အခန်း ၇၀-၇၂
Vol. 5 Ch. 70-72
အပိုင်း (၇၀) ကျပ်တည်းလာသော စီးပွါးရေးနှင့် အမြတ်ငွေလျော့နည်းလာသော နှစ်များ
ရီချင်သည် မတူညီသောဂုဏ်ရည်များအားလုံးအတွက် ကျင့်ကြံရေးနည်းပညာများစွာကို ပြင်ဆင်ထားသည်။
သူသည် နည်းစနစ်တစ်ခုချင်းစီကို ကျောက်စိမ်းပြားပေါ်တွင် တစ်ခုပြီးတစ်ခု ရေးထိုးကာ အချိန်တိုအတွင်း၌ သူ၏ပတ်လည်တွင် ကျောက်စိမ်းပြားများစွာဖြင့် ဝန်းရံထားခဲ့သည်။
သူ့ရှေ့ရှိိ ကျောက်စိမ်းပြားများကိုကြည့်ကာ ရီချင်သည် အနည်းငယ်တုံ့ဆိုင်းသွားသည်။
ရီချင်သည် ရီဖန်ကို ကျောက်စိမ်းပြားများပေးချင်သော်လည်း အကယ်၍ရီဖန်က ၎င်းကိုမည်သည့်နေရာမှရရှိခဲ့သနည်းဟု မေးလာပါက ၎င်းတို့၏ဇာစ်မြစ်ကို မည်သို့ရှင်းပြရမည်နည်း။
‘သူ ရှာတွေ့ခဲ့တာလား’ရီချင်ကိုယ်တိုင်ပင် ယုံကြည်နိုင်မည်မဟုတ်ချေ။
"သခင်၊ ဒါက ဒီလအတွက်အရင်းအမြစ်တွေပါ၊ အဲဒါတွေအကုန်သုံးဖို့ မမေ့နဲ့နော်" ကျင်းချုံသည် ရီချင်ကို သိုလှောင်အိတ်ပေးလိုက်ပြီးနောက် စကားတစ်ခွန်းကို ထပ်ဖြည့်ပြောလိုက်သည်။
ရီချင်သည် တစ်ချိန်က အရင်းအမြစ်များကို အသုံးပြုရန် အလွန်တွန့်ဆုတ်ခဲ့ဖူးကာ တစ်လအတွင်း ထက်ဝက်မျှသာသုံးစွဲခဲ့သဖြင့် ကျင်းချုံက ၎င်းတို့အားလုံးကိုအသုံးပြုရန် ရီချင်အား သတိပေးခဲ့သည်။
အရင်းအမြစ်များကို အသုံးမပြုပါက ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ကို မည်သို့လျင်မြန်စွာ တိုးမြှင့်နိုင်မည်နည်း။
သူမရှေ့ရှိ သိုလှောင်အိတ်ကို မြင်လိုက်ရသည့်အခါ ရီချင်သည် ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။
သူ၏ယခင်ဘဝတွင် ရီချင်သည် အမြဲတစေ တစ်ကိုယ်တည်းကျင့်ကြံသူဖြစ်ခဲ့ကာ ကျင့်ကြံရေးအတွက်အသုံးပြုရန် အရင်းအမြစ်တစ်ခုကို နှစ်ပိုင်းခွဲရန် အမြဲကြိုးစားခဲ့ရသည်။
၎င်းမှာ ယခင်ကတစ်လအတွင်း အရင်းအမြစ်များ၏ ထက်ဝက်မျှသာသုံးရသည့် အကြောင်းရင်းဖြစ်သည်။ ရီမိသားစု၏ အရင်းအမြစ်များ အလွန်အကျွံသုံးစွဲမှုကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရပြီးနောက် ထိုအကျိုးကျေးဇူးများကိုခံစားရခြင်းသည် ရီချင်အတွက် ပထမဆုံးဖြစ်သည်။
သိုလှောင်အိတ်ကိုတစ်လှည့် ကျင်းချုံကိုတစ်လှည့်ကြည့်ရင်း ရီချင်၏ မျက်လုံးများသည် ဆုံးဖြတ်ချက်ခိုင်မာမှုအပြည့်ရှိသည်။ ရီမိသားစုသည် သူ့ကို ကောင်းကောင်းဆက်ဆံခဲ့တာသည့်အတွက် သူလဲ အဘယ်ကြောင့် တွန့်ဆုတ်နေရမည်နည်း။
ရီချင်သည် ရီဖန်၏အမြင်ဖြင့် ဤအသေးစိတ်အချက်အလက်များကို ဂရုမစိုက်ကြောင်း ယုံကြည်ခဲ့သည်။ ထိုသို့တွေ့ပြီးနောက် ရီချင်သည် ထရပ်လိုက်ကာ သိုလှောင်အိတ်ကိုကိုင်လျက် ရီဖန်၏ ပင်မအခန်းဆီသို့ ဦးတည်သွားသည်။
“အဖေ”
ရီချင်သည် ရီဖန်၏တံခါးကို ခေါက်လိုက်ကာ လေးစားစွာ အော်ခေါ်လိုက်သည်။
"ဝင်လာခဲ့ပါ၊ မင်းဘာကိစ္စများရှိလို့လဲ" ရီဖန်သည် ပြုံးလျက်မေးလိုက်သည်။
"မင်းအရင်းအနှီးတွေ ကုန်နေပြီလား။ ငါမင်းကို ငါ့ရဲ့ တစ်ချို့ကို ခွဲပေးနိုင်ပေမယ့် ဘယ်သူ့ကိုမှတော့ မပြောနဲ့ ဟုတ်လား"
ရီဖန်သည် သူ့သမက်အပေါ်တွင်ရက်ရောသောကြောင့် သူ၏ သိုလှောင်အိတ်ထဲမှ အရင်းအမြစ်အချို့ကို ထုတ်ယူရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ရီဖန်၏အရင်းအမြစ်များကို ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေခြင်းကြောင့် ရီချင်သည် အံ့အားသင့်သွားကာ ရီဖန်ကို ချက်ခြင်းတားလိုက်သည်။
“အဖေ၊ ကျွန်တော့်မှာ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိတယ်၊ ကျွန်တော် သုံးနိုင်တာထက်တောင် ပိုပါသေးတယ်၊ တခြားတစ်ခုခုအတွက် လာခဲ့တာပါ"
ရီချင်သည် သူ၏နှုတ်ခမ်းကိုကိုက်လိုက်ကာ လက်ကိုဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်တွင် ကျောက်စိမ်းချပ်များပေါ်လာသည်။
၎င်းကိုမြင်သည့်အခါ ရီဖန်၏မျက်နှာသည် လေးနက်လာသည်။ သူသည် ကျောက်စိမ်းချပ်တစ်ခုကို ကောက်ယူလိုက်ကာ သူ၏ဝိညာဉ်ရေးအာရုံဖြင့် စူးစမ်းလေ့လာခဲ့သည်။
ရွှေအမြုေတအဆင့်အထွတ်အထိပ်ထိ ကျင့်ကြံေရးအတွက် သင့်လျော်သော ရွှေအမြုေတသစ်သားစွမ်းရည်ကျင့်ကြံခြင်းနည်းပညာဖြစ်သည်။ ေနာက်ထပ် ေကျာက်စိမ်းပြားတစ်ခုကို ေကာက်ယူလိုက်သည့်အခါ ၎င်းသည် ရွှေအမြုေတအဆင့်အထွတ်အထိပ်ထိ ကျင့်ကြံေရးအတွက် နည်းပညာတစ်ခုဖြစ် ေနပြန်သည်။ ဒြပ်စင်ငါးပါးကျင့်ကြံရေးနည်းပညာ စသည်ဖြင့် စုံလင်စွာပါဝင်နေသည်။
ရီဖန်၏ စိတ်နှင့်ပင် သူ့မျက်လုံးများသည် အံ့ဩမှုအပြည့်ဖြစ်နေ၏။ သူသည် ကျင့်ကြံရေးနည်းပညာတစ်ခုတည်းကိုပင် ရှာမတွေ့ဘဲ အချိန်ကြာမြင့်စွာအလုပ်ရှုပ်နေခဲ့ရာမှ ယခု ရုတ်တရက် များစွာသောကျင့်ကြံရေးလမ်းစဉ်များသည် သူ့ရှေ့တွင်ပေါ်လာသည့်အတွက် ရီဖန်သည် လွှမ်းမိုးခံလိုက်ရသည်။
သူ့တစ်သက်လုံးတွင် သားသမီးများအတွက် များပြားစွာလုပ်တောင်ပေးခဲ့သောကြောင့် ယခု သူတို့လုပ်အားမှ အကျိူးခံစားနေရသည်လော။
“အဖေ၊ ဒီလိုကျင့်ကြံရေးနည်းပညာတွေကို မတော်တဆ ရှာတွေ့ခဲ့တာမို့ ရီမိသားစုကို အပ်နှံချင်ပါတယ်” ဟု ရီချင်သည် ခေါင်းကုတ်လျက် အနည်းငယ် စိတ်မသက်မသာဖြင့်ပြောသည်။
"ဟမ် မတော်တဆတွေ့လိုက်တာ ဟ?"
