ထုလုပ်ခြင်းနှင့်အတူ တားမြစ်ချက်များကို ဖယ်ရှားရန်လည်းအချိန်ကျပြီဖြစ်သည်။ သို့သော် အခြေခံအကျဆုံးဝိဉာဥ်ရေးပစ္စည်းများပင်လျှင် ရာနှင့်ချီသော တားမြစ်ချက်များရှိသည်။

ထိုသို့သော အသုံးစရိတ်ကို ကျင့်ကြံသူတိုင်းက ခံနိုင်ရည်မရှိပေ။ ယေဘုယျအားဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အင်မော်တယ်ပစ္စည်းသန့်စင်သူ တစ်ဦးတည်းကသာ ရာနှင့်ချီသော တားမြစ်ချက်များကို ရေးထွင်းနိုင်စွမ်းရှိသည်။ ဆယ်ရက်အကြာတွင် နောက်ဆုံးတားမြစ်ချက် ပြီးဆုံးသောအခါ ဝိညာဉ်ဓားမှ စူးရှသော ရောင်ဝါတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

ရီဖန်ရေးထိုးထားသော တားမြစ်ချက်သည် ဝိညာဉ်ရေးဆိုင်ရာ ပစ္စည်းများတွင် အရိုးရှင်းဆုံး ရွှေအနားသတ်တားမြစ်ချက်ဖြစ်ကာ ရွှေဂုဏ်ရည် ဝိညာဉ်ရေးဆိုင်ရာ ပစ္စည်းများနှင့် သက်ဆိုင်သည်။

အဆုံးတွင် ရီဖန်သည် ချီစွမ်းအားကျင့်ကြံခြင်းအထွတ်အထိပ်အဆင့်ရှိ သားရဲတစ်ကောင်၏ ဝိညဥ်ကို သတ်မှတ်ထားသည့်နေရာ၌ ဖြည်းညှင်းစွာချိတ်ပိတ်ထားလိုက်သည်။ နောက်အခိုက်အတန့်တွင် ဝိဉာဥ်ဓားမှ ရွှေရောင်ချီစွမ်းအားသည် တိုက်ရိုက်ပေါက်ကွဲလာသည်။

ဤရွှေရောင်ချီစွမ်းအားဓားသည် ဓားဝိဉာဥ်မှတိုက်ရိုက်ပေါ်ထွက်လာခြင်းဖြစ်သဖြင့် ရီဖန်က ယင်းကို ဖိနှိပ်ခြင်းမရှိခဲ့ချေ။

"ပထမအဆင့်ဝိညာဉ်ရေးပစ္စည်း၊ အဆင့်နိမ့်ဝိညာဉ်ဓား၊ ရွှေအလင်းဓား"

ရွှေအလင်းဓားသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်ထောင်တန် ဝိညာဉ်ရေးပစ္စည်းများလိုအပ်သည်၊ ချီကျင့်ကြံရေးအဆင့် သားရဲ၏ဝိဉာဥ်သည် ဝိညာဉ်ကျောက်တုံးထောင့်ငါးရာတန်ဖိုးရှိသည်။

ရွှေအလင်းဓားကိုဝယ်ယူရန် အနည်းဆုံးအဆင့်နိမ့်ဝိညာဉ် ကျောက်တုံးတစ်သောင်းခွဲခန့်လိုအပ်သည်။ ဆေးပညာနှင့် ရှေးဟောင်းပစ္စည်း သန့်စင်ခြင်းကဲ့သို့သော ကျွမ်းကျင်မှု အဆင့်များ မြင့်မားလေ၊ အကျိုးအမြတ် ပိုများလေဖြစ်သည်။

ထို့ကြောင့် ဒုတိယအဆင့်အလုပ်များအလွန်ရေပန်းစားနေသည်မှာ အံ့သြဖွယ်မဟုတ်လှပေ။ ထို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဂိုဏ်းများကပင် ဒုတိယအဆင့်အလုပ်များကို ဂုဏ်ယူထိုက်သောဧည့်သည်တော်များဟု ယူဆကြသည်။

