အခန်း ၆၁-၆၃
Vol. 5 Ch. 61-63
အခန်း (၆၁) မိသားစုစွမ်းအား -၂ (အောင်မြင်ပြီးဆုံး)
"အားလုံးကို တောင်းပန်ပါရစေ။ ဒီဆိုင်ကို ကျွန်တော်တို့ ယွမ်မိသားစုက ငှါးထားပြီးပါပြီ"
ထိုစကားကိုပြောလိုက်သူသည် ရီကျင်းဟိုင်၏ ယောက္ခမဖြစ်သူ ယွမ်ချောင်ယန်ဖြစ်သည်။ ရီဖန်သည် ၎င်းတို့မိသားစုကို ကောင်းမွန်စွာ ဂရုစိုက်၏။
ယွမ်ချောင်ယန်၏ စကားကိုကြားသော လူအုပ်ကြီးက သူ့ကိုလှည့်ကြည့်လာသည်။ မည်သို့သော အာဏာရှိပုဂ္ဂိုလ်သည် အရွက်တစ်ထောင်ဆေး၌ ဆိုင်ခန်းတစ်ခုကို ကြိုတင်၍ငှါးနိုင်ခဲ့ပါသနည်း။
မကြာမီတွင် တစ်ယောက်ယောက်သည် ယွမ်ချောင်ယန်ကို မှတ်မိသွားပုံရသည်။
"သူက ယွမ်မိသားစုက အကြီးအကဲ မဟုတ်ဘူးလား"
“ဟုတ်သားပဲ၊ ယွမ်မိသားစုရဲ့သမီးက ရီမိသားစုနဲ့ လက်ထပ်ခဲ့တာ၊ အခု သူတို့က ခမည်းခမက်တွေပေါ့”
"ယွမ်မိသားစုက သေချာပေါက်ကို ကံကောင်းတာပဲ"
လူအုပ်၏အကြည့်များသည် ယွမ်ချောင်ယန်ထံသို့ ကူးပြောင်းသွားကာ သမီးဖြစ်သူ၏ အိမ်ထောင်ရေးကြောင့် သူ၏အဆင့်အတန်းမြင့်မားသွားသည်ကို မနာလိုဖြစ်နေကြသည်။ ရီမိသားစု၏ လက်ရှိအင်အားဖြင့် အနာဂတ်တွင် ယွမ်မိသားစုကို ရန်စရန် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်တော့ချေ။
သို့သော် ယွမ်မိသားစုသည် ရီမိသားစုနှင့် ခမည်းခမက်ဖြစ်နိုင်ပါက ၎င်းတို့လဲ အဘယ်ကြောင့်မစွမ်းဆောင်နိုင်ရှိရမည်နည်း။ အိမ်ထောင်ဖက်အတွက်မူ ဤနေရာရှိ ရီကျင်းထျန်သည် ကောင်းမွန်သည့်ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်။
အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်တွင်ရှိသည့် ကျင့်ကြံသူတစ်ဦးအတွက် အသက်ငါးဆယ်ကျော်သည် ငယ်ရွယ်သောအမျိုးသားတစ်ဦးသာဖြစ်သည်။ ရီကျင်းထျန်ကိုကြည့်လိုက်ပြီးနောက် သူသည် အဓိက ရီမိသားစုဝင်တစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။
“အကြီးအကဲရီ၊ ကျွန်တော့သမီးက သုံးဆယ့်ရှစ်နှစ်လောက်ရှိပြီးတော့ တော်တော်ကိုလှတယ်။ သူမ မင်းကို သဘောကျနေတာ ကြာပြီ"
“ကျွန်တော့သမီးက အသက်နှစ်ဆယ့်ရှစ်နှစ်…”
“ကျွန်တော့သမီးက ရှစ်နှစ်…”
ရီကျင်းထျန်သည် ၎င်းတို့ကို အမြန်တားယူလိုက်ရသည်။ ဤမျှငယ်ရွယ်ပါက ရာဇ၀တ်မှု ဖြစ်သွားနိုင်သည်။ စီးပွါးရေးစုဆောင်းမှုဟု ယူဆရသည့်အရာသည် အောင်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော် နောက်ဆုံးတွင် အရွက်တစ်ထောင်ဈေးရှိ ဆိုင်ခန်းအများအပြားကို ငှါးရမ်းနိုင်ခဲ့၏။
တစ်ရက်တည်းနှင့် ရီမိသားစုသည် ၎င်းတို့၏ဆိုင်များနှင့် ကျင့်ကြံရေးဂူအိမ်များမ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသုံးသိန်းကို အမြတ်ရရှိခဲ့သည်။ ကိုယ်ပိုင်စျေးကွက်ရှိခြင်းသည် အမှန်တကယ်ပင် အမြတ်အစွန်းများပေသည်။
“စျေးကွက်တည်ထောင်ခြင်းအတွက် ဂုဏ်ယူပါတယ်။ သခင့်ရဲ့ စွမ်းအားတန်ဖိုးက အမှတ် ၂၀၀ တိုးလာပါပြီ၊ သခင့်တို့ရဲ့ မိသားစုစွမ်းအားကို မြှင့်တင်ပေးမယ့် ရေရှည်မစ်ရှင်ပြီးမြောက်သွားတဲ့အတွက် ဆုကိုထုတ်ယူနိုင်ပါပြီ”
ရီဖန်သည် ရီကျင်းထျန်၏ စီးပွားရေးထက်မြက်မှုကို အလွန်ကျေနပ်သွားသည်။ အရင်းအမြစ်များသည် မိသားစုတိုင်းအတွက် အလွန်အရေးကြီးသည်ဖြစ်ရာ အရွက်တစ်ထောင်ဈေးသည် ကွမ်ဟယ်စီရင်စုရှိ ထိပ်တန်းဈေးကွက်ဖြစ်လာခဲ့သည်။
“စနစ်၊ ဆုကို ထုတ်လိုက်ပါ”
"မိသားစု ကျွမ်းကျင်မှု (နှစ် ၃၀) ဆုရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ် သခင်"
မိသားစုကျွမ်းကျင်မှု (နှစ် ၃၀)- ၎င်းသည် လေ့ကျင့်မှု အနှစ်၃၀နှင့်ညီမျှသော မိသားစု၏ ဒုတိယအလုပ်အကိုင်ပညာကို တိုးတက်လာစေသည်။
၎င်းဆုသည် ရီဖန်ယခင်က ရရှိခဲ့သောအင်မော်တယ်စွမ်းအားကျင့်ကြံရေးကျွမ်းကျင်မှုနှင့် ဆင်တူသည်။ သို့သော် ဤအကြိမ်တွင် တစ်မိသားစုလုံး၏ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။
ရီမိသားစု လက်ရှိပိုင်ဆိုင်ထားသည့် ဆေးပညာ၊ ချီစွမ်းအားကျင့်ကြံခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်းနှင့် ပန်းပဲပညာတို့တွင် ကျွမ်းကျင်မှုနှစ်ခုသည်သာ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်။
ဆေးပညာ နှင့်အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း တို့တွင် ရီမိသားစုသည် အမြင့်ပိုင်းအဆင့်သို့ စတင်ရောက်ရှိခဲ့ကာ ကျန်စွမ်းရည်နှစ်ခုဖြစ်သည့် ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်းနှင့် ပန်းပဲပညာတို့တွင် ပထမအဆင့်သာ ရှိသေးသည် ။
သူတို့သည် ပထမအဆင့်၏ အထွတ်အထိပ်သို့ မည်သည့်အချိန်တွင်ရောက်နိုင်မည်ကို သိရှိနိုင်ရန် ခက်ခဲနေခဲ့သည်ဖြစ်ရာ ဤဆုလာဘ်သည် ရီဖန်၏ စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးနိုင်ခဲ့၏။
ရီကျင်းချူံ၏ကျင့်ကြံရေးမှလွဲ၍ ရီမိသားစုရှိ လူတိုင်းသည် အလုပ်များစွာလုပ်ကိုင်ကြကာ ဒုတိယအလုပ်အကိုင် ရှိကြသည်။
ရီဖန်သည် အမွေအနှစ်ထဲရှိ မိသားစုဝင်များကို စုစည်းကာ ပြင်ဆင်ရန်ပြောလိုက်သည်။