ရီဖန် မျက်လုံးကိုသာလှိမ့်လိုက်မိသည်။ သူ့ကို အရူးတစ်ယောက်ကဲ့သို့ ဆက်ဆံနေသည်လော။
တစ်ကြိမ်တည်းဖြင့် ဤမျှလောက်များပြားသော ကျင့်ကြံရေးနည်းပညာများကို မတော်တဆရရှိခဲ့လျှင် သူသည် အဘယ်ကြောင့်မွန်းစတားတစ်ကောင်များ မတော်တဆမတွေ့ရှိခဲ့ရပါသနည်း။ သို့သော်လည်း မိသားစုဝင်များအတွင်း လျှို့ဝှက်ချက်အနည်းငယ်ရှိခြင်းသည် မှားယွင်းနေခြင်းမရှိသောကြောင့် ရီဖန်သည် ဆက်မမေးတော့ပေ။
ရီဖန်သည် ရီချင်၏ သရုပ်မှန်နှင့် ပတ်သက်၍ ထင်မြင်ချက်အချို့ရှိနေပြီဖြစ်သည်။
အချို့သော စွမ်းအားကြီးကျင့်ကြံသူများသည် ရတနာများကိုမှီခိုအားထားကာ နောက်တစ်ဘဝအထိ အသက်ရှင်နိုင်ကြသည်။ ဤကျင့်ကြံရေးနည်းပညာများသည် ယခုလက်ရှိဘဝအတွက် ယခင်ဘဝကတည်းက ပြင်ဆင်ခဲ့ခြင်းဖြစ်နိုင်သည်။
ရီဖန်သည် အနည်းငယ်သာ ပြုံးလိုက်သည်။ သူ့အတိတ်ဘဝက ဖတ်ဖူးသမျှဝတ္ထုတိုင်းသည် အသုံးမဝင်ခြင်းမရှိချေ။ အထူးသဖြင့် သူအလွန်နှစ်သက်ခဲ့သောစာရေးဆရာများစွာရှိကာ မော့ပေအမည်ရှိသူသည် သူအနှစ်သက်ဆုံးဖြစ်၏။
သူ့ထက်အသက်ကြီးသည့် ဇာတ်ကောင်ဟောင်းထံမှ အဖေဟုခေါ်ခံရသည်မှာ အနည်းငယ်အဆင်မပြေသလို ခံစားလိုက်ရသော်လည်း ရီဖန်၏ ရီချင်အပေါ် အထင်အမြင်များမှာ ပိူ၍ပင်ကောင်းမွန်လာသည်။
ရီချင်သည် သူ၏နှလုံးသားထဲတွင် ရီမိသားစု ရှိနေသရွေ့ အရာအားလုံးကို ညှိနှိုင်းနိုင်မည်ဖြစ်သည်။
ရီဖန်သည် သူ့လက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြားများကို သိမ်းယူလိုက်သည်။
သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်နှင့် အရင်းအနှီးများစွာသည် ရီချက်ရှေ့တွင် ပေါ်လာသည်။
“ဒါတွေက မင်းရဲ့ဆုကြေးတွေပဲ” " သူတို့ကို တစ်နှစ်အတွင်း သုံးဖို့မမေ့ပါနဲ့"
ရီဖန်သည် ရီချင်၏ သဘောသဘာဝကို သတိရကာ ထပ်ပြောသည်။ရီချင်ကလဲ မငြင်းချေ။ ထိုအစား သူသည် လေးလေးနက်နက် ခေါင်းညိတ်ကာ “နားလည်ပါပြီအဖေ” ဟုသာပြောလိုက်သည်၌
ရီမိသားစုသည်အနာဂတ်တွင် သူ၊ ရီချင်၏၊ ရီမိသားစုလည်း ဖြစ်လာလိမ့်မည်။ ကျင့်ကြံသူမိသားစုများကြားတွင်ပင် ရီမိသားစုကဲ့သို့ နွေးထွေးစွာ ကြိုဆိုသူ အနည်းငယ်သာရှိသည်။ ရီချင်သည် ရီမိသားစုကို အရှိအတိုင်းများစွာချစ်ခင်ခဲ့သည်။
ရီချင်ထွက်သွားပြီးနောက် ရီဖန်သည် ကျောက်စိမ်းပြားများရှိ ကျင့်ကြံရေးနည်းစနစ်များကို စတင်စစ်ဆေးခဲ့သည်။
"ဂုဏ်ယူပါတယ် သခင်၊ ရေရှည်လုပ်ငန်းတာဝန်ဖြစ်တဲ့ ရီမိသားစုရဲ့ ကျင့်ကြံရေးနည်းပညာ ခြောက်- ရွှေအမြုတေနည်းပညာ (ပြီးမြောက်)သွားလို့ ဆုလက်ခံရရှိနိုင်ပါပြီ"
လုံးဝပြီးပြည့်စုံသွားပြီ!
“စနစ်၊ ဆုကိုထုတ်ယူလိုက်ပါ”
"ဂုဏ်ယူပါတယ် သခင်၊ မိသားစု ကံကောင်းခြင်း အမှတ်၃၀၀နဲ့ မိသားစုထူးကဲစွမ်းရည် အစိမ်းရောင်‘ကျောက်’ကိုယ်ထည်" ကိုရရှိသွားပါပြီ”
မိသားစုထူးကဲစွမ်းရည်- အစိမ်းရောင်‘ကျောက်’ကိုယ်ထည်သည် သင့်ခန္ဓာကိုယ်အတွင်း သွေးမျိုးဆက်စွမ်းအားကို ဖြည်းဖြည်းချင်းထုတ်ဖော်ပြသကာ အစိမ်းရောင်‘ကျောက်’လက္ခဏာများကို ထုတ်ဖော်ပြသနိုင်သည့် သွေးမျိုးဆက်ထူးကဲစွမ်းရည်တစ်ခုဖြစ်သည်။ သွေးမျိုးဆက်လုံလောက်စွာ နက်နဲပါက သင်သည် အစိမ်းရောင်’ကျောက်’ အဖြစ်သို့ အသွင်ပြောင်းနိုင်မည်ဖြစ်သည်။
ရီဖန်သည် ထူးကဲစွမ်းရည်ဖြစ်သည့် အစိမ်းရောင်’ကျောက်’ကိုယ်ထည်ကို ချက်ချင်းအသက်သွင်းလိုက်ရာ အကြေးခွံများသည် သူ့ခန္ဓာကိုယ်အနှံ့တွင် ပေါ်လာသည်။
ရီဖန်၏ မျက်ဆံများသည်လည်း သိသာသော အပြောင်းအလဲများ ကြုံတွေ့ခဲ့ရကာ မျက်လုံးနှစ်ဖက်စလုံးသည် ‘ကျောက်’ မျက်ဆံများအဖြစ် ပြောင်းလဲသွားကာ ရီဖန်၏ အမြင်အာရုံထဲတွင် ကမ္ဘာကြီးသည် သိသိသာသာ ပြောင်းလဲသွားသည်။
ရီဖန်သည် မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏အကြည့်ဖြင့် ရီမိသားစုတစ်ဝိုက်တွင် ပျံဝဲနေသောဖွဲ့စည်းပုံအခင်းအကျင်းကို မြင်နေရသည်။ ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်း၏ အားနည်းချက်များကိုလည်း ပိုင်းခြားနိုင်သည်။
ရီဖန်သည် အခြားသူများ၏စွမ်းအားကို စူးစမ်းကြည့်သောအခါတွင် ၎င်းတို့၏ အားနည်းချက်များကိုလည်း တွေ့ရှိခဲ့သည်။
‘ကျောက်’ မျက်ဆံများသည် အားနည်းချက်များကိုပင် ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည်။ ရီဖန်၏သွေးမျိုးဆက်စွမ်းအားသည် ရီမိသားစုတွင် အထင်ရှားဆုံးဖြစ်သည်။ ထူးကဲစွမ်းရည်ကို အသုံးပြုပြီးနောက် အသွင်ပြောင်းလဲခြင်းသည် ပို၍သိသာထင်ရှားလာသည်။
‘ကျောက်’ အကြေးခွံများသည် အစိမ်းရောင်’ကျောက်’စွမ်းအားဖြင့် ပေါင်းစပ်ကာ ရီဖန်၏ ခံစစ်စွမ်းရည်ကို မြှင့်တင်ပေးသည်။
‘ကျောက်’ မျက်ဆံများသည် အားနည်းချက်များကို ဖောက်ထွင်းမြင်နိုင်ကာ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးသည်။
ရီဖန်သည် အစိမ်းရောင်’ကျောက်’ကိုယ်ထည် ထူးကဲစွမ်းရည်ကို အခြားသောကျင့်ကြံရေးကျမ်းစာများနှင့်အတူ သိုလှောင်ရာထိပ်ဆုံး၌ ထားရှိခဲ့သည်။
ထို့အပြင် သူသည် ရီချင်၏ပံ့ပိုးကူညီမှုများအကြောင်း မိသားစုတစ်ခုလုံးကို အသိပေးခဲ့သည်။ ရီမိသားစုမှလူများသည် ရီချင်နှင့်ပက်သက်၍ အလွန်စိတ်အားထက်သန်နေခဲ့ကြသည်။
"ဘယ်သူက အသုံးမကျတဲ့ သားမက်လဲ။ ဒါက ငါ့ညီ၊ ရီကျင်းထျန်၊ ရီကျင်းဟိုင်နဲ့ ရီကျင်းလုံတို့ရဲ့ ညီအစ်ကိုကွ!"