ရီဖန်သည် အဆင့်နိမ့် ဝိညာဉ်ဓားသုံးချောင်းကို တီထွင်ပြီးနောက် သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးဆယ်ခုကို ပြုလုပ်ခဲ့သည်။

အပျက်အစီးများအတွင်းရှိ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းမြက်ပင် ၏ အစိတ်အပိုင်းတိုင်းကို အသုံးပြုခဲ့သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း မြက်ပင် တိုင်းကို မျိုးစေ့ထုတ်ရန် သန့်စင်၍မရနိုင်သည့်အပြင် စိုက်ပျိုးထားပြီးသော ထိုလက်ကျန်များပင် ယခုအခါ ကုန်ခမ်းသွားပြီဖြစ်သည်။

အနာဂတ်တွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများ ကို ဆက်လက် ပြုပြင်လိုပါက၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း မြက်ပင် ကို ထပ်မံရှာဖွေရန် လိုအပ်သည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးဆယ်ခုသည် မများလှသော်လည်း ရီဖန်က အံကို ကြိတ်၍ သုံးခုသာ ထုတ်လာခဲ့သည်။ အရွက်တစ်ထောင်ဈေးကို စည်ကားစေလိုပါက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးများနှင့် ဝိညာဉ်ရေးဆိုင်ရာပစ္စည်းများကဲ့သို့ တခြားဈေးကွက်တွင် မရှိသောအရာများရှိရမည်ဖြစ်သည်။

နောက်ထပ်သုံးလကြာပြီးနောက်၊ ကွမ်ဟယ်စီရင်စုရှိ ကျင့်ကြံသူအသိုင်းအဝိုင်းတစ်ခုလုံးသို့ သတင်းတစ်ခု ပျံ့နှံ့သွားသည်။ မြွေစိမ်းရီမိသားစုမှ ဦးစီးသော အရွက်တစ်ထောင်ဈေးသည် ယခုအခါတွင် အမျိုးမျိုးသော ဆေးလုံးများ အင်မော်တယ်လက်နက်များနှင့် ဝိညာဉ်အရင်းအမြစ်များကို ဖွင့်လှစ်ရောင်းချတော့မည်ဖြစ်သည်။

ပို၍ အံ့သြဖွယ်ကောင်းသည်မှာ ၎င်းတို့တွင် ဝိညာဉ်ရေးဆိုင်ရာပစ္စည်းများနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးများကို ရောင်းချရန် ရှိထားခြင်းဖြစ်၏။

…………………………………..

အခန်း(၆၀) မီးတောက်နေသော အရွက်ထောင်ပေါင်းများစွာ

အခြေခံတည်ဆောက်ခြင်းဆေးသည် ဝိညာဉ်ရေးဆိုင်ရာပစ္စည်းတစ်ခုဖြစ်သည်။ ယခုအချိန်တွင် အခြေခံတည်ထောင်ခြင်းအဆင့်ရှိ ဂိုဏ်းခွဲများပင် အငြိမ်ထိုင်မနေနိုင်ကြတော့ပေ။ ‘အခြေခံတည်ထောင်ခြင်းဆေးတွေနဲ့ ဝိဉာဥ်ရေးရာပစ္စည်းတွေ တကယ်ရှိနေတဲ့ မျိုးနွယ်စုငယ်တစ်ခုလား။ ငါမယုံနိုင်ဘူး’

အရွက်တစ်ထောင်ဈေးဖွင့်ပွဲနေ့တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အရွက်တစ်ထောင်တောင်ထိပ်သို့ ဦးတည်လာကြသည်။ အရွက်တစ်ထောင်ဈေးရှိ ဝိညာဉ်စွမ်းအင်၏သိပ်သည်းဆကို ခံစားလိုက်ရသောအခါ ကျင့်ကြံသူများအားလုံး ချက်ချင်း အံ့အားသင့်သွားကြသည်။