"စနစ်၊ မိသားစုကျွမ်းကျင်မှု နှစ် ၃၀ ကိုသုံးလိုက်"
လူတိုင်းသည် ထိုခဏ၌ ဉာဏ်အလင်းကိုရရှိလိုက်ကာ ၎င်းတို့မှာ ဆေးပညာ၊ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း၊ တာအို ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်း၊ ပန်းပဲပညာနှင့် နှင့် ဝိညာဉ်စွမ်းအားကျင့်ကြံခြင်းတို့တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံမှရရှိလိုက်သော အရည်အချင်းများဖြစ်သည်။
သူတို့၏ သင်ယူမှုလမ်းကြောင်းသည် အရင်းအမြစ်များစွာ လိုအပ်ကာ အကျိုးကျေးဇူးများသည် အစပိုင်းတွင် ထူးခြားမြင့်မားခြင်းမရှိသော်လည်း ၎င်းတို့၏အဆင့်များ တိုးလာသည်နှင့်အမျှ အကျိုးခံစားခွင့်များသည်လည်း တိုးပွါးလာမည်ဖြစ်သည်။
ဥပမာအားဖြင့် ရီဖန်သည် ဆေးပညာမှ ဝင်ငွေငါးဆ သို့မဟုတ် ဆယ်ဆမရရှိခဲ့ပါက ဆုံးရှုံးမှုဟု ယူဆရမည်။ သို့မဟုတ်ပါက ဒုတိယအဆင့် ဆေးပညာရှင်တစ်ယောက်ဖြစ်ရန်အတွက် အဘယ်ကြောင့်ရုန်းကန်ကြိုးစားနေမည်နည်း။
စနစ်မှချီးမြှင့်သော အတွေ့အကြုံအဆင့်မြှင့်တင်မှုသည် အရင်းအမြစ်များကို သုံးစွဲရန်မလိုအပ်ချေ။ ဒုတိယ သက်မွေးဝမ်းကျောင်းအလုပ်အကိုင်များအတွက် ၎င်းသည် အလွန်ကြောက်စရာကောင်းပေသည်။
လူတိုင်းသည် ဉာဏ်အလင်းကို ရရှိသွားပြီးနောက် ၎င်းတို့၏အတွေ့အကြုံများမှာ လျင်မြန်စွာ တိုးတက်လာသည်။
စတင်ရန်အတွက် သုံးနှစ်၊ အောက်ခြေအဆင့်မှ အလယ်အလတ်အဆင့်သို့ မြှင့်တင်ရန် ငါးနှစ်၊ အလယ်အလတ်အဆင့်မှ အထွတ်အထိပ်အဆင့်သို့မြှင့်တင်ရန် ဆယ်နှစ်၊ စသည်ဖြင့် အနှစ်သုံးဆယ်ခန့်သည် ပထမအဆင့်၏ အထွတ်အထိပ် ဆေးပညာရှင်တစ်ဦးအတွက် ခုန်ကျော်ကာ ဒုတိယအဆင့်ဆေးပညာရှင်တစ်ဦးဖြစ်လာရန် လုံလောက်သည်။
ဉာဏ်အလင်းရချိန်သည် တိုတောင်းကာ သုံးနာရီမျှသာကြာမြင့်သော်လည်း ယခုတွင် သူတို့သည် သိသာထင်ရှားစွာ ခြားနားသွားကာ လူတိုင်း၏မျက်လုံးများထဲတွင် ယုံကြည်ချက်အပြည့်ရှိနေ၏။ အမှန်တကယ်တွင် ဒုတိယအလုပ်အကိုင်သည် လက်ချည်းသက်သက်ထက်ပို၍လိုအပ်သည်။
“ဒီအခွင့်အရေးက ရှားတယ်။ မင်းတို့ပြန်ရောက်တဲ့အခါ အားလုံးပြန်စဉ်းစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မင်းတို့ဒီထက်မက တိုးတက်လာနိုင်သေးတယ်"
မိသားစုလိုက်အဆင့်မြှင့်တင်ပေးသောပစ္စည်းသည် အချိန်များစွာကြာမြင့်ပြီးနောက် ရီဖန် ပထမဆုံးအကြိမ်ရရှိခဲ့သည့်အရာဖြစ်ကာ ၎င်းသည် မည်မျှတန်ဖိုးရှိသည်ကို ဖော်ပြနေသည်။
အခြားသူများက ရီဖန်သည် အဖိုးတန်ရတနာအချို့ကို အသုံးပြုခဲ့သည်ဟု ထင်သွားကြကာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လာသည်။ ရီဖန်၏ အဆက်မပြတ် အံ့ဩဖွယ်ရာများက ရီမိသားစုနှင့်ပတ်သက်သည့် ခံစားချက်ကို နက်ရှိုင်းစေခဲ့၏။
ရီကျင်းဖန်၏ ဆေးပညာကျွမ်းကျင်မှုသည် ဒုတိယ အဆင့်သို့ ကျော်လွန်သွားကာ၊ ရီကျင်းလုံ၏ အင်မော်တယ်ပစ္စည်းသန့်စင်ရေးကျွမ်းကျင်မှုသည် နောက်ဆုံးတွင် ဒုတိယအဆင့်သို့ ရောက်သွားခဲ့သည်။ ထို့အပြင် တာအို ဖွဲ့စည်းတည်ဆောက်ပုံအခင်းကျင်းနှင့် ပန်းပဲပညာလမ်းကြောင်းသည်လည်း နောက်ဆုံးတွင် အမြင့်ပိုင်းအဆင့်သို့ရောက်ရှိခဲ့သည်။
‘ဒီတစ်ခါတော့ အမြတ်တွေ အရမ်းများတယ်’ ယခုတွင် ရီမိသားစုရှိလူတိုင်း၏ အဆင့်မြှင့်တင်မှုများ ပြီးဆုံးသွားပြီဖြစ်ရာ ရီဖန်၏ အလှည့်ရောက်ရှိလာချေပြီ။
"စနစ်၊ ပေါင်းစပ်လိုက်ပါ!"
မရေမတွက်နိုင်သော အတွေ့အကြုံအချက်များသည် ရီဖန်၏ စိတ်ထဲသို့ စီးဆင်းသွားသည်။ ရီဖန်သည် အတွေ့အကြုံကို စဉ်ဆက်မပြတ် စုပ်ယူခဲ့ကာ သူ၏ ဒုတိယအလုပ်အကိုင်အဆင့်များကို လျင်မြန်စွာ မြှင့်တင်လိုက်သည်။
သုံးရက်အကြာတွင် ၎င်း၏ ဆေးပညာသည် ဒုတိယအဆင့်၏ အထက်ပိုင်းသို့ ဖြတ်ကျော်သွားသည်။ ဆယ်ရက်ကြာပြီးနောက် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းသည် ဒုတိယအဆင့်၏ အလယ်အလတ်အဆင့်အထိ အောင်မြင်ခဲ့ကာ ဆယ့်ငါးရက်ကြာသောအခါတွင် တာအို ဖွဲ့စည်းတည်ဆောက်ပုံအခင်းကျင်းသည် ဒုတိယအဆင့်၏ အောက်ခြေအဆင့်သို့ ရောက်ရှိခဲ့သည်။
ရက်နှစ်ဆယ်ကြာပြီးနောက် ပန်းပဲပညာလမ်းကြောင်းသည် ဒုတိယအဆင့်၏ အောက်ခြေအဆင့်သို့ ဖြတ်သွားခဲ့သည်။ စိတ်ဝိညာဉ်အပင်သခင်ကဲ့သို့သော စွမ်းရည်များအတွက်မူ ၎င်းတို့ကို အသေးစိတ်ဖော်ပြနိုင်မည်မဟုတ်ချေ။
ဇာတ်ကောင်- ရီဖန်
သက်တမ်း- ၁၉၀ နှစ်
အဆင့်- အလယ်အလတ်အဆင့်အခြေခံအုတ်မြစ်တည်ဆောက်ခြင်း (၈၇၃၀၀/၁၀၀၀၀၀၀)
စွမ်းရည်များ- တာအိုဆေးပညာဒုတိယအဆင့်၊ အဆင့်မြင့် (၁၁၂၀/၁၀၀၀၀)၊ ပန်းပဲပညာ ဒုတိယအဆင့်၊ အလယ်အလတ်အဆင့် (၈၈၆/၆၀၀၀)၊ ဖွဲ့စည်းတည်ဆောက်ပုံအခင်းကျင်း ဒုတိယအဆင့်၊ အဆင့်နိမ့် (၁၂၁/၃၀၀၀)၊ အဆောင်လက်ဖွဲ့ပစ္စည်း ဒုတိယအဆင့်၊ အဆင့်နိမ့် (၇၇၂/၃၀၀၀)၊ မြွေစိမ်းမီးတောက်နည်းပြာ ကျွမ်းကျင် (၁၆၂/၁၆၀၀)၊ လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်သစ်သားကျင့်စဉ်တွင် ကြီးမားသောအောင်မြင်မှု (၂၂၂/၄၀၀)…
ထူးကဲစွမ်းရည်များ-မြွေစိမ်းသွေးမျိုးဆက် (၈၇၇/၁၀၀၀)၊ မီးတောက်ထိန်းချုပ်ခြင်း ကျွမ်းကျင်
(၁၉၇/၈၀၀)၊