အားလုံးသည် ရီချင်ကို အပြည့်အဝလက်ခံခဲ့သည်။
တုန်းရှီစီရင်စုမှ ပြန်လာပြီးနောက် ရီဖန်သည် အမြဲတမ်းအရေးတကြီး ခံစားခဲ့ရသည်။ ကွမ်ဟယ်စီရင်စုသို့ စစ်ပွဲမပြန့်ပွါးမီ ရီမိသားစုသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် လိုအပ်သည်။ ကြယ်တာရာလော့ဂိုဏ်း၊ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းတို့နှင့် ရင်ဆိုင်ရန် မလွယ်ကူပေ။
ရွှေအမြုတေအဆင့်သည် အနိမ့်ဆုံး အာမခံချက်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မြွေစိမ်းသွေးမျိုးဆက်ကို အဆင့်မြှင့်တင်ပြီးနောက် ရီမိသားစုဝင်များ၏ ကျင့်ကြံရေးအရှိန်သည် သိသိသာသာ တိုးတက်လာခဲ့သည်။
အခြားဆိုင်များသည် တရားမ၀င်ချမ်းသာကြွယ်ဝမှုရရှိရန် ရည်ရွယ်ချက်ဖြင့် ကုန်ပစ္စည်းများကို အရူးအမူးစတင်ရောင်းချကြသည်။
သို့တိုင်အောင် ရီဖန်သည် သူ၏ခံစစ်ကိုသာ စတင် တင်းကျပ်လိုက်ကာ အရင်းအမြစ်အများစုကို မိသားစုကျင့်ကြံရေးသို့မဟုတ် သိုလှောင်ထားရန်အတွက်သုံးခဲ့သည်။ ရီဖန်သည် စစ်အတွင်း၌ ငွေရှာရန် မလွယ်ကူမှန်းသိထားသည်။ ၎င်း၏အကျိုးဆက်ကြောင့် ရီမိသားစု၏ အမြတ်အစွန်းများသည် ကျဆင်းလာ၏။
ပထမနှစ်တွင် ရီမိသားစု၏အမြတ်ငွေသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသုံးသန်းအထိ ကျဆင်းသွားသည်။ ဒုတိယနှစ်တွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးနှစ်သန်းမျှသာ ကျန်ရှိတော့သည်။
ရီမိသားစုမှ လူများသည် ဂူအိမ်များတွင် ကျင့်ကြံခြင်းအပေါ်အာရုံစိုက်ရန် ရွေးချယ်ကြကာ အပြင်ထွက်နည်းလာကြသည်။ ဤအချိန်တွင် ကျင့်ကြံရေးအဆင့်သည် အရေးကြီးဆုံးဖြစ်သည်။
သုံးနှစ်ကြာပြီးနောက်…
ဇာတ်ကောင်: ရီဖန်
သက်တမ်း: ၁၈၇ နှစ်
အဆင့်- အခြေခံအုတ်မြစ်တည်ထောင်ခြင်းအထွတ်အထိပ်အဆင့် (၁၄၉၉၉၉/၁၅၀၀၀၀)၊ ရွှေအမြုတေအဆင့်မှ ခြေတစ်လှမ်းသာဝေးတော့သည်
ထိုအချိန်တွင် ရီမိသားစုနယ်မြေတွင် ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ ပေါ်လာသည်။ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူသုံးဦးနှင့် ချီစွမ်းအားသန့်စင်ရေး နယ်ပယ်မှ ကျင့်ကြံသူတစ်ဒါဇင်ကျော်သည် ရီမိသားစု အပြင်ဘက်သို့ ရောက်ရှိလာသည်။
"မျိုးနွယ်စုခေါင်းတောင်၊ ကြယ်တာရာလော့ဂိုဏ်းကလူတွေ ရောက်လာကြပြီ"
……………………….
အခန်း (၇၁) နောက်ဆုံးအဆင့် အမြုတေအခင်းအကျင်း ရှစ်ဆယ်
ကြယ်တာရာဂိုဏ်းဟု ကြားလိုက်သည်နှင့် ရီဖန် ၏နှလုံးသည် ရုတ်တရက်တင်းကျပ်လာသည်။
သူသည်လွန်ခဲ့သော နှစ်အနည်းငယ်က ကြယ်တာရာလော့ဂိုဏ်းမှ တပည့်နှစ်ယောက်ကို သတ်ခဲ့ကြောင်းကို မမေ့ခဲ့ပေ။
‘ဒီ ကြယ်တာရာလော့ဂိုဏ်းဝင်တွေက ကလဲ့စားချေဖို့ လာခဲ့တာ ဖြစ်နိုင်လား’
ရီဖန်သည် သူ၏သိုလှောင်အိတ်ကို တင်းကျပ်စွာကိုင်လျက် ဂူအိမ်ထဲမှ ထွက်လာခဲ့သည်။
ကျင့်ကြံသူတော်တော်များများက ရီဖန်ကိုကြည့်နေကြကာ ရီဖန်သည်လည်း ၎င်းတို့ကို ပြန်ကြည့်နေသည်။
“မျိုးနွယ်စုခေါင်းဆောင်ရီ၊ မင်းရဲ့ဂုဏ်သတင်းက မင်းကိုတကယ်ပဲထင်ရှားစေတယ်” ထိပ်တန်းကျင့်ကြံသူယန်ဝမ်က အရင်ပြောလိုက်သည်။
"ကြယ်တာရာလော့ဂိုဏ်းက မိတ်ဆွေအားလုံးကို နှုတ်ဆက်ပါတယ်"
သူတို့၏ သဘောထားများကို ကြည့်ပြီးနောက် ရီဖန်သည် သက်ပြင်းချလိုက်မိသည်။ ကြယ်တာရာဂိုဏ်း၏ တပည့်များကို သတ်ခြင်းအကြောင်းသိဟန်မတူပေ။
"အားလုံးပဲ ဒီကိုဘာကိစ္စကြောင့်ရောက်လာတာလဲ သိပါရစေ" ဟု ရီဖန်ကပြောလိုက်သည်။
ယန်ဝမ်သည် " ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနဲ့ ကြယ်တာရာလော့ဂိုဏ်းကြားက စစ်ပွဲအကြောင်း မင်းကြားဖူးမယ်ထင်တယ်"
ရီဖန် ခေါင်းညိတ်ပြလိုက်ကာ သူတို့၏ ရည်ရွယ်ချက်ကို အတော်လေး ခန့်မှန်းမိသွားသည် ။
“တုန်းရှီစီရင်စုနဲ့ ကွမ်ဟယ်စီရင်စုက အိမ်နီးချင်းတွေဖြစ်လို့ ငါတို့အားလုံး အတူတူ ချမ်းသာတာ ဒါမှမဟုတ် ကျရှုံးကြရမယ်လေ၊ ထောက်ပံ့ရေးအကူအညီတွေ စုဆောင်းဖို့မျှော်လင့်ပြီးတော့ လူတိုင်းရဲ့အကူအညီရဖို့အတွက် ကွမ်ဟယ်စီရင်စုကို ရောက်လာရတာပါ”
မျှော်လင့်ထားသည့်အတိုင်း အကူအညီတောင်းခံရန် လာရောက်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် စကားလုံးများကို အချိုုသတ်ကာပြောဆိုနေသော်လည်း အကယ်၍ငြင်းဆိုလိုက်ပါက လုံးဝကွဲပြားသော မြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မည်။