စိတ်ဝိညာဉ်စွမ်းအင်များ ထူထပ်စွာပါရှိသော ဤကဲ့သို့သော ရတနာကို စျေးကွက်တစ်ခုအဖြစ် အမှန်တကယ် အသုံးပြုလျက်ရှိသည်။ ဤသည်ကား ဖြုန်းတီးခြင်းမဟုတ်သလော။ မြင့်မြတ်သောမိသားစုအများစုသည် မနာလိုဖြစ်ကြသည်။ ဈေးရှိဝိညာဉ်စွမ်းအင်သိပ်သည်းဆသည် ၎င်းတို့၏မိသားစုနယ်မြေများထက်ပင် ပို၍မြင့်မားသည်။

ကောင်းကင်ယံ၌ ပုဂ္ဂိုလ်များစွာ တခဏအတွင်း ရောက်လာသည်။ “ဒီအရွက်တစ်ထောင်စျေးအောက်က ဝိညာဉ်သွေးကြောက အဆင့်မနိမ့်ဘူးပဲ”

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ဘုန်းတော်ကြီးတစ်ပါးသည် ပုံမှန်မဟုတ်သော ထူးခြားမှုတစ်ခုကို ခံစားလိုက်မိသည်။

“အဲဒီလို ဝိညာဉ်သွေးကြောကို မျိုးနွယ်စုက ပိုင်ဆိုင်ထားတယ်ဆိုတာ နည်းနည်းတော့ ဖြုန်းတီးရာမကျဘူးလား” ဝိညာဉ်ဓားသွားဆေးခန်းမှ အခြေခံအုတ်မြစ်တည်ဆောင်ခြင်းအဆင့်ရှိ အကြီးအကဲ ကျန့်ချန်ကပြောကြားသည်။

ကွမ်ဟယ်စီရင်စုရှိ ဝိညာဉ်ရေးသွေးကြောများ အရေအတွက် မများလှသည့်အပြင် ၎င်းတို့အများစုသည်လည်း အဆင့်မမြင့်ကြပေ။ အဓိကဂိုဏ်းခွဲအားလုံးအတွက်၊ ဝိညာဉ်ရေးသွေးကြောများသည် အရေးကြီးသော မဟာဗျူဟာအရင်းအမြစ်များဖြစ်သည်။

ယခုတွင် အဆင့်နိမ့်သော ဝိညာဉ်ရေးသွေးကြောများ ပေါ်လာ၍ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ၎င်းတို့၏ ဂိုဏ်းခွဲများက သိမ်းပိုက်ထားခြင်း မရှိကြောင်း၊ လူအနည်းငယ်က ရုတ်တရက် အကြံဥာဏ်များရှိလာကြသည်။

"အရမ်းမတွေးဖို့ အကြံပေးပါတယ်" ပိုင်ရွှယ်က ခပ်တိုးတိုးပြောလိုက်၏။ ရီမိသားစုနှင့် အနီးစပ်ဆုံးဂိုဏ်းဖြစ်သောကြောင့် သက်ရှည်ဂိုဏ်းက ရီမိသားစုအကြောင်း အနည်းငယ်သိသည်။

အနည်းဆုံးတော့ ရီမိသားစုတွင် အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲနှစ်ဦးနှင့် အသက်ရှည်ဂိုဏ်းရှိ အကြီးအကဲများရှိသည်။ သို့သော် ပိုင်ရွှယ်၏ ရီဖန်အပေါ် နားလည်မှုအရ ရီမိသားစုတွင် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူမှာ အပေါ်ယံတွင် မြင်ရသည်ထက် ပို၍များပြားနိုင်သည်။

ကွမ်ဟယ်စီရင်စုရှိ အခြေခံအုတ်မြစ် တည်ထောင်ရေးအဆင့်တွင် အဓိက ဂိုဏ်းအနည်းငယ် ရှိ၍ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်အကြီးအကဲများရှိထားသည့် ဂိုဏ်းဟူ၍မူ ငါးဂိုဏ်းသာရှိသည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင်ရှိနေသော ရီကျင်းဟိုင်အပါအဝင် ၎င်းတို့၏ သက်ရှည်ဂိုဏ်းတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသည့် အကြီးအကဲရှစ်ဦးသာရှိသည်။