မိသားစုစွမ်းရည်များ- ခရမ်းရောင် ဉာဏ်အလင်း၊ လိမ္မော်ရောင် ကျင့်ကြံရေးအရင်းအမြစ်များ၊ အစိမ်းရောင်ပိုင်ရိ
မစ်ရှင်များ- မိသားစုတိုးပွါးလာခြင်း ၄၊ စွမ်းအားကြီးမားလာခြင်းလမ်းကြောင်း ၄၊ မိသားစုနယ်မြေ ၅၊ မိသားစုလူဦးရေ ၃၊ မိသားစုစွမ်းအား ၃ (၁၀/၅၀၀)
နောက်ဆုံးတွင် အောင်မြင်မှုများရရှိခဲ့ပြီဖြစ်သည်။
ဆေးပညာကျွမ်းကျင်မှုသည် ဒုတိယအဆင့်၏အဆင့်မြင့်ပိုင်းသို့ ကျော်ဖြတ်သွားပြီးနောက် နောက်ထပ်ဆေးလုံး အများအပြားကို ဖော်စပ်နိုင်ခဲ့သည်။
အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများသည် ချီစွမ်းအား သန့်စင်မှုအဆင့်နှင့်နှိုင်းယှဉ်ပါက ၎င်းတို့၏ကျင့်ကြံရေးအဆင့်ကို မြှင့်တင်ရန် ပိုမိုခက်ခဲကြောင်း တွေ့ရှိခဲ့ရသော်လည်း သင့်လျော်သော ဆေးလုံးများဖြင့် ၎င်းတို့သည်သိသိသာသာ တိုးတက်လာနိုင်၏။
ကွမ်ဟယ်စီရင်စုတွင် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်အတွက် ဆေးလုံးအများစုကို အခြားမြို့များရှိ စျေးကွက်များမှ ဝယ်ယူရလေ့ရှိရာ ၎င်းတို့ကို စုစည်းနိုင်ပါကကြီးမားသည့်ဈေးကွက်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ဒုတိယအဆင့် အလယ်အလတ်တန်းစား ပြန်လည်အားဖြည့်ခြင်းဆေးလုံး နှင့် ဒုတိယအဆင့် တွန်းလှန်ခြင်းဆေးလုံးကဲ့သို့သော ဆေးလုံး များသည် တူညီလေ့ရှိသည်။
ရီဖန်သည် ရီကျင်းဖန်ကို ခေါ်လိုက်က ဒုတိယအဆင့် ဆေးလုံး ဖော်မြူလာကို သူမအားပေးရန် စီစဉ်ခဲ့သည်။ ဒုတိယအဆင့် ဆေးပညာရှင်တစ်ယောက်အနေဖြင့်၊ ရီကျင်းဖန်သည် ကွမ်ဟယ်စီရင်စုရှိ ကျင့်ကြံသူများလိုအပ်သော ဆေးလုံးအများစုကို ပြုလုပ်ပေးနိုင်တော့ပေမည်။
ဒုတိယအဆင့်ဆေးလုံး ဖော်မြူလာကို လက်ခံရရှိပြီးနောက် ရီကျင်းဖန်သည် အလွန်စိတ်လှုပ်ရှားနေသည်။ ဒုတိယအဆင့်ဆေးလုံးများသည် အလွန်စျေးကြီးလှ၏။ ရီဖန်သည် အခြေခံအုတ်မြစ်တည်ထောင်ခြင်းဆေးလုံး အနည်းငယ်အတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာရရှိခဲ့သည် မဟုတ်ပေလော။
တစ်နေ့တွင် သူမရှာထားသော ဝိညာဉ်ကျောက်တုံးများဖြင့် သူမ၏ သိုလှောင်အိတ်ကို အပြည့်ဖြည့်နိုင်ရမည်ဟု တွေးကာ ရီကျင်းဖန်သည် စိတ်အားထက်သန်မှုအပြည့်ဖြစ်နေရှာ၏။ သူမသည် ဆေးပညာတွင်သာ အာရုံစူးစိုက်ကာ ၎င်းအတွက် မြှုပ်နှံထားရမည်။
……………………….
အခန်း (၆၂) တိုက်ပွဲသည် ငွေကြေးသာဖြစ်၏
ညွှန်ကြားချက်တစ်ခုချင်းစီကိုဆောင်ရွက်နေရခြင်းသည် အလွန်နှေးကာ အချိန်ကြာနေခဲ့သည်။ နောက်ဆုံးတွင် ရီဖန်သည် တစ်လအကြာ၌ အခြေခံကျင့်ကြံရေးနည်းလမ်းများကို လေ့ကျင့်နိုင်ခဲ့၏။
တာအိုဆေးပညာ၊ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း၊ တာအိုဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်းများ၊ တာအိုအဆောင်လက်ဖွဲ့ပစ္စည်းနှင့် တာအိုဝိညာဉ်စွမ်းအားအပင်များတွင် ကျွမ်းကျင်မှုသည် ရီဖန်ကို အခြားအဆင့်တူသည့်ကျင့်ကြံသူများထက် ပို၍အတွေ့အကြုံများကာ ယှဉ်မရနိုင်အောင် စွမ်းအားကြီးမားစေခဲ့သည်။
၎င်းတို့နှင့်ဆက်စပ်နေသည့် ပြဿနာအများစုကိုလည်း ၎င်းကျင့်ကြံရေးနည်းပညာဖြင့် ဖြေရှင်းနိုင်၏။ ၎င်းနည်းပညာကျင့်စဉ်များကို ရီဖန်သည် ထိပ်ဆုံးအလွှာရှိကျမ်းကိုးများထဲတွင် သိမ်းထားကာ အပိုင်းတစ်နှင့် နှစ်ဟူ၍ စီစဉ်ထားသည်။
သူတို့၏စွမ်းအားများသည် သင့်လျော်သောအဆင့်တစ်ခုသို့ရောက်ရှိသည့်အခါမှသာ နောက်ထပ်အဆင့်မြင့်သောကျမ်းကို လေ့ကျင့်နိုင်မည်ဖြစ်ကာ ရီမိသားစု၏ အဓိကမိသားစုဝင်များသာလျှင် ကျင့်ကြံနိုင်ပေမည်။
ယခုတွင် ရီမိသားစု၌ ဒုတိယအဆင့်ဆေးပညာရှင်နှင့် အင်မော်တယ်ပစ္စည်း သန့်စင်သူများရှိနေပြီဖြစ်သောကြောင့် အခက်အခဲအများစုကို ဖြေရှင်းနိုင်ခဲ့ကာ ရီဖန်အတွက်လည်း အားလပ်ချိန်များစွာပိုထွက်လာခဲ့၏။
အခြေအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ အခြားကျင့်ကြံသူများနှင့် အပြန်အလှန်ပြောဆိုပြီးနောက် ရီဖန်သိရှိခဲ့ရသည်မှာ ကွမ်ဟယ်စီရင်စုနှင့် အနီးဆုံး ကျင့်ကြံရေးနယ်မြေသည် တုန်းရှီးစီရင်စုဖြစ်သည်ဟူ၍ပင်။
ကွမ်ဟယ်စီရင်စုတွင်ရရှိနိုင်သော အရင်းအမြစ်များသည် မစို့မပို့မျှသာဖြစ်ကာ ရီဖန်လိုချင်သည့် အရာအများစုကို ဝယ်ယူ၍မရနိုင်ဘဲရှိသည်။ ထို့ကြောင့် ရီဖန်သည် အရင်းအမြစ်များဝယ်ယူရန်အတွက် တုန်းရှီးစီရင်စုသို့သွားရောက်ရန် စီစဉ်ခဲ့သည်။
ရီဖန်သည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းမြက်ပင်နှင့် ဝိညာဉ်ဆေးပင်မျိုးစေ့ အမျိုးမျိုး ဝယ်ယူကာ ရီမိသားစုတွင် အပြည့်သိုလှောင်ထားရန်လည်း လိုအပ်နေသည်။
ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်းများတွင် ဒုတိယအဆင့်သို့ရောက်ရှိသွားပြီးနောက် ရီဖန်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ အခင်းအကျင်းများ စတင်တည်ဆောက်လာနိုင်စေခဲ့သည်။ ရေရှည်ခရီးကိုတွက်ဆပြီးနောက် ရီဖန်သည် ၎င်းအခင်းအကျင်းများအပေါ် ပို၍အာရုံစိုက်လာခဲ့သည်။