"ဘယ်လောက်လိုတာများလဲ"
ရီဖန်သည် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ခြင်း မရှိပေ။
"ဆေးပညာမှာ ရီမိသားစုရဲ့ ကျော်ကြားမှုနဲ့ တုန်းရှီစီရင်စုက အရွက်တစ်ထောင်ဈေးအကြောင်း ကြားတာကြာပါပြီ။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းက သိပ်အများကြီးမဟုတ်ဘူး မဟုတ်လား”
ယန်ဝမ်၏လေသံသည် ရီဖန်ကိုရန်စသော အကြည့်ပါးပါးဖြင့် ဖုံးအုပ်ထားကာ ပြင်းထန်သော မျှော်လင့်ချက်ကို အရိပ်အမြွက်ပြနေသည်။
ရီဖန်သည် တုံ့ဆိုင်းသွားဟန်ဖြင့် “မိတ်ဆွေတို့၊ ရီမိသားစုရဲ့အခြေအနေတွေကို မင်းသိပြီးထားမှတော့ ဒီနှစ်နှစ်က ငါတို့အတွက် တော်တော်ခက်ခဲခဲ့တာကို မင်းနားလည်သင့်တယ်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းက တကယ်များလွန်းတယ်၊ ပမာဏ နည်းနည်းလောက်လျှော့လို့မရဘူးလား။
ရီဖန်၏စကားကိုကြားသောအခါ ယန်ဝမ်၏နောက်ရှိ ကျင့်ကြံသူအများအပြား စိတ်ဆိုးသွားကြသည်။
“ကျုပ်တို့ ကြယ်တာရာလော့ဂိုဏ်းက ဒီကိုလာပြီးတော့ လေးစားမှုပြခဲ့တယ်။ လိုက်နာဖို့ ငြင်းဆိုရင်တော့ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းက မင်းတို့အိမ်တံခါးကိုလာခေါက်တဲ့အခါကျမှ မကာကွယ်ပေးနိုင်ရင် ကျုပ်တို့ကိုအပြစ်မတင်နဲ့"
တုန်းရှီစီရင်စုတွင် မာနကြီးခဲ့ဖူးသော ကြယ်တာရာလော့ဂိုဏ်း၏ တပည့်များသည် သေးငယ်သောအခြေခံအဆင့်တည်ထောင်ခြင်းကျင့်ကြံရေးမိသားစုဖြစ်သည့် ရီမိသားစုကို ၎င်းတို့၏မျက်လုံးများတွင်ပင် မထည့်ထားပေ။
ကြယ်တာရာလော့ဂိုဏ်းမှ တပည့်များ၏မောက်မာမှုကြောင့် ရီကျင်းချုံကိုသူ၏ဝံပုလွေဖန်းလက်နက်ကို ဆွဲထုတ်လုနီးပါးဖြစ်စေသည်အထိ စိတ်ဆိုးစေခဲ့သည်။
သို့သော် ရီချင်သည် ရီကျင်းချုံကို တားလိုက်ကာ ရီဖန်၏တုံ့ပြန်မှုကို စောင့်မျှော်နေသည်။
"မင်းတို့ စကားကိုကြည့်ပြောကြစမ်း" ယန်ဝမ်သည် သူ့တပည့်များကို ငေါက်ငမ်းသယောင်ပြုကာ ရီဖန်ကို ပြုံးပြပြီးနောက် "မျိုးနွယ်စုခေါင်းဆောင်ရီ၊ အပြစ်မယူပါနဲ့၊ ငါတို့ဂိုဏ်းရဲ့အထက်က ချမှတ်ထားတဲ့ စံနှုန်းတွေဖြစ်လို့ ငါတို့ ဘာမှမတတ်နိုင်ဘူး ”
ဤစကားသည် ကြည်လင်ပြတ်သားကာ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
နောက်အခိုက်အတန့်တွင် ရီဖန်ရယ်လိုက်သည်။
“နှုတ်ခမ်းတွေ မရှိတော့ရင်၊ သွားတွေ အေးလာလိမ့်မယ်ဆိုတာ ကျွန်တော်နားလည်တယ်။ ကျင်းထျန် ငါ့ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းယူလာပေးပါ"
"ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင်ရီ"
ကြယ်တာရာလော့ဂိုဏ်းမှ တပည့်များ အောင်မြင်စွာ ထွက်ခွာသွားခြင်းသည် ရီဖန်၏ မျက်နှာကို မည်းမှောင်စေခဲ့သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းသည် ရီမိသားစုအတွက် မများသော်လည်း တခြားမိသားစုများအတွက်မူ ပမာဏတော်တော်များသည်။
တစ်နှစ်တွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းပြည့်အောင်ပင် မရှာနိုင်သည့် မိသားစုများပင်ရှိ၏။ စောနက သူသည်အနည်းငယ် ပိုမိုပြတ်သားစွာ လုပ်ဆောင်နိုင်ခဲ့ပါက ဝန်ထုပ်ဝန်ပိုးအနည်းငယ် လျှော့ချနိုင်ခဲ့လိမ့်မည်ဖြစ်သည်။
ကြယ်တာရာလော့ဂိုဏ်းဝင်များသည် ကွမ်ဟယ် စီရင်စုရှိ ကျင့်ကြံရေးသားစုအများအပြား၏ ကန့်သတ်ချက်များကို စမ်းသပ်နေကြသည်။ ကန့်သတ်ချက်များကို စမ်းသပ်ပြီးသည်နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်သိန်းသည်ပင် ဖြေရှင်းပေးနိုင်မည့် အရာမျိုးမဟုတ်မည်ကို သူကြောက်ရွံ့ခဲ့သည်။
ကြယ်တာရာလော့ဂိုဏ်းသည် ၎င်း၏သားကောင်ကို လောဘကြီးစွာစိုက်ကြည့်နေသော အစာငတ်နေသည့် ဝံပုလွေနှင့်တူသည်။
မကြာခင်တွင် ရီမိသားစုသည် သူတို့၏ဝိညာဉ်ကျောက်တုံးများ စွန့်လွှတ်လိုက်ရသည့် သတင်းသည် တခြားမိသားစုများထံ ရောက်သွားသည်။
ရီမိသားစု ရပ်တည်နိုင်မည်ဟု မျှော်လင့်ခဲ့သော ကျင့်ကြံသူအများအပြားသည် ချက်ချင်းပင် စိတ်ပျက်သွားကြသည်။ ကွမ်ဟယ်စီရင်စုရဲ့ ထိပ်တန်းမိသားစုဖြစ်တဲ့ ရီမိသားစုကပင် ဦးညွှတ်နေသဖြင့် ၎င်းတို့ကမည်ကဲ့သို့ ခုခံဝံ့နိုင်မည်နည်း။
ဒုတိယနှစ်တွင် ကြယ်တာရာလော့ဂိုဏ်းမှလူများ ထပ်ရောက်လာပြန်ကာ ယခုတစ်ကြိမ်တွင် ဝိညာဉ်ကျောက်တုံးတစ်သိန်းငါးသောင်းအထိ တိုးလာခဲ့သည်။ နှစ်စဉ်တိုးလာခြင်းကို ရီမိသားစုသည် ခုခံနိုင်မည်ဟု မျှော်မှန်းထားသည်။