"ဟမ့်၊ သာမန်ကျင့်ကြံရေးမိသားစုလေးပဲ" ပိုင်ရွှယ်၏ စကားကိုကြားသောအခါ လူတစ်ချို့က ကဲ့ရဲ့ရှုတ်ချကြသည်။ ရီမိသားစုသည် ကွမ်ဟယ်စီရင်စုတွင် အလွန်အဆင့်နိမ့်လှသည်။ ပိုင်ရွှယ်သည် ယောက်ျားတစ်ယောက်ကို သေခါနီးတွင် မနှောက်ယှက်ချင်သောကြောင့် မည်သည့်စကားတစ်ခွန်းမျှမပြောတော့ပေ။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအများအပြားရောက်ရှိလာခြင်းသည် ကျင့်ကြံအားထုတ်သူများကြားတွင် ကြီးမားသော တုန်လှုပ်ချောက်ချားမှုကို ဖြစ်စေသည်။

ကြီးမြတ်‌သောကောင်းကင်၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူများရောက်လာပြီ။ သစ်ရွက်တစ်ထောင်စျေးတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးနှင့် အင်မော်တယ်ပစ္စည်းများရှိသည်ဟူသော ကောလာဟလသည် အမှန်ဖြစ်ပုံရသည်။

"ဒီ ရီမိသားစုက တကယ်ကိုကြီးကြီးမားမားပြင်ဆင်ထားတာပဲ”ကျန့်ချန်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၏ပြင်းထန်လှသော ရောင်ဝါကို တိုက်ရိုက်လွှင့်ထုတ်၍ အရွက်တစ်ထောင်စျေးကို သူ၏ စိတ်ဝိဉာဥ်နှင့် ယုံကြည်ချက်ရှိစွာ စကန်ဖတ်လိုက်သည်။ ပိုင်ရွှယ်၏ မျက်နှာထက်၌ ဒေါသအငွေ့အသက်များပျံ့နှံ့သွားကာ သူစကားပြောခါနီးတွင် အရွက်တစ်ထောင်စျေးအတွင်းမှ ၎င်းတို့အားလုံးထက် သာလွန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

"ခင်ဗျားတို့အကုန် အဝေးကြီးကလာခဲ့ရတာ။ စောစောက မနှုတ်ဆက်မိတာ ခွင့်လွှတ်ပါ" ရီဖန်သည် မည်သူ့ကိုမျှ ပစ်မှတ်မထားသော်လည်း အလယ်အလတ် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ရောင်ဝါကိုမူ မည်သူမျှ လျစ်လျူမရှု့နိုင်ကြပေ။

အလယ်အလတ်အဆင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူလား ‘ဒီလိုမျိုး ကျင့်ကြံရေးမိသားစုငယ်လေးတစ်ခုမှာ အလယ်အလတ်အဆင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ ရှိတယ်လား’

"အကြီးအကဲရီ၊ ငါတို့ကသာ ကျူးကျော်လာသူတွေပါ" ပိုင်ရွှယ်သည် ရီဖန်၏ နာမည်ကို ထုတ်ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် အခြားသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများသည် ဤလူမှာ ရီမိသားစု၏ အကြီးအကဲဖြစ်ကြောင်း သိလိုက်ကြသည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ အကြီးအကဲ၊ အထူးသဖြင့် အလယ်အလတ်အဆင့် ပုဂ္ဂိုလ်တစ်ဦးသည် ၎င်းတို့၏အာရုံစိုက်ခံရရန် အမှန်ပင်ထိုက်တန်သည်။ ယခုလေးတင် မကျေမနပ်ဖြစ်နေသော ကျန့်ချန်သည်ပင် မည်သည့်စကားတစ်ခွန်းမျှ ပြန်မပြောနိုင်တော့ပေ။

ဤနေရာသို့ရောက်လာရခြင်း၏ရည်ရွယ်ချက်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးနှင့် အင်မော်တယ်ပစ္စည်းလက်နက်များကြောင့်ဖြစ်သည်။ ရီမိသားစု၏ အင်အားကို ယခုသိလိုက်ရသဖြင့် ၎င်းတို့သည် အလိုအလျောက်ပင် ရီမိသားစုနှင့် ရန်သူမဖြစ်လိုတော့ပေ။