ဒုတိယအဆင့်အခြေခံအခင်းအကျင်းများစွာရှိသော်လည်း ၎င်းတို့ထဲမှ တစ်ခုစီသည် အစောပိုင်းအဆင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို အချိန်ကာလတစ်ခုမျှသာသက်ရောက်စေနိုင်သည်ဖြစ်ရာ ရီဖန်သည် ၎င်းတို့ကို အထင်ကြီးခြင်းမရှိချေ။
သူသည် အခင်းအကျင်းတစ်ခုတည်ဆောက်ပါက ဘက်စုံအသုံးဝင်ရန်ပို၍မျှော်လင့်မိသည်။ ကိုးကွေ့မြစ်ဝါအခင်းအကျင်းသည် အခင်းအကျင်းကိုးခုဖြင့် ပေါင်းစပ်ထားကာ ပထမအကွေ့သုံးခုသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အတွက်ဖြစ်ကာ ၎င်းတို့သည် ရီဖန်ပြုလုပ်ထားသည့် အခင်းအကျင်းများဖြစ်၏။
ယခုတွင် သူ၏မလုံလောက်သော ကျင့်ကြံရေးအဆင့်ကြောင့် ရီဖန်သည် သုံးကွေ့မြစ်ဝါအခင်းအကျင်းကိုသာ အကြမ်းဖျင်းမျှ ဖြန့်ကြက်နိုင်ခဲ့သည်။ အနာဂတ်တွင် သူ၏ကျင့်ကြံရေးအဆင့်တိုးတက်လာပြီးနောက် ပို၍ကောင်းမွန်သောပုံစံကို ဆက်လက်ပြုလုပ်သွားရန် ရည်မှန်းထားခဲ့သည်။
အကွေ့သုံးခုအနက် ပထမအကွေ့သည် ခုခံကာကွယ်ရန်အတွက်ဖြစ်ကာ၊ ဒုတိယအကွေ့သည် ဖုန်းကွယ်ရန်အတွက်ဖြစ်လျက်၊ တတိယတစ်ခုမှာ တိုက်ခိုက်ရေးအတွက်ဖြစ်သည်။ ထိုအခင်းအကျင်းသုံးခုအတွက်ီဖန်သည် လဝက်အတွင်း၌ ဝိညာဉ်ကျောက်တုံးတစ်သိန်းခန့် ကုန်ချခဲ့သည်။
အခင်းအကျင်းများကို တပ်ဆင်ပြီးနောက် ရီဖန်သည် ဝိညာဉ်ကျောက်တုံးများကို အခင်းအကျင်း၏ အလယ်အမြုတေချက်၌ နေရာချထားလိုက်သည်။ နောက်တစ်ခဏတွင် စက်ဝိုင်းခြမ်းသဏ္ဍာန်အခင်းအကျင်းသုံးခုသည် ရီမိသားစုနယ်မြေ၌ ပေါ်ပေါက်လာကာ အလယ်အမြုတေရှိ ဝိညာဉ်ကျောက်တုံးများသည်လည်း ပြင်းထန်စွာလောင်ကျွမ်းသွားတော့၏။
ရီဖန်သည် ၎င်းကိုစမ်းသပ်ပြီးနောက် လုံလောက်သောဝိညာဉ်ကျောက်တုံးပမာဏရှိသရွေ့ ထိုအခင်းအကျင်းများသည် အလယ်အလတ်အဆင့်ရှိအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများကို အခက်အခဲမရှိ တွန်းလှန်နိုင်မည်ဖြစ်ကြောင်း သိရှိလိုက်ရသည်။
ရီကျင်းထျန်နှင့် စုယန်တို့ကို အခင်းအကျင်းအားမည်သို့ထိန်းချုပ်ရမည်ဖြစ်ကြောင်း သင်ကြားပြသပေးပြီးသည့်နောက်တွင် ရီဖန်သည် သိုလှောင်အိတ်ဆယ်အိတ်ဖြင့် ထွက်ခွါသွားတော့သည်။ ရီဖန်ထွက်သွားပြီးနောက် မကြာမီတွင် ကွမ်ဟယ်စီရင်စုအတွင်း၌ အရှုပ်အထွေးများစတင်လာတော့သည်။
ရှည်လျားမြစ်ဂိုဏ်းမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူဆယ်ဦးသည် ပုန်းအောင်းနေရာမှ ရုတ်တရက်ထွက်ပေါ်လာကြသည်။
“လွန်ခဲ့တဲ့နှစ်တွေမှာ သက်ရှည်ဂိုဏ်းရဲ့တိုးတက်မှုတွေက ငါတို့ရှည်လျားမြစ်ဂိုဏ်းကို သာသွားပြီ၊ ဒီတိုင်းပဲ ထိုင်ကြည့်နေလို့တော့မရတော့ဘူး”
သက်ရှည်ဂိုဏ်းမတိုးတက်လာမီတွင် ရှည်လျားမြစ်ဂိုဏ်းသည် ကွမ်ဟယ်စီရင်စု၏ နံပါတ်တစ်ဖြစ်ခဲ့ကာ စီရင်စုတစ်ခုတွင်ရရှိနိုင်သည့် အရင်းအမြစ်များမှာ အကန့်အသတ်ရှိသည်။ သက်ရှည်ဂိုဏ်းတိုးတက်လာသည်နှင့်အမျှ ရှည်လျားမြစ်ဂိုဏ်း၏ အရင်းအမြစ်များမှာ လျော့ပါးလာသည်။
ကျင့်ကြံရေးလောကထဲတွင် ကံကြမ္မာကိုလွန်ဆန်ကာ ကောင်းကင်ဘုံနှင့်ဆန့်ကျင်တိုက်ခိုက်နိုင်ရပေမည်။ ယှဉ်ပြိုင်ခြင်းများ ကင်းမဲ့နေပါက နောက်ဆုံးတွင်ပြိုလဲသွားမည်မှာသေချာသည်။ ရှည်လျားမြစ်ဂိုဏ်းသည် ၎င်းတို့အင်အားနည်းလာသည်ကို မမြင်လိုကြသည်ဖြစ်ရာ ၎င်းတို့နှင့် သက်ရှည်ဂိုဏ်းကြား၌ အချိန်တစ်ခုတွင် တိုက်ပွဲဖြစ်ပေါ်လာတော့မည်ဖြစ်၏။
“သဘောတူပါတယ်၊ အခုသက်ရှည်ဂိုဏ်းကိုတိုက်ခိုက်ဖို့ အချိန်ကျပြီ”
၎င်းတို့၏သက်တမ်းကုန်ဆုံးတော့မည့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ အကြီးအကဲများသည် သက်ရှည်ဂိုဏ်း၏ သက်ရှည်ဆေးလုံးကို မျှော်လင့်နေကြသည်ဖြစ်ရာ ချက်ချင်းပင်ထောက်ခံခဲ့ကြသည်။
“ဒီတလောမှာ ကွမ်ဟယ်စီရင်စုကို လှုပ်ခတ်စေခဲ့တဲ့ ရီမိသားစုဘက်ကိုလဲ လှုပ်ရှားရမယ်ထင်တယ်”
၎င်းတို့သည် ရီမိသားစုမှလူများက တိုက်ပွဲတွင် ဝိညာဉ်အင်မော်တယ်လက်နက်များနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ဆေးလုံးများထုတ်လာမည်ကို ကြောက်ရွံ့နေကြ၏။
ထိုမျှမက သက်ရှည်ဂိုဏ်းသည် ရီမိသားစုကို ကာကွယ်ပေးထားပုံရသောကြောင့် ရီမိသားစုကို ဆန့်ကျင်မည်ဆိုပါက သက်ရှည်ဂိုဏ်းကိုလဲ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ သို့သော် ယခုတွင် သူတို့သည်သက်ရှည်ဂိုဏ်းကို တိုက်ရိုက်တိုက်ခိုက်ရန်ကြံရွယ်ထားသည်ဖြစ်ရာ ၎င်းနှင့်ပက်သက်၍ စဉ်းစားရန် မလိုအပ်တော့ချေ။
“မော့ပေ၊ မင်းနဲ့ ဒုတိယအကြီးအကဲက ရီမိသားစုကို သွားနှိမ်နင်းပြီးရင် သက်ရှည်ဂိုဏ်းကို တိုက်တဲ့ဆီပြန်လာကူလှည့်”
………
လဝက်ကျော်မျှ ကြာပြီးနောက်တွင် ရီဖန်သည် ကွမ်ဟယ်စီရင်စုနယ်စပ်ကို ကျော်ဖြတ်ကာ တုန်းရှီးစီရင်စုသို့ ရောက်ရှိခဲ့လေပြီ။ တစ်ခုပြောလိုသည်မှာ ဤကမ္ဘာ၌ မြေသျှိုးမိုးပျံနိုင်မည့် အခင်းအကျင်းမရှိသည်မှာ စိတ်ပျက်ဖွယ်ရာကောင်းလှသည်။
တုန်းရှီးစီရင်စုအပေါ်တွင် ရီဖန်၏ပထမဆုံးအမြင်မှာ သာမန်လူများနေထိုင်သည့်နေရာဖြစ်စေ၊ ကျင့်ကြံသူများစုစည်းနေထိုင်ရာနေရာဖြစ်စေ နေရာတိုင်းတွင် ချမ်းသာကြွယ်ဝနေမှုပင်ဖြစ်သည်။