ယန်ဝမ်၏ပြုံးနေသော မျက်နှာကိုမြင်လိုက်ရသောအခါ ရီဖန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။
"ခဏစောင့်ပါဦး"
“ကျင်းထျန် ငါတို့ရဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေကို ကိုင်တွယ်ပြီး လိုအပ်ရင် လျှော့ဈေးနဲ့ ရောင်းလိုက် ”
ကြယ်တာရာလော့ဂိုဏ်းသည် တဖြည်းဖြည်း အင်အားကျဆင်းလာကာ ၎င်းတို့သည်ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနှင့် မယှဉ်ချေ။
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းသည် တုန်းရှီစီရင်စုကို ဆုံးရှုံးလိုက်သည်နှင့် ကွမ်ဟယ်စီရင်စုသည် နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်လာမည်ဖြစ်သည်။
ရီဖန်သည် ရီမိသားစု၏ အနာဂတ်အတွက် စီစဉ်ဖို့ လိုအပ်လာပြီဖြစ်သည်။
တတိယနှစ်တွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သိန်းရရှိခဲ့သည်။ တုန်းရှီစီရင်စုရှိ ကြယ်တာရာလော့ဂိုဏ်း၏ နယ်မြေသည် သုံးပုံတစ်ပုံခန့်သာကျန်တော့သည်။
မရေမတွက်နိုင်သော သေမျိုးများနှင့် ကျင့်ကြံသူများသည် ကွမ်ဟယ်စီရင်စုသို့ ထွက်ပြေးလာကြသဖြင့် စီရင်စုသည်ပို၍ပင် ဖရိုဖရဲဖြစ်သွားသည်။
ရီကျင်းထျန်သည်လည်း ပိုင်ဆိုင်မှုများစွာကို ရောင်းချခဲ့သည်။ လူတော်တော်များများမှာ ရီမိသားစုသည် ပြိုလဲလုနီးနေပြီလို့ ခံစားမိခဲ့ကြ၏။
သို့မဟုတ်ပါက ပိုင်ဆိုင်မှုများကို အဘယ်ကြောင့်ရောင်းချနေကြသနည်း။
ထိုအချိန်တွင် ရီဖန်သည် အပျက်အစီးထဲတွင် ရှိနေသည်။ နှစ်ဝက်ကျော်ကြာ စုဆောင်းထားသော ဝိညာဉ်စွမ်းအင်များသည် အပျက်အစီးများတွင် ပြန့်ကြဲလာသည်။
ရီဖန်သည် သူ့လက်ထဲရှိ ရွှေအမြုတေကျင့်ကြံရေးနည်းစနစ်ကို ချထားလိုက်သည်။ အချိန်ကျရောက်ရန်နီးကပ်လာပြီဖြစ်သည်။ ပင်မဖွဲ့စည်းခြင်းအဆင့်ဟုလည်းသိကြသော ရွှေအမြုေတကျင့်ကြံခြင်းနယ်မြေသည် ဝိညာဉ်ယွမ်ကို ချုံ့လိုက်ကာ ခန္ဓာကိုယ်အတွင်းတွင် ရွှေရောင်အမြုေတတစ်ခုဖွဲ့စည်းရန် လိုအပ်သည်။
ရွှေအမြုေတနယ်မြေကို အဆင့်ကိုးဆင့်ဖြင့် ခွဲခြားထားသည်။ ရွှေအမြုေတနယ်မြေအဆင့်မြင့်လေ ကိုယ်စားပြုစွမ်းရည်သည် ပိုကောင်းလေဖြစ်ကာ အနာဂတ်တွင် ပို၍ပင်စွမ်းဆောင်နိုင်မည်ဖြစ်သည်။
အဆင့်ကိုးသည် အနိမ့်ဆုံးဖြစ်ကာ အဆင့်တစ်သည် အမြင့်ဆုံးဖြစ်သည်။ ပထမရွှေအမြုတေအဆင့်သည် ရွှေရောင်ပုံစံကိုးခုရှိကာ ဝိညာဉ်ယွမ်ကို အဆင့်ကိုးရွှေအမြုတေချက်ထက် သုံးဆပိုမိုများပြားစွာ သိမ်းဆည်းနိုင်သည်။
ပထမအဆင့်ရွှေအမြုတေကို စုစည်းရန် အလွန်ခက်ခဲသည်။ ၎င်းသည် အရည်အချင်းရှိရုံသာမက ဆေးလုံး၏အကူအညီအပြင် အချို့သောအခွင့်အရေးများကိုလည်းလိုအပ်သည်။
ယေဘူယျအားဖြင့် အလယ်တန်းတတိယအဆင့် အမြုတေ သည် တစ်စုံတစ်ယောက်ကို မွေးဖွားခြင်းဝိညာဉ်နယ်မြေသို့ဖြတ်ကျော်ရန် အခွင့်အရေးပေးသည်။
ရီဖန်သည် ဤအရာကို ယခင်က မလေ့ကျင့်ဖူးသေးသဖြင့် ရွှေအမြုတေအဆင့်များမည်မျှ ကျင့်ကြံနိုင်မည်ကိုမသိရသေးချေ။ သို့သော် ယခုအချိန်တွင် စဉ်းစားရန် အချိန်မရှိပါ။ ကျော်ဖြတ်မှုတစ်ခုပြုလုပ်ရန် အချိန်တန်ပြီဖြစ်သည်။
“စနစ်၊ ပေါင်းစည်းလိုက်ပါ”
ရီဖန်၏ ခန္ဓာကိုယ်အတွင်းတွင် ဝိညာဉ်ယွမ်လှိုင်းသည် ပြင်းထန်စွာ လည်ပတ်နေကာ ဝိညာဉ်စွမ်းအင်များကို ဖိနှိပ်ထားကာ သုံးရက်အကြာတွင် ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်း ခိုင်မာလာသည်။
တစ်လခွဲကြာပြီးနောက် ရီဖန်၏ ဒန်ထျန်းထဲတွင် အဝိုင်းပုံစံရွှေရောင်အမြုတေသည် ဖြည်းညှင်းစွာ ပုံပေါ်လာသည်။ နောက်ထပ် အရေးကြီးဆုံးအခိုက်အတန့်သည် ငွေရည်ဖွဲ့ခြင်းပုံစံဖြစ်သည်။
ရွှေအမြုတေထိပ်တွင် ဖြည်းညှင်းစွာ ပေါင်းစည်းနေသောပုံစံသည် ရီဖန်၏ ရွှေအမြုတေအရွယ်အစားကို ချက်ချင်းပင် ငါးဆယ်ရာခိုင်နှုန်း တိုးလာစေသည်။
မကြာမီတွင် ဒုတိယပုံစံပေါ်လာကာ အဋ္ဌမအဆင့်အဖြစ်သတ်မှတ်လိုက်သည်။ ထို့နောက် တတိယ၊ စတုတ္ထနှင့် ပဉ္စမပုံစံများဆက်တိုက်ပေါ်ပေါက်လာသည်။ ဆဋ္ဌမပုံစံပေါ်လာသောအခါ ငွေ့ရည်ဖွဲ့မှုအရှိန်သည် တဖြည်းဖြည်း နှေးကွေးလာသည်။
သုံးရက်အကြာတွင် ပုံစံခြောက်ခုကို ပြီးပြည့်စုံစွာပေါင်းခံရရှိပြီးဖြစ်သည်။ သတ္တမပုံစံအတွက်မူ တစ်လခွဲကြာအပြီးတွင် ပုံစံတစ်ဝက်သာ ပေါ်လာကာ နောက်ထပ်ပေါင်းစည်းမှုမှာ လုံးဝရပ်တန့်သွားသည်။
တစ်ဝက်ပုံစံ?