"ငါက ဝိညာဉ်ဓားသွားဆေးခန်းက ကျန့်ချန်ပါ”

"ကျွန်တော်က လီမိသားစုက လီသုန်ဟေးပါ"

မိတ်ဆက်ပြီးနောက် ရီဖန်သည်လည်း ၎င်းတို့ကို သိသွားသည်။ ကွမ်ဟယ်စီရင်စုရှိ အဓိက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ဂိုဏ်းသုံးခုအနက် နှစ်ခုဖြစ်သည့် ဝိညာဉ်ဓားသွားဆေးခန်းနှင့် သက်ရှည်ဂိုဏ်းတို့ တက်ရောက်လာကြသည်။ လီမိသားစုသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် မိသားစုဖြစ်လာခဲ့သည်။

သူတို့၏အမည်များကို ကြားလိုက်သောအခါ ရီဖန်၏မျက်နှာထက်တွင် ပို၍ ကြီးမားသော အပြုံးတစ်ခု ပေါ်လာ၏။ ဤလူများအားလုံးသည် အရေးပါသော ဖောက်သည်များဖြစ်ကြသည်။

"အားလုံး ကျေးဇူးပြု၍ လာပါ"

"မဟုတ်ဘူး၊ မဟုတ်ဘူး မျိုးနွယ်စုခေါင်းဆောင်ရီ၊ ခင်ဗျားအရှေ့ကသွားပါ"

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများသည်ပင် ရီမိသားစုကို အလွန်ယဥ်ကျေးပြနေသည်ကို မြင်လိုက်ရသောကြောင့် အနီးနားရှိ ကျင့်ကြံသူများက အရွက်တစ်ထောင်စျေးကွက်ကိုပို၍ ယုံကြည်လာကြသည်။

“အရွက်တစ်ထောင်စျေးမှာ ငှားဖို့ ဂူအိမ်တွေတောင် ရှိတယ်။ ဒါအရမ်းထူးခြားတာပဲ။ ငါတစ်ခုယူမယ်"

"အရေအတွက်ကန့်သတ်ထားလို့ မြန်မြန်လေးယူလိုက်နော်"

နောက်ဆုံးတွင်၊ ဤအချိန်၌ ငှားရန်ဂူအိမ်များရှိကြောင်း တစ်စုံတစ်ဦးမှ သတိပြုမိလာသဖြင့် အမှီအခိုကင်းသော ကျင့်ကြံသူများကို စိတ်လှုပ်ရှားစေသည်။ ဝိညာဉ်စွမ်းအင်သိပ်သည်းဆမြင့်မားသော လှိုဏ်ဂူအိမ်သည် ဆေးလုံးများထက် ထိရောက်မှုမနည်းလှပေ။

ဤအမှီအခိုကင်းသော ကျင့်ကြံသူများအတွက် မိသားစုမျိုးရိုး သို့မဟုတ် ဂိုဏ်းတစ်ခုမှ ကျောထောက်နောက်ခံမပေးပါက သင့်လျော်သော ကျင့်ကြံရေးနေရာကို ရှာရန် မလွယ်လှပေ။ ဂူအိမ်များအကြောင်း သတင်းပြန့်နှံ့ပြီးနောက် အမှီအခိုကင်းသော ကျင့်ကြံသူများသည် အရွက်တစ်ထောင်ဈေးသို့ အပြေးရောက်လာကြသည်။

ဂူအိမ်များစွာမရှိဘဲ ကျင့်ကြံသူအများအပြားရှိသောကြောင့် ရနိုင်ခြေနှင့်ပတ်သက်၍ ပြိုင်ဆိုင်ရပေလိမ့်မည်။