ထိုမျှမကဘဲ တုန်းရှီးစီရင်စုရှိ ကျင့်ကြံသူများ၏အဆင့်သည် ကွမ်ဟယ်စီရင်စု၏ ကျင့်ကြံသူများထက် ပိုမြင့်ကြသည်။ ကွမ်ဟယ်စီရင်စုတွင် ရှားပါးသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူများကို တုန်းရှီးစီရင်စုတွင် ပေါများစွာတွေ့နိုင်ကာ ၎င်းစီရင်စုရှိ အင်အားကြီးဂိုဏ်းတိုင်းတွင် ရွှေအမြုတေအဆင့်ရှိသည့် ကျင့်ကြံသူများရှိကြသည်။
ရွှေအမြုတေအဆင့်ကျင့်ကြံရေးနယ်မြေသို့ရောက်ရှိသူ၏ ကံကြမ္မာသည် ၎င်းကိုယ်တိုင်၏ လက်ထဲ၌ရှိကာ သက်တမ်းသည် အနှစ်၅၀၀ခန့်ရှည်ကြာမည်ဖြစ်ကာ ရွှေအမြုတေအဆင့်ကျင့်ကြံရေးနယ်မြေသို့ တက်လှမ်းနိုင်မှသာလျှင် အသက်ရှည်ဂိတ်တံခါးဝသို့ ရောက်ရှိမည်ဖြစ်၏။
ရှားပါးပါဝင်ပစ္စည်းများဖြစ်သည့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း မြက်ပင်ကဲ့သို့သောဆေးပင်များကိုပင် ဝိညာဉ်ကျောက်တုံးရှိနေသရွေ့ တုန်းရှီးစီရင်စုတွင် အလွယ်တကူဝယ်ယူရရှိနိုင်သည်။ ၎င်းမြက်ပင်တစ်ပင်လျှင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးနှစ်ထောင်ကျသင့်မည်ဖြစ်ရာ အပင်ငါးဆယ်ဝယ်ယူလိုက်သည်။
ရွှေအလင်းဓားကို သန့်စင်ရန်လိုအပ်သည့် ရွှေအလင်းကျောက်တုံးသည် တစ်လုံးလျှင်အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသုံးရာခန့ကျသင့်သည့်အတွက် ၎င်းတို့ကိုလဲ ဝယ်ယူလိုက်သည်။ ဝိညာဉ်ဆေးပင်မျိုးစေ့တစ်အိတ်လျှင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာခန့်သာကျသင့်သည့်အတွက် ၎င်းတို့ကိုလဲ ဝယ်ယူရမည်။
ရီဖန်သည် ဆက်တိုက်စျေးဝယ်နေခဲ့ရာ မူလကလုံလောက်မည်ဟု ထင်ခဲ့သည့် ဝိညာဉ်ကျောက်တုံးငါးသိန်းကို နေ့တဝက်မျှနှင့် အကုန်လုံးလိုက်မိသည်။ သူ၏ သိူလှောင်အိတ်ဆယ်လုံးသည်လဲ ပြည့်လုနီးနီးဖြစ်နေချေပြီ။
ဤမျှသော အရင်းအမြစ်များဖြင့် ရီမိသားစုသည် ဒီတစ်ကြိမ်တွင်လည်း လျင်မြန်သောတိုးတက်မှုကိုကြုံတွေ့ရမည်ဟု မျှော်မှန်းထားသည်။ တစ်လခွဲမျှကြာသော ခရီးအပြီးတွင် ရီဖန်သည်မြောက်ဘက်တောင်တန်းဆီသို့ ပြန်လာခဲ့လေပြီ။
ရီဖန်သည် အဝေးမှပင် တစ်စုံတစ်ခု မူမမှန်နေသည်ကို ခံစားလိုက်ရသည်။ ရီမိသားစု၏ ကာကွယ်ရေး အခင်းအကျင်းသည် စတင်အလုပ်လုပ်နေပြီဖြစ်ကာ အခင်းအကျင်းအပြင်ဘက်တွင်လည်း ဂါထာများစွာဖြင့် စည်းချထားပြီဖြစ်ရာ ရီမိသားစုတွင် ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း သိလိုက်ရသည့်အခါမှသာ သက်ပြင်းချနိုင်တော့သည်။
ရီဖန်သည် ရီမိသားစုထံ အမြန်ပြန်လာပြီးနောက် မိသားစုဝင်အားလုံးကိုစုစည်းကာ မေးမြန်းလိုက်သည်။
“ဘာဖြစ်သွားတာလဲ”
ရီဖန်၏မျက်နှာသည်ရေခဲတမျှ အေးစက်နေ၏။ သူအဝေးရောက်နေသည့်အချိန်တွင် သူ၏မိသားစုပိုင်နက်ကို ဖျက်ဆီးခံရလုနီးပါးဖြစ်သွားသည့်အတွက် မည်ကဲ့သို့များဒေါသမထွက်ဘဲနေနိုင်မည်နည်း။
“အဖေ၊ အဲတာ ရှည်လျားမြစ်ဂိုဏ်းကလူတွေလုပ်တာ”
ရီကျင်းထျန်သည် ရီဖန်ကို အရာအားလုံးရှင်းပြလိုက်သည်။
ရှည်လျားမြစ်ဂိုဏ်းမှလူများသည် လွန်ခဲ့သောရက်နည်းငယ်က ရီမိသားစုပိုက်နက်သို့ဆင်းသက်ကာ မည်သည့်ရှင်းပြချက်မှမပေးဘဲ စတင်တိုက်ခိုက်ခဲ့သည်။ ရီကျင်းထျန်နှင့် အခြားသူများသည် အလယ်အလတ်အဆင့်ရှိ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကြောင့် ဒဏ်ရာရရှိခဲ့ကြသည်။
ကံကောင်းစွာဖြင့် စုယန်သည် ကိုးကွေ့မြစ်ဝါအခင်းအကျင်းကို အသက်သွင်းလိုက်သောကြောင့် ရှည်လျားမြစ်ဂိုဏ်းကို ခုခံနိုင်ခဲ့ကာ ၎င်းတို့သည်ပြန်လည်ဆုတ်ခွါသွားပြီးနောက် သက်ရှည်ဂိုဏ်းကို သွားရောက်တိုက်ခိုက်ခဲ့ကြသည်။ သက်ရှည်ဂိုဏ်းသည် ရှည်လျားမြစ်ဂိုဏ်းကိုမယှဉ်နိုင်သည့်အတွက် ၎င်းတို့၏နယ်မြေများစွာကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
ရီကျင်းဟိုင်နှင့် ယွမ်တင်းဟန်တို့သည်လည်း သက်ရှည်ဂိုဏ်းကိုကူညီရန်ထွက်သွားကြကာ မည်သို့မည်နေမှန်း မသိရတော့ချေ။ ထပ်မံ၍ ရှည်လျားမြစ်ဂိုဏ်းပင် လာပြန်ပါပြီ။ ၎င်းတို့သည် ရီမိသားစုနှင့် သက်ရှည်ဂိုဏ်းမှာ တစ်ဖွဲ့တည်းဟုထင်နေသည်ဖြစ်ရာ ရီဖန်သည်လဲ သက်ရှည်ဂိုဏ်းဒုက္ခရောက်နေချိန်တွင် မကူညီရန်အကြောင်းအရင်းမရှိတော့ပေ။
“ကျင်းထျန်၊ ရီမိသားစုက ဆေးပညာရှင်တွေ၊ အင်မော်တယ်လက်နက်သန့်စင်သူတွေနဲ့ အဆောက်လက်ဖွဲ့ပြုလုပ်သူတွေကို ဆင့်ခေါ်လိုက်”
ယခုအချိန်တွင် သက်ရှည်ဂိုဏ်းသည် ကြပ်တည်းနေကာ အရင်းအမြစ်များစွာ လိုအပ်နေမည်မှာသေချာသည်။ ထိုသို့ဖြစ်ပါက ရီမိသားစုမှ ကူညီပေးနိုင်သည်။ ရီမိသားစုတွင် အများအပြားမရှိစေကာမူ ၎င်းတို့၏ဒုတိယအတတ်ပညာများရှိပေသည်။
ပထမအဆင့်ဖြင့်မလုံလောက်ပါက ဒုတိယအဆင့်ပညာရှင်များဖြင့် သွားမည်။ ဆေးပညာ၊ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းနှင့် အဆောင်လက်ဖွဲ့ပြုလုပ်ခြင်း စသည်ဖြင့်အကုန်လုံးခင်းကျင်းကာ ရီဖန်သည် ရှည်လျားမြစ်ဂိုဏ်းကို မည်သူကပို၍ဆရာကျကြောင်းပြသလိုက်မည်။
‘ရှည်လျားမြစ်ဂိုဏ်းကို ချီတက်ပြီး သူတို့ကိုချေမှုန်းပစ်မယ်!’