ရီဖန်သည် လုံးဝအံသြသွားသည်။ ပုံစံတစ်ခုသည် အပြည့်ပုံစံရှိရမည် မဟုတ်ပါလော? တစ်ဝက်တစ်ပျက်သည် မည်သည့်အရာကို ကိုယ်စားပြုပါသနည်း။
ပုံစံတစ်ဝက် ပုံစံနှင့်ပတ်သက်သည့် အကြောင်းအရာကို ကျင့်ကြံရေးနည်းစနစ်တွင် ဖော်ပြထားခြင်းမရှိချေ။ ခြောက်ခုနှင့် တစ်ဝက်ပုံစံ၊ ၎င်းသည် စတုတ္ထအဆင့်နှင့် တတိယအဆင့်ကြားဖြစ်သည်။ ရက်အတော်ကြာအောင် စဉ်းစားပြီးနောက် ရီဖန်သည် အဖြေရှာမရဘဲ လက်လျှော့လိုက်ရသည်။
ဤတစ်ဝက်ပုံစံသည် စနစ်ကြောင့်ဖြစ်သည်ဆိုပါက ရီဖန်သည် သူ၏ပုံစံများကို ဆက်လက်မြှင့်တင်နိုင်သည်ဟု ဆိုလိုသလော။ လောလောဆယ်တွင် သူ့ထံ၌ စိတ်ကူးမရှိခဲ့ဘဲ နောက်ပိုင်းမှသာ အဖြေရှာနိုင်ခဲ့သည်။
ရီဖန်၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းသွားကာ ကောင်းကင်သို့ တည့်တည့်ပစ်ခွင်းလိုက်သည်။
အမြင့်မီတာထောင်ပေါင်းများစွာတွင် ရီဖန်သည် လေပြင်းမျာဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ လွတ်မြောက်ခြင်းအလင်းတန်းသည် ကျင့်ကြံသူသည် ရွှေအမြုတေအဆင့်သို့ရောက်ရှိကြောင်း အမှတ်အသားဖြစ်ကာ သူ၏အရှိန်သည် အခြေခံအုတ်မြစ်တည်ထောင်ခြင်း အဆင့်ရှိ ကျင့်ကြံသူထက် အဆများစွာပိုမြန်သည်။
ရီဖန်သည် လက်တစ်ဖက်တည်းဖြင့် ချိတ်စည်းတစ်ခုပြုလုပ်လိုက်ရာ ကောင်းကင်မီးတောက်နှင့် ဝရဇိန်လက်နက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းကောင်းကင်ဘုံဖီးနစ်မိုးကြိုးမီးတောက်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ ဂါထာတစ်ခုဖြစ်သည်။
ကောင်းကင်တွင် မိုးခြိမ်းသံများဖြင့်ပြည့်နှက်နေကာ မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ကောင်းကင်ကို ထိတ်လန့်တကြား မော့ကြည့်လိုက်ကြ၏။
အမြုတေဖွဲ့စည်းခြင်းအဆင့်သည် အမှတ်တကယ် ထူးခြားကာ နည်းစနစ်များ၏ စွမ်းအားသည်လည်း အဆများစွာ တိုးများလာသည်။ပင်မဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူရှေ့တွင် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိသည့် ကျင့်ကြံသူသည်ပင်လျှင် ခုခံနိုင်စွမ်းမရှိချေ။
ရီမိသားစုသည် နောက်ဆုံးတွင် ၎င်း၏ပထမဆုံး ပင်မဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံမှုကို ပြုလုပ်နိုင်ခဲ့ကာ အနာဂတ်တွင် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်နှင့် မရေမတွက်နိုင်သော နောက်ထပ်သူများ ရှိလာလိမ့်မည်ဖြစ်သည်။
ယခုနှစ်တွင် အသက်ရှစ်ဆယ်ရှိပြီဖြစ်သည့် ရီဖန်သည် နောက်ဆုံးတွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
……………………………
အခန်း (၇၂) သားသမီးမြေးမြစ်များထံတွင် သူတို့၏ကိုယ်ပိုင်ကောင်းချီးရှိပုံရကာ၊ သူတို့၏အလုပ်ကြိုးစားမှုများမှ ရရှိသည့်အရာများသည် ကျွန်ုပ်၏ကောင်းချီးဖြစ်လာမည်
ဇာတ်ကောင်- ရီဖန်
သက်တမ်း - ၄၁၂နှစ်
အဆင့်- ရွှေအမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် (၁၂၃၀၀/၃၀၀၀၀၀)
စွမ်းရည်များ- တာအိုဆေးပညာတတိယအဆင့် အလယ်အလတ် (၂၈၄၀၀/၃၀၀၀၀) ချိတ်ပိတ်ထားပြီး (ပြန်လည်ဖွင့်လှစ်နိုင်မည်)၊ ပန်းပဲပညာ အဆင့်နိမ့် တတိယဆင့်(၇၆၁၃/၁၀၀၀၀) ချိတ်ပိတ်ထားပြီး (ပြန်လည်ဖွင့်လှစ်နိုင်မည်)၊ ဒုတိယအဆင့်ဖွဲ့စည်းတည်ဆောက်ပုံ (၆၆၈/၉၀၀၀) ချိတ်ပိတ်ထားပြီး (ပြန်လည်ဖွင့်လှစ်နိုင်မည်) ဒုတိယဆင့် အဆောင်လက်ဖွဲ့စွမ်းရည် (၇၉၃/၉၀၀၀) ချိတ်ပိတ်ထားပြီး (ပြန်လည်ဖွင့်လှစ်နိုင်မည်)၊ နတ်ဘုရားအဆင့် မြွေစိမ်းမီးတောက်နည်းစနစ်(၁၅၉၉/၁၆၀၀) ၊ ကောင်းကင်ဘုံနည်းလမ်းဖြင့် သစ်သားတည်ဆောက်ခြင်းအခြေခံစွမ်းရည် (၁၂၃/၂၀၀)၊ ကနဦးအဆင့်ကောင်းကင်ဘုံဖီးနစ်မိုးကြိုးမီးတောက် (၃၃/၁၀၀)၊ …
ထူးကဲ စွမ်းရည်များ- အစိမ်းရောင်ကျောက်သွေးမျိုးဆက် (၂၃၅၈/၁၀၀၀၀)၊ မီးတောက်ထိန်းချုပ်ခြင်းထူးကဲစွမ်းရည် (၁၅၉၉/၁၆၀၀)
ရွှေအမြုတေအဆင့်သည် သက်တမ်းနှစ်ငါးရာဖြစ်ကာ အစိမ်းရောင်ကျောက်သွေးမျိုးဆက်ရှိသည့် ရီဖန်သည် သာမန်အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများထက် သက်တမ်းပိုရှည်ပါသည်။
အမျိုးမျိုးသော ကျွမ်းကျင်မှုများသည်လည်း သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။ ရီဖန်၏လက်ကိုလှန်လိုက်သည်နှင့် သူ့လက်ထဲတွင် ဝိညာဉ်မျိုးစေ့သုံးခုပေါ်လာသည်။ ဤဝိညာဉ်မျိုးစေ့သုံးခုကို အစိမ်းရောင်ကျောက်အသွင်ပြောင်းနည်းပညာ၏ စွမ်းရည်အသစ်များဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။
လတိုင်းတွင် ရီမိသားစု၏ စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးမည်ဖြစ်သည်။
ဤဝိညာဉ်မျိုးစေ့သုံးခုဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင်ရှိသော ရီဖန်နှင့် ရီမိသားစုသည် ယခုအခါ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းအချို့ရှိနေပြီဖြစ်သည်။
နောက်အခိုက်အတန့်တွင် ရီဖန်၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ ရောင်ဝါသည် ပျောက်ကွယ်သွားသည်။ ကောင်းကင်ကို လှည့်စားပြီး ပင်လယ်ကိုဖြတ်ကျော်သည့် ကျင့်ကြံရေးနည်းလမ်းကို သုံးလိုက်ခြင်းဖြစ်ကာ
အထူးသဖြင့် ဤကာလအတွင်းတွင် အလွန်ပေါ်လွင်မနေသင့်ချေ။
ရီဖန်သည် မည်သူ့ကိုမျှ မနှိုးဘဲ ရီမိသားစုထံ တိတ်တဆိတ်ပြန်လာကာ