အတင်းအဓမ္မလုယူခြင်းနှင့်ပတ်သက်၍မူ… သောင်းချီသော ချီကျင့်ကြံရေးအဆင့် ကျင့်ကြံသူများအကြားတွင် မည်သူက ပြဿနာရှာဝံ့လိမ့်မည်နည်း။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများပင် သစ်ရွက်တစ်ထောင်စျေး၌ ယဥ်ကျေးပျူငှာစွာပြုမူနေသည်ကို ၎င်းတို့ မတွေ့သလော။ အခြားတစ်ဖက်တွင်မူ ကုန်သည်များသည် ကျင့်ကြံသူအများကို မြင်သည်နှင့်တစ်ပြိုင်နက် စီးပွားရေးအခွင့်အလမ်းများကို အနံ့ခံမိကြသည်။

အရွက်တစ်ထောင်ဈေးတွင် ဆိုင်တစ်ဆိုင်ငှားလျှင် ချမ်းသာမည် မဟုတ်လော။ လူများစွာရောက်ရှိလာပြီး တစ်ခဏချင်း၌ပင် အရွက်တစ်ထောင်စျေးသည် လူထူထပ်လျက်ရှိနေပြီဖြစ်သည်။

အရွက်တစ်ထောင်စျေးအတွင်း၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူလေးဦးနှင့် ချီစွမ်းအားကျင့်ကြံရေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူများသည် ဝိညာဉ်ရေးဆိုင်ရာ ပစ္စည်းများနှင့် တည်ဆောက်ခြင်းဆေးလုံးတို့ကို စိတ်အားထက်သန်စွာ ကြည့်ရှုကြသည်။

ယခင်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးနှင့် ဝိညာဉ်ပစ္စည်းများကို ဝယ်ယူရန် ကွမ်ဟယ်စီရင်စုရှိ ကျင့်ကြံသူများသည် အခြားမြို့များသို့သွားခဲ့ရသည်။

အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် ၎င်းကို ခံနိုင်ရည်ရှိသော်လည်း ချီစွမ်းအားသန့်စင်မှုအဆင့်ရှိသူများအတွက်မူ အချိန်များစွာပေးရ၍ အန္တရာယ်များစွာဆီသို့ ဦးတည်သွားနိုင်သည်။

ယခုအခါ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးနှင့် ဝိညာဉ်ရေးပစ္စည်းများကို ကွမ်ဟယ်စီရင်စုတွင် အလွယ်တကူ ဝယ်ယူနိုင်ပြီဖြစ်ကာ ဤသည်မှာ ဂိုဏ်းခွဲများနှင့် မိသားစုမျိုးနွယ်စုများအတွက် ကောင်းမွန်သောအရာဖြစ်သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိပုဂ္ဂိုလ်သုံးဦးအတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးသုံးခုကို ညီတူမျှတူခွဲဝေယူနိုင်၏။

ထို့ကြောင့် ဤနေရာသို့ မလာခဲ့သော ရှည်လျားမြစ်ဂိုဏ်းအကြောင်းတွေး၍ ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးသုံးခုကို မျှဝေရန် အင်အားစုလေးခုရှိလျှင် တိုက်ပွဲတစ်ခု ဖြစ်ပွားနိုင်ဖွယ်ရှိသည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးသည် ဝိညာဉ်ကျောက်တုံးနှစ်သောင်းကျော်တန်ကြေးရှိသည်။

ရီဖန်သည် လစဉ် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးတစ်ခုကို ရောင်းချပေးမည်ဟု ကတိပြုထားသည်။ အခြား ချီကျင့်ကြံခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဝယ်ယူလိုလျှင်မူ မိမိတို့၏အလှည့်ကို စောင့်ကြရမည်ဖြစ်သည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးနှင့် နှိုင်းယှဉ်ပါက အဆင့်နိမ့် ဝိညာဉ်ရေးပစ္စည်းများသည် အဖိုးတန်သော်လည်း ရီဖန်က ၎င်းတို့ကို တည်ငြိမ်စွာ ထုတ်လုပ်နိုင်သောကြောင့် ပြိုင်ဆိုင်ရန် မလိုအပ်ပေ။