……………..
အခန်း (၆၃) ရီမိသားစု၏ လုပ်ဆောင်နိုင်စွမ်း၊ ပိုက်ဆံတန်ဖိုး
ရီကျင်းလုံ ရီကျင်းဖန်နှင့် အခြားသူများသည် ပထမအဆင့် ဆေးလုံးများနှင့် အင်မော်တယ်ပစ္စည်း များအတွက် အပြည့်အ၀တာဝန်ယူကြကာ ရီဖန် သည် ဒုတိယအဆင့်ပစ္စည်းများကို သူကိုယ်တိုင်ပြုလုပ်နေသည်။
ဒုတိယအဆင့် အလယ်အလတ်တန်းစား ပြန်လည်အားဖြည့်ခြင်းဆေးလုံးသည် လူတစ်ဦး၏ ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ ဖြည့်ဆည်းပေးသည်။
ဒုတိယအဆင့် သာလွန်အဆင့် ဝိညာဉ်ပေါက်ကွဲဆေးလုံးသည် ဝိညာဉ်ရေးစွမ်းအားကို ထုတ်လွှတ်ပေးကာ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ပေးနိုင်သည်။
ဒုတိယအဆင့် အလယ်အလတ်တန်းစား အင်မော်တယ်လက်နက်ဖြစ်သည့် တောင်တန်းနှင့်မြစ်ဓားရှည်အခင်းအကျင်းကိုလဲ ပြင်ဆင်ခဲ့သည်။
ဒုတိယအဆင့် အဆင့်နိမ့် ဝိညာဉ်အဆောင်လက်ဖွဲ့များဖြစ်သည့် ကောင်းကင်ကိုးမိုးကြိုးသည် အထူးကျောက်စိမ်း လက်ဖွဲ့ကို အခြေခံအဖြစ်အသုံးပြုကာ တစ်ခုလျှင် ဆယ်ကြိမ်အထိ အသုံးပြုနိုင်သည်။
ရီဖန်သည် အစွမ်းကုန်ကြိုးစားလျက်ရှိကာ တစ်လအတွင်းတွင် ရီမိသားစုမှ အရင်းအမြစ်အမြောက်အမြားကို ထုတ်လုပ်ပေးခဲ့သည်။
"ဒီနေ့တော့ ကျင်းဟိုင်ဆီကို ပို့ကြတာပေါ့"
ရီဖန်သည် သက်ရှည်ဂိုဏ်းမှ ပိုက်ဆံပေးချေနိုင်ဖြစ်ေ
ေပေးချေနိုင်သည်ဖြစ်စေ ဂရုမစိုက်ချေ၊ ရှည်လျားမြစ်ဂိုဏ်းကို အနိုင်ယူပြီးနောက်တွင် ၎င်းတို့သည် သဘာဝကျစွာပင် ရန်ပုံငွေများရရှိလိမ့်မည်ဖြစ်သည်။
နောက်တစ်နေ့တွင် သက်ရှည်ဂိုဏ်း၏ ဝိညာဉ်သွေးကြောတွင် အကြီးအကဲတစ်ဦးအနေဖြင့် ရီကျင်းဟိုင်သည် အစည်းအဝေးတစ်ခုခေါ်ယူခဲ့သည်။
ရီကျင်းဟိုင်၏ ဆင့်ခေါ်မှုကို လက်ခံလိုက်ရသော အခြားအကြီးအကဲများသည် အံ့ဩသွားကြသည်။ သက်ရှည်ဂိုဏ်းသည် ၎င်းတို့ကို ဝန်းရံထားသည့်အခင်းအကျင်းကြောင့်သာမဟုတ်ပါက ယခင်ကတည်းက ရှုံးနိမ့်သွားဖွယ်ရှိသည်။
ပိုင်ချုန်းရှန်နှင့် ပိုင်ရွှယ်တို့သာလျှင် ရီကျင်းဟိုင် ကိုကြည့်ရင်း တွေးတောနေပုံရသည်။ ရီမိသားစုသည် မကြာသေးမီက တိုက်ခိုက်ခံရကြောင်း သတင်းကြားသိခဲ့ရသော်လည်း တိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ပေ။
ထိုအချိန်တွင် ရီဖန်သည် အဝေးရောက်နေခဲ့ကာ ယခုတွင် ရီဖန်ပြန်ရောက်လာပြီဖြစ်သည်။ သူတို့နှစ်ယောက်၏ မျှော်လင့်ချက်များအောက်၌ပင် ရီကျင်းဟိုင်သည် သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။
"စတုတ္ထအကြီးအကဲ၊ ဒီအလယ်အလတ်အဆင့် ဒြပ်စင်ငါးခုအစုံက ခင်ဗျားရဲ့ မြေစွမ်းအားကျင့်စဉ်အတွက် သင့်တော်ပါလိမ့်မယ်၊ ဒါကို ယူလိုက်ပါ"
"တတိယအကြီးအကဲ၊ ဒါက အေးခဲဝိညာဉ်ဓားပါ၊ ခင်ဗျားနဲ့အဆင်ပြေလိမ့်မယ်"
"ဆရာသခင်၊ ဒါက သစ်သားနက်ဝိညာဉ်ကြာပွတ်ပါ"
“ဂိုဏ်းချုပ်၊ ဒါက….”