ဆေးခန်းထဲတွင်သာနေပြီး အင်မော်တယ်ပစ္စည်းများကို စတင်သန့်စင်လိုက်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိကျင့်ကြံသူ၏ စွမ်းအားသည် ၎င်းတို့၏ အင်မော်တယ်လက်နက်များအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူ၏တတိယအဆင့် အင်မော်တယ်ပစ္စည်းသန့်စင်စွမ်းရည်သည် ရီဖန်အတွက် အဆင့်နိမ့်အင်မော်တယ်ပစ္စည်းများ သန့်စင်ရန် လုံလောက်ပါသည်။
အဆင့်နိမ့်အင်မော်တယ်ပစ္စည်းများအတွက် ဒီဇိုင်းများစွာရှိကာ ရီဖန်သည် ရိုးရိုးသာမန်မျှဖန်တီးလိမ့်မည်မဟုတ်ပေ။ ဓားအမြုတေလေးခုသည် တဖြည်းဖြည်း ပုံသဏ္ဍာန်ပေါ်လာပြီး ၎င်းတို့ထဲတွင် တားမြစ်ချက်များ စဉ်ဆက်မပြတ်ထည့်သွင်းနေကာ ၎င်းတို့တစ်ခုစီမှ စူးရှသော ရောင်ဝါများ ထွက်ပေါ်လာသည်။
သန့်စင်ရန်အတွက် ယင်နှင့်ယန်ကိုပြောင်းလဲရန် မလိုအပ်ဘဲ၊ ၎င်းကို ရေနှင့်မီးဖြင့် ချွန်ထက်စေနိုင်မည်လော။
အမြတ်အစွန်းအတွက် အင်မော်တယ်များကိုသတ်ခြင်း၊ အင်မော်တယ်များကို အမဲလိုက်ခြင်း၊ အင်မော်တယ်များကို ထောင်ချောက်ဆင်ထားခြင်းတို့ကြောင့် နေရာတိုင်းတွင် အနီရောင်အလင်းဖျော့များ ဖြစ်ပေါ်စေသည်။
အကြွင်းမဲ့အင်မော်တယ်များသည် အတိုင်းအဆမရှိ အံ့ဩစရာကောင်းကာ အင်မော်တယ်သာ့လော့၏ အဝတ်များသည် သွေးများဖြင့် စွန်းထင်းနေသည်။ကြေးနီကဲ့သို့ ထင်ရသော်လည်း မဟုတ်ချေ၊ ရီဖန် သည် တတိယအဆင့်ဝိညာဉ်တွင်းထွက်ဖြစ်သော အမိမြေသတ္တုကို အသုံးပြုခဲ့သည်။
အင်မော်တယ်လက်နက်အစုံကို တည်ဆောက်ရန်အတွက် လေ၊ မီး၊ မိုးကြိုး၊ လျှပ်စစ် စသည့် ဒြပ်စင်လေးမျိုးစွမ်းအားဖြင့် ဖြည့်စွက်ခဲ့သည်။
ထို့အပြင် ဤအင်မော်တယ်လက်နက်အစုအဝေးဖြစ်သည့် ဓားပျံလေးစင်းအပြင် အခင်းအကျင်းမြေပုံတစ်ခုလည်း ပါဝင်သည်။
ပစ္စည်းများကို သန့်စင်ခြင်းနှင့် ဖွဲ့စည်းခြင်းဆိုင်ရာ စွမ်းရည်များကို ရီဖန်သည် လွန်ကဲစွာ အသုံးပြုခဲ့၏။ ဓားပျံလေးစင်း၏အဆင့်သည် အလယ်အလတ်အဆင့် အင်မော်တယ်လက်နက် များမှခြေတစ်လှမ်းသာဝေးသည်။
ထိပ်တန်းအဆင့် ၃-၅ရှိသော ရီဖန်၏ ရွှေအမြုတေအဆင့်သာလျှင် ဓားလက်နက်လေးခုလုံးကို တစ်ပြိုင်နက် ထိန်းချုပ်ရန် လုံလောက်သောစွမ်းအားရှိသည်။ ရီဖန်သည် ၎င်းကို အင်မော်တယ်သုတ်သင်ဓားအခင်းအကျင်းဟု အမည်ပေးခဲ့သည်။
အမှန်တကယ်တွင် ရီဖန်သည် ကူးချခဲ့ခြင်းသာဖြစ်၏။
ကျင့်ကြံသူများသည် ကမ္ဘာ၏အစဖြစ်သောကြောင့် ရီဖန်သည် ထိုပုဂ္ဂိုလ်များကိုအမှတ်ရရန်အတွက် အင်မော်တယ်လက်နက်အချို့ကို ကူးယူခြင်းသည် လေးစားမှုကိုပြသခြင်းသာဖြစ်သည်ဟု ခံစားခဲ့ရသည်။
အင်မော်တယ်လက်နက်တစ်ခုသည် ၎င်း၏သခင်ကို အသိအမှတ်ပြုရန်အတွက် သွေးအနှစ်အနည်းငယ်ဖိတ်စင်ရန် လိုအပ်ကာ ၎င်းတို့ကို ထိန်းချုပ်နိုင်စေမည်ဖြစ်သည်။
ရီဖန်သည် သွေးအနှစ်အနည်းငယ်ကို ဖြန်းလိုက်ပြီးနောက် ဓားပျံလေးစင်းသည် အနည်းငယ်တုန်ခါသွားကာ ဖြည်းညှင်းစွာကျုံ့သွားပြီး ရီဖန်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
နောက်တစ်ခေါက်တွင် စွမ်းအားဖြင့်ထပ်မံ သန့်စင်ရန်သာ လိုတော့မည်ဖြစ်သည်။ ယခုတွင် ကျောထောက်နောက်ခံအနည်းငယ်ရှိလာသဖြင့် ရီဖန်သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။
သို့သော် သူသည်ကျင့်ကြံရေးကို လက်မလျှော့ဘဲ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။
ရီကျင်းထျန်ကဲ့သို့ ငယ်ရွယ်သူများသည် ဘဝ၏စည်းစိမ်းများကို စောစီးစွာမခံစားနိုင်ကြချေ။ ရီဖန်သည် သားသမီးမြေးမြစ်များ၏ ကံဇာတာကို ယုံကြည်ကာ သူတို့၏ကြိုးပမ်းအားထုတ်မှုဖြင့် ပျော်ရွှင်စွာဖြတ်သန်းတော့မည်ဖြစ်သည်။
တဖန်နောက်နှစ်လှူဒါန်းသည့်အချိန်၌ ဤတစ်ကြိမ်တွင် ယန်ဝမ်သည် နောက်ဆုံးတွင် သူ၏လောဘကြီးသောသရုပ်မှန်ကို ပြသခဲ့သည်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးငါးသိန်းလား”
နောက်ဆုံးအကြိမ်၌ ဝိညာဉ်ကျောက်တုံးနှစ်သိန်းမျှသာ ရှိပါသေးသည်။
သူတို့သည် ရီမိသားစုကို တွန်းလှန်နိုင်ရန်အတွက် တွန်းအားပေးနေခြင်းသာဖြစ်သည်။
ယန်ဝမ်သည် ရီဖန်ကို ပြုံးစိစိဖြင့်ကြည့်ကာ ရီဖန်သည် နှုတ်ဆိတ်လျက်နေခဲ့ရာမှ နောက်ဆုံးတွင် ရီဖန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်၍။
“သူ့ကိုပေးလိုက်”
ယန်ဝမ်၏မျက်လုံးထဲတွင် အံ့အားသင့်မှုအပြည့်ဖြစ်သွားသည်။ ရီမိသားစုသဘောတူမည်ဟု သူမမျှော်လင့်ခဲ့ပေ။
"အကြီးအကဲယန်၊ ရီမိသားစုက ပေးမယ်ဆိုတော့ အခု ကျွန်တော်တို့ဘာလုပ်မှာလဲ" ဟု တပည့်တစ်ယောက်က မေးသည်။
“သူတို့က ပေးပြီးမှတော့ နောက်ထပ်တစ်နှစ် ရှင်သန်ပါစေ။ အနည်းဆုံး အပေါ်ယံမှာတော့ ငါတို့တိုက်လို့မရသေးဘူး၊ ဒီရီမိသားစုက အတော်လေး ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေ ရှိပုံရတယ်”
ဟု ပြန်လည်ဖြေကြားကာ ယန်ဝမ်သည်ရီမိသားစုကို စိတ်ဝင်စားခဲ့သည်။
“နောက်နှစ်ကျရင် တစ်သန်းနော်”
ထိုစကားကြောင့် တပည့်များစွာသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ ဤဝိညာဉ်ကျောက်များထဲမှ ငါးပုံတစ်ပုံသည် ၎င်းတို့အတွက် အကျုံးဝင်သည်။
"အဖေ၊ ဘာလို့ ပေးတာလဲ"
ရီကျင်းထျန်သည် အတော်ဒေါသထွက်သွားသည်။
"မပေးချင်ရင် သူတို့ကို တိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား"
ရီဖန်သည် ရယ်မောကာ စကားနာထိုးလိုက်သည်။
ဤလူများအပေါ် အဘယ်ကြောင့် ဒေါသထွက်ရမည်နည်း။ ၎င်းတို့မျိုချသမျှကို အနှေးနှင့်အမြန်ပင် ထွေးထုတ်ရတော့မည်ဖြစ်သည်။
“နောက်နှစ်ဝက်လောက်ကို ဆက်ရောင်းလိုက်၊ မရောင်းနိုင်ရင်လဲ ဒီတိုင်းထားလိုက်” ရီဖန်ထံတွင် အချိန်နီးလာပြီဟူသော ခံစားချက်တစ်ခုရှိခဲ့သည်။
"ကျင်းဟိုင် မင်းသက်ရှည်ဂိုဏ်းဘက်မှာ အဆင်သင့်ပြင်ထား"