အခြား ချီစွမ်းအားကျင့်ကြံရေးမိသားစုများသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို မ၀ယ်နိုင်ကြသော်လည်း ရီဖန်က နဂါးငါးကောင် ဆေးလုံးများနှင့် အလားတူပစ္စည်းအများအပြားကို ရောင်းချရန် ဆောင်ထားသေး၏။ နဂါးငါးကောင် ဆေးလုံးများ နှင့် ထိပ်တန်းအင်မော်တယ်ပစ္စည်းများကဲ့သို့သော အရင်းအမြစ်များနှင့်ပတ်သက်၍လည်း အဓိက မိသားစုများက အလွန်ကျေနပ်ကြသည်။ ခဏတာတော့ အားလုံးက အလွန်ပျော်နေကြသည်။

တစ်ဖက်တွင် ဆိုင်ခန်းငှားရန်တာဝန်ခံ ရီကျင်းထျန်သည် လူအုပ်ကြီးဖြင့် ဝန်းရံခြင်းခံထားရ၏။ ထင်ရှားသည်မှာ၊ အကောင်းဆုံးစျေးဆိုင်များမှာ စိုက်ပျိုးမှုဂူအိမ်များအနီးတွင်ဖြစ်သည်။ သို့သော် ထိုဆိုင်များသည် တစ်နှစ်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ ထောင်နှင့်ချီ၍ပေးရသော စျေးအကြီးဆုံးဆိုင်များဖြစ်ကြသည်။

အခြားဈေးနှစ်ခုနှင့် နှိုင်းယှဉ်ပါက အရွက်တစ်ထောင်ဆေးခန်း၌ ငှားရမ်းခ အလွန်ဈေးကြီးသည်။ သို့သော် ထိုသို့ဆိုလျှင်ပင် လူအများက စိတ်ဝင်စားကြ၏။ တကယ်သာ ပိုက်ဆံရှာနိုင်ပါက စျေးကြီးသည် မကြီးသည်ကို မည်သူက ဂရုစိုက်လိမ့်မည်နည်း။

"လူကြီးမင်းရီ၊ ငါတို့ ဒီဆိုင်ကို ငှားချင်တယ်" အရွက်တစ်ထောင်ဆေးခန်း ‌ဘေးရှိ ဆိုင်ကို လက်ညှိုးထိုးပြ၍ လူတစ်ယောက်က‌ ပြောလာသောအခါ ရီကျင်းထျန်က ခေါင်းခါ၍ ပြန်ဖြေလိုက်၏။ "ဒီဆိုင်ကို ငှားပြီးသွားပြီ"

အရွက်တစ်ထောင်ဆေးခန်း နံဘေးရှိ ဆိုင်တစ်ဆိုင်ဖြစ်သဖြင့် ရှင်းသည်၊ ဤသည်က အကောင်းဆုံးနေရာဖြစ်သည်။ “ငါတို့က ဆိုင်ခန်းငှားဖို့ ပထမဆုံးရောက်လာတဲ့လူတွေပဲ။ မင်းတို့ ငှားပြီးပြီဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မငှားချင်ရင်လည်း မငှားချင်ဘူးပြောလေ”

“ငါက ငှားသွားပြီလို့ပြောရင် ငါးသွားလို့ပေါ့။ ငါ ဒါကို မင်းကို ရှင်းပြဖို့ လိုသလား"ရီကျင်းထျန်က သူ၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် မကျေမနပ် ဖြစ်နေသော ကျင့်ကြံသူကချက်ချင်း ဖြူဖျော့သွားသည်။

၎င်းတို့သည် ဤနေရာမှာ ရီမိသားစု၏ စျေးတန်းဖြစ်ကြောင်း မေ့လျော့သွားခဲ့ခြင်းဖြစ်ကာ ရီကျင်းထျန်က ၎င်းတို့ကို မည်သည့်အရာမျှ ရှင်းပြနေရန်မလိုပေ။

"တူလေး ကျင်းထျန် နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်" ဟူသောအသံနှင့်အတူ လူအုပ်ထဲမှ လူတစ်ယောက်ထွက်လာသည်။

All Chapters