သိုလှောင်အိတ်ထဲမှ အင်မော်တယ်လက်နက်များကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်ရာ သက်ရှည်ဂိုဏ်း၏ အကြီးအကဲများကို ထိတ်လန့်စေခဲ့ကာ ၎င်းတို့၏အာရုံများ ပြန်လည်ရရှိလာသောအခါတွင် ပျော်ရွှင်နေခဲ့ကြသည်။
ကျင့်ကြံသူ၏ကိုယ်ပိုင်နည်းပညာများကို ဖြည့်စွမ်းပေးနိုင်သည့် အဆင့်မြင့်အင်မော်တယ်လက်နက်များသည် တိုက်ခိုက်ရေးစွမ်းရည်ကိုမြှင့်တင်ပေးနိုင်သောကြောင့် အလွန်အရေးကြီးသည်။
အကြီးအကဲများသည် အင်မော်တယ်လက်နက်များ၏ စွမ်းအားကို ခံစားခဲ့ကြရသည်။ ၎င်းတို့သည် လက်ရှိအသုံးပြုနေသော ဝိညာဉ်ရေးဆိုင်ရာ ပစ္စည်းများထက် သိသာစွာပိုမိုအားကောင်းကာ ၎င်းတို့၏ကျင့်ကြံရေးနည်းစနစ်နှင့် ပိုမိုလိုက်ဖက်၏။
"ကျေးဇူးပါ အကြီးအကဲ"
"ကျွန်တော်တို့ ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲရီ”
လူတိုင်းသည် အလွန်စိတ်လှုပ်ရှားခဲ့ကြသည်၊ သူတို့သည် ရှည်လျားမြစ်ဂိုဏ်းနှင့်စစ်ပွဲတွင် ပါဝင်ရန်ပင် မစောင့်နိုင်တော့ချေ။
ရှည်လျားမြစ်ဂိုဏ်းသည် အရေအတွက်ပို၍သာလွန်နေလျှင်လည်း မည်ကဲ့သို့ အရေးပါတော့မည်နည်း၊ တိုက်ပွဲပြီးလျှင် ရလဒ်ကို သိနိုင်တော့မည်ဖြစ်သည်။ လူတိုင်းက ပြီးဆုံးသွားပြီဟု ထင်နေကြသော်လည်း တကယ်တမ်းတွင် ယခုအချိန်မှ စတင်မည်ဖြစ်၏။
အင်မော်တယ်လက်နက်များပြီးနောက် ဝိညာဉ်ဆေးလုံးများအလှည့် ရောက်လာသည်။ ဝိညာဉ်ဆေးလုံးများနောက်တွင် ဝိညာဉ်အဆောာင်လက်ဖွဲ့များအလှည့် ရောက်လာသည်။
သက်ရှည်ဂိုဏ်းမှ အကြီးအကဲများသည် ရုတ်တရက် ကျေးလက်သားများဟု ခံစားလိုက်ရသည်။ အခြေခံအုတ်မြစ်တည်ထောင်ရေးအဆင့်ရှိသည့် အကြီးအကဲများအနေဖြင့်ပင် ဤကဲ့သို့ ချမ်းသာသောစစ်ပွဲမျိုးကို မည်သည့်အချိန်က ဆင်နွှဲခဲ့ဖူးကြသနည်း။
‘ခေါင်းကခြေဖျားအထိ တပ်ဆင်ထားတဲ့ လက်နက်တွေကို ကြည့်ပါဦး’
‘ငွေကြေးတိုက်ပွဲမဟုတ်ဘဲ ကျင့်ကြံသူတွေကြားကတိုက်ပွဲဆိုတာ သေချာရဲ့လား’
ရီဖန်သည် အကြီးအကဲများ၏ခံစားချက်ကို စာနာထောက်ထားနေရန် အချိန်မရှိသဖြင့် အခြားသောအင်မော်တယ်ပစ္စည်းများ၊ ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များကို ထုတ်ယူခဲ့သည်။ ၎င်းတို့သည် ချီစွမ်းအား သန့်စင်ရေးနယ်ပယ်မှ ကျင့်ကြံသူများအတွက်ရည်ရွယ်သည်။
"ဂိုဏ်းချုပ်၊ ဒါတွေကို ခွဲပေးလိုက်ပါ"
ပိုင်ချုံးရှန်သည် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ကာ သူ့စိတ်ထဲတွင်အတွေးတစ်ခု ရုတ်တရက်ပေါ်လာသည်။ ဤစစ်ပွဲပြီးသွားလျှင် ရီကျင်းဟိုင်ကို ဂိုဏ်းသခင် ဖြစ်လာစေရမည်။
ခြွေတာမှုမှ ဇိမ်ခံမှုသို့သွားရန် လွယ်ကူသော်လည်း ဇိမ်ခံမှုမှ ချွေတာမှုသို့ပြန်သွားရန်ခက်ခဲသည်။ သူသည် ဆင်းရဲနွမ်းပါးသည့် နေ့ရက်ဟောင်းများကို ပြန်မလိုချင်ချေ။ ရီမိသားစုကို မှီခိုနေခြင်းဖြင့် သူသည် အမှန်တကယ်ကောင်းမွန်သော ဘဝနေထိုင်နိုင်မည်ဖြစ်သည်။
တိုက်ပွဲ၏ရလဒ်နှင့်ပတ်သက်၍ ရီကျင်းဟိုင်သည် အရင်းအမြစ်များစွာကို ယူဆောင်လာပေးသည့်အတွက် စိုးရိမ်စိတ်များအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
မအောင်နိုင်သေးဘူးဆိုလျှင်လည်း ရှည်လျားမြစ်ဂိုဏ်းအတွက်စိတ်ပူရန် မလိုအပ်တော့ချေ။ သက်ရှည်ဂိုဏ်းသည်လည်း ၎င်း၏ကံကြမ္မာကို လက်ခံရမည်ဖြစ်သည်။
နာရီများစွာကြာပြီးနောက် သက်ရှည်ဂိုဏ်းအတွင်းမှ ပျော်ရွှင်စွာချီးကျူးသံများထွက်ပေါ်လာသည်။
"သက်တော်ရာကျော်ရှည်ပါစေ အကြီးအကဲရီ!"
"အကြီးအကဲရီက မယုံနိုင်စရာပဲ!"
အရင်းအမြစ်များအပြည့်ဖြင့်အိတ်များကိုကြည့်ကာ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားနေကြ၏။ အကြီးအကဲရီ၏ နောက်လိုက်ခြင်းသည် အကျိုးကျေးဇူးများစွာ ခံစားရသည်မှာ သေချာပါသည်။
သက်ရှည်ဂိုဏ်းရှိရီကျင်းဟိုင်၏ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။
သက်ရှည်ဂိုဏ်း၏အပြင်ဘက်ရှိ ရှည်လျားမြစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် အတွင်းမှအော်ဟစ်သံများကို ကြားလိုက်ရာ မလွယ်ကူသောခံစားချက်ကို ခံစားခဲ့ရသည်။
ဂိုဏ်းသခင် ဟွမ်လိဟွမ်းသည် မျက်မှောင့်ကျုံ့လိုက်ကာ
“အခြေအနေက အချိန်နဲ့အမျှ ပြောင်းလဲနေတယ်၊ ငါတို့ စောင့်နေလို့မဖြစ်တော့ဘူး၊ အခုပဲ တိုက်ခိုက်ကြ!"
“တိုက်ခိုက်ကြ!”
ရှည်လျားမြစ်ဂိုဏ်းသည် မရေမတွက်နိုင်သော နည်းပညာများကို တိုက်ခိုက်ခဲ့ပြီး သက်ရှည်ဂိုဏ်း၏ အကာအကွယ်အခင်းအကျင်းကို စတင်တိုက်ခိုက်ခဲ့သည်။
ဤအခိုက်အတန့်တွင် အသက်ရှည်ခြင်းဂိုဏ်း၏ အကာအကွယ်အခင်းအကျင်းသည် မမျှော်လင့်ဘဲ အလိုအလျောက်အသက်သွင်းပြီးဖြစ်သွားသည်။
အစီအရင်များစွာဖြင့် ရေးထိုးထားသော၀တ်ရုံများကို ၀တ်ဆင်ထားသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် အစွမ်းထက်သော အင်မော်တယ်လက်နက်များကို ကိုင်ဆောင်ကာ ရှေ့သို့ချီတက်လာကြသည်။
မိုးကုပ်စက်ဝိုင်းအထက်တွင်မူ သက်ရှည်ဂိုဏ်း၏ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိသည့် ကျင့်ကြံသူများသည် ဝိညာဉ်ဝတ်ရုံကို ဝတ်ဆင်၍ အင်မော်တယ်လက်နက်များပေါ်တွင် ရပ်တန့်လျက်ရှိသည်။ အဆောင်လက်ဖွဲ့များသည်လည်း နေရာအနှံ့ပြန့်ကြဲနေ၏။
၎င်းတို့သည် ပြိုးပြိုးပြက်ပြက်တောက်ပနေသော ချမ်းသာသည့် တော်ဝင်မျိုးနွယ်စုကဲ့သို့ဖြစ်နေသည်။ သို့သော်လည်း ရှည်လျားမြစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် မနာလိုစိတ်ဝင်လာကာ ၎င်းတို့သည်လည်း ကြွယ်ဝချမ်းသာလိုလာကြသည်။
ချန်ဟယ်မြို့၏ အခြေခံအုတ်မြစ်တည်ထောင်ရေး အဆင့်ရှိ ကျင့်ကြံသူများသည် အံသြဆွံ့အနေခဲ့ကြ၏။ သက်ရှည်ဂိုဏ်း၏ ကျင့်ကြံသူများသည် ရက်အနည်းငယ်ဖြင့် အဘယ်ကြောင့် ရုတ်တရက် ချမ်းသာလာသနည်း။
အားလုံးသည် အလယ်အလတ်တန်းစား ဝိညာဉ်ရေးပစ္စည်းများကို အသုံးပြုနေကြကာ ၎င်းတို့ရှည်လျားမြစ်ဂိုဏ်း၏ အလယ်အလတ်အဆင့် အခြေခံအုတ်မြစ်တည်ထောင်ရေးကျင့်ကြံသူများပင်လျှင် အဆင့်နိမ့်ဝိညာဉ်ရေးပစ္စည်းများကို အသုံးပြုနေကြရဆဲဖြစ်သည်။
လူအုပ်အတွင်းတွင် မော့ပေသည်သာ ကြောက်လန့်တကြား တုန်လှုပ်သွားသည်။ ‘ရီမိသားစု၊ အဲဒီအာဏာရှင်တွေပဲ ဖြစ်ရမယ်’
သက်ရှည်ဂိုဏ်း၏ ကျင့်ကြံသူများကို ကြည့်ပြီးနောက် မော့ပေသည် ၎င်းခံစားချက်ကို ရိပ်မိသွားခဲ့သည်။ ရီမိသားစုသည် တစ်သက်လုံး သူ၏ရန်သူ ဖြစ်လာလိမ့်မည်။
ကြည့်ရသည်မှာ သူသည်တိကျသေချာသော မစ်ရှင်တစ်ခုကို ဖြည့်ဆည်းရန်အတွက် ဤလောကထဲသို့ ရောက်ရှိလာပုံပင်။ ဤမျိုးရိုးအမည် မော့သည် သာမန်မဟုတ်ချေ!