သက်ရှည်ဂိုဏ်းသည် ရီမိသားစု၏ လက်အောက်ခံဂိုဏ်းဖြစ်ကာ ၎င်းတို့နှင့် သက်ဆိုင်သည်။
နောက်ရက်များတွင် ရီမိသားစုနှင့် သက်ရှည်ဂိုဏ်းမှ လူများ အစုလိုက်အပြုံလိုက် ပျောက်ကွယ်သွားကြသည်။ ပထမတွင် မည်သူမှ ဂရုမစိုက်ကြသော်လည်း ပျောက်ဆုံးသူအရေအတွက် သိသိသာသာများလာသောအခါတွင် အခြားသူများသည် တစ်ခုခု မှားနေပြီဟု သိလိုက်ကြ၏။
ထိုအချိန်တွင် လူတိုင်းကို ထိတ်လန့်စေသော သတင်းတစ်ခု ထွက်ပေါ်လာသည်။ ‘ကြယ်တာရာလော့ဂိုဏ်း ရှုံးနိမ့်သွားပြီ။’
"ကြားပြီးပြီလား၊ ကြယ်တာရာလော့ဂိုဏ်းရဲ့ အကြီးအကဲတွေက ဝိညာဉ်ဝါးမျိုခြင်းဂိုဏ်းရဲ့ ခြုံခိုတိုက်ခိုက်ခံရပြီးတော့ အများကြီးဆုံးရှုံးသွားတယ်တဲ့"
“အေး ကြားလိုက်တယ်။ ဒီတစ်ခါတော့ ကြယ်တာရာလော့ဂိုဏ်းအဆုံးသတ်သွားပြီ၊ ဝိညာဉ်ဝါးမျိုခြင်းဂိုဏ်းက တုန်းရှီစီရင်စုကို သိမ်းပိုက်ထားပြီးသွားပြီပဲ”
"ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ အခုပြေးရမှာလား"
"ပြေး? ငါတို့ဘယ်ကိုပြေးနိုင်မလဲ။ ကွမ်ဟယ် စီရင်စုက ထွက်သွားရင်၊ တောင်တစ်သောင်း မဟုတ်ရင် တုန်းရှီစီရင်စုကို ကျော်ဖြတ်ရမှာပဲ၊ ငါတို့ ဘယ်ကို ပြေးနိုင်မှာလဲ"
တောင်ကြီးတစ်သောင်း။ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ကျင့်ကြံသူများသည်ပင် ထိုနေရာတွင် ရှင်သန်ရန်မလွယ်ကူချေ။
ချီစွမ်းအားသန့်စင်ရေးနယ်ပယ်ရှိ သူတို့သည် တောင်တစ်သောင်းကို မည်သို့ဖြတ်ကျော်နိုင်ပါမည်နည်း။ ကွမ်ဟယ်စီရင်စုတစ်ခွင်လုံး မသာယာသောလေထုသည် ပျံ့နှံ့သွားသည်။
“အဖေ၊ ကျွန်တော့် ပိုင်ဆိုင်မှု အများစုကို ဖြေရှင်းပြီးပြီ၊ ကျန်တာတွေက တန်ဖိုးမရှိတော့ဘူး။ ”
“အဖေ၊ သက်ရှည်ဂိုဏ်းမှာ ကျွန်တော့်ဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့နဲ့အတူ ထွက်သွားချင်တဲ့သူတွေကို အပျက်အစီးတွေထဲ ပို့လိုက်ပြီ။”
“ကျင့်ကြံရေးဌာနခွဲ အဆင်သင့်ဖြစ်ပါပြီ။
“ဆေးဌာနခွဲ အဆင်သင့်ဖြစ်ပါပြီ။”
“ပစ္စည်းသန့်စင်ရေးဌာနခွဲ…”
ရီမိသားစုမှလူများသည် ရီဖန်၏ပင်မဌာနခွဲတွင် စုဝေးခဲ့ကြသည်။ ရီဖန်သည် တောင်ထိပ်ပေါ်တွင် ရပ်ကာ မြောက်ဘက်တောင်တန်းများဆီသို့ မျှော်ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွက် သူတို့ ထွက်သွားရတော့မည်။
ရီဖန်၏ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ထိုးဖောက်ဝင်ရောက်မှုသည် သူ့ကိုယ်သူ ခုခံနိုင်စွမ်းကို ပေးစွမ်းနိုင်သော်လည်း ဝိညာဉ်ဝါးမြိုဂိုဏ်းကို တွန်းလှန်ရန် လုံလောက်သော စွမ်းအားမရှိချေ။ ရှုံးနိမ့်သွားသော ကြယ်တာရာလော့ဂိုဏ်းသည်ပင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။
"ဟဲဟဲ၊ မျိုးနွယ်စုခေါင်းဆောင်ရီ၊ မင်းတို့ အဆင်သင့်ဖြစ်နေပြီပေါ့၊ ဘယ်ကိုသွားဖို့ စီစဉ်ထားလဲ"
ရွံရှာဖွယ်ကောင်းသောအသံသည် ရီဖန်၏နားထဲသို့ တိုးဝင်လာသည်။၎င်းမှာ ယန်ဝမ်သာဖြစ်သည်။
ရီမိသားစု၏လူများ ပျောက်ဆုံးသွားခြင်းအကြောင်းကို ယန်ဝမ်သိသောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူသိလိုက်သည်။
ဤတစ်ကြိမ်တွင် ကြယ်တာရာလော့ဂိုဏ်းသည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရကာ အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲနှစ်ဦးသာ ကျန်ရစ်ခဲ့သည့်အတွက် အထောက်အပံ့များ အရေးပေါ်လိုအပ်နေသည်။
ကွမ်ဟယ်စီရင်စုမှ ကျင့်ကြံသူများသည် ၎င်းအထောက်အပံ့အတွက်သင့်လျော်သောပစ်မှတ်များဖြစ်သည်။ ကွမ်ဟယ်စီရင်စု၏ နံပါတ်တစ်မိသားစုအနေဖြင့် သဘာဝကျစွာပင် ရီမိသားစုသည် ယန်ဝမ်အတွက် အဓိကပစ်မှတ်ဖြစ်သည်။
"အကြီးအကဲယန်၊ ဘာလို့ ဒီလောက်တောင် ရန်လိုနေတာလဲ။ အေးအေးဆေးဆေး အတူယှဉ်တွဲနေထိုင်တာကမှ ပိုကောင်းမှာ မဟုတ်ဘူးလား”
“အေးအေးချမ်းချမ်း အတူယှဉ်တွဲနေဖို့? ငါတို့ရဲ့ ကြယ်တာရာလော့ဂိုဏ်းနဲ့ ညှိနှိုင်းရအောင် မင်းတို့မှာ ဘာအရည်အချင်း ရှိလို့လဲ”
“အကြီးအကဲတို့ ဒါကကျွန်တော်ပြောဖူးတဲ့ ရီမိသားစုပဲ။ သူတို့ရဲ့ မျိုးနွယ်စုထဲက အရင်းအမြစ်တွေက အကြီးအကဲတို့ရော သူတို့ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းလာဖို့အတွက်ရော လုံလောက်နိုင်တယ်”
အလင်းတန်းနှစ်သွယ်သည် ကောင်းကင်ကိုဖြတ်၍ မြောက်ဘက်တောင်တန်းရှိလူများရှေ့သို့ ရောက်ရှိလာသည်။
"နှောင်းပိုင်းအဆင့်အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၊ အစောပိုင်းအဆင့် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့် သုံးယောက်နဲ့၊ ကျန်တဲ့သူတွေက ချီစွမ်းအား သန့်စင်မှုနယ်ပယ်မှာရှိတာပဲ၊ ယန်ဝမ် ဒါက မင်းပြောခဲ့တဲ့ ကွမ်ဟယ်စီရင်စုရဲ့ နံပါတ်တစ်မိသားစုလား”
အကြီးအကဲယန်နန်သည် မခိုးမခန့်ပြောလိုက်၏။
“အကြီးအကဲ၊ ရီမိသားစုက ရုတ်တရတ်ကြီး တက်လာတာလို့ ကျွန်တော်ကြားတယ်။ သူတို့မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိပုံပဲ”
ရီဖန်သည် သက်ပြင်းချလိုက်ကာ ဘဝအတွက် နိမ့်ကျသည့် ကိုယ်ရေးအကျဉ်းကို ထိန်းသိမ်းကာ ကောင်းကင်ဘုံနှင့်ယှဉ်တွဲကျင့်ကြံနေရန်အတွပ် အတော်လေးမလွယ်ကူကြောင်းတွေးနေသည်။
"အဲဒါဆိုရင် ဒီလိုလုပ်ရအောင်!"
ရီကျင်းထျန်၊ ရီကျင်းချုံနှင့် အခြားသူများသည် သူတို့၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှာများပြည့်နှက်နေခဲ့သည်။
သူတို့သည် ဤကြယ်တာရာလော့ဂိုဏ်းကို အချိန်အတော်ကြာ သည်းခံနေခဲ့ကြရသည့်နောက်တွင် နောက်ဆုံး၌ တရားမျှတသောတိုက်ပွဲတစ်ခုရရှိခဲ့ချေပြီ…
……………………………