တိုက်ပွဲစတင်သောအခါ အစပိုင်းတွင် အားသာနေသော ရှည်လျားမြစ်ဂိုဏ်း၏ ကျင့်ကြံသူများသည် တိုက်ရိုက်လဲကျသွားသည်။
လဲကျရန်မှလွဲ၍လည်း ရွေးချယ်စရာမရှိနေပေ၊ အဆောင်လက်ဖွဲ့တွေနဲ့ စဖွင့်တဲ့ တိုက်ပွဲကို မည်သူမြင်ဖူးပါသနည်း။ ဤကဲ့သို့သော အဆင့်မြင့်ပစ္စည်းများကို မည်သည့်ဂိုဏ်းက တတ်နိုင်သနည်း။
တပည့်တွေကြားရှိ တိုက်ပွဲသည်လည်း အကြီးအကဲများကြားရှိ တိုက်ပွဲကဲ့သို့ပင် ပို၍အခြေအနေကောင်းမနေချေ။
အစောပိုင်းအခြေခံအုတ်မြစ်တည်ထောင်ခြင်း အဆင့်မှာပင် ရှည်လျားမြစ်ဂိုဏ်းသည် သက်ရှည်ဂိုဏ်း၏ကျင့်ကြံသူများနှင့် မယှဉ်နိုင်ဘဲရှိသည်။
သူတို့၏ တစ်ခုတည်းသောအားသာချက်မှာ ရှည်လျားမြစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ကျင့်ကြံသူများသည် အသက်ရှည်ခြင်းဂိုဏ်းများထက် အရေအတွက် ပိုများနေခြင်းဖြစ်ကာ ၎င်းတို့အများအပြားသည် ရီကျင်းဟိုင်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။
ပိုင်ရွှယ်သည် သူ့ကိုကူညီရန်လာသည်ကို မြင်သောအခါ ရီကျင်းဟိုင်က ခေါင်းခါပြကာ သူမကိုတားလိုက်သည်။
ရီမိသားစုသည် ၎င်း၏စွမ်းအားကိုပြသခဲပြီး ကြွယ်ဝမှုဖြင့်သာ ကျော်ကြားသည်။ ယနေ့တွင် ကွမ်ဟယ် စီရင်စုမှကျင့်ကြံသူများအား ရီမိသားစု၏ ခွန်အားသည် ချမ်းသာကြွယ်ဝရုံသာမက တိုက်ပွဲစွမ်းရည်ပါရှိကြောင်း ပြသရမည့်အချိန်ဖြစ်သည်။
တူညီသောအဆင့်နယ်ပယ်တွင် ရီမိသားစု၏ တိုက်ခိုက်ရေးစွမ်းအားသည် မည်သူမျှယှဉ်နိုင်ခြင်းမရှိချေ။
ရီကျင်းဟိုင်သည် လက်ဖျောက်တီးလိုက်ရာ တောက်ပသည့် အစေ့ဆယ်စေ့သည် သူ့ဘေးတွင် ပေါ်လာသည်။
မြွေစိမ်းအသွင်ပြောင်းနည်းပညာ!
မြွေစိမ်းစွမ်းအားသည် ဝိညာဉ်မျိုးစေ့ဆယ်ခုထဲသို့ တိုးဝင်လာကာ အစေ့များသည် ချက်ခြင်းဖောင်းပွလာပြီးနောက် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၏ ရောင်ဝါဖြင့် ရီကျင်းဟိုင်ဘေးတွင် အစေ့ဆယ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
၎င်းသည် ရီမိသားစု၏ထူးကဲစွမ်းရည်ဖြစ်သည့် မြွေစိမ်းအသွင်ပြောင်းနည်းပညာဖြစ်၏။
ရီဖန်သည် အသက်ရှည်ဂိုဏ်းအတွက် အရင်းအမြစ်များစွာကို ယူဆောင်လာခဲ့ရာ သူသည် ရီကျင်းဟိုင်အတွက် အဘယ်ကြောင့် မဆောင်ခဲ့ဘဲနေမည်နည်း။
သူ့တွင် ပဉ္စမအဆင့်ဝိညာဉ်မျိုးစေ့ဆယ်ခုနှင့် အလယ်အလတ်အဆင့် အခြေခံအုတ်မြစ်တည်ထောင်ခြင်း၏ ဆဋ္ဌမအဆင့် ဝိဉာဉ်မျိုးစေ့များပင် သူ့လက်ထဲတွင်အပြည့်ရှိသည်။
ရီကျင်းဟိုင်ကို တိုက်ခိုက်သည့် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူလေးဦးထံသို့ ဝိညာဉ်ပစ္စည်းဆယ်ခုသည် တိုက်ရိုက်ကျရောက်လာသည်။
မီးဝိညာဉ်မြက်၊ အဆင့်ငါးဝိညာဉ်ပစ္စည်း၊ မီးစွမ်းအားဂါထာများ၊ နီမြန်းသောကောင်းကင်၊ ဓားမြက်၊ လက်ထဲတွင်ရှိသော ဓားပညာ၊ ကောင်းကင်ဟုန်ခွင်း ချီစွမ်းအားဓားစသည်ဖြင့် ဝိညာဉ်မျိုးစေ့ဆယ်မျိုးအနက် အများစုသည် တိုက်ပွဲအတွက် ပြုလုပ်ထားခြင်းဖြစ်သည်။
သက်ရှည်ဂိုဏ်းအကြီးအကဲတစ်ဦး မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း နောက်အခိုက်အတန့်တွင် နည်းစနစ်တစ်ခုသည် သူ့အပေါ် ကျရောက်လာကာ သူ၏ဒဏ်ရာကို ချက်ချင်းကုသပေးခဲ့သည်။
၎င်းသည် ဒဏ်ရာများပြန်လည်ကောင်းမွန်ရန် အထောက်အကူပေးသည့် အဆင့်ငါး ဝိညာဉ်ပစ္စည်းဖြစ်သည့် အသက်ပြန်သွင်းခြင်း သစ်သီးဖြစ်သည်။
နောက်ဆုံးတစ်ခုသည် ပြန်လည်ထူထောင်ရေးမြက်ဖြစ်ကာ အဆင့်ငါးဝိညာဉ်ပစ္စည်းဖြစ်ပြီး ဝိညာဉ်စွမ်းအားကို ပြန်လည်ရရှိစေသည်။
ဝိညာဉ်ပစ္စည်းများမှပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းကျင့်ကြံသူများနှင့် သက်ရှည်ဂိုဏ်းကိုပင် အံ့အားသင့်စေခဲ့သည်။
ဤနည်းပညာသည် ရီမိသားစုအတွက် ထူးခြားလေးနက်သည်ကို ရှင်းလင်းစွာသိနိုင်ပေသည်။ ရီမိသားစုတွင် နောက်ထပ် ဝှက်ဖဲမည်မျှရှိနိုင်သေးသနည်း။
…………